အဆိုးဝါးဆုံး တိုက်ပွဲ
Vol. 29 Ch. 426
သားရဲဟာ သူ့ရဲ့ခန္တာကိုယ်ကို လှုပ်ပြီး တခီခီ ရယ်မောသံနဲ့အတူပဲ ရှေ့ကိုတက်လာခဲ့တယ်။ဒါက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာပြီး မြန်ဆန်လွန်းနေခဲ့ပါတယ်။သို့ပေမယ့်..သူ့ရဲ့လှုပ်ရှားမူတွေကို သေချာရှင်းလင်းအောင် မြင်နေရတာကြောင့် ဆန်နီ အတွက် တုန့်ပြန်ဖို့အချိန်ရနေခဲ့တယ်။
သတ္တဝါကြီးရဲ့ ရှည်လျားတဲ့လက်မောင်း အောက်ကို တိုးဝင်သွားခဲ့ပြီး..သူက ထက်ရှတဲ့ လက်သည်းတွေကနေ တီတီလေး လွတ်အောင်ရှောင်တိမ်းလိုက်ကာ ရက်စက်သောမြင်ကွင်း နဲ့ ထိုးစိုက်လိုက်တယ်။ငွေရောင်ဓားက..သားရဲရဲ့ဝမ်းဗိုက်ကနေတဆင့် နံရိုးထဲကို ထိုးဖောက်ဝင်ရောက်သွားတဲ့အချိန်မှာ သူကတော့ ရှေ့ကို အရှိန်နဲ့ ရွေ့လျားသွားခဲ့ပါတယ်။
စက္ကန့်ဝက်အတွင်းမှာပဲ..ဆန်နီက ရန်သူရဲ့အနောက်ဖက်ကို ရောက်ရှိနေခဲ့ပါပြီ။
..သို့ပေမယ့် သူက လုံခြုံမူရှိနေတာ မဟုတ်ပေ။
တစ်ခနလောက် ရပ်တန့်ပြီးတာနဲ့ သားရဲက သူ့ရဲ့လက်တွေကို မြေကြီးပေါ်ကိုအားပြုပြီး ခြေနောက်နှစ်ဖက်နဲ့ နောက်ကို လှမ်းကန်လိုက်ပါတယ်။ဒီခွန်အားက တောင်ကုန်းငယ်တစ်ခုကိုတောင် ပျက်ဆီးသွားနိုင်လောက်တဲ့အထိ သန်မာပေမယ့်..ဆန်နီကတော့ လွတ်နိုင်တဲ့နေရာကို ရောက်နေခဲ့ပါပြီ။
ဒီသားရဲက ချိန်းပိုးကောင်တွေနဲ့ တိုက်ခိုက်ခဲ့တုန်းကသူ တစ်ချိန်လုံးလေ့လာနေခဲ့တာပါ။ဒီကောင်က ခြေလက် လေးချောင်းလုံးကို အသုံးပြုနိုင်တယ်ဆိုတာကို သူ သေချာသိထားပါတယ်။ပြီးတော့ အဆစ်တွေကလည်း ဘယ်ဦးတည်ချက်ကိုမဆို ရှောင်တိမ်းနိုင်တူကို သိထားခဲ့တယ်။ဒီ သတ္တဝါက ဘာတွေစွမ်းဆောင်နိုင်လဲဆိုတာကို သိထားရုံတင်မကပဲ..သူက ဘာလုပ်တော့မလဲဆိုတာကိုပါ သိနေခဲ့တာပါ။
ဘယ်နေရာက သူ့ရဲ့အားနည်းချက်လဲ ၊ ဘယ်နေရာတွေက လက်နက်တွေ မတိုးပေါက်နိုင်ဘူးလဲဆိုတာကိုပါ သူ သိထားပါသေးတယ်။ဒါကြောင့်ပဲ..သူက ပိုကြီးပြီး သိသာတဲ့ ပစ်မှတ်ဖြစ်တဲ့ သေတ္တာအစား..ခန္တာကိုယ်ကိူသာ ရွေးချယ်ခဲ့တာပါ။
ဆန်နီက အမြဲတမ်းသတိထားတတ်တဲ့ လူဖြစ်ပြီး..အရိပ်ကခုန်မူက သူ့ရဲ့ စူးစမ်းရှာဖွေမူစွမ်းရည်ကို ပိုမို ထက်ရှလာစေကာ..ဒီလိုအရာတွေကို နားလည်စေခဲ့တယ်။သတ္တဝါအကြောင်းကို ဒီလောက်မြန်မြန်နားလည်နိုင်ခဲ့တာကပဲ သူ့အတွက် ကျေးဇူးတင်စရာ ဖြစ်နေတဲ့ပုံပါပဲ။
သူ့ဖိနပ်အောက်ဘက်တွေက..အနက်ရောင်ကျောက်တုံးနဲ့ ခြစ်မိသွားတဲ့အချိန်မှာပဲ..အတွေးတစ်ခုက သူ့ရဲ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်။
'အိပ်မက်ဆိုးသားရဲတစ်ကောင်ကို ပုံတူကူးထားကရော ဘယ်လိုခံစားရမလဲ..သိချင်မိတယ်..'
