ဖရိုဖရဲဖြစ်ခြင်း၊ အဆိုးဝါးဆုံးရန်သူ နိုးထလာခြင်း
Vol. 39 Ch. 595
နက်ပြာကျွန်းပေါ်၌ ပင်လယ်ရေ အများအပြား လှိမ့်တက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားကာ ကျွန်းတစ်ခုလုံးကို အုပ်မိုးသွားသော အလွန်ကြီးမားသည့် “အကာ”တစ်ခု ဖြစ်သွားလေသည်။
ရေဒြပ်စင်ကောင်များက ဘုရင်၏အမိန့်အောက်တွင် ခပ်စောစော ရွှေ့ပြောင်း သွားခဲ့ကြပြီး နက်ပြာကျွန်း၏ အံ့သြဖွယ်ရာများကို ကြည့်နေကြလေသည်။
အကာ၏ ကြီးမားလှသော စွမ်းအားအောက်တွင် အဆက်မပြတ် တုန်ခါလာပြီး ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်လာသည်။ တစ်ခါတရံ၌ ၎င်းသည် မြေကဲ့သို့ ထူထဲသောအရာအဖြစ် ပြောင်းလဲသွားပြီး ပွက်ပွက်ဆူနေသော အနက်ရောင် အငွေ့များအဖြစ်လည်း ပြောင်းလဲသွားနေသည်။ တစ်ခါတလေ၌ ၎င်းက နူးညံ့သော လှိုင်းများ၊ အေးစက်သော သလင်းကျောက်များအဖြစ် ပြောင်းလဲသွားပြီး အခြားအချိန်များတွင် အရောင်အမျိုးမျိုး ရောနှောနေလေသည်။ အလွန်ပင် အံ့မခန်းဖွယ်ရာ ဖြစ်လေသည်။
တိုက်ပွဲအတွင်း အကြမ်းကြုတ်ဆုံးမှာ ဟီဂယ် ဖြစ်သည်။ မူလက သူသည် စွမ်းအားကို သရုပ်ပြပြီး ပုရွက်ဆိတ်ကို သတ်ပစ်ရန်အတွက် မိုးရီ မတားစေရန် ပြုလုပ်နေခဲ့သည်။ သို့သော်လည်း ယခင်တစ်ခေါက်က သေသည့်အထိ အမှုန့်ခြေနိုင်သော မမျှော်လင့်ဘဲနှင့် ထိုပုရွက်ဆိတ်၏စွမ်းအားက မမျှော်လင့်ထားသော အဆင့်တစ်ခုအထိသို့ ရောက်ရှိလာနေခဲ့ပြီး အထူးစွမ်းရည်များလည်း ရှိနေသည်။ ထိုပုရွက်ဆိတ်၏ အကူအညီနှင့်အတူ ဒြပ်စင်အမှတ်အသားနှင့် အပြည့်အဝ မပေါင်းစပ်ရသေးသော မြေဒြပ်စင်ဘုရင်က အမှန်တကယ်ကို အခြေအနေကို ပြောင်းပြန်လှန်ပြီး အရေးနိမ့်နေသော အခြေအနေကို ပြောင်းလဲနိုင်ခဲ့သည်။ သူတို့က အချိန်တစ်ခုအထိ တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေလေသည်။
အမှောင်ဒြပ်စင်ဘုရင်ကို ပို၍ပင် စိတ်ဓာတ်ကျစေသည်မှာ ရေဒြပ်စင်ဘုရင် လန်ဘို့စ်လည်း လှုပ်ရှားလိုက်ခြင်းပင်။ သူက အမှန်တကယ်ပင် အဓိပ္ပာယ်မရှိသော ဆင်ခြေတစ်ခုကို ရှာတွေ့ခဲ့ပြီး နှစ်ဖက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။ တစ်ခါတရံ သူက ဟီဂယ်နှင့် ပူးပေါင်းပြီး မြေဒြပ်စင်ဘုရင်ကို တိုက်ခိုက်သည်။ တစ်ခါတစ်ခါ သူက မြေဒြပ်စင်ဘုရင်နှင့် ပူးပေါင်းပြီး ဟီဂယ်ကို တိုက်ခိုက်သည်။ တစ်ခါတလေ သူက ဘုရင်နှစ်ပါးကို တစ်ယောက်တည်း တိုက်ခိုက်သည်။ တိုက်ပွဲ တစ်ခုလုံးက ဖရိုဖရဲ ဖြစ်နေတော့သည်။
ဒါက ဉာဏ်များပြီးတော့ သံသယကြီးတဲ့ ရေဒြပ်စင်ကောင်ရော ဟုတ်သေးရဲ့လား။ သူက ကြမ်းကြုတ်ပြီးတော့ ဒေါသကြီးတဲ့ မီးဒြပ်စင်ကောင်နဲ့ ပိုတူနေတယ်။
တိုက်ပွဲအတွင်း ဖိအားအများဆုံး ခံစားရသည်မှာ ဘုရင်သုံးပါး မဟုတ်ဘဲ ချန်လွေ့သာ ဖြစ်သည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အပြည့်အဝ အသက်သွင်းပြီးနောက် ချန်လွေ့က နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းသို့သာ နီးကပ်လျက် ရှိနေခဲ့သည်။ ဘုရင်သုံးပါးမှာ ဇစ်မြစ်စွမ်းအားကို နားလည်သဘောပေါက် ကြသော လျို့ဝှက်ဆန်းကြယ်သည့် သက်ရှိများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ စွမ်းအားများက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းထက် များစွာ သာလွန်သည်။ [ ကြယ်စင်စုပိုင်နက် ] စွမ်းရည်၏ ဖိနှိပ်ခြင်းကပင် သာမန်သက်ရောက်မှု တစ်ဝက်ပင် မရောက်နိုင်ချေ။ ဒြပ်စင်ဘုရင်၆ပါး၌ မိုးရီ၏ အစွမ်းအထက်ဆုံး ခုခံမှုစွမ်းရည်ကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် ပတ်ပတ်လည်၌ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ချေမှုန်းခံရလောက်ပြီ ဖြစ်လေသည်။
ချန်လွေ့က အသက်ကယ်ဝှက်ဖဲသုံးခုဖြစ်သော [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ၊ [ ကြယ်လမ်းလွှဲ] နှင့် နတ်ဆိုးဒိုင်းကာတို့ကို အသုံးမပြုရသေးပေ။ အဆိုးဆုံးဖြစ်လာခဲ့လျှင် သူက ပထမဆုံး ထွက်ပြေးစွမ်းရည်ဖြစ်သည့် [ ကြယ်ဂိတ် ] ကို အသက်သွင်းလိုက်မည် ဖြစ်သည်။ သို့သော်လည်း ကြယ်အမှတ်များပ အမှောင်လနှင့် မြို့တော်တို့တွင် ရှိနေကြသည်။ ယခုကဲ့သို့ တိုက်ပွဲမျိုး၌လည်း ကြယ်အမှတ်များ မှတ်ရန် သေချာပေါက် မဖြစ်နိုင်ပေ။ သူ ပြန်သွားသည်နှင့် မြေဒြပ်စင်ဘုရင်၏ လမ်းညွှန်မှု မရှိဘဲ ပြန်လာရန် ပိုခက်ခဲပေမည်။ ထို့အပြင် လန်ဘို့စ်က ခုနက ဖြန်ဖျေပေးရန် သဘောတူထားခဲ့သည့်အတွက် ယခု တိုက်ပွဲထဲ ပါဝင်နေခြင်းမှာ ထူးဆန်းပေသည်။ မိုးရီလည်း ရှိနေသည့်အတွက် သူက အရင်ဆုံး ထိုတိုက်ပွဲမှ အသက်ရှင်ကျန်ရမည် ဖြစ်ပေသည်။
