← Chapters

အသီနာရဲ့ အစီအစဉ်လေး

Vol. 39 Ch. 586

အသီနာရဲ့ အစီအစဉ်လေး

Vol. 39 Ch. 586

နတ်ဘုရား-တစ်ပိုင်းနယ်ပယ်၏ တကယ့်အဆင့်ကို ဇိုလာထံမှ ချန်လွေ့ သိခဲ့ရသည်။ အမှန်တကယ်၌ ငွေသေတ္တာကဲ့သို့ ဇိုလာ မပြောခဲ့သော အရာများစွာ ရှိသည်။ သို့သော်လည်း ထိုငွေသေတ္တာက နတ်ဘုရား-တစ်ပိုင်းအဆင့် စွမ်းအားနှင့် ဆက်နွှယ်နေနိုင်ကြောင်း သူသိသည်။ သို့မဟုတ်ပါက ပါ့ဂ်လီအိုသည် ထိုစဉ်က နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်၏ ချိပ်ပိတ်ခြင်းကို ခံရမည် မဟုတ်ပေ။ ဇိုလာက သေတ္တာကို သီးသန့်ပိုင်ဆိုင်လိုခြင်းမဟုတ်ကြောင်း ချန်လွေ့ သဘောပေါက်သည်။ သူက ချန်လွေ့ ရည်မှန်းချက်များ လွန်ကဲသွားပြီး သွေးဆောင်မှုကို မထိန်းနိုင်ဘဲ ဖြတ်လမ်းလိုက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

အစ်ဇဘယ်လာ မြေဒြပ်စင်ဘုရင် ထိန်းချုပ်ထားသော သြဇာယွမ်ဘုံ၌ အိပ်စက်နေ၏။ မြေဒြပ်စင်ဘုရင်ပေးသော မြေအရင်းအမြစ်စွမ်းများကို ရရှိပြီးနောက် ဇိုလာက ၎င်းကို လေ့လာရန် စိတ်အားထက်သန်နေခဲ့သည်။ ချန်လွေ့က သက်တန့်တောင်ကြား၌ မနေခဲ့ဘဲ ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်သို့ ပြန်လာသည်။

ဒိုဒိုက အစေခံကောင်လေးအဖြစ် ခြံဝင်းထဲ၌ ကြိုးကြိုးစားစား ရှိနေဆဲ ဖြစ်သည်။ သို့သော် ဆရာသခင် ရိုမန် ရှိမနေဘဲ အသီနာ ရှိနေ၏။

ချန်လွေ့ ပေါ်ထွက်လာသည်ကို မြင်သည့်အခါ အသီနာ၏ မျက်လုံးများ တောက်ပသွားပြီး မတ်တပ်ရပ်သည်။ “နင် ပြန်လာပြီပဲ။”

“ကိုယ်ပြန်လာပြီ။” ချန်လွေ့ စိတ်လှုပ်ရှားနေ၏။ ခြံဝင်းတစ်ခုလုံး နွေးထွေးသွားဟန် တူသည်။

အသီနာ လမ်းလျှောက်လာပြီး ချန်လွေ့ကို ပွေ့ဖက်လိုက်သည်။ ခီရာသာဆိုလျှင် ချန်လွေ့၏ခန္ဓာကိုယ်ကို အနံ့ခံပြီး အခြားမိန်းမများ၏ အနံ့ရှိမရှိကို စစ်ဆေးကြည့်မည်မှာ သေချာပေသည်။ သို့ရာတွင် အသီနာက ထိုသို့ မဟုတ်ပေ။ သူက ချန်လွေ့ကို ချက်ချင်းပင် ပွေ့ဖက်ခဲ့သည်။

ဒိုဒိုက အလျင်အမြန်ပင် မျက်လုံးများကို ကာထားလိုက်သည်။ သို့သော် သူက အခွင့်အရေးယူပြီး နောက်ထပ် လက်နှစ်ဖက် ပေါ်ထွက်လာကာ ပါးစပ်ထဲသို့ စားစရာများ အဆက်မပြတ် ထိုသွင်းလိုက်သည်။ ချွဲကျိကောင်က ရှီလန်တောင်မှာကတည်းက ထိုကဲ့သို့ အမြဲပင် ပြုလုပ်နေခဲ့သည်။

ချန်လွေ့က လက်မောင်းထဲမှ နွေးထွေးပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ခံစားနေရင်း စိတ်ထဲသို့ အပြစ်မကင်းသော လှိုင်းတစ်ခု ရောက်ရှိလာ၏။ “ကိုယ် တောင်းပန်ပါတယ်။”

