← Chapters

သတ်မှတ်ချက် လဲလှယ်ခြင်း

Vol. 39 Ch. 596

သတ်မှတ်ချက် လဲလှယ်ခြင်း

Vol. 39 Ch. 596

ကြွယ်ဝသော ရေဒြပ်စင်များ၏ သက်ရောက်မှုအောက်တွင် နက်ပြာကျွန်း၏ ထိခိုက်မှုများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး ပင်လယ်နေရာတစ်ခုလုံးလည်း ယခင်အတိုင်း ငြိမ်သက်ပြီး လှပနေလေသည်။

နက်ပြာနန်းတော်၌ ရေဒြပ်စင်ဘုရင် လန်ဘို့စ်က ထိပ်ပိုင်းတွင် ထိုင်နေပြီး မြေဒြပ်စင်ဘုရင် မိုးရီနှင့် ချန်လွေ့တို့က ဘယ်ဘက်တွင် ထိုင်နေကာ အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က ညာဘက်၌ ထိုင်နေသည်။

ချန်လွေ့အပေါ် ဟီဂယ်၏အကြည့်များက ထိုအချိန်၌ သတ်ဖြတ်ချင်စိတ်နှင့် အမုန်းတရားများ ပြည့်နှက်နေဆဲ ဖြစ်သော်လည်း ယခင်ကနှင့်ယှဉ်လျှင် အဟန့်အတား အနည်းငယ် ရှိနေခဲ့သည်။ ခုနက တိုက်ပွဲမှာ ဒီရန်သူ ပြသခဲ့တဲ့စွမ်းအားက တကယ့်ကို အံ့အားသင့်စရာပဲ။ အထူးသဖြင့် နောက်ဆုံးမှာ သူက ဘုရင်သုံးပါးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်။ သူက လုံးဝကို မယုံနိုင်စရာ အဆင့်တစ်ခုဆီ ရောက်နေပြီ။

“ဟီဂယ်...” လန်ဘို့စ်က ပြောသည်။ “မိုးရီရဲ့စွမ်းအားကို မင်း နည်းနည်းတော့ သဘောပေါက်လောက်ပြီလို့ ထင်တယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက် သူရဲ့ ပြန်ကောင်းနှုန်းက ငါတို့ထင်ထားတာထက်ကို ပိုမြန်နေတယ်။ ဒြပ်စင်အမှတ်အသားနဲ့ ပေါင်းစပ်ပြီးရင် သူက အရင်အတိုင်း လုံးဝပြန်ဖြစ်လာနိုင်တယ်။”

ဟီဂယ်က သရော်ပြုံး ပြုံးလိုက်သည်။ “ဒါက မှန်ပေမဲ့ ပြဿနာက ဒီအပြင်လူကြောင့် ဒြပ်စင်ပဋိညာဉ်စာချုပ်ကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ငါတို့ရဲ့ အရှင်မင်းကြီး မြေဒြပ်စင်ဘုရင်က သံသယတွေ ရှိနေတဲ့ပုံပဲ။”

“လောကမှာ အကြွင်းမဲ့ ရန်သူဆိုတာ မရှိဘူး။ ဟီဂယ်...” လန်ဘို့စ်က မိုးရီကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “အကြွင်းမဲ့ မိတ်ဆွေဆိုတာလည်း မရှိဘူး။”

မိုးရီက ဘာမှမရှင်းပြဘဲ တည်တည်ငြိမ်ငြိမ်နှင့် ပြုံးလိုက်သော်လည်း ချန်လွေ့က အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ ဒီတိုက်ပွဲမှာ ငါက [ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ] စွမ်းအားကို အပြည့်အဝ အသက်သွင်းခဲ့တယ်။ အဲဒါကြောင့် ဒဏ်ကအ အရင်အခေါက်တွေထက် ပိုပြင်းထန်လိမ့်မယ်။ အခုတောင် ငါ တော်တော်လေးကို ပင်ပန်းနေပြီ။

သူက တိုက်ပွဲအတွင်း တရကြမ်း တိုက်ခိုက်ခဲ့သည်။ ဒြပ်စင်ဘုရင်သုံးပါး၏ စွမ်းအားကို ဝါးမျိုရန်အတွက် [ ကြယ်ဝါးမျိုခြင်း ] ကို အသက်သွင်းပြီးနောက် စွမ်းအားကို တန်ပြန်ခဲ့ရာ ဘုရင်သုံးပါးလည်း အတော်လေး ထိခိုက်ခဲ့သည်။ သို့သော်လည်း [ ကြယ်ဝါးမျိုခြင်း ] မှလွဲ၍ နောက်ဆုံးအပိုင်း အစွမ်းထက်သော စွမ်းဆောင်ရည်မှာ သူ ထိန်းချုပ်ခြင်း မဟုတ်ဘဲ အသူရာ ထိန်းချုပ်နေခဲ့ခြင်း ဖြစ်လေသည်။

အသူရာမှာ လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာမှ ဆင်းသက်လာသည့် အတွင်းနတ်ဆိုး ဖြစ်သည်။ သူ [ စိတ်သန့်စင်ခြင်း ] ကတည်းမှ ယခုအချိန်အထိ သူ၏အသိစိတ်ထဲတွင် တည်ရှိနေခဲ့သည်။ စီကာလီ၏ တကယ့်ခန္ဓာကိုယ်နှင့် ငှက်တောင်ဖြူနယ်မြေ မက်စီမိုမြို့တွင် တိုက်ခိုက်ခဲ့စဉ်က အသူရာက ကိုယ့်ကိုယ်ကိုယ် ထိခိုက်ရန် မတုံ့ဆိုင်းခဲ့ဘဲ သူပေါ်ထွက်လာရန် ချန်လွေ့၏ ဖိနှိပ်မှုကို ဖောက်ထွက်ခဲ့သည်။ အဆောင်ပစ္စည်း-ယောင် ဟဲရာဘီးကို ဝါးမျိုပြီးနောက် သူ အိပ်ပျော်သွား၏။ ယခုတွင် သူ ပြန်လည် နိုးထလာခဲ့လေပြီ။

ထိုသို့ နိုးထလာခြင်းက မတော်တဆ မဟုတ်နိုင်ပေ။ အကြီးမားဆုံး စမ်းသပ်ချက် တစ်မျိုးမျိုး ရောက်ရှိလာတော့မည်ဟု ချန်လွေ့ ထင်မိနေသည်။

အမှန်တကယ်၌ ချန်လွေ့သည် အဓိကဒြပ်စင်သုံးခု၏ ဇစ်မြစ်စွမ်းအား ဖိအားအောက်တွင် [ ကြယ်ဝါးမျိုခြင်း ] ကို အသက်သွင်းလိုက်စဉ်က အံ့အားသင့်ဖွယ်ရာ အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့‌သော်လည်း နောက်ပိုင်းတွင် အသူရာ ပေါ်ထွက်လာခြင်းကြောင့် ထိုအခြေအနေ၏ သဘောပေါက်မှု ပျက်သွားခဲ့ရ၏၊

လန်ဘို့စ်က အမှောင်ဒြပ်စင်ဘုရင်ကို ပြုံးပြလိုက်သည်။ “ဟီဂယ်။ ငါပြောတာကို မင်း သဘောပေါက်လား။ ပိုပြီးမှန်ကန်တဲ့ ရွေးချယ်မှုကို မင်းလုပ်သင့်တယ်လို့ ငါထင်တယ်။”

ဟီဂယ်၏လေသံက အနည်းငယ် ပို၍ ခက်ထန်လာသည်။ “လန်ဘို့စ်။ မင်းက သူ့ဘက်ကို ပါနေတယ်ဆိုတာကို ငါ တကယ် အံ့သြမိတယ်။ သူက [ ယုံကြည်မှုချပ်ကာ ] နဲ့ အထူးစွမ်းရည်တစ်ချို့ ရှိရင်တောင် နတ်ဘုရား-တစ်ပိုင်းရဲ့ အစေခံ ဒါမှမဟုတ် နောက်လိုက်ပဲ။ သူက ငါတို့လို ဒြပ်စင်ဘုရင်တွေနဲ့ လုံးဝ ယှဉ်လို့မရဘူး။”

“သူက အစေခံမဟုတ်ဘူး။ ဆက်ခံသူ...” နောက်ဆုံး၌ မိုးရီက ပြောလာသည်။ “ပြီးတော့ အဲဒါက နတ်ဘုရား-တစ်ပိုင်း မဟုတ်ဘူး။ နတ်ဘုရား-ယောင်...”

ဟီဂယ်နှင့် လန်ဘို့စ်တို့က ထိတ်လန့်သော အမူအရာများ ပြသလိုက်ကြသည်။ နတ်ဘုရား-ယောင်ရဲ့ ဆက်ခံသူတဲ့လား။

ဖျက်ဆီးခြင်း ဇစ်မြစ်ကိုတောင် ရောက်တော့မယ့် အဲဒီဆန်းကြယ်တဲ့စွမ်းအားက... နတ်ဘုရား-ယောင်တွေမှာ ဆိုရင်တောင် အတော်‌လေး ကြောက်စရာကောင်းတဲ့ တည်ရှိမှု တစ်ခုပဲ။ တစ်နည်းပြောရမယ်ဆိုရင် ထိပ်သီးအဆင့်တစ်ခုနား အ‌တော်လေး နီးကပ်နေပြီ။

ဟီဂယ်က တဖြည်းဖြည်းနှင့် သတ်ဖြတ်ချင်စိတ်များ ရုတ်သိမ်းလိုက်သည်။ သို့သော်လည်း သူ၏ အမူအရာက မောက်မာလျက် ရှိနေသေးသည်။ “နတ်ဘုရား-ယောင် ဖြစ်ရင်တောင် သူက ဒြပ်စင်တွေရဲ့ သေခြင်း၊ ရှင်ခြင်းကို စိတ်ရှိသလို မထိန်းချုပ်နိုင်ဘူး။ ပြီးတော့လည်း သူက ဆက်ခံသူပဲ ရှိသေးတယ်။ အခုက နတ်ဘုရား-ယောင် အဆင့်ကိုတောင် မရောက်သေးဘူး။ လန်ဘို့စ်။ ဒီလို အကြောင်းအကျိုး စဉ်းစားတာတွေ အခု ခဏ ဘေးဖယ်ထားလိုက်ရအောင်။ မင်းက လုပင်မြို့မှာ အဲဒီတုန်းက ရှိခဲ့တာပဲ။ အယ်မို့စ်ကို သူ သတ်ခဲ့တယ်။ သူ့လက်ထဲ မရေမတွက်နိုင်တဲ့ အမှောင်ဒြပ်စင်ကောင်တွေ သေဆုံးခဲ့ရတယ်။ ရေဒြပ်စင်ကောင်တွေသာဆိုရင် မင်း ဘယ်လိုလုပ်မှာလဲ။”

“ဒြပ်စင်တွေရဲ့ သေခြင်းရှင်ခြင်းက စွမ်းအင်ကူးပြောင်းသွားတာထက် မပိုဘူး။ ဖြစ်တည်ခြင်းကလည်း ဒြပ်စင်ကနေလာတာ။ သေဆုံးသွားရင်လည်း ဒြပ်စင်ပြန်ဖြစ်မှာပဲ။ ရေဒြပ်စင်ကောင်တွေ သေသွားမယ်ဆိုရင် ဒြပ်စင်ပဋိညာဉ်နဲ့ ဇစ်မြစ်အပိုင်းအစလိုမျိုး အရေးအကြီးဆုံး ကိစ္စတွေကို ငါ ရွေးချယ်မှာပဲ။”

ဇစ်မြစ်အပိုင်းအစအကြောင်း လန်ဘို့စ် ပြောလိုက်သောအခါ ဟီဂယ် အံ့အားသင့် သွားခဲ့သည်။

လန်ဘို့စ်က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ သူ၏ ဦးခေါင်းထက်မှ သရဖူသည် ခမ်းနားလှသော ရောင်ခြည်တစ်ခု စတင်လင်းလက်လာသည်။ “မင်း သတိမထားမိ သေးဘူးလား။ ဟီဂယ်။ ဒါမှမဟုတ် မင်း အတည်မပြုရဲတာလား။ ခုက တိုက်ပွဲမှာ မင်းကို ငါက ဘာလို့ လွယ်လွယ်နဲ့ လွှမ်းမိုးနိုင်ခဲ့တာလဲ။ တကယ်တော့ ငါက ဇစ်မြစ် အပိုင်းအစရဲ့ စွမ်းအားကို အပြည့်အဝတောင် မနားလည်သေးဘူး။”

လန်ဘို့စ်၏ ဦးခေါင်းထက်မှ လှိုင်းသရဖူကို စိုက်ကြည့်နေရင်း ဟီဂယ်၏မျက်လုံးများ ရဲရဲနီသွားခဲ့ပြီး အသက်ရှူသံလည်း ပိုမိုပြင်းထန်လာခဲ့သည်။ “ရေဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစပဲ။ မင်းဒါကို ဘယ်ကနေ ရတာလဲ။ ငါမှတ်မိသလောက်ဆို မင်းမှာ မရှိ....”

“ဟုတ်တယ်။ မင်း အရင် ရောက်လာတုန်းက ဒီမှာ မရှိသေးဘူး။” လန်ဘို့စ် ပြုံးလိုက်ပြီး မိုးရီနှင့် ချန်လွေ့တို့ကို ကြည့်လိုက်သည်။ “အတိအကျပြောရရင် မိုးရီနဲ့သူ ရောက်မလာခင်တုန်းက ဒါကို ငါ အသည်းအသန် ရှာနေတုန်းပဲ။”

ဟီဂယ်က ချက်ချင်း တုံ့ပြန်ပြီး မိုးရီကို ကြည့်လိုက်သည်။ မိုးရီက ခေါင်းခါပြီး ချန်လွေ့ကို ကြည့်သည်။ အမှောင်ဒြပ်စင်ဘုရင်၏ သွေးရောင်မျက်လုံးများက အံ့အားသင့်မှုနှင့် သဘောပေါက်ခြင်းတို့ ရောထွေးလျက် ပြူးကျယ်သွားခဲ့သည်။ နောက်ဆုံးတော့ လန်ဘို့စ်က ဘာလို့ “အက်ဂ်ယော”ဘက် ရောက်သွားလဲဆိုတာ သဘောပေါက်သွားပြီ။ “အက်ဂ်ယော”က ရေဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစကို ရှာတွေ့ခဲ့ပြီးတော့ လန်ဘို့စ်ကို ပေးခဲ့တာပဲ။

မိုးရီ၏ တည်ငြိမ်သောအသံ ထွက်လာသည်။ “ငါက အင်အားကြီးတဲ့ ရန်သူ တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ နှစ်ပေါင်းရာနဲ့ချီ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်။ မြေဒြပ်စင်ကောင်တွေ သတ်ခံရလုနီးပါး ဖြစ်ခဲ့ပြီးတော့ ဒဏ်ရာရခဲ့တယ်။ လွန်ခဲ့တဲ့ ၃နှစ်တုန်းက အက်ဂ်ယော ပေါ်ထွက်လာပြီးတော့ အင်အားကြီးတဲ့ ရန်သူကို ကူညီ သတ်ပေးခဲ့ပြီးတော့ မြေဒြပ်စင်ကောင်တွေ အကုန်လုံးကို ကယ်တင်ခဲ့တယ်။ အဲဒီတုန်းက ငါ့ရဲ့ဒြပ်စင်နှလုံးသား ကွဲကြေသွားခဲ့တယ်။ သူက တစ်နှစ်အတွင်းမှာပဲ မြေအရင်းအမြစ်နဲ့ ဓမ္မတေးသစ်သီးကို ရှာတွေ့ခဲ့ပြီး‌တော့ ငါ့ရဲ့ ဒြပ်စင်နှလုံးသားကို ပြန်ပြင်ပေးခဲ့တယ်။ မဟုတ်ရင် ငါ သေသွားပြီးတော့ ဘယ်အချိန် ပြန်မွေးဖွားလာမလဲ သိမှာ မဟုတ်ဘူး။ ဒြပ်စင်နှလုံးသား ပြန်ကောင်းသွားပေမဲ့ နှစ်‌ရာပေါင်းများသစွဦ ထိခိုက်ခဲ့တဲ့ စွမ်းအားကို အချိန်တိုအတွင်း ပြန်မရနိုင်ခဲ့ဘူး။ ‌နောက်တော့ အက်ဂ်ယောက သြဇာယွမ်မြေကို ရှာတွေ့သွားပြီး ပထဝီဘုံမှာရှိတဲ့ မြေဒြပ်စင်ကောင်တွေအားလုံးကို ဘဝအသစ် ပေးစွမ်းခဲ့တယ်။ အဲဒါကြောင့် ငါက အချိန်တိုအတွင်း နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်လာနိုင်ခဲ့တာ။ ပြီးတော့လည်း သြဇာယွမ်မြေက ပထဝီဘုံမှာ နတ်ဆိုးဧကရာဇ်အဆင့် လက်‌ရွေးစင် ဒြပ်စင်ကောင်တွေကို ဖြစ်တည်စေနိုင်ခဲ့တယ်။”

