← Chapters

စာချုပ်

Vol. 39 Ch. 605

စာချုပ်

Vol. 39 Ch. 605

ပင်လယ်နက်နတ်ဘုရားက ချန်လွေ့၏ မျက်နှာပေါ်မှ လေးစားမှုကို ကြည့်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်သည်။ “ခုနက မင်းပြောတဲ့ လျော်ကြေးကို ရုတ်တရက် ငါ နည်းနည်း စိတ်ဝင်စားသွားပြီ။ ဒါက မင်းနဲ့ မင်းရဲ့သင်္ဘောသားတွေ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လောက်တယ်။”

မိမိ၏နည်းဗျူဟာကို ဧရာမသားရဲကြီး မြင်သွားသည်ဖြစ်ရာ ချန်လွေ့က အချိန်ဆွဲသော နည်းဗျူဟာကို အသုံးပြုနေရန် တန်ပြန်တိုက်စစ်များကို စဉ်းစားနေခဲ့သည်။ “ဆာက အမြော်အမြင်ကြီးတဲ့သူပဲ။ မြွေပုံစံကွက် တံဆိပ်ပြားရဲ့ စစ်မှန်မှုကို မြင်နိုင်လောက်ပါတယ်။”

ပင်လယ်နက် နတ်ဘုရား၏အပြုံးက အေးစက်သွားခဲ့သည်။ “ငါ စေတန်ကို တကယ်ကြောက်တယ်လို့ မထင်နဲ့။ ဒီနေရာစုတ်ကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ပိုင်နက်တိုင်းပြည်က ..... ”

ချန်လွေ့၏ မျက်လုံးများ ဝေ့ကြည့်လိုက်သည်။ သူ၏ အမူအရာ ပို၍ ရိုကျိုးသွားပြီး အရိုအသေပြုလိုက်၏။ “ဆာက တကယ် အမြင်ကောင်းတာပဲ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ တကယ်တော့ ကျုပ်က စေတန်နဲ့ ဘာမှမဆိုင်ပါဘူး။ ဆာ့ကို ကျေနပ်စေဖို့အတွက် ဘယ်လိုလျော်ကြေးမျိုး ပေးရမလဲဆိုတာ သိလို့ရနိုင်မလား။”

“ရတနာ....” ပင်လယ်နက် နတ်ဘုရားက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “မင်းရဲ့နောက်က တည်ရှိမှုကို ငါ မသိဘူး။ ဒါပေမဲ့ မင်းက အမှောင်နဂါး ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်‌လောက်တယ်။ ငါက သိပ်လောဘမကြီးဘူး။ ရတနာ တစ်ဝက်ဆိုရင် လုံလောက်ပြီ။ နောက်တော့ ပစ္စည်းတချို့လည်း လိုအပ်တယ်။ ငါတို့တွေ ညီတူမျှတူ စာချုပ် ချုပ်လို့ရတယ်။ မင်းရဲ့ခန္ဓာကိုယ်က စာချုပ် ချုပ်နိုင်သေးရင်ပေါ့။”

“ကျုပ်က ဒုတိယ စာချုပ် မချုပ်နိုင်တော့တာ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်က စာချုပ်ကို ပယ်ဖျက်နိုင်တယ် မဟုတ်လား။”

ပင်လယ်နက် နတ်ဘုရားက မျက်မှောင်ကြုတ်လိုက်သည်။ “နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်က စာချုပ်တစ်ခုထက် ပိုချုပ်နိုင်တယ်။ ဒါပေမဲ့ ငါတို့က တစ်ဖက်လူရဲ့ စာချုပ်ကို မပယ်ဖျက်နိုင်ဘူး။ ကိုယ့်ရဲ့စာချုပ်ကိုပဲ ထိန်းချုပ်နိုင်ပြီးတော့ ငါတို့ထက် စွမ်းအားနိမ့်တဲ့ စာချုပ်ကိုပဲ ပယ်ဖျက်နိုင်တာ။ ငါတို့က တူညီတဲ့စာချုပ်အမျိုးအစား တစ်ခုပဲ ချုပ်နိုင်တယ်။ ဒါက အခြေခံတွေပဲ။ ဒါတောင် မင်း မသိဘူးလာ။”

