← Chapters

ပင်လယ်နက် နတ်ဘုရား

Vol. 39 Ch. 604

ပင်လယ်နက် နတ်ဘုရား

Vol. 39 Ch. 604

စထရီနာက ချန်လွေ့၏လေသံမှ စိုးရိမ်နေမှုကို ကြားလိုက်ရပြီး သင်္ဘောထံ ချက်ချင်းပြန်သွားကာ ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီး ရှေ့တွင် ချန်လွေ့ ရှင်းပေးခဲ့သော လမ်းကြောင်းအတိုင်း အမြန်သွားတော့သည်။

“မဒမ် စထရီနာ။ မြန်မြန်လာခဲ့ပါ။” သင်္ဘောခန်းထဲမှ နာဂါတစ်ယောက်က အော်ပြောလိုက်သည်။

စထရီနာက သင်္ဘောခန်းထဲသို့ အမြန်ရောက်လာရာ လက်နှစ်ဖက်ကို အတင်းအကြပ် ပွေ့ဖက်လိုက်သော နာဂါကောင်မလေးကို မြင်လိုက်ရသည်။ စောင်းကောက်ကိုပင် ‌‌ဘေးသို့ လွှင့်ပစ်ထားသည်။ သူ၏မျက်နှာပေါ်၌ အလွန်အမင်း ကြောက်ရွံ့နေသော အမူအရာတစ်ခု ရှိနေသည်။

စထရီနာ ထိတ်လန့်သွားပြီး ရှေ့တက်ကာ ညီမဖြစ်သူကို ပွေ့ဖက်လိုက်သည်။ “အယ်ဒီလိုင်း။ ဘာဖြစ်တာလဲ။”

“ပြေးတော့။ အစ်မ။ မြန်မြန်ပြေးတော့။” အယ်ဒီလိုင်း တစ်ကိုယ်လုံး တုန်လှုပ်နေပြီး မောဟိုက်နေကာ ထိုစကားများ ပြောရန်အတွက်ပင် အားအင်ကုန်ခမ်းသွားပုံရသည်။ သူ၏နဖူးပေါ်မှ အဓိကစတေးခံအမှတ်သားက စတင် အရောင်တောက်လာလေသည်။

ထိုအချိန်၌ သင်္ဘောက အလွန်ကြီးမားသော လှိုင်းလုံးတစ်ခုနှင့် ရိုက်ခတ်ခံလိုက်ရ သကဲ့သို့ပင် အပြင်းအထန် ယိမ်းထိုးသွားခဲ့သည်။ ကုန်းပတ်ပေါ်မှ ကြောက်လန့်နေသော အော်သံများကို ကြားသည့်အခါ စထရီနာက နိမိတ်မကောင်းသော ခံစားချက်တစ်ခု ခံစားရလာသည်။ ထို့နောက် သူက အယ်ဒီလိုင်းကို ချီပြီး အပြင်သို့ အမြန် ထွက်လာလိုက်သည်။

ထိုအချိန်၌ [ အမှောင်ကောင်းကင် ] က တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ ထူးဆန်းသည်မှာ ချန်လွေ့အရှေ့မှ ပင်လယ်သားရဲအုပ်တို့က အဝေးသို့ ဆုတ်ခွာသွားခြင်း ဖြစ်သည်။ ၎င်းမှာ [ ကြယ်ပေါက်ကွဲခြင်း ] ကြောင့် လုံးဝ မဟုတ်ပေ။ ပင်လယ်သားရဲများ၏ ကြောက်ရွံ့ထိတ်လန့်မှုကို ကြည့်ခြင်းအားဖြင့် ပိုမိုကြောက်မက်ဖွယ်ရောက်သော အရာတစ်ခု ပေါ်ထွက်လာတော့မည် ဖြစ်နိုင်ပေသည်။