မိုးရီ၏စကားများက အက်ဂ်ယောနှင့် ပတ်သက်မှုကို ရှင်းပြနေဟန်တူသော်လည်း နောက်ကွယ်မှ အဓိပ္ပာယ်ကို ဟီဂယ် ကြားလိုက်ရသည်။ အားကောင်းတဲ့ အမွေအနှစ် အပြင်ကို “အက်ဂ်ယော”မှာ ကံတရားဆိုတဲ့ အားပိုကောင်းတဲ့ အရာတစ်ခု ရှိနေတယ်။

ထို“စွမ်းရည်”ကို အထင်မသေးသင့်ပေ။ တစ်စုံတစ်ယောက်၏ စွမ်းအားက အတိုင်းအတာ တစ်ခုအထိ ရောက်သွားလျှင် ကံတရားမှာ အလွန်အရေးပါသော အရာတစ်ခု ဖြစ်သွားသည်။ မြေအရင်းအမြစ်ဖြစ်စေ၊ ဓမ္မတေးသစ်သီးနှင့် သြဇာယွမ်မြေတို့ ဖြစ်စေ၊ အားလုံးမှာ အလွန်အမင်း ရှားပါးသော ရတနာများ ဖြစ်ကြသည်။ မ‌တော်တဆ ဖြစ်ပါစေ၊ ထိုကဲ့သို့ လိုချင်သောပစ္စည်းများကို အချိန်တိုအတွင်း ရရှိနိုင်ခဲ့ခြင်းမှာ အက်ဂ်ယောတွင် ထူးခြားကောင်းမွန်သော ကံတရားတစ်ခု ရှိနေခေကြာင်း ပြောနေခြင်းပင်။

“ဒါနဲ့ မှတ်ထားဦး။ ငါသူ့ကို လွန်ခဲ့တဲ့ ၃နှစ်တုန်း တွေ့ခဲ့တုန်းက အမြင့်ဆင့် နတ်ဆိုးပဲ ရှိသေးတယ်။” မိုးရီက တည်တည်ငြိမ်ငြိမ်နှင့် ထပ်ပြောပြီး အမှောင်ဒြပ်စင်ဘုရင်နှင့် ရေဒြပ်စင်ဘုရင်တို့ကို ထိတ်လန့်သွားစေပြန်သည်။

ဟီဂယ်နှင့် လန်ဘို့စ်တို့က မိုးရီ ပြောချင်သည်ကို သဘောပေါက်ကြသည်။ ၃နှစ်တည်းနဲ့ သူက အမြင့်ဆင့်နတ်ဆိုးကနေ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ရောက်လာခဲ့တယ်။ အတိအကျပြောရရင် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းကို ရောက်နေပြီ။ နောက်ထပ်၃နှစ် ဆိုရင်ကော။ သူ့မှာက နတ်ဘုရား-ယောင် ပုဂ္ဂိုလ်ရဲ့ အမွေအနှစ်နဲ့ မယုံနိုင်စရာ‌ကောင်းတဲ့ ကံတရား ရှိနေတယ်။ ဒီလိုလူမျိုးက ဘယ်လိုမျိုးအဆင့်အထိ ရောက်နိုင်မှာလဲ။

သူ့လိုမျိုးကို ငါတို့က ရန်သူအဖြစ် ရွေးချယ်သင့်လား။

နောက်ဆုံး၌ ဟီဂယ်က လေးလေးနက်နက် စတင်စဉ်းစားတော့သည်။ ခဏကြာပြီးနောက် သူက ပြောသည်။ “အယ်မို့စ်နဲ့ အမှောင်ဒြပ်စင်ကောင်တွေ ကိစ္စကို ငါ ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။”

“ပြောပါ။” ချန်လွေ့က အလွန်အမင်း ပင်ပန်းနေသောစိတ်ကို ကြိုးစားထိန်းချုပ်ရင်း မေးလိုက်သည်။

