← Chapters

ပုံရိပ်ယောင်

Vol. 40 Ch. 607

ပုံရိပ်ယောင်

Vol. 40 Ch. 607

ညလယ်သို့ရောက်သော် ခရမ်း‌ရောင်လက ကျွန်းသဲသောင်ခုံရှိ တဲအိမ်များပေါ်သို့ ကျလာသည့်အတွက် အမျိုးသမီး နာဂါစစ်သည်များကို သတိပိုတိုးသွားစေသည်။

ညပိုင်း ဒုတိယတစ်ဝက်က စထရီနာ စောင့်ကြပ်ရန်အလှည့် ဖြစ်သည်။ အမှန်တကယ်၌ ပတ်ပတ်လည်မှ အမည်မသိ အန္တရာယ်များကြောင့် သူ ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။ အနည်းငယ်သာ အတင်း အနားယူခဲ့ရသည်။

စခန်းချရာပတ်ပတ်လည်တွင် ထူးဆန်းသော မှော်စာများ ထွင်းခြစ်ထားသော သလင်းကျောက်တိုင်များ ရှိနေသည်။ ၎င်းတို့က အလွှာသုံးလွှာ စက်ဝိုင်းဝိုင်းထားပြီး တဲအိမ်များကို ဝိုင်းရံထားသည်။ တိုင်အပြင်မှ မြေပြင်ကို လျို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များ ထွင်းထား၏။ ၎င်းတို့မှာ နဂါးထွင်းစာနှင့် ရှေးမှော်စာတို့ပေါင်းစပ်ထားသည့် ချန်လွေ့ ခင်းကျင်းထားသော အကာအကွယ် မှော်စက်ဝိုင်းများ ဖြစ်ပေသည်။ ၎င်းတွင် အားကောင်းသော အကာကွယ် သက်ရောက်မှုတစ်ခုရှိပြီး စိတ်ဝိညာဉ်စွမ်းအား တိုက်စားခြင်းကို ခုခံနိုင်သည်။ စူပါစနစ်၏ သန့်စင်ခြင်းအခန်းနှင့် မှော်ဆန်းသော အချိန်ဥပဒေကြောင့်သာ မဟုတ်လျှင် ချန်လွေ့က အကြီးတန်း ဆရာသခင်အဆင့်အထိ ရောက်သွားသည့်တိုင် ၎င်းတို့ကို အချိန်တိုအတွင်း အပြီးသတ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအကာအကွယ်က ပြိုင်စံရှားမဟုတ်ပေ။ လက်ရှိတွင် ရန်သူက အမှောင်ထဲ၌ ရှိနေပြီး သူတို့ကို မြင်နေရသည်။ ထို့ကြောင့် သူတို့ လျှော့တွက်၍ မရနိုင်ပေ။ အပြောင်းအလဲများအပေါ်၌သာ လိုက်လျောညီထွေ နေထိုင်ရုံသာ ရှိလေသည်။

ညနေပိုင်း မြူက အတော်လေး ထူလှသည်။ အထူးသဖြင့် ရေအနီးအနား နယ်မြေများက မြင်နိုင်မှုကို လုံးဝ ဖုံးကွယ်ထားသွားခဲ့သည်။ ထိုအခြေအနေကြောင့် စထရီနာက တဲအိမ် အပြင်ဘက်ကို ပိုမိုသတိထားနေသည်။ အတွေ့အကြုံရှိ စစ်သည်တစ်‌ဦး ဖြစ်သည့်အလျောက် ထိုကဲ့သို့မြူမျိုးက ရန်သူအတွက် အကောင်းဆုံး အကာအကွယ်တစ်ခုဖြစ်ကြောင့် သဘောပေါက်သည်။ အထူးသဖြင့် အလွယ်အတူ ပင်ပန်းနွမ်းနယ်သော ညလယ်ပိုင်းတွင် အလွယ်အတူ တိုက်ခိုက်ခံရနိုင်သည်။ သူက အလစ်တိုက်ခိုက်လာနိုင်မည့် ရန်သူများကို သတိထားရန်အတွက် နာဂါအစောင့်များကို ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

စထရီနာက အလွန်အမင်း ခွန်အားသန်မာကာ စွမ်းအားကြီးပြီး လျင်မြန်သော ပုံမှန် နာဂါစစ်သည်တစ်ဦးဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအား၌ အားနည်းသည်။ သို့သော်လည်း သူက ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] တွင် S- သို့ ရောက်နေပြီဖြစ်သည်။ လက်ရှိတွင် သူက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ဖြစ်လာမည့်အရာကို စောင့်ကြည့်နေလေသည်။

ညလေပြင်းတစ်ခုက မြူများကို အနီးကပ်လာအောင် တဖြည်းဖြည်း တိုက်ခတ်နေ၏။ စခန်းချရာအနီးရှိ ထွင်းခြစ်ထားသော ပုံစံကွက်များထဲသို့ မြူများ ချဉ်းကပ်လာသောအခါ မမြင်နိုင်သော အားတစ်ခုကြောင့် တားဆီးခံလိုက်ရပြီး ရှေ့ဆက်မသွားနိုင်တော့ပေ။ သို့သော် ခဏကြော လှည့်ပတ်ပြီးနောက် ထိုမြူက ပုံစံကွက်အတွင်းသို့ တဖြည်းဖြည်း စတင်စိမ့်ဝင်လာ၏။ ၎င်းက သဲလွှာများကဲ့သို့ပင် ထွင်းထားသော ပုံစံကွက်များကို တဖြည်းဖြည်းနှင့် ဖြည့်ပြီး ဖုံးလွှမ်းလိုက်သည်။

ထွင်းခြစ်ထားသော ပုံစံကွက်များကို ဖြည့်ပြီးနောက် မြူများက သလင်းကျောက် တိုင်များကို စတင်ချဉ်းကပ်လာသည်။ သလင်းကျောက်တိုင်မှ သင်္ကေတများ ချက်ချင်းပင် တဖျပ်ဖျပ်လက်လာပြီး မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ တိုင်များကို ရစ်ပတ်ရင်း အဝေးသို့ ပဲ့တင်ထပ်စေခဲ့သည်။ ထို့နောက် ၎င်းတို့က ထိကိုင်၍မရသော အားစက်ကွင်း တစ်ခုအဖြစ် ရစ်ပတ်သွားကာ မြူများကို စုတ်ဖြဲပစ်လိုက်သည်။

မှော်တဲအိမ်ထဲရှိ ချန်လွေ့က ချက်ချင်းတုံ့ပြန်လာသည်။ သူက တယ်လီပို့ခုန်ကာ တဲအိမ်အပြင်ဘက်သို့ ရောက်ရှိလာ၏။

“အခြေအနေ ဘယ်လိုရှိလဲ။” ချန်လွေ့က စထရီနာကို မေးလိုက်သည်။

“တိုင်လုံးတွေက ခဏ ဖျပ်ခနဲလက်သွားတယ်။ ဒါပေမဲ့ ရန်သူကို မမြင်ရဘူး။”

“ဒါက ခုနတုန်းက စိတ်ဝိညