← Chapters

ဘုရားသခင်ကျေးဇူးတော်မှ ကျရှုံးခြင်း

Vol. 29 Ch. 431

ဘုရားသခင်ကျေးဇူးတော်မှ ကျရှုံးခြင်း

Vol. 29 Ch. 431

ဆန်နီ နဲ့ ရတနာ သေတ္တာတို့က အကန့်အသတ်မရှိတဲ့ အနက်ရောင် ချောက်နက်ကြီးထဲကို ပြုတ်ကျသွားတဲ့အချိန်မှာတော့..ကွဲကြေနေတဲ့ ကျွန်းရဲ့အပိုင်းအစတွေက နောက်ကနေ လိုက်လာခဲ့ကြတယ်။ဖိနိပ်မူက အားနည်းလာခဲ့ပြီဖြစ်ပေမယ့်..နိုးထသူတစ်ယောက်ကို သတ်ဖို့အတွက်တော့ လုံလောက်နေတုန်းပါပဲ။

သူ့အရိပ်တွေရဲ့ စွမ်းရည်ကြောင့်သာ မဟုတ်ဘူးဆိုရင်..ဆန်နီက အစောကြီးကတည်းက သေဆုံးနေလောက်ပါပြီ။ပြီးတော့..ဒီအရာနဲ့တောင်မှ သူက အလောင်းကောင်ဖြစ်ဖို့အတော်လေး နီးစပ်သွားခဲ့တာပါပဲ။သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေ ၊ သွေးတွေ ၊ နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

..သူ ဒီအရာတွေကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ဒါကတော့ သူက ဆိုးဆိုးဝါးဝါးဒဏ်ရာရထားတဲ့အပြင်..အခုချိနိမှာလုံးဝ ကိုယ်တုံးလုံးဖြစ်နေလို့ပါပဲ။

'ဘယ်လောက်..လှပတဲ့ မြင်ကွင်းလေးလဲ..ချီးပဲ..'

သူက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ဖယ်ရှားခဲ့ပြီး သူ့ကို အသက်သွင်းထားရတဲ့ အဆီအနှစ်ကို ပြန်ယူထားခဲ့ပါတယ်။အခုတော့ အကာအကွယ်ကို ပြန်ထုတ်ယူဖို့ ဘာအဆီအနှစ်မှ ကျန်မနေခဲ့ပေ။နောက်ဆုံးလက်ကျန်လေးကို..အနက်ရောင်တောင်ပံကို ထုတ်ဖော်ဖို့အတွက် သူ အသုံးပြုလိုက်ပြီးပါပြီ။

ရလာဒ်အနေနဲ့..ဆန်နီဟာ..ရတနာသေတ္တာရဲ့အပေါ်ကနေ ကိုယ်တုံးလုံးနဲ့ အောက်ဘက်ကောင်းကင်ဆီ ပြုတ်ကျနေခဲ့တယ်။သူ့ရဲ့ကိုယ်မှာ ကျောပိုးအိတ်နဲ့ လက်မှာပတ်ထားတဲ့ ကြိုးသားရှိနေခဲ့ပါတယ်။အခုချိန်မှာ သူ့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က မာစတာ ရွန် သိုမဟုတ် သူတော်စင် တိုင်ရစ် တို့က ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ကို ကယ်တင်ဖို့မဟုတ်ပါဘူး။သူ့ရဲ့ ဒီလိုအခြေအနေကို မမြင်စေချင်ပေ။

ဒီအရှက်ရမူကို ခံစားရမယ့်အစား သူက အောက်ဘက်ကိုပဲ ခုန်းဆင်းသွားလိုက်ပါတော့မယ်။

ကောင်းပြီလေ..အဲလိုတော့လည်း မဟုတ်ဘူးပေါ့။

'ငါ ပြန်ရုတ်သိမ်းတယ်။နှစ်ယောက်စလုံးက တိမ်တွေကြားထဲကနေ ပေါ်လာပြီး ငါ့ကို ကယ်တင်လို့ရပါတယ်။ငါ စိတ်မရှိပါဘူး။တကယ်​ပါ..'