အသီနာ ခေါင်းမော့ပြီး ချန်လွေ့ကို ငေးကြည့်ရင်း ချိုသာစွာ ပြုံးပြလိုက်သည်။ “တောင်းပန်လို့ အလောမကြီးပါနဲ့။ အခုတလော ဒိုဒိုက အလုပ်ကြိုးစားတယ်။ သူ့ကို ဆုလာဒ်တစ်ခုခု ပေးလိုက်။”

ပတ်ဝန်းကျင်၏ ဆိုးဝါးသော သက်ရောက်မှုကြောင့် ဖြစ်ပေမည်။ နဂါးများနှင့် အချိန်အတော်ကြာ အထိအတွေ့ ရှိခဲ့သော ဒိုဒိုကလည်း စုဆောင်းသည့် ဝါသနာတစ်ခု ရှိလာသည်။ သို့ရာတွင် ချွဲကျိကောင်၏ “ရတနာများ” မှာ တန်ဖိုးများကြီးလှပေ။ သလင်းကျောက် အသေးလေးများ၊ အပေါစားလက်ဝတ်တန်ဆာများ၊ အပင်မျိုးစေ့များ၊ ဝိုင်ပုလင်းအလွတ်များ စသည်တို့သာ ဖြစ်သည်။

ချန်လွေ့က အသီနာ၏စကားကို နားထောင်သည်။ ထို့ပြင် ဒိုဒိုကလည်း သူ့ပုံစံအဖြစ် ခဏခဏ ရုပ်ဖျက်ပြီး အလုပ်ကြိုးစားပေးခဲ့သည်။ ချန်လွေ့က ချက်ချင်းပင် သစ်သီးသုံးလေးလုံးနှင့် အသုံးမဝင်သော လက်စွပ်တစ်ကွင်းကိုထုတ်ပြီး ဒိုဒိုအား ပစ်ပေးလိုက်သည်။ ချွဲကျိကောင်က ‌ပျော်ရွှင်လျက် ခုန်ပေါက်ပြီး ထိုအရာများကို ဖမ်းကာ ခြံဝင်ထောင့်ဘက်သို့ ခုန်ပေါက်သွားပြီး ကြည့်ရှုခံစားတော့သည်။

အသီနာ သမ်းဝေလိုက်ပြီး နွမ်းလျသော မျက်နှာဖြင့်‌ ပြောသည်။ “နေ့တိုင်း အလုပ်ကိစ္စတွေနဲ့ ငါ ပင်ပန်းရတယ်။ လော့ဒ်တစ်ယောက် ဖြစ်ရတာက ဒီလောက် ခက်ခဲမယ်ဆိုတာ မသိခဲ့ပေ။ မင်းသမီး...ဧကရီအရှင်မ ဒါကို ဘယ်လိုကိုင်တွယ်ခဲ့လဲတော့ ငါ တကယ် မသိဘူး။ ပြီးတော့ အဲဒီအချိန်တုန်းမှာ သူက ခက်ခဲတဲ့ အခြေအနေကို ရောက်နေခဲ့တာ။ အခုလို ကိုယ်စားလှယ်လော့ဒ်အနေနဲ့ ဘယ်လောက်ကြာကြာ လုပ်ရမလဲ မသိဘူး။ အရင်က စစ်တန်းလျာ ဘဝကို ငါ တကယ် လွမ်းမိတယ်။”

“မင်း အလုပ်ကြိုးစားခဲ့တာပဲ။ မဒမ်-အသီနာ။” ချန်လွေ့ ခါးကိုင်းလိုက်သည်။ “လာ။ အနားယူဖို့အတွက် ကိုယ်မင်းကို အပေါ်ထပ်ဆီ သယ်သွားပေးမယ်။”

အသီနာက နှုတ်ခမ်းစူလိုက်ပြီး ချန်လွေ့၏ကျောကိုမှီကာ လည်ပင်းကို ဖက်လိုက်သည်။ ချန်လွေ့က အသီနာက ကျောပိုးသွားပြီး အပေါ်ထပ်တက်သွား၏။

အသီနာက မျက်လုံးကို အသာလေးမှိတ်ပြီး မျက်နှာကို ချန်လွေ့၏ကျောပေါ် ဖိထားလိုက်သည်။ ချက်ချင်းပင် သူတို့နှစ်ယောက်က အစမှ ငြိမ်သက်မှုနှင့် နွေးထွေးမှုဆီသို့ ရောက်သွား သကဲ့သို့ ခံစားလိုက်ရသည်။ လမ်းပိုရှည်လေလေ၊ ပိုကောင်းလေလေ ဟူ၍သာ သူတို့ ဆုတောင်းနေခဲ့သည်။

