ဟန်ဆောင်သူ ၏ သေဆုံးမူ
Vol. 29 Ch. 427
ကွေ့ကောက်ကျောက်တုံးက အထက်ကိုပိုပိုပြီး မြင့်တက်လာနေခဲ့တယ်။အဲ့အချိန်မှာတော့ မျက်နှာပြင်ပေါ်မှာရှိနေကြတဲ့ သက်ရှိနှစ်ယောက်က ဆိုးဝါးတဲ့ ဖိအားကို ခံစားနေရပါတယ်။သူတို့နှစ်ယောက်က မီတာ တစ်ဒါဇင်လောက်သာ ဝေးကွာခဲ့ကြတာပါ။
ကြီးမားတဲ့ သေတ္တာကြီးကတော့ အခြေအနေသိပ်မကောင်းတော့ပေ။သစ်သားတွေက အရောင်တွေလွင့်ပြယ်လာခဲ့ကြပြီး..သတ္တုတွေကလည်း..သံချေးတွေတက်လာသလို ဖြစ်နေခဲ့တယ်။ကြည့်ရတာတော့ သားရဲက ဆိုးဝါးတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်တွေ့နေရသလိုပါပဲ။ဘာပဲဖြစ်ဖြစ်..လတ်တလောမှာ ကျိုးပျက်ကျိန်စာကလည်း သူ့ရဲ့ ဝိဥာဥ်ကို နည်းနည်းချင်းစီ ဖျက်ဆီးနေခဲ့တာပါ။
ဆန်နီ ရဲ့ အခြေအနေကလည်း ကောင်းမွနိနေတာ မဟုတ်ပေ။
သူက မာကျောတဲ့ ကျောက်တုံးတစ်ခုပေါ်မှာ လဲလျောင်းနေပြီး..အကြင်နာတရားကင်းမဲ့တဲ့ ကောင်းကင်ကို ကြည့်နေခဲ့တယ်။ဆန်နီ အနေနဲ့ အသက်ရူဖို့အတွက် ရုန်းကန်နေရပြီး နာကျင်မူကိုတောင့်ခံနေခဲ့ရပါတယ်။သူ့ရဲ့အကာအကွယ်အင်္ကျီမှာသွေးတွေ စွန်းပေနေခဲ့ပြီး..သူ့ရဲ့ကျိုးနေတဲ့ လက်တစ်ဖက်ကို ရင်ဘတ်မှာကပ်ထားခဲ့ရတယ်။သူ့ရဲ့ မျက်နှာက သေလောက်အောင်ဖြူဖျော့နေပြီး ကောင်ကင်ကြီးရဲ့အထက် တိမ်တိုက်တွေရဲ့ကြားထဲမှာ လွင့်မျောနေတဲ့ ဆင်စွယ်ရောင်တာဝါ နဲ့တောင် တူညီလုနီးပါးဖြစ်နေပါပြီ။
အသက်ရူလိုက်တဲ့အချိနိတိုင်းမှာ နိုပ်စက်ခံနေရသလိုပါပဲ။
ဝိီဗာရဲ့သွေးကြောင့် သွေးထွက်လွန်ပြီးသေဆုံးမှာ မဟုတ်တာကိုတော့ ဆန်နီ သိရှိထားပါတယ်။သို့ပေမယ့် ဒဏ်ရာတွေကတော့ ဂရုစိုက်ဖို့လိုအပ်နေတုန်းပါပဲ။အထူးသဖြင့် သူ့ရဲ့ ကျိုးနေတဲ့လက်ကို အာရုံစိုက်ဖို့လိုအပ်ပါတယ်။ဒီဖိနိပ်မူက အရမ်းကို ရှည်ကြာနေတဲ့အတွက် သူ့ကိုဒီလိုလုပ်ဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။
ကောင်းပြီလေ..ဒါက အံ့ဩစရာတော့မဟုတ်ပေ။
