← Chapters

ဂိုဏ်းကွဲမူ

Vol. 29 Ch. 429

ဂိုဏ်းကွဲမူ

Vol. 29 Ch. 429

ခနအကြာမှာတော့..သံကြိုးအဆစ်တွေ ပြတ်ကျတဲ့နားစည်ကျိန်းလုမတတ် အသံကြီးက ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ယင်းနောက် ကျွန်းက မီတာအနည်းငယ် မြင့်တက်သွားပြီး ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။

ဆန်နီဟာ သူ့ရဲ့အပေါ်ကို ဖိနိပ်နေတဲ့အားက ထပ်မံပြင်းထန်လာတာကို ခံစားလိုက်ရတာကြောင့် ညဥ်းညူလိုက်တယ်။

'ချိန်း..ချိန်းကြိုးက ပြတ်နေပြီ..'

ဘာလို့ ဒီလောက်အမြန်ကြီးဖြစ်လာရတာလဲ။

တစ်ခနလောက် သူက တစ်ခြားဘာကိုမှ မခံစားရတော့ပဲ..စစ်မှန်တဲ့ကြောက်ရွံ့ထိပ်လန့်မူကိုသာ ခံစားနေခဲ့ရတယ်။ယင်းနောက် သူက ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့အတွက် တွန်းအားပေးပြီး..သိပ်မဝေးတဲ့ ကွေးကောက်ကျောက်တုံးရဲ့ အစွန်းနေရာကို လှမ်းကြည့်လိုက်တယ်။

သူက အချိန်မှီလွတ်မြောက်နိုင်ပါ့မလား..။

သူခနလောက်တွေဝေနေပြီးကာမှ အံကိုကြိတ်ထားကာ..သူ့ ရဲ့အရိပ်တစ်ခုကို ခန္တာကိုယ်ကနေ ဖယ်ပြီး မြေကြီးပေါ်ကို ဆင်းဖို့ညွှန်ကြားလိုက်တယ်။

ဒီလိုလုပ်လိုက်တာနဲ့ သူ့ပါးစပ်ကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ဒါက ကြီးမားတဲ့တူကြီးတစ်လက်နဲ့ သူ့ခန္တာကိုယ်ကို ဖိထားသလိုခံစားနေခဲ့ရပြီး..အထဲမှာရှိနေတဲ့ အရိုးတိုင်းက ကြေမွနေသလိုခံစားနေခဲ့ရတယ်။ဆန်နီဟာ သူ့ရဲ့ခေါင်းကိုဘေးဘက်ကို လွှဲလိုက်ပြီး သွေးတစ်ပွက် အန်လိုက်ပါတယ်။

' ချီးတဲ့မှပဲ..'

အရိပ်က ကျွန်းရဲ့အစွန်းဆီကို ထွက်သွားခဲ့ပြီး အစွန်းကနေ လျောထိုးကာ ပျံ့လုနီးပါးဖြစ်နေတဲ့ ချိန်းကြိုးဆီကို ရောက်ဖို့ကြိုးစားလိုက်တယ်။

..သို့ပေမယ့် ဒါက အရမ်းနောက်ကျသွားခဲ့ပါပြီ။

ဆန်နီ ထိပ်လန့်တကြားကြည့်နေတုနိးမှာပဲ..ကောင်းကင်ချိန်းကွင်း အဆစ်တစ်ခုက ပြတ်တောက်သွားခဲ့တယ်။ဒီအဆစ်တွေအားလုံးထဲမှာ အားအနည်းဆုံး တစ်ခုတည်းဆိုပေမယ့်..ဒီတစ်ခုကတင် တစ်ချောင်းလုံးကို ပြတ်တောက်သွားစေဖို့ လုံလောက်နေခဲ့ပါတယ်။

'မဟုတ်ဘူး..'

ကွေ့ကောက်ကျောက်တုံးနဲ့ ချိန်းကျွန်းစုက ကျွန်းတွေကို ဆက်သွယ်ကေးထားတဲ့ ချိန်းကြိုးက နှစ်ပိုင်းပြတ်သွားခဲ့ပါပြီ။ဆယ်ကီလိုမီတာခန့်ရှည်တဲ့ သံကြိုးအဆစ်ကြီးတွေက ဖြည်းညှင်းစွာပဲ အောက်ကို အောက်ဘက်ကောင်းကင်ဆီကို ပြုန်ကျသွားကာ ၊ ကျွနိးကတော့ ရုတ်တရက် အထက်ကို တဟုန်ထိုးမြင့်တက်သွားခဲ့တယ်။ဒီအရာက တက်ရောက်ခြင်း အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး ဆွဲထားမယ့် အရာ မရှိတော့တာကြောင့်..မြင့်တက်သွားတဲ့ အလျင်နှုန်းက တကယ်ကို ကြောက်မက်ဖွယ်ရာပါပဲ။

'နိုး..နိုး...နိုး..'