“‌ဟေး။ ဆာ-ခေါင်းဆောင်။ မင်းက ဘာလို့ အသီနာက ကျောပိုးထားပြီးတော့ စင်္ကြံလမ်းများ အဝိုင်းပတ်ပတ်နေရတာလဲ။ အကြောဆွဲနေတာလား။” အူကြောင်ကြောင် အသံတစ်သံက စိတ်အခြေအနေကို နှောင့်ယှက်လိုက်ပြီး အသီနာက မျက်လုံးများကို ဖွင့်လိုက်သည်။

ဆာ-ခေါင်းဆောင်နှင့် ဆာ-ဦးလေးလောင်း၏ မျက်လုံးများ မီးတောက်နေသည်ကို မြင်သွားပြီး တူဖြစ်သူက လိပ်ပြာမလုံ ဖြစ်သွား၏။ သူက [ လျှပ်တပြက် ] ပါရမီကို အပြည့်အဝ အသက်သွင်းပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ခွေးကောင်။ မင်း ပြေးတာ မြန်လို့နော်။”

ချန်လွေ့က ဒေါသတကြီး ပြောသည်။ အသီနာလည်း ပြုံးဖြီးဖြီး လုပ်လိုက်၏။ “အခန်းထဲ သွားကြရအောင်။ ငါ ဗိုလ်ချုပ်..အမ်...မဒမ်-လော့ဒ် ကောင်းကောင်း အနားယူချင်တယ်။”

ချန်လွေ့က အသီနာကို အခန်းထဲသို့ ချီပိုးသွားပြီး ကုတင်ပေါ်သို့ တင်လိုက်သည်။ အသီနာ အကြောဆန့်လိုက်၏။ “အိမ်က သက်တောင့်သက်သာ အဖြစ်ဆုံး ဖြစ်နေတုန်းပဲ။ နန်းတော်မှာ နေရာတက ငါ အသားမကျဘူး။”

ချန်လွေ့က ကုတင်ပေါ်တွင်ထိုင်ပြီး ပေါင်ပေါ်၌ အသီနာ၏ခေါင်း တင်ထားပြီး အနားယူစေကာ လော့ဒ်တစ်ယောက် ဖြစ်ရသည့် ပြဿနာများအကြောင်း ပြောနေသည်ကို စိတ်ရှည်ရှည်နှင့် နားထောင်နေသည်။ တရစပ် ညည်းညူပြီးနောက် အသီနာက ပြုံးရင်း ပြောသည်။ “အင်း။ ငါပြောတာ ပြီးပြီ။ ခုနက နင်ငါ့ကို ပြောစရာ တစ်ခုခု ရှိနေသလိုပဲ။”

အသီနာ၏ တောက်ပနေသော အနီရောင်မျက်လုံးများကို ကြည့်ရင်း ချန်လွေ့ ရှက်မိသွားသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ချန်လွေ့က အံကြိတ်ကာ ပြောသည်။ “အဲဒါက ..... အစ်ဇဘယ်လာ အကြောင်းပါ။ ကိုယ် ပင်လယ်သေကို မြေဒြပ်စင်ဘုရင်နဲ့အတူ သွားတော့မယ်။”

အသီနာ ခဏစဉ်းစားပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ နင် ဆုံးဖြတ်ပြီးမှတော့ လုပ်ပေါ့။”

“ဟမ်...” ချန်လွေ့ အံ့အားသင့်သွားသည်။ “ဒီအကြောင်း မင်း သိနေတာလား။”

“ဒါက အစိတ်အပိုင်း အသေးလေး တစ်ခုပါပဲ။ ဘာလို့ ဒိုဒိုကို ဆုပေးခိုင်းရလဲ နင်သိလား။”

နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားသည်။ ဒိုဒို။ ဒီစက်ဆုပ်စရာ ချွဲကျိကောင်ကို အသီးစားနေသလို ဟန်ဆောင်ပြီး ထောင့်မှာ ခွေနေရင်း ရိုမန်နဲ့ငါ ပြောနေတာကို ခိုးနားထောင်ခဲ့တာပဲ။ ပြီးတော့ သူက အကျိုးအမြတ်တွေ ရဖို့အတွက် သခင်မကို သတင်းပြန်ပို့ခဲ့တယ်။

“တောင်းပန်ပါတယ်။” ချန်လွေ့ ခေါင်းငုံ့လိုက်သည်။ အသီနာ၏ သူ၏ ပထမဆုံး ချစ်သူ ဖြစ်သည်။ သူ့အတွက် ချန်လွေ့၏ ခံစားချက်များမှာ ပထမဆုံးမိန်းမဖြစ်သော ဧကရီအရှင်မထက် ပိုမိုနက်ရှိုင်းသည်။ အသံတိတ်ညစိမ့်မြေ အဖြစ်အပျက်ကို မထည့်တွက်လျှင် နောက်ပိုင်း၌ သူက ခီရာ၊ ရှီရာ၊ ဇိုလာနှင့် တစ်ယောက်ပြီးတစ်ယောက် “ငြိ”ခဲ့သည်။ ယခုတွင် နောက်ထက် အစ်ဇဘယ်လာတစ်ယောက် ရှိနေသည်။ ချန်လွေ့၏ စိတ်ထဲ၌ အသီနာအပေါ် အတောင်းပန်ချင်ဆုံး ဖြစ်နေသည်။

