နာဂါများ
Vol. 39 Ch. 598
ပင်လယ်ပြင် စတင်တုန်ခါလာပြီး မိစ္ဆာထောင်ခြောက်သင်္ဘောကလည်း ဆက်လက် လူးလိမ့်နေခဲ့သည်။ အထူးကိရိယာများကြောင့်သာ မဟုတ်လျှင် သင်္ဘောမြှုပ်သွားပြီ ဖြစ်သည်။ ထိုအလွန်ကြီးမားသော ပင်လယ်မြွေများက ခဏခဏ ပေါ်ထွက်လာပြီး သင်္ဘောနှင့် သင်္ဘောသားများကို တိုက်ခိုက်ကြသည်။ ရေဒြပ်စင်ကောင်များ၏ ရေမြားနှင့် ရေခဲဗုံးများက ၎င်းတို့၏ မာကြောပြီး ချောမွေ့သော အရေပြားကို မဖောက်ထွင်းနိုင်ပေ။ ထိုအစား ရေဒြပ်စင်ကောင်နှစ်ယောက် အစားခံလိုက်ရ၏။
ချန်လွေ့က ကယ်ဆယ်ရန် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ ကြောက်လန့်မှုနှင့် ဒေါသများ ရောထွေးနေရင်း သူက လေထဲသို့ ခုန်လွှားကာ [ အရှိန်အဝါ ဓားသွား ] ကို အားကုန် ဝှေ့ရမ်းလိုက်သည်။ ထိုးထွက်လာနေသော ပင်လယ်မြွေ၏ လည်ပင်းက ပိုင်းခံလိုက်ရသည်။ ၎င်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ရေထဲသို့ ငုပ်လျှိုးသွားပြန်သည်။
ထိခိုက်သွားသော ပင်လယ်မြွေက ပို၍ပင် ဉာဏ်များလှသည်။ ၎င်းက ရေထဲ၌ အရေးသာမှုကို အသုံးချကာ သင်္ဘောအား အဆက်မပြတ် ဝင်တိုက်သည်။ မိစ္ဆာထောင်ခြောက် သင်္ဘောက မာကြောလှသော်လည်း အချိန်အတော်ကြာ တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ပေ။ အစိတ်အပိုင်း အများအပြားက သတိပေးချက်များ စတင်ပို့လွှတ်လာသည်။ ဤအတိုင်းသာ ဆက်ဖြစ်မည်ဆိုလျှင် ပြိုလဲတော့မည်အန္တရာယ် ရှိလာနိုင်ပေသည်။
“ရေခဲခွဲနဲ့ အရေးပေါ်ခွင်းအားကို အသက်သွင်းလိုက်။” အနီးအနားရှိ ပင်လယ်ရေက မယုံနိုင်စရာ ကောင်းလောက်အောင် အလျင်အမြန် အေးခဲလာသည့်အတွက် ချန်လွေ့ အော်ပြောလိုက်သည်။
လူးလှိမ့်နေသော ပင်လယ်ရေက သာမန်မျက်လုံးဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် အေးခဲသွားကာ လှိုင်းများထံမှ ထွက်လာသော ပင်လယ်မြွေများ၏ လှုပ်ရှားမှုများလည်း နှေးကွေးသွားသည်။ ပင်လယ်မြွေတစ်ကောင်က ခုန်ထွက်တော့မည်ပြင်နေစဉ် ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်က အေးခဲသွားခဲ့သည်။ ချန်လွေ့လည်း ရှေ့ဘက်သို့ ချက်ချင်း တယ်လီပို့ခုန်ကာ ၎င်း၏ခေါင်းကို ဖြတ်တောက်လိုက်သည်။
သွေးများ မလျှံထွက်သွားဘဲ ထူးဆန်းစွာပင် ပြတ်သွားသော အပိုင်းအစများထဲသို့ ဝင်ရောက်သွားကာ တဖြည်းဖြည်းနှင့် အေးခဲသွားလေသည်။
