← Chapters

[ကောင်းချီးအလင်းခန္ဓာ] ဆင့်ကဲပြောင်းလဲခြင်း၊ ချန်လွေ့၏ ထူးဆန်းသော ဆုံးဖြတ်ချက်

Vol. 40 Ch. 625

[ကောင်းချီးအလင်းခန္ဓာ] ဆင့်ကဲပြောင်းလဲခြင်း၊ ချန်လွေ့၏ ထူးဆန်းသော ဆုံးဖြတ်ချက်

Vol. 40 Ch. 625

“အမှောင်ထုနဲ့ ဆိုးယုတ်မှုထဲကို လမ်းလျှောက်သွားတဲ့ နတ်ဆိုးက ဒီယုံကြည်မှု အလင်းရောင်ရဲ့ နှစ်ခြင်းကို လက်ခံတယ်။” အမှောင်နဂါး ဧကရာဇ် ရီဒရီဂူးဇ်၏ ဘယ်မျက်လုံးက အလင်းရောင် တောက်လာ၏။ စွမ်းအား ခြားနားလွန်းလှသည့်အတွက် ချန်လွေ့နှင့် ဒိုဒိုတို့တွင် ခုခံရန်ပင် အားမရှိကြပေ။ ချက်ချင်းပင် သူတို့ကို အလင်းရောင်များ လွှမ်းမိုးသွား၏။

အလင်းရောင် လွှမ်းမိုးသွားပြီးနောက် ဒိုဒိုက ကြောက်လန့်စွာဖြင့် မျက်လုံးများကို အတင်းအကြပ် ပိတ်ထားလိုက်သည်။ သူ၏ အသွင်ပြောင်းထားသော လက်များက ကြက်သွန်နီ ခေါင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားနေသည်။ သို့သော်လည်း မိနစ်အနည်းငယ် ကြာသည့်တိုင် ထင်ထားသော နာကျင်မှုမျိုး ရောက်မလာခဲ့ပေ။

ချွဲကျိ‌ကောင်က မျက်လုံးကို တိတ်တိတ်လေး ဖွင့်လိုက်ရာ ထိုကြောက်မက်ဖွယ်ရာ အလင်းရောင်က ၎င်းကို အမှန်တကယ် ဝိုင်းရံနေကြောင်း တွေ့ရှိသွားသည်။ အတိအကျ ပြောရလျှင် ၎င်းက သူ၏သခင်ဖြစ်သူကို ဝိုင်းရံနေခြင်း ဖြစ်သည်။ သူ၏သခင်ဖြစ်သူ ခန္ဓာကိုယ်က ထူးဆန်းသော ပြောင်းလဲမှုများကို ကြုံတွေ့နေရဟန်တူသည်။

“ဒီအလင်းဒြပ်စင်ရဲ့ စွမ်းအားအဆင့်က မင်းလိုနတ်ဆိုးကို တကယ်ပဲ မပြောင်းလဲ နိုင်ခဲ့ဘူးလား။ ဒီလောက်အားကောင်းတဲ့ စိတ်စွမ်းအားနဲ့ဆို မင်းက စမ်းသပ်ချက်သုံးခုကို ကျော်ဖြတ်နိုင်တဲ့သူဖြစ်ဖို့ တကယ် ထိုက်တန်တယ်။ ကံဆိုးချင်တော့ အမှောင်ဒြပ်စင် ဇစ်မြစ်စွမ်းအားကို ငါ မထိန်းချုပ်နိုင်သေးဘူး။ မဟုတ်ရင် ငါ့ရဲ့ အလင်းအမှောင် တိုင်းပြည်မှာ မင်းက အမှောင်ဘက်ခြမ်းရဲ့ အင်အားအကြီးဆုံး ယုံကြည်သူ ဖြစ်လာမှာ...”

ရိုဒရီဂူးဇ်က အနည်းငယ် အံ့အားသင့်နေပုံရသည်။ သူ၏ ဘက်မျက်လုံး၌ အဖြူရောင် ကုဗတုံးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းက အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစ ဖြစ်သည်။ “မင်းက ငါ့တိုင်းပြည်အသစ်ရဲ့ ပထမဆုံး ယုံကြည်သူဆိုတော့ ငါမင်းကို အထူးဂုဏ်ပြုပေးရမယ်။ ခေါင်းမာတဲ့ အမှောင်ယုံကြည်သူက အလင်းဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစ အလင်းရောင်ထဲ၌ နှစ်ခြင်းနဲ့အတူ အကိုင်းရှိုင်းဆုံး အလင်းယုံကြည်သူ ဖြစ်လာမယ်။”

အဖြူရောင်ကုဗတုံးက တဖြည်းဖြည်း ပျံသန်းလာပြီး သစ်ရွက်ကဲ့သို အလင်းစက်များ အဖြစ် ပြန့်ကျဲသွားကာ မခုခံနိုင်ကြသော ချန်လွေ့နှင့် ဒိုဒိုတို့ကို ရစ်ပတ်လိုက်သည်။