ခဏချင်းမှာပင် အဖြေပေါ်လာခဲ့သည်။ မိစ္ဆာထောင်ခြောက်သင်္ဘောနာက်ဘက်မှ လှိုင်းများထဲမှာ အလွန်ကြီးမားသော လက်တံတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

လက်တံက အနီရင့်ရောင် ရှိသည်။ ပေါ်ထွက်လာသောအပိုင်းက မီတာ ၄၀မှ ၅၀ အထိရှိနေပြီး အချင်းက ၁၀မီတာနီးပါး ရှိလေသည်။ ထိုလက်တံသည် ကြောက်မက်ဖွယ်ရာ စုပ်ခွက်များနှင့်ဆူးများ ပြည့်နှက်နေပြီး ထူးဆန်းပြီး အင်အားကြီးသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။

လက်တံက မြင့်သထက်မြင့်လာသည်။ မီတာ၁၀၀ခန့်သို့ ရောက်သွားသောအခါ ၎င်းက အောက်သို့ရိုက်ချလိုက်ပြီး ပင်လယ်ရေကို ထက်ခြမ်းခြမ်းလိုက်သည်။ ပြင်းထန်စွာ မတည်မငြိမ်ဖြစ်နေသော ပင်လယ်ရေများက အသည်းအသန် ရှေ့ဆက်နေသော မိစ္ဆာထောင်ခြောက်သင်္ဘောထံမှ အလျင်အမြန် ရောက်ရှိသွားသည်။

သင်္ဘောတစ်ခုလုံးက မြင့်တက်လာသော ဧရာမလှိုင်းလုံးကြီးကြောင့် လေထဲသို့ မြင့်မြင့် မြှောက်တက်သွားသည်။ လက်တံ၏စွမ်းအား ကွယ်ပျောက်သွားသောအခါ မိစ္ဆာထောင်ခြောက်သင်္ဘောက ပင်လယ်ရေနှင့်အတူ တည့်တည့် ပြန်ကျလာသည်။ သင်္ဘောမှောက်ခြင်းမှ ကာကွယ်ပေးနိုင်သော အထူးကိရိယာတစ်ခု ရှိသော်လည်း ထိုကဲ့သို့ အတက်အကျကြောင့် သင်္ဘောထဲမှ လူအများစု မြောက်တက်ကာ ရေထဲသို့ ကျသွားကြသည်။ စထရီနာက ညီမဖြစ်သူကို အတင်းအကြပ် ပွေ့ဖက်ထားရင်း အခြား လက်နှစ်ဖက်က ရွက်တိုင်က ဆုပ်ကိုင်ထား၏။ ထို့နောက်မှသာ သူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။

၎င်းမှာ အစသာ ရှိနေသည်။ ပင်လယ်ဘက်တွင် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်လာသည်။ အရှိန်ကုန် ရွေ့လျားနေသော မိစ္ဆာထောင်ခြောက်သင်္ဘောက ပင်လယ်ဒီရေကြောင့် နောက်ပြန်‌ရွေ့လာနေသည်။ အရှိန်မြန် အပြေးစက်ပေါ်မှ လူတစ်ယောက်ကဲ့သို့ပင်။ သူက အပြင်းအထန် ချွေးထွက်နေသော်လည်း နောက်သို့ အလိုလို စုပ်ယူခံနေရလေသည်။

နောက်ထပ် ကြောက်မက်ဖွယ်ရာ ဧရာမလက်တံတစ်ခု ပေါ်ထွက်လာသည်။ ယခုတစ်ခေါက်မှာ မိစ္ဆာထောင်ခြောက်သင်္ဘောအရှေ့ဘက်တွင် ဖြစ်သည်။ ထိုလက်တံများ၏ စွမ်းအားနှင့်ဆိုလျှင် မိစ္ဆာထောင်ခြောက်သင်္ဘောနှင့် တည့်တည့် ရိုက်မိသည်နှင့် လုံးဝ ပျက်စီးသွားပေမည်။