သို့ပေမယ့် သူ့ကို ဘယ်သူမှ လာမကယ်တင်ကြပေ။ကြီးမားတဲ့ ကျောက်တုံးအပိုင်းအစတွေကို ရှောင်ရှားရင်း..အောက်ကိုပြုတ်ကျနေတဲ့ ဟန်ချက်ကိုထိန်းကာ..သေတ္တာကြီးကို ဘာမှမရှိတဲ့ အပေါက်နေရာလွတ်ဆီ တွန်းပို့နေခဲ့တယ်။သူ့ရဲ့ တောင်ပံကိုလည်း မထိခိုက်ဖို့ ဆုတောင်းနေရပါသေးတယ်။

ဒီအရာက သူ့ရဲ့ ညွှန်ကြားချက်တွေကို နာခံဖို့အတွက်တောင် အခက်အခဲဖြစ်နေခဲ့ပါပြီ။

အနက်ရောင်တောင်ပံက လေးလံတဲ့အရာတွေကို သယ်ဆောင်ဖို့အတွက် ဒီဇိုင်းဆွဲထားတာ မဟုတ်ပါဘူး။ဒီအရာက ဆန်နီ တစ်ယောက်တည်းကိုတောင် မနည်းထိန်းပေးထားရတာပါ။အခုချိန်မှာ ဆန်နီက သေဆုံးနေတဲ့ ဟန်ဆောင်သူကို လက်ကမလွှတ်ပဲ ၊ သူတို့နှစ်ယောက်စလုံးကလည်း ဖိနိပ်မူကို ခံနေရတာကြောင့်..တောင်ပံရဲ့ တိုးမြင့်မူက ဆုပ်ပြဲတော့မလိုတောင်ဖြစ်နေခဲ့တယ်။ကျဆင်းနေတဲ့ ကျောက်တုံးတွေကြားထဲမှာ အေးဆေးစွာ ဆင်းသက်ရမယ့်အစား..ဆန်နီ နဲ့ ရတနာသေတ္တာက တူညီတဲ့ အရှိန်နီးပါး လိုက်ဆင်းသက်နေကြရတယ်။

ပြောစရာမလိုအောင်ပဲ ဒီအခြေအနေမှာ ကျွန်းရဲ့အပျက်အစီးတွေကို ရှောင်တိမ်းရတာက..လွယ်ကူနေတာ မဟုတ်ပါဘူး။သို့ပေမယ့် ဆန်နီက တစ်နည်းနည်းဖြင့် သူနဲ့ အနက်ရောင်တောင်ပံကို အန္တရာယ်ဇုံထဲကနေ ကာကွယ်နိုင်ခဲ့ပါတယ်။

အခုချိန်မှာ ဖိနိပ်မူကလည်း..ခံနိုင်ရည်ရှိတဲ့ အနေအထားမှာ ရောက်နေခဲ့ပါပြီ။

ရတနာ သေတ္တာရဲ့ အဖုံးပေါ်မှာထိုင်ရင်း ဆိုးဝါးတဲ့ဖိအားက တစ်စက္ကန့်ချင်းစီ အားနည်းလာတာကို ခံစားနေခဲ့ရတယ်။ဆန်နီက နာကျင်မူကြောင့် ရှုတ်မဲ့နေရာကနေ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါတယ်။အေးစက်တဲ့လေထုက သူ့ရဲ့ လောင်ကျွမ်းနေတဲ့မျက်နှာကို တိုက်ခတ်နေခဲ့တယ်။ကောင်းပြီလေ..ဒါက သူ့ရဲ့တစ်ကိုယ်လုံးကို တိုက်ခတ်နေခဲ့တာပါ။အရာအားလုံးကို သုံးသပ်ရရင်ပြုတ်ကျနေတာက ပျော်စရာကိစ္စမဟုတ်ပါဘူး။