“လျို့ဝှက်ချက်ကို အကြာကြီး ဖုံးကွယ်ထားလို့မရဘူးဆိုတာ ငါ သိပါတယ်။” အသီနာက အနည်းငယ် ပို၍တွန့်ဆုတ်လျက် ပြုံးလိုက်သည်။ “ဒေလီယာက အစ်ဇဘယ်လာကို အာရုံစိုက်ထားဖို့ ငါ့ကို ဟိုးကတည်းက ပြောခဲ့တယ်။ သူက သူ့ရဲ့ “ချာလီစ်”ကို တကယ် ရှာတွေ့သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”

ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “အစ်ဇဘယ်လာက အစတုန်းက မသိသေးဘူး။ ရိုမန် ကိုယ့်ကိုယ် သစ္စာဖောက်ခဲ့တာ။”

“အဲဒါပဲလား။ ဒါဆို အခုကော။ နင် ဘာလို့ ပင်လယ်သေကို သွားမှာလဲ။” အသီနာက ချန်လွေ့ကို တည့်တည့်ကြည့်လိုက်သည်။ ချန်လွေ့က အသီနာ၏မျက်လုံးကို မကြည့်ရဲခဲ့ပေ။ “ငါ့အဖေက ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။ ပြီးတော့ သူ့မှာ မိန်းမ ဒါဇင်ကျော် ရှိနေသေးတယ်။ နင့်မှာ အခု ငါ၊ ခီရာ၊ ဇိုလာ၊ အရှင်မ ရှီရာ နဲ့ သူ့ညီမ၊ ပြီးတော့ အရိပ်နက်အင်ပါယာက လျို့ဝှက်ချစ်သူတစ်ယောက်လည်း ရှိတယ်။ အစ်ဇဘယ်လာကို ထပ်ပေါင်းလိုက်မယ်ဆိုရင် ၇ယောက်ပဲ ရှိသေးတယ်။ အများကြီး မဟုတ်သေးဘူး။ ငါ လက်ခံနိုင်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒိုဒို ပြောတာကိုကြားတော့ ငါ စိတ်ဆိုးသွားမိသေးတယ်။ နင်သိပါတယ်။ ငါက ဖုံးကွယ်တဲ့နေရာ မတော်ဘူး။ အဲဒါကြောင့် စိတ်ထဲမှာ ရှိနေတဲ့အတိုင်း ပြောလိုက်တာ။”

ချန်လွေ့က အဲလစ် မပါဝင်ကြောင်း မရှင်းပြခဲ့ပေ။ သူက အသီနာ၏ ဆံပင်နီအား အသာလေး ပွတ်သပ်ပြီး စိတ်မသိုးမသန့်ဖြင့် ပြောသည်။ “သိပါတယ်။ ဒါမှ ကိုယ့်ရဲ့ အသီနာ။”

အသီနာ သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ နင်ငါ့ကို အိမ်ထဲ အဖော်ပြုပြီးတော့ အကြောင်းတချို့ကြောင့် ငါ စိတ်မဆိုးတော့ဘူး။ တကယ်တော့ အစ်ဇဘယ်လာရဲ့ စရိုက်က အချို့အပိုင်းတွေမှာ ငါနဲ့ အတော်လေး ဆင်တူတယ်။ ငါတို့နှစ်ယောက်လုံးက သန်မာချင်ကြတယ်။ အဲဒါကြောင့် နောက်ဆုံးအချိန် မရောက်တဲ့အထိ ငါတို့ရဲ့ ခံစားချက် အမှန်ကို မပြောကြဘူး။ အထူးသဖြင့် သူက တစ်ခါ သေပြီးသွားပြီ။ ရှီလန်တောင်မှာ ငါတို့ ရှိနေခဲ့တုန်းက ဖြစ်ခဲ့တာတွေကို မှတ်မိလား။”

“မှတ်မိတယ်။ ကိုယ် အဲဒါကို တစ်ဘဝလုံး မှတ်မိနေမှာပါ။” ချန်လွေ့က ပြိုင်ဘက်ကင်းရန်သူ ဂလော်ဖင်းကို ရင်ဆိုင်နေစဉ် အသီနာ၏ မသေခင် ဖွင့်ပြောခြင်း အခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ပင် အနည်းငယ် သိမ့်သိမ့်တုန်သွား၏။

