← Chapters

ကံတရားရဲ့ လှပစွာပုံဖော်မူ

Vol. 29 Ch. 430

ကံတရားရဲ့ လှပစွာပုံဖော်မူ

Vol. 29 Ch. 430

ဆန်နီရဲ့ အဆီအနှစ်တွေက နတ်ဘုရားမှတ်သားမူရဲ့ အနက်ရောင် သစ်သားမျက်နှာပြင်လေးကို ထိတွေ့လိုက်တဲ့ အချိန်မှာပဲ။ဝီဗာရဲ့မျက်နှာဖုံးက ရုတ်တရက်သူ့ရဲ့ဝိဥာဥ်ကို ထိတွေ့သွားခဲ့ပြီး..အဆီအနှစ်တွေကိုဆာလောင်စွာပဲ ဆက်တိုက်ဆိုသလို ထပ်ပြီး ထပ်ပြီး သောက်သုံးနေခဲ့တယ်။

စက္ကန့်အပိုင်းအခြားလေးအတွင်းမှာပဲ သူ့ရဲ့ အဆီအနှစ် တွေက ခြေက်ကပ်သွားခဲ့ပြီး..သေးငယ်တဲ့ ပမာဏလေးသာ ကျန်ရစ်ခဲ့ပါတော့တယ်။ဒီလို သေးငယ်တဲ့ ပမာဏလေးက မျက်နှာဖုံးအတွက်တော့ သောက်သုံးဖို့တောင် ထိုက်တန်မူမရှိတော့တဲ့ ပုံပါပဲ။

ယင်းနောက်..ဒီအရာက..[ ??? ] တိုးမြင့်မူကို တစ်ခနလောက်ဖြစ်ဖြစ်..အသက်သွင်းဖို့လုံလောက်သွားခဲ့ပါတယ်။

..သို့ပေမယ့် အဲဒီတစ်ခနလေးက ဆန်နီကို ရူးသွပ်သွားဖို့အတွက် လုံလောက်နေစေခဲ့တယ်။

ရုတ်တရက် ကြောက်မက်ဖွယ်ရာ နာကျင်မူက သူ့ရဲ့ မျက်လုံးတွေ နဲ့ စိတ် ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ဒီအရာက..ဆားငံရည်စက်ကို သောက်သုံးခဲ့တုန်းက ခံစားရတဲ့ ဝေဒနာထက်တောင် ပိုဆိုးနေခဲ့ပါတယ်။

အရမ်းကို ဆိုးဝါးလွန်းတယ်။

သူ အော်ဟစ်နေစဥ်မှာပဲ..သူ့အသံထဲမှာရှိနေတဲ့ အသိဥာဏ်တွေအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး သူ မြင်တဲ့ ကမ္ဘာကြီး ကပါ ပြောင်းလဲသွားခဲ့တယ်။

ရုတ်တရက် ဆန်နီ မြင်နေရတာတွေက..အဆုံးမရှိတဲ့ ၊ နူးညံ့ညှင်သာပြီး လှပလွန်းတဲ့ အမျှင်တန်းတွေပါ။ဒီရှုပ်ထွေးတဲ့ အမျှင်တန်းလေးတွေက တည်ရှိနေတဲ့ အ ရာရာတိုင်း ၊ သက်ရှိတိုင်း ၊ အရာဝတ္တုတိုင်း ၊ အတွေးတိုင်း ၊ အယူအဆတိုင်း ၊ အိပ်မက်တိုင်း ၊ အိပ်မက်ဆိုးတိုင်း ၊ နေရာတိုင်း ကို ဆက်သွယ်ထားခဲ့တယ်။အလားတူစွာပဲ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ကို ပါ ဆက်သွယ်ထားခဲ့တာပါ။

ဒီအရာတွေကတော့ ကံတရားရဲ့ကြိုးမျှင် လေးတွေပါပဲ။

သူတို့က အခိုက်အတန့်က ယက်လုပ်ထားတဲ့ အလင်းမျှင်တန်း လေးတွေနဲ့ ဆင်တူပေမယ့်လည်း ၊ အစစ်အမှန် နဲ့ အိပ်မက်ကမ္ဘာရဲ့ လေဟာနယ်ကြားထဲမှာ ဆန်နီ နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ပုံစံခွက်တွေက အခိုက်အတန့်ရဲ အစိတ်အပိုင်းတစ်ခုသာပါ။သူ အခုမြင်တွေ့နေရတဲ့ အရာကတော့ အရာရာတိုင်းကို ဆက်နွယ်ထားခဲ့ပါတယ်။