“လက်စသတ်တော့ ဒီလိုကိုး။” ချန်လွေ့ ယခုမှ သဘောပေါက်သွားခဲ့သည်။ “ကျုပ်ရဲ့ စွမ်းအားက ဆာ့ထက် နိမ့်ကျတယ်ဆိုတော့ မူရင်းစာချုပ်ကို ကျုပ် လက်လျှော့ပြီးတော့ ဒီစာချုပ်ချုပ်မယ်ဆိုရင် ဆာ ပယ်ဖျက်မှာလား။”

“စာချုပ်ကို ပယ်ဖျက်ဖို့အတွက် အတော်လေး ပေးဆပ်ရတယ်။ မင်းရဲ့ လျော်ကြေးက ငါ့ကို ကျေနပ်စေနိုင်မယ်ဆိုရင် ဒါက နှစ်ဖက်လုံး အကျိုးအမြတ်ရတဲ့ အခြေအနေပဲ။ ငါ ရူးမိုက်တဲ့အရာတွေကို လုပ်မှာ မဟုတ်ဘူး။” ပင်လယ်နက် နတ်ဘုရားက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ “ဒါက ငါမင်းကိုပေးနိုင်တဲ့ အရက်‌ရောဆုံး အခြေအနေပဲ။ အခု မင်း ဒါကို ရွေးချယ်မလား၊ ငြင်းပယ်ပြီးတော့ သေမလား။”

“ဆာ့ရဲ့ ရက်‌ရောမှုက လနှစ်စင်းရဲ့ တောက်ပမှုကိုတောင် ယှဉ်နိုင်ပါတယ်။” ချန်လွေ့က ရုတ်တရက် ပြုံးလိုက်သည်။ “ဒါပေမဲ့ ဆာက ကျုပ်ကို ဘာလို့ ကျွန်-သခင် စာချုပ် မချုပ်ခိုင်းတာလဲ။ ဆာက စေတန်ကို မကြောက်ဘူး မဟုတ်လား။ ခင်ဗျားက ကျုပ်နောက်မှာရှိတဲ့ တည်ရှိမှုကို ဘာလို့ စိုးရိမ်နေမှာလဲ။ ဒါမှမဟုတ် ဆာ ပြောတဲ့အတိုင်း တူညီတဲ့စာချုပ်ကို တစ်ခါပဲ ချုပ်လို့ရတယ်ဆိုတော့ ဆာက တည်ရှိမှုတစ်ခုခုနဲ့ ကျွန်-သခင် စာချုပ် ချုပ်ထားတယ်လို့ ယူဆမလား။ ပြီးတော့ ခင်ဗျားက သခင် မဟုတ်ဘူး။”

လူမျက်နှာပေါ်မှ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ချန်လွေ့က ဆက်ပြောသည်။ “ဒီစကား မပါရင်တောင် ဆာ့ရဲ့ ပိုင်နက်တိုင်းပြည်က ဒီပင်လယ်နယ်မြေမှာ ကန့်သတ်ထားတာဆိုရင် နှစ်ပေါင်းများစွာကြာတာတောင် ဘာလို့ မထွက်သွားသေးတာလဲ။ ကျုပ် အတင့်ရဲပြီးတော့ မှန်းဆရရင်တော့ ရတနာတွေမှာ ဆာ လိုအပ်နေတဲ့ ပစ္စည်းတစ်ခုက ခင်ဗျားကို ချုပ်နှောင်မှုတစ်ခုကနေ လွတ်မြောက်စေဖို့ အရေးကြီးတာ တစ်ခုခုပဲ။”

ပင်လယ်နက်နတ်ဘုရား၏ လူသားမျက်နှာနှင့် အလွန်ကြီးမားသော ပါးစပ်က တစ်ချိန်တည်းမှာပင် ဟိန်းဟောက်လိုက်သည်။ ပတ်ဝန်းကျင်လှိုင်းလုံးများက ၁၀မီတာအထိ မြင့်တက်သွားခဲ့ပြီး ပင်လယ်နေရာတစ်ခုလုံး တုန်ခါသွားခဲ့လေသည်။

ချန်လွေ့က စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပြီး ကြောက်မက်ဖွယ်ရာစွမ်းအားကို ခုခံခဲ့သည်။ သူ၏ စိတ်က ပို၍ပင် တည်ငြိမ်သွားခဲ့သည်။