ဒါပေမဲ့ ငါနင့်ကို ချစ်နေတုန်းပဲ။ သဘောကျတာ မဟုတ်ဘူး။ ချစ်တာ။

ချန်လွေ့က ရှေ့သို့ကိုင်းပြီး အသီနာ၏ နဖူးကို နမ်းလိုက်သည်။ “အသီနာ။ ကိုယ်မင်းကို ကတိပေးတယ်။ ဒါက နောက်ဆုံးအကြိမ်ပဲ။ ကိုယ်မင်းကို ထပ်ပြီးတော့ မတရား မဖြစ်စေတော့ဘူး။”

“တကယ်တော့ နင် တစ်နေ့ လူသားလောကဆီ ပြန်သွားရင် နင့်ရဲ့ဆွေမျိုးတွေ၊ မိန်းမတွေ ရှိမှာပဲ....”

“ဒီအကြောင်း စိတ်မပူပါနဲ့။” ချန်လွေ့က ပြတ်သားသော အမူအရာနှင့်အတူ ခေါင်းခါသည်။ “ကိုယ့်ဆွေမျိုးတွေက ဒီမှာပါ။ ကိုယ် မင်းကို ဘယ်တော့မှ မထားသွားပါဘူး။”

အသီနာက ချန်လွေ့၏ရင်ခွင်မှ ထလိုက်သည်။ ရုတ်တရက် သူ နှုတ်ခမ်းစူပြီး ဓားမြောင်တစ်ချောင်း ထုတ်လိုက်သည်။ ချန်လွေ့ အံ့အားသင့်သွား၏။ ၎င်းမှာ အသီနာကို သူ ပထမဆုံးပေးခဲ့သည့် ဓားမြောင်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ထိုစဉ်က သူ၏ သတ္တုကျွမ်းကျင်မှုမှာ ညံ့ဖျင်းနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုဓားမြောင်ကို အသီနာက အမြဲပင် တန်ဖိုးထားခဲ့သည်။

“နင့်လက် ဆန့်လိုက်။”

“သွေးထုတ်ပြီး အပြစ်ပေးမလို့လား။” ချန်လွေ့က ခါးသက်သက် ပြုံးပြီး လက်ကို ဆန့်တန်းလိုက်သည်။

“အဲဒီတုန်းက နင့်ကိုငါ ဘာလို့ ဓားမြောင်တစ်လက် လုပ်ခိုင်းတာလဲဆိုတာ နင်သိလား။”

ချန်လွေ့ ခေါင်းခါသည်။ အသီနာ၏ မျက်နှာ နီမြန်သွား၏။ “နင် အခုပဲ သိရမှာပါ။ ငါက နင့်ရဲ့ ပထမဆုံးမိန်းမ မဖြစ်လာခဲ့ပေမဲ့ ငါက အနည်းငယ်တော့ ဧကရီအရှင်မထက် စောတယ်။ အခုတော့ သူ့ထက်စောပြီးတော့ လုပ်စရာ တစ်ခုရှိတယ်။”

ထိုသို့ပြောပြီးနောက် အသီနာက ချန်လွေ့က ညာလက်ကောက်ဝတ်ကို အသာလေး ဖြတ်တောက်လိုက်သည်။ ချန်လွေ့က တမင်တကာပင် အလိုအလျောက် ဂုဏ်သတ္တိကို ဘေးဖယ်ထားလိုက်ရာ သွေးများ တဖြည်းဖြည်း စီးကျလာ၏။ ထို့နောက် အသီနာက သူ့ဘယ်လက်ကောက်ဝတ်ကို ဖြတ်တောက်လိုက်ပြီး သူတို့၏လက်များကို အချင်းချင်း ထပ်ကာ မြင့်မြင့်မြှောက်လိုက်ပြီး သွေးများ အတူတူ ပေါင်းစည်းသွားစေသည်။

“နတ်ဆိုးဘုံမှာ လက်ထပ်တဲ့ ဓလေ့ထုံးတမ်းတွေ အများကြီး ရှိတယ်။ ဒါက အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးပဲ။” အသီနာက ချန်လွေ့ကို လေးလေးနက်နက်နှင့် ကြည့်လိုက်သည်။ “ချန်လွေ့။ ဒီဘဝမှာ နင်နဲ့ သွေးရောနှောတဲ့ ဒီမိန်းမနဲ့ တစ်သက်လုံး နေပြီးတော့ သူ့ဘေးနားမှာ မသေခင်အထိ ရှိသွားဖို့ ဆန္ဒရှိလား။”

ချန်လွေ့ သိမ့်သိမ့်တုန်သွားပြီး ပြင်းထန်သော ပျော်ရွှင်မှုတစ်ခု လှိမ့်တက်လာ၏။ “ရှိပါတယ်...”