မိစ္ဆာထောင်ခြောက်သင်္ဘောမှ ရေဒြပ်စင်ကောင်များသည် ရေဒြပ်စင်စွမ်းအားကို အသိရှိဆုံး ဖြစ်သည်။ ထိုအေးခဲစွမ်းအားမှာ သန့်စင်သော ရေဒြပ်စင်စွမ်းအား မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်ရှိသည့် သက်ရှိဝိညာဉ်ကို အတွင်းမှ အပြင်အထိ ဖောက်ဝင်နိုင်သော အေးစိမ့်မှုတစ်မျိုးဖြစ်ကြောင်း ရေဒြပ်စင်ကောင်များ ခံစားလိုက်မိသည်။
ရေဒြပ်စင်ကောင်များက ထိုအေးစိမ့်၏ ပစ်မှတ်များ မဟုတ်ကြသော်လည်း သိမ့်သိမ့်တုန်နေကြလေသည်။
သဲလူသားများက အမိန့်အတိုင်း တသွေမတိမ်း နာခံကြသည်။ မိစ္ဆာထောင်ခြောက် သင်္ဘော၏နောက်ဘက်မှ အပြာရောင်မီးတောက်များ ပေါက်ကွဲထွက်သွားကာ ရွက်တစ်ခုလုံးက အဆုံးစွန်အထိ ဖြန့်ကျက်သွား၏။ သင်္ဘောကလည်း အပြာရောင် အလင်းများ တောက်လာကာ အနီးဆုံးကျွန်းဆီသို့ အမြန်သွားတော့သည်။
နောက်မှ ပင်လယ်မြွေများ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း နှေးကွေးနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဝိညာဉ်တို့က အေးခဲမှုကြောင့် လှုပ်မရ ဖြစ်ကုန်ပြီး မိစ္ဆာထောင်ခြောက်သင်္ဘောနောက်သို့ ခဏတာ မလိုက်နိုင်တော့ပေ။ ပင်လယ်ထဲမှ ၎င်းတို့၏ အေးခဲနေသော အစိတ်အပိုင်းများက အဆက်မပြတ် ပေါက်ကွဲသံများ ထွက်လာကာ တဖြည်းဖြည်း ကွယ်ပျောက်သွား၏။ ထိုအချိန်တွင် ပင်လယ်ရေက အနီရောင်သမ်းသွားတော့သည်။ ခန္ဓာကိုယ်အပိုင်းအစများလည်း ရေမျက်နှာပေါ်သို့ ပေါ်လာပြီးနောက် သွေးအနံ့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့လေသည်။
၎င်းမှာ စူပါစနစ်၏ အကူအညီမပါဘဲ ချန်လွေ့ သဘောပေါက်ခဲ့သော [ ဆောင်းပိုင်နက် ] ဖြစ်သည်။ ရေထဲသို့ ငုပ်ဆင်းသွားသော ဧရာမပင်လယ်မြွေများသည်ပင် ဝိညာဉ်ထဲသို့ စိမ့်ဝင်နိုင်သည့် ဖျက်ဆီးခြင်းစွမ်းအားမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရှေ့ပင်လယ်တွင် မူမမှန်သော လှုပ်ရှားမှုတစ်ခု ရှိနေ၏။ ပင်လယ်မြွေ အများအပြားက သူတို့ထံ အလွန်အမင်း လျင်မြန်စွာ ပြေးလာနေကြပုံရသည်။
မိစ္ဆာထောင်ခြောက် သင်္ဘောသည် ထိုကဲ့သို့ပတ်ဝန်းကျင်၌ ရပ်တန့်၍မရမည်မှာ သေချာကြောင်း ချန်လွေ့ တွေးမိလိုက်ပြီး [ အသံဗုံး ] ကို ချက်ချင်း အသက်သွင်းကာ သင်္ဘောနောက်သို့ အမီလိုက်ခဲ့သည်။ ထို့နောက် သူက အသံကျယ်ကျယ်နှင့် အမိန့်ပေးလိုက်သည်။ “ညာဘက်တက်မ ၁၈။ ကမ်းခြေကို အရှိန်ကုန်တင်သွား။”