စကြဝဠာ တစ်ခုလုံးက ဒီအထဲမှာ တည်ရှိနေခဲ့ပြီး ၊ တည်ရှိပြီးခဲ့တာရော ၊ တည်ရှိလာတော့မယ့် အရာတွေရော ပါဝင်နေခဲ့တယ်။

..ပိုပြီးဆိုးဝါးတာက..အခိုက်အတန့်ရဲ့ ရက်လုပ်မူတွေကို လေ့လာကြည့်တဲ့အချိန်မှာ ဆန်နီက ဒီအရာကို ခံစားမိပြီး အဓိပ္ပါယ်ကို ခန့်မှန်းယုံသာ တတ်နိင်ခဲ့ပါတယ်။သို့ပေမယ့် ​ဝီဗာရဲ့မျက်နှာဖုံး ကလာတဲ့ ကြောက်မက်ဖွယ်တိုးမြင့်မူက သူ့ကို ကံကြမ္မာတွေကို တွေ့မြင်ခွင့်မပေးပါဘူး။သို့ပေမယ့် ဒီအရာတွေကို သူ နားလည်စေဖို့အတွက်လည်း တွန်းအားပေးနေခဲ့ပြန်ပါတယ်။

အရာရာတိုင်း ၊ နေရာတိုင်း ရဲ့ အသိပညာတွေကို တစ်ကြိမ်တည်းနဲ့...

ဒါပေါ့..ဒီလိုအသိပညာတွေက လူသားတစ်ယောက်အတွက်တော့ တောင့်ခံနိုင်ဖို့ အရမ်းကို များပြားလွန်းလှပါတယ်။အသေးငယ်ဆုံး ၊ အနည်းငယ်မျှသော ပမာဏလေးကတင် ..ဘယ်သက်ရှိကိုမဆို ဖျက်ဆီးပစ်ဖို့လုံလောက်ပါတယ်။နတ်ဘုရား တစ်ပါးက လွဲလို့ပါ။

ဒါမှမဟုတ်..ဒဲလ်မွန် တစ်ပါး ။

ဆန်နီ ရဲ့ နှာခေါင်းတွေ ၊ မျက်လုံးတွေ နဲ့ ပါးစပ်တွေထဲကနေ သွေးတွေထွက်လာတဲ့ အချိန်မှာတော့ သူ့နှုတ်ခမ်းကနေ ညဥ်းညူသံထွက်လာခဲ့တယ်။ကံတရားတွေရဲ့ အမျှင်တန်းတွေကို မြင်တွေ့ရပြီး ဖြစ်ပေါ်လာတဲ့ ဖျက်ဆီးမူတွေကနေ ကယ်တင်နိုင်တဲ့ တစ်ခုတည်းသောအရာကို သူ မသိစိတ်အလျောက် လုပ်ဆောင်လိုက်မိတယ်။

ဒါကြောင့်ပဲ သူ့မျက်လုံးတွေက မီးခဲတွေအဖြစ် မပြောင်းလဲပဲ..သူ့ဦးခေါင်းတွေ ချက်ချင်း မပေါက်ကွဲသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် အရိပ်တွေမှာ မျက်လုံးတွေ ၊ အရိုးခွံတွေ မရှိပါဘူး။

သို့ပေမယ့်..

အမှောင်ထုရဲ့ ပွေ့ဖက်မူထဲကို ရောက်သွားတဲ့အချိန်မှာတောင်..ဝီဗာမျက်နှာဖုံးရဲ့ အေးစက်တဲ့ ထိပ်လန့်မူက သူ့မျက်နှာပေါ်မှာ တစ်နည်းနည်းနဲ့ ရှိနေဆဲဆိုတာကို သိခဲ့ရပါတယ်။သူ အရိပ်အဖြစ်ပြောင်းလဲသွားတဲ့ အချိန်မှာ ဒါကလည်း ပြောင်းလဲသွားခဲ့တယ်။သူ့ရဲ့အမြင်အာရုံတွေက လူသားတစ်ယောက်အဖြစ်ကနေ အရောင်မရှိတဲ့ အရိပ်ရဲ့မြင်ကွင်းအဖြစ်ပြောင်းလဲသွားခဲ့ပေမယ့်..နူးညံ့တဲ့ ကံတရားအမျှင်တန်း တွေကို မြင်နေရတုန်းပါပဲ။

