← Chapters

သတ်မှတ်ချက်

Vol. 39 Ch. 593

သတ်မှတ်ချက်

Vol. 39 Ch. 593

ဟယ်လင် ထိုသို့ပြောလိုက်သည်နှင့် အယ်လီနာ၏ ခန္ဓာကိုယ်က ဆုံးဖြတ်ရခက်သလို ဖြစ်နေသကဲ့သို့ပင် အနည်းငယ် တုန်ခါသွားခဲ့သည်။ ‌နောက်ဆုံး၌ သူက ပင့်သက်ရှိုက်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။ အခြားမာယာရှင်များ၏ မျက်နှာကလည်း တစ်ချိန်တည်းမှာပင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြသလိုက်ကြသည်။

ထိုမြင်ကွင်းက ချန်လွေ့အား မိမိသည် ကောင်မလေးကို အတင်းရယူရန်အတွက် ခြိမ်းခြောက်ပြီး မက်လုံးပေးသော လူဆိုးသခင်လေးသဖွယ် ခံစားသွားရစေသည်။

“အထင်မလွဲပါနဲ့။ ငါက မင်းရဲ့ .... ”

ချန်လွေ့က စကားတစ်ဝက် ပြောပြီးသည်နှင့် ဟယ်လင်က ပြန်စိုက်ကြည့်ပြီး စကားဖြတ်ပြောသည်။ “မာယာရှင်နှလုံးသားရဲ့နာမည်နဲ့ ကျွန်မ ကျိန်ဆိုတယ်။ မာယာရှင် မျိုးနွယ်စုရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာကိုမဆို ကျွန်မ သ‌ဘောတူနိုင်တယ်။ မဟုတ်ရင်တော့ ကျွန်မရဲ့ အေးစက်နေတဲ့ အလောင်းကိုပဲ ရမယ်။”

ချန်လွေ့၏နဖူး အနည်းငယ် ချွေးစို့သွားခဲ့သည်။ သူက ပရိသတ်လိုက်ပြီးတော့ မင်း သီချင်းဆိုတာကို နားထောင်ချင်ရုံပါ။ ငါက ဘာလို့ အလောင်းကို လိုချင်ရမှာလဲ။

မာယာရှင်နှလုံးသားရဲ့ အသက်ဓာတ် ကုန်ခမ်းသွားရင်တောင် ဆေးရည်မည်းတွေ၊ မိစ္ဆာသစ်သီးတွေနဲ့ ဖြည့်တည်းဖို့ လုံလောက်မှာပါ။

ထိုလောက၌ အောင်နိုင်သူ စားစတမ်း ဖြစ်သည်။ ရှုံးနိမ့်သူအနေဖြင့် မာယာရှင် မျိုးနွယ်စုက ထိုကဲ့သို့ အနည်းငယ် ပေးဆပ်ရုံဖြင့် အောင်နိုင်သူထံမှ အကူအညီနှင့် ခွင့်လွှတ်မှုကို ရရှိခြင်းကး အကျိုးအမြတ် ဖြစ်နေလေပြီ။ ထို့ကြောင့် မြေဒြပ်စင်ဘုရင်က ဟယ်လင်ကို ချန်လွေ့ လိုအပ်သည့်အကြောင်းရင်းကို အချိန်ကုန်မခံဘဲ မရှင်းပြခဲ့ပေ။ ချန်လွေ့က မေးသည်။ “နာဂါနဲ့ တစ္ဆေသန္တာကျောက်အကြောင်း အရင် သိချင်တယ်။”

ယခုတွင် မာယာရှင်မျိုးနွယ်စုက သူတို့နှစ်ယောက်၏စွမ်းအားကို မခုခံနိုင်ကြရာ မိုးရီက စွမ်းအားကို ရုပ်သိမ်းလိုက်သည်။ ဘယ်ကမှန်းမသိ ပေါ်ထွက်လာသော ကျွန်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မူလ ပင်လယ်ရေမျက်နှာပြင် အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြသည်။ သို့သော်လည်း ပြန့်ကျဲနေသော တောင်ပံအမွှေးများသည် ယခင်က သွေးပျက်ဖွယ်တိုက်ပွဲကို သက်သေပြနေလေသည်။

“တစ္ဆေသန္တရာကျောက်”မှာ ချန်လွေ့အတွက် ဆတ်ဆတ်ထိမခံသော စကားလုံးတစ်ခု ဖြစ်သည်။ အကယ်၍ ကုန်ကြမ်းအများအပြားကို ရရှိနိုင်လျှင် ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းရှိ ဧရာမ သလင်းကျောက် နတ်ဆိုးသားရဲများကို ပြန်လည် အသုံးပြုနိုင်ပြီး အလွန်ကြီးမားသော အစောင့်တပ်ဖွဲ့ကို တည်ဆောက်နိုင်ပေမည်။

တစ္ဆေသန္တာကျောက်သည်လည်း အစွမ်းထက်ဆုံး အစောင့်အရှောက်ဖြစ်သည့် ဧရာမသလင်းကျောက်သားရဲကို ပြင်ဆန်ရန် လိုအပ်သော ကုန်ကြမ်းတစ်ခု ဖြစ်ပေသည်။

အယ်လီနာ ပြောသည့်အတိုင်းဆိုလျှင် တစ္ဆေသန္တာကျောက်မှာ မူလက ပင်လယ်သေ၌ အတော်လေး သာမန်သတ္တဝါတစ်မျိုးသာ ဖြစ်သည်။ နောက်ပိုင်းတွင် ပင်လယ်သေက ထူးခြားမှုတစ်ခုကို ခံစားခဲ့ရပြီး ပင်လယ်သတ္တဝါ မျိုးနွယ်စုများက ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် တိုက်စားခံရကာ မျိုးပွားနှုန်း ကြီးကြီးမားမား လျော့ကျလာခဲ့သည်။ ထို့ကြောင့် သူတို့က ထိုတိုက်စားမှုကို ဖြေရှင်းနိုင်ရန်အတွက် တစ္ဆေသန္တာကျောက်ကို အမှီပြုခဲ့ရသည်။ သို့မဟုတ်ပါက မျိုးသုန်းမည့် အန္တရာယ် ကျရောက်မည် ဖြစ်သည်။

ထို့ကြောင့် ထိုအချိန်မှစ၍ တစ္ဆေသန္တာကျောက်သည် အလိုအရှိဆုံး အရင်းအမြစ် ဖြစ်လာခဲ့သည်။ ပင်လယ်သတ္တဝါမျိုးနွယ်စု အကြားတွင်၌ တိုက်ပွဲများ ခဏခဏ ဖြစ်နေခဲ့လေသည်။

မူလက မာယာရှင်နှင့် ဟာပီတို့သည် အပြန်အလှန် အကျိုးရှိသော ဆက်ဆံရေး တစ်ခု ရှိကြသည်။ မာယာရှင်များက ဟာပီများ၏ အငွေ့အသက်ကို အသုံးပြုပြီး အပြာစက်ရောဂါကို တားဆီးကာကွယ်ကြသည်။ မာယာရှင်များ၏ သီချင်းသံကိုလည်း ဟာပီများ အမဲလိုက်ရန်အတွက် ငါးစာအနေဖြင့် အသုံးပြုနိုင်လေသည်။ ထိုကဲ့သို့ ဆက်ဆံရေးတွင် နှစ်ဖက်လုံးက မဟာမိတ်ဖွဲ့ခဲ့ကြသည်။ သူတို့၏ဘုံရန်သူမှာ တစ္ဆေသန္တာကျောက် အရင်းအမြစ် အများအပြားကို သိမ်းပိုက်ထားသော နာဂါ မျိုးနွယ်စု ဖြစ်လေသည်။

နတ်ဆိုးများက ကိုယ့်ကိုယ်ကိုယ် အသိဉာဏ်အရှိဆုံး မျိုးနွယ်စုများအဖြစ် ကြွားဝါကြသည်။ ကဝေမများက တစ်ခုတည်းသော အမျိုးသမီး မျိုးနွယ်ဖြစ်ပြီး ကျန်ရှိသည်များ အားလုံးကို နတ်ဆိုးသားရဲဟု ခေါ်ကြလေသည်။ အမှန်တကယ်၌ နတ်ဆိုးဘုံတွင် “သိပ္ပံနည်းမကျသော” နည်းလမ်းများကို (ချန်လွေ့အထင်) အမှီပြုပြီး မျိုးဆက်ပြန့်ပွားသော အမျိုးသမီးသီးသန့် သတ္တဝါများ ရှိကြသည်။ မာယာရှင်နှင့် ဟာပီများလည်း ထိုသို့ပင် ဖြစ်သည်။ အမျိုးသမီး မျိုးနွယ်စုဖြစ်သော သူတို့၏ရန်သူ နာဂါက ပင်လယ်ထဲရှိ အင်အားကြီး မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်လေသည်။

နာဂီဟု သိကြသော နာဂါများက မယ်ဒူဆာများနှင့် အနည်းငယ် ဆင်တူသည်။ သူတို့က အပေါ်ပိုင်း မိန်းမခန္ဓာရှိပြီး အောက်ပိုင်း မြွေခန္ဓာ ရှိကြသည်။ ကွာခြားချက်မှာ နာဂါများက မယ်ဒူဆာများကဲ့သို့ မြွေဆံပင်များ မရှိကြခြင်းပင်။ သို့သော်လည်း သူတို့တွင် လက်များ အပိုရှိကြသည်။

လက်များမှာ နာဂါများ၏ အဆင့်နှင့် ခွန်အားအတွက် အရေးအပါဆုံး သင်္ကေတ ဖြစ်သည်။ အဆင့်ဆုံးအဆင့် နဂါးများတွင် သာမန်လူများကဲ့သို့ လက်(၂)ဖက်သာ ရှိသည်။ အစွမ်းပိုထက်သူများက လက်(၄)ဖက်ရှိကြပြီး အဆင့်အမြင့်ဆုံးက လက်(၆)ဖက် ရှိကြသည်။ နာဂါများက မယ်ဒူဆာကဲ့သို့ [ ကျောက်ဖြစ်ခြင်း ] ပါရမီနှင့် အလှမ်းဝေး မြားပစ်စွမ်းရည်များ မရှိကြသော်လည်း အဆိပ်ပါရမီနှင့် ကြောက်မက်ဖွယ်ရာ အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်တို့ ရှိကြသည်။ မာယာရှင်များက ဟာပီများနှင့်ပေါင်းပြီး တိုက်ခိုက်သည့်တိုင် မျိုးနွယ်စု ရှင်သန်ရုံအတွက်သာ အာမခံနိုင်သည့် တစ္ဆေသန္တာကျောက် အနည်းငယ်ကိုသာ ရရှိခဲ့ကြသည်။

ယခုတွင် ဘုရင်မ အပါအဝင် ဟာပီအများစုက ထိုတိုက်ပွဲတွင် သေဆုံးသွားခဲ့ကြ၏။ မဟာမိတ်ဆုံးရှုံးသွားသော မာယာရှင်များက နာဂါများ၏ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူတို့က တစ္ဆေသန္တာကျောက်အတွက် သေချာပေါက် မယှဉ်ပြိုင်နိုင်တော့ပေ။ ဆိုလိုသည်မှာ ပြင်ပရန်သူ မရှိသည့်တိုင် မာယာရှင်များက တဖြည်းဖြည်း မျိုးသုန်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

ယခုမှ အကြောင်းရင်းကို ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ ဒါကြောင့် ဟယ်လင်က ဟာပီတွေနဲ့ ဟာပီဘုရင်မကို မသတ်ဖို့ ငါ့ကို တားခဲ့တာကိုး။ ထိုအချိန်တွင် [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း]၏ ပင်ပန်းနွမ်းနယ်သောအချိန် ရောက်ရှိလာပြီး ချန်လွေ့က အားအင်ကုန်ခမ်းလာခဲ့သည်။ ထို့နောက် သူက အာရုံပြန်စိုက်ကာ မေးသည်။ “အသင့်လုပ်ထားတဲ့ တစ္ဆေသန္တာကျောက် ရှိလား။ ကျုပ်ကို ပြနိုင်မလား။”

အယ်လီနာက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မာယာရှင်တစ်ယောက်ကို ညွှန်ကြားလိုက်သည်။ ထိုမာယာရှင်က ရေထဲသို့ ငုပ်ဆင်းသွားပြီး မကြာမီ ပြန်လာကာ ကျောက်တန်းအသေးလေးတစ်ခု ပြန်ယူလာသည်။ ကျောက်တန်းပေါ်၌ ယပ်တောင်ပုံ ဂျင်ကိုရွက်ကဲ့သို့ အရာအချို့ရှိနေပြီး အစွန်း၌ ပါးသိုင်းမွေးကဲ့သို့ ပန်းရောင် “လက်တံများ” ရှိနေလေသည်။ ချန်လွေ့ လက်ဆန့်လိုက်ရာ “ဂျင်ကိုရွက်”က ဘောလုံးကဲ့သို့ မှိုစုကဲ့သို့ပင် တွန့်လိပ်သွားခဲ့သည်။ ချန်လွေ့ အနီးကပ်လာသောအခါ အရောင်က အလျင်အမြန်ပင် ပန်းရောင်မှ အနက်ရောင် ပြောင်းသွားပြီးနောက် အကြည်ရောင် ဖြစ်သွားပြန်သည်။ ၎င်းသည် အေးစက်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး ရန်သူကို ခြိမ်းခြောက်နေလေသည်။

ချန်လွေ့ သိချင်သွားသည်။ ထို့နောက် ကြယ်ဥယျာဉ်၏ သဘာဝလွန်အားဖြစ်သည့် မြူတစ်ခုက သူ၏လက်ထဲပ ပေါ်ထွက်လာကာ တစ္ဆေသန္တာကျောက်ကို ရစ်ပတ်လိုက်၏။ သို့သော်လည်း ခဏအကြာ မြူက ပြန်ဆုတ်ခွာသွားခဲ့သည်။

ကြယ်ဥယျာဉ် မအောင်မြင်ခြင်းကြောင့် ချန်လွေ့ မျက်မှောင်ကြုတ်သွားရသည်။ တစ္ဆေသန္တာကျောက်က တိရစ္ဆာန်တစ်ကောင် ဖြစ်လောက်တယ်။ ကြယ်ဥယျာဉ်ရဲ့ မွေးမြူနိုင်တဲ့ အတိုင်းအတားအတွင်း မဟုတ်တာ အသေအချာပဲ။ ချန်လွေ့ စိတ်ပြောင်းသွားပြီး မေးလိုက်သည်။ “ကျုပ် ခင်ဗျားကို အသက်ဓာတ်ရေစင် ပေးနိုင်မယ်ဆိုရင် ဒီတိုက်စားတဲ့အားကို ပြေလျော့စေနိုင်မှာလား။”

“အသက်ဓာတ်ရေစင်လား။” အယ်လီနာ ကြက်သေသေသွားပြီး ပြန်ဖြေသည်။ “အသက်ဓာတ်ရေစင် ဒဏ္ဍာရီလာ မှော်ဆန်တဲ့ ရေအရင်းအမြစ်တစ်ခုပဲ။ မာယာရှင်တွေက ရေဒြပ်စင်သတ္တဝါတွေဖြစ်လို့ သန္ဓေပြောင်းဖို့နဲ့ အစွမ်းပိုထက်အောင် ဆင့်ကဲပြောင်းလဲဖို့ အသက်ဓာတ်ရေစင်ကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ သူက ဒီလိုမျိုး ထူးဆန်းတဲ့ တိုက်စားမှုကို ချုပ်တည်းနိုင်မနိုင်တော့ မသိဘူး။”

“ဒီပုလင်းကို အရင်စမ်းကြည့်။ ဒါ အလုပ်ဖြစ်ရင် မာယာရှင် မျိုးနွယ်စုကို ကျုပ် ဆက်ပြီးတော့ အသက်ဓာတ်ရေစင်တွေ ထောက်ပံ့ပေးမယ်။”

“ဒီတော့ မာယာရှင်မျိုးနွယ်စုရဲ့ သေခြင်းရှင်ခြင်းက ရှင့်ရဲ့ လက်ထဲမှာပေါ့။” ထိုကဲ့သို့ ရိုင်းပျသော မှတ်ချက် အသေအချာပင် ဟယ်လင်ထံမှ ဖြစ်သည်။ သူ၏စိတ်ထဲ၌ ထို“နတ်ဆိုး”သည် သူ့ကို ရရှိရန်အတွက် မျိုးနွယ်စု၏အသက်များကို ပြောင်ပြောင်းတင်တင်း ခြိမ်းခြောက်နေသော လူဆိုးတစ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့၏ပုံရိပ်က ဟယ်လင်၏မျက်လုံးထဲ၌ ပို၍ပင် မခံမရပ်နိုင်အောင် ဖြစ်နေစေသည်။

