များပြားလှသော ဘာမှမရှိခြင်း
Vol. 29 Ch. 434
သူက တပ်မက်ခြင်းဘဏ္ဍာတိုက် ကို ထုတ်ဖော်လိုက်ပြီး သွားတွေနဲ့ သေတ္တာကို ပိုကြီးတဲ့သေတ္တာထဲ ဝင်လာခ်ိုင်းကာ အဖုံးဖွင့်ထားခိုင်းခဲ့ပါတယ်။ယင်းနောက် သူက ပေါ့ပေါ့ပါးပါးသံစဥ်လေးနဲ့ လေချွန်ရင်း လေးလံတဲ့ ဒင်္ဂါးပြားတွေကို အထဲကိုပစ်ထည့်နေခဲ့တယ်။
'တစ်..နှစ်..သုံး...လေး...အာ...ရှင်သန်ရတာက ဘယ်လောက်ကောင်းမွန် လိုက်လဲ...ငါး..ခြောက်...'
တစ်ခုပြီးတစ်ခုဆိုသလိုပဲ ဆန်းကျယ်တဲ့ ဒင်္ဂါးပြားတွေက သေတ္တာထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။အတော်ကြာပြီးနောက်မှာတော့ ဆန်နီက အနည်းငယ် ရွေ့လျားလ်ိုက်ပြီး ..သက်သောင့်သက်သာ အနေအထားနဲ့ သူရဲ့ ဆုလာဘ်တွေကို စုဆောင်းနေခဲ့ပါတယ်။
အဆုံးမှာတော့..သူက သေဆုံးနေတဲ့နတ်ဆိုး အထဲကနေ ဒင်္ဂါးပြား ထောင့်လေးရာလောက် ရရှိခဲ့တယ်။ဆန်နီ မျှော်လင့်ထားသလိုပဲ..ရတနာပုံကြီးရဲ့ အပေါ်ယံအလွှာအားလုံးက တကယ်ကို အစစ်အမှန်တွေပါ။
ဒါက မယုံနိုင်စရာ ၊ အံ့ဩဖို့ကောင်းလောက်တဲ့ ဆုလာဘ်ကြီး တစ်ခုပါပဲ။ရုတ်တရက် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက ထိုက်တန်သလို ထင်လာခဲ့ရတယ်။
လုနီးပါးပဲ..။
ဆန််နီဟာ သူ့ပတ်ဝန်းကျင်က အလင်းမရှိတဲ့ လေဟာနယ်ကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
'ငါက ခံတပ်ကိုတောင် ပြန်သွားနိုင်ပါ့မလား ဆိုတာ ဘယ်သူသိမှာလဲ..။ယဇ်ပလ္လင်မရှိဘူးဆိုရင်..ဒီဒင်္ဂါးတွေက ပိုနေတဲ့ အလေးချိန် သက်သက်ပဲ..'
စိတ်ပျက်အားလျော့စွာပဲ..သူက ခနလောက်တွေဝေပြီး ..သူ့ရဲ့အကြည့်ကို ပွင့်နေတဲ့ ရတနာသေတ္တာဆီကိုလှည့်လိုက်ပါတယ်။
သူ အောင်မြင်စွာရယူခဲ့တဲ့ ရတနာပုံကြီးရဲ့ အပေါ်ယံအလွှာက အစစ်အမှန်ဖြစ်ပေမယ့်..အောက်ဘက်မှာတော့..
ဆန်နီဟာ သူ စားသောက်ထားခဲ့ရတဲ့ အရာမှန်သမျှကို ပြန်အန်မထွက်မိအောင် ထိန်းချုပ်ထားခဲ့ရတယ်။ရတနာတွေရဲ့အောက်ဘက်မှာတော့..ဟန်ဆောင်သူရဲ့ လက်ချောင်းတွေ ၊ အတွင်းကလီစာတွေကို ပြည့်ကျပ်နေအောင် ထုပ်ပိုးထားခဲ့ပြီး..သေတ္တာအပြည့်နီးပါးပါပဲ။အရာတစ်ခုလုံးက အနက်ရောင်သွေးတွေနဲ့ စိုရွဲ နေပြီး..ရွံ့စရာအနံ့အသက်တွေကို ထုတ်လွှတ်နေခဲ့ပါတယ်။ဒါက သားသတ်သမားတစ်ယောက်ရဲ့ အိပ်မက်ဆိုးလို ဖြစ်နေတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။
'ရွံစရာပဲ..အရမ်း ရွံ့ဖို့ကောင်းတယ်..'