“ငါ အသီနာဝေးလ်စ်က ဒီလူနဲ့ ဘဝအဆုံးသတ်အထိ အဖော်ပြသွားဖို့ ဆန္ဒရှိတယ်။” အသီနာ၏မျက်နှာက ရှက်ရွံ့မှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ “ဒီတော့ ငါ့တို့ရဲ့သွေး ရောနှောသွားတဲ့ အချိန်ကစပြီးတော့ ငါက နင့်ရဲ့ တရားဝင်မိန်းမ ဖြစ်သွားပြီ။”

“မဟုတ်ဘူး။” ချန်လွေ့ ခေါင်းခါသည်။ “မြို့တော်က ပြန်လာတုန်းက ကိုယ်မင်းကို လက်စွပ်တစ်ကွင်းပေးပြီးတော့ သစ္စာဆိုခဲ့တာကို မှတ်မိလား။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ နေမကောင်းဖြစ်ရင်ပဲဖြစ်ဖြစ်၊ နေကောင်းရင်ပဲဖြစ်ဖြစ်၊ သေခြင်းကပဲ ငါတို့ကို ကွဲကွာအောင် လုပ်နိုင်မှာ။ အဲဒီအချိန်က စပြီးတော့ မင်းက ကိုယ့်ရဲ့ တရားဝင်မိန်းမနဲ့ ပထမဆုံးမိန်းမ ဖြစ်သွားခဲ့ပြီ။ အနာဂတ်မှာ ကိုယ်မင်းကို အလှပဆုံး သတို့သမီး တစ်ယောက်ဖြစ်အောင် ခမ်းနားကြီးကျယ်တဲ့ လက်ဆောင်တစ်ခု အစားပေးမယ်။”

အသီနာ၏ ပတ္တမြားကဲ့သို့မျက်လုံးများ တောက်ပသွားပြီး ချန်လွေ့၏ လက်မောင်းထဲသို့ ပြေးဝင်သွားလိုက်သည်။

“ဒီည နင်ငါ့ကို တစ်ယောက်တည်း အဖော်ပြုပေးရမယ်။ ညှို့ငင်တတ်တဲ့ ကောင်မလေး ခီရာကို ခေါ်ခွင့်မပြုဘူး။”

“ဒါပေါ့။ ကိုယ့်မွေးရပ်မြေက ထုံးတမ်းတွေအတိုင်းဆိုရင် ဒီညက ကိုယ်တို့ နှစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ မင်္ဂလာဦးညပဲ။”

“ငါက နင့်ရဲ့ ပထမဆုံး တရားဝင် မိန်းမပဲ။ အနာဂတ်မှာ နင်က မင်းသား ကြင်ရာတော် ဖြစ်ရင်တောင် ဒါကို ပြောင်းလဲလို့ မရဘူး။”

( လက်စသတ်တော့ .... သလင်းကျောက်မောင်းမဆောင်ရဲ့ နေရာ အကြောင်းကိုး။ အသီနာမှာတောင် ဒီလိုမျိုး နည်းနည်းလေး တစ်ကိုယ်ကောင်းဆန်တဲ့အကြံ ရှိနေတယ်။ )

“အင်း...”

“နောက်ထပ် မိန်းမတစ်ယောက်နဲ့ နင်ဖြစ်ရဲရင် နင့်ရဲ့မိန်းမ ငါ့ကို အပိုင်ကြံတယ်လို့ အပြစ်မတင်နဲ့။”

( လက်စသတ်တော့ ...)

“ဟမ်။ သိပါပြီ...အား...”

“ဘာလုပ်ချင်တာလဲ။”

“ကိုယ့်ရဲ့ မဒမ်-မိန်းမက သူ့ရဲ့ .... တာဝန်ကို ဖြည့်ဆည်းဖို့ မလိုဘူးလား။”

“နင့်ရဲ့ မကောင်းတဲ့လက်တွေကို ဘေးဖယ်ထားဦး။ အစ်ဇဘယ်လာနဲ့ ပင်လယ်သေ အကြောင်း ငါ့ကိုပြောပြ။”

“…”

ချန်လွေ့က မိန်းမတစ်ယောက်အရှေ့တွင် အခြားမိန်းမတစ်ယောက်ကို ချီးမွမ်းခြင်း ကဲ့သို့သော တုံးအသည့်အရာများကို ပြုလုပ်မည် မဟုတ်ပေ။ သူက အဓိကအားဖြင့် အစ်ဇဘယ်လာ၏ ဝမ်းနည်းဖွယ် အဖြစ်အပျက်များကို အသေးစိတ် ပြောပြသည်။ အသီနာက ၎င်းကို ကြားသည့်အခါ အစ်ဇဘယ်လာအတွက် ဝမ်းနည်းသွားသည်။ ထိုအပြင် ချန်လွေ့ကလည်း ပင်လယ်သေသို့သွားမည့် သူ၏တာဝန်ကို ဂူရာဒန်အား အဆင့်တက်ရန်အတွက် အကူအညီပေးရန်နှင့် ရှေးဟောင်း အဂ္ဂိရတ်ရဲတိုက် ပြန်လည်ပြုပြင်ရန် အထိ ဖြန့်ကျက်ခဲ့သည်။ သူက အသီနာအား လျို့ဝှက်ဆန်းကြယ်သော ရတနာမြေပုံကိုလည်း ပြသသည်။