“အမှောင်ဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစကို ရှာဖို့အတွက် ငါနဲ့ ပင်လယ်နက်ကို လိုက်ခဲ့။” အမှောင်ဒြပ်စင်ဘုရင်က ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “မင်းက ကံကောင်းတယ် မဟုတ်လား။ ဇစ်မြစ်အပိုင်းအစကို မင်း ကူရှာပေးနိုင်မယ်ဆိုရင် ငါလည်းမင်းကို ကတိတစ်ခု ပေးနိုင်တယ်။”

“ပင်လယ်နက် ဟုတ်လား။” မိုးရီက လန်ဘို့စ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။

လန်ဘို့စ်က လက်ကိုဆန့်တန်းလိုက်ရာ သူတို့အရှေ့၌ သုံးဖက်မြင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ကျွန်းများရှိနေသည့် ပင်လယ်နက် နယ်မြေဖြစ်သည်။ ၎င်းကို မြူများ ဖုံးနေသည့်အတွက် သေသေချာချာ မမြင်ရနိုင်ပေ။

“ဒါက ပင်လယ်နက်။ နက်ပြာကျွန်းကနေ သွားမယ်ဆိုရင် အစောဆုံး တစ်လကြာရင် ရောက်လိမ့်မယ်။ ပင်လယ်နက်က အတော်လေး အန္တရာယ်များပြီးတော့ ထူးဆန်းတဲ့ စွမ်းအားနဲ့ ပြည့်နှက်နေတယ်။ အနီးအနားမှာရှိတဲ့နယ်မြေက တိုက်ခိုက်ရေး စွမ်းအား ထူးချွန်ကြတဲ့ နာဂါမျိုးနွယ်စုရဲ့ နယ်မြေပဲ။ ဒါပေမဲ့ ဒါက အန္တရာယ် အများဆုံး မဟုတ်ဘူး။ အဲဒီထဲမှာ ပိုပြီးတော့ အစွမ်းထက်တဲ့ တည်ရှိမှုတွေ ရှိနေတယ်။ ရေဒြပ်စင်ကောင်တွေတောင် မဝင်ရဲဘူး။ ဟီဂယ်။ ဒီခရီးမှာ မင်း သဲလွန်စတစ်ခုခု ရှာတွေ့ခဲ့လား။”

“ဟမ့်။ သဲလွန်စ ရှာတွေ့ရင် ငါဘာလို့ ပြန်လာရမှာလဲ။” ဟီဂယ်က တိုးတိုးလေး ပြောသည်။ “အဲဒီမှာရှိတဲ့စွမ်းအားက ထူးဆန်းတယ်။ ငါ့ရဲ့ လေသင်္ဘောက လေထဲကနေ ဝင်လို့ လုံးဝမရဘူး။ ရေလမ်းကနေ သွားရင်လည်း ဝင်္ဂပါ ဖြစ်နေတယ်။ ဒီတစ်ခေါက် ငါခေါ်သွားတဲ့ သင်္ဘောသားတွေနဲ့ အမှောင်ဒြပ်စင်ကောင်တွေက ပင်လယ်နယ်မြေထဲမှာ ပျောက်ဆုံးသွားခဲ့တယ်။”

မိုးရီ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက အန္တရာယ်များမှတော့...”

“ကောင်းပါပြီ။ အမှောင်ဒြပ်စင်ဘုရင်။ ကျုပ် ခင်ဗျားကို ကတိပေးတယ်။” ချန်လွေ့က လန်ဘို့စ်၏ သရုပ်ပြမှော်ထဲမှ ရင်းနှီးသော ကျွန်းများကို ကြည့်နေရင်း သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ဖျပ်ခနဲ လက်သွားခဲ့သည်။

မိုးရီက ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ “ငါမင်းနဲ့ လိုက်သွားမယ်။”

“ဒီလို အဆင်မပြေလောက်ဘူး။ မိုးရီ။” ရေဒြပ်စင်ဘုရင်က ကြားဖြတ်ပြောသည်။ “မင်းက အခုမှ မြေအမှတ်အသားနဲ့ ပေါင်းစည်းထားတာ။ အပြည့်အဝ ပေါင်းစည်းဖို့ နက်ပြာနန်းတော်မှ မင်း သုံးလလောက်‌ နေရမယ်။ အဲဒီမတိုင်ခင် မင်း ဘယ်ကိုမှ သွားလို့ မရဘူး။”