ဒိုဒိုက အလင်းသစ်ရွက်များ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားမိသည်။ သူ့ကို ရစ်ပတ်မိလိုက်သည်နှင့် သူ၏ အခြေခံအကျဆုံး ဝိညာဉ်အသိစိတ် ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်၌ အသက်ရှင်ရန် ပြင်းပြသောစိတ်က ချွဲကျိကောင်၏ လျို့ဝှက်အလားအလာများကို လှုံ့ဆော်ပေးတော့သည်။

ရလာဒ်အနေဖြင့် ဆရာသခင် ဒိုဒို၏ အစွမ်းအထက်ဆုံး ပါရမီဖြစ်သည့် စားသောက်ခြင်း ပေါက်ကွဲထွက်လာသည်။

ကြက်သွန်နီခေါင်းက ဧရာမပါးစပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အနီးအနားရှိ အလင်း သစ်ရွက်များကလည်း ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရကာ အသည်းအသန် ဝါးစားတော့သည်။

--အလင်းသစ်ရွက်တွေက အရသာက တော်တော်ဆိုးတယ်။ သခင့်ရဲ့ အထူး ရနံ့မွှေး ပြောင်းဆန်အရက်ကို မယှဉ်နိုင်ဘူး။ ခရမ်းဘယ်ရီဝိုင်အရက်နဲ့ စပျစ်နက်ဝိုင်အရက်လောက် မကောင်းဘူး။ အမှောင်လမြို့ရဲ့ ဘလော့၃၀၊ ၅လမ်းမှာရှိတဲ့ အဆိုးဝါးဆုံး သစ်သီးဝိုင်ထက်တောင် ဆိုးတယ်။ ဒါပေမဲ့ ဒါကို ငါမစားရင် သေမှာ။ မိုးသစ်တောမည်းထဲမှာ လူတွေကို အဲ...ချွဲကျိကောင်ကို တုန်လှုပ်စေခဲ့တဲ့ ဧရာမနဂါး၏ အသွေးနဲ့အသားကို စားခဲ့ရတာမျိုးပေါ့။

အလင်းသစ်ရွက်များက ပါးစပ်ကြီးထဲ၌ ချက်ချင်းပင် ‌ပေါက်ကွဲသွားကြသည်။ စားပြီးနောက် ၎င်းတို့က ဗိုက်ထဲ၌ ဆက်လက် ပေါက်ကွဲပြန်သည်။ ခဏကြာပြီးနောက် ၎င်းတို့က ဖြန့်ကျက်သွားပြန်သည်။ သို့သော်လည်း ဒိုဒို၏ မသေနိုင်သော ခန္ဓာကိုယ်က အစွမ်းပြလေ၏။ ပေါက်ကွဲသွားသော ကြက်သွန်နီခန္ဓာကိုယ်က ချက်ချင်းပင် ပြန်စုစည်းသွားပြီး အလင်း သစ်ရွက်များကို အသည်းအသန် ပြန်လည်ဝါးမျိုပြန်သည်။

ထိုအချိန်အတွင်း ချွဲကျိကောင်က အလင်းသစ်ရွက်များ၏ “အရသာ” အား အံ့အားသင့်ဖွယ်ရာ “ပါးစပ်”နှင့်အတူ တဖြည်းဖြည်း အသားကျလာသည်။ သူက အလင်း သစ်ရွက်စွမ်းအားကို ခပ်မြန်မြန် ဝါးမျိုကာ အမှန်တကယ် ချေဖျက်နိုင်လာသည်။ အချိန်တိုအတွင် မစုပ်ယူနိုင်သော်လည်း အနည်းဆုံး စား၍ ရနိုင်ပေသည်။

“အိုး။ နဂါးစွမ်းအား အမြုတေနဲ့ ပြီးတော့ ဝါးမျိုးစွမ်းရည်နဲ့ မသေမျိုးခန္ဓာကိုယ်ရှိတဲ့ ချွဲကျိကောင်လား။ ဒါက ချွဲကျိကောင်ရော ဟုတ်သေးရဲ့လား။” ဒိုဒို၏ လုပ်‌ဆောင်ချက်က ရိုဒရီဂူးဇ်ကို အံ့အားသင့်စေခဲ့ပြီး ထိုအဆင့်နိမ့်သက်ရှိအား ပြန်လည် ဆန်းစစ်တော့သည်။ ထို့နောက် သူက ချွဲကျိကောင်နှင့် ချန်လွေ့တို့ကို ထိကိုင်၍မရသော စွမ်းအားဖြင့် ပိုင်းခြားလိုက်သည်။ စားသောက်ခြင်းတွင် စိတ်နှစ်ထားသော ချွဲကျိကောင်က ၎င်းကို သတိမထားမိခဲ့ပေ။ သူက ဧရာမပါးစပ်ကို အသုံးပြုကာ ခန္ဓာကိုယ် ပတ်ပတ်လည်မှ အလင်း သစ်ရွက်ျားကို အသည်းအသန် ဝါးမျိုနေလေသည်။