ထိုအမြင်များက ဧရာမသားရဲ၏ အားနည်းချက်များကို ထိသွားကြောင်း ချန်လွေ့ သိလိုက်သည်။ တစ်ဖက်က ‌ဒေါသူပုန်ထရန် မဖြစ်နိုင်သော်လည်း ချန်လွေ့က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် [ ကြယ်လမ်းလွှဲ ] တို့ကို လိုရမည်ရ ပြင်ဆင်ထားခဲ့သည်။

“ဆာက အမြော်အမြင်ရှိတဲ့သူပဲ။ ကျုပ် ခင်ဗျားကို အမှန်အတိုင်း ပြောပြမယ်။ ကျုပ်နဲ့ စေတန်က တကယ်တော့ ပူးပေါင်းထားတဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီမြွေပုံစံကွက် တံဆိပ်ပြားကို ရထားတာ။ ဒါပေမဲ့ ဒီလို ပြဿနာရှာတဲ့ လုပ်ဖော်ကိုင်ဖက်ကို ကျုပ် မခေါ်ချင်ဘူး။ ဘာလို့လဲဆို အကျိုးအမြတ်တွေကို တခြားသူတွေနဲ့ မဝေမျှချင်ဘူးလေ။ ဒါပေမဲ့ ကျုပ်ရဲ့အကျိုးကို ထိခိုက်တာနဲ့ ကျုပ်လည်း‌ ဆေးခါးကြီးကို မျိုချရမှာပဲ။ ကျုပ် သတိပေးလိုက်ဦးမယ်။ ကျုပ်မှာ အစွမ်းနည်းနည်း ရှိသေးတယ်။ စေတန်ကို မဆင့်ခေါ်ရင်တောင် ဆာ့ရဲ့ ပိုင်နက်ကနေ ထွက်သွားဖို့က ပြဿနာ မဟုတ်ဘူး။”

နောက်ဆုံးစကားက ဧရာမသားရဲ၏ အသက်ရှူသံကို ပို၍ပင် ပြင်းထန်သွားစေ၏။ ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “တကယ်တော့ ကျုပ်က ဆာ့ရဲ့ အရင်က “နှစ်ဖက်လုံး အကျိုးအမြတ်ရတဲ့” နည်းလမ်းကို စိတ်ဝင်စားတယ်။ ဒါက ကျုပ်တဲ့ ညီတူညီမျှ ပူးပေါင်းဆောင်ရွက်မှုအတွက် တစ်ခုတည်းသော အခြေခံ ဖြစ်မယ်။ ဆာနဲ့ကျုပ်တို့မှာ အဲဒီအချိန် ကျေနပ်‌လောက်တဲ့ အကျိုးရလာဒ်တွေ ရှိလာမယ်လို့ ယုံကြည်တယ်။”

ထိုစကားများက ခြိမ်းခြောက်ခြင်းနှင့် မက်လုံးပေးခြင်းတို့ ပါဝင်နေပြီး ဧရာမသားရဲ၏ ယခင်စကားများကို ပြန်ပြောနေသကဲ့သို့ပင်။

ဧရာမသားရဲက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။ အကယ်၍ သူ့ကို ခုနက ထိုကဲ့သို့ ချန်လွေ့ ခြိမ်းခြောက်ခဲ့လျှင် ရန်ပြုမည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ယခုတွင် သူက အရာအားလုံးကို သေချာခွဲခြမ်းစိစစ်နေရလေသည်။ ဒီကောက်က အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာသိုက် ဖြတ်သန်းခွင့်ကို ကိုင်ဆောင်ထားတယ်။ ပိုင်နက် တိုင်းပြည်ထဲကို သူ ပထမဆုံး ရောက်လာတုန်းက အထူးအ‌ငွေ့အသက်ကို ငါ သတိထားမိခဲ့တာ။ မဟုတ်ရင် နာဂါတွေ စတေးတာကို ရေးကြီးခွင်ကျယ် လုပ်မနေဘူး။

