← Chapters

ပိုများလာတဲ့ တူညီသော ဘာမှမရှိခြင်းများ

Vol. 29 Ch. 433

ပိုများလာတဲ့ တူညီသော ဘာမှမရှိခြင်းများ

Vol. 29 Ch. 433

ဆန်နီရဲ့အိပ်ယာက အနည်းငယ်တုန်ရီသွားခဲ့ပြီး လေတွေက သူ့ရဲ့အခန်းထဲကို တိုက်ခတ်လာသလို ခံစားနေခဲ့ရတယ်။အိပ်ချင်နေဆဲဖြစ်တာကြောင့် သူက သက်ပြင်းချလိုက်ပြီး..စောင်ကို ပိုမြင့်မြင့်ဆီကို ဆွဲတင်ဖို့ ကြိုးစားလိုက်ပါတယ်။သို့ပေမယ့် အဲဒီ

သောက်ကျိုးနဲ စောင်က ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပေ..။

'ဘယ် ငရဲမှာ ရောက်နေတာလဲ..'

ပြန်အိပ်ချင်စိတ်က ကြီးစိုးနေတာကြောင့် သူက မျက်လုံးကို မှိတ်ထားရင်း စောင်ကိုရှာနေခဲ့တယ်။သို့ပေမယ့် စောင်ကို ရှာတွေ့မယ့်အစား..သူ့ရဲ့အိပ်ယာတစ်ခုလုံး လှုပ်သွားသလို ခံစားလိုက်ရပါတယ်။ကြောင်အသွားပြီး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့..သူ့ပတ်ဝန်းကျင်မှာ ဘာမှရှိမနေခဲ့ပဲ..အမှောင်ထုကြီး ဝန်းရံနေတာကိုသာ တွေ့လိုက်ရတယ်။

'သောက်ကျိုး !...အိုး ဟုတ်သားပဲ..'

သူက ခံတပ်ထဲက အခန်းငယ်လေးထဲမှာ ရောက်နေတာ မဟုတ်ပါဘူး။အဲဒီအစား သေဆုံးနေတဲ့ ကျရှုံးမူအဆင့်သားရဲပေါ်မှာ နေရင်း..အလင်းရောင်ကင်းမဲ့တဲ့ချောက်နက်ကြီးထဲကို ကျဆင်းနေခဲ့ပါတယ်။

ဆန်နီက အမှောင်ထုထဲကို ခနလောက် ကြည့်နေခဲ့တယ်။

ယင်းနောက် သန်းဝေလိုက်ပါတယ်။

'ကောင်းပြီလေ..။အနည်းဆုံးတော့ ငါ ကောင်းကောင်းအိပ်ခဲ့တာပဲ..'

အမှန်တကပဲ သူက လန်းဆန်းနေတာကို ခံစားရပါတယ်။သူ့ရဲ့ နာကျင်မူတွေက ပျောက်ကွယ်သွားတာ ဒါမှမဟုတ် သက်သာသွားတာတွေ ဖြစ်ကုန်ခဲ့တယ်။သူ့ရဲ့ ဒဏ်ရာရနေတဲ့ စိတ်တွေတောင်မှ ကြည်လင်နေခဲ့ပါတယ်။သူက အနားရပြီး အင်အားတွေပြည့်ဝနေခဲ့ကာ..သက်သောင့်သက်သာဖြစ်နေခဲ့တယ်။

တစ်ခုတည်းသော ပြသနာက သူက အဆုံးမရှိတဲ့ အောက်ဘက်ကောင်းကင်ဆီကို ဆက်တိုက်ကျဆင်းနေတာပါပဲ။

ဆန်နီက သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီး အဆုံးမရှိတဲ့ စမ်းချောင်းကို ထုတ်ယူကာ သောက်လိုက်တယ်။ယင်းနောက် သူ အာရုံစူးစိုက်ကာ..အခြေအနေကို သုံးသပ်ဖို့ လုပ်လိုပါတယ်။

...အခြေအနေကတော့ လုံးဝကို အတူတူပါပဲ။

သူ့ပတ်ဝန်းကျင်မှာ ဘာမှရှိမနေခဲ့ပဲ..သူအိပ်နေတုန်းမှာလည်း ဘာမှရှိမနေတဲ့အရာတွေက ဝန်းရံထားခဲ့ပါတယ်။သူလုပ်နိုင်တာကလည်း ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး။

ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့အောက်မှာရှိနေတဲ့ ရတနာသေတ္တာကို စိုက်ကြည့်လိုက်တယ်။အတော်ကြာပြီးကာမှ..