အလင်းသစ်ရွက် အများစုက ချန်လွေ့အပေါ်တွင် စုစည်းနေ၏။ ဒိုဒို မရှိသောကြောင့် ချန်လွေ့က အလျင်အမြန်ပင် အလင်းသစ်ရွက်များ ရစ်ပတ်ခံလိုက်ရပြီး အလင်းပိုးအိမ် ဖြစ်သွားသည်။

အလင်းပိုးအိမ်က အလင်းရောင်များ တလက်လက် ဖြစ်နေ၏။ အသန့်စင်ဆုံး အလင်းဒြပ်စင်စွမ်းအားက ချန်လွေ့က တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားနေသည်။ ၎င်းမှာ အလင်းနတ်ဘုရားကျောင်းရှိ နတ်ဆရာများထံမှ ရိုဒရီဂူးဇ် ခိုးယူကာ အဆင့်မြှင့်ထားသော အထူးနှစ်ခြင်းပညာရပ် ဖြစ်သည်။ ၎င်းက ခေါင်းမာသည့် မယုံကြည်သူများကို ကိုင်းရှိုင်းသော ယုံကြည်သူများအဖြစ် အသွင်ပြောင်းနိုင်လေသည်။

သိဒ္ဓိနဂါးက ထိုလျို့ဝှက်ပညာရပ်ကို အသက်မသွင်းနိုင်ပေ။ သို့သော်လည်း အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစနှင့် ဝိညာဉ်စွမ်းအား ပေါင်းစပ်ထားသောအခါ ချန်လွေ့ကဲ့သို့ နတ်ဆိုးဧကရာဇ်အဆင့် “နတ်ဆိုး” တစ်ယောက်ကို အလင်းယုံကြည်သူအဖြစ် အသွင်ပြောင်းရန်အတွက် လွယ်ကူလောက်ပေသည်။

တစ်နာရီ ကြာပြီးနောက် ဘေးဖက်မှ ချွဲကျိကောင်က အလင်းသစ်ရွက်များကို ဝါးမျိုနေဆဲ ဖြစ်သည်။ သို့သော်လည်း ချန်လွေ့ကို ရစ်ပတ်ထားသော အလင်းပိုးအိမ်က မရပ်တန့်ဘဲ တောက်ပနေဆဲပင်။

အလင်းပိုးအိမ်၌ ထိန်းချုပ်မရဘဲ နှေးရာမှ မြန်သွားကာ လှည့်ပတ်နေသည်ကို မြင်ရာ ရိုဒရီဂူးဇ် အံ့အားသင့်သွားခဲ့သည်။ ထို့ပြင် အပေါ်ယံရှိ တလက်လက် အလင်းရောင်များကလည်း တဖြည်းဖြည်းပါးလာပြီး ဖောက်ထွင်းမြင်လာရကာ အထဲမှ ပုံရိပ်ကိုပင် ရေးရေးလေး မြင်လာရသည်။ အတွင်းမှခန္ဓာကိုယ်က ထူးဆန်းစွာဖြင့် လှုပ်ရမ်းနေဟန်တူသည်။

“အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစ....ငါ့ရဲ့ ဝိညာဉ်စွမ်းအား ကုန်ခမ်းနေတာလား။ မဖြစ်နိုင်ဘူး။” ရိုဒရီဂူးဇ်က ထူးထူးဆန်းဆန်းပင် အလန့်တကြား ပြောလိုက်သည်။ “တော်တော့။”

အလင်းပိုးအိမ်က မရပ်တန့်ဘဲ အလျင်အမြန် ပြောင်းလဲသွား၏။ နောက်ဆုံး၌ ပိုးအိမ်ထဲမှ ပုံရိပ်တစ်ခု ဖောက်ထွက်လာသည်။ ထိုသူ၏နောက်ဘက်တွင် အလင်းဖြင့်ဖွဲ့စည်းထားသော တောင်ပံတစ်စုံ ရှိနေလေသည်။

“[ ကောင်းချီးအလင်းခန္ဓာ ] လား။” ရိုဒရီဂူးဇ်၏ ဘယ်ဖက် ရွှေရောင်မျက်လုံး အရောင်မှိန်သွားသည်။ သူ၏မျက်လုံးက မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ “မဟုတ်ဘူး။ ဒါကို [ ကျက်သရေအလင်းခန္ဓာ ] လို့ ခေါ်ရမှာ။ မင်းက...တကယ်တော့ လူသားတစ်ယောက်ပဲကိုး။”

