← Chapters

ဘာမှမရှိတဲ့ ပထမနေ့

Vol. 29 Ch. 432

ဘာမှမရှိတဲ့ ပထမနေ့

Vol. 29 Ch. 432

'ဒါက နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းတာပဲ..'

ဆန်နီက အကန့်အသတ်မရှိတဲ့ ..အေးစက်တဲ့အမှောင်ထုရဲ့ လေဟာနယ်ထဲမှာ ကျဆင်းနေခဲ့တယ်။အောက်ဘက်မှာတော့..ကြယ်အတုတွေက ဖြူဖျော့တဲ့အလင်းရောင်တွေနဲ့ တောက်ပနေခဲ့ကြပါတယ်။သို့ပေမယ့် အလင်းရောင်က အောက်ဘက်ကောင်းကင်ကို အလင်းပေးစွန်းနိုင်ဖို့အတွက် အရမ်းကို သေးငယ်နေခဲ့တယ်။သူ့ဘေးနားမှာတော့ အရာရာတိုင်းက ဘာမှရှိမနေခဲ့ပါဘူး။

ဆန်နီကတော့ ရတနာသေတ္တာရဲ့အပေါ်မှာထိုင်နေဆဲဖြစ်ပြီး..ကောင်းမွန်တဲ့လက်တစ်ဖက်နဲ့ ဒီအရာကို ကိုင်ထားခဲ့တယ်။သူ ဘယ်လောက်အထိတောင် ရောက်လာပြီလဲဆိုတာကို တိုင်းတာဖို့အတွက် ဘာမှရှိမနေခဲ့ပေ။သာမန်လူသားတွေရဲ့ အသိဥာဏ်နဲ့လောဂျစ် တွေကို ကျော်လွန်ပြီး အောက်ကိုပြုတ်ကျလာနေပြီဆိုတာကိုတော့ သူ သံသယဖြစ်မိပါတယ်။

သူက ပညာတတ်တစ်ယောက် မဟုတ်ဘူးဆိုပေမယ့် သီအိုရီသဘောတရား အရ ကျဆင်းနေတဲ့ အရာဝတ္တုတစ်ခုက..အမြဲတမ်းအရှိန် တိုင်းမြင့်လာမယ်ဆိုတာကိုတော့ သိထားပါတယ်။ဒါက ဆန်နီ အောက်ကို ဆက်တိုက်ကျဆင်းနေတဲ့အချိန်မှာ အရှိန် ပိုပြီး မြန်ဆန်လာမယ်လို့ ဆိုလိုတာပါ။အခုတော့ ဒါက ရူးသွပ်စရာကောင်းအောင် မြန်နေခဲ့ပါပြီ။

သိူ့ပေမယ့် ဒီအမြန်နှုန်းကို သူမခံစားရပေ။သူခံစားရတာဆိုလို့ အေးစက်တဲ့လေထုက သူ့ရဲ့အရည်ပြားကို မကြာခန လာရောက်ထိတွေ့နေတယ် ဆိုတာပါပဲ။တကယ်လို့ အခြေအနေအရ ကောင်းမွန်တဲ့အချက်တစ်ခု ရှိမယ်ဆိုရင် သူ့ရဲ့ အရိပ်အဆီအနှစ်တွေက ပြန်လည်ပြည့်လာတာကြောင့် သူက ရုပ်သေးဆရာရဲ့ဝတ်ရုံတော်ကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။ဒီတော့ အနည်းဆုံး သူက ကိုယ်တုံးလုံးနဲ့ ရှိနေတာ မဟုတ်တော့ပေ။

သူ သိရှိထားတဲ့တစ်ခုတည်းသော အရာက အနက်ရောင်တောင်ပံရဲ့အကူအညီနဲ့ ရှေ့ကို ဘယ်လောက်အထိ ရွေ့လျားနိုင်လဲဆိုတာပါပဲ။သေဆုံးနေတဲ့ ရတနာကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် အလျားလိုက် ဘယ်လောက် ရွေ့လျားနိူင်လဲဆိုတာကိုတော့ သူသိပါတယ်။ဒီအရာနဲ့အတူပဲ သူက အပေါက်ကြီးရဲ့ အလယ်ဆီကို တစ်ရက်အတွင်းမှာပဲ ရောက်သွားနိုင်မှာပါ။