“ရတနာတွေကို ငါ လက်လျှော့လို့ ရတယ်။ ဒါပေမဲ့ အခြေအနေနှစ်ခု ရှိတယ်။ ပထမတစ်ခုက ငါ့ကို ချည်နှောင်ထားတဲ့ စာချုပ်တိုင်ကို ဖျက်ဆီးဖို့ပဲ။ ဒုတိယက ငါ့ကို ခရမ်းစိတ်ဝိညာဉ်သလင်းကျောက် ယူလာပေး။” ခဏစဉ်းစားပြီးနောက် ပင်လယ်နက် နတ်ဘုရားကို အခြေအနေနှစ်ခုကို ဖော်ပြသည်။ “မင်း ငါ့နဲ့ စာချုပ်ချုပ်ရမယ်။ မဟုတ်ရင် ငါ လွတ်လပ်မှုကို လက်လျှော့ပြီးတော့ အခုပဲ မင်းကို လုံးဝ ဖျက်ဆီးပစ်မယ်။”

ပင်လယ်နက်နတ်ဘုရား စိုးရိမ်နေသည်ကို ချန်လွေ့ သဘောပေါက်သည်။ ငါ စာချုပ် မချုပ်ရင် သူ ငါ့ကို ဒီကနေ ထွက်သွားခွင့်ပေးဖို့ မဖြစ်နိုင်ဘူး။ ဒီတစ်ခေါက် ခရီးက အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစနဲ့ နဂါးဧကရာဇ်ရဲ့ ရတနာသိုက်ပဲ။ အ‌‌ကောင်းဆုံး ရလာဒ်ကတော့ ရတနာသိုက်ထဲမှာ ဇစ်မြစ်အပိုင်းအစ ရှိနေတာပဲ။ ဒါဆိုရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို ဖြစ်သွားမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး မြူဖုံးနေတဲ့ ပင်လယ်နယ်မြေကို အန္တရာယ်ကင်းကင်း ဖြတ်သွားနိုင်တာက ရလာဒ်ကောင်းတစ်ခုလို့ ယူဆလို့ရတယ်။

“ကောင်းပြီ။ ဒါပေမဲ့ ဒီပစ္စည်းနှစ်ခုရဖို့အတွက် ကျုပ် ခင်ဗျားကို ကူညီပေးမယ်ဆိုရင် နောက်ထပ် ကတိတစ်ခု ပေးရမယ်။ အဲဒီအကြောင်း ကျုပ် မတွေးရသေးဘူး။ ဒါပေမဲ့ အဲဒါက ခင်ဗျားကို အန္တရာယ်မဖြစ်စေမှာ သေချာတယ်။”

ပင်လယ်နက် နတ်ဘုရားက မစဉ်းစားဘဲ သဘောတူလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုကတိက လွန်ကဲလွန်းလျှင် သူသည် တန်ဖိုးတစ်ခုပေးဆပ်ပြီး စာချုပ်ကို ဆုတ်ဖြဲ၍ ရနိုင်‌ေပသည်။ ချန်လွေ့ တွေးလိုက်ပြီး‌နောက် စိတ်ဝိညာဉ်ကွင်းဆက် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ပင်လယ်နက် နတ်ဘုရား အရှေ့တွင် အရောင်တောက်နေသော စာချုပ်တစ်ခု ပေါ်ထွက်လာ၏။ ပင်လယ်နက် နတ်ဘုရားကို ၎င်းကိုကြည့်လိုက်ပြီး သူ၏ ဝိညာဉ်အမှတ်အသားနှင့် တွယ်ဆက်လိုက်သည်။ ချန်လွေ့လည်း ထိုနည်းတူစွာ ပြုလုပ်သည်။ စာချုပ်က ရွှေရောင် အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

ကွင်းဆက်ထဲရှိ ညီတူမျှတူ ကွင်းဆက်ထဲတွင် “ရက်ပစ်ပတ်”ဟု အမည်ရှိသော A-အဆင့် ကွင်းဆက်တစ်ခု ရှိနေသည်။ ထို့နောက်တွင် စာချုပ်၏အကြောင်း ပါရှိသည်။ “ဖြတ်တောက်၍ရသည်။ ပယ်ဖျက်၍ရသည်။” ဆိုလိုသည်မှာ ချန်လွေ့က အရှိန်အဝါ ပမာဏ အနည်းငယ်ကို အသုံးပြုသည်နှင့် စာချုပ်ကို ပယ်ဖျက်နိုင်မည် ဖြစ်လေသည်။

ဒီရေဘဝဲကြီးရဲ့နာမည်က ရက်ပစ်ပတ်တဲ့လား။ .. ငါ့ရဲ့ အရင်ဘဝက ဒဏ္ဍာရီလာ ရေဘဝဲဘုရင် ပေါလ် မဟုတ်ဘူးပဲ။