အမှောင်ဒြပ်စင်ဘုရင်က အမှောင်နဂါးဧကရာဇ်၏ တကယ့်ခန္ဓာကိုယ်အား အလင်းဒြပ်စင် နဂါးအဖြစ် မထင်ထားသကဲ့သို့ပင် ရိုဒရီဂူးဇ်ကလည်း သူ အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစဖြင့် နှစ်ခြင်းပြုလုပ်ခဲ့သော “နတ်ဆိုး”မှာ လူသားတစ်ယောက် ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ ထိုသူ့တွင် အသန့်စင်ဆုံး အလင်းသွေးမျိုးဆက်များ၌သာ ဖြစ်တည်နိုင်သော [ ကောင်းချီးအလင်းခန္ဓာ ] ရှိနေလေသည်။

ဆာ-သိဒ္ဓိနဂါးက လက်သည်းများ ရှိနေသေးလျှင် ကိုယ့်ကိုယ်ကိုယ် ပါးရိုက်မိလိမ့်မည် ဖြစ်သည်။ အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကို အသုံးပြုပြီး လူသားတစ်ယောက်အား “နှစ်ခြင်း” ပြုလုပ်ခြင်းက တစ်ဆို့နေသော မဟာနတ်ဆိုးတစ်ယောက်အား မိစ္ဆာသစ်သီး အများအပြား လက်ဆောင်ပေးခြင်းကဲ့သို့ ဖြစ်နေလေသည်။

အကယ်၍ ရိုဒရီဂူးဇ်က ချန်လွေ့ကို သတ်ချင်ခဲ့လျှင် ထိုကဲ့သို့ ဒုက္ခခံမည် မဟုတ်ပေ။ သူ၏ တိုင်းပြည် ပျက်စီးသွားသည့်အတွက် ပြန်တည်ဆောက်ရန် ယုံကြည်သူများ လိုအပ်သည်။ ထို့ကြောင့် ယခုတစ်ခေါက် အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကို အသက်သွင်းခြင်းမှာ ချန်လွေ့ကို “အသွင်ပြောင်း”ရန် ဖြစ်ပေသည်။

ထို့ကြောင့် အမှောင်နဂါးဧကရာဇ်၏ အဖိုးတန် ဝိညာဉ်စွမ်းအားကိုအသုံးပြုသော အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းစ၏ အပြင်းအထန် “နှစ်ခြင်း”အောက်တွင် ချန်လွေ့၏ [ ကောင်းချီးအလင်းခန္ဓာ ] က အရှားပါးဆုံးသော [ ကျက်သရေအလင်းခန္ဓာ ] အဖြစ် ဆင့်ကဲပြောင်းလဲသွားလေ၏။

အသန့်စင်ဆုံး အလင်းသွေးမျိုးဆက်များထဲ၌ပင် [ ကောင်းချီးအလင်းခန္ဓာ ] က တစ်သန်းတွင် တစ်ယောက်သာရှိသော ရှားပါးသည့် သွေးမျိုးဆက်ဖြစ်ပြီး [ ကျက်သရေအလင်းခန္ဓာ ] က [ ကောင်းချီးအလင်းခန္ဓာ ] ထဲ၌ပင် အရှားပါးဆုံး တည်ရှိမှု ဖြစ်သည်။ လူသားလောက တစ်ခုလုံး၌ [ ကျက်သရေအလင်းခန္ဓာ ] ရှိသောသူ လက်တစ်ဆုပ်စာသာ ရှိသည်။ ထိုသူများထဲတွင် အလင်းနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ချုပ်ကိုင်သူဖြစ်သည့် ပုပ်ရဟန်းမင်း ဂလိုရီရက်စ်လည်း ပါဝင်ပေသည်။

[ ကျက်သရေအလင်းခန္ဓာ ] က [ ကောင်းချီးအလင်းခန္ဓာ ] ထက်ပို၍ အလင်းဒြပ်စင် ထိခိုက်မှုကို ပိုမိုလျော့ချပြီး စုပ်ယူနိုင်သည်။ အလင်းဒြပ်စင် တိုက်ခိုက်မှု ပြုလုပ်ခြင်း သို့မဟုတ် အလင်းဒြပ်စင် အကူအညီ ရရှိခြင်းက နှစ်ဆတိုးသွားမည် ဖြစ်သည်။ ထို့ပြင် အမှောင်သတ္တဝါများပေါ် အထူးချုပ်တည်းမှု တစ်ခုလည်း ရှိသည်။

ယခု ချန်လွေ့က အလင်းနတ်ဘုရားကျောင်းသို့ သွားခဲ့လျှင် သေချာပေါက် “ရှားပါးသတ္တဝါ”အဖြစ် သတ်မှတ်ခံရပေမည်။ အဆင့်မြင့် နတ်ဆရာတစ်ယောက် ဖြစ်လာရန်ပင် ပြဿနာ မဟုတ်ပေ။