ကွေ့ကောက်ကျောက်တုန်း နဲ့ တစ်ဖက်ကကျွနိးကိုဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ချိန်းကြိုးက အရမ်းကို ရှည်လျားတာကြောင့်..သေးငယ်တဲ့ကျွန်းလေးက..အရမ်း..အရမ်း အမြင့်ကြီးကို တက်သွားပါလိမ့်မယ်။ဆန်နီ ဒီထူးဆန်းတဲ့ ကုန်းမြေမှာ ကြုံတွေ့ဖူးခဲ့ရတာတွေထက်ကို ပိုပြီးမြင့်သွားမှာပါ။
ဖိနိပ်မူက သူအရင်က အတွေ့အကြုံတွေထက်ရှည်ကြာရုံတင်မကပဲ ၊ ပိုပြီးလည်း ဆိုးဝါးပါလိမ့်မယ်။အခုချိန်နဲ့ယှဥ်ရင် မာစတာရွန် နဲ့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲက ပန်းခြံထဲမှာ လမ်းလျောက်နေရသလိုပါပဲ။
အခုချိန်မှာ သူက ကောင်းကင်ကြီးတစ်ခုလုံးရဲ့ ဖိနိပ်မူကို ဖြည်းဖြည်းချင်းခံစားရသလိုဖြစ်နေခဲ့တာပါ။
ဆန်နီ အခုချိန်အထိ အသက်ရှင်နေသေးတယ် ဆိုတာက သူ့ရဲ့ခွန်အားတွေကို ဖုံးကွယ်ထားဖို့မလိုအပ်ပဲ..စွမ်းရည်တွေအားလုံးကို အသုံးပြူနေနိုင်လို့ပါ။ဂရက်ဖင် စီးနင်းသူနဲ့ တွေ့ခဲ့တဲ့နေ့နဲ့ မတူညီစွာပဲ သူက အရိပ်နှစိခုလုံးကို ခန္တာကိုယ်ကို ရစ်ပတ်ထားကာ..ခုခံနိုင်စွမ်းကို သုံးဆမြင့်တင်ထားခဲ့ပါတယ်။ဒီအကြောင်းပြချက်ကြောင့် သူက အခုထိသွေးအိုင်ကြီးတစ်ခုအဖြစ် မပြောင်းလဲသွားသေးပါဘူး။ဒါတောင်မှ သူက ဒီလိုဖြစ်လာဖို့ နီးစပ်နေပြီလို့ ခံစားနေခဲ့ရပါတယ်။
တကယ်လို့ အခြေအနေက မခံမရပ်နိုင်အောင်ဖြစ်လာရင် သူက အရိပ်တွေထဲကို ဝင်ပြီး ဖိနိပ်မူအဆုံးဆုံးအခြေအနေကို တောင့်ခံတာ ၊ ဒါမှမဟုတ် အဆီအနှစ်တွေ မကုန်ခမ်းခင်မှာ ကောင်းကင်ချိနိးကြိုးကနေ ထွက်ပြေးတာမျိုးကို လုပ်လို့ရပါတယ်။သူက အချိန်အတော်ကြာတဲ့အထိ ဝိဥာဥ်မြွေလှည့်ပတ်နေတာကို စိတိရှညိရှည်စောင့်နေခဲ့တာကြောင့်..သူ့ရဲ့ အမြုတေထဲမှာ လုံလောက်တဲ့ အဆီအနှစ် ပမာဏတော့ ရှိနေပါပြီ။
ဒီသောက်ကျိုးနဲ သေတ္တာ သေဆုံးမယ့်အချိန်ကိုလည်း သူ တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့တယ်။အလားတူစွာပဲ ရွှေဒင်္ဂါးတွေကို ခံတပ်ဆီ ဘယ်လိုသယ်ရမလဲ စဥ်းစားနေခဲ့တာပါ။