'တကယ်လ်ို့တွေးကြည့်မယ်ဆိုရင်..ဒါက လယ်ဗယ်

ပိုမြင့်တဲ့ သနားစရာ အမျိုးအစားပဲ။ငါက ဒီသနားစရာခွေးသားကို သတ်ခဲ့ယုံတင်မကပဲ..သူ့ရဲ့အလောင်းပေါ်မှာတောင် တရေးအိပ်ခဲ့သေးတယ်။ဒါက စော်ကားတာပဲ...'

အောက်ဘက် ၊ နိမ့်ကျတဲ့ အောက်ဘက်တစ်နေရာမှာတော့ အတုအယောင် ကြယ်လေးတွေက အဖြူရောင်အလင်းတွေနဲ့ လင်းလက်နေခဲ့ကြတယ်။

သူ့ရဲ့ အရိပ်အဆီအနှစ်တွေ ဘယ်လောက်အထိ ပြန်ပြည့်သွားလဲဆိုတာကို တွက်ကြည့်ရရင်..ဆန်နီက သူ ၁၂ နာရီလောက် အိပ်ခဲ့တယ်လို့ ခန့်မှန်းလိုက်ပါတယ်။သာမန်ထက် ပိုပြီးကြာခဲ့တယ်ဆိုပေမယ့်..အရာအားလုံးဖြစ်ပျက်ပြီးခဲ့တဲ့နောက်မှာ သူက အတော်လေး ပင်ပန်းနေခဲ့တာပါ။

ဒါပေါ့..သူ့ရဲ့ ဒီတွက်ချက်မူတွေအားလုံးက အကြမ်းသဘောနဲ့ တွက်ချက်နေတာချည်းပါပဲ။သို့ပေမယ့် သူတိတိကျကျ တွက်ကြည့်မယ်ဆိုရင် ဒါက သူ ခံတပ်ကနေ ထွက်လာခဲ့တာ ဆယ်ရက်လောက်ရှိသွားပြီလို့ ဆိုလိုတာပါ။

ရွှေရောင်ကံတရားကြိုးမျှင်ရဲ့ အောက်ဆုံးအထိကိုရောက်ဖို့ ဘယ်လောက်အထိကြာမှာလဲ ဆ်ိုတာကိုတော့ သူမသိပေ။သို့ပေမယ့် ဒီအရာက အနည်းဆုံးတစ်ပတ် ဒါမှမဟုတ် ဒီထက်လည်း ပိုကြာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အစစ်အမှန်ကမ္ဘာမှာတော့ သူ့ရဲ့ ခန္တာကိုယ်က မြေအောက်ခန်းထဲက စျေးကြီးတဲ့ အိပ်စက်ခြင်းဖန်သေတ္တာထဲမှာ ရှိနေပါလိမ့်မယ်။အဲဒီစက်က လပေါင်းများစွာကြာအောင် အသက်ရှင်လျင်ထိန်းထားပေးနိုင်တာကြောင့် ခန္တာကိုယ်ပိုင်းဆိုင်ရာကိုတော့ အခုထိ စိတ်ပူစရာမလိုအပ်သေးပေ။

သူ့ကို ဘယ်သူက လွမ်းနေမှာလဲ..။

..ဘယ်သူမှ မရှိလောက်ပါဘူး။ကိုင် နဲ့အယ်ဖီ တို့က သူ အိပ်မက်ကမ္ဘာထဲကို အကြာကြီးစွန့်စားခန်းထွက်သွားတာနဲ့ အသားကျနေကြပါပြီ။သူတို့က ဒီလောက်အကြာကြီး ထွက်သွားတာနဲ့ အသားမကျရင်တောင် သူက သူတို့ရဲ့စီးပွားရေးဆိုင်ရာ မက်ဆေ့တွေကို ပြန်ဖြေဖို့ ပျင်းနေတာလို့ပဲ ယူဆပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် သူတိုက အခုချိန်ရင် ကျော်ကြားတဲ့လူတွေဖြစ်ကြတာကြောင့်..ရှုပ်ထွေးတဲ့ အချိန်ဇယားတွေ ၊ ကိုယ်ပိုင်ပြသနာတွေ ရှိနေကြပါလိမ့်မယ်။