ဖိနိပ်မူက ဆန်နီရဲ့အပေါ်ကို ဒေါတသကြီး တိုးဝင်နေခဲ့တာကြောင့် သူ အော်တောင်မအော်နိုင်ခဲ့ပေ။သူ့က ဖြည်းညှင်းစွာပဲ တစ်စစီဖြစ်တော့မှာကို ခံစားနေမိခဲ့ပြီး အဖြေတစ်ခုရအောင်လုပ်ဖို့ကြိုးစားနေခဲ့တယ်။

'အရိပ်တွေထဲကနေသွားပြီး အောက်ကိုခုန်ချ..သင်္ဘောပျက်ကျွန်းကို ရောက်အောင်သွား..'

မဟုတ်ဘူး..ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။ဒီကျွနိးတွေက တစ်ခုနဲ့တစ်ခု ဆယ်ကီလိုမီတာကျော်စီဝေးကွာနေကြတာကြောင့်..အနက်ရောင်တောင်ပံ စွမ်းဆောင်နိုင်တဲ့ ပမာဏထက်ပိုပြီး သာလွန်နေခဲ့တယ်။သူက သင်္ဘောပျက်ကျွန်းနဲ့ ဆက်နေတဲ့ သံကြိုးကို မှီအောင် လိုက်ခုန်လို့ ရသေးပေမယ့် ဒီကြိုးကို ဖမ်းမိဖို့အခွင့်အရေးကလည်း သုည ပါပဲ။

ကောင်းကင်ချိနိးကွင်းတွေရဲ့ အရှည်က လှည့်စားစွာပဲ ဖြည်းညှင်းစွာ ပြုတ်ကျနေတယ်လို့ ထင်ရပေမယ့် ဒါက သူ့ရဲ့ ကြီးမားမူကြောင့်ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်ပါ။အမှန်တော့ ပြတ်တောက်သွားတဲ့ အစွန်းက လေထဲမှာအလွန်လျင်မြန်တဲ့ အရှိန်နဲ့ ကျဆင်းနေတာဖြစ်ပြီး..ကွေ့ကောက်ကျောက်တုံးနဲ့ ဝေးရာဆီကို ထွက်သွားနေခဲ့ပါတယ်။

ချိန်းပိုးကောင်တွေရဲ့ ရွံ့စရာအရိပ်တွေကလည်းဘတစ်စက္ကန့်တိုင်း သေးငယ်လာနေခဲ့တယ်။

ဆန်နီ အနေနဲ့ ဒီအရာကို လိုက်ဖမ်းဖို့အတွက်ဆိုရင် နောက်ကျသွားခဲ့ပြီဖြစ်ပြီး..အချိန်တွေကုန်ဆုံးသွားတိုင်းမှာ အောင်မြင်နိုင်ချေက လျော့ကျနေခဲ့တာပါ။

'ကောင်းတယိ..။သောက်ကျိုးနဲ လောက်အောင် ကောင်းတယ် အရူး..။နောက်ဆုံးမှာ မင်းရဲ့လောဘက မင်းကို သတ်တော့မယ်..'

ဆန်နီဟာ သူ့ကိုယ်သူ ဒေါသတကြီးကျိန်ဆဲနေခဲ့ပေမယ့်..ရုတ်တရက် ရပ်တန့်လိုက်တယ်။

မဟုတ်ဘူး..ဒါက အဓိပ္ပါယ်မရှိပေ။သူက ဒီကျွန်းကို လောဘကြောင့် ရောက်လာတာမဟုတ်ပါဘူး။ဆန်နီအနေနဲ့ ဆန်းကျယ်တဲ့ဒင်္ဂါးတွေကို ရဖို့အတွက် စွန့်စားတဲ့ ဆုံးဖြတ်ချက်အချို့ကို လုပ်ခဲ့ရပေမယ့်..အဆုံးမှာတော့ ကျွန်းရဲ့အစွန်းကို ရောက်တဲ့အချိန်မှာ သူက စိတ်ခံစားမူကို ဘေးဖယ်ပြီး သင့်တော်တဲ့ ရွေးချယ်မူကို လုပ်နိုင်ခဲ့ပါတယ်။