အယ်လီနာက မျှော်လင့်သော အမူအရာ ပြသလိုက်ပြီး ပုလင်းကို ယူလိုက်သည်။ သူက တကယ်ပဲ ဒဏ္ဍာရီလာ အသက်ဓာတ်ရေစင်ကို ထုတ်ပေးခဲ့တယ်။ ဒါက မာယာရှင် မျိုးနွယ်စုက အသက်ဆက်ရှင်နိုင်မယ့် နောက်ထပ်မျှော်လင့်ချက် ပေးနိုင်လောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ စမ်းကြည့်ရမယ်။

ယခု ချန်လွေ့ အလုပ်ချင်ဆုံးမှာ အိပ်စက်ရန် ဖြစ်သည်။ သူ သမ်းဝေလိုက်ပြီး မာယာရှင်၏ စကားထက်ထက်များကို ဂရုမစိုက်ဘဲ မိုးရီကို ပြောလိုက်သည်။ “ကျုပ် သင်္ဘောဆီ ပြန်ပြီးတော့ ခဏနားလိုက်ဦးမယ်။”

ချန်လွေ့၏ခန္ဓာကိုယ် ပြဿနာ တစ်ခုခု ဖြစ်နေနိုင်ကြောင်း သိသည့်အတွက် မိုးရီက ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့။ ငါ့တာဝန်ထားလိုက်။”

ဟယ်လင်၏ မုန်းတီးသော အကြည့်အောက်တွင် ချန်လွေ့က သင်္ဘောခန်းထဲသို့ ပြန်သွားလိုက်သည်။ ယခင်တိုက်ပွဲအတွင်း အိပ်ယာအောက်တွင် ပုန်းနေသော ဒိုဒိုက ချန်လွေ့ကို အပြုံးဖြင့် ကြိုဆိုလိုက်ပြီး သူ့သခင်၏ သူရဲကောင်းဆန်ပုံနှင့် ပြိုင်ဘက်ကင်းပုံတို့အား ချီးမွမ်းပုံမှာ အဆုံးမဲ့ပင် ဖြစ်‌နေ၏။ ချန်လွေ့က “တံခါးမှာစောင့်နေ” ဟူ၍ စကားတစ်ခွန်းသာ ပြောပြီးနောက် အိပ်ယာပေါ်၌ လှဲကာ အိပ်ပျော်သွားတော့သည်။

အချိန်တချို့ ကြာပြီးနောက် ချန်လွေ့ မျက်လုံးဖွင့်လိုက်ပြန်သည်။ ဒိုဒိုက အခန်းထဲ၌ ရှိမနေပေ။ သို့သော်လည်း တံခါးမှ ချွဲကျိကောင်၏ ဟောက်သံကို ကြားနိုင်ပေသည်။ သေချာကြည့်လိုက်ရာ တံခါးကို အရည်လဲ့သော “လိုက်ကာ” တစ်ခုက ဖုံးလွှမ်းထားပြီး တံခါးတစ်ဝက်ကို ပိတ်ဆို့ထားလေသည်။ ၎င်းမှာ ဒိုဒို အသွင်ပြောင်းထားခြင်း ဖြစ်၏။

ချန်လွေ့က လက်ဆန့်ပြီး “တံခါး”ကို ခေါက်လိုက်သည်။ တံခါးလိုက်ကာက ပျော့ပျောင်း အဝတ်စတစ်ခုအဖြစ် ပြောင်းလဲသွားကာ အိပ်ငိုက်နေသော မျက်လုံးများ ရှိနေသည့် အလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ ဆက်လက်၍ ဟောက်နေတော့သည်။ ချန်လွေ့ ပြုံးပြီး ခေါင်းခါသည်။ သူက ဒိုဒိုကို မနှိုးတော့မှ တံခါးအပြင်သို့ ထွက်သွားလိုက်သည်။

ထိုအချိန်၌ အပြင်ဘက်တွင် အရုဏ်တက်ချိန် နီးနေပြီ ဖြစ်သည်။ စိုထိုင်းမှုအချို့ သယ်ဆောင်လာသည့် ငါးညှီနံ့နံသော ပင်လယ်လေညင်းက သူ၏ခန္ဓာကိုယ်ကို တိုက်ခတ်နေလေသည်။ ကြယ်ကောင်းကင်က တောင်ပသော အလင်းရောင်တစ်ခု ပြည့်နှက်နေကာ ခရမ်းရောင်လနှစ်စင်း၏ ဆန့်ကျင်ဘက်တစ်ခု ဖြစ်သွားခဲ့သည်။ ပင်လယ်ပြင်ပေါ်မှ ကြယ်များကို မြင်ရသည့်ခံစားချက်မှာ ကုန်းမြေပေါ်မှနှင့် ကွဲပြား၏။ ကြယ်များနှင့် ပိုမိုနီးကပ်ပြီး ကျက်သရေရှိသော ကြယ်စင်စုထဲ၌ လွင့်မျောနေသကဲ့သို့ ခံစားရစေသည်။