သူက မိုးကြိုးမြွေကျွန်းစုမှ နာဂါများကို ရှောင်ချင်သော်လည်း လက်ရှိ အရေးပေါ် အခြေအနေ၌ ကမ်းမကပ်ရန် မဖြစ်နိုင်တော့ပေ။
မိစ္ဆာထောင်ခြောက်သင်္ဘောက ညာဘက်သို့ လှည့်သွားပြီး အနီးဆုံးကျွန်းဆီသို့ အလျင်အမြန် ရွက်လွှင့်တော့သည်။ နောက်မှလိုက်လာသော ပင်လယ်မြွေများက အဖော်များ၏ သွေးနံ့ကိုရသွားပြီး အလွန်လျင်မြန်စွာ ရောက်လာလေသည်။
ဒီအမြန်နှုန်းအတိုင်းဆိုရင် မိစ္ဆာထောင်ခြောက် သင်္ဘောက ကမ်းခြေကို မရောက်ခင် အဝိုင်းခံရမှာပဲ။ ချန်လွေ့၏ပုံရိပ်က လေထဲသို့ ရောက်သွားပြီးနောက် ပင်လယ်မြွေများထံ ပျံသန်းသွားကာ ၅မီတာခန့်ကျယ်ဝန်းသော ကျောက်ဆောင်တစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။
ချန်လွေ့က လက်ကို ဆန့်ထုတ်လိုက်ရာ အလွန်ကြီးမားသော အလင်းရောင် စက်လုံးတစ်ခုက ပင်လယ်မြွေများဘက်သို့ အဆက်မပြတ် ပစ်လွှတ်လိုက်သည်။ [ အရုဏ်ဦးပစ်ချက် ] က ပင်လယ်ထဲသို့ တည့်တည့် “ငုပ်လျှိုး”သွဦးပြီး ဖိအားတစ်ခုခုကြောင့် ပေါက်ကွဲထွက်သွားကာ ၁၀မီတာခန့်မြင့်မားသော ရေတိုင်လုံးတစ်ခု စင်ထွက်သွား၏။ ချန်လွေ့က စိတ်ကိုစေစားလိုက်ပြီး [ အရုဏ်ဦးပစ်ချက် ] များ အဆက်မပြတ် ပစ်လွှတ်လိုက်ရာ ပေါက်ကွဲထွက်နေသော ရေတိုင်လုံးက ရုတ်တရက် သွေးနီရောင် ဖြစ်သွားသည်။ စွမ်းအားပိုနည်းသော အရာများက ရုတ်တရက် အပိုင်းပိုင်း ဖြစ်သွားခဲ့လေသည်။
ထိုကဲ့သို့ အစုအပြုံလိုက် တိုက်ခိုက်မှုက ပင်လယ်မြွေများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူတို့က အလျင်အမြန်ပင် ကမ်းပါးဆီသို့ အရှိန်ဖြင့် ရောက်လာကြသည်။ ချန်လွေ့က ကမ်းပါးမှ မပျံပြေးဘဲ မတည်မငြိမ်ဖြစ်နေသော လှိုင်းလုံးများ ချဉ်းကပ်လာသည်ကို ကြည့်နေလေသည်။
“ဝုန်း....” ပင်လယ်ရေမျက်နှာပြင်ပင် ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ပြီး အလွန်ကြီးမားသော ခန္ဓာကိုယ်တစ်ခုက လှိုင်းလုံးများထဲမှ ထွက်လာကာ ချန်လွေ့ထံ တည့်တည့် ပြေးဝင်လာသည်။ ချန်လွေ့က ၎င်း၏ ကြောက်မက်ဖွယ်ရာ အသွင်အပြင်နှင့် အလွန်အမင်း ထက်လှသောသွားများကို သေသေချာချာ မြင်လိုက်ရသည်။