ရိုဒရီဂူးဇ်က အလျင်အမြန်ပင် အရောင်မှိန်နေသော အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကို သိမ်းထားလိုက်သည်။ သူက မယုံကြည်နိုင် ဖြစ်နေ၏။ “မင်းက ဘယ်လိုလုပ်ပြီးတော့ [ ကောင်းချီးအလင်းခန္ဓာ ] ရှိတဲ့သူတစ်ယောက် ဖြစ်နေရတာလဲ။ မင်းက ဘယ်သူ့ရဲ့ ယုံကြည်သူလဲ။ ရာဖယ်ရယ်လား။ ဂေဘရီရယ်လား။ ဒါမှမဟုတ် မိုက်ကယ်လား။”

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ချန်လွေ့ကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။ သူက ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုများ အသစ်ဖြစ်ပေါ်လာသည်ကို အံ့အားသင့်နေဆဲ ဖြစ်သည်။ [ ကျက်သရေအလင်းခန္ဓာ ] မှာ အလကားသက်သက် မဟုတ်ပေ။ သူ၏ လက်ရှိခန္ဓာအမျိုးအစား၊ စွမ်းအားနှင့် စိတ်ဝိညာဉ်တို့က အသစ်ပြန်လည် မွေးဖွားလာကဲ့သို့ပင် အရည်အသွေးအရ ပြောင်းလဲသွားကြသည်။

ချန်လွေ့၏ အဆင့်တက်ခြင်းက စူပါစနစ်၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ရာ သာမန် နတ်ဆိုးများနှင့် မတူညီကြပေ။ ထို့ကြောင့် ထိုကဲ့သို့ ပြောင်းလဲမှုမှာ “ပြင်ပ”သာ ဖြစ်သည်။ “အတွင်း” ဆင့်ကဲပြောင်းလဲခြင်း မဖြစ်သေးသော်လည်း “တိုးတက်မှုလမ်းစ”သို့ ရောက်နေလေပြီ။ သူက တစ်ဆို့မှုကို ဖောက်ထွက်ပြီး နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်းသို့ ရောက်သွားသည်နှင့် သက်ရောက်မှုက သာမန်အဆင့်ထက်ခြင်းက များစွာ သာလွန်မည်မှာ သေချာပေသည်။

ထိုစဉ် ရိုဒရီဂူးဇ်က ထိတ်လန့်နေရာမှ ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်သည်။ “ချီးပဲ။ မင်းက ဘယ်သူ့ရဲ့ ယုံကြည်သူပဲဖြစ်ဖြစ်၊ ဒီနေ့ သေရမှာပဲ။”

အလင်းဒြပ်စင်ဘုရင်သာ အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည်။ ရိုဒရီဂူးဇ်က နှစ်သောင်းချီ နားလည်အောင် ပြုလုပ်ခဲ့သော်လည်း သိဒ္ဓိနဂါး၏ အလင်းဂုဏ်သတ္တိစွမ်းအားဖြင့် ၎င်းကို ထိန်းချုပ်ရုံသာ လုပ်နိုင်လေသည်။ ယခုတွင် သိဒ္ဓိနဂါးက လက်ကျန်ဝိညာဉ်သာဖြစ်ပြီး ချန်လွေ့၏ [ ကောင်းချီးအလင်းခန္ဓာ ] က အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစနှင့် ချိတ်ဆက်ထားသော သူ၏ ဝိညာဉ်စွမ်းအားကို ကုန်ခမ်းစေခဲ့သည်။ ရိုဒရီဂူးဇ်က ပြန်ပြင်ဆင်၍မရအောင် ရှုံးဆုံးသွားလေသည်။ ဖွတ်မရ ဓားမဆုံးခဲ့သည့်အတွက် သူက ဒေါသူပုန်ထနေတော့သည်။

တိုင်းပြည်ထဲရှိ ဖျက်ဆီးခြင်း အငွေ့အသက်က မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်အမင်း သောင်းကြမ်းသော အဆင့်အထိ ရောက်သွားသည်။ ၎င်းက ခုနကလိုမျိုး “နှစ်ခြင်း” မဟုတ်တော့ပေ။ ချန်လွေ့၌ [ ကျက်သရေအလင်းခန္ဓာ ] ရှိသည့်တိုင် ၎င်းကို ခံနိုင်မည် မဟုတ်ပေ။ ချန်လွေ့ အမြန် စဉ်းစားလိုက်သည်။ ချက်ချင်းပင် သူက အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

ရိုဒရီဂူးဇ် တွေးနေစဉ် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်က ချန်လွေ့ကို လုံးဝ ရစ်ပတ်လိုက်ပြီး ဖြစ်သည်။ ထိုပုရွက်ဆိတ်၏ ခန္ဓာနှင့်ဝိညာဉ်က တစ်စက္ကန့်အတွင်း လုံးဝ ပျောက်ကွယ်သွားမည်ကို သူ သံသယ မရှိပေ။