သူ့ရှေ့က မြင်ကွင်းက ဘယ်လောက်တောင် ရွံ့စရာကောင်းလဲဆိုတာကို တွေးနေရင်းပဲ..ဆန်နီက လမြုတေ နဲ့ အသွေးအသားတွေကို စတင်ဖြတ်တောက်ပါတော့တယ်။အမြုတေလေးခုကို ရရှိတဲ့အချိန်မှာတော့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေခဲ့တယ်။အနည်းငယ် ဆေးကြောပြီးတဲ့နောက်မှာတော့..သူက တောက်ပတဲ့ အမြုတေတွေကို သေတ္တာထဲထည့်လိုက်ပြီး ..ကြီးမားတဲ့ကျေနပ်မူတွေနဲ့ မှတ်သားမူကို ပြန်ရုတ်သိမ်းလိုက်တယ်။
ပြီးတဲ့နောက်မှာတော့..ဆန်နီက ရတနာသေတ္တာကို သံသယဖြစ်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
ကိစ္စကတော့..သူ့မှာက သိမ်းဆည်းထားတဲ့ အစားအသောက်က သုံးရက်စာလောက်သာ ကျန်ရှိပါတော့တယ်။တကယ်လို့ သူက အစားအသောက်ကို ချွေတာမယ်ဆိုရင် ဒါက သူ့အတွက် တစ်ပတ်လောက်တော့ တောင့်ခံနိုင်ဦးမှာပါ။
ဆန်နီ ခေါင်းကိုကုတ်လိုက်ပြီး ပုခုံးကိုတွန့်ကာ..သေတ္တာရဲ့ အဖုံးကို ဆောင့်ပိတ်လိုက်တယ်..။
'..အချိန်ကျလာမှပဲ အဲ့ကိစ္စကို တွေးတော့မယ်..။ဒါပေမဲ့ အဲလိုဘယ်တော့မှဖြစ်မလာဖို့ မျှောလင့်ရတာပဲ..'
ပြီးတာနဲ့ သူက သေဆုံးနေတဲ့နတ်ဆိုးရဲ့အပေါ်ကို ပြန်တက်သွားခဲ့ပြီး အတော်ကြာအောင် အနားယူကာ အမှောင်ထုကို ကြည့်နေခဲ့ပါတယ်။
အချိန်တွေဖြည်းဖြည်းချင်း ကုန်ဆုံးသွားတဲ့ အချိန်မှာတော့..ဆန်နီက ပိုပိုပြီး..တည်ငြိမ်လာခဲ့တယ်။နောက်ဆုံးမှာတော့ သူက ထိပ်လန့်စွာပဲ တစ်ခုခုကို နားလည်လိုက်ပါတယ်။
..သူ့မှာ ဘာမှလုပ်စရာ မရှိပါဘူး။
***
" ဒါက ပြသနာတော့ ဖြစ်တော့မယ်.."
အဆုံးမရှိကြာမြင့်ပြီးနောက်...
ဒါမှမဟုတ် နာရီအနည်းငယ်လောက်လည်း ဖြစ်နိုင်တာပဲ..ဘယ်သူသိမှာလဲ..။
ဆန်နီက ရတနာ သေတ္တာရဲ့ အပေါ်မှာတက်ထိုင်ပြီး ပျင်းလွန်းလို့ သေမလိုတောင် ဖြစ်နေခဲ့ပါပြီ။
သူက အကန့်အသတ်မရှိတဲ့ ချောက်နက်ကြီးထဲကို ဆက်တိုက်ကျဆင်းနေခဲ့တယ်။ဒါပေါ့..သူက ဘာလုပ်စရာ ထပ်ရှိဦးမှာလဲ..။ဒီမှာ ဘာမှလုပ်စရာမရှိပါဘူး။
ရက်စက်တဲ့မြင်ကွင်းကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားရင်း ငွေရောင်ဓားက တောက်ပတဲ့ အလင်းရောင်တွေဖြာထွက်နေခဲ့ပါတယ်။သူက ဒီအရာရဲ့ [ အလင်းစားသုံးသူ ] စွမ်းရည်ကို အသုံးပြုထားခဲ့ပြီး..သူစုပ်ယူထားတဲ့ အလင်းရောင်တွေကို အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကို ပြန်လည် ထုတ်ပေးနေခဲ့တယ်။ဒီအလင်းရဲ့ ကျေးဇူးကြောင့် သူ့ရဲ့ အရိပ်နှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရလိုက်ပါတယ်။တစ်ခုက သေတ္တာမျက်နှာပြင်ရဲ့ ဘယ်ဘက်မှာရှိနေပြီး တစ်ခုက သူ့ရဲ့ညာဘက်မှာ ရှိနေခဲ့တယ်။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..
"ငါက ဒီမှာပျင်းလို့ သေတော့မယ်။ငါ ဘယ်တုန်းကမှဒီလောက်အထိ မပျင်းဖူးဘူး..။ငါတို့ ဒီရက်သတ္တပတ်တွေကို ဘယ်လိုရှင်သန်ကြမလဲ..။မင်းတို့ရော ဘယ်လိုထင်ကြလဲ..'
သူ့ရဲ့ ညာဘက်မှာရှိတဲ့ ပျော်ရွှင်တဲ့အရိပ်က တွေဝေသွားခဲ့ပြီးနောက်မှာ လက်သီးကို ဆုပ်ပြပြီး သူ့ကို အားပေးလိုက်တယ်။သူ့ ရဲ့အားပေးမူကတော့ ရှင်းလင်းပါတယ်။
"မင်း ဒါကိုလုပ်နိုင်တယ်.."
ဘယ်ဘက်မှာရှိနေတဲ့ စိတ်မရှည်တဲ့အရိပ်ကတော့ သူ့ကို စိတ်ပျက်စွာစိုက်ကြည့်ရင်း ခေါင်းခါယမ်းလိုက်တယ်။သူ့ရဲ့ အဓိပ္ပါယ်ကလည်း ရှင်းလင်းတာပါပဲ။
"ဒီတိုင်း လက်လျော့လိုက်တော့.."
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတိပြီးနောက်မှာ ပြုံးလိုက်တယ်။
"ကောင်းပြီလေ..ဒါက အဆင်ပြေသွားမယ်ထင်တာပဲ။ငါကတော့ ဒီတိုင်း အားလပ်ရက်ခရီးထွက်တယ် လို့ပဲ တွေးလိုက်မယ်။ဟုတ်တယ်..ငါက ဘာမှမလုပ်ပဲ သက်သောင့်သက်သာ နေခွင့်ရခဲ့တာက ဘယ်တုန်းက နောက်ဆုံးလဲ..။ဟုတ်တယ်..ဘယ်တုန်းကမှမရှိခဲ့ဘူး။တကယ်လို့ မင်းတို့သာ ဒါကိုတွေးကြည့်မယ်ဆိုရင် ဒါက ဘုရားသခင်ပေးတဲ့ အခွင့်အရေးတစ်ခုပဲ။အနားယူဖို့ အခွင့်အရေး ၊ စိတ်ရှိသလောက် ပျင်းရိနိုင်မယ့် အခွင့်အရေး.."
သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ထပ်ပြောလိုက်တယ်။
"သိသာတာက ငါ့မှာရွေးချယ်စရာမရှိပဲ ဘာမှမလုပ်ပဲနေနေရမှာ..။ငါ ကံကောင်းတယ်နော်..ဟုတ်တယ်မလား.."
သုန်မုန်နေတဲ့ အရိပ်က သူ့ကို ကြည့်ပြီး မျကိနှာကို လက်နဲ့ ကိုင်ထားခဲ့တယ်။
ပျော်ရွှင်နေတဲ့အရိပ်တောင်မှ တွေဝေသွားခဲ့ပြီး သူ့ကို ပုခုံးတွန့်ပြလိုက်ပါတယ်။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"ရူးသွပ်သွားမယ် ဆိုတာ ဘာကိုဆိုလိုတာလဲ..။ငါက ရူးသွပ်သွားမှာ မဟုတ်ဘူး..။ငါ ရူးသွပ်တာကို စိတ်ပျက်နေပြီ..။ငါ ရူးသွပ်သွားဖို့ဆိုတာက..သုည ရာခိုင်နှုန်းပဲ..."
အရိပ်တွေက ဘာမှပြန်မဖြေခဲ့တာကြောင့် သူ့ကို ပိုမိုဒေါသထွက်လာစေခဲ့ပါတယ်။
"ဘာပဲဖြစ်ဖြစ် ၊ ငါက ဘာလို့ မင်းတို့နဲ့ စကားပြောနေမိတာလဲ..။မင်းတို့က စကားဝိုင်းကို အလေးအနက်ဖြစ်စေဖို့အတွက်တောင် လုံလောက်အောင် ယဥ်ကျေးမူ မရှိကြဘူး.."
သူက ရက်စက်တဲ့မြင်ကွင်းကို ရုတ်သိမ်းလိုက်ပြီး အမှောင်ထုကို နောက်တစ်ကြိမ် အရာအားလုံးကို ဖုံးလွှမ်းစေလိုက်ပါတယ်။အရိပ်တွေကို မမြင်ရတော့ပါဘူး။
အတော်ကြာပြီးနောက်မှာတော့ ဆန်နီက မာနကြီးစွာပြောလိုက်တယ်။
"ပြီးတော့ ငါ့မှာ တစ်ခြားစကားပြောစရာ မရှိဘူးများ ထင်နေကြလား.."
***
အချိန်သုံးရက် ကုန်ဆုံးသွားခဲ့တယ်။အနည်းဆုံးတော့ ဆန်နီက သုံးရက်လို့ သံသယရှိနေခဲ့ပါတယ်။ဒီအချိန်က ဝိဥာဥ်မြွေရဲ့အကူအညီမပါပဲ သူ့ရဲ့ အရိပ်အမြုတေကို အပြည့်အဝပြန်ဖြစ်စေတဲ့ အချိန်မို့လို့ပါ။သူကတော့ တကယ်က်ိုပဲ အသိစိတ်ကင်းမဲ့စပြုနေခဲ့ပါပြီ။
ပျင်းရိမူကတောင် အဆိုးဆုံးမဟုတ်သေးပါဘူး။အဆုံးဆုံးက အပြင်ဘက်ကနေ လှုံ့ဆော်မူ ဘာတစ်ခုမှ ရှိမနေခဲ့တာပါ။
အောက်ဘက်ကောင်းကင်မှာ ဘယ်အရာကမှ မပြောင်းလဲသွားခဲ့ပေ။ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ဘယ်အရာကမှ မပျောက်ကွယ်သွားသလို ၊ ဖြစ်တည်လာတာလည်း မရှိပဲ ပုံမှန်အတိုင်းသာ ရှိနေခဲ့တယ်။ဒီနေမှာ ဘာမှရှိမနေခဲ့ပဲ..ဗလာအပြည့်နဲ့ အမှောင်ထုရယ် ၊ အဝေးမှာတောက်ပနေတဲ့ ကြယ်ပွင့်တွေရယ် ၊ သူရယ် သာ ရှိနေခဲ့ပါတယ်။
ပြီးတော့ အောက်ကိုပြုတ်ကျနေတာရောပါပဲ။
အစတုန်းကတော့ ဆန်နီက ချောက်နက်ထဲမှာ နတ်ဆိုးတွေ ၊ သတ္တဝါကြီးတွေ ၊ ကြောက်မက်ဖွယ်သားရဲကြီးတွေကို တွေ့ရမယ်ထင်ပြီး စိုးရိမ်နေခဲ့တာပါ။ဒါက တစ်စုံတစ်ယောက်က ချောက်နက်ထဲမှာမျှော်လင့်ထားတဲ့ အရာတွေပဲ...ဟုတ်တယ်မလား..။သို့ပေမယ့် ဘာတစ်ခုမှ ရှိမနေခဲ့ပေ။
အခုတော့..သူက တိုက်တန် တစ်ကောင် ၊ နှစ်ကောင်လောက် တွေ့ဖို့တောင် မျှော်လင့်နေမိပါပြီ။
လူတွေက သီးသန့်နေထိုင်းရင်း ရူးသွပ်သွားကြတာကို ကြားဖူးထားပေမယ့် သူကိုယ်တိုင် ဒီအခြေအနေမှာ ကြုံတွေ့နေရမယ်လို့ မထင်ထားခဲ့ပေ။
ပထမရက်မှာတော့ သူက ဟိုဟိုဒီဒီအကြောင်းလေးတွေကို တွေးရင်း ၊ သူ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို ပြန်စဥ်းစားကာ..ဒီထဲကနေ ပြန်လည်သင်ယူဖို့လုပ်နေခဲ့ပါတယ်။
သူက မှန်သားရဲနဲ့ ရက်စက်တဲ့မြင်ကွင်း အကြောင်းလည်း တွေးနေခဲ့တယ်။ဘာလို့ ငွေရောင်လှံကို ဒီလိုခေါ်ကြတာလဲ..။ယင်းနောက် သူနားလည်သွားခဲ့တယ်။
သူ့ကို ရက်စက်သောမြင်ကွင်းလို့ ခေါ်တာက..သူ့ ရဲ့တောက်ပတဲ့ဓားသွားပေါ်မှာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ပုံရိပ်ကို အလင်းပြန်ပေးနိုင်လို့ပါ။
သူက သဘော်ပျက် ၊ ဒင်္ဂါးတွေ ၊ ဟန်ဆောင်သူနဲ့ နိုတစ် လို့ခေါ်တဲ့လူအကြောင်းလည်း တွေးနေခဲ့ပါသေးတယ်။ဒီအရာတွေက ဘယ်လိူဆက်နွယ်နေကြတာလဲ။
အတော်ကြာပြီးနောက်မှာတော့..န်ိုတစ်ဆိုတာက ရှေးဟောင်း သင်္ဘောရဲ့ ကပ္ပတိန်တစ်ယောက်လို့ သူ ခန့်မှန်းလိုက်တယ်။သူက ဟန်ဆောင်သူရဲ့မာစတာ ဖြစ်ပြီး..၊ ဆန်းကျယ်တဲ့ ဒင်္ဂါးပြားတွေပေါ်မှာ ရှိနေတဲ့မျက်နှာက သူ့ရဲ့ပုံပါ။နိုတစ်က ဒီဒင်္ဂါးပြားတွေကို
ပထမဦးဆုံး ဖန်တီးခဲ့တဲ့လူလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့်လည်း ဒီအရာတွေက သူ့ရဲ့ မြင့်မြတိနယ်မြေမှာပဲ အသုံးပြုနိုင်ခဲ့တယ်။
သူက ကိုင် ၊ အယ်ဖီ နဲ့ ကတ်စီတို့ ဘာလုပ်နေကြလဲ ဆိုတာကိုလည်း တွေးတောခဲ့ပါသေးတယ်။
သူက နစ်ဖီ အကြောင်းကိုလည်း တွေးတောခဲ့တယ်။
ဒုတိယနေ့မှာတော့ သူက အချက်အလက်ဇယားကို ထုတ်ဖော်ကြည့်လိုက်တဲ့အချိန်မှာ သူမက နတ်ဆိုး အဆင့်ကို ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ဆန်နီက [ 2 / 4000 ] လို့ပြထားတဲ့ နေရာကို မျက်နှာသေနဲ့ကြည့်နေခဲ့ပြီးမှ သက်ပြင်းချကာ..ဝိဥာဥ်ပင်လယ်ထဲကို တိုးဝင်သွားခဲ့ပါတယ်။
အဲ့နေရာမှာတော့ သူက မှတ်သားမူ တွေ နဲ့ သူသတ်ခဲ့တဲ့ သတ္တဝါတွေရဲ့ အရိပ်တွေကို ကြည့်နေခဲ့တယ်။
ဒါက သူ့အတွက် နာရီအနည်းငယ်ကြာမြင့်ခဲ့ပါတယ်။
...ဒါမှမဟုတ် အကြာကြီးပေါ့။
တတိယမြောက်နေ့မှာတော့ ဆန်နီက ဒီတိုင်း သေဆုံးနေတဲ့ ဟန်ဆောင်သူရဲ့ အပေါ်မှာထိုင်ရင်း..လေဟာနယ်ကို စိုက်ကြည့်နေခဲ့တယ်။သူ့ စိတ်တွေကတော့ ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ ပြုမူနေခဲ့ပါပြီ။သူ့ဘေးနားမှာ ဘာမှရှိမနေပေမယ့်လည်း..ဆန်နီက တစ်ခါတစ်ရံမှာ ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေ ၊ အမှောင်ထဲကအရိပ်တွေ နဲ့ အဝေးက အသံတွေကိုကြားသလိုလိုဖြစ်နေခဲ့တယ်။
ဒီအရာတွေက အစစ်အမှန် ဖြစ်နေတယ်လို့ တွေးမိချင်ပေမယ့်..အချိန်အကြာကြီး အစာရေစာငတ်ပြတ်လို့ ဖြစ်ပေါ်လာတဲ့ ရလာဒ်ဆိုတာကို သိထားခဲ့ပါတယ်။လူသားတွေရဲ့ စိတ်တွေက ဆန်းကျယ်ပြီး ဘာမှမရှိတဲ့ အရာတွေ အများကြီး ဝန်းရံခံထားရတာကို တောင့်ခံမထားနိုင်ကြပါဘူး။
ရုတ်တရက် အောက်ဘက်ကောင်းကင်ကို ခုနှစ်ရက်လောက်ဆင်းသက်ပြီး ..ထိပ်လန့်တကြားနဲ့ ရူးသွပ်ကာ ပြန်ရောက်လာတဲ့ လူတစ်ယောက်ရဲ့အကြောင်းက သူ့အတွက်တော့ အဓိပ္ပါယ်ရှိလာခဲ့တယ်။
အနည်းဆုံးတော့ သူ့ရဲ့တည်ရှိနေမူနဲ့ တစ်ခုခုကို အသိဝင်နေစေဖို့..ဆန်နီက ငွေရောင်ခေါင်းလောင်းကို ထုတ်ယူပြီး အမှောင်ထုထဲမှာ မြည်နေစေခဲ့တယ်။သံစဥ်လေးတွေက ချောက်နက်ထဲကို တိုးဝင်ပျောက်ကွယ်သွားတာကို နားထောင်နေခဲ့ပါတယ်။
အခုတော့ သူက ရတနာသေတ္တာပေါ်မှာ ထိုင်ကာ ၊ အဝေးက ကြယ်လေးတွေကိုကြည့်ရင်း..သာမန်ကျောက်တုံး နဲ့ စကားပြောနေခဲ့ပါတယ်။
"ဒီတော့ မင်းရဲ့ နေ့ရက်က ဘယ်လိုနေလဲ ကျောက်တုံးလေး.."
မှတ်သားမူက သူ့ရဲ့အသံနဲ့ပဲ ပြန်ဖြေလာခဲ့တယ်။
"ဘာမှမရှိတဲ့ အရာတွေချည်းပဲ..။မင်းကရော.."
ဆန်နီ ခနလောက် တိတ်ဆိတိနေပြီးကာမှ ပြောလိုက်တယိ။
"ငါကတော့ အားလပ်ရက်ကို ခံစားနေတာ.."
သာမန်ကျောက်တုံးက ရယ်မောလိုက်ပြီး..
"နားထောင်လို့တော့ ကောင်းသားပဲ..။မင်းရဲ့ အားလပ်ရက်က ဘယ်လိုနေလဲ.."
သူ သက်ပြင်းချလိုက်တယ်။
"အရမ်းကောင်းတယ်..။ငါက အခုထိ အောက်ခြေကို မရောက်သေးဘူး.."
အတော်ကြာတဲ့အထိ ဘာအသံမှ မကြားရပဲ တိတ်ဆိတ်နေခဲ့တယ်။ယင်းနောက် မေးခွန်းအသစ်က ထွက်ပေါ်လာခဲ့ပါတယ်။
"....ဘာလို့ အရမ်းမှောင်နေတာလဲ.."
ဆန်နီ အားနည်းစွာပြုံးလိုက်ပြီး..
"ဘာလို့ မှောင်နေတာဖြစ်ရမှာလဲ..။ဒါက အောက်ဘက် ကောင်းကင် ပဲလေ.."
သို့ပေမယ့် သူ တုန့်ခနဲဖြစ်သွားခဲ့တယ်။
'ဘာလဲဟ..'
ဒီမေးခွန်းကို မေးလိုက်တဲ့အသံက သာမန်ကျောက်တုံးဆီကနေ လာခဲ့တာ မဟုတ်ပါဘူး။
ဒီအသံက သူ့ရဲ့ကိုယ်ပိုင်အသံလည်း မဟုတ်ပေ။