← Chapters

တပ်မက်ခြင်း ဘဏ္ဍာတိုက်

Vol. 29 Ch. 428

တပ်မက်ခြင်း ဘဏ္ဍာတိုက်

Vol. 29 Ch. 428

ဖိနိပ်မူ​ ရဲ့ နိပ်စက်ခြင်းကို ခံနေရပေမယ့်လည်း..ဆန်နီကတော့ အကူအညီမဲ့စွာပဲ ပျော်ရွှင်မူကို ခံစားနေခဲ့ရတယ်။သူက အရိပ်အပိုင်းအစ ရှစ်ခု နဲ့ အားကောင်းတဲ့ မှတ်သားမူတစ်ခုကို ရရှိခဲ့ရုံတင်မကပဲ..ကျရှုံးမူအဆင့် နတ်ဆိုးကိူလည်း တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့ပါတယ်။သူ့ကို သူတော်စင်ကတောင် ကူညီပေးစရာ မလိုအပ်ခဲ့ပေ။

အနက်ရောင်စစ်သည်တော် ကလည်း ကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင်ပါ။ဒီတော့ ဒီလိုတစ်ကောင်ကို သတ်နိုင်လိုက်တာက ဆန်နီ အတွက်တော့ အများကြီး အဓိပ္ပါယ်ရှိပါတယ်။ဒါက အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး .သူ့ရဲ့ကြိုးစားအားထုတ်မူတွေ ၊ ဆိုးဝါးတဲ့အရာတွေကို ဖြတ်ကျော်ခဲ့ရတာတွေက အလဟသ

မဟုတ်ခဲ့ဘူး ဆိုတာကို ပြသနေခဲ့တယ်။သူက ပန်းတိုင်းကို ပြီးမြောက်နိုင်ခဲ့ပါတယ်။

ပိုသန်မာလာပြီ..။

...ဒါပေါ့..နာကျည်းသော အသွင်ဆောင်သူက ရှေးဟောင်းဘုရားကျောင်းရဲ့ အစောင့်အကြပ်လောက်တော့ တိုက်ရည်ခိုက်ရည် မကောင်းပါဘူး။တစ်ကောင်က တိုက်ခိုက်ဖို့မွေးဖွားလာတဲ့ သတ္တဝါဖြစ်ပြီး ၊ တစ်ကောင်က..လှည့်ပြားမူတွေ ၊ ခြုံခိုတိုက်ခိုက်မူတွေနဲ့ သားကောင်ကို အနိုင်ယူတာပါ။ဒါတောင်မှ သေတ္တာသားရဲက လွယ်ကူတဲ့ ပြိုင်ဖက် မဟုတ်ခဲ့ပေ။တကယ်တော့ သူ့ရဲ့ နတ်ဆိုးဆန်တဲ့ သဘာဝက သူ့ကို ပိုပြီးတော့တောင် အခက်တွေ့စေခဲ့ပါသေးတယ်။

'အား...'

ကွေ့ကောက် ကျောက်တုံးက အပေါ်ကို ဆက်တက်နေတဲ့အချိန်မှာတော့..ဆန်နီကို သေစေနိုင်လောက်တဲ့အားနဲ့ ထပ်ပြီး ဖိနိပ်ထားခဲ့တယ်။ဆိုးဝါတဲ့ နာကျင်မူကြောင့် သူ့ရဲ့ပျော်ရွှင်မူကို လွင့်ပျယ်သွားစေခဲ့ပါတယ်။သူ့နှုတ်ခမ်းကနေ ညဥ်းညူသံ ထွက်ပေါ်လာခဲ့တယ်။

'သည်းခံ...နည်းနည်းလောက် သည်းခံလိုက်..ဒီငရဲက မကြာခင် ပြီးဆုံးသွားတော့မှာ..'