သို့သော်လည်း ရိုဒရီဂူးဇ်ကို ထိတ်လန့်သွားစေသော အရာတစ်ခု ဖြစ်သွားပြန်သည်။ နတ်ဆိုး အရှင်သခင်တစ်ယောက်ကို ချက်ချင်း သုတ်သင်ရန် လုံလောက်သော ဖျက်ဆီးခြင်း စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်သာရှိသော ပုရွက်ဆိတ်တစ်ကောင်အပေါ်၌ သက်ရောက်မှု လုံးဝ ရှိမနေပေ။ အတိအကျပြောရလျှင် ၎င်းကို တစ်ဖက်၏ ခန္ဓာကိုယ်က ယုံနိုင်စရာ မရှိလောက်အောင်ပင် “ဝါးမျိုခဲ့ခြင်း” ဖြစ်သည်။

၎င်းမှာ သေချာပေါက် [ ကျက်သရေအလင်းခန္ဓာ ] ၏ အစွမ်း မဟုတ်ပေ။

ရိုဒရီဂူးဇ်က တောင်ပံများ သွေးနီရောင်ပြောင်းသွားသော ပုံရိပ်ကို သေသေချာချာ ကြည့်လိုက်သည်။ ထိုမုန်းတီးစရာ ပုရွက်ဆိတ်ကောင်က အခြားသူတစ်ယောက် ဖြစ်သွားသလို သူခံစားလိုက်ရသည်။ သူ့ကို အထိတ်လန့်စေဆုံးမှာ ထိုသူ၏ အငွေ့အသက်က ဖျက်ဆီးခြင်း အငွေ့အသက်များ ထုတ်လွှတ်နေခြင်းပင်။

အငွေ့အသက်သာ ဖြစ်သော်လည်း အထဲတွင် ပါရှိသော ဖျက်ဆီးခြင်းစွမ်းအားက ယခု အမှောင်နဂါးဧကရာဇ်အတွက် ရှိသည်ထက် ပို၍ သန့်စင်သည်။ မဟုတ်ဘူး။ ငါ့ရဲ့ အစွမ်းအထက်ဆုံး အချိန်မှာတောင် ဒီလောက် “သန့်စင်တဲ့” ဖျက်ဆီးခြင်းစွမ်းအား မရှိခဲ့ဘူး။ ဒါက လုံးဝကို “ဖျက်ဆီးခြင်း”ရဲ့ မူလအကျဆုံးစွမ်းအားပဲ။

“တော်တော်လေး စဉ်းစားစရာအကွက်ပဲ။” ထူးဆန်းသောပုံရိပ်က ပြောသည်။ “မထင်ထားခဲ့ဘူး။ သူက ခန္ဓာကိုယ် ထိန်းချုပ်မှုကို တကယ်ကြီး တမင် လက်လျှော့လိုက်တာပဲ။ ငါတို့ တိုက်ခိုက်တာကို အေးအေးဆေးဆေး ကြည့်ပြီးတော့ နှစ်ဖက်လုံး အားကုန်တဲ့အခါမှ အကျိုးအမြတ်တွေကို အရယူဖို့လား။ ဒါမှမဟုတ် သူက ငါ့စွမ်းအားကို အသုံးချပြီးတော့ သုတ်သင်ခံရမှာကို ရှောင်ရှားချင်တာလား။ ဒါက သူ့ပုံစံ မဟုတ်ဘူး။ ပြီးတော့လည်း ဒီတစ်ခေါက် ငါထွက်လာရင် သူ ဘယ်တော့မှ ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လို့ ရတော့မှာမဟုတ်တာကို သူ သိသင့်တယ်။ ပြီးတော့လည်း သူ့ရဲ့စိတ်ကို ငါလုံးဝ ချေမှုန်းပြီးတော့ ဒီခန္ဓာကိုယ်ရဲ့ တကယ်ထိန်းချုပ်သူ ဖြစ်လာရမယ်။”

ရိုဒရီဂူးဇ်က အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး အထင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒါက တံလျှပ်နဲ့ ဆင်တူတဲ့ [ ဖြစ်တည်ခြင်း ] ပုံရိပ်ယောင်လား။ မင်းမှာ လှည့်ကွက်တွေတော့ ရှိသားပဲ။ ကံဆိုးချင်တော့ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲ။ အကြွင်းမဲ့စွမ်းအားအရှေ့မှ ဘယ်ပုံရိပ်ယောင်မဆိုက ရယ်စရာ လှည့်ကွက်တွေပဲ။”

“မင်းသိထားရမှာ နှစ်ခုရှိတယ်။” ချန်လွေ့က သွေးရောင်မျက်လုံးများကို အဖွင့်အပိတ် ပြုလုပ်လိုက်ပြီးနောက် သိဒ္ဓိနဂါးအား စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။ “ပထမ တစ်ခု။ မင်းမသိတဲ့အရာတွေကို သိချင်ယောင်မဆောင်နဲ့။ ဒါက မင်းရဲ့ မသိနားလည်မှုနဲ့ သူရဲဘောကြောင်မှုကို ပြသနေတယ်။ ဒုတိယအချက်။ အခြားသူတွေကို ‘ပုရွက်ဆိတ်’လို့ မခေါ်နဲ့။ မင်းရဲ့ သနားစရာ အခြေအနေကို အခုပဲ သိလာရမှာပါ။”