ထိုကဲ့သို့ ပြင်းအားများသော တိုက်ပွဲအတွင်း၌ [ ကြယ်စင်စုအသွင်ပြောင်းခြင်း ] စွမ်းအား အလျင်အမြန် ကုန်ခမ်းလာခဲ့သည်။
ပြင်းထန်သော ဆုံးဖြတ်ချက် တစ်ခုနှင့်အတူ ချန်လွေ့၏ခန္ဓာကိုယ်ပေါ်၌ အနက်ရောင် မီးတောက်တစ်ခုက ဝှီးခနဲ ရုတ်တရက် လောင်ကျွမ်းလာသည်။ အသက်ဓာတ်များဖြင့် ပြည့်နှက်နေသော မီးတောက်က ပြင်းထန်ကာ သောင်းကြမ်းသော အငွေ့သက်တစ်ခုကို အလျင်အမြန် ပြည့်လျှံသွားစေသည်။ ချန်လွေ့၏ မျက်လုံး အရောင်ကလည်း မူမမှန်ဖြစ်သွား၏။
တိုက်ပွဲကို ကြည့်နေကြသော ရေဒြပ်စင်ကောင်များက ကျွန်းကို အုပ်မိုးထားသော ရောင်စုံအကာထဲ၌ ခြစ်ခြစ်တောက် အနီရောင်အလင်းတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက အနက်ရောင်အငွေ့ကို ဖုံးလွှမ်းတော့မည့် လက္ခဏာများ ရေးရေးလေး ပြသနေသည်။
အလင်းရောင်အကာအတွင်းရှိ အမှောင်ဒြပ်စင်ဘုရင်၏ မျက်လုံးများက အလျင်အမြန် ရွေ့လျားလာနေသော အလွန်ကြီးမားသည့် မီးသင့်နဂါးကို ရင်ဆိုင်ရာ၌ ရှားပါးသော လေးနက်မှုကို ပြသလိုက်သည်။
သူက လုပင်မြို့တွင် အယ်မို့စ်ကို တိုက်ခိုက်ရာ၌ ထိုတိုက်ကွက်ကို “အက်ဂ်ယော” အသုံးပြုခဲ့ကြောင်း မြင်ခဲ့ဖူးသည်။ ၎င်းကို ဘရေ့ဂက်က လက်ဗလာဖြင့် ဆွဲဖြဲခဲ့သည်။ သို့သော်လည်း သူ၏မျက်လုံးရှေ့တွင် ပြန်လည်ပေါ်ထွက်လာသော ထူးဆန်းသည့် ထို “နတ်ဆိုးသားရဲ”၏အဟုန်က ယခင်တစ်ခေါက်နှင့် လုံးဝ ကွဲပြားနေခဲ့လေသည်။
သာမန်အခြေအနေ၌သာဆိုလျှင် မီးသင့်နဂါး တိုက်ခိုက်မှုက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ ခြိမ်းခြောက်နိုင်သော အဆင့်အထိ ရောက်ရှိသည့်တိုင် ခုခံနိုင်ရန် လုံးဝ ယုံကြည်ချက်ရှိသည်။ ယခုတွင် သူက မြေဒြပ်စင်ဘုရင်နှင့် ရေဒြပ်စင်ဘုရင်တို့၏ ချုပ်တည်းမှုကို ခံထားရသည်ဖြစ်ရာ အရေးပေါ်အခြေအနေ ရောက်နေခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ်ပင် အတော်လေး ကာကွယ်နေရ၏။ ထို [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] က သူ့ကို အနိုင်ယူရန်အတွက် နောက်ဆုံးကောက်ရိုးမျှင် ဖြစ်နိုင်လောက်ပေသည်။
ဟီဂယ် ဟိန်းလိုက်ရာ သူ၏မျက်လုံးထဲမှ အနီရောင်အလင်း တောက်ပသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အရိုးဆူးချွန်များကလည်း ဆူနေသော အနက်ရောင်အငွေ့များထဲ၌ ရှည်ထွက်လာသည်။ သူက ထိုတိုက်ကွက်ကို ခုခံရန် ပြင်ဆင်နေသည်မှာ သိသာပေသည်။ ထိုအချိန်၌ ဟီဂယ်ထံ ပြေးဝင်လာနေသော မီးသင့်နဂါး၏အရှိန် ရုတ်တရက် နှေးသွား၏။ ပတ်ပတ်လည်ရှိ ခြစ်ခြစ်တောက်ပူနေသော မီးတောက်နီကလည်း အပြာရောင် သလင်းကျောက် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းခြင်း ခံလိုက်ရလေသည်။
တဖြည်းဖြည်းနှင့် မီးသင့်နဂါးတစ်ကောင်လုံးက အေးခဲသွားပြီး ရေခဲနဂါးရုပ်ထု အဖြစ်သို့ ရောက်ရှိသွားသည်။ ၎င်းက ဟီဂယ်၏ ဓားသွားကဲ့သို့ အရိုးဆူးချွန်းများကြောင့် အလွယ်တကူပင် နှစ်ပိုင်းပြတ်သွားကာ အပိုင်းပိုင်း ဖြစ်သွားခဲ့လေသည်။
ချန်လွေ့က ဖျက်ဆီးခြင်းစွမ်းအား ရောနှောနေသော ကြောက်မက်ဖွယ်ရာ အေးခဲ လေထုတစ်ခု ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာနေသည်ကို ခံစားမိသည်။ [ နက္ခတ်သဏ္ဌာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့၏ အလိုအလျောက်စွမ်းရည်များဖြင့်ပင် ၎င်းကို အပြည့်အဝ မဖြေရှင်းနိုင်ပေ။ ထိုစွမ်းအားကြောင့် သူ၏အတွင်းအင်္ဂါများ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
ကံကောင်းစွာပင် ချန်လွေ့က [ ကြယ်ဝါးမျိုခြင်း ] နှင့် [ ကြယ်ကူးပြောင်းခြင်း ] တို့ကို ချက်ချင်းပင် အသက်သွင်းလိုက်ပြီး ကြောက်မက်ဖွယ်ရာ ဒြပ်စင်စွမ်းအား နှစ်ခုကို အလျင်အမြန် ဝါးမျိုလိုက်သည်။
ချန်လွေ့က မိမိ အားကုန်သုံးနေစဉ်၌ ရေဒြပ်စင်ဘုရင် ရုတ်တရက် “သစ္စာဖောက်” သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ၏ အစွမ်းအထက်ဆုံးသော မီးသင့်နဂါးက လုံးဝ အေးခဲသွားတော့သည်။
အခြားတစ်ဖက်တွင် ရေဒြပ်စင်ဘုရင်က အမှောင်ဒြပ်စင်ဘုရင်နှင့် ပူးပေါင်းပြီး တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ထူးဆန်းသော လန်ဘို့စ်နှင့် မည်သည့်အချိန် ဘက်ပြောင်းမည်ဖြစ်ကြောင်း ဟီဂယ်မသေချာသည့်အတွက် သူက လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ မိုးရီနှင့် ချန်လွေ့တို့ကို အားကုန်တိုက်ခိုက်တော့သည်။
ခဏကြာပြီးနောက် ရေခဲပြာနှင့် အနက်ရောင်မြူတို့က ချန်လွေ့နှင့် မိုးရီတို့ကို ဝိုင်းရံလိုက်ကြသည်။ ဖိအားနှစ်ဆ ဖြစ်သွားသည့်အတွက် မိုးရီ ရုန်းကန်နေရသည်။ ချန်လွေ့၏ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ချပ်ကာကလည်း ထိုကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် အက်ကွဲသွားပြီး အချိန်မရွေး ပြတ်ထွက်သွားနိုင်သော တင်းတင်း ဆွဲဆန့်ထားသည့် လေးတစ်လက်ကဲ့သို့ ဖြစ်နေလေသည်။