ပြသနာကတော့ အချိန်ကိုတိုင်းဖို့အတွက် သူမှာယုံကြည်စိတ်ချရတဲ့ နည်းလမ်း မရှိတာပါပဲ။အရိပ်အဆီအနှစ် ပြန်​ပြည့်နှုန်း ဒါမှမဟုတ် ဒဏ်ရာသက်တဲ့ နှုန်းကို ကြည့်နိုင်ပေမယ့် ဒါက စိတ်မချရပေ။

သူရဲကောင်းဇာတ်လမ်းတွေမှာဆိုရင် ဇာတ်ကောင်တွေက ဒီလိုတူညီတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ကြရတာတွေရှိကြပါတယ်။ဒီလိုဖြစ်တဲ့အချိန်တိုင်း သူရဲကောင်းတွေက သူတို့ရဲ့ မုတ်ဆိတ်မွှေး ၊ ပသိုင်းမွှေးတွေကို ကြည့်ပြီး အချိန်ကို တိုင်းတာကြတာပါ။ဝမ်းနည်းစရာက အသက် ၁၈ နှစ်အရွယ် ဆန်နီမှာ ဘာမုတ်ဆိတ်မွှေးမှ ပေါက်မလာသေးပေ။ဒါက တကယ်ကို ရှက်ရွံ့စရာပါပဲ။

'..ငါက သူရဲကောင်းမျိုးစိတ် မဟုတ်ဘူး ထင်တယ်..'

ခါးသက်စွာသက်ပြင်းချလိုက်ပြီး ရတနာသေတ္တာရဲ့အဖုံးကို ကြည့်ကာ..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အကဲဖြတ်ဖို့လုပ်လိုက်တယ်။

အခြေအနေတွေကတော့ သိပ်မကောင်းပါဘူး။သို့ပေမယ့် အရမ်းကြီးလည်း ဆိုးဝါးနေတာမဟုတ်ပေ။သူက ဖိနိပ်မူကြောင့် အတွင်းဒဏ်ရာအချို့ကို ရရှိထားပြီး အလားတူစွာပဲ ဟန်ဆောင်သူနဲ့တိုက်ပွဲက ဒဏ်ရာတစ်ချို့လည်း ရှိနေခဲ့ပါတယ်။တစ်ဝက်လောက် သက်သာနေပြီဖြစ်တဲ့ မှန်သားရဲနဲ့တိုက်ပွဲက ဒဏ်ရာတွေကလည်း ပြန်လည်ပေါ်ထွက်လာပြီး နောက်တစ်ကြိမ်နာကျင်နေခဲ့တယ်။

အဆိုးဆုံး ဒဏ်ရာကတော့ ဒါပေါ့ သူ့ရဲ့ကျိုးနေတဲ့ လက်မောင်းပါ။

သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ..အခြေအနေကလည်း ကံတရား အမျှင်တန်းတွေကြောင့်..စုစည်းမရနိုင်ပဲ ရှိနေပါသေးတယ်။ကံကောင်းချင်တော့ ဒီအရာက အချိန်အကြာကြီး သက်ရောက်မူမရှိပေ။ခေါင်းကိုက်နေတဲ့ ခံစားချက်ကတောင် ပျက်ပြယ်လာနေခဲ့ပါပြီ။သူ့ရဲ့ စိတ်က ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် ဒီအရာတွေကို ဖျက်ထုတ်ပစ်လိုက်သလိုမျိုး..ဆန်နီက သူမြင်ခဲ့တဲ့အရာတွေရဲ့ အသေးစိတ်တွေကို မမှတ်မိတော့ပေ။

သူ့စိတ်ထဲမှာကျန်နေတဲ့ တစ်ခုတည်းသော မှတ်ဥာဏ်အပိုင်းအစကတော့..ရွှေရောင်အလင်းတန်းတစ်ခုက အပေါက်ကြီးထဲကို ဦးတည်နေတဲ့ပုံပါ။

ဆန်နီဟာ ဘာမှမရှိတဲ့အမှောင်ထုကြီးကို ကြည့်ပြီး အတော်ကြာအောင် စောင့်နေပြီးမှ အသက်ကို ရူထုတ်လိုက်တယ်။

'ကောင်းပြီ..အခုဘာလုပ်မလဲ..'