ဆရာဂျူးလီယက်ကလည်း သူ့ဆီက အစီရင်ခံစာတွေကို မျှော်နေမှာမဟုတ်ပေ။မြင့်မြတ်နယ်မြေရဲ့ ထုံးထမ်းစဥ်လာကလည်း..ခံတပ်အတွင်းကို ဝင်တဲ့ထွက်တဲ့ လူတွေကို ရေးမှတ်ထားတာ မျိုးတွေ မရှိပါဘူး။သူ့အကြောင်းကို လူတွေတွေးကြမယ့်အချိန်က ညဘုရားကျောင်းကနေ ကတ်စီရောက်လာတဲ့ အချိန်ဖြစ်ပြီး..သူက သူတော်စင်တိုင်းရစ် ကို ကူညီကာ သူမကို မကြိုဆိုတဲ့အချိန်ကြမှပါ။

သို့ပေမယ့် သူမကလည်း သူအရင်က လုပ်ခဲ့တဲ့အတိုင်း သူမကို ရှောင်နေတာလို့ပဲ မှတ်ယူပါလိမ့်မယ်။

သေဆုံးနေတဲ့ ရတနာသေတ္တာရဲ့အပေါ်မှာထိုင်နေရင်း..သူထွက်သွားတာကို ဘယ်သူကမှ ဂရုစိုက်မနေခဲ့ဘူးဆိုတာကို ဆန်နီ နားလည်သွားခဲ့တယ်။အရာအားလုံးပြောင်းလဲသွားပေမယ့်..တစ်ချို့အရာတွေက အရင်အတိုင်း ဖြစ်နေဆဲပါပဲ။

သူ့ရဲ့လက်ထဲမှာရှိနေတဲ့ လှပတဲ့ ဖန်ပုလင်းကိုကြည့်နေရင်း..ဆန်နီအတော်ကြာအောင် ခံစားချက်မဲ့စွာရှိနေခဲ့တယ်။ယင်းနောက် သူ ဒါကို ရုတ်သိမ်းပြီး..သေဆုံးနေတဲ့ ဟန်ဆောင်သူကို ခေါက်လိုက်ပ့တယ်။

'ဘာပဲဖြစ်ဖြစ်..အနည်းဆုံးတော့ ရွှေဒင်္ဂါးတွေ ရှိနေသေးတာပဲ..'

***

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..သူက ထူးဆန်းစွာပဲ လေထဲမှာ ကခုန်မူတစ်ခု ပြုလုပ်နေခဲ့တယ်။ဆန်နီက သူနဲ့ သေတ္တာနဲ့ ဆက်ထားတဲ့ ကြိုးကို ကောင်းမွန်တဲ့လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး အနက်ရောင်တောင်ပံကို ထုတ်ဖော်လိုက်ပါတယ်။ယင်းနောက် ကြီးမားတဲ့ သေတ္တာကြီးရဲ့ဘေးဘက်ကို တိုးသွားပြီး ဟန်ချက်ကို ညီအောင်ထိန်းထားခဲ့တယ်။

သူတို့နှစ်ယောက်စလုံးက လျင်မြန်တဲ့အရှိန်နဲ့ ပြုတ်ကျနေကြတာဖြစ်တာကြောင့်..သူ့ ရဲ့ ခန္တာကိုယ်က ပေါ့ပါးနေသလိုခံစားနေခဲ့ရတယ်။ဆန်နီ အကြောင်းကို ခနလောက်တွေးပြီးမှ မျက်မှောင်ကျုတ်လိုက်ပါတယ်။

ဒါကဘယ်လိုလုပ် အဓိပ္ပါယ်ရှိမှာလဲ..။မနေ့ကတုနိးကတော့ သူ့ရဲ့ကျဆင်းမူ အမြန်နှုန်းက သိသိသာသာမြင့်တက်လာမယ်လို့ ထင်ထားခဲ့ပေမယ့် ဒီလိိုဆိုရင်သူ့ရဲ့ခန္တာကိုယ်က တွန့်ကြေသွားတာမျိုး ဖြစ်နိင်ပါတယ်။