ပင်လယ်မြွေများ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း မြန်ဆန်ပြီး ကြမ်းတမ်းလှသော်လည်း ရေထဲမှ ခုန်ထွက်လာသောအခါ ခန္ဓာကိုယ်၏အဟုန် ရုတ်တရက် နှေးကွေးသွားသည်။ အနက်ရောင်နှင့် အစိမ်းရောင် အရေပြားက တလက်လက် မဖြစ်နေတော့ဘဲ ချက်ချင်းပင် အဆပေါင်းများစွာ အသက်ကြီးသွားသလို ဖြစ်သွားသည်။ ထိုပင်လယ်မြွေသာမက နောက်ဘက်မှ အတင်းရောက်လာသော မြွေနှစ်ကောင်လည်း ထိုအတိုင်း ဖြစ်သည်။ ရေထဲသို့ ပင်လယ်မြွေ ခုန်မဆင်းသွားခင်မှာပင် ခရမ်းရောင်ဖျော့ဖျော့ဖြစ်သော ဓားအလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားကာ ခေါင်းပြတ်သွား၏။ ထို့နောက် ဧရာမခန္ဓာကိုယ်ကလည်း တွန့်လိမ်သွားကာ ပင်လယ်ရေ မျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများကလည်း ပင်လယ်ထဲသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ အခြားပင်လယ်မြွေနှစ်ကောင်မှာမူ တစ်ကောင်က ခေါင်းဖြတ်ခံလိုက်ရကာ ကျန်တစ်ကောင်က ဒဏ်ရာရသွားပြီး ပင်လယ်ထဲသို့ ငုပ်လျိုးသွားတော့သည်။
အဖော်များ၏ သွေးများကြောင့် ပင်လယ်မြွေများက ပို၍ပင် ကြမ်းတမ်းလာသည်။ ချက်ချင်းပင် ရေထဲမှ ဧရာမကိုယ်ထည်များ ထွက်လာကြပြီး ပင်လယ်အောက်ခြေ၌ ခေါင်းအများအပြားရှိသော ဧရာမ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ပင် ဟိန်းဟောက် တိုက်ခိုက်နေလေသည်။
ချန်လွေ့က [ ဆောင်းပိုင်နက် ] ကို အားကုန် အသက်သွင်းခဲ့သည်။ သူက ဘယ်လက်ကို တင်းတင်ဆုပ်ကိုင်ထားရင်း ရန်သူအား လှိုင်းများဖြင့် တိုက်ခိုက်သည်။ သူ၏ညာဘက်မှ မြောက်အဏ္ဏဝါဓား၏ “ထက်မြက်မှု”ကလည်း အစွမ်းအပြည့်အဝ ပြသတော့သည်။ သူက ပင်လယ်မြွေအများအပြားကို အဆက်မပြတ် သတ်နိုင်ခဲ့ပြီး အနီအနားရှိပင်လယ်ကလည်း သွေးရောင်ပြောင်းသွားခဲ့သည်။
ပင်လယ်မြွေများ၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ကြမ်းတမ်းလာသည်။ နောက်ဆုံး၌ ချန်လွေ့က စတင်မောပန်းလာခဲ့သည်။ သူက ခန္ဓာကိုယ်ပေါ်၌ အကာအကွယ် ဒိုင်းကာများကို အသုံးပြုနေရင်း အရေးနိမ့်လာခဲ့သည်။ သူ အစွမ်းကုန်သုံးလျှင် ပင်လယ်မြွေများအားလုံးကို သတ်ပစ်နိုင်သော်လည်း ထိုခရီး၏ ပန်းတိုင်မှာ ထိုအရာ မဟုတ်ပေ။ သူက ယခုတွင် ပင်လယ်နက်သို့ ဝင်ခါစသာ ရှိသေးသည်။ နောက်တွင် အန္တရာယ်များ ပိုများပေသည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကဲ့သို့သော အစွမ်းများမှာ နောက်ဆက်တွဲဒဏ် ပြင်းထန်လှသည့်အတွက် လက်ရှိ၌ အသုံးပြုရန် မသင့်တော်ပေ။
