အဖေစင်ပေါ်တက်ခြင်း
Vol. 126 Ch. 1756
ကုန်းဇီယွမ်နှင့် တခြားသူများသည် အတူရောက်လာပြီး ရှီမာယူယူအား တအံ့တဩကြည့်ကြလေသည်။
“မင်း တကယ်ပဲ အဆင်ပြေတာလား” ရှောင်ရော့ပိုင်သည် သူမကို ပုတ် လိုက်သည်။ သူမတွင် မည်သည့်ဒဏ်ရာမှမရှိသည်ကို တွေ့ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” ခေါင်းဆောင်ရှောင်သည် ရှီမာယူယူအား နားမလည်နိုင်စွာဖြင့် ကြည့်သည် “မင်း ဘာနည်းပညာတွေများ သုံးလိုက်တာ လဲ”
ရှီမာယူယူသည် ထိုလူကိုမသိပေ။ သို့သော် သူ၏ စိတ်သဘောထားနှင့် အားအင်ကို အကဲဖြတ်ရသလောက်တော့ သူသည် မုရုန်ဟွေ့နှင့် တူညီသည်ဟု ခန့်မှန်းရသည်။
“သူ့ရဲ့ဘေးဒုက္ခမိုးကြိုးက သူ့ဘက်ပဲသွားလို့ဖြစ်နိုင်ပါတယ်” ရှီမာယူယူ သည် မီးခိုးရောင်ငှက်ဘက်သို့ ညွှန်ပြလိုက်သည်။
ထိုအကြောင်းပြချက်ကို မဖြစ်နိုင်ဟု အားလုံးထင်ကြသော်လည်း အကျိုးအကြောင့်သင့်သော ရှင်းပြချက်ကို ရှာမရပေ။
“သမီးအဆင်ပြေရင် ရပြီ” မုရုန်ဟွေ့ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဖေ” ရှီမာယူယူ ပြုံးလိုက်သည်။
“ရှီအာ ဘယ်လိုဖြစ်တာလဲ သူက မင်းကိုတွေ့ချင်တယ်လို့ပြောတယ် ဒါပေမဲ့ ဘာလို့လူပုံစံပြောင်းချင်နေတာလဲ” ကုန်းဇီယွမ် မေးလိုက်သည်။
“ဘာလို့လဲတော့ ငါလည်းမသိဘူး” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ငါ ဒီအတိုင်းပဲ တက်သွားလိုက်တာ အဲဒီငှက်က ငါ့ကိုကြောင်လေးပေးတယ် ပြီးတော့ သူအသွင်ပြောင်းချင်တယ်လို့ ပြောတယ် ငါ ပြေးဖို့အချိန်မရခင်မှာပဲ ဘေးဒုက္ခရောက်လာနေပြီ”
“ဒါဆို ငါတို့အခုသွားလို့ရပြီလား” ရှောင်ရော့ပိုင်သည် မီးခိုးရောင်ငှက် အသွင်ပြောင်းသည်ကို ကြည့်ပြီး မေးလိုက်သည်။
မုရုန်ဟွေ့သည် မီးခိုးရောင်ငှက်ကိုကြည့်ပြီး ရှီမာယူယူကို သူ့ဘက်သို့ ဆွဲလိုက်သည် “နေဦး သူ ဘာလို့ ရှီအာကို ဒီကိုခေါ်လဲဆိုတာ သိချင်သေးတယ်”
ရှီမာယူယူသည် ခေါင်းမော့ကာ မုရုန်ဟွေ့ကိုကြည့်ပြီး သဲ့သဲ့ပြုံးလိုက်၏။ သူသာ အားလုံးရှေ့တွင် သမီးဖြစ်သူကို ဂရုစိုက် ဟန်ဆောင်ချင်လျှင် ဤကဲ့သို့ လုပ်ရန်မလိုပေ။
ထို့ကြောင့် ဤလူသည် သူမကို အသုံးချနေခြင်းမဟုတ်ပေ။
ကံကောင်းစွာပင် သူတို့သည် လျှို့ဝှက်လုပ်ဆောင်ထားသဖြင့် ဘေးဒုက္ခ လုပ်ငန်းစဉ်တွင် တစ်ခုခုရရန်မဖြစ်နိုင်ပေ။
“အဖေ…”