သို့ပေမယ့် အခုတော့ ဒီယူဆချက်က မှားနေတယ်ဆိုတာကို နားလည်လိုက်တယ်။သူက အောက်ဘက်ကောင်းကင်မှာ အသက်ရူနိုင်ပြီး..လေထုကို ခံစားနိုင်တယ်ဆိုတယ် ဒါမှမဟုတ် လေထုက သူ့ကို ဖြတ်သန်းသွားနေတာကို ခံစားနေရပါတယ်။ဒါကြောင့် သူ့ရဲ့ပြုတ်ကျတဲ့အရှိန်ကို လေထုက အကန့်အသတ်တစ်ခုနဲ့ ခုခံပေးထားတယ်လို့ ဆိုလိုတာပါ။

သို့ပေမယ့် သူက ဒီခုခံမူကို အများကြီးမခံစားရပေ။အမှန်တော့ သူက သက်သောင့်သက်သာပုံစံမျိုး ကျဆင်းနေရမယ့်အစား..ဆူညံတဲ့လေတိုးသံတွေကို ဆက်တိုက်ခံစားနေရသင့်တာပါ။

ပုံမှန်အတွေးအခေါ်တွေက အောက်ဘက်ကောင်းကင်မှာတော့ အလုပ်ဖြစ်ပုံမရပေ။

'ဒီအကြောင်း သိပ်မတွေးတာပဲ ကောင်းလိမ့်မယ်..'

လောဂျစ်တွေအားလုံးကို ဆန့်ကျင်နေတဲ့နေရာတစ်ခုရဲ့ ဥပဒေသကို နားလည်ဖို့ကြိုးစားနေတော့ရော ဘာများထူးခြားမှာ မို့လို့လဲ..။သူ့မှာ ပိုပြီးလက်တွေ့ကျတဲ့အရာတွေကို လုပ်စရာရှိနေပါသေးတယ်။

သားရေကြိုးနဲ့ သူ့အလေးချိန်ကို ထိန်းထားမူကို ယုံကြည်ထားရင်း..သူက လက်ကိုလွှတ်ကာ လအမြုတေကို ထုတ်ယူလိုက်တယ်။ယင်းနောက် ရတနာသေတ္တာရဲ့ဘေးဖက်ကိုရွေ့ကာ..ကျဥ်းမြောင်းတဲ့ နှုတ်ခမ်းနှစ်ခုကြားထဲကို တစ္ဆောဓားထည့်သွင်း ကလန့်ပြီး ..ဒီအရာကို ပွင့်လာစေဖို့ ဆုတောင်းလိုက်ပါတယ်။

ဒီလုပ်ဆောင်မူက ဆန်နီ ထင်ထားတာထက် ပိုပြီးခက်ခဲနေခဲ့ပါတယ်။သူက အရာအားလုံးကို လက်တစ်ဖက်တည်းနဲ့ လုပ်ဆောင်နေရရုံတင် မကပဲ..သေတ္တာတစ်ခုလုံး လေထဲမှာလှည့်ပတ်မသွားဖို့အတွက်ပါ ဟန်ချက်ညီအောင် ထိန်းနေခဲ့ရတယ်။အလားတူစွာပဲ..ချည်နှောင်ထားတဲ့ကြိုး ပြတ်တောက်မသွားဖို့အတွက်ပါ အာရုံစိုက်ထားခဲ့ရသေးတာပါ။

သို့ပေမယ့် အချိန်တစ်ချို့ကြာပြီး ၊ ဆိုးရွားတဲ့ကျိန်ဆဲမူတွေ များစွာပြုလုပ်အပြီးမှာတော့ သူက နောက်ဆုံးမှာ..သေဆုံးနေတဲ့နတ်ဆိုးရဲ့ ပါးစပ်ကို ပွင့်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပါးစပ်ရဲ့အတွင်းထဲမှာတော့..ရွှေဒင်္ဂါးပုံကြီးက သူယူဆောင်ဖို့အတွက် အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြတယ်။

ဆန်နီ ရဲ့မျက်နှာပေါ်မှာ နက်မှောင်တဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

ယင်းနောက် သူက တုန်လှုပ်ပြီး ၊ စိတ်ခံစားမူ အနည်းငယ်နဲ့ ရယ်မောပါတော့တယ်။

'အာ..ချမ်းသာတဲ့ ခံစားချက်က အတော်ကောင်းမွန်တာပဲ...'

All Chapters