ဒိုင်းကာပြာပေါ်ရှိ အက်ကွဲကြောင်းမှာ တဖြည်းဖြည်း တိုးပွားလာသည်။ ထို့နောက် သူ၏ခြေထောက်အောက်မှ ကျောက်ဆောင် မရှိတော့ပေ။ ထိုကမ်းပါးကို ပင်လယ်မြွေများက အောက်ခြေမှ ကြေမွအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ချန်လွေ့က မိစ္ဆာထောင်ခြောက်သင်္ဘောသည် ကမ်းခြေသို့ ချဉ်းကပ်နေပြီဖြစ်ကြောင်း မြင်သည့်အခါ တယ်လီပို့ခုန်လိုက်ပြီးနောက် ကောင်းကင်ပေါ်၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ အရူးအမူး ဖြစ်နေကြသော ပင်လယ်မြွေများက ရေထဲမှ ဟိန်းဟောက်နေကြသည်။ သို့သော်လည်း သူတို့က ပစ်မှတ်ထံသို့ မရောက်နိုင်ကြပေ။
ချန်လွေ့ ဆက်လက် မတိုက်ခိုက်ခဲ့ဘဲ သင်္ဘောဆိုက်ကပ်သော ကျွန်းဆီသို့ အလျင်အမြန် ပျံသွားလိုက်သည်။
ပင်လယ်မြွေများက ချက်ချင်းပင် ဆက်လက်လိုက်လာကြသည်။ ချန်လွေ့၏ အမိန့်အတိုင်း ကမ်းကပ်ပြီးနောက် သဲလူသားများနှင့် ရေဒြပ်စင်ကောင်များက အလျင်အမြန်ပင် သင်္ဘောပေါ်မှ ဆင်းလိုက်ကြသည်။ ယခင်တိုက်ပွဲတွင် ဒိုဒိုက ပင်လယ်မြွေများကြောင့် ကြောက်လန့်နေခဲ့သည်။ သူက ပင်လယ်မြွေများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အတင်းပိတ်ထားခဲ့၏။
ချန်လွေ့က မိစ္ဆာထောင်ခြောက်သင်္ဘောကို ဖြတ်သွားသောအခါ အလျင်အမြန်ပင် သိုလှောင်ဂိုဒေါင်ကို အသုံးပြုလိုက်သည်။ သင်္ဘောတစ်စင်းလုံး ပျောက်ကွယ်သွားကာ ဒိုဒိုနှင့် သင်္ဘောသားများအား ကမ်းခြေဘေားနားရှိ တောင်ကြားထဲသို့ ချန်လွေ့က အရှိန်ကုန် ခေါ်သွားလိုက်သည်။
ဆက်မလိုက်လာနိုင်ကြသော ပင်လယ်မြွေများက ကမ်းခြေတစ်လျှောက် ဒေါသတကြီး လျှောက်သွားနေတော့သည်။ သူတို့က ရန်သူထွက်လာသည့်အခါ လက်စားချေရန် မစောင့်နိုင်တော့ပေ။ ကမ်းပါးပေါ်၌ ၎င်းတို့အားလုံးကို မြင်တွေ့ခဲ့သော ချန်လွေ့က ထိုလမ်းကြောင်းပေါ်၌ ဆက်လက်၍ ရွက်လွင့်မရတော့ကြောင်း သိလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် အားလုံးကို ရှေ့ဆက်သွားစေသည်။