ရှီမာယူယူသည် မုရုန်ဟွေ့လက်ကို ဖက်လိုက်သည်။ သူမ မပြောခင်မှာ ပင် မုရုန်ဟွေ့သည် သူမလက်ကို ပုတ်လေသည်။ ထိုအပြုအမူသည် ရှီမာလျူရွှမ်မှ သူမလက်ကို ပုတ်သည်နှင့် အလွန်တူသည်။
“စိတ်မပူနဲ့ အဖေတို့ရှိတယ်” မုရုန်ဟွေ့သည် သူမကိုနှစ်သိမ့်လေသည်။
ရှီမာယူယူသည် ထိုမေးခွန်းကိုမမေးချင်ဟု ပြောချင်သည်။ သို့သော် သူ၏ အပြုအမူကြောင့် သူမသည် ဘာမှမပြောနိုင်ပေ။
မကြာမီတွင် အနက်ရောင်အလင်းတန်း ပျောက်ကွယ်သွားလေသည်။ သေးငယ်ပြီး အရပ်ပုသောပုံသဏ္ဍာန်သည် အားလုံးရှေ့တွင် ပေါ်လာသည်။
သူ လူသားအသွင်ပြောင်းလိုက်သည်နှင့် ဂူလန်တောင်မှ မရဏာသားရဲ များအားလုံးသည် လေးစားသမှုပြုကြသည်။
“ဟားဟား… နောက်ဆုံးတော့ ငါ အသွင်ပြောင်းတာ အောင်မြင်သွားပြီ မင်း…” မီးခိုးရောင်ငှက်သည် ရှီမာယူယူဆီသို့ ပျော်ရွှင်စွာဖြင့် အမြန်ပင် ပြေး လာသည်။ သူ သူမ၏အကြည့်ကို မြင်သောအခါ ကတိုက်ကရိုက်ပင် ထိန်းလိုက် သည် “ရှီအာ ငါလုပ်နိုင်သွားပြီ ငါတကယ်ပဲ လူသားအဖြစ်ပြောင်းလိုက်ပြီ”
“မဆိုးပါဘူး” ရှီမာယူယူသည် အပေါ်ယံတွင်တော့ ပြုံးနေသော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲမိသည်။
ခုနတုန်းက ဘယ်သူ အော်ဟစ်နေတာလဲ။
“ဂုဏ်သရေရှိလူကြီးမင်း ကျုပ်က ထာဝရတောက်ပခြင်းမြို့ရဲ့ မြို့ဝန် ရှီအာရဲ့အဖေပါ” မုရုန်ဟွေ့သည် ရှေ့တစ်လှမ်းတိုးကာ ရှီမာယူယူ၏ ရှေ့သို့ ထွက်လိုက်ပြီး မီးခိုးရောင်ငှက်ကိုပိတ်ထားလိုက်သည်။
“ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်ဂရုမစိုက်…” မီးခိုးရောင်ငှက်သည် စိတ်ထဲမှ မုရုန်ဟွေ့ကို ရှင်းပစ်ချင်နေသည်။ သို့သော် ရှီမာယူယူသည် မုရုန်ဟွေ့ ၏ အနောက်မှခေါင်းပြူပြီး သူ့ကိုကြည့်သည်ကိုမြင်လိုက်ရသည်။ ‘စမ်းကြည့် ချင်ရင် စမ်းကြည့်လိုက်လေ’ ဆိုသည့်အဓိပ္ပာယ်နှင့် သူမ သူ့ကိုစိုက်ကြည့်နေ သည်။
သူမ မိုးကြိုးဘေးဒုက္ခနှင့် ရင်းနှီးပုံကိုတွေးမိပြီး သူခေါင်းပုသွားကာ စိတ်လှုပ်ရှားမှုများကို ဘေးတွန်းပို့ထားလိုက်သည်။ သူ မုရုန်ဟွေ့ကို ခေါင်းညိတ်ပြလိုက်သည် “အိုး ခင်ဗျားက ရှီအာ အဖေကိုး”
မုရုန်ဟွေ့သည် ရှီအာယူယူအား ငုံ့ကြည့်ပြီးနောက် မီးခိုးရောင်ငှက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ သိချင်စိတ်ပြင်းပြနေသည်။
“ဂုဏ်သရေရှိလူကြီးမင်း ဒီမိန်းကလေးကို သိတာလား”
“ဟုတ်ပါတယ် အင်း.. အရင်ကတော့မသိဘူး အခုတော့ သိသွားပြီ” မီးခိုးရောင်ငှက် ပြောလိုက်သည် “အဲဒီကြောင်မိစ္ဆာလေးက သူမနောက်လိုက် ချင်နေတာ အဲဒါကြောင့် သူမကိုဖိတ်ဖို့လူလွှတ်လိုက်တာပဲ”