ထိုပတ်ဝန်းကျင်တွင် [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] နှင့် [ ကြယ်လမ်းလွှဲ ] တို့က ကဏ္ဍအကြီးကြီး၌ ပါဝင်နိုင်ကြမည် မဟုတ်ပေ။ ချန်လွေ့ အံကြိတ်လိုက်ပြီး လေထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်နေရာလွတ် ပျက်ယွင်းသွားပြီး တွင်းနက်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ချက်ချင်းပင် ဒြပ်စင်ဘုရင် သုံးပါး၏ စွမ်းအားတို့က ထိန်းချုပ်၍မရဘဲ တွင်းနက်ထဲသို့ တစ်ပြိုင်နက်တည်း စုပ်ယူခံလိုက်ရလေသည်။
ဘုရင်သုံးပါးက တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားကြသည်။ သူတို့က စွမ်းအား အလျင်အမြန် လျော့နည်းလာခြင်းကို မတားဆီးနိုင်ကြကြောင်း အမှန်တကယ် ခံစားလာရသည်။ တွင်းနက်က တည်ရှိနေသောအရာအားလုံးကို ဝါးမျိုနိုင်သည့် ဒဏ္ဍာရီလာ ရှေးသားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
ထို့ပြင် ထိုကဲ့သို့စွမ်းအားမျိုးကို အမှန်တကယ်ပင် ဘုရင်သုံးပါးထက် အသေအချာ နိမ့်ကျသော ချန်လွေ့က အသက်သွင်းလိုက်ခြင်း ဖြစ်နေသည်။
အမှန်တကယ်၌ ချန်လွေ့လည်း မသက်သာပေ။ ဘုရင်သုံးပါး၏ ဇစ်မြစ်စွမ်းအားက သာမန် “စားစရာ”ကဲ့သို့ အစာခြေ မလွယ်ပေ။ ၎င်းက တကယ့် နတ်ဘုရား-တစ်ပိုင်း စွမ်းအားနှင့် နီးစပ်နေသည်။ ထို့ကြောင့် [ ကြယ်ကူးပြောင်းခြင်း ] က [ ကြယ်ဝါးမျိုခြင်း ] ကို အမီမလိုက်နိုင်ခဲ့ပေ။ မူလက သိမ်းဆည်းထားသော ရှေးဟောင်း အဂ္ဂိရိတ် သက်ရှိအဖွဲ့အစည်း၏ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်မှ စွမ်းအားကိုလည်း အပြည့်အဝ မခြေဖျက်ရသေးပေ။ အဓိက ဒြပ်စင်သုံးခု၏ ဇစ်မြစ်စွမ်းအားနှင့် ပေါင်းစည်းသွားရာ ခဏအတွင်းမှာပင် လျှံကျလာနီးပါး ဖြစ်သွားခဲ့သည်။
[ ကြယ်ဝါးမျိုခြင်း ] ကို အသက်သွင်းရခြင်းမှာ တိုက်ပွဲကို ဖိနှိပ်ရန် လွန်ကဲသော မျှော်လင့်ချက်တစ်ခု မဟုတ်ခဲ့ဘဲ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အခြေအနေ မပျောက်ကွယ်ခင်၌ ထိုဖရိုဖရဲ တိုက်ပွဲကို တားဆီးနိုင်ရန် ဖြစ်သည်။ ချန်လွေ့ စကားပြောရန် ပြင်လိုက်စဉ် သူ၏ဝိညာဉ်စွမ်းအား ရုတ်တရက် တုန်လှုပ်သွားပြီး အချိန် ရပ်တန့်သွားပုံရသည်။