အခုတော့ သူ့မှာ ရွေးချယ်စရာမရှိပဲ နာကျင်မူနဲ့အတူ စောင့်ဆိုင်းနေယုံသာ တတ်နိုင်ပါတယ်။သူ့ရဲ့အကြည့်တွေကတော့ အဝေးမှာရှိနေတဲ့ ဆင်စွယ်ရောင်တာဝါ ကိုကြည့်နေခဲ့တယ်။

လှပတဲ့ ဘုရားက သူ့ရဲ့အရမ်းနီးကပ်နေပုံပေါ်ပြီး..သူလက်ဆန့်တန်းလိုက်တာနဲ့ ထိနိုင်လောက်တယ်လို့တောင် ထင်မှတ်ရလောက်ပါတယ်။

ဆန်နီ ဘာမှလုပ်စရာမရှိတာကြောင့်..အချက်အလက်တွေကို ဖော်ထုတ်ပြီး ရင်းနှီးတဲ့ စာသားတွေကို ဖတ်ကြည့်လိုက်တယ်။

အရိပ်အပိုင်းအစ : [ 223 / 2000 ]

'အဲဒီသေတ္တာထဲမှာ ဒင်္ဂါးတွေ ဘယ်လောက်ရှိနိုင်မလဲ ငါ သိချင်မိတယ်..'

သူတို့ရဲ့အကူအညီနဲ့ဆိုရင် ငါက တတိယမြောက် အမြုတေကို ဖွဲ့စည်းနိုင်မှာလား..။

ဆန်နီ အကြည့်ကိုရွေ့လျားလိုက်တဲ့ အချိန်မှာ သူ့ရဲ့ မှတ်သားမူတွေကို ဖော်ပြထားတာ တွေ့လိုက်ရတယ်။စာရင်းထဲမှာ မှတ်သားမူအသစ်တစ်ခုက ရောက်ရှိနေခဲ့ပါတယ်။

သူ့ရဲ့ မျက်လုံးတွေက အနည်းငယ်တောက်ပသွားပြီး အာရုံစိုက်ကာ ဖတ်လိုက်တယ်။

မှတ်သားမူ : [ တပ်မက်ခြင်း ဘဏ္ဍာတိုက် ]

မှတ်သားမူ အဆင့် : တက်ရောက်မူ

မှတ်သားမူ သတ်မှတ်ချက် : lV

'ဟင်..'

ဆန်နီ သူ့ရဲ့ကံတရားကို တကယ်နားမလည်နိင်တော့ပေ။ရက်အနည်းငယ်အတွင်းမှာပဲ ဒါက သူရရှိတဲ့ ဒုတိယမြောက် တက်ရောက်မူအဆင့် ၄ မှတ်သားမူ ပါ။စူးစမ်းရှာဖွေမူရဲ့ အဓိက ဆုလာဒ်ဖြစ်တဲ့ ဒင်္ဂါးပြားတွေကိုထည့်မတွက်ဘူးဆိုရင်တောငိ..ဒီခရီးက ထိုက်တန်မူ ရှိနေပါပြီ။

သို့ပေမယ့်..ဒီ သေတ္တာသားရဲက ဘယ်လိုမှတ်သားမူမျိုးကို ထားခဲ့တာလဲ။

သိချင်စွာပဲ သူ ဆက်ဖတ်လိုက်တယ်။

မှတ်သားမူအမျိုးအစား : အသုံးအဆောင်

'အသုံးအဆောင် မှတ်သားမူတစ်ခု '

အကာအကွယ်တွေ ၊ လက်နက်တွေလောက် လူအများရဲ့ စိတ်ဝင်စားမူမရှိပေမယ့် အသုံးအဆောင်မှတ်သားမူတွေက နိုးထသူတိုင်းရဲ့ လက်နက်တိုက်မှာ အခြေခံအုတ်မြစ်တစ်ခုပါ။ဥပမာအားဖြင့် ဆန်နီမှာရှိတဲ့ တစ်ခြား အဖိုးတန်မှတ်သားမူတွေလိုပါပဲ။အဆုံးမရှိတဲ့ စမ်းချောင်း ၊ သာမန်ကျောက်တုံး ၊ ငွေရောင်ခေါင်းလောင်း နဲ့..ဝီဗာရဲ့မျက်နှာဖုံး လို အသုံးအဆောင်တွေပါ။