“သောက်ပုရွက်ဆိတ်ကတော့...” ရိုဒရီဂူးဇ်က ချန်လွေ့ထံသို့ လက်ဆန့်လိုက်ရာ မမြင်ရသော လှိုင်းလမ်းကြောင်းများက ချန်လွေ့အနီးတွင် ပေါ်ထွက်လာသည်။ လမ်းကြောင်း ဖြတ်သွားသောနေရာတိုင်း နေရာလွတ်က သာမန်ယိုယွင်းမှု ဖြစ်မသွားဘဲ ပြန့်ကျဲသွားခဲ့သည်။ အက်ကြောင်းများက အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်းစွမ်းအား ရှိနေသည်။ ၎င်းနှင့် နီးကပ်သော အရာရာတိုင်းက အမှုန့်ချေပြီး ဝါးမျိုခံရမည် ဖြစ်သည်။

ချန်လွေ့...မဟုတ်ပေ...အသူရာဟု ခေါ်ရပေလိမ့်မည်။ သူက ထိုနေရာလွတ် အက်ကြောင်းများကို မျက်ကွယ်ပြုထားပြီး ခြံဝင်းထဲ၌ လျှောက်သွားနေသကဲ့သို့ပင် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူက နောက်ဘက်ရှိ သွေးရောင်တောင်ပံနှင့် အသားကျအောင် ပြုလုပ်နေဟန်တူသည်။

ရိုဒရီဂူးဇ်က မြင်သမျှကို မယုံကြည်နိုင်ဖြစ်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ ငါက [ ဖျက်ဆီးခြင်းတိုင်းပြည် ] ရဲ့ အစွမ်းအထက်ဆုံးဖြစ်တဲ့ ချေမှုန်းခြင်းကို အသက်သွင်းလိုက်ပြီ။ နတ်ဘုရား-တစ်ပိုင်းတွေတောင် ဒီလိုစွမ်းအားကို ခုခံဖို့ ခက်ခဲတယ်။ ဒီပုရွက်ဆိတ်က တကယ်ကြီး ဒါတွေကို လေပြေတိုက်သလိုမျိုး လုံးဝ လျစ်လျူရှုထားနေတယ်။

“မင်းက နတ်ဘုရား-ယောင် အဆင့်ကို ရောက်ရုံလေးရှိပြီးတော့ ဖျက်ဆီးခြင်း စွမ်းအားရဲ့ အပိုင်းအစ တိုင်းပြည်ကို ပိုင်ဆိုင်ထားတဲ့ လက်ကျန်ဝိညာဉ်လေးတစ်ခု။ ငါ့အတွက်တော့ ပုရွက်ဆိတ်ဆိုတာက မင်းပဲ။” အသူရာ အော်ပြောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်၌ ကြောက်မက်ဖွယ်ရာ အနက်ရောင်ချပ်ကာတစ်စုံ ပေါ်ထွက်လာသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအား မိုးထိအောင် တက်သွား၏။ သူက နေရာလွတ်ထဲရှိ အက်ကြောင်းများကို ဝှေ့ရမ်းလိုက်ရာ ၎င်းတို့က အလျင်အမြန်ပင် ရိုဒရီဂူးဇ်ထံ ပြန်ရောက်သွားသည်။

နတ်ဆိုးအရှင်သခင်အဆင့် တန်ပြန်တိုက်မှုကို ရင်ဆိုင်နေရသော်လည်း ရိုဒရီဂူးဇ်က ကပ်ဘေးအန္တရာယ်တစ်ခုကို ခံစားလိုက်မိသည်။ သူက ရွံရှာမှုကို ဘေးဖယ်ထားပြီး ဖျပ်ခနဲ အဝေး တစ်နေရာ၌ ပေါ်ထွက်လာသည်။ ထိုကဲ့သို့ နေရာရွှေ့ပြောင်းမှုမှာ တိုင်းပြည်၏ အစွမ်းတစ်ခု ဖြစ်သည်။ သာမန် တယ်လီပို့ခုန်ခြင်းမျိုး မဟုတ်ပေ။ တကယ့်အကွာအဝေးမှ ကီလိုမီတာ ထောင်နှင့်ချီပေသည်။ သို့သော်လည်း ထိုအက်ကြောင်းများက အမှန်တကယ်ပင် အကွာအဝေး အကန့်အသတ်ကို လျစ်လျူရှုထားပြီး နေရာလွတ်ကို ဖောက်ထွက်ကာ ဝဲကတော့သဖွယ် သူ့ကို တင်းတင်းကြပ်ကြပ် ဝိုင်းရံလိုက်ကြသည်။