ထိုကျွန်းက အတော်လေး ကြီးမားပြီး မြေအနေအထားက ရှုပ်ထွေးလှသည်။ ပြင်ပအားတစ်မျိုးမျိုး၏ ဟန့်တားမှုကြောင့် မှော်မြေပုံနှင့် မှော်သံလိုက်အိမ်မြောင်တို့က အသုံးပြု၍ မရပေ။ သူတို့က ရေဒြပ်စင်ကောင်များ၏ အထူးအာရုံခံများဖြင့်သာ ရှေ့ဆက် သွားနိုင်ကြသည်။ ဒါက မိုးကြိုးမြွေကျွန်းစုရဲ့ အပြင်ဘက်အစွန်ပဲ ရှိသေးတယ်။ ဒီအစီအစဉ် အတိုင်းသာဆိုရင် အမှောင်ဒြပ်စင်ဘုရင် သတ်မှတ်ထားတဲ့အချိန်အမတိုင်း လျို့ဝှက်မြူဖုံးကျွန်းကို ရောက်နိုင်ဖို့ ပိုခက်လောက်တယ်။
ချန်လွေ့က သူတို့ကို အနားယူရန် အမိန့်ပေးပြီး တောအုပ်တစ်ခုသို့ လမ်းလျှောက် သွားလိုက်သည်။ အချိန်အတော်ကြာ ဆာလောင်ပြီး ရေငတ်နေသော ဒိုဒိုကာ ချက်ချင်းပင် မြေပြင်ပေါ် လှဲချကာ ပင့်သက်ရှိုက်နေတော့သည်။ သဲလူသားများနှင့် ရေဒြပ်စင်ကောင်များ၏ စွမ်းအားများလည်း အတော်များများ အားနည်းသွားခဲ့သည်။ ပင်လယ်ထဲ၌ ရေဒြပ်စင်ကြွယ်ဝသည့်အတွက် ရေဒြပ်စင်ကောင်များက စွမ်းအားပြန်ပြည့်ရန် ရေဒြပ်စင်စွမ်းအားကို စုပ်ယူ၍ရသည်။ ထိုစဉ် သဲလူသားများက ခန္ဓာကိုယ်ပေါ်၌ အပျက်အစီးများနှင့် နွမ်းနယ်မှုများကို ပြေပျောက်စေရန်အတွက် သဲနှင့် ကျောက်စရစ်များကို ရှာဖွေနိုင်ပေသည်။
လှိုင်းမူးသည့်အတွက် စားချင်စိတ်ပျောက်နေရာ အသားကင်ကဲ့သို့သော ယခင်က ဒိုဒို၏ အကြိုက်အစားအစာများက ပျားဖယောင်းသဖွယ် ဖြစ်နေခဲ့သည်။ လတ်ဆတ်သော အပင်များကသာ သူ၏စားချင်စိတ်ကို တိုးစေနိုင်လောက်သည်။ သခင်ဖြစ်သူက ရေဒြပ်စင်ကောင်များအား အနီးအနားရှိ ကျွန်းများ၏ အခြေအနေကို မေးမြန်းနေစဉ် ချွဲကျိကောင်က တိတ်တိတ်လေး ခိုးထွက်သွားတော့သည်။
ထိုကဲ့သို့ သိပ်သည်းလှသော တောနက်ထဲ၌ “အပင်ရသာမွန် အရူးအမူး” ဖြစ်သော ချွဲကျိကောင်၏ မှတ်ဉာဏ်ထဲတွင်မရှိသည့် ထူးဆန်းသော အပင်များစွာ ရှိနေသည်။ ဒိုဒို၏ ကြက်သွန်နီမျက်နှာက ချန်လွေ့၏ ဇာတ်လမ်းမှ ပီနိုချီအိုကဲ့သို့ ရုတ်တရက် နှာခေါင်းရှည်သွားသည်။ သူက နှာခေါင်းကို တရှုံ့ရှုံ့လုပ်နေရင်း အစာရှာတော့သည်။
စိမ်းလန်းစိုပြည်သော နွယ်နှစ်ခုနှင့် အဝါရောင် သစ်သီးအလုံးကြီးတစ်လုံးကို စားပြီးနောက် ချွဲကျိကောင်၏ စားချင်စိတ် တိုးပွားလာသည်။ သူ၏ ယခင် ခံတွင်းပျက်ခြင်းနှင့် ပျောက်ကွယ်သွား၏။ သူက နှာခေါင်းကို တရှုံ့ရှုံ့လုပ်နေရင်း အနံ့ခံနေလိုက်ပြန်သည်။ အနံ့အတိုင်း ရှာဖွေပြီးနောက် သူက ချုံပုတ်တစ်ခုထဲ၌ ပေါက်နေသော စတော်ဘယ်ရီနှင့် ဆင်တူသည့် လက်သီးဆုပ်အရွယ် အနီရောင် သစ်သီးတစ်လုံးကို မြင်လိုက်ရသည်။