ချန်လွေ့က အသားလေး ပြုံးလိုက်သည်။ “ဆာ-ရက်ပစ်ပတ်။ ကျုပ်တို့ရဲ့ ပူးပေါင်းမှုက အတော်လေး အဆင်ပြေမယ်လို့ ထင်ပါတယ်။”

ဧရာမသားရဲ၏ လူမျက်နှာက အံ့အားသင့်သွားဟန်တူသည်။ “ငါ့နာမည်ကို မင်း ဘယ်လိုသိတာလဲ။”

“ဒါတွေက အရေးမကြီးပါဘူး။ သိပ်ပြီးတော့ ဂရုမစိုက်ပါနဲ့။ ကျုပ် မေးချင်တာက စာချုပ်ချုပ်ပြီးရင် ကျုပ်ရဲ့ သင်္ဘောသားတွေနဲ့ ထွက်သွားလို့ရပြီလား ဆိုတာပဲ။ ဖြစ်နိုင်မယ်ဆိုရင် လျို့ဝှက်မြူဖုံးကျွန်းဆီသွားမယ့် လမ်းကြောင်းကို ဆာ-ရက်ပစ်ပတ် ပြပေးဖို့ မျှော်လင့်ပါတယ်။”

ရက်ပစ်ပတ်က ခဏ စဉ်စားလိုက်သည်။ “မင်း ရှေ့ဆက်သွားချင်ရင် အနည်းဆုံးတော့ စမ်းသပ်ချက်နှစ်ခုကို ရင်ဆိုင်ရမယ်။ အဲဒီကောင်တွေက ငါ့လောက် အစွမ်းမထက်ပေမဲ့ မင်းရဲ့စွမ်းအားနဲ့ဆိုရင်တော့ မလွယ်မှာ သေချာတယ်။ တစ်ယောက်က မင်းသွားမယ့် လျို့ဝှက်ဖြူဖုံးကျွန်းမှာ ရှိတယ်။ ကန့်သတ်ချက်တချို့ကြောင့် ငါမင်းကို အများကြီး ပြောပြလို့ မရဘူး။ တစ်ခုပဲ ပြောမယ်။ ခိုင်မာတဲ့ယုံကြည်မှုနဲ့ အကြောက်တရား ကင်းမဲ့မှုပဲ။ ဒီကနေ တောင်ဘက်ကိုသွား။ သုံးလေးရက်ကြာပြီးနောက် လျို့ဝှက်မြူဖုံးကျွန်းကို ရောက်သွားလိမ့်မယ်။ လမ်းတစ်လျှောက် ဘာအတားအဆီးမှ မတွေ့အောင် ငါမင်းကို ခေါ်သွားလို့ရတယ်။ ဒါပေမဲ့ အဲဒီကိုရောက်တာနဲ့ မင်း ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။”

ရေဘဝဲဘုရင် စကားပြောနေရင်း လူမျက်နှာက အယ်ဒီလိုင်းကို အသာလေး ကြည့်လိုက်သည်။ သူ၏မျက်လုံး၅လုံး လက်ခနဲ ဖြစ်သွားပြီးနောက် အယ်ဒီလိုင်း၏ နဖူးပေါ်မှ အဓိက စတေးခံအမှတ်အသား တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ရေထဲသို့ကျသွားသော သင်္ဘောသားများက မိစ္ဆာထောင်ခြောက်သင်္ဘောပေါ်သို့ အလိုလို ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် သူတို့က လေကိုဆန်တက်ပြီး မယုံနိုင်စရာ အမြန်ဆုံးဖြင့် တောက်ဘက်သို့ သွားကြတော့သည်။

မြင်ကွင်းမှ မိစ္ဆာထောင်ခြောက်သင်္ဘော လုံးဝ ပျောက်ကွယ်သွားသောအခါ ဧရာမခန္ဓာကိုယ်၏မျက်နှာက ကြောက်ရွံ့မှု ပြသလိုက်သည်။ “သူက ဘယ်သူလဲ။ ဒီစာချုပ်ရဲ့ စည်းမျဉ်းစွမ်းအားက နတ်ဘုရား-တစ်ပိုင်းအဆင့်ကိုတောင် လုံးဝ ဖိနှိပ်နေနိုင်တယ်။ ဒါက နဂါးဧရာဇ်ရဲ့ စာချုပ် အထက်မှာတောင် ရှိတယ်။ ဧကန္တ....”