ဧရာမလက်တံများ ဆက်လက် ပေါ်ထွက်လာသည်။ မိစ္ဆာထောင်ခြောက် သင်္ဘောကို ဝိုင်းရံထားသည်မှာ လက်တံလေးခု ရှိနေပြီ ဖြစ်ကာ အားကောင်းသော တိုက်ခိုက်မှုတစ်ခုကို လုပ်အံ့တော့ဆဲဆဲ ဖြစ်နေသည်။ သင်္ဘောတွင် ကောင်းကင်သို့ ပျံနိုင်သောစွမ်းရည် ရှိလျှင်ပင် ပျက်စီးမည့်ကပ်ဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

စထရီနာက ကြံရာမရဖြစ်နေခဲ့ပြီး တုန်လှုပ်နေသော အယ်ဒီလိုင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားနေခဲ့သည်။ ထိုအချိန်၌ ကြယ်ရောင်များ တောက်ပနေသော ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်၌ ပေါ်ထွက်လာသည်။ စွမ်းအား တစ်မျိုးမျိုးနှင့် ရောနှောနေသော အသံတစ်ခုက အဝေးမှ ပျံ့နှံ့လာလေသည်။ “လေးစားရတဲ့ သွေးရေဘဝဲမျိုးနွယ် ပုဂ္ဂိုလ်ခင်ဗျား။ ဆာ့ရဲ့ ပိုင်နက်တိုင်းပြည်ထဲကို ကျုပ် ကျူးကျော်ဝင်ရောက်ချင်စိတ် မရှိပါဘူး။ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။”

ချန်လွေ့၏အသံက [ သရုပ်ခွဲမျက်လုံး ] ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ရောနှောနေပြီး ပင်လယ်အောက်ခြေသို့ တည့်တည့် ထိုးဖောက်သွားခဲ့သည်။

ခုနက လက်တံများ ပေါ်ထွက်လာသောအခါ [ သရုပ်ခွဲမျက်လုံး ] က အချက်အလက်များ ပြသခဲ့ခြင်း ဖြစ်သည်။

မျိုးနွယ် - သွေးအမှတ် နတ်ဆိုးရေဘဝဲ (သန္ဓေပြောင်း)

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

[ စိစစ်ချက် ] - အလွန်အမင်း အန္တရာယ်ရှိ။

“မဆုံးဖြတ်နိုင်” ဆိုသည်မှာ ထိုရန်သူက နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်လွန်သွားခြင်း ဖြစ်ပြီး လက်ရှိ ချန်လွေ့ တိုက်ခိုက်နိုင်မည် မဟုတ်သည်မှာ အသေအချာပင်။

လက်တံများ၏လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားပြီးနောက် ခဏတာ တိတ်ဆိတ်သွားဟန်တူသည်။ ထို့နောက် မိစ္ဆာထောင်ခြောက်သင်္ဘောက ခဏကြာ တုန်ခါသွားပြီး ဖြည်းဖြည်းချင်း မြင့်တက်လာ၏။ လက်တံတစ်ခုက ၎င်းကို အမြင့်သို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လှိုင်းများ ကွဲထွက်သွားပြီး ရေထဲမှ ဧရာမပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

၎င်းမှာ ‌တောင်ကုန်းတစ်ခုနှင့်တူသော အလွန်ကြီးမားသည့်ပုံရိပ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးက အနီရင့်ရောင်ဖြစ်နေပြီး အစိမ်းရောင်ဖျော့ဖျော့လေးလည်း ရှိနေသည်။ ရေအပြင်မှ အစိတ်အပိုင်းများကို ကြည့်ရလျှင် ၎င်းသည် ရေဘဝဲနှင့် ဆင်တူသည်။ ခန္ဓာကိုယ်တွင် မျက်လုံးများကဲ့သို့သော အနီရောင်ပုတီးလုံး များစွာ ရှိနေသည်။ အလွန်ကြီးမားသော လူးလွန့်နေသည့် ပါးစပ်ကလည်း ကြောက်မက်ဖွယ်ရာ အင်္ဂါများကို ဖော်ပြနေပြီး ချွန်ထက်သော သွားအလွှာများက လူအများကို သိမ့်သိမ့်တုန်စေသည်။