သူ့ရဲ့အပေါ်ပိုင်းအလွှာကသာ ရတနာတွေဖြစ်ကြောင်း သေချာသွားတာကြောင့် ၊ အခုချိနိမှာ သူ့မှာ ရွေးချယ်စရာတွေ အများကြီးရှိနေခဲ့တယ်။သို့ပေမယ့် သူတို့အားလုံးက ချိန်းပိုးကောင်တွေကို ဖြတ်ကျော်ဖို့ အဆီအနှစ်တွေ အများကြီးလိုအပ်နေပါသေးတယ်။ပြသနာက ကွေ့ကောက်ကျောက်တုံးက မကြာခင်မှာ ပျက်ဆီးတော့မှာဖြစ်တာကြောင့်..သူက ခံတပ်ကို မကြာခနသွားလိုက်ပြနိလိုက်လုပ်ပြီး စွန့်စားနိုင်မှာမဟုတ်ပါဘူး။ဒီ ကျွန်းက တစ်ခြားကျွန်းစုတွေနဲ့ ဆက်သွယ်နေတုန်းမှာ သူ့ရဲ့ ပစ္စည်းတွေကို အကုန်သယ်သွားမှဖြစ်ပါလိမ့်မယ်။
ဒီအကြောင်းပြချက်ကြောင့်..ဆန်နီက အရိပ်အဖြစ်မပြောင်းလဲခင်မှာ..ဖိနိပ်မူကို ခံနိုင်သမျှ ခံနေခဲ့တယ်။
ဒီ သေဆုံးခါနီး ကျွန်းအပေါ်ကို သူ ခံစားနေရတဲ့ အလိုလိုသိစိတ်ကိုလည်း မမေ့သွားခဲ့ပေ။ဖိနိပ်မူအရမ်းကြီးမဆိုးဝါးလာခင်တုန်းက..သူ့ရဲ့အရိပ်တစ်ခုကို ကျွန်းအနှံ့စေလွှတ်ပြီး သူ့ရဲ့ကံတရားကြိုးတွေကို သက်ရောက်စေနိုင်လောက်တဲ့ အရာကိုရှာဖွေခိုင်းခဲ့ပါတယ်။
သို့ပေမယ့် ဒီနေရာမှာ ကျောက်တုံးတွေနဲ့ ရှေးဟောင်းအနက်ရောင် အရိုးတွေကလွဲပြီး ဘာမှရှိမနေခဲ့ပေ။အရိပ်က ဒီဆိုးဝါးတဲ့နေရာရဲ့ နေရာတိုင်း နဲ့ အပေါက်တွေကိုပါ ရှာခဲ့ပေမယ့် ဘာမှမတွေ့ရှိခဲ့ပေ။
သူက ကျွန်းငယ်လေးရဲ့ အောက်ဘက်အထိပါ ရှာဖွေခဲ့ပေမယ့် အပျက်အစီးတွေကလွဲပြီး ဘာမှမရှိခဲ့ပါဘူး။
ဒီအချက်ကြောင့် ဆန်နီကို စိတ်ရှုပ်ထွေးမူတွေဖြစ်စေပါတယ်။ကွေ့ကောက်ကျောက်တုံးမှာ ရှာဖွေစရာနေရာမရှိတော့ဘူးဆိုတာကို သူသေချာပြောနိုင်ပါတယ်။ဒါတောင်မှ သူ့ရဲ့ အလိုလိုသိစိတ်ကို သန်မာလာစေတဲ့ အရာကို မတွေ့ခဲ့ရပါဘူး။ဘာတွေဖြစ်နေတာလဲ..။သူက တစ်ခုခုကို သတိမထားမိခဲ့တာလား။ဒါမှမဟုတ်..အစကတည်းက သူက အထင်မှားနေခဲ့တာလား..။
ဝမ်းနည်းစွာပဲ အတော်ကြာပြီးနောကိမှာ ဖိနိပ်မူအားက ပြင်းထန်လာခဲ့တာကြောင့်..ဒုတိယအရိပ်မရှိပဲ တောင့်မခံနိုင်တော့ကာ..ပြန်ခေါ်လိုက်ရပါတယ်။
အခုတော့ သူတို့က ဒီနေရာမှာပါ။