ဒီအတွက် အဖြေရှိမနေခဲ့ပေ။

***

ဘယ်လောက်ကြာသွားလဲဆိုတာ ဆန်နီ မသိပေမယ့် - အတော်ကြာပြီးနောက်မှာတော့ သူက တစ်ခုခုဖြစ်လာမှာကို စောင့်ဆိုင်းရင်း ပင်ပန်းလာတဲ့အတွက် တစ်ခုခုလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

' လုပ်ကြတာပေါ့..'

သူ ပထမဆုံးလုပ်တဲ့အရာက တပ်မက်ခြင်းဘဏ္ဍာတိုက်ကို ခေါ်ထုတ်လိုက်တာပါ။

သေဆုံးနေတဲ့တစ်ခုနားမှာ တစ်ထပ်တည်းတူညီတဲ့ သေတ္တတစ်ခု ထွက်လာလိမ့်မယ်လို့ ဆန်နီ ထင်ထားခဲ့ပေမယ့်..အဲဲဒီအစား..အသေးစား သေတ္တာလေးသာ ထွက်ပေါ်လာခဲ့ပါတယ်။သေတ္တာက အနက်ရောင်သစ်သားနဲ့ ပြုလုပ်ထားလဲ့ပြီး..ရတနာသေတ္တာရဲ့ အဖုံးပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။

ဒီအရာက လတ်ဝတ်ရတနာသေတ္တာအရွယ်အစား လောက် ရှိပေမယ့်..လှပမူတော့ ရှိမနေခဲ့ပါဘူး။တကယ်တော့ တပ်မက်ခြင်းဘဏ္ဍာတိုက် တစ်နည်းအားဖြင့် တင့်တယ်မူရှိနေခဲ့တယ်။ဆန်နီ ဒီအရာကို စိုက်ကြည့်နေတုန်းမှာပဲ..သေတ္တာရဲ့အဖုံးက အနည်းငယ် ပွင့်လာပြီး ချွန်ထက်တဲ့ သံမဏိ သွားတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။

သူ မျက်တောင်ခတ်လိုက်တယ်။

'ငါ့ရဲ့ လက်ရှိ ဝိဥာဥ်အမြုတေရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ဒါက ငါလုပ်နိုင်တာ အကုန်ပဲထင်တယ်..'

ဆန််နီ ခေါင်းခါယမ်းလိုက်ပြီး သေတ္တာကို မသေချာတဲ့အသံနဲ့ ပြောလိုက်တယ်။

'ဒီကိုလာခဲ့..'

ချက်ချင်းဆိုသလိုပဲ သေတ္တာရဲ့အောက်ဘက်ကနေ တိုတောင်းတဲ့ ခြေထောက်ခြောက်ချောင်းပေါ်ထွက်လာခဲ့ပြီး သူ့အနားကို လမ်းလျောက်လာခဲ့ပါတယ်။

ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ သူ့လက်ချောင်းတွေကိုကြည့်ကာ အဖုံးကို ဖွင့်လိုက်တယ်။ကံကောင်းချင်တော့ ဒီအရာက သူ့ကိုကိုက်ဖို့ မကြိုးစားခဲ့ပါဘူး။

ဆန်နီ သူ့ရဲ့အထုတ်ကို ချွတ်ပြီး ပစ္စည်းတွေကိုသေတ္တာထဲ ပြောင်းထည့်လိုက်တယ်။ဒီအရာက သေးငယ်ပေမယ့် သူ့ရဲ့ ပစ္စည်းတွေကို လွယ်ကူစွာပဲ ဝါးမြိုသွားခဲ့ပါတယ်။

'ပြီးပြည့်စုံတယ်..'