အထူးသဖြင့် သူ့အနားပတ်ဝန်းကျင်မှာ အများကြီးရှိနေခဲ့ပါတယ်။ဒီအမျှင်တန်းလေးတွေက သူ့ရဲ့ ခန္တာကိုယ်နဲ့ ဝိဥာဥ်ကို တင်းကြပ်စွာ ရစ်ပတ်ထားခဲ့တယ်။အမျှင်တန်းလေးတွေက သူ့ရဲ့ခန္တာကိုယ်ထဲကို ထိုးဖောက်နေခဲ့တာကြောင့် သူက ကြိုးဆွဲထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်နဲ့တောင် တူနေခဲ့ပါတယ်။

ပြီးတော့..ဒီအမျှင်တန်းတွေကြားထဲမှာပဲ နှစ်ခုက ကျန်တဲ့အရာတွေထက် ပိုပြီးတောက်ပနေခဲ့တယ်။

တစ်ခုက စစ်မှန်တဲ့ အဖြူရောင်မီးတောကိနဲ့ပြုလုပ်ထားပြီး..မြောက်ဘက်မှာရှိတဲ့ ဟောလိုးတောင်တန်းထိရောက်အောင် အဝေးဆီကို ဦးတည်ထားခဲ့ပါတယ်။

တစ်ခြားတစ်ခုက လှပတဲ့ ရွှေရောင်နဲ့ ပြုလုပ်ထားခဲ့ပြီး..အောက်ကို ဦးတည်ထားခဲ့တယ်။

ဒါက သင်္ဘောပျက်ကျွန်းနဲ့ ကွေ့ကောက်ကျောက်တုံးတို့နဲ့ ဝေးရာဖြစ်တဲ့ အောက်ဘက်ကိုဖြစ်ပြီး..အပေါက်ကြီးထဲကို ပြုတ်ကျကာ..အကန့်အသတ်မရှိတဲ့ အောက်ဘက်ကောင်းကင်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်။

..ဒါက အချိန်တွေအကြာကြီး ကုန်ဆုံးနေခဲ့တယ်လို့ထင်ရပေမယ့် အမှနိတော့ စက္ကန့်အပိုင်းအခြားလောက်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပါ။

'ဒါပေမဲ့..ငါ ဘာလုပ်ရမှာလဲ...အခု မျက်နှာဖုံးကပါ အရိပ်ဖြစ်နေပြီ..'

သူ့အတွေးတွေက ပျံ့ကျဲပြီး အားနည်းနေခဲ့တယ်။ဒါတောင်မှ သူက ထိပ်လန့်မူကို တွန်းလှန်ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို မှတ်မိဖို့ကြိုးစားနေပါသေးတယ်။

သူက မှတ်သားမူကို ရုတ်သိမ်းလိုက်လို့ရတယ်။

သို့ပေမယ့် ဒါက အရမ်းကို နှေးကွေးမှာပါ။ဒါက တစ်စက္ကန့်လောက်ပဲ ကြာမယ်ဆိုရင်တောင် သူက အဆုံးမှာ ဘာမှကျန်တော့မှာမဟုတ်ပါဘူး။

သူ့ရဲ့ နှလုံးသားအတွင်းထဲကနေ မျှော်လင့်ချက်ကင်းမဲ့မူတွေ မြင့်တက်လာခဲ့တယ်။

ယင်းနောက် ဝီဗာမျက်နှာဖုံးစုပ်ယူထားတဲ့ အရိပ်အဆီအနှစ်တွေက နောက်ဆုံးမှာကုန်ဆုံးသွားခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ တိုးမြင့်မူက အသက်ဝင်မူ ရပ်တန့်သွားခဲ့ကာ..အဆုံးမရှိတဲ့ အမျှင်တန်းကမ္ဘာကြီးကပျောက်ကွယ်သွားခဲ့တယ်။ဆန်နီကတော့ လူသား တွေ ၊ အရိပ်တွေမြင်နိုင်တဲ့ မြင်သင့်တဲ့ အရာတွေကိုပဲ မြင်ရပါတော့တယ်။

အနက်ရောင်ကျောက်တုံးကြီး အထက်ကိုမြင့်တက်နေတုန်းမှာပဲ..ဖိနိပ်ထားတဲ့အားကြောင့် အက်ကွဲကြောင်းတွေ ဖြည်းညှင်းစွာ ဖြစ်ပေါ်နေခဲ့တယ်။