ရုတ်တရက် အသံတစ်ခုက ဆန်နီရဲ့ အာရုံစိုက်မူကို ရသွားခဲ့တယ်။ဘေးကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့..သေတ္တာကြီးရဲ့ မျက်နှာပြင်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာတာကို တွေ့လိုက်ရပါတယ်။အနက်ရောင်သွေးတွေက ဒီကနေတဆငိ့ စိမ့်ထွက်လာခဲ့ပြီး..အိုင်တစ်ခုဖြစ်လာခဲ့တယိ။စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့..ဒုတိယအက်ကွဲကြောင်းတစ်ခုက ပထမတစ်ခုနားမှာ ပေါ်လာခဲ့ပြန်ပါတယ်။
ကောင်းကင်ရဲ့အထက် ဒီလောက်အမြင့်မှာ ရိုးရှင်းတဲ့အပြုံးလေးတစ်ခုကိုတောင် မပြုလုပ်နိုင်လောက်အောင် ဖိနိပ်ထားခဲ့တာမဟုတိရင် သူ ကျိန်းသေ ပြုံးမိမှာပါ။
'ဒါက ကြာတော့မှာ မဟုတ်ဘူး..'
***
မိနစ်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ နောက်ထပ် အနက်ရောင်သွေးတွေက ကြီးမားတဲ့ သစ်သား သေတ္တာကြီးကို ဝန်းရံလာခဲ့တယ်။
ဆန်နီ နာကျင်မူကို တောင့်ခံရင်း စက္ကန့်တွေကို ရေတွက်နေခဲ့ပါတယ်။
သူ့ရဲ့ ရေတွက်မူက တစ်ထောင်မပြည့်ခင်မှာပဲ..ရွံ့စရာသားရဲက အနည်းငယ်တုန်ခါလာပြီး နောက်ဆုံးတစ်ကြိမ် တခီခီအသံထွက်ပေါ်လာခဲ့တယ်။သူ့ရဲ့ အသံမှာတော့ ဝမ်းနည်းကြေကွဲဖွယ် ဒေါသတရားတွေ ပါဝင်နေခဲ့ပါတယ်။ယင်းနောက် သားရဲက လှုပ်ခါလာပြီးနောက် လုံးဝငြိမ်သက်သွားခဲ့တယ်။
ဒါက နောက်ဆုံးတော့ သေဆုံးသွားခဲ့ပါပြီ။
ဆန်နီ အကူအညီမဲ့စွာပဲ အနည်းငယ် ရယ်မောလိုက်တယ်။
'နောက်ဆုံးတော့...ဒင်္ဂါးတွေအားလုံးက ငါ့အပိုင်ပဲ'
ကောင်းကင်ချိန်းကြိုးက အသံတွေမြည်ပြီး ညဥ်းညူနေတဲ့ အချိန်မှာပဲ..အခိုက်အတန့်ရဲ့အသံက ကျောက်တုံးကျွန်းရဲ့ ငရဲပြင်ထက်မှာ ပေါ်ထွက်လာခဲ့တယ်။သူ့ရဲ့ စကားလုံးတွေက ဆန်နီရဲ့နားထဲမှာတော့ ဂီတသံစဥ် တစ်ခုလိုပါပဲ။
[ သင်က ကျရှုံးမူအဆင့် နတ်ဆိုး , နာကြည်းသော အသွင်ဆောင်သူ ကို သတ်ဖြတ်လိုက်ပါပြီ..]
[ သင့်ရဲ့အရိပ်က ပိုသန်မာလာပါပြီ ]
[ သင်က မှတ်သားမူတစ်ခု ရရှိခဲ့ပါသည် ]