“မိတ်ဆွေ။ မင်း နိုးလာပြီပဲ။” ကုန်းပတ်ပေါ်၌ မတ်တပ်ရပ်ကာ အနားယူနေသော မိုးရီက မျက်လုံး ဖွင့်လိုက်သည်။ “မင်းက တစ်ရက်နဲ့ နှစ်ည အိပ်ခဲ့တယ်။ မင်းရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု မူမမှန်တာ ရှိလား။”

“မရှိပါဘူး။ ဒါက ပုံမှန်အခြေအနေပါပဲ။ အိပ်လိုက်လို့ ကောင်းသွားပြီ....”

“လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိကြပါတယ်။ မိတ်ဆွေတစ်ယောက်အနေနဲ့ မင်းရဲ့ ကိုယ်ရေးကိုယ်တာကို ငါ စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့အခြေအနေကဆိုရင် မင်းနဲ့စိတ်နဲ့ ခန္ဓာကိုယ်က [ ယုံကြည်မှုချပ်ကာ ] စွမ်းအားနှင့် လုံးဝ မပေါင်းစည်းနိုင်လို့ပဲ။ မင်းရဲ့စွမ်းအားက အဆင့်တစ်ခုအထိကို ရောက်မယ်ဆိုရင် ဒီလို စွမ်းအားလွန်ကဲပြီးတော့ ပင်ပန်းနွမ်းနယ်တဲ့ အခြေအနေမျိုး ဖြစ်တော့မှာ မဟုတ်တာ သေချာတယ်။”

ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ တကယ်တော့ စူပါစနစ်ရဲ့ အခြေအနေက မိုးရီပြောတာနဲ့ ဆင်တူတယ်။ ဥပမာပြောရရင် စွမ်းရည် ပြန်လည်တာနဲ့ ပင်ပန်းနွမ်းနယ်တဲ့ အချိန်တွေက လက်ရှိ စွမ်းအားနည်းပါးမှုနဲ့ စနစ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့် မလုံလောက်လို့ပဲ။ ဒီစွမ်းရည်တွေက အခြေခံတွေပဲ ဖြစ်လောက်တယ်။ တကယ့် စူပါစနစ်က အသုံးပြုသူ ဘယ်အဆင့်ကို ရောက်မလဲဆိုတာက “မလွှမ်းမိုး”ဘူး။ ဒါက အသုံးပြုသူကို အရင် “အခြေအနေတွေ”ပေါ်မှာ အခြေခံပြီးတော့ တကယ့်စွမ်းအားကို တစ်ဆင့်ချင်း တတ်ကျွမ်းအောင် “လမ်းကြောင်း”ပေးတာ။ စွမ်းအားနောက်လိုက်တဲ့ လမ်းကြောင်းက မတူပေမဲ့ နောက်ဆုံးပန်းတိုင်ကတော့ အတူတူပဲ။ နတ်ဆိုးအရှင်သခင် အဆင့်ဖြစ်ဖြစ်၊ နတ်ဘုရား-တစ်ပိုင်းအဆင့်ပဲ ဖြစ်ဖြစ်၊ စူပါစနစ်ပဲဖြစ်ဖြစ်၊ အကုန်လုံးက အတူတူပဲ။

၎င်းမှာ မြို့တော်နှင့် အမှောင်လ အဆုံးအဖြတ်တိုက်ပွဲသို့ ပြေးဝင်သွားခဲ့စဉ်က စူပါစနစ်အပေါ် ချန်လွေ့၏ နားလည်မှုအသစ်များ ဖြစ်သည်။

“ဒါက ဘာတွေလဲ။” ချန်လွေ့က ကုန်းပတ်ပေါ်မှ နတ်ဆိုးသားရဲ အလောင်းများကို အံ့အားသင့်လျက် ကြည့်လိုက်သည်။