သူဒီကိုလာခဲ့တာက..သူ့ရဲ့ အလိုလိုသိစိတ်ထဲမှာ ..သူ့အနာဂတ်အတွက် အရေးကြီးတဲ့အရာတစ်ခုက ကွေ့ကောက်ကျွန်းပေါ်မှာ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြောင့်ပါ။

ဒါပေမဲ့ အဲတာက ဘာလဲ။ဒီနေရာမှာ ကျောက်တုံးတွေ အရိုးတွေကလွဲပြီး ဘာမှမရှိပါဘူး။

သူ ဘာဆက်လုပ်ရမလဲ..။သူက ဘယ်လိုရှင်သန်ရတော့မှာလဲ။

ဆနိနီ စိတ်တည်ငြိမ်အောင်ကြိုးစားပြီး တွေးတောလိုက်တယ်။သူက သူ့ရဲ့အရိပ်ကို ပြန်ခေါ်လိုက်တဲ့အချိန်မှာ အနက်ငယ်အသက်ပြန်ရူနိုင်လာခဲ့ပါတယ်။

ဒီအရာက ကြာရှညိခံမှာတော့ မဟုတ်ပေ။ဖိနိပ်မူက သူ့ရဲ့ ခန္တာကိုယ်တောင့်ခံနိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်ဖို့ စတင်နေခဲ့ပါပြီ။သူက တစ်ခနလောက်ငြိမ်သက်နေပြီး..အရိပ်တွေထဲကို နောက်ဆုတ်မလား အသေခံမလားကို ရွေးချယ်ခါနီး အခြေနေဖြစ်နေခဲ့တယ်။

'တွေး..တွေး..အပြင်ကိုထွက်ဖို့နည်းလမ်းကတော့ ကျိန်းသေ ရှိရမယ်..။သေဆုံးနေတဲ့ အသွင်ဆောင်သူ ဒါမှမဟုတ် တပ်မက်ခြင်း သေတ္တာထဲမှာ ဝင်ပုန်းနေရမှာလား..။မဟုတ်ဘူး..မှတ်သားမူတွေကလည်း သူတို့ရဲ့ အလေးချိန်ဝင်ရောက်လာရင် ဖိနိပ်ခြင်းခံကြရမှာပဲ..။ပြီးတော့ အဲလိုမဟုတ်ရင်တောင် ဘာများထူးခြားမှာ မို့လို့လဲ..။သေတ္တာက ကွေ့ကောက်ကျောက်တုံး တစ်စစီဖြစ်သွားတဲ့အထိ တောင့်ခံနေနိုင်တယ် ဆိုရင်တောင်..ဒါက အောက်ဘက်ကောင်းကင်ကို ကျဆင်းသွားလိမ်မယ်..။ငါက ကိုယ့်ဟာကို ပြုတ်ကျမယ့် အစား..သေတ္တာထဲကနေ ပြုတ်ကျသွားလိမ့်မယ်။ဒါက သေတ္တာထဲမှာအသေခံတာပဲ..'

ပြီးတော့ သံသယဖြစ်စရာမလိုအောင်ပဲ..ကွေ့ကောက်ကျောက်တုံးက ဖိနိပ်မူကြောင့်..ဖျက်စီးခံရမှာပါ။ဒါက အထက်ကို ပိုပိုပြီး မြင့်တက်လာလေလေ ပိုပြီးကွဲအက်လာလေလေ ပါပဲ။ကျွန်းတွေကို လေပေါ်မှာ မျောနေအောင်ထိန်းပေးထားတဲ့ ဆန်းကျယ်တဲ့အားကို ဖျက်ဆီးပစ်နိုင်လောက်တဲ့ အခြေအနေရောက်လာတဲ့အချိနိမှာ ကျန်နေတဲ့ အပျက်အဆီးတွေက..အောက်ဘက်ကောင်းကင်ထဲကို တိုးဝင်ပျောက်ကွယ်သွားကြမှာပါ။

...ဒါက ဆန်နီနဲ့ အတူတူ အောက်ကို ရောက်သွားပါလိမ့်မယ်။

သူက စက္ကန့်အတော်ကြာအောင် ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့တယိ။နာကျည်းသော ဟန်ဆောင်သူရဲ့အလောင်းမှာ နောက်ထပ်အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့တယ်။ယင်းနောက် ကျောက်တုံးကပါ အက်ကွဲလာခဲ့ပါတယ်။

ဆန်နီ လုံးဝ မလှုပ်ခဲ့ပေ။

ကျောက်တုံးပေါ်က အက်ကွဲကြောင်းတွေက ပိုမိုကျယ်ပြန့်လာပြီး နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့တယ်။