ယင်းနောက် သူ့အတွက် မလိုအပ်တာတွေတွေးဖို့ အချိန်မရှိတော့ပါဘူး။
အနက်ရောင်အရိုးတွေကို ပွတ်တိုက်ရင်း သားရဲက သူ့ရဲ့ အဆစ်တွေကို သူ လှည့်ရမယ့် ဆန့်ကျင်ဘက်ခြမ်းကို ပြန်ပြောင်းလိုက်ကာ..သူ့ဆီကို နောက်တစ်ကြိမ် ပြေးတက်လာခဲ့ပါတယ်။ဒီတစ်ကြိမ်တော့ သူက လေးချောင်းလုံးသုံးကာ ပြေးတက်လာတာဖြစ်ပြီး သေတ္တာရဲ့ အောက်ဘက်ခြမ်းက သူ့ရဲ့မေးရိုးလိုဖြစ်နေခဲ့တယ်။ဒီအရာက သူ့အတွက်ရှောင်တိမ်းဖို့ မဖြစ်နိုင်သလောက်ပါပဲ။
..ဆန်နီကတော့ ရွှေဒင်္ဂါးတွေက ဘာလို့ အောက်ကိုပြုတ်မကျလာတာလဲဆိုတာကို နားမလည်နိုင်ဖြစ်နေခဲ့တယ်။သို့ပေမယ့် ကံကောင်းချင်တော့ သူတို့က ထူးဆန်းတဲ့အားတစ်ခုကြောင့် နေရာတကျ ရှိနေကြတဲ့ ပုံပါပဲ။
ကိုယ့်ကိုကို ဟန်ချက်ထိန်းဖို့အတွက် လက်တစ်ဖက်က သုံးလို့မရဖြစ်နေတာကြောင့်..သူက အကူအညီမဲ့စွာပဲ..အောက်ကိုခုန်လိုက်ပြီး တိုက်ခိုက်လာတဲ့ သားရဲရဲ့အောက်ကို လှိမ့်ဝင်သွားဖို့သာ တတ်နိုင်ပါတော့တယ်။ရက်စက်သောမြင်ကွင်းက နောက်တစ်ကြိမ်အရောင်လက်သွားခဲ့ပြီး သတ္တဝါရဲ့ပေါင်ကို ဒဏ်ရာတစ်ခုဖြစ်ပေါ်လာစေခဲ့တယ်။တစ်ချိန်တည်းမှာပဲ ဆန်နီရဲ့ ခန္တာကိုယ်မှာ ပြင်းထန်တဲ့နာကျင်မူတစ်ခုက ပျံ့နှံ့လာခဲ့ပါတယ်။သူက ကျိုးနေတဲ့လက်ကို မထိခိုက်အောင် ကာကွယ်ထားနိုင်ပေမယ့်..အရိုးတွေတစ်ခုနဲ့တစ်ခု ထိခိုက်မိနေတာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
သို့ပေမယ့် ပိုဆိုးတဲ့နာကျင်မူက အခုထိ ရှိနေဆဲပါ..။
'ဒါက အတော်နာလိမ့်မယ်..'