“ရေခဲအစွယ် သားရဲပြာတွေ။ သူတို့က အတော်လေး ရှားပါးတဲ့ ပင်လယ်နက် နတ်ဆိုးသားရဲတစ်မျိုးပဲ။ သူတို့က လမ်းမှာ မိစ္ဆာထောင်ခြောက် သင်္ဘောကို တိုက်ခိုက်နေလို့ သတ်ပစ်ခဲ့တာ။ သူတို့ရဲ့ ခန္ဓာကိုယ်က ကောင်းမွန်တဲ့ ယန္တရား ကုန်ကြမ်းတွေပဲ။ အထူးသဖြင့် မျက်လုံးနဲ့ သွားတွေပေါ့။ ငါ့ရဲ့ ဆက်ခံထာားတဲ့ မှတ်ဉာဏ်အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူတို့ရဲ့ သွေးအမြုတေကို ဆေးရည် ဖော်မြူလာတစ်ခုအတွက် ဆေးရည်မဟာဆရာသခင်တစ်ယောက် စျေးကြီးပေးပြီးတော့ ဝယ်ခဲ့တယ်။” မိုးရီက ပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။ ၎င်းမှာ မာယာရှင်များထံ ပေးခဲ့သော အသက်ဓာတ်ရေစင်ပါရှိသည့် မှော်ပုလင်းဖြစ်ကြောင်း ချန်လွေ့ မှတ်မိသည်။ သိုလှောင်နိုင်စွမ်းမှာ အပြင်မှ မြင်နိုင်သည်ထက် ပိုလေသည်။ သို့ရာတွင် ယခု အထဲ၌ ခရမ်းရောင်သွေးများ ပြည့်နှက်နေကာ ထူးဆန်းသော အလင်းရောင်အနည်းငယ် တောက်နေလေသည်။

ဒီသွေးအမြုတေက ဆေးရည်မဟာဆရာသခင်တွေ စျေးကြီးပေးပြီး ဝယ်ကြတဲ့ ကုန်ကြမ်းလား။ ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားပြီး ဘာမှ မပြောခဲ့ပေ။ သူက ချက်ချင်းပင် သွေးပုလင်းကိုယူကာ ရေခဲအစွယ် သားရဲပြာများ၏အလောင်းကို သိမ်းဆည်းထားလိုက်သည်။ “မာယာရှင်တွေ အခြေအနေ ဘယ်လိုရှိလဲ။”

မြေဒြပ်စင်ဘုရင်က ခေါင်းခါသည်။ “ကံဆိုးချင်တော့ အသက်ဓာတ်ရေစင်က အနှိုင်းမဲ့ မဟုတ်ဘူး။ အဲဒါက အဲဒီထူးဆန်းတဲ့စွမ်းအားရဲ့ တိုက်စားမှုကို ထိထိရောက်ရောက် မပြေလျော့နိုင်ဘူး။ ဒါပေမဲ့လည်း မာယာရှင်တွေရဲ့ကိစ္စက အရေးမကြီးဘူး။ မင်းအဖော်ရဲ့ အလင်းဒြပ်စင်ချိပ်ပိတ်ကို ဖယ်ရှားဖို့အတွက် ရေဒြပ်စင်ကောင်တွေကို အရင်ဆုံးရှာတာ ပိုကောင်းမယ်။”

“ဟုတ်တယ်။ ဒါက အရေးကြီးဆုံးပဲ။”

“မာယာရှင်တွေဆီကနေ ရေဒြပ်စင်ကောင်တွေရဲ့ စားကျက်ဖြစ်တဲ့ နက်ပြာကျွန်း တည်နေရာကို ငါရထားတယ်။ ဒီခရီးစဉ်အတိုင်းဆိုရင် ငါတို့တွေ နှစ်ရက်အတွင်း ရောက်နိုင်တယ်။” မိုးရီက လေးလေးနက်နက်နှင့် ပြောသည်။ “အဲဒီအချိန်ကျရင် အမှောင်ဒြပ်စင်ဘုရင်လည်း ရှိနေနိုင်မယ်။ အဲဒါကြောင့် လှုပ်ရှားဖို့ မကြိုးစားနဲ့။ ငါ့တာဝန်သာထား။”

ချန်လွေ့က ပင့်သက်ရှိုက်ပြီး ခေါင်းညိတ်လိုက်သည်။

All Chapters