ယင်းနောက် သူ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့တယ်။ယ

'..မင်းက ဘာကို စိတ်သက်သာရာရတာလဲ ငတုံး '

အိုး..ဟုတ်သားပဲ..။

ဆန်နီ အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ ဘာကိုမှမမြင်ရတော့ပဲ..ကျယ်ပြန့်တဲ့ အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုကိုသာ မြင်နေရပါတော့တယ်။

အဆုံးမရှိတဲ့ ချောက်နက်ကြီးက အောက်ဘက်ကို ထာဝရဆင်းသက်နေပြီး လွတ်မြောက်ဖို့လမ်းမရှိတော့ပါဘူး။တစ်စုံတစ်ယောက်က ဘယ်လိုပျံသန်းရမလဲ ဆိုတာကို မသိရင်ပေါ့။

ဒါက သူ ဦးတည်နေတဲ့နေရာပါ။

***

ဆန်နီ မြင်တွေ့ခဲ့တဲ့ ရွှေရောင် ကံတရားကြိုးမျှင်လေးက ချောက်နက်ထဲကို ပြုတ်ကျနေခဲ့ပေမယ့် အောက်ဘက်ကောင်းကင်မှာ သူ အသက်ရှင်နိုင်မှာလား ဆိုတာကို မသိနိုင်ပေ။ခံတပ် နဲ့ အစစ်အမှန်ကမ္ဘာကို ပြန်နိုင်ဖို့အတွက်က ပြောနေစရာတောင် မလိုအပ်တော့ပါဘူး။အများအားဖြင့် သူက ရူးသွပ်သွားတာ ဒါမှမဟုတ် ကြောက်စရာ ချောက်နက် တိုက်တန်တစ်ကောင်ရဲ့ စားသုံးခြင်းခံရတာ ဒါမှမဟုတ် ဆာလောင်ပြီး သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ အသက်က သိသာစွာပဲ..ခြိမ်းခြောက်မူတွေအောက်မှာ ရှိနေပါပြီ။

..သို့ပေမယ့် သူ ဒါကိုဂရုမစိုက်ပေ။သူ ဂရုစိုက်တာက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖိနိပ်မူအောက်ကနေ လွတ်မြောက်သွားတာပါပဲ။သူက ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်..၊ ပုံမှန်နာကျင်မူလောက်ကတော့ သူ့အတွက် ပျော်ရွှင်မူတစ်ခုလိုပါပဲ။

'ဒါက သေးငယ်တဲ့အရာလေးတွေပဲ..'

မမြင်ရတဲ့အားရဲ့ ချက်ချင်းသတ်ဖြတ်မူကို မခံရတာ။သို့မဟုတ် ရတနာသေတ္တာရဲ့ ပါးစပ်ကြီးထဲမှာ လက်တွေပြတ်တောက်သွားခြင်းမရှိပဲ သူ့ရဲ့ ကျယ်ပြန့်တဲ့ အဖုံးပေါ်မှာ ထိုင်နေရတာ။

..ဒီလို ရိုးရှင်းတဲ့အရာလေးတွေပေါ့။

အခု ဖိနိပ်မူက မရှိတော့ဘူးဆိုတော့ ဆန်နီက အနက်ရောင် တောင်ပံကို အသုံးပြုပြီး သေဆုံးနေတဲ့ ဟန်ဆောင်သူကို လေထဲမှာပဲ အပေါက်ကြီးဘက်ကိတွန်းလိုက်တယ်။ရတနာသေတ္တာက ကြီးမားရှည်လျားပြီး သူ့ရဲ့အဖုံးက ကျယ်ပြန့်ပါတယ်။