နောက်တစ်ကြိမ်တိုက်ခိုက်လာတဲ့ အချိန်မှာ သူက ပြန်ထနိုင်ဦးမှာမဟုတ်ဘူးဆိုတာကို ဆန်နီက သိထားပြီးသားပါ။သားရဲရဲ့တည်နေရာကလည်း သိပ်ပြီးနေရာမမှန်တာကြောင့် အရင်တစ်ခေါက်လောက်တော့ နာကျင်မူ ရှိမှာမဟုတ်ပါဘူး။အပေါ်ကနေ ဖြစ်ပေါ်လာတဲ့ ဖိနိပ်မူကလည်း သူတို့ရဲ့လှုပ်ရှားမူတွေကို နှေးကွေးသွားစေဖို့အတွက် လုံလောက်နေခဲ့ပါပြီ။
သို့ပေမယ့် နောက်ကွယ်မှာ ပြင်းထန်တဲ့အားတွေမပါဝင်ဘူးဆိုရင်တောင် ဒီရှည်လျားပြီး ချွန်ထက်တဲ့ လက်သည်းတွေက..လုံးဝကို သေစေနိုင်စွမ်းရှိပါတယ်။
သားရဲက လှည့်လာပြီး သူ့ရဲ့လက်တစ်ချောင်းနဲ့ သူ့ဘက်ကို ရိုက်ထုတ်လိုက်တဲ့အချိန်မှာ ဆန်နီက အရိပ်နှစ်လုံးကို ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ပေါ်ကို ပြောင်းခိုင်းလိုက်တယ်။ခနအကြာမှာတော့ လက်ချောင်းတွေက သူ့ရဲ့ခန္တာကိုယ်ပေါ်ကို ရောက်လာခဲ့ပြီး အနက်ရောင်လည်သာ ဝတ်ရုံကို မထိုးဖောက်နိုက်ပဲ ကျရောက်သွားခဲ့တယ်။
သို့ပေမယ့် ဒီရိုက်ချက်ကိုယ်တိုင်ကတင် ဆန်နီကို နောက်ကိုလွင့်သွားစေဖို့အတွက် လုံလောက်နေခဲ့ပါတယ်။သူက ဒီအရှိန်ကို အသုံးချလိုက်ပြီး..ရွံ့စရာသတ္တဝါနဲ့ သူ့ကြားမှာ အကွာအဝေးတစ်ခု ဖန်တီးလိုက်တယ်။ဆန်နီ ပြန်ထလာနိုင်တဲ့ အချိန်မှာတော့ ရက်စက်သောမြင်ကွင်းကို နောက်တစ်ကြိမ်ကိုင်ထားခဲ့ပါတယ်။
ကွေ့ကောက်ကျောက်တုံး မြင့်တက်လာတာနဲ့အမျှ ကောင်းကင်ချိန်းကြိုးတွေကလည်း အသံတွေမြည်လာနေခဲ့ပါပြီ။ပြီးတော့ သူ့အပေါ်ကိုကျရောက်လာတဲ့ ဖိအားကလည်း ပိုပိုပြီး များပြားလာခဲ့တယ်။
***
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့ ဆန်နီက မောပန်းမူ ၊ နာကျင်မူတွေကြောင့် လဲကျလုနီးပါးတောင် ဖြစ်နေခဲ့တယ်။
'အား..ချီးပဲ..'