ဆန်နီ အဖုံးကို ပြန်ပိတ်လိုက်ပြီး ရုတ်သိမ်းလိုက်တယ်။

ယင်နောက် သူက လအမြုတေကို ထုတ်ဖော်ပြီး ဘာမှမရှိတော့တဲ့ အိတ်အလွတ်က ကြိုးတွေကို စတင်လှီးဖြတ်လိုက်တယ်။သူ့ရဲ့ကောင်းမွန်တဲ့လက်တစ်ဖက်နဲ့ သွားတွေကို အသုံးပြုပြီး..ဒီအရာကို ကြိုးတစ်ချောင်းအဖြစ်ဖန်တီးကာ..သူ့ နဲ့ ရတနာသေတ္တာကို ချည်နှောင်လိုက်ပြီးမှ စိတ်သက်သာရာရသွားခဲ့တယ်။

အခုတော့ သူ့ရဲ့ ဒင်္ဂါးတွေက ဘယ်မှသွားမှာမဟုတ်တော့ပါဘူး။

သူ့ရဲ့ လက်ရာကို ကျေနပ်စွာပဲ..ဆန်နီက ခနလောက်နားလိုက်တယ်။သူက ပင်ပန်းပြီး အိပ်ငိုက်သလို စတင်ခံစားနေရပါပြီ။

အဆုံးမရှိတဲ့ချောက်နက်ထဲကို ပြုတ်ကျရတာက သူထင်ထားသလောက် စိတ်လှုပ်ရှားဖို့မကောင်းပါဘူး။တကယ်တော့ ဒါက အတော်လေးကို ပျင်းဖို့ကောင်းတာပါ။

သို့ပေမယ့် သူ့မှာ လုပ်စရာအချို့ ရှိနေခဲ့သေးတယ်။

ရှုတ်မဲ့နေတဲ့မျက်နှာနဲ့ ဆန်နီဟာ သူ့ရဲ့ ကိုယ်ကိုမကြီး သေတ္တာရဲ့အစွန်းကို တွားသွားလိုက်တယ်။အဲဒီမှာတော့ သူက လအမြုတေကို အသုံးပြုပြီး သေဆုံးနေတဲ့ ဟန်ဆောင်သူရဲ့အက်ကွဲကြောင်းထဲကို ထိုးဖောက်ကာ ရှညိလျားတဲ့ သစ်သားပြားနှစ်ခုကို ခွဲထုတ်လိုက်ပါတယ်။

ယင်းနောက် သူက ကျန်ရှိနေတဲ့ သားရေပြားစကို လိပ်ပြီး ကိုက်ထားခဲ့တယ်။

'ဒါက သေလောက်အောင် ခံစားရမှာပဲ..'

သူ့ကိုယ်သူ အချိန်အကြာကြီး စဥ်းစားဖို့အတွက်ဘမပေးခဲ့ပဲ..သူ့ရဲ့ကျိုးနေတဲ့လက်မောင်းကို လည်သိုင်းကြိုးကနေ ဖယ်လိုက်ကာ..ကျိုးနေတဲ့ အရိုးတွေကို ဆွဲပြီးတည့်လိုက်ပါတယ်။ဒါက သူ သင်ကြားခံထားရတဲ့ အတိုင်းပါပဲ။

စူးရှပြီး သေလောက်အောင်ခံစားရတဲ့ နာကျင်မူက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်။

ဆန်နီက သူ့ရဲ့အမြင်အာရုံကို ပြန်ရလာပြီး ၊ သေချာတွေးတော နိုင်လာတဲ့အချိန်မှာတော့..သူ့ရဲ့လက်မောင်းက နောက်ထပ် ဂျယ်လီပုံစံဖြစ်မနေတော့တာကို တွေ့လိုက်ရတယ်။ဒါက နည်းနည်းတော့ ဖြောင့်တန်းနေခဲ့ပါပြီ။

'ဒီလောက်ဆို အဆင်ပြေလိမ့်မယ်..'

သူ တီးတိုးကျိန်ဆဲရင်းနဲ့ သစ်သားပြားနှစ်ခုကို အသုံးပြုကာ..သားရေကြိုးနဲ့ ကြပ်စည်းတစ်ခုကို ပြုလုပ်ပြီး လည်သိုင်းကြိုးပေါ်ကို ဂရုတစိုက်ပြန်တင်ထားလိုက်ပါတယ်။အခုတော့ သူ့ရဲ့အရိုးတွေက မှန်မှန်ကန်ကန် ပြန်ဆက်ဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေခဲ့ပါပြီ။