ဆန်နီဟာ သူ့ရဲ့လက်ရှိအခြေအနေက အရေးကြီးနေတယ် ဆိုတာကို ခံစားမိပေမယ့်..သူက ဒီနေရာမှာ အပြည့်အဝ ရှိမနေခဲ့ပါဘူး။

ကံတရားအမျှင်တန်းတွေရဲ့ ဆိုးဝါးတဲ့ ထိခိုက်မူတွေက မရှိတော့ပေမယ့် သူ့ရဲ့ စိတ်က ပျံ့ကျဲနေခဲ့ပြီး..ဘာမှရှိမနေခဲ့ပေ။အရိပ်ပုံစံမှာ သူက အသိစိတ်လုံးဝ ပျောက်ဆုံးမသွားနိုင်ပေမယ့်..မတွေးတော နိုင်တာနဲ့သူ့ရဲ့တည်ရှိနေမူကို အသိအမှတ်မပြုနိုင်တာက သိပ်ပြီး ခြားနားမူမရှိနေပါဘူး။

သို့ပေမယ့် မကြာခင်မှာပဲ သူက သူ့ရဲ့ ထိခိုက်ပြီး ပျံ့ကျဲနေတဲ့ ဒဏ်ရာတွေကို ပြန်လည်စုစည်းနိုင်ခဲ့တယ်။ဘာပဲဖြစ်ဖြစ် သူက အန္တရာယ်ထဲမှာ ကျရောက်နေခဲ့တာပါ။

ကွေ့ကောက်ကျောက်တုံးတစ်ခုလုံးက လှုပ်ယမ်းနေခဲ့ပြီး..အထက်ကောင်းကင်ကို ပိုပြီးမြင့်လာလေ လှုပ်ယမ်းလာလေ ဖြစ်နေခဲ့တယ်။ကျယ်ပြန့်တဲ့ အက်ကွဲကြောင်းတွေက တစ်က္ကန့်တိုင်းမှာ ကြီးမားလာခဲ့ပါတယ်။အနက်ရောင်အရိုးတွေက အမှုန်အဖြစ်ပြောင်းလဲသွားခဲ့ပြီး အခုဆိုရင် ကျောက်တုံးတွေပေါ်မှာရှိနေတဲ့ အရာက သေဆုံးနေတဲ့ ရတနာသေတ္တာသာ ရှိနေခဲ့ပါတယ်။

နားကျည်းသော ဟန်ဆောင်သူရဲ့အလောင်းက ထူးဆန်းစွာပဲ တက်ရောက်နေတဲ့ ကျွန်းထက်တောင်မာကျောနေခဲ့တယ်။အနည်းဆုံးတော့ ဒီအရာက တစ်ခုတည်း အဖြစ်ရှိနေဆဲပါပဲ။

' ငါ အစီစဥ်တစ်ခု ရေးဆွဲမှဖြစ်လိမ့်မယ်..'

ဆန်နီရဲ့ စိတ်ထဲမှာ ဒီအတွေးပေါ်ထွက်လာတာနဲ့ သူက ရုတ်တရက် အသိစိတ်ဝင်လာပြီး အရာရာတိုင်းကို နားလည်လိုက်ပါတယ်။

အဲဒီထဲကတစ်ခုကတော့ သူ ဘာလုပ်ရမလဲ ဆိုတဲ့အရာပါ။

နောက်ထပ်တစ်ခုကတော့..သူ့ရဲ့အမြုတေထဲက သနားစရာ အရိပ်အဆီအနှစ်တွေက ကုန်ဆုံးတော့မှာဖြစ်တာကြောင့်..သူက အရိပ်ပုံစံနဲ့ အကြာကြီး ဆက်နေနိုင်တော့မှာမဟုတ်ပေ။

တတိယတစ်ခုကတော့ သူက သေတ္တာထဲက ရွှေဒင်္ဂါးတွေကို အခုထိ မယူရသေးပါဘူး။

အခုတော့ သူ သေမှာလား ရှင်သန်သွားမှာလား ဆိုတာက အချက်တစ်ခုတည်းမှာပဲ မူတည်နေခဲ့ပါပြီ။အဲတာကတော့ သူက အရိပ်တွေထဲကနေ ကန်ထုတ်ခြင်းခံရပြီး အပိုင်းပိုင်းအစစ အရင်ဖြစ်သွားမှာလား ၊ ဒါမှမဟုတ် ကွေ့ကောက်ကျောက်တုံးက အရင်ကွဲကြေ သွားမှာလား ဆိုတာပါ။

ဘယ်တစ်ခု ဖြစ်နိုင်မလဲ။

'ကောင်းပြီလေ..ငါကြိုးစားကြည့်ရမှာပေါ့..ဟုတ်တယ်မလား..'