သားရည်ယိုနေသော ချွဲကျိကောင်က ချွဲကျိကောင်က ချက်ချင်းပင် သစ်သီးနီသို့ ခုန်လွှားလိုက်ပြီး တစ်လုတ်တည်း မျိုချခဲ့သည်။ အရသာမှာ ဖော်ပြ၍ မရနိုင်အောင်ပင် ဖြစ်သည်။ ဆယ်လုံးကျော် စားပြီးနောက် သူ မိုးဝေလာပြီး အားကောင်သော အရက် တစ်မျိုးမျိုးကို သောက်လိုက်ရသလိုမျိုးပင် သူ၏ခန္ဓာကိုယ်က ထိန်းချုပ်မရ ဖြစ်လာ၏။
ဒိုဒိုက မူးဝေနေရင်း နောက်ပြန်ယိုင်နေစဉ် တစ်စုံတစ်ခုနှင့် ရုတ်တရက် တိုက်သွား၏။ “ဆရာသခင် ဒိုဒိုရဲ့လမ်းကို ဘယ်သူတားရဲတာလဲ။”
ထိုလေသံက ရိုမန်နှင့် ပါ့ဂ်လီအိုတို့၏ မောက်မာမှုနှင့် အတော်လေး ဆင်တူသည်။ သို့သော်လည်း ချွဲကျိကောင်ကို အေးစက်သော သတ်ဖြတ်ချင်စိတ်တစ်ခုက ချက်ချင်း အသေမှတ်ထားလိုက်လေသည်။ ဆရာသခင် ဒိုဒိုက ရုတ်တရက် ကြက်သီးထသွားကာ အမူအနည်းငယ် ပြေသွားသည်။ သူ၏အရှေ့မှ အရပ်မြင့်မြင့် ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်သောအခါ သူ ပါးစပ်ဟပြီး မှင်တက်နေတော့သည်။
ထိုခန္ဓာကိုယ်၏ပုံစံကို မော့ကြည့်ပြီးသောအခါ ဆရာသခင်ဒိုဒို၏ပါးစပ်က မျက်နှာ၏ သုံးပုံတစ်ပုံအထိ ဟသွားခဲ့လေသည်။ ထို့နောက်တွင် စူးရှသော အော်သံတစ်သံ ထွက်လာတော့၏။
ဒိုဒို၏အော်သံက ချန်ချင်းပင် ချန်လွေ့၏အာရုံကို ဖမ်းစားသွားခဲ့သည်။ သူက အော်သံဘက်သို့ သွားကြည့်ရန်ပြင်လိုက်သော်လည်း ရုတ်ချည်း ရပ်တန့်လိုက်ကာ သတိထားသော အမူအရာတစ်ခု ပြသလာသည်။ ထို့နောက် သဲလူသားများနှင့် ရေဒြပ်စင်ကောင်များအား စုစည်းရန် အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် သစ်တောထဲမှ တရှဲရှဲအသံတစ်ခု ထွက်လာပြီး မြင်ကွင်းထဲသို့ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
ထိုသတ္တဝါက နှစ်မီတာခန့်မြင့်မားပြီး အစိမ်းရောင်ဆံပင်ရှည်ရှိကာ လှပသော မျက်နှာအသွင်အပြင် ရှိသည်။ အပေါ်ပိုင်းခန္ဓာကိုယ်က အမျိုးသမီး သွင်ပြင်လက္ခဏာ အတိုင်း ဖြစ်သည်။ မို့မောက်သော ရင်သားများကို ရိုးရှင်သော ရွှေရောင်ကြေးခွံချပ်ကာဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီး အောက်ပိုင်းခန္ဓာမှာ အနုစိတ်သော ကြွေးခွံများ ရှိသည့် ကြက်သွေးရင့်ရောင် မြွေကိုယ်ထည် ရှိသည်။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ လက်ခြောက်ဖက်ရှိနေပြီး တစ်ဖက်စီတွင် ဓားမောက်ရှည်တစ်လက် ရှိနေခြင်းပင်။