ယခင်ဘဝမှ သဲထိတ်ရင်ဖိုဇာတ်လမ်းများမှအပြင် ထိုကဲ့သို့ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ရာကောင်းသောသားရဲများကို အမှန်တကယ်၌ ချန်လွေ့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူ မကြောက်သည်ဟုပြောလျှင် လိမ်ညာရာကျပေလိမ့်မည်။ သို့သော်လည်း သူက နတ်ဆိုးဘုံသို့ ရောက်ခါစ လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူ ကြောက်နေသော်လည်း လှုပ်ရှားနေသော ခံစားချက်များကို ထိန်းချုပ်ရန် စိတ်ဝိညာဉ်စွမ်းအားကို အကောင်းဆုံး အသုံးချပြီး ကုန်းပတ်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာလိုက်သည်။

ဧရာမသားရဲ၏ အနီရောင်မျက်လုံးများက ချန်လွေ့ကို စိုက်ကြည့်နေသည်။ နောက်ဘက်မှ စထရီနာသည်ပင် ထိုကဲ့သို့ မမြင်နိုင်သော ကြောက်မက်ဖွယ်ရာ ဖိအားကို ရင်ဆိုင်ရသည့်အခါ တုန်လှုပ်နေလေသည်။ ချန်လွေ့က တည်တည်ငြိမ်ငြိမ် နေနိုင်ရန် ကြိုးစားပြီး ဧရာမသားရဲကို အရိုအသေ ပြုလိုက်သည်။ “အက်ဂ်ယော ဘက်ဇီဘတ်ပါ။ မင်္ဂလာပါ။ ဆာ...”

နတ်ဆိုးဘုံ၌ မဟာတော်ဝင်မိသားစု၇စုက သေချာပေါက် လူမသိသူတစ်ယောက် မဟုတ်ပေ။ ညှိနှိုင်း၍ရသော နောက်ခံတစ်ခု ဖြစ်လာနိုင်ပေသည်။ ထို့ပြင် ချန်လွေ့တွင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် မြေဒြပ်စင်ဘုရင် အပ်နှင်းထားသော [ မြေဆွဲအား ] ရှိသည်။ ထိုသရုပ်အတိုင်း သရုပ်ဆောင်ရန် မခက်ခဲလောက်ပေ။

ဧရာမသားရဲ၏ ပါးစပ်အပေါ်ဘက်တွင် သွေးနီရောင်အရေပြားက စတင် တွန့်လိမ်လာပြီးနောက် မျက်နှာတစ်ခု ပေါ်ထွက်လာသ်ည။ ရုတ်တရက်ကြည့်လျှင် သာမန်မျက်နှာနှင့် မကွာခြားပေ။ သို့သော်လည်း နဖူးပေါ်၌ ကန့်လန့် မျက်လုံး၃လုံးက အတော်လေး ထူးဆန်းနေပေသည်။

“မင်းငါ့ကို ပင်လယ်နက် နတ်ဘုရားလို့ ခေါ်သင့်တယ်။ ဒါပေမဲ့ မင်းက ငါ့ရဲ့ တကယ့်ခန္ဓာကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်ခဲ့တယ်။ မင်းကိုမသတ်ခင် အနည်းဆုံးတော့ မင်းရဲ့အမြင်ကို ချီးကျူးရမယ်။” ထိုမျက်နှာက သတ္တုများ ရိုက်ခတ်သောအသံမျိုး ပြုလုပ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ အနည်းငယ် လှိုင်းထသွား၏။