စိတ်လှုပ်ရှားစွာပဲ..သူက ဖိနိပ်မူအားကို မေ့ဖျောက်ထားဖို့ကြိုးစားရင်း..အချက်အလက်တွေကို အာရုံစိုက်လိုက်တယ်။

မှတ်သားမူ ဖော်ပြချက် : [ "မင်းက အတော်ထူးဆန်းတာပဲ " နိုတစ်က ပြောလိုက်တယ်။ဘာလို့ သူ့မိတ်ဆွေအသစ်က သေတ္တာတွေကို သေလောက်အောင် ကြောက်ရွံ့နေရတာလဲ။သူက ဘာလို့ တုန်ရီပြီး ဖြူဖျော့နေရတာလဲ။"မကြောက်ပါနဲ့..ဒီဟာတွေက ငါ့ရဲ့ ရတနာ သေတ္တာတွေပါ။သူတို့က မကိုက်တတ်ပါဘူး။ကောင်းပြီ..တစ်ခုက လွဲလို့ပေါ့..။အဲတာက မင်းကိုဟအသက်ရှင်လျက်တော့ မြိုချလိုက်နိုင်တယ်.." ]

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

'ဒါက စိတ်ဝင်စားစရာပဲ..'

ဒီတော့ နိုတစ် မြင့်မြတ်နယ်မြေ မှာ နိုတစ်ဆိုတာကလူတစ်ယောက်ပေါ့။ဘာရှိသေးလဲ..။သူ/သူမ က ရတနာသေတ္တာတွေ ပိုင်ဆိုင်ထားတယ်။လူတွေကို အသက်ရှင်လျကိစားနိုင်တဲ့တစ်ခု အပါအဝင်..။

နာကျည်းသော အသွင်ဆောင်သူ က နိုတစ်ရဲ့ အိမ်မွေးသားရဲဖြစ်ခဲ့တာလား..။

ဘယ်လိုလူမျိုးက ကျရှုံးမူအဆင့် နတ်ဆိုးကို မွေးထားနိုင်ရတာလဲ။

ရုတ်တရက် ဆန်နီက ကျော်ချမ်းသွားခဲ့ပြီး ဆက်ဖတ်လိုက်တယ်။

မှတ်သားမူ တိုးမြင့်ချက် : [ လိမ်လည်သော ဘဏ္ဍာတိုက် ] [ ဝင်ဆန့်သော သေတ္တာ ] [ ရွေ့လျားနိုင်တဲ့ လှုပ်ရှားသူ ] [ တောက်ပသော သေတ္တာ ]

ဆန်နီ အချက်အလက်တွေကို အံ့ဩတဲ့အမူအရာနဲ့ကြည့်နေခဲ့တယ်..။

'ဒီစကားလုံးတွေက ဘာကိုဆိုလိုတာလဲ '

တိုးမြင့်မူတွေကို နားလည်ဖို့ရုန်းကန်နေရတာကြောင့် သူက ဖော်ပြချက်တွေကို သိချင်စွာကြည့်လိုက်တယ်။

[ လိမ်လည်သော ဘဏ္ဍာတိုက် ] ဖော်ပြချက် :

"ဤမှတ်သားမူက..မည်သည့်သက်မဲ့ပစ္စည်းအဖြစ်မဆို အသွင်ပြောင်းနိုင်သည် ။အရွယ်အစား နဲ့ ပုံသဏ္ဍာန်က ကိုင်ဆောင်သူ၏ ဝိဥာဥ် အမြုတေ ခံနိုင်ရည်ပေါ်မူတည်သည် "

'အဓိပ္ပါယ်ရှိတယ်..။အသွင်ပြောင်းသူက သေတ္တာအဖြစ်မွေးဖွားလာတာ မဟုတ်ပဲ သေတ္တာအသွင်ကိုပြောင်းထားတာ ဖြစ်ရမယ်။လတ်တလောမှာ ငါက ဘယ်ပုံတွေကို ပြောင်းနိုင်မလဲ သိချင်မိတယ်..'