ချောက်နက်ထဲကို ပြုတ်ကျဖို့ ဒီထက်ပိုဆိုးတဲ့ နည်းလမ်းတွေဆိုတာ မရှိတော့ပေ။

အပေါက်ကြီးက ချိန်းကျွန်းစုရဲ့အလယ်ဗဟိုတည့်တည့်မှာ တည်ရှိနေတာဖြစ်ပြီး ..အတော်လေးကျယ်ပြန့်ကာ ဘာမှရှိမနေခဲ့ပါဘူး။တစ်ချို့လူတွေကတော့ တစ်ချိန်တုန်းက ဆင်စွယ်ရောင်တာဝါက အလယ်ဗဟိုမှာ ရှိနေတာဖြစ်ပြီး ချိန်းတွေပြတ်ကျတဲ့ ပထမဆုံး ကျွန်းလို့​ယူဆခဲ့ကြပါတယ်။နှစ်ထောင်ပေါင်းများစွာအကြာမှာ ကျွန်းရဲ့အစွန်းက တစ်ခြားကျွန်းတွေကိုပါ ဖြည်းညှင်းစွာ ဖျက်စီးပြီး အပေါက်ကြီးကို ကြီးမားလာစေခဲ့တယ်။

အခုတော့ ဒါက ကီလိုမီတာ ရာနဲ့ချီကာ ဝေးကွာနေပြီး ဆန်နီ ​ပြောနိုင်တာကတော့..ကံတရားကြိုးမျှင်လေးက..သူ့ရဲ့အလယ်ဗဟိုကို ဦးတည်ထားခဲ့တာပါ။

မေးခွန်းကတော့ ကျွန်းရဲ့တစ်ဖက်က ဘယ်လောက်အထိ နက်ရှိုင်းလဲ..။အောက်ဘက်ကောင်းကင်ကို တစ်စုံတစ်ယောက် အကြာဆုံးပျံသန်းခဲ့တာက တစ်ပတ်ပါ။ချောက်နက်ရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ ဆန်းကျယ်တဲ့အရာက ပုန်းအောင်းနေတာလား။

ပြီးတော့ အဲတာက ဘာလဲ။

ဆန်နီ မခန့်မှန်းနိုင်ခဲ့ပေ။သူ့ရဲ့ အလိုလိုသိစိတ်က ကွေ့ကောက်ကျောက်တုံးဆီလာဖို့ ဆွဲဆောင်တာ

ဒီအရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုရင် ဒါက သူ့ကို ရှင်သန်ခွင့်ပြုတာလည်း ဖြစ်နိုင်တာပါပဲ။

ဟုတ်တယ်မလား။

ဒါပေါ့ သူ့ရဲ့ ကံတရားက အောက်ဘက်မှာ သေဆုံးရဖို့လည်း ဖြစ်နေနိုင်ပါတယ်။ကံတရားဆိုတာက ဘယ်သက်ရှိကိုမှ ၊ ဘယ်ဖြစ်တည်မူကိုမှ ခွဲခြားဆက်ဆံတာမျိုး မပြုလုပ်ပေ။ဘာပဲဖြစ်ဖြစ် ဆန်နီက ဒီအရာကို တွေ့ရှိရတော့မှာပါ။

..အခုချိန်က သူ့မှာရွေးချယ်စရာ ရှိနေတာမျိုး မဟုတ်ပါဘူး။

လေထုက ပိုအေးစက်လာတာကို ခံစားမိရင်း သူကြက်သီးထသွားခဲ့တယ်။ယင်းနောက် သူ့ပတ်ဝန်းကျင်က ပိုပိုပြီး မှောင်လာတာကို ကြည့်နေခဲ့ပါတယ်။

မကြာခင်မှာတော့ လုံးဝ အလင်းရောင် မရှိတော့ပေ။

ဆန်နီက အောက်ဘက်ကောင်းကင်ဆီကို ပြုတ်ကျသွားခဲ့ပါပြီ။

All Chapters