သူက နောက်ကိုဆုတ်လိုက်ပြီး ရက်စက်သောမြင်ကွင်းကို အသုံးပြုကာ ကိုယ့်ကိုကို သေချာမတ်တတ်ရပ်ဖို့ ကြိုးစားလိုက်တယ်။သူ့ရဲ့ အသက်ရူသံတွေ မြန်ဆန်နေပြီး နာကျင်မူနဲ့အတူပဲ..သူ့မျက်နှာထက်မှာ သွေးတွေ ၊ ချွေးတွေ ကျဆင်းနေခဲ့ပါတယ်။
အခြေအနေက..သိပ်မကောင်းတော့ဘူး..။
အမှန်တော့..သူ့တို့နှစ်ယောက်စလုံး အတွက်ပါ။
ရယ်မောနေတဲ့သားရဲနဲ့ သူ့ရဲ့ကြားထဲက ပြင်းထန်လွန်းတဲ့ တိုက်ပွဲက..သူတို့ထင်ထားတာထက်ကို ပိုပြီးကြာရှည်နေခဲ့တယ်။ပထမဆုံး မိနစ်အနည်းငယ် ကြာပြီးကတည်းက..သူတိူ့နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ မသတ်နိုင်ဘူးဆိုတာ သိသာနေခဲ့ပါပြီ။
သတ္တဝါကြီးအနေနဲ့ ဆန်နီကို ဖမ်းမိနိုင်ဖို့အတွက် သူက ဥာဏ်များပြီး..ရှောင်တိမ်းနိုင်နေခဲ့တယ်။ဒီသားရဲကြီးကလည်း ဆန်နီရဲ့ ဓားချက်ပေါင်းများစွာနဲ့ ဒဏ်ရာတွေအများအပြားရှိနေတာတောင် ကြမ်းတမ်းပြီး ခံနိုင်ရည်မြင့်မားနေခဲ့ပါတယ်။ပိုဆိုးတာက သူ့ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းအားလုံးကို သေတ္တာထဲမှာ ကာကွယ်ထားခဲ့တာကြောင့်..ချိုးဖျက်ဖို့ အဖြစ်နိုင်သလောက်ဖြစိနေခဲ့တယ်။
ဒါက အဆိုးဝါးဆုံးတိုက်ပွဲ တစ်ခုပါပဲ။
ပိုးဟပ် နှစ်ကောင်ကြားထဲက တိုက်ပွဲ။
ရလာဒ်အနေနဲ့ သူတို့ရဲ့တိုက်ခိုက်မူက တုံးအစွာပဲ အချိန်အတော်ကြာနေခဲ့ပါတယ်။
အခုချိန်မှာ နှစ်ဖက်စလုံးက အခြေအနေဆိုးဝါးနေခဲ့တယ်။ဆန်နီကတော့ မောပန်းပြီး ၊ သွေးထွက်နေတဲ့ ဒဏ်ရာပေါင်းများစွာရဲ့ နာကျင်မူကြောင့် သေမလိုတောင်ဖြစ်နေခဲ့ပါတယ်။သားရဲရဲ့ ပုံစံက ပိုတောင်ဆိုးဝါးနေခဲ့တယ်။သူ့ရဲ့ ခန္တာကိုယ်က အသားကျိတ်စက်ထဲက ထွက်လာသလိုဖြစ်နေပြီး..သူ့ရဲ့ ရှည်လျားတဲ့ လျာကြီးက..သေတ္တာရဲ့အစွန်းကနေ အသက်မဲ့စွာ တွဲလောင်းကျနေခဲ့ပြီး..လှုပ်ရှားဖို့အတွက်တောင် မကြိုးစားတော့ပေ။
ဒါတောင် နှစ်ယောက်စလုံး လက်မလျော့ကြသေးပါဘူး။
သားရဲက ပြင်းထန်စွာအသက်ရူပြီး ဆန်နီကို စိုက်ကြည့်နေခဲ့တယ်။ယင်းနောက် နောက်တစ်ကြိမ်ရယ်မောလိုက်ပါတယ်။ဒီတစ်ကြိမ်တော့ ရယ်မောတဲ့အသံက အတော်ပင်ပန်းနေပြီး..အနည်းငယ်မွန်ထူကာပြင်းထန်တဲ့ အမုန်းတရားတွေပါဝင်နေခဲ့တယ်။
ဒီခွေးသားက ဆန်နီကို တကယ်..တကယ်ကို အစိတ်စိတ်အမွာမွာ လုပ်ပစ်ချင်နေခဲ့တာပါ။
သူက ရှေ့ကိုတက်လာပြီး လက်တစ်ဖက်နဲ့ တိုက်ခိုက်ဖို့ လုပ်လိုက်ပေမယ့် မြေကြီးနဲ့သာရိုက်ခတ်သွားခဲ့ပါတယ်။ခံစားချက်မဲ့စွာလဲလျောင်းရင်း သားရဲက အော်ဟစ်လိုက်တယ်။