သူ ထပ်ပြီးကြည့်လိုက်တယ်။

[ ဝင်ဆန့်နိုင်သော သေတ္တာ ] ဖော်ပြချက် :

" ဤ မှတ်သားမူသည် အတွင်းပိုင်း၌ ပို၍ ကြီးသည်။မှတ်သားမူကို ပစ္စည်းများသိုလှောင်ရင်း..ဖော်ထုတ်ခြင်း ၊ ရုတ်သိမ်းခြင်းများဆောင်ရွက်နိုင်သည်။သိုလှောင်နိုင်သည့် အရွယ်အစား နှင့်အလေးချိန်သည် ကိုင်ဆောင်သူ၏ ဝိဥာဥ်အမြုတေ လက်ခံနိုင်မူအပေါ်မူတည်သည်"

ဆန်နီ ရယ်မောချင်စိတ်ကို ထိန်းထားခဲ့ရတယ်။

"ဟုတ်ပြီ "

ဒါက သူအခုလိုအပ်နေတဲ့အရာ အတိအကျပါပဲ။တိုးမြင့်မူက သူလက်ရှိကြုံတွေ့နေရတဲ့ ပြသနာကို တည့်တည့်ကြီး ဖြေရှင်းပေးလိုက်တာပါ။ကွေ့ကောက်ကျောက်တုံး မပျက်ဆီးခင်မှာ သူက ရွှေပြားတွေအကုန်လုံးကို သယ်ဆောင်သွားရပါလိမ့်မယ်။နောက်တစ်ကြိမ်ပဲ ကံတရားက သူ့ဘက်မှာရှိနေခဲ့ပါပြီ။

သို့ပေမယ့် ဒါအကုန်မဟုတ်သေးပေ။ပစ္စည်းတွေကို ဘဏ္ဍာတိုက်ထဲမှာ သိမ်းဆည်းပြီး..သူ့ရဲ့ အမြုတေထဲကို ပြန်သိမ်းထားလို့ရပါတယ်။ဒါက အယ်ဖီရဲ့ အိတ်နဲ့ဆင်တူပေမယ့် ပိုကောင်းပါတယ်။

ပြီးတော့ ဒီလိုဆိုရင် ဆန်နီက ပစ္စည်းတွေကို အိပ်မက်ကမ္ဘာထဲကနေ အစစ်အမှန်ကမ္ဘာဆီကို သယ်သွားနိုင်မှာလား..။သူ ဒါကို စမ်းကြည့်ဖို့ မစောင့်နိုင်တော့ပေ။

[ ရွေ့လျားနိုင်တဲ့ လှုပ်ရှားသူ ] တိုးမြင့်မူ ဖော်ပြချက် :

[ ဒီမှတ်သားမူက ပတ်ဝန်းကျင်ကို ရွေ့လျားကာ ကိုင်ဆောင်သူ နောက်ကို လိုက်နိုင်သည် ]

'..ကောင်းတယ်..ဒါက ငါပစ္စည်းတွေ အရမ်းလေးလံအောင် ထည့်ထားမိရင်..သယ်သွားရမယ့် ပြသနာကိုဖြေရှင်းပေးနိုင်တယ်..။ဘာပဲဖြစ်ဖြစ် ဒါတွေက အတော်လေးမှာ အသေအချာပဲ.."