မိုးရီက ချန်လွေ့ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ “ဒီပင်လယ်နေရာက အန္တရာယ် များလွန်းတယ်။ ဒီကိစ္စအတွက် နောက်ထပ်အဖြေတစ်ခု စဉ်းစားကြတာပေါ့။”

“ကျုပ် ဆုံးဖြတ်လိုက်ပြီ။” ချန်လွေ့ သမ်းဝေလိုက်ပြီးနောက် ယုံကြည်ချက်ရှိသော အပြုံးမျိုး ပြသလိုက်သည်။ “ဒါပေမဲ့ ဒီတစ်ခေါက် အမှောင်ဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစကို ကျုပ် ရှာတွေ့နိုင်မယ်ဆိုရင် သတ်မှတ်ချက်နှစ်ခုကို ဆောင်ရွက်ပေးရမယ်။ အရှင်မင်းကြီး ဟီဂယ်..”

ဟီဂယ်က သရော်ပြုံး ပြုံးလိုက်သည်။ “မင်းရဲ့ ယုံကြည်ချက်ကို ဘယ်ကရတာလဲ ငါမသိပေမဲ့ မင်းရဲ့သတ်မှတ်ချက်တွေကို ငါ အရင်ဆုံး နားထောင်လိုက်မယ်။”

“ဇစ်မြစ်အပိုင်းအစထက်စာရင် ဒီသတ်မှတ်ချက်နှစ်ခုက အရှင်မင်းကြီးအတွက် လွယ်ကူမှာပါ။ ပထမတစ်ခုကတော့ [ အလင်းချေမှုန်းချိပ်ပိတ် ] နဲ့ ကျိန်စာမိထားတဲ့ မိတ်ဆွေတစ်ယောက်ကို ကူညီပေးရမယ်။ ဒုတိယအနေနဲ့က ကျုပ်ရဲ့ အမှောင်ထု အရင်းအမြစ်စွမ်းအား ပေးရမယ်။”

ဟီဂယ်က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။”

“ဒါဆို လိုရမည်ရ အချင်းချင်း မထိခိုက်အောင်လို့ ညီတူမျှတူစာချုပ် ချုပ်ထားချင်တယ်။”

ဟီဂယ်က အထင်သေးစွာဖြင့် ပြုံးလိုက်သည်။ “မင်းက ဒီလိုအပေါစားလှည့်ကွက်နဲ့ ငါလိုက်ဖမ်းမှာကို ထွက်ပြေးချင်တာလား။ ဇစ်မြစ်အပိုင်းအစကို ရှာတွေနေတုန်း ငါမင်းကို မတိုက်ခိုက်ဘူးလို့ ကတိပေးနိုင်တယ်။ စာချုပ်အတွက်တော့ မင်းက အရည်အချင်း မပြည့်မီသေးဘူး။”

“ဒါဆိုရင် ဒြပ်စင်နှလုံးသားနဲ့ သစ္စာဆို...”

မိုးရီ၏စကားက ဟီဂယ်၏ ရန်လိုမှုကို လောင်မြိုက်သွားစေသည်။ လန်ဘို့စ်က အေးအေးဆေးဆေးပင် ထပ်ပြောလိုက်သည်။ “အကြောင်းတချို့ကြောင့် ဇစ်မြစ်အပိုင်းအစ ရှာဖွေမယ့် ဒီခရီးကို ရုတ်တရက်ကြီး ငါ မြင်ချင်သွားပြီ။”

“ဇစ်မြစ်အပိုင်းအစ”ဟူသော စကားလုံးက ဟီဂယ်၏မျက်လုံးများကို နီရဲသွားစေ၏။ သူက နှာမှုတ်လိုက်ပြီး နောက်ဆုံး၌ ဒြပ်စင်နှလုံးသားဖြင့် သစ္စာဆိုခဲ့လေသည်။

“ကောင်းပြီလေ။ ကျုပ် နိုးတဲ့အခါ သွားကြတာပေါ့။”

ချန်လွေ့ကို ထိုစကားကိုသာ ပြောပြီးနောက် ပြင်းထန်သော နွမ်းနယ်မှုကို မထိန်းထားနိုင်တော့ဘဲ ကုလားထိုင်ပေါ်မှီရင်း အိပ်ပျော်သွားတော့သည်။

All Chapters