အခုဆိုရင် ဖိနိပ်မူက မခံစားနိုင်လောက်အောင် ဖြစ်နေပါပြီ။ဆန်နီအနေနဲ့ သူထပ်ပြီး တောင့်ခံနိုင်ဦးမလား ဆိုတာကိုတောင် သေချာမသိတော့ပေ။ဒီတော့ သားရဲဆိုရင် ပိုပြီးတောင်ဆိုးဝါးနေပါဦးမယ်။အမှန်တော့ သူက ဖိနိပ်တဲ့အားရဲ့ နိပ်စက်မူကို ပိုပြီးတောင် ခံနေရဦးမှာပါ။မကြာခင်မှာပဲ..သူတို့နှစ်ယောက်စလုံးက မလှုပ်ရှားနိုင်ဖြစ်လာကြတော့မှာပါ။
ဒီလိုမဖြစ်လာခင်မှာ သူက ဒီသတ္တဝါကို သတ်ဖို့လိုအပ်ပါလိမ့်မယ်။
သူက နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ဦးမလားဆိုတာကို သေချာမသိပေမယ့်..ဆန်နီက ရက်စက်သောမြင်ကွင်းကို အရှည်ဆုံးပုံစံ ပြောင်းလိုက်ပြီး လှမ်းထိုးလိုက်တယ်။ငွေရောင်လှံသွားက သားရဲရဲ့အရည်ပြားထဲကို ထိုးဖောက်ဝင်သွားပြီး နောက်ထပ်အနက်ရောင်သွေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
'ကောင်းတယ်..သေအောင်သွေးထွက်နေလိုက်..ခွေးကောင်..:
သွေးပန်းပွင့်ရဲ့အားဖြည့်မူက အနည်းငယ်မြင့်တက်လာတာကို သူခံစားရပေမယ့် အခုချိန်မှာတော့ အဓိပ္ပါယ် မရှိတော့ပါဘူး။ဘာပဲဖြစ်ဖြစ် ဒီအဆောင်က နိုးထမူ ဒုတိယအဆင့် အဆောင်ပါ။သူက ဘယ်လောက်ပဲ အားဖြည့်ပေးပါစေ..ကျရှုံးမူအဆင့် သားရဲ နဲ့ တက်ရောက်မူအဆင့်လက်နက်တွေကို
ရင်ဆိုင်တဲ့နေရာမှာ မသက်ရောက်နိုင်တော့ပေ။
သားရဲက တိုက်ခိုက်မူကိုရှောင်ဖို့ကြိုးစားလိုက်ပေမယ့် ဖိနိပ်မူရဲ့အားကြောင့် လုံလောက်အောင် မမြန်ဆန်တော့ပဲ..ကျရှုံးသွားခဲ့ပါတယ်။သူက မတ်တတ်ထရပ်ဖို့ကကြိုးစားလိုက်ပေမယ့် မလုပ်နိုင်တော့ပေ။
ဆန်နီရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။
'မင်းကို မိပြီ..'
သူ့ရန်သူက အခုချိန်မှာလုံးဝကို အကူအညီ မဲ့သွားတဲ့ပုံပါပဲ။သို့ပေမယ့် ဆန်နီ ကတော့ လှုပ်ရှားလို့ရနိုင်တုန်း တိုက်ခိုက်လို့ ရနေတုန်းပါ။သူက သူ့ ရဲ့အမြုတေထဲမှာ တစ်ချိန်လုံးလှည့်ပတ်နေခဲ့တဲ့ အရိပ်အဆီအနှစ်တွေကို တောင် မသုံးခဲ့ရပေ။ဒီအဆီအနှစ်တွေက အရမ်းမများပေမယ့် တစ်ချို့တော့ ရှိနေပါသေးတယ်။
သူ့ရဲ့ လှံကို ပြန်ရုတ်လိုက်ပြီး ခွန်အားတွေကို စုစည်းကာ..ရှေ့ကို ထိုးချလိုက်တယ်။သားရဲမှာ ဖျက်စီးစေနိုင်တဲ့ နောက်ထပ်ဒဏ်ရာတစ်ခု ထပ်ပေါ်လာခဲ့ပါတယ်။ပြီးတော့ နောက်ထပ်..နောက်ထပ်..
'သေလိုက်..ဒီတိုင်း သေလိုက်တော့..'