ခနအကြာမှာတော့ လေးလံတဲ့ သက်ပြင်းချသံက သူ့ပါးစပ်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆန်နီမှာ နောက်ဆုံးလောင်းကစားတစ်ခု ကျန်ရှိနေပါသေးတယ်။

သူ့ရဲ့ခွန်အားတွေကို အကုန်စုစည်းလိုက်ပြီး အော်ဟစ်ကာ မြေပြင်ပေါ်ကနေထလိုက်တယ်။သူက တောင်ကြီးတစ်တောင်လုံးကို မတင်ထားရသလို ခံစားနေရပေမယ့်လည်း..သူ့ရဲ့ကြွက်သားတွေအားလုံး ပြတ်တောက်သွားတော့မလို ခံစားနေရပေမယ့်လည်း..တစ်နည်းနည်းနဲ့ ထထိုင်နိုင်ခဲ့ပါသေးတယ်။

ယင်းနောက် ဆန်နီက ဝီဗာရဲ့မျက်နှာဖုံးကို ထုတ်ယူလိုက်တယ်။

မေ့ပျောက်ကုန်းမြေကနေ ပြန်လာပြီးတဲ့နောက်မှာ..အုပ်ချုပ်သူတွေကို စုံစမ်းဖို့နဲ့ ဆန်နီရဲ့ အမည်နဲ့ မသက်ဆိုင်တဲ့လူကို ဖန်တီးဖို့အတွက် ဝီဗာရဲ့ မျက်နှာဖုံးကို အသုံးပြုကာ..ဖန်တီးခဲ့ပါတယ်။မတော်တဆ ဆိုသလိုပဲ ဒီတစ်ယောက်က သခင် ခွေးသား အဖြစ်ကျော်ကြား လာခဲ့တယ်။အဲ့အချိန်ကတည်းက ဆန်းကျယ်တဲ့ မျက်နှာဖုံးလူနဲ့ သူ့ကို မဆက်စပ်မိစေဖို့အတွက် အခွင့်အရေးအနည်းငယ်လောက်သာ ရှိမယ်ဆိုရင်တောင် ထုတ်မသုံးဖို့ဆုံးဖြျ်ခဲ့ပါတယ်။

သို့ပေမယ့် အခုချိန်မှာ သူ့အတွက် ရွေးချယ်စရာ မရှိတော့ပါဘူး။

သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်က ကံတရားပါ။သူမရှာဖွေနိုင်ခဲ့ပေမယ့်လည်း ကွေ့ကောက်ကျောက်တုံးဆီကို လာဖို့အတွက် သူ့ကိုတစ်ခုခုက ဆွဲဆောင်ခဲ့တယ် ဆိုတာ သေချာပါတယ်။အရင်တုန်းကဆိုရင် သူ့ရဲ့ အလိုလိုသိစိတ်က နတ်ဘုရားတွေ ၊ အမည်မသိတွေ နဲ့ ဝီဗာ နဲ့ ဆက်နွယ်တဲ့ အရာတွေကိုပဲ တုန့်ပြန်မူရှိတာပါ။ဒီတော့ ဝီဗာရဲ့မျက်နှာဖုံးက သူ့ကို အဖြေထုတ်ပေးနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

အေးစက်တဲ့ အနက်ရောင်သစ်သား မျကိနှာဖုံးက သူ့အရည်ပြားပေါ်ကို ရောက်လာတဲ့အချိန်မှာတော့ ဆန်နီဟာ သူ့ရဲ့အဆုတ်ထဲကို လေတွေဝင်ရောက်အောင် အားထည့်လိုက်ပြီး အရိပ်အဆီအနှစ်တွေကို မျက်နှာဖုံးထဲထည့်လိုက်တယ်။

သူက လပေါင်းများစွာကြာအောင် လုပ်ဖို့ကြောက်ရွံ့ခဲ့တဲ့ အရာတစ်ခုကို လုပ်တော့မှာပါ။

နတ်ဘုရားမှတ်သားမူ ရဲ့ ဆန်းကျယ်တဲ့ [ ??? ] စွမ်းရည်ကို အသက်သွင်းဖို့...။

သူ့ရဲ့ ဝိဥာဥ်ထဲက စွမ်းအင်တွေက ဝီဗာရဲ့မျက်နှာဖုံးထဲကို ဝင်ရောက်သွားတဲ့အချိန်မှာ ဆန်နီ ခနလောက် ငြိမ်သက်သွားခဲ့တယ်။

ယင်းနောက်...ကြမ်းတမ်းပြီး..အသိစိတ်ကင်းမဲ့တဲ့ အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပါတော့တယ်။

All Chapters