“ဆာ။ ဒီတိုင်းပြည်ရဲ့ ခမ်းနားလှတဲ့စွမ်းအားကို ကျုပ် ခံစားမိပါတယ်။ ဒါပေမဲ့ ယုံကြည်မှုစွမ်းအားကတော့ အတော်လေး အစွန်းအထင်း များလွန်းတယ်။ ဒီပင်လယ်သားရဲတွေမှာ ဆာ့အပေါ် ယုံကြည်မှုထက် အကြောက်တရားက ပိုများနေတယ်။”

ချန်လွေ့၏ စကားများက ပေါက်ကရ မဟုတ်ပေ။ ချန်လွေ့က စူပါစနစ်ထဲ၌ ယုံကြည်မှုကျောက်တိုင် တစ်ခုထက် ပိုရှိသည်။ ထို့ကြောင့် သူက ယုံကြည်မှုစွမ်းအားကို အပြည့်အဝ သဘော‌ပေါက်သည်။ သူက [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုပြီး ဧရာမသားရဲ၏ မျိုးနွယ်ကို မြင်နိုင်ခဲ့သည်။ သို့သော်လည်း ယခု ထိုစကားက “ပင်လယ်နက် နတ်ဘုရား”၏ ချက်ကောင်းကို တည့်တည့် ထိသွားခဲ့လေသည်။

ဧရာမသားရဲ၏ လူမျက်နှာပေါ်ရှိ မျက်လုံး၅လုံးက တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ အနီရောင် ‌တောက်သွားသည်။ “မင်း ဘာပြောချင်တာလဲ။ မင်း မသေခင်မှာ မင်းရဲ့အမြင်ကို ချီးမွမ်းစေချင်တာလား။ ဒါမှမဟုတ် မင်းရဲ့မျက်လုံးကို သိမ်းထားလိုက်ရမလား။”

ချန်လွေ့ နှလုံးခုန်မြန်သွားခဲ့သည်။ ထို့နောက် သူက စိတ်ပိုင်းဖြတ်ကာ ပင့်သက်ရှိုက်ခြင်း အေးအေးဆေးဆေး ပြောလိုက်သည်။ “ကျုပ်က အဓိပ္ပာယ် တစ်ခုကိုပဲ ပြောချင်တာပါ။ ဆာက ဒီအဆင့်လောက်ပဲဆိုရင် ကျုပ်ကို သတ်ဖို့အတွက် ကျောက်နောက်မှာ ရှိနေတဲ့ တည်ရှိမှုကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး။”

“မင်းရဲ့နောက်က တည်ရှိမှု ဟုတ်လား။” ဧရာမသားရဲ၏အကြည့်က ချန်လွေ့၏ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ချပ်ကာပေါ်သို့ ရောက်ရှိသွားပြီးနောက် တစ်ခုခုကို တွေးမိသွားဟန်တူသည်။ ရုတ်တရက် သူ ဟိန်းဟောက်လိုက်၏။ “မင်းက တည်ရှိမှု တစ်ခုခုရဲ့ နောက်လိုက်ဆိုရင်တောင် ဒီနေရာက ပင်လယ်သေ၊ ဒါက ပင်လယ်နက်၊ ငါ့ရဲ့ပိုင်နက်ပဲ။ မင်းလိုမျိုး ပုရွက်တစ်ကောင်ကို ဝါးမျိုမှာ ဘယ်သူမှ မတားနိုင်ဘူး။”

ဧရာမသားရဲက လောကသခင်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ၏ဟိန်းသံကြောင့် ပတ်ဝန်းကျင် ပင်လယ်ရေက အလွန်ကြီးမားသော ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။ အသက်ရှူသံတစ်ခုသည်ပင် ကြီးမားလှသော အဟုန်တစ်ခုကို ဖြစ်စေနိုင်သည်။ အယ်ဒီလိုင်းက စကားပင် မပြောနိုင်တော့ဘဲ စထရီနာ၏ လက်မောင်းထဲ၌သာ တုန်လှုပ်နေတော့သည်။ စထရီနာ၏ စိတ်ထဲတွင်လည်း တင်းမာမှုများနှင့် အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။ အဆုံး၌မူ ပင်လယ်နက် နတ်ဘုရားက နာဂါမျိုးနွယ်စုကို နှစ်ပေါင်းများစွာ ကျွန်ပြုခဲ့သော အရှင်သခင်တစ်ယောက် ဖြစ်ပေသည်။