နာဂါတွေ။
မိုးကြိုးမြွေကျွန်းစုက အပြင်ဘက်အစွန်ဆုံးကျွန်းမှာတောင် နာဂါမျိုးနွယ်စုကို ငါ မရှောင်နိုင်ဘူး။
ချန်လွေ့၏မျက်လုံးက အလွန်အမင်း သတိထားလျက် ရှိနေသည်။ ထိုနာဂါက S အဆင့် ရှိပြီး တန်ဖိုးများက S+ နှင့် အတော်လေး နီးကပ်နေသည်။ သူက ချန်လွေ့ကို စိုက်ကြည့်နေရင်း ပြင်းထန်သော တိုက်ခိုက်ချင်စိတ်ကို ထုတ်လွှတ်လိုက်သည်။ ချန်လွေ့က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း စွမ်းအားအဆင့်သာ ဖြစ်ဟန် တူသော်လည်း ထိုနာဂါက သတိလက်လွတ် မနေခဲ့ပေ။
နာဂါက အလျင်မလိုဘဲ ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလာသည်။ ချန်လွေ့၏ လက်ရှိ မျက်လုံးအမြင်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ထိုနာဂါ၏ ဓားမောက်ရှည် ကိုင်ထားသော အမူအရာက လုံးဝနီးပါး အပြစ်အနာအဆာကင်းမဲ့ကြောင်း ချန်လွေ့ သတိထားမိသည်။ သူက အချိန်မရွှေး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်ပေသည်။
နောက်ဘက်မှ သိပ်သည်းလှသော တောအုပ်ထဲ၌ တရှဲရှဲအသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး နောက်ထပ်ကြောက်မက်ဖွယ်ရာ ပုံရိပ်များလည်း ပေါ်ထွက်လာ၏။ လက်ခြောက်ဖက်ရှိသူ အချို့အပြင် အများစုမှာ လက်လေးဖက် ရှိကြသည်။
ထိုအုပ်စု၏ ခေါင်းဆောင်မှာ သူ့အရှေ့သို့ လမ်းလျှောက်လာသော တစ်ယောက်ပင် ဖြစ်လေသည်။ ချန်လွေ့က စဉ်းစားလိုက်ပြီးနောက် ခေါင်းဆောင်ကို အရိုအသေပြုကာ အများသုံး ဘာသာစကားဖြင့် ပြောသည်။ “နာဂါပိုင်နက်ထဲကို ကျူးကျော်မိတဲ့အတွက် ကျုပ်ရဲ့ မိတ်ဆွေတွေကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့က ရန်ပြုချင်တဲ့စိတ် မရှိပါဘူး။ ကျုပ်တို့က နာဂါမျိုးနွယ်စုနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။”
ထိုနာဂါက ချန်လွေ့၏အရှေ့ ၄..၅မီတာတွင် ရပ်တန့်လိုက်ပြီးနောက် အေးစက်စက် ပြောသည်။ “ကျွန်မ ရှင့်ကို ရွေးချွယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက ခုခံပြီးတော့ အခုသေလိုက်။ ဒုတိယ တစ်ခုကတော့ မခုခံဘဲနဲ့ နောက်နှစ်ရက်မှသေ။”