“အဲလိုလား”
“အင်း အဲလိုပါပဲ” မီးခိုးရောင်ငှက်သည် ခပ်တည်တည်ပင် ခေါင်းညိတ် သည်။ သို့သော် မည်သူမှ ထိုစကားကိုမယုံကြပေ။
“အဲလိုဆို ဘာမှမရှိတော့ရင် ကျုပ်တို့အရင်သွားလိုက်ပါဦးမယ်” မုရုန်ဟွေ့ ပြောလိုက်သည်။
“အဲဒါက…” မီးခိုးရောင်ငှက်သည် ရှီမာယူယူအား သနားစဖွယ်ကြည့် လေသည်။
“တခြားရှိသေးလို့လား”
“အဲဒါက… ကျုပ် ခင်ဗျားတို့နဲ့ လိုက်လို့ရမလား” မီးခိုးရောင်ငှက်မေး လိုက်၏။
“ရှင်က ကျွန်မနဲ့ အတူနေချင်လို့လား” ရှီမာယူယူသည် သူ့ကို တအံ့တဩ ကြည့်လိုက်သည် “ဘာလို့လဲ”
“မင်းနဲ့ဆို ပိုပြီးလုံခြုံသလိုခံစားရတယ်” မီးခိုးရောင်ငှက်သည် အရှက်မရှိ ပြောလေသည်။
အားလုံးမှာ “….”
မီးခိုးရောင်ငှက် မင်းက အထွတ်အထိတ်သားရဲလေ… ဒါပေမဲ့ ဝိညာဉ် စွမ်းအားတစ်ခုမှမရှိတဲ့ လူတစ်ယောက်နဲ့နေရတာ ပိုလုံခြုံတယ်လို့ ပြောနေတာ လား။
“မရဘူး” ရှီမာယူယူသည် မစဉ်းစားဘဲ ငြင်းဆန်လိုက်သည်။
“ဘာလို့လဲ” မီးခိုးရောင်ငှက်သည် နာကျင်စွာကြည့်လေသည်။
“ဘာလို့လဲဆိုတာ ကျွန်မက ငှက်တုံးငှက်အကို စိတ်မဝင်စားဘူး” ရှီမာယူယူသည် လှည့်ထွက်ကာ တောင်အောက်သို့ ဦးတည်လိုက်သည်။ မီးခိုး ရောင်ငှက်သည် သူမနောက်လိုက်သွားချင်သည်။ သို့သော် ရှီမာယူယူသည် ခရမ်းရောင်လေးကို ပခုံးပေါ်တင်လိုက်သည်။ မီးခိုးရောင်ငှက်သည် ခရမ်းရောင် လေးကို မြင်သောအခါ နောက်ပြန်ဆုတ်လိုက်သည်။
“ဒီမှာ ငါက မတုံးအပါဘူး” မီးခိုးရောင်ငှက်သည် ဝမ်းနည်းစွာဖြင့် ပြော လိုက်ရသည်။
သို့သော် ရှီမာယူယူသည် ဂရုမစိုက်ဘဲ ခရမ်းရောင်လေးကို ပွေ့ကာ ထွက်သွားလေသည်။
ကျန်လူများသည် သူမနှင့် မီးခိုးရောင်ငှက်တို့ကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် သူတို့လိုက်သွားကြကာ ရှုပ်ပွနေသော မီးခိုးရောင်ငှက်ကို တစ်ယောက်တည်းထားခဲ့လိုက်ကြတော့သည်။
သူသည် ကြီးမြတ်သော အထွတ်အထိပ်သားရဲဖြစ်သော်လည်း ဝိညာဉ် စွမ်းအင်မရှိသော မိန်းကလေး၏ အထင်သေးခြင်းကိုခံရသည်။ သူ အလွန် နာကျင်မိသည်။ သူ နလန်ထူရန်လိုသည်။
ကံကောင်းစွာပင် ဤတစ်ကြိမ်တွင် မရဏာသားရဲများစွာ ပေါ်လာသည်။ ထိုလေးစားသော မျက်လုံးများကိုမြင်ပြီး သူ၏ စိတ်ဒဏ်ရာမှာ တဖြည်းဖြည်း ပြန်သက်သာလာသည်။
သူတို့ တောင်အောက်သို့ဆင်းသည်နှင့် တခြားလူများသည် လမ်း တစ်ဝက်တွင် စောင့်နေကြသည်။