ဧရာမသားရဲ၏စွမ်းအားကို ရင်ဆိုင်နေရသော်လည်း ချန်လွေ့က အမှန်တကယ်ပင် စိတ်တည်ငြိမ်နေခဲ့သည်။ သူ ခေါင်းခါလိုက်၏။ “မဟုတ်ဘူး။ ဆာ-ပင်လယ်နတ်ဘုရား။ နတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်တိုင်းက နေရာလွတ်ကို ဆုတ်ဖြဲနိုင်တဲ့စွမ်းအား ရှိမရှိတော့ မသိဘူး။ ဒါပေမဲ့ ကျုပ်နောက်မှာရှိတဲ့ တည်ရှိမှုက ဒီလိုမျိုး လုပ်နိုင်တာ သေချာတယ်။ ဆက်ရက်ခ်တောင်ကို ဆာ ကြားဖူးလား မသိဘူး။”

ဧရာမသားရဲ၏ လူမျက်နှာ အနည်းငယ် တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အလွန်ကြီးမားသော ပါးစပ်မှ နာမည်တစ်ခု ထွက်လာသည်။ “စေ...တန်..”

ပဲ့တင်ထပ်နေသော အသံများက ရွှေနှင့်သံ အချင်းချင်း ရိုက်ခတ်နေသကဲ့သို့ပင် ဖြစ်နေပြီး လူတိုင်း၏နားစည်များ တဝီဝီ ဖြစ်သွားခဲ့သည်။ အရေးကြီးဆုံးမှာ ထိုကဲ့သို့ ဧရာမသားရဲ၏ လေသံထဲတွင် အကြောက်တရား အငွေ့အသက်တစ်ခုကို သေသေချာချာ ခံစားလိုက်ရခြင်းပင်။ ကြည့်ရတာက စေတန်က ဒီလိုမျိုး ဂုဏ်သတင်း ရှိနေသေးတဲ့ပုံပဲ။ အခုလက်ရှိတော့ ငါသူ့ကို အသုံးချပြီး‌တော့ တခြားသူတွေကို ခြိမ်းခြောက်ရမယ်။

တစ်ဖက်က မိမိ၏ခေါင်းကို လုံးဝမရစ်ပတ်ခင်မှာပင် ချန်လွေ့က အခြေအနေကို အခွင့်ကောင်းယူပြီး အနီရောင် တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်သည်။ ၎င်းတွင် မြွေတစ်ကောင်ဖြစ်ဟန်တူသော ထူးဆန်းသည့် ပုံစံကွက်တစ်ခုကို ထွင်းထုထား၏။

“ဆာ-ပင်လယ်နတ်ဘုရား။ ကျုပ်ပြောခဲ့တာက အမှန်တွေ ဆိုတာကို ဒီတံဆိပ်ပြားက သက်သေပြပေး နိုင်လောက်ပါတယ်။”

အလွန်ကြီးမားသောသားရဲ၏ မျက်လုံး၅လုံးက မြွေပုံစံကွက် တံဆိပ်ပြားက အနီးကပ် ကြည့်လိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချန်လွေ့၏လက်ထဲမှ တံဆိပ်ပြားက ပျောက်ကွယ်သွားပြန်သည်။ ထို့နောက် ချန်လွေ့က ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ “ဒီတစ်ခေါက် ကျုပ်ကို လျို့ဝှက်မြူဖုံးကျွန်းဆီ လာဖို့အတွက် အမိန့်ပေးထားလို့ပါ။ ဒါပေမဲ့ ကျုပ် မမျှော်လင့်ဘဲနဲ့ ဆာ့ရဲ့ တိုင်းပြည်ကို ‌ဝင်လာခဲ့မိတယ်။ ဒါအတွက် ကျုပ် အနူးအညွန့် တောင်းပန်ပါတယ်။ ကျုပ်တို့ကို ဖြတ်သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်။ ကျုပ် အကောင်းဆုံး လုပ်မှာပါ။ ဆာ့အတွက် လျော်ကြေးအနေနဲ့ ရတနာငွေ ငွေကြေးတွေ ပေးဆောင်မှာပါ။”