သူက ရတနာသေတ္တာရဲ့ အရိပ်ထဲကို စီးဆင်းသွားခဲ့ပြီး ကျိုးပျက်ကျိန်စာကို ရုတ်သိမ်းလိုက်တယ်။မှတ်သားမူကို ဖြစ်တည်လာဖို့အသုံးပြုထားရတဲ့ အရိပ်အဆီအနှစ် သေးငယ်တဲ့ ပမာဏလေးက သူ့ရဲ့ဝိဥာဥ်ထဲကို ပြန်ရောက်လာခဲ့တယ်။ဆန်နီက သေဆုံးနေတဲ့ ဟန်ဆောင်သူရဲ့အပေါ်ယံမှာ ပုန်းအောင်းနေရင်း..သွေးပန်းပွင့် နဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကိုပါ ရုတ်သိမ်းထားလိုက်တယ်။

နောက်ဆုံးတော့ သူ ဝီဗာမျက်နှာဖုံးကိုပါ ရုတ်သိမ်းလိုက်တဲ့ အချိန်မှာ ..ပထမမှတ်သားမူ သုံးခုထက် ပိုများတဲ့ အဆီအနှစ်တွေကို ယူဆောင်ပေးလာခဲ့ပါတယ်။ဒီလိုဆိုရင်တောင်မှ လက်ရှိအခြေအနေမှာ ဒီပမာဏက မပြောပလောက်ပါဘူး။

တကယ်လို့ ဒီအရာက သူ့ကို တစ်စက္ကန့်လောက် အချိန်ပိုပေးနိုင်မယ် ဆိုရင်တောင် ထိုက်တန်မူ ရှိပါတယ်။

သူ့ရဲ့အဆီအနှစ်တွေက ဝိဥာဥ်မြွေကနေ တဆင့်လှည့်ပတ်စေပြီး..ကုန်ကျမူကို လျော့ချဖို့အတွက်နဲ့ ထုတ်လုပ်မူကို မြန်ဆန်လာအောင် လုပ်လိုက်တယ်။ဆန်နီကိုယ်တိုင်ကတော့ သေတ္တာပေါ်မှာ ပုန်းအောင်းနေရင်း..သူ့ရဲ့ ကံတရားကို အဆုံးအဖြတ်ပေးမယ့် အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။

အဆုံးမရှိလောက်အောင် ကြာမြင့်သွားပြီလို့ ခံစားရပြီးတဲ့ အချိန်မှာတော့..ကွေ့ကောက်ကျောက်တုံးက ချိန်းကျွန်းစုအထက် အရမ်းမြင့်တဲ့နေရာအထိ ရောက်ရှိသွားပြီး..သေးငယ်တဲ့ အပိုင်းပိုင်း အစစ အဖြစ် စတင်ပြောင်းလဲလာခဲ့ပါတယ်။ကျွန်းက နောက်ဆုံးမှာတော့ ကွဲကြေသွားခဲ့တယ်။

အနက်ရောင်ကျောက်တုံး ကျိုးပျက်သွားတဲ့နေရာတွေထဲက တစ်ခုက ဆန်နီ နဲ့ ဟန်ဆောင်သူ ရဲ့အောက်ဘက် တည့်တည့်မှာ ရှိနေခဲ့တာပါ။ကျွန်းရဲ့ အပိူင်းတစ်ခုလုံးကွဲကြေသွားခဲ့ပြီး ကျောက်တုံးအပိုင်းအစလေးတွေ ရှိနေခဲ့တယ်။ဆန်နီဟာ ကွဲကြေနေတဲ့ ကျောက်တုံးတွေ ကြားထဲကနေ အရိုးတွေကို မြင်နေခဲ့ရပြီး..သူ ပုန်းအောင်နေတဲ့ သေတ္တာကလည်း လေပေါ်မှာ လွင့်မျောနေခဲ့တယ်။