စူပါစနစ်၏ စိတ်ဝိညာဉ်ကွင်းဆက်က ရေဘဝဲဧကရာဇ်ကို ထိတ်လန့်သွားစေ ခဲ့ကြောင်း ချန်လွေ့ မသိခဲ့ပေ။ ထိုအတားအဆီးကို ကျော်ဖြတ်ပြီးနောက် ချန်လွေ့၏ တင်းမာနေသောခန္ဓာကိုယ် ရုတ်တရက် ပြေလျော့သွားခဲ့သည်။ ထိုအချိန်မှသာ ကြယ်ချပ်ကာအတွင်းမှ အဝတ်အစားများ ချွေးစိုနေကြောင်း သိသွားတော့သည်။

အမှန်အတိုင်းပြောရရင် ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ဧရာမ မကောင်းဆိုးဝါးနဲ့ ဆွေးနွေးညှိနှိုင်းရတာက မူလလောကမှာဆိုရင် သိပ္ပံနည်းမကျဘူးလို့ပဲ ပြောလို့ရမယ်။ ဒါပေမဲ့ ဒီလောကမှာ တကယ် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ သိပ္ပံနည်းမကျနေတုန်းပဲ။

ချန်လွေ့က အယ်ဒီလိုင်းကို ကြည့်လိုက်သည်။ “မစ်-အယ်ဒီလိုင်း။ ငါပြောတာကို မှတ်ထား။ ဘယ်တော့မှ မျှော်လင့်ချက်ကို မပျောက်စေနဲ့။”

“အင်း။ ကျေးဇူးပါပဲ။ ဆာ-အက်ဂ်ယော။” အယ်ဒီလိုင်း ခေါင်းညိတ်လိုက်ပြီး ဖြူစင်စွာဖြင့် ပြုံးလိုက်၏။ သူ၏ အဓိကစတေးခံ အမှတ်အသားကို ရက်ပစ်ပတ်က ပယ်ဖျက်ပေးလိုက်သည့်အတွက် သူ၏စိတ်ထဲမှ အလေးတုံးကြီး ပျောက်ကွယ်သွား၏။ သူက အတော်လေး ပို၍ စိတ်အေးနေလေသည်။

ကပ်ဘေးမှ အသက်ရှင်ကျန်ခဲ့သော နာဂါအားလုံးက ချန်လွေ့ထံ ရောက်လာကြပြီး အရိုအသေ ပေးလိုက်ကြသည်။ စထရီနာသည်ပင် ယခင်က မောက်မာမှုကို ဘေးဖယ် ထားလိုက်သည်။ စွမ်းအားကိုမပြောနှင့်၊ နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကို ရင်ဆိုင်နေစဉ် တည်ငြိမ်သော စိတ်ပြတ်သားမှု တစ်ခုတည်းကပင် စထရီနာက အတော်လေး နိမ့်ကျနေခဲ့လေသည်။

ပင်လယ်နက် နတ်ဘုရားက အယ်ဒီလိုင်းနှင့် အခြားသူများကို နေနေခိုင်းခဲ့စဉ် ချန်လွေ့က သူတို့ကို လုံးဝ စွန့်ပယ်လိုက်၍ရသော်လည်း မလုပ်ခဲ့ပေ။ ထို့ကြောင့် နာဂါများက ချန်လွေ့ကို စိတ်ရင်းနှင့် ကျေးဇူးတင်ကြလေသည်။

ချန်လွေ့က ဟန်မဆောင်နေပေ။ သူက နာဂါများထံမှ အရိုအသေပေးမှုများကို လက်ခံပြီး ပြုံးကာ ပြောလိုက်သည်။ “ငါတို့တွေ ခရီးအဝေးကြီး သွားရဦးမယ်။ သင်္ဘောသားတို့။ စထရီနာ။ ငါ စွမ်းအားကို အများကြီး သုံးလိုက်မိတယ်။ အဲဒါကြောင့် သုံးလေးရက်လောက် အနားယူရမယ်။ ဒီအချိန်အတောအတွင်း မင်း အမိန့်ပေးနေလိုက်။”