စေတန်၏ လျို့ဝှက်ကြံစဉ်မှုက နက်ရှိုင်းပြီး လျို့ဝှက်ဆန်းကြယ်သည်။ သူက အလွယ်တကူရောက်လာမည့် ညီလေးမျိုး မဟုတ်ပေ။ ချန်လွေ့က ထိုသူကို အလွန်ပင် ကြောက်ရွံ့သည်။ အကယ်၍ သူ့ကို အမှန်တကယ် ဆင့်ခေါ်ခဲ့လျှင် မည်သည့်အရာ ဆက်ဖြစ်မည်ကို ချန်လွေ့ကိုယ်တိုင်ပင် မခန့်မှန်းနိုင်ပေ။ ဆိုးဝါးသော ရလာဒ်များ ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် ဧရာမသားရဲအား မိမိ၏ အစွမ်းထက် နောက်ခံလူကို အရိပ်အမြွက်ပေးပြီးနောက် ချက်ချင်းပင် အမူအရာကောင်း ပြသလိုက်လေသည်။

ဧရာမသားရဲက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့လျော်ကြေးက ငါ့ကို ကျေနပ်စေနိုင်တယ်ဆိုရင် ငါမင်းကို သွားခွင့်ပေးမယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေတော့ နေခဲ့ရမယ်။ အထူးသဖြင့် ယုံကြည်မှု အမှတ်အသားကို သယ်ဆောင်ထားတဲ့ နာဂါ။”

အဓိကစတေးခံ အမှတ်အသားမှာ နာဂါများ၏ ယုံကြည်မှုစွမ်းအားဖြင့် စုစည်းထားပြီး ၎င်းကို ဧရာမသားရဲက စုပ်ယူခြင်း ဖြစ်ကြောင်း ချန်လွေ့ ရေးရေးလေး ခန့်မှန်းမိခဲ့သည်။ ၎င်းမှာ နာဂါမျိုးနွယ်စု စတေးခြင်း၏ အမှန်တရား ဖြစ်ပေသည်။

၎င်းကို ကြားသည့်အခါ စထရီနာ တုန်လှုပ်သွားခဲ့ပြီး တစ်နည်းနည်းဖြင့် သတ္တိမွေးကာ အော်ပြောလိုက်သည်။ “ဆာ-ပင်လယ်နတ်ဘုရား။ သူ့ကို လွှတ်ပေးပါ။ ကျွန်မညီမနေရာမှာ ကျွန်မ အစားဝင်ပေးပါမယ်....”

“ဟမ့်။ မင်းက ငါ့ရဲ့ ယုံကြည်သူတွေ အများကြီးကို သတ်ခဲ့တယ်။ မင်း သေသင့်တယ်။” ဧရာမသားရဲက တင်းတင်းမာမာနှင့် ပြောလိုက်သည်။ “ [ ယုံကြည်မှုချပ်ကာ ] နဲ့ကောင်က အခွင့်အရေးတစ်ခု ရှိသေးတယ်။ မင်းတို့အားလုံးကတော့ သေရမယ်။”

ချန်လွေ့က ကြံရာမရ ဖြစ်နေသော နာဂါညီအစ်မကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဆာ။ သူတို့အားလုံးက ကျုပ်ရဲ့ သင်္ဘောသားတွေပါ။ လျို့ဝှက်မြူဖုံးကျွန်းကို ကျုပ် တစ်ယောက်တည်း မရောက်နိုင်ပါဘူး။ ကျုပ်ရဲ့ လျော်ကြေးက ကျုပ်ရဲ့သင်္ဘောသားတွေကိုရော လွှတ်ပေးနိုင်မလား။”