အချိန်တစ်စက္ကန့်လောက်..ကျွန်းရဲ့ ကျန်ရှိနေသေးတဲ့ အမြုတေ ၊ အရိုးပင်လယ် အပျက်အစီးတွေ နဲ့ သေဆုံးနေတဲ့ ဟန်ဆောင်သူတို့က အထက်ကို ဆက်ပြီး မြင့်တက်သွားကြတယ်။​ကျောက်တုံးအပိုင်းအစ အကြီးတွေက အသေးလေးတွေကို တိုက်မိပြီး အမှုန့်တွေ ဖြစ်သွားစေခဲ့တယ်။ကျယ်လောင်တဲ့ မြည်သံတွေက လေထဲမှာ ပြည့်နှက်နေခဲ့ပါတယ်။

အခုချိန်မှာတော့..ကွေ့ကောက်ကျောက်တုံးကို ကောင်းကင်နှစ်ခုကြားထဲမှာ နှစ်ပေါင်းထောင်နဲ့ချီအောင် ထိန်းထားပေးတဲ့ ဆန်းကျယ်တဲ့အားက မရှိတော့ပါဘူး။

ရုတ်တရက် အပေါ်ကိုမြင့်တက်နေတဲ့ အရာအားလုံးက လေထဲမှာ သယ်ဆောင်ထားဖို့အတွက် လေးလံလာခဲ့ပြီး ၊ တစ်ခနလောက် ရပ်တန့်သွားကြကာ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။

အက်ကွဲနေတဲ့ ရတနာသေတ္တာကလည်း တုန်ရီသွားခဲ့ပြီး အောက်ကို ပြုတ်ကျလာခဲ့တယ်။သူ့ရဲ့ဘေးနားမှာ အရိပ်တစ်ခုအဖြစ်ရှိနေသေးတဲ့ ဆန်နီကတော့ ကမ္ဘာကြီး လည်ပတ်နေတာကို မြင်နေရပါတယ်။

သူ့မှာ ကျန်ရှိနေသေးတဲ့ နောက်ဆုံးလက်ကျန်အဆီအနှစ်လေးက ပျောက်ကွယ်သွားပါတော့မယ်။

သို့ပေမယ့် ဒါက ကိစ္စမရှိပါဘူး။ဖိနိပ်မူက ချက်ချင်း မထိခိုက်နိုင်စေမယ့် နေရာမျိုးကို ရောက်နိုင်ဖို့အတွက် လုံလောက်နေပါသေးတယ်။

နောက်ဆုံးအဲလိုဖြစ်သွားတဲ့ အချိန်မှာတော့..ဆန်နီက ရုတ်တရက် သေတ္တာရဲ့မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာခဲ့ပြီး..သေတ္တာကို သူ့ရဲ့အသက်တမျှလို ဆုပ်ကိုင်ထားခဲ့တယ်။ပထမဆုံးရောက်ရှိလာတဲ့ ဖိနိပ်မူရဲ့ ဖိအားက သူ့ကို သစ်သားနဲ့ တိုက်ဖိစေခဲ့ပြီး နံရိုးအချိုးကျိုးသွားစေခဲ့ပါတယ်။ယင်းနောက် သူ့ကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေခဲ့တယ်။

သို့ပေမယ့် ဆန်န်ီကတော့ လက်ကိုမလွှတ်ခဲ့ပါဘူး။

သူ့ရဲ့ သောက်ကျိုးနဲ ဒင်္ဂါးတွေက ဒီသောက်ကျိုးနဲ သေတ္တာထဲမှာ ရှိနေတုန်းပါ။

သူ နဲ့ သေဆုံးတဲ့ ဟန်ဆောင်သူက အောက်ကို အတူတကွ ဆက်တိုက် ကျဆင်းနေခဲ့တယ်။နောက်ဆုံးမှာတော့..ဖိနိပ်မူက ဆန်နီလှုပ်ရှားနိုင်လောက်အောင်..အားနည်းလာခဲ့ပါတယ်။

အနက်ရောင်တောင်ပံကို ထုတ်ဖော်လိုက်ပြီး သူတို့ရဲ့ ကျဆင်းနေတဲ့ ဦးတည်ချက်ကို ပြောင်းလဲဖို့ ကြိုးစားလိုက်တယ်။

သို့ပေမယ့် သူက မျှော်လင့်ချက်မဲ့နေတဲ့ သင်္ဘောပျက်ကျွန်းဆီကို သွားဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။

အဲဒီအစား သူက သေတ္တာကို ဆန့်ကျင်ဘက်နေရာဆီ ရောက်အောင် ထိန်းချုပ်နေခဲ့တယ်။ဒါကတော့ ကျယ်ပြန့်တဲ့ အပေါက်ကြီး ရှိနေတဲ့ နေရာကိုပါ။

All Chapters