အသီနာက ရှေ့ကိုမှီပြီး ချန်လွေ့၏ လက်မောင်းထဲသို့ တိုးဝှေ့နေကာ ချန်လွေ့၏ လက်များကို သူ၏ခန္ဓာကိုယ်အား ပြောင်ပြောင်းတင်းတင်း အခွင့်အရေး ယူစေလိုက်သည်။ ချန်လွေ့၏ လုပ်ရပ်များက “ယောက်ျားတိုင်းတွင် အကြင်နာပိုသော လက်တစ်စုံရှိသည်” ဟူသော စကားကို အပြည့်အဝ အတည်ပြုပေးခဲ့သည်။ ခဏအကြာတွင် သူတို့နှစ်ယောက် အဝတ်အစားများကို ချွတ်လိုက်ကြသည်။ ချစ်ရသူနှင့် အချိန်တစ်ခုအထိ အတူတူ မနေခဲ့ရသော မဒမ်-ကိုယ်စားလှယ်လော့ဒ်က မျက်နှာနီမြန်းနေပြီး အသံရှူသံ မြန်လာခဲ့သည်။

ထိုအချိန်၌ ဘေးဖက်တွင် ပစ်ထားသော ရတနာမြေပုံက ထူးဆန်းသော စွမ်းအား တစ်မျိုးမျိုးကို ခံစားမိသကဲ့သို့ပင် ထူးဆန်းသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေရာ ချန်လွေ့ အံ့အားသင့်သွားသည်။ ထိုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။ ဇဝေဇဝါဖြစ်နေပြီး အရူးအမူးဖြစ်နေသော အသီနာသည်ပင် ထိုကဲသို့ ထူးဆန်းမှုကို မြင်သည့်အခါ အံ့အားသင့် သွားလေသည်။

“ဒါက ကိုယ်တို့လုပ်ရမယ့် ဆန်းကြယ်တဲ့အရာတဲ့ ဆက်နွှယ်နေတဲ့ နှာဘူး ရတနာ မြေပုံများလား။”

ဖောင်းဒိုင်းရတနာ မြေပုံလား။ အသိစိတ်တန်ဖိုးများ အနုတ်ဘက်ရောက်နေသော ချန်လွေ့က ဆိုးရွားသော ဖြစ်နိုင်ချေ တစ်ခုကို တွေးမိလိုက်ပြီး သူ၏လက်က လှပသော လော့ဒ်တစ်ဦး၏ စမ်းချောင်းတောင်ကြားဆီသို့ လိုက်စမ်းနေလိုက်သည်။

“ခဏနေဦး။” အသီနာက နှုတ်ခမ်းကိုကိုက်ပြီး ချန်လွေ့ကို ဆွဲဆိတ်လိုက်သည်။ “ဒီမတည်ငြိမ်မှု အပြင်ကနေလာတာ။ အရင်သွားကြည့်လိုက်။”

ထိုဆွဲဆိတ်မှုကြောင့် နောက်ဆုံးတွင် ချန်လွေ့က အသိစိတ် ပြန်ဝင်သွား၏။ မတည်ငြိမ်မှု အရင်းအမြစ်မှာ အမှန်တကယ်ပင် အပြင်မှဖြစ်ကြောင်း သူ အာရုံခံမိသည်။ သူက ချက်ချင်းပင် ထရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ရာ ခြံဝင်းတစ်ဖက်မှ ဒိုဒိုကို မြင်သည်။ ဒိုဒိုက တစ်ခုခုကို မြှင့်မြှင့်မြှောက်ထားရင် အသံများ ထွက်နေ၏။

ချန်လွေ့ အံ့အားသင့်သွားသည်။ သူက အိပ်ယာသို့ ပြန်လာပြီး ရတနာမြေပုံကို ကောက်ယူကာ မဒမ်-လော့ဒ်ကို တီးတိုးပြောလိုက်သည်။ “ကိုယ်ပြန်လာမယ်။ အဝတ်အစားတွေ ပြန်မဝတ်နဲ့ဦး။”

ခြံဝင်ထဲသို့ ရောက်သော ချန်လွေ့က ချွဲကျိကောင်၏ ဘဝင်ခိုက်နေသော ရယ်သံကို ကြားလိုကု်ရသည်။ “ဆာ-ဒိုဒိုက တကယ့်ကို မယုံနိုင်စရာပဲ။ နောက်ဆုံးတော့ အမြင့်ဆုံး အရည်အသွေး ရှိတဲ့ ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ်။”