ဘုရင်သုံးပါးက အစွမ်းထက် ဝါးမျိုခြင်းစွမ်းအားအတွင်း၌ ပြောင်းလဲမှု အနည်းငယ်ကို ရုတ်တရက် ခံစားမိလိုက်သည်။ တွင်းနက်ထဲတွင် အနီရင့်ရောင် အလင်းတစ်ခု ပေါ်ထွက်လာသည်။
အပြောင်းအလဲများ ပို၍ပို၍ ပြင်းထန်လာ၏။
ဖျက်ဆီးခြင်း။
အဆုံးမဲ့ဖျက်ဆီးခြင်း။
“ဒါက အဲဒါလိုမျိုး ဖျက်ဆီးခြင်း အငွေ့အသက်မျိုးပဲ...” ရေဒြပ်စင်ဘုရင်သည်ပင် အခြေအနေကို နှောင့်ယှက်ရန် အတွေးမရှိခဲ့ပေ။ သူ၏မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာတစ်ခု ပြေးသွားခဲ့သည်။ ထို့နောက် ဘုရင်နှစ်ပါးနှင့် မျက်လုံးချင်းဆုံးပြီ ကောင်းကင်မှ ပုံရိပ်ကို အာရုံစိုက်ထားလိုက်ကြသည်။
မူလက ကြယ်ကဲ့သို့ချပ်ကာသည် ကြောက်မက်ဖွယ်ရာကြောင်းသော မည်းနက်မှု တစ်ခုအဖြစ် ပြောင်းလဲသွဦးသည်။ ထို့နောက် အနက်ရောင်အလင်းများ ဖြာထွက်ကာ သူ၏တစ်ကိုယ်လုံးက အဆုံးမရှိသောဖျက်ဆီးခြင်းအမှောင်ထုအဖြစ် ပြောင်းလဲသွားဟန် တူသည်။ ခေါင်းစွပ်ထဲရှိ အနီရင့်ရောင် မျက်လုံးနှစ်လုံးကလည်း အမှောင်ဒြပ်စင်ဘုရင်နှင့် အနည်းငယ် ဆင်တူနေသည်။
ထိုပုံရိပ်က ထူးထူးဆန်းဆန်း ရယ်လိုက်သည်။ ထို့နောက် လှစ်ခနဲ ပျောက်သွားပြီး အငွေ့မည်းအဖြစ် ပြောင်းလဲသွားကာ တွင်းနက်ထဲသို့ ခုန်ဆင်းလိုက်သည်။ တွင်းနက် စွမ်းအားက ဆယ်ဆခန့် တိုးသွားပြီး သူတို့၏ ဇစ်မြစ်စွမ်းအား ဆုံးရှုံးမှု နှစ်ခုတိုးသွားကြောင်း ဘုရင်သုံးပါး ချက်ချင်း ခံစားလိုက်ရသည်။ ထိုအချိန်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်နေကြောင်း ဘုရင်သုံးပါး သိလိုက်သည်။ ထို့ကြောင့် သူတို့က တွင်းနက်၏ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအားကို ခုခံရန် ပူးပေါင်းလိုက်ကြတော့သည်။
ဒြပ်စင်စစ်ပွဲအတွင်း ဘုရင်သုံးပါးက ရဲဘော်ရဲဖက်များ ဖြစ်ခဲ့ကြပြီး အချင်းချင်း အပြန်အလှန် နားလည်မှု ရှိကြသည်။ ယခုတွင် သူတို့ အမှန်တကယ် ပူးပေါင်းလိုက်ရာ သူတို့၏စွမ်းအားများက တိုးတက်သွားတော့သည်။ ဇစ်မြစ်စွမ်းအားသုံးခုက တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားကာ တွင်းနက်ကို ခုခံနေလိုက်ကြသည်။ အချိန်တစ်ခုအထိ သူတို့က တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေခဲ့ကြသည်။