“မင်းတို့ပြန်လာပြီပဲ အဆင်ပြေရဲ့လား” ချောင်ချန်းအန်းသည် ပြေးလာ ပြီး မေးသည်။
“အဆင်ပြေတယ် ငါတို့က ဘာဖြစ်နိုင်ဦးမှာလဲ” ကုန်းဇီယွမ် ရယ်မော လိုက်သည် “မင်းတို့ရော မသွားကြသေးဘူးလား”
“မင်းကိုမမြင်လို့လေ ပြီးတော့… ငါအရင်ပြန်သွားလိုက်ရင် ရှုံးပြီလို့ မင်း ပြောမှာပေါ့” ချောင်ချန်းအန်း အကြောင်းပြချက်ပေးလေသည်။ “ဘယ်လိုလဲ နောက်ဆုံးပြိုင်ပွဲအတွက် ဘယ်လိုလုပ်မှာလဲ”
“ငါတို့ပြန်သွားရင် ပြိုင်လို့ရတယ် ငါ သေချာပေါက် မင်းထက်များမှာပဲ” ကုန်းဇီယွမ်သည် သူ့ပုခုံးကိုပုတ်ပြီး ရယ်မောလိုက်သည်။
“ဟုတ်ပြီ ပြန်ကြတာပေါ့ ဘယ်သူပိုရမလဲဆိုတာ ဘယ်သူသိမှာလဲ” ချောင်ချန်းအန်းသည် လက်မခံသလိုပြန်ပြောသည်။
“မြို့ဝန်” တခြားသူများသည် မုရုန်ဟွေ့ကို အရိုအသေပြုကြသည်။
“ခုနောက်ပိုင်း ဒီမှာမလုံခြုံတော့ဘူး ခင်ဗျားကိုယ်ရံတော်တွေလည်း ခေါ် မလာဘူး အဲဒါတော့ စောစောပြန်သင့်တယ်” မုရုန်ဟွေ့ ပြောလိုက်သည်။
“မြို့ဝန် ကျုပ်တို့ ခင်ဗျားနဲ့အတူပြန်လို့ရမလား” အကြီးအကဲဟွောင် မေးလိုက်သည်။
မုရုန်ဟွေ့သည် အကြီးအကဲဟွောင်ကို စိုက်ကြည့်လိုက်သည်။ သူသည် ရှောင်ရော့ပိုင်တို့ဆီမှ သူတို့အကြောင်းကို ကြားထားသည်။ သူသည် မုမျိုးနွယ် ကိုအမြင်မကြည်တော့ပေ။
“အကြီးအကဲဟွောင် ခင်ဗျားက ဆည်းဆာမြို့ကလာတာလေ ဒီကိစ္စလေး အတွက်နဲ့ ကျုပ်တို့နဲ့သွားဖို့မလိုပါဘူး” သူသည် ခပ်တိုးတိုးပင်ပြောလိုက်သည် “ပြီးတော့ ကျုပ်တို့နဲ့နေလို့ အန္တရာယ်နဲ့တွေ့ရင် ဘယ်နှယ့်လုပ်မလဲ ကျုပ်သမီး က အမြဲတမ်းကျုပ်ပေးမှာရှိနေတာ ကဲ နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီးနောက် သူသည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး ထွက်လာ လိုက်သည်။
ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ပြီး မုခိုင်အန်းနှင့် အကြီးအကဲဟွောင်တို့ကို ရှက်ကိုးရှက်ကန်းနှင့် ကြည့်မိ ကြသည်။ သူတို့သည် မုရုန်ဟွေ့နောက်သို့ လိုက်လာခဲ့လိုက်ကြသည်။
ခေါင်းဆောင်ရှောင်နှင့် ခေါင်းဆောင်ကုန်းဇီတို့လည်း အတူလိုက်လာကြ သည်။
ချောင်ချန်းအန်းနှင့်အဖွဲ့သည် ရှက်သွားကြကာ မုမျိုးနွယ်လူများကို မည်သို့ပြောရမှန်းမသိတော့ပေ။
ရှီမာယူယူသည် ဒေါသထွက်နေသော မုရုန်ဟွေ့ကို ကြည့်လိုက်သည်။ မုရုန်ရှီသည် ကံကောင်းသောမိန်းကလေးဟု သူမ ခံစားရသည်။ အသက်တို သွားသည်မှာတော့ နှမြောဖို့ကောင်းသည်။
***