မျှော်လင့်ရတာပဲ။

ပြီးတဲ့နောက်မှာတော့ ဆန်နီဟာ အဆုံးမရှိတဲ့စမ်းချောင်း နဲ့ တပ်မက်ခြင်း ဘဏ္ဍာတိုက်ကို ထုတ်ယူလိုက်ပြီး..ကျန်နေသေးတဲ့ အစားသောက်တွေကိုယူလိုက်တယ်။ပြီးတာနဲ့ ထူးဆန်းစွာပဲ သေဆုံးနေတဲ့ ဟန်ဆောင်သူရဲ့ အဖုံးပေါ်မှာ အေးအေးဆေးဆေး စားသောက်ပါတော့တယ်။

သူ ပြီးဆုံးသွားတဲ့ အချိန်မှာလည်း အောက်ဘက်ကောင်းကင်က မပြောင်းလဲသေးပါဘူး။

သူက ဆက်တိုက်ကျဆင်းနေတုန်းဖြစ်ပြီး အနက်ရောင်တောင်ပံနဲ့ အပေါက်ကြီးရဲ့အလယ်ကို ရွေ့လျားနေခဲ့ပါတယ်။

...သူက လုံးဝကို ပင်ပန်းနွမ်းနယ်နေခဲ့ပါပြီ။

ဆန်နီ ဟာ အဝေးမှာရှိနေတဲ့ ကြယ်တွေကို သုန်မုန်စွာစိုက်ကြည့်နေခဲ့တယ်။

သူက မျက်လုံးတွေစိုစိတ်လာပြီး အတွေးတွေ နှေးကွေး ၊ ဝေဝါးလာတဲ့အထိ စိုက်ကြည့်နေခဲ့ပါတယ်။

ယင်းနောက် သူ နောက်ထပ်ကြည့်နေခဲ့တယ်။

အတော်ကြာပြီးကာမှ သူ တွေးလိုက်ပါတယ်။

'ငါ ထပ်ပြီးသည်းမခံနိုင်တော့ဘူး '

အခုတော့ သူ့ရဲ့ အရိပ်အဆီအနှစ်တွေက သုံးပုံလောက်ထိ ကို ပြန်ပြီး ပြည့်နေခဲ့ပါပြီ။ခန့်မှန်းကြည့်ရသလောက်တော့ ကွေ့ကောက်ကျောက်တုံးကွဲကြေပြီးနောက်မှာ ၂၄ နာရီလောက် ကြာမြင့်သွားပြီးတဲ့ ပုံပါပဲ။ဆန်နီ သက်ပြင်းချလိုက်ပြီး အနက်ရောင်တောင်ပံကို ရုတ်သိမ်းကာ..သေတ္တာကို အောက်ကိုပဲ တည့်တည့်ကျနေစေလိုက်တယ်။

သူက အနည်းဆုံးတော့ အောက်ဘက်ကောင်းကင်မှာ နောက်ထပ် ခြောက်ရက်လောက် ကျဆင်းနေရဦးမှာပါ။ပိုပြီးလည်း ကြာသွားနိုင်ပါတယ်။ဒီခန့်မှန်းချက်တွေက အမှန်တရားနဲ့ သိပ်ပြီး မသက်ဆိုင်နိုင်ဘူးဆိုတာ သိနေတာကြောင့် ဆန်နီ ခေါင်းခါယမ်းလိုက်တယ်။

ယင်းနောက် သူကိုယ်တိုင်တောင် လုပ်ဖို့ ဘယ်တော့မှ မတွေးထားခဲ့တဲ့ အရာတစ်ခုကို လုပ်ခဲ့လိုက်ပါတယ်။

သူက ရှည်လျားတဲ့ ဟန်ဆောင်သူရဲ့ အဖုံးပေါ်မှာလဲလျောင်းပြီး ..သူနဲ့ဆက်သွယ်ထားတဲ့ကြိုးတွေကို တင်းကြပ်အောင် လုပ်လိုက်ကာ..မျက်လုံးတွေကို မှိတ်လိုက်တယ်။

မကြာခင်မှာပဲ..ဆန်နီက အိပ်ပျော်သွားခဲ့ပြီး ကမ္ဘာကြီးကို ဂရုမစိုက်တော့ပဲ..အမှောင်ထုချောက်နက်ကြီးထဲကို ဆက်လက်ကျဆင်းနေခဲ့ပါတယ်။

All Chapters