[ တောက်ပသော သေတ္တာ ] ဖော်ပြချက် : " ဒီ မှတ်သားမူက သူခိုးရန်များမှ ကိုယ့်ကိုကို ကာကွယ်ထားနိုင်သည်။ ထိုသူများအား စားသုံးခြင်းဖြင့် "

ဆနိနီ မျက်တောင်ခတ်လိုက်တယ်။

'ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။ငါလည်း ဒီမှတ်သားမူ ရဲ့ ကောင်းတဲ့ဘက်ခြမ်းမှာ ရှိနေမှဖြစ်လိမ့်မယ် '

အကျဥ်းချုပ်အနေနဲ့ သူက ဘဏ္ဍာတိုက်နဲ့ပတ်သက်ပြီး အတော်လေးကို စိတ်ကျေနပ်မူရှိပါတယ်။သူ့ရဲ့ အသုံးအဆောင် မှတ်သားမူအသစ်က တကယ်ကို အံ့ဩစရာပါပဲ။ဒါက သူ့ရဲ့လတ်တလော ပြသနာကို ဖြေရှင်းပေးနိုင်ယုံတင်မကပဲ အနာဂတ်မှာ သူ့ရဲ့ စူးစမ်းရှာဖွေမူတွေ အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ဝိဥာဥ်အမြုတေတွေကို အစစ်အမှန်ကမ္ဘာဆီကို ပြန်သယ်ဆောင်နိုင်တဲ့အခါမှာ မြင့်မားတဲ့စျေးနှုန်းနဲ့ ရောင်းချနိုင်တာကို ပြောနေစရာတောင်ဘမလိုအပ်တော့ပေ။

ဝိဥာဥ်အမြုတေဆိုတာက ပိုက်ဆံဖြစ်ပြီး ၊ ပိုက်ဆံက မှတ်သားမူတွေကို ဝယ်လို့ရပါတယ်။မှတ်သားမူတွေ အများကြီး ဝယ်နိုင်မယ်ဆိုရင် သူတော်စင်ကို အပိုင်းအစ ၂၀၀ ပြည့်တဲ့အထိ ကျွေးနိုင်မှာဖြစ်ပြီး..သူတို့နှစ်ယောက်စလုံး ပိုသန်မာလာဖို့ မျှော်လင့်နိုင်ပါတယ်။

အခုတော့ သူက ဖိနိပ်မူကို ရှင်သန်နိုင်မှဖြစ်မှာပါ။

..သူက လက်လျော့ပြီး အရိပ်အဖြစ်ပြောင်းဖို့ လုပ်နေတဲ့ အချိန်မှာပဲ ကောင်းကင်ချိန်းကြိုးတွေက တင်းလာပြီး ရပ်တန့်သွားခဲ့တယ်။ကွေ့ကောက်ကျောက်တုံးရဲ့ မြင့်တက်နေမူကလည်း ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် နားကျိန်းလောက်တဲ့ အသံတွေမြည်လာခဲ့ပြီး အရာအားလုံးက တိတ်ဆိတ်သွားခဲ့တယ်။

ဖိနိပ်မူက အထွတ်အထိပ်ကို ရောက်နေခဲ့ပါပြီ။ဆန်နီအတွက် ဆိုးဆိုးဝါးဝါးနာကျင်နေခဲ့ပေမယ့် တောင့်ခံနေနိုင်ဆဲပါပဲ။သူ့အနေနဲ့ ဒီကျွန်းက အောက်ကို ပြန်နိမ့်ကျလာပြီး ဖိအားက ဖြည်းညှင်းစွာလျော့ကျလာတဲ့ အထိ သည်းခံနေဖို့ပဲ လိုအပ်တာပါ။

ဆန်နီ သူ့ရင်ဘတ်ကို ကိုင်ထားပြီး အသက်ကို ခက်ခက်ခဲခဲ ရူနေရတယ်။

'ကျေးဇူးပါ နတ်ဘုရားတို့..'

သို့ပေမယ့် သူ စိတ်သက်သာရာ မရနိုင်သေးခင်မှာပဲ ကျွန်းတစ်ခုလုံးက ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး၊ နားစည်ကျိန်းလောက်တဲ့ အသံတစ်ခုက သူ့နားထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ဒီအသံ...ဒီအသံက..သတ္တုတွေ ပြတ်တောက်နေတဲ့ အသံမျိုးပါ။

ဆန်နီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

'ဘာလဲ..ဘာဖြစ်တာလဲ..'

All Chapters