ယခုအချိန်အတွင်း မိုးကြိုးမြွေကျွန်းစုသို့ ပြန်ရန်မဖြစ်နိုင်ကြောင်း စထရီနာ သိသည်။ တကယ်လို့ ချန်လွေ့က ရက်ပစ်ပတ်နဲ့ စာချုပ်ကို တကယ်ပြီးမြောက်နိုင်ရင် နာဂါတွေကို နှစ်ပေါင်းများစွာ ကျွန်ပြုခဲ့တဲ့ “ပင်လယ်နက် နတ်ဘုရား”က သူ အကျဉ်းချ ခံထားရတဲ့နေရာကနေ ထွက်သွားမှာပဲ။ ဒါဆိုရင် နာဂါမျိုးနွယ်စုလည်း လွတ်လပ်သွားမယ်။ ဒါက အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကြောင့်ပဲ ဖြစ်ဖြစ်၊ ဒီခရီးကို ငါ သွားရမယ်။

ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး နာဂါစစ်သည်၏ အစိမ်းရောင်မျက်လုံးများက လေးစားမှု ပြသလိုက်သည်။ “စိတ်ချပါ။ ကပ္ပတိန်။”

ချန်လွေ့က လုံးဝ စိတ်အေးသွားခဲ့ပြီး သင်္ဘောခန်းထဲသို့ ဝင်သွားသည်။ ငါ ဒီတစ်ခေါက်က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသက်သွင်းလိုက်လို့ ဒီအတားအဆီးကို ကျော်လွှားနိုင်ခဲ့တာ။ ချန်လွေ့က ယုံကြည်မှုသလင်းကျောက် အရေအတွက် နည်းလွန်းနေသည့်အတွက် အနည်းငယ် မသက်မသာ ဖြစ်နေခဲ့သည်။

ငှက်တောင်ဖြူနယ်မြေမှာ ဟဲရာဘီးကို အသူရာ ဝါးမျိုပြီးသွားတော့ ငါ့ရဲ့ ယုံကြည်မှုစွမ်းအားကို ထူးခြားတဲ့စွမ်းအားတစ်ခုက လုယူသွားသလိုပဲ။ ယုံကြည်မှု သလင်းကျောက်က တစ်နေ့ထက်တစ်နေ့ လျော့လျော့လာတယ်။ ရေဒြပ်စင်နန်းတော်မှာ တိုက်ခိုက်တုန်းက အသူရာ ပြန်နိုးလာခဲ့တယ်။ ပြီးတော့ ယုံကြည်မှုသလင်းကျောက် အထွက်နှုန်းက ပိုနှေးသွားခဲ့တယ်။ အခုတလော ငါ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို ခဏခဏ သုံးခဲ့တယ်။ စုဆောင်းထားတဲ့ ယုံကြည်မှုသလင်းကျောက်တွေ ကုန်တော့မယ်။ နောက်ထပ်နှစ်ခေါ်ပဲ သုံးလို့ ရတော့တယ်။

သေချာတယ်။ ဒါက အသူရာရဲ့ လှည့်ကွက်တွေပဲ။ ဒီလို ခေါင်းမာပြီးတော့ လျို့ဝှက်ဆန်းကြယ်တဲ့ရန်သူ ရှိနေသရွေ့တော့ ငါက မသက်မသာ ခံစားနေရဦးမှာပဲ။ ဒါပေမဲ့ အသူရာကို အရင် [ စိတ်သန့်စင်ခြင်း ] စမ်းသပ်ချက်မှာရော၊ ကြယ်ဆင့်ကဲပြောင်းလဲခြင်းမှာရော လုံးဝ မရှင်းပစ်နိုင်ခဲ့ဘူး။ ဒီတစ်ခေါက် အသူရာ နိုးထလာတာက မရိုးရှင်းလောက်ဘူး။ အထူးသဖြင့် ဒြပ်စင်ဘုရင်သုံးပါးနဲ့ ယှဉ်ပြိုင်ဖို့ အသက်သွင်းခဲ့တဲ့ထူးဆန်းတဲ့စွမ်းအားက ငါ့စွမ်းအားတဲ့ အများကြီး သာလွန်တယ်။

အကြီးမားဆုံးသော စမ်းသပ်ချက်တစ်ခု ရောက်လာတော့မည်ဖြစ်ကြောင်း ချန်လွေ့ ခံစားမိနေလေသည်။

All Chapters