“လျို့ဝှက်မြူဖုံးကျွန်း ဟုတ်လား။” ဧရာမသားရဲ၏ လူမျက်နှာက ချန်လွေ့ကို ခဏတာ စိုက်ကြည့်နေလိုက်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်လိုက်၏။ “ငါမင်းကို အလွတ်ပေးချင်ရင် မင်းက ပင်လယ်နက်အပြင်ကို ရောက်သွားလောက်ပြီ။ မင်းကို လျို့ဝှက်မြူဖုံးကျွန်းဆီ သွားခွင့်ပြုမယ်လို့ ငါ ဘယ်တုန်းက ပြောခဲ့တာလဲ။ ပြီးတော့ မင်းကို လွှတ်ပေးမပေးကို ငါ မဆုံးဖြတ်ရသေးဘူး။”

ချန်လွေ့က ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ ဧရာမသားရဲ၏ မျက်နှာက ထူးဆန်းသောအပြုံးတစ်ခု ရုတ်တရက် ပြသလိုက်သည်။ “ပင်လယ်နက်ဆီ မင်းကို စေတန် ဘာလို့ လွှတ်လိုက်တာလဲ ငါ နားမလည်ဘူး။ ငါ ပိုပြီးတော့ နားမလည်တာက စေတန်ရဲ့ ယုံကြည်သူတွေမှာ ဒီလိုမျိုး အစွမ်းထက်တဲ့ [ ယုံကြည်မှုချပ်ကာ ] ရှိနိုင်တယ်ဆိုရင် သူ့စွမ်းအားက ဒဏ္ဍာရီလာအဆင့်နားကို ကပ်နေလောက်ပြီ။ ဒီတော့ ဘာလို့ မင်းလိုမျိုး ပုရွက်ဆိတ်တစ်ကောင်ကိုပဲ ဒီနေရာ လွှတ်လိုက်တာလဲ။ ဒါမှမဟုတ် ငါမင်းကို အမှောင်နဂါး ဧရာဇ်ရဲ့ ဆက်ခံသူလို့ .... နာမည်ပြောင်းခေါ်ရမလား။”

နောက်ဆုံး၌ ချန်လွေ့က စိတ်ခံစားချက် အပြောင်းအလဲတစ်ခု ပြသခဲ့သည်။ “ပင်လယ်နက် နတ်ဘုရား”က ဒီလောက် သတိထားမယ် မထင်ထားဘူး။ သူက ငါ့ရဲ့ လှည့်ကွက်ကို ခပ်မြန်မြန်ပဲ မြင်နိုင်ခဲ့တယ်။ ပိုပြီးတော့ အံ့သြစရာကောင်းတာက သူပြောခဲ့တဲ့ “အမှောင်နဂါးဧကရာဇ်ဆက်ခံသူ” ဆိုတာပဲ။

ဒီရတနာမြေပုံထဲမှာ မှတ်တမ်းတင်ထားတဲ့ ရတနာက တကယ်ပဲ လွန်ခဲ့တဲ့ နှစ်သောင်းသိန်းက အမှောင်နဂါးဧကရာဇ်နဲ့ ဆက်နွှယ်နေတယ်။ ဒါကြောင့် ဒီ သွေးအမှတ်ရှိတဲ့ နတ်ဆိုးရေဘဝဲက နတ်ဘုရား-တစ်ပိုင်း အဆင့်ကို ရောက်နေလောက်ပြီ။ သူက ဒီရတနာနဲ့ အမှောင်နဂါးဧကရာဇ်တို့နဲ့ ဘယ်လိုပတ်သက်မှုမျိုး ရှိတာလဲ။

All Chapters