ချန်လွေ့က လမ်းလျှောက်လာပြီး ကြည့်လိုက်သည်။ ဒိုဒိုက လက်ထဲ၌ ခရမ်းရောင် မျက်မှန်တစ်လက်ကို ကိုင်ထားနေ၏။ ငွေဘောင်ပေါ်၌ လက်ရာမြောက်သော ပုံစံကွက်များ ရှိနေသည်။ ၎င်းထံမှ ပူလောင်နေသော ရောင်လျှံတစ်ခု ထွက်နေလေသည်။ ရတနာမြေပုံ၏ မတည်ငြိမ်မှုတွေက ဒီမျက်မှန်ကနေ ထုတ်လွှတ်နေတာပဲ။ “ဒိုဒို...”

ချွဲကျိကောင်က သခင်ဖြစ်သူ၏အသံကြောင့် သိမ့်သိမ့်တုန်သွား၏။ မျက်မှန်က ချက်ချင်းပင် လက်စွပ်တစ်ကွင်းအဖြစ်သို့‌ ပြောင်းလဲသွားသည်။ ဒိုဒိုက လိပ်ပြာမလုံသော အပြုံးဖြင့် နောက်ဘက်၌ ဝှက်ထားလိုက်လေသည်။ “သခင်..”

ချန်လွေ့ အံကြိတ်ပြီး ဒိုဒိုဆီသို့ တစ်လှမ်းချင်း‌ လျှောက်လာသည်။ “မင်းက သူလျှိုကောင်းတစ်ယောက် ဖြစ်နေမယ်လို့ ငါမသိခဲ့ဘူး။”

ချွဲကျိကောင်က နေရာတွင်ပင် ထုတ်ဖော်ခံလိုက်ရပြီး အလျင်အမြန်ပင် ငိုနေသော အမူအရာသို့ ပြောင်းလဲသွားသည်။ “သခင်။ ကျုပ်ကို အပြစ်မတင်ပါနဲ့။ သခင်မက ကျုပ်ကို အတင်းဖိအားပေးခဲ့တာပါ....”

“ဟမ့်။ အသီနာက အစ်ဇဘယ်လာအကြောင်း လုံးဝ မသိဘူး။ မင်းကို ဆုလာဒ် အတွက် သူ့ကို ပြောခဲ့တာ သေချာတယ်။ နောက်မှ မင်းနဲ့ ဒီကိစ္စ ရှင်းမယ်။ အရင်ဆုံး အဲဒီမျက်မှန် ငါ့ကိုပြ။”

“သခင်။ ဒါက ဒိုဒို နှစ်ပေါင်းများစွာ စုစည်းထားတာပါ။ ဒါကို ကျုပ်က ကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲဆီကနေ ခက်ခက်ခဲခဲ ခိုးယူထားရတယ်...” ချွဲကျိကောင်က နောက်ဆုံး အားထုတ်ရန် ကြိုးစားနေရင်း မြည်းတမ်းနေခဲ့သည်။

ချန်လွေ့မျက်မှောင်ကြုတ်လိုက်ပြီး နားထင်မှ အကြောများ ထောင်လာသည်။ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ စုစည်းထားတယ်။ ကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲဆီက။ ဟုတ်လား။

ချီးပဲ။ ဒါက ခုနက ငါ့ဆီကနေ ချွဲကျိကောင် ယူသွားတဲ့ “ဆုလာဒ်”ဆိုတာ အသေအချာပဲ။ အဲဒီ “အသုံးမဝင်တဲ့” လက်စွပ်။

သောက်ချွဲကျိကောင်တော့။

ဒီအကြောင်းပြောရင်းနဲ့ ဒါက အတော်လေး ကောင်းမွန်တဲ့ ဇစ်မြစ်တစ်ခု ရှိတယ်။ ဒါက ရှီလန်တောင်မှာ မိုင်းတွင်းအရာရှိ လုပ်နေတုန်း ရိုမန်နဲ့ ပထမဆုံးတွေ့ခဲ့တုန်းက အတင်းပေးခံခဲ့ရတဲ့ လက်ဆောင်တစ်ခု။

ဒီလက်စွပ်ရဲ့နာမည်က ခရမ်းမီးတောက်နှလုံးသားပဲ။ နောက်ထပ်နာမည်တစ်ခု ရှိသေးတယ်။ အဲဒါကို မရိုးဖြောင့်တဲ့ မိန်းမကြောက်တူလေးက နာမည်ပေးထားတာ။ “အချစ်ရူးလက်စွပ်” တဲ့။

All Chapters