...ယင်းနောက် သားရဲက လှောင်ပြောင်စွာရယ်မောလိုက်ပြီး..ရုတ်တရက် သူ့ရဲ့ ခြေလက်တွေကို စုစည်းလိုက်ကာ..သေတ္တာထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။စက္ကန့်အနည်းငယ်အကြာမှာတော့..သားရဲရဲ့ခန္တာကိုယ်တစ်ခုလုံးက မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး..ကျောက်တုံးကျွန်းရဲ့အလယ်မှာ သေတ္တာတစ်လုံးသာ ကျန်ရှိနေပါတော့တယ်။လှံသွားရဲ့ထိပ်က အနက်ရောက် သစ်သားကို ထိုးလိုက်ပေမယ့်
ခြစ်ရာတောင် ပေါ်မလာခဲ့ပေ။
ဆန်နီ သူ့ကို ကြောင်အစွာကြည့်နေခဲ့တယ်။
ယင်းနောက် သူအသံတစ်ချက်ထွက်လာခဲ့ပြီး ဖိနိပ်လာတဲ့အားကြောင့် ဒူးထောက်လျက်သားကျသွားခဲ့တယ်။
"ဘယ်လို ငရဲလဲ..။ပြန်လာခဲ့..သွေးကြောင်တဲ့ကောင်"
သူ့လက်တွေက နာကျင်မူကြောင့် တုန်ရီနေခဲ့ပေမယ့် လှံကို မပြီး သေတ္တာကို နောက်တစ်ကြိမ် ထိုးချလိုက်တယ်။ရလာဒ်ကတော့ မပြောင်းလဲသွားခဲ့ပါဘူး။
သူက ရက်စက်သောမြင်ကွင်းကို အံ့ဩစွာကြည့်လိုက်ပြီး..သူ့ဆီကိုတွားသွားကာ ပြန်ယူမယ့်အစား..မှတ်သားမူကို ပြန်သိမ်းလိုက်တယ်။
ဆန်နီ သေတ္တာဖက်ကို လှည့်လိုက်ပြီး အံကိုကြိတ်ထားခဲ့ပါတယ်။ခနအကြာမှာတော့..အလင်းစက်ကလေးတွေက သူ့ရဲ့လက်ထဲမှာ ပေါ်လာခဲ့တယ်။
"ဒါက ပြီးသွားပြီလို့ မထင်လိုက်နဲ့.."
သေတ္တာရဲ့အဖုံးက တုန်ရီသွားခဲ့ပြီး ခနလောက် ကြွလာခဲ့တယ်။သတ္တဝါက ဒီလောက် လှုပ်ရှားဖို့ကိုတောင် အတော်လေးကြိုးစားရတာ သိသာနေခဲ့ပါတယ်။
ခနအကြာမှာတော့ သူ့ရဲ့အတွင်းထဲကနေ အမုန်းတရား အပြည့်နဲ့ ရယ်မောသံတစ်ခုထွက်ပေါ်လာခဲ့တယ်။
ဒီအခိုက်အတန့် အတိအကျမှာပဲ ဆန်နီက လက်ထဲမှာပေါ်လာတဲ့ သန္တာကျောက်မျက်ကို သားရဲရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်ပါတယ်။ကျိုးပျက်ကျိန်စာ အထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း..အပေါ်က ဖိနိပ်လာတဲ့အားကြောင့် သေတ္တာအဖုံးက ပြန်ပိတ်သွားခဲ့တယ်။
သေတ္တာထဲကနေ ညဥ်းညူတဲ့အသံတွေ ထွက်ပေါ်လာခဲ့ပေမယ့် သူဘယ်လောက်ပဲ ကြိုးစားပါစေ..အဖုံးကတုန်ခါနေပြီး ပြန်မပွင့်လာနိုင်ခဲ့ပါဘူး။
ဆန်နီ မြေကြီးပေါ်ကို လဲကျသွားပြီး ရယ်မောလိုက်တယ်။ယင်းနောက် ညဥ်းညူရင်း ကျိုးပျက်ကျိန်စာရဲ့ ဝိဥာဥ်ဖျက်ဆီးခြင်း အကွာအဝေးကနေ လွတ်သည်အထိ တွားသွားလိုက်ပါတယ်။
လုံးဝကို မောပမ်းတဲ့အမူအရာနဲ့ မြေကြီးပေါ်မှာလဲလျောင်းနေခဲ့တယ်။နောက်ထက် လုံးဝလှုပ်လို့ မရတော့တဲ့ အချိနိမှာ ဆန်နီ ရယ်မောလိုက်ပါတယ်။
"အခု ဘယ်သူက ရယ်မောနိုင်နေတာလဲ..။အဲတာကို မြိုချဖို့သာ ကြိုးစားလိုက် ခွေးသား.."