ရိုဒရီဂူးဇ်က လှုပ်ရှားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း “ဝဲကတော့”မှ မလွတ်မြောက်နိုင်သေးပေ။ ထို့အပြင် အက်ကြောင်းများက ထူးဆန်းသော ဝါးမျိုစွမ်းအားများ ထုတ်လွှတ်နေကာ သူ၏ ဝိညာဉ်စွမ်းအားကို ဆွဲယူနေ၏။

“မဖြစ်နိုင်ဘူး။ ဒါက ငါ့ရဲ့တိုင်းပြည်လေ။” သူ့အရှေ့မှ အရာအားလုံးက သိထားသမျှနှင့် ကွဲလွဲနေသည်။ အလွန်ဆုံး နတ်ဆိုးအရှင်သခင်အဆင့်သာ ရှိသေးသည် ထိုလူသား တစ်ယောက်အတွက် [ ကျက်သရေအလင်းခန္ဓာ ] ရှိသည့်တိုင် ထိုကဲ့သို့ စိတ်ကူးကြည့်၍မ၇သော စွမ်းရည်မျိုးရှိနေရန် မဖြစ်နိုင်ပေ။

“ငါပြောခဲ့ပြီးပြီလေ။ သိပ်မကြာခင် မင်းရဲ့ သနားစရာ အခြေအနေကို သိလာရမယ်လို့။” အသူရာက ကောက်ကျစ်သောအပြုံးမျိုး ပြုံးလိုက်ပြီး ရိုဒရီဂူးဇ် အရှေ့သို့ ချက်ချင်းပင် ပေါ်ထွက်လာသည်။ “စွမ်းအားအဆင့်အရတော့ မင်းက လက်ကျန်ဝိညာဉ်ဖြစ်ပေမဲ့ မင်းအရှေ့မှ ငါက မပြောပလောက်တာ တကယ်ပါ။ ဒါပေမဲ့ ဇစ်မြစ်စွမ်းအားအရဆိုရင်တော့ မင်းက တကယ့် ပုရွက်ဆိတ်ပဲ။”

ရိုဒရီဂူးဇ်တွင် ယခင်ကစွမ်းအားမျိုး တစ်ဝက်ပင် ရှိခဲ့လျှင် အသူရာ၏စွမ်းအား မည်မျှပင် ထူးဆန်းစေကာမူ အလွန်တကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ပြဿနာမှာ သူက လက်ကျန် ဝိညာဉ်သာ ဖြစ်နေပြီး စွမ်းအားလည်း ကြီးကြီးမားမား လျော့ကျနေခဲ့သည်။ အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကလည်း တစ်ဖက်အတွက် အားတိုးဆေး ဖြစ်နေ၏။ အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစမှာလည်း မူလကတည်းက ထိန်းချုပ်၍ မရသေးပေ။ ယခုတစ်ခေါက်တွင် ၎င်းကို အသုံးချကာ အမှောင်ဒြပ်စင်ဘုရင်အား ချိပ်ပိတ်ခဲ့ရသည်။ တစ်ခုတည်းရနိုင်သော ဖျက်ဆီးခြင်းစွမ်းအားကိုလည်း တစ်ဖက်က လုံးဝ ချုပ်တည်းထားခဲ့သည်။ ထို့ကြောင့် သူက အမှန်တကယ်ပင် ကူကယ်ရာမဲ့နေခဲ့လေသည်။

ကြောက်စရာအကောင်းဆုံးမှာ ယခုအတိုင်း ဆက်သွားလျှင် လက်ကျန်ဝိညာဉ်က ထူးဆန်းသော စွမ်းအားကြောင့် အနှေးနှင့်အမြန်ပင် လုံးဝ စုပ်ယူခဲ့လိုက်ရမည် ဖြစ်သည်။ ထိုအချိန်တွင် သူက သေချာပေါက် ချေမှုန်းခံလိုက်ရပေမည်။

ထိုအချက်က အမှောင်နဂါးဧကရာဇ်ကို ကြောက်လန့်သွားစေသည်။ သူ့တွင် ဂုဏ်ယူစရာ လုံးဝ မရှိပေ။ ထိုကဲ့သို့ အားနည်းသောတည်ရှိမှုတစ်ခုဖြင့် ချေမှုန်းခံလိုက်ရခြင်းက ရှက်ဖွယ် ကောင်းလှသည်။ ခန္ဓာကိုယ်။ ခန္ဓာကိုယ်တစ်ခု ရှိမယ်ဆိုရင် အနည်းဆုံးတော့ ငါ့ရဲ့ဝိညာဉ် ချေမှုန်းခံရမှာပင် ကယ်တင်လို့ရမယ်။

ရုတ်တရက် သိဒ္ဓိနဂါး၏ မျက်လုံး၏ အရောင်တောက်သွား၏။ သူက အကြည့်က ဘေးနားတွင် “အလင်းသစ်ရွက်များ”ကို အသည်းအသန် ဝါးမျိုနေသော ချွဲကျိကောင်ထံ ရောက်ရှိသွားလေတော့သည်။

All Chapters