တွင်းနက် အနည်းငယ် တုန်ခါသွားပြီး နောက်ဆုံး၌ ဘုရင်သုံးပါး၏ ပေါင်းစည်းအားနှင့်အတူ တစ်ချိန်တည်းမှာပင် ဝုန်းခနဲ ပျောက်ကွယ်သွားခဲ့သည်။ အနက်ရောင်ချပ်ကာနှင့် ပုံရိပ်ကလည်း ၎င်းအတွင်းမှ ပေါ်ထွက်လာသည်။ သူ၏ လက်များက ထူးဆန်းသော စည်းချက်တစ်ခု လှုပ်ရှားလိုက်ရာ မဟာစွမ်းအားသုံးခုက ဘုရင်သုံးပါးကို တိုက်ခိုက်တော့သည်။
အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က အနူးညံ့ဆုံးနှင့် အင်အားအကောင်းဆုံး လှိုင်းတွန့်များကို ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းအတွင်းတွင် နူးညံ့မှုနှင့် လုံးဝကွဲပြားနေသော အေးစက်မှုနှင့် ထက်မြက်မှုတို့ ပါရှိနေလေသည်။ ထိုစွမ်းအားက အလွန်အမင်း အင်အားကြီးလှသည်။ ဟီဂယ်၏ခန္ဓာကိုယ်မှ အမှောင်ထုအငွေ့အသက်ကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်သည်။ သူက ချက်ချင်းပင် လက်ကို ကြက်ခြေခတ်လိုက်ပြီး ခန္ဓာကိုယ် တ်စခုလုံးမှ အရိုးဆူးချွန်များက ဓားအသွင်သို့ အလျင်အမြန် ဆန့်တန်းလာကာ နက်ရှိုင်းပြီး ထက်မြက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့လေသည်။ ကျယ်လောင်သော အော်သံတစ်ခုနှင့်အတူ သူက နူးညံ့သော စွမ်းအားကို မရေမတွက်နိုင်သော နှင်းခဲများအဖြစ်သို့ လှုပ်ယမ်းကာ ပြန့်ကျဲစေလိုက်သည်။ ထိုတိုက်ကွက်ကို ခုခံရန် ဟီဂယ်အတွက် မလွယ်ကူခဲ့ပေ။ သူက နောက်ဆုံး အနည်းငယ် လွင့်ထွက်သွားပြီးမှသာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။
အနက်ရောင်အငွေ့များ ပြည့်နှက်နေသော ကောင်းကင်တစ်ခုက မြေဒြပ်စင်ဘုရင် မိုးရီထံသို့ လှည့်ပတ်ရောက်ရှိလာသည်။ ၎င်းက မိုးရီကို မထိခင်မှာပင် ပတ်ဝန်းကျင်ရှိ အစိုင်အခဲ ရေဒြပ်စင်များက တိုက်စားမှုတစ်ခုကြောင့် ပြတ်ထွက်သွားခဲ့သည်။ ထို့နောက် မိုးရီက လက်ကိုမြင့်မြင့်မြှောက်လိုက်ရာ သူ၏ခြေထောက်အောက်မှ မြေကြီးက သူ့ကို အနက်ရောင်အငွေ့ထံ တွန်းပို့ပေးလိုက်သည်။ အဝါရောင်အလင်းက အရှိန်မြန် လင်းလက်နေပြီး အနက်ရောင်အငွေ့ကို အဆက်မပြတ် ပယ်ဖျက်နေလေသည်။ မိုးရီ၏ ပုံရိပ်ကလည်း တဖြည်းဖြည်း မြင့်လာခဲ့သည်။ အနက်ရောင်အငွေ့များ လုံးဝ ပျောက်ကွယ်သွားသောအခါ မိုးရီ၏ ခြေထောက်အောက်မှ မြေတိုင်က မီတာ၂၀ခန့်အထိ မြင့်မားနေပြီး တိုင်တစ်ခုလုံးက အမှောင်ထုစွမ်းအားကြောင့် တိုက်စားခံရသော အရာများ ပြည့်နှက်နေလေသည်။ မြေပြင်ကလည်း အပေါက်များဖြင့် ပွထနေ၏။
