တုံးအပြီး သူရဲဘောကြောင်တဲ့ငှက်
Vol. 126 Ch. 1755
မြေပေါ်တွင် အလုံးလိုက်ထသွားသော ဖုန်မှုန့်များကိုကြည့်ပြီး ရှီမာယူယူ သည် ခရမ်းရောင်လေးကို စက္ကန့်ပိုင်းမျှ အားနာသွားသည်။
“တိမ်တိုက်ဝိညာဉ်အစုတ်ပလုတ် မင်းက မနာလိုနေတာပဲ” ခရမ်းရောင် လေးသည် ဖုန်လုံးထဲမှထကာ မိုးပေါ်မှ တိမ်တိုက်ဝိညာဉ်ကိုအော်လိုက်သည်။
ရွှီး….
မိုးကြိုးသွားသည် ခရမ်းရောင်လေးကို တိုက်ရိုက်ပစ်ပြီး တိမ်တိုက်ဝိညာဉ် ၏ တုံ့ပြန်ချက်ကိုပြသလေသည်။
ရှီမာယူယူသည် ဆွံ့အစွာဖြင့် ထွက်လာလိုက်သည်။ ဒီဘေးဒုက္ခလျှပ်စီး ကာ ခရမ်းရောင်လေးအတွက် အားဖြည့်စာဆိုတာ တိမ်တိုက်ဝိညာဉ်မေ့များ နေသလား။
မီးခိုးရောင်ငှက်သည် မိုးကြိုးဘေးဒုက္ခကိုမြင်သောအခါ ထိတ်လန့်သွား သည်။ သို့သော် ထိုမိုးကြိုးသွားမှာ သူ့အတွက် မဟုတ်သည်ကို မြင်သောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ရှီမာယူယူ သွားပြီး ခရမ်းရောင်လေးကို ကောက်ကာ မီးခိုးရောင်ငှက်၏ အပြုအမူကိုကြည့်ပြီး ကြင်နာစွာဖြင့် သတိပေးလိုက်သည် “ဘေးဒုက္ခစတော့ မယ်”
“ဟင်”
မီးခိုးရောင်ငှက်သည် နောင်တရနေပြီဟု မပြောလိုက်ရခင်မှာပင် မိုးကြိုး သွားတစ်ချက်ကျလာပြီး သူ့ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်ပစ်ချလိုက်လေသည်။
“အာ….”
ငှက်ကင်အနံ့သည် လေထဲတွင်လွှင့်လာသည်။ လျှပ်စီးများ သူ၏ အမွေးဆီသို့ စီးဝင်သွားသည်ကို သူမ မြင်လိုက်ချိန်တွင် သုံးမိနစ်မျှ ဝမ်းနည်းသွားမိ သည်။
သူမ ထိုနေရာတွင် ရပ်နေစဉ်အတွင်းတော့ မိုးကြိုးသွားများသည် သူမကို မထိမှန်ဘဲ လုံးဝလျစ်လျူရှုထားလေသည်။
“ဝူး… ဝူး…” မီုးခိုးရောင်ငှက်သည် မြေပေါ်တွင် အော်ဟစ်နေသည်။ သူသည် လကြောက်လွန်းသဖြင့် အတောင်ပံများဖြင့် ခေါင်းကိုအုပ်ကာထား သည်။
ရှီမာယူယူ - “…”
သူမ အမှန်တကယ်ပြောချင်နေသည်။ ဒီလောက်ကြောက်နေတာကို အသွင်ပြောင်းမိုးကြိုးဘေးဒုက္ခကို စိန်ခေါ်ရဲသေးတယ်ဟုတ်လား။
“ဟုတ်ပြီ ရှင် နောက်စက္ကန့်ပိုင်းအတွင်း သေတော့မလို အကြည့်နဲ့ ကျွန်မ ကိုကြည့်မလာနဲ့ မိုးကြိုးကို ခုခံဖို့ ရှင့်ဝိညာဉ်စွမ်းအားကို မလှုပ်ရှားဘူးဆိုရင် တကယ် သေသွားလိမ့်မယ်” သူမ အော်လိုက်သည်။
“ဝူး ငါကြောက်တယ်….” မီးခိုးရောင်ငှက်သည် နာကျင်စွာဖြင့် ညည်းညူ လေသည်။
“ရှင့်ကို မိုးကြိုးဘေးဒုက္ခနဲ့ မသတ်ဖို့ ကျွန်မ တိမ်တိုက်ဝိညာဉ်နဲ့ သဘော တူပြီးပြီ ဒါပေမဲ့ ဒီလိုမျိုးဆက်သွားနေရင် ကျွန်မ မကူညီနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျန်တာကိုတော့ ရှင့်ဘာသာကြည့်လုပ်ရမှာပဲ”
မီးခိုးရောင်ငှက်သည် သူမ စကားကိုကြားသည်နှင့် စိတ်ထဲတွင် ယုံကြည် ချက်များဖြစ်ပေါ်လာကာ ဘေးဒုက္ခတိမ်တိုက်များကိုကြည့်ပြီး ရဲတင်းစွာ ကြည့် လိုက်သည် “ဒါဆို ငါစမ်းကြည့်မယ်”
သူသည် ပြောပြီးနောက် ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ရွေ့လျားပြီး ကျလာသော မိုးကြိုးဘေးဒုက္ခကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သူ့ပုံစံကိုကြည့်ပြီး ဂူလန်တောင်မှ ဝိညာဉ်သားရဲများအားလုံးသည် လေးစားကုန်ကြသည်။
“ဆရာက တကယ်ကိုမိုက်တာပဲ မိုးကြိုးဘေးဒုက္ခကိုတောင် တိုက်ရိုက် ပြန်တိုက်ခိုက်နေတာ”
“ဟုတ်တယ်”
“ငါတို့ရော ဘယ်တော့များမှ အဲလိုစွမ်းအားရမှာလဲ”
“ဟားဟား မင်းတို့ ဆရာ့ကိုအားကျရင် များများသာလေ့ကျင့်လိုက်”
ဂူလန်တောင်မှ သားရဲများအားလုံးသည် ဤတစ်ကြိမ်တွင် အားမာန်များ တက်ကြွကြသည်။ နောက်ရက်များတွင် ဂူလန်တောင်တစ်ခုလုံးတွင် မရဏာ သားရဲများအားလုံး လုံ့လစိုက်ကာ ကျင့်ကြံကြသဖြင့် မြင်ရခဲလှသည်။
ဂူလန်တောင်ကို ရတနာလာရှာကြသူများလည်း မိုးကြိုးဘေးဒုက္ခကြောင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
“အထွတ်အထိတ်သားရဲ့က ဘာလို့ အသွင်ပြောင်းဖို့ ရွေးချယ်တာလဲ မိုးကြိုးဘေးဒုက္ခကနေ အသက်ရှင်ဖို့ကို ယုံကြည်ချက်ရှိလွန်းနေတာလား”
“ရတနာကြောင့်များလား”
“အသွင်ပြောင်း မိုးကြိုးဘေးဒုက္ခနဲ့ ရတနာက ဘာများပတ်သက်မှုရှိလို့ လဲ ငါတို့ ဒီကိုရောက်နေတာကြာပြီ ဘာမှလည်းမရသေးဘူး သားရဲတွေလည်း မရှိကြဘူး ဖြစ်နိုင်ရင် ငါတို့လည်း မြန်မြန်ပြန်မှထင်တယ်… ဘာမှလည်း မရလာဘူး”
“ဘာတွေလောနေတာလဲ မိုးကြိုးဘေးဒုက္ခပြီးတဲ့အထိ ဘာလို့မစောင့် တာလဲ အထွတ်အထိပ်သားရဲက ဒီဘေးဒုက္ခကို အောင်မြင်မလားဆိုတာ ငါ ကြည့်ချင်တယ်”
“ဟုတ်တယ်”
မုခိုင်အန်း၊ ချောင်ချန်းအန်းနှင့် တခြားသူများတွေ့သည့်အချိန်… သူနှင့် အကြီးအကဲဟွောင်တို့ကိုမြင်သောအခါ မေးလေသည် “ရှီအာနဲ့ ကျန်တဲ့လူတွေ ရော”
မုရုန်အန်းသည် ခေတ္တမျှရှက်သွားကာ ပြောလိုက်သည် “ငါတို့တွေ အံ့ဖွယ် သားရဲသုံးကောင် တိုက်ခိုက်တာခံရပြီး လမ်းမှာတင် လမ်းခွဲခဲ့တာပဲ”
ချောင်ချန်းအန်းသည် များများစားစား တွေးမနေပေ။ ပုံမှန်အားဖြင့် ဤကဲ့သို့အခြေအနေတွင် လူခွဲပြေးခြင်းသည် အသက်ရှင်နိုင်ချေများသည်။
“ဘယ်အထွတ်အထိပ်သားရဲ အသွင်ပြောင်းနေလဲမသိဘူး” သူသည် မိုးကြိုးဘေးဒုက္ခသွားရာဘက်သို့ ကြည့်လိုက်သည် “ယွမ်လေးနဲ့ ကျန်တဲ့လူတွေ အခု ဘယ်လိုနေလဲမသိဘူး”
“သူတို့ အဆင်ပြေမှာပါ” မုရုန်အန်းသည် ရှက်ရှက်နှင့်ပင် ပြောလိုက် သည်။
“သွားကြမယ် အထွတ်အထိပ်သားရဲ ဘေးဒုက္ခကျော်ဖြတ်နေတာကို သွား ကြည့်ကြမယ်” ချောင်ချန်းအန်း ပြောလိုက်သည်။
“မသွားနဲ့ တစ်ခုခုဖြစ်ရင် ငါတို့ထွက်ပြေးချိန်မရဘဲနေလိမ့်မယ်” မုခိုင်အန်း ပြောလိုက်သည် “ငါတို့ ဘယ်ကာကွယ်သူကိုမှ မခေါ်ခဲ့ဘူး”
ချောင်ချန်းအန်းသည် ခေတ္တမျှစဉ်းစားပြီးနောက် လက်လျော့လိုက်သည်။
ထိုအချိန် ထာဝရတောက်ပခြင်းမြို့တော်ဘက်တွင် ဂိုဏ်းများအားလုံး သည် ဂူလန်တောင်၏ ထူးခြားမှုကို သတိထားမိပြီး လူအများအပြား အပြေး လာကြသည်။
မုရုန်ဟွေ့နှင့် မိသားစုများစွာမှ ခေါင်းဆောင်များလည်း မကြာခင်တွင် ဂူလန်တောင်သို့ ရောက်လာကြသည်။ သူတို့သည် လူအုပ်ကြီးကိုမြင်နေရ သော်လည်း သူတို့မျိုးနွယ်မှ လူငယ်မျိုးဆက်များကိုမမြင်ရသဖြင့် တစ်ယောက် ပြီးတစ်ယောက် ဆက်သွယ်ကြလေသည်။
မုရုန်ဟွေ့နှင့် ရှောင်မိသားစုခေါင်းဆောင်၊ ကုန်းဇီမိသားစုတို့သည် မုရုန်ပိုင်နှင့် ကုန်းဇီယွမ်တို့ကို အတူတွေ့ကြသည်။ သူတို့နှစ်ယောက်လုံးကို မြင် လိုက်မှပင် ရှောင်မိသားစုနှင့် ကုန်းဇီမိသားစုတို့မှာ စိတ်အေးသွားကြလေသည်။ သို့သော် အထွတ်အထိပ်သားရဲနှင့် ငှက်မည်းများကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ချွေးအေးများပျံလာသည်။
ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်ကို ဘာမှမလုပ်ခဲ့ပေ။ တစ်ခုခုဖြစ် လျှင် သူတို့မိသားစုကို မည်သို့ရှင်းပြရတော့မည်မသိပေ။
“ရှီအာရော” မုရုန်ဟွေ့သည် ရှီမာယူယူကို မမြင်မိသဖြင့် မေးလိုက်သည်။
“ရှီအာ သူမက…” ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ မပြောနိုင်ကြတော့ ပေ။
“သူမ ဘာဖြစ်လို့လဲ” မုရုန်ဟွေ့၏ ရင်မှာစူးနစ်ဝင်သွားသည်။ သူမမှာ တစ်ခုခုထပ်ဖြစ်ပြန်ပြီလား။ ဘယ်သူလုပ်တာလဲ။
ရှောင်ရော့ပိုင်သည် မိုးကြိုးဘေးဒုက္ခဆီသို့ ညွှန်ပြကာ ပြောလိုက်သည် “သူမက အထဲမှာ”
“သူမက မိုးကြိုးဘေးဒုက္ခဧရိယာထဲမှာလား” မုရုန်ဟွေ့သည် မယုံကြည် ပေ “သူမက ဘာလို့အဲဒီကိုရောက်နေတာလဲ”
မိုးကြိုးဘေးဒုက္ခလာတဲ့အချိန်ကို ဘယ်လိုထွက်ပြေးရမလဲဆိုတာ သူမ မသိဘူးလား။
ကုန်းဇီယွမ်သည် ငှက်မည်းကြီးကိုကြည့်လိုက်သည်။ ထို့နောက် သူတို့ သည် အံ့ဖွယ်သားရဲသုံးကောင်၏ လိုက်ခြင်းကိုခံရပြီး ဤနေရာသို့ရောက်လာပုံ နှင့် ပြီးနောက် ရှီမာယူယူ တောင်သို့ တစ်ယောက်တည်း ရောက်သွားပုံကို ရှင်းပြလိုက်သည်။
“ဦးလေးဟွေ့ အရင်ဆုံးတော့ စိတ်မပူပါနဲ့ ကျွန်မတို့ အဲဒီကိုကြည့်လိုက် တော့ မိုးကြိုးလျှပ်စီးတိုင်းက အထွတ်အထိပ်သားရဲကိုပဲ ပစ်တာပါ အခု ရှီအာ အဆင်ပြေမှာပါ” ရှောင်ရော့ပိုင်သည် သူ့ကိုနှစ်သိမ့်လေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူမက မိုးကြိုးဘေးဒုက္ခမှာ ပိတ်မိနေတာ မဟုတ်ဘူးလား” ရှောင်မိသားစုခေါင်းဆောင်သည် တအံ့တဩပြောလေသည်။
“ကျွန်တော်တို့လည်းမသိဘူး ဒါပေမဲ့ အဲဒီကိုသေချာကြည့်လိုက်ရင် တကယ်ပဲ အထွတ်အထိတ်သားရဲကိုပဲ ပစ်နေတာ” ကုန်းဇီယွမ် ပြောလိုက် သည်။
“မြို့ဝန် အဲလိုဆိုမှတော့ အရမ်းကြီးစိတ်ပူမနေပါနဲ့ ကျုပ်တို့ စောင့်ကြ တာပေါ့” ကုန်းဇီမိသားစုခေါင်းဆောင် ပြောလိုက်သည်။
“အင်း ကျုပ်တို စောင့်ရုံပဲရှိတော့တာပေါ့” မုရုန်ဟွေ့သည် ဘေးဒုက္ခ တိမ်တိုက်များကိုကြည့်လိုက်သည်။ သူတို့သည် ဤနေရာတွင် စောင့်ရုံသာ တတ်နိုင်ကာ မည်သည့်လှုပ်ရှားမှုမှမလုပ်နိုင်ကြပေ။ ဝင်ပါလိုက်သူသည် မိုးကြိုးဘေးဒုက္ခအလယ်တွင် ထိခိုက်နိုင်သည်။
မိုးကြိုးဘေးဒုက္ခမှာ ကြောက်မက်ဖွယ်မကောင်းလှဟု ဆိုသော်လည်း ဘေးသင့်မှုတစ်ခုလုံးမှာ နာရီဝက်ထက်ပင် ကျော်သည်။ တိမ်တိုက်ဝိညာဉ် သည် သူမကို ကတိမမေ့ရန်ပြောသွားပြီး ချက်ချင်းထွက်သွားလေသည်။
ရှီမာယူယူ ထပ်ပြီးသတိပေးခံရသောအခါ မတတ်သာစွာဖြင့် ရယ်မော လိုက်သည်။ ဒီကောင်လေးက ဒီတစ်ခါတော့ သူမကို အနီးကပ်စောင့်ကြည့်နေ တော့မှာပဲ။
“အာ…”
အနက်ရောင်အလင်းတန်း တောက်ပလာရာ သူမ လှည့်ကြည့်လိုက်ချိန် တွင် မီးခိုးရောင်ငှက်သည် အလင်းတန်းနက်များအကြားတွင် လူးလှိမ့်နေသည် ကိုမြင်လိုက်ရသည်။
ဒီကောင်ကတော့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ညည်းညူလာခဲ့တာ နောက်ဆုံးတော့ သူ့ဆန္ဒအတိုင်းဖြစ်သွားပြီပေါ့။
“ရှီအာ” မုန်ရုန်ဟွေ့၏ အနည်းငယ် စိုးရိမ်ပူပန်သောအသံ ပေါ်ထွက်လာ ရာ သူမ လှည့်ကြည့်လိုက်သည်နှင့် မုရုန်ဟွေ့နှင့် တခြားသူများ သူမဆီသို့ ပြေး လာသည်ကိုမြင်လိုက်ရသည်။
“အဖေ” ရှီမာယူယူသည် ခရမ်းရောင်လေးကို ဖက်ထားသည် “ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ”
“ဒီမှာလှုပ်ရှားသံတွေ ကြားလို့ ရောက်လာတာ” မုရုန်ဟွေ့သည် သူမကို စေ့စေ့စပ်စပ်ကြည့်လေသည် “အဆင်ပြေရဲ့လား”
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ စိုးရိမ်မှုများကိုမြင်သောအခါ ရုပ်တူခြင်း ကြောင့် သူ သမီးဖြစ်သူနှင့်အထင်မှားနေသည်ကို သူမ သိလိုက်သည်။
“အဖေ ကျွန်မအဆင်ပြေပါတယ်” သူမ ပြုံးလိုက်သည်။
“တကယ်ပဲ အဆင်ပြေရဲ့လား” မုရုန်ဟွေ့သည် မယုံသေးပေ။ လူ တစ်ယောက်က မိုးကြိုးဘေးဒုက္ခကို တွေ့ကြုံပြီးတော့ ဘယ်လိုလုပ် အဆင်ပြေ နိုင်မှာလဲ။ သူသည် သူမကို အသေအချာကို စစ်ဆေးကြည့်ရာ သူမခန္ဓာကိုယ် တွင် မည်သည့်ဒဏ်ရာကိုမှမတွေ့ရပေ။
***