ပြောရမည်ဆိုလျှင် ရေဒြပ်စင်ဘုရင်က အတော်လေး ပို၍ သက်တောင့်သက်သာ ဖြစ်နေသည်။ သူ၏ဦးခေါင်းပေါ်မှ လှိုင်းသရဖူ လင်းလက်သွားပြီးနောက် လှိုင်းများ လှိမ့်တက်သွားကာ သူ့ထံ ရောက်လာသော ထူထဲပြီး လေးလဲသည့် မြေဒြပ်စင်စွမ်းအားကို ပယ်ဖျက်လိုက်သည်။
ဘုရင်သုံးပါးက အနက်ရောင်ချပ်ကာနှင့်ပုံရိပ်၏ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့သော်လည်း သူတို့၏ စိတ်ထဲမှ ထိတ်လန့်မှုများမှာ ပိုများနေလေသည်။ အကြောင်းမှာ တစ်ဖက်က ဘုရင်သုံးပါးကို ဒြပ်စင် ဇစ်မြစ်စွမ်းအားကို အသုံးပြု လိုက်ခြင်းကြောင့်ပင်။ သူက လျို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်တစ်ခုနဲ့ ဝါးမျိုထားတဲ့ စွမ်းအားသုံးခုကို တန်ပြလိုက်တာ အသေအချာပဲ။
တိုက်ပွဲက ထိုအဆင့်အထိ ရောက်ရှိသွားလိမ့်မည်ဟု မြေဒြပ်စင်ဘုရင် အပါအဝင် မည်သူမှ မထင်ထားခဲ့ကြပေ။ ချန်လွေ့တွင် နတ်ဘုရား-ယောင် ပုဂ္ဂိုလ်၏ အမွေအနှစ် ရှိသည်။ သူ၏စွမ်းအားက အလျင်အမြန် တိုးတက်နေပြီး အနာဂတ် အောင်မြင်မှုများမှာ အဆုံးမဲ့ ဖြစ်နေသည်။ သို့သော်လည်း သူက ယခုတွင် ဘုရင်သုံးပါးကို ကိုယ်တိုင် ယှဉ်နိုင်နေလိမ့်မည်ဟု မိုးရီ လုံးဝ မထင်ထားခဲ့ပေ။
ဘုရင်သုံးပါး၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင်ချပ်ကာက ပြောင်းလဲသွားပြန်ကာ မူလအတိုင်း ကြယ်ရောင် ပြန်ဖြစ်သွားသည်။ ကြောက်စရာကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်လည်း ပျောက်ကွယ်သွားပြီး မူလအခြေအနေသို့ ပြန်ဖြစ်သွားခဲ့လေသည်။
ချန်လွေ့တွင် ဘုရင်သုံးပါးကို တစ်ယောက်တည်း တိုက်ခိုက်ရန် စိတ်အင်အားမရှိပေ။ ထို့ပြင် သူ၏ပင်ပန်းနေသော မျက်လုံးများကလည်း ယှဉ်၍မရသော လေးနက်မှုကို ပြသနေကာ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထား၏။ အဆိုးဝါးဆုံးရန်သူ နိုးလာပြီ။
“အခုလောလောဆယ်တော့ အတိုက်အခိုက် ယာယီ ရပ်ထားသင့်တယ်လို့ ထင်တယ်။ ဟုတ်တယ်မလား။”
ယခင်ကသာဆိုလျှင် ချန်လွေ့၏စကားများက မည်သည့် အလေးချိန်၊ သက်ရောက်မှုမျှ မရှိနိုင်သော်လည်း ယခုတွင် အမှောင်နတ်ဆိုးဘုရင်ကပင် မကန့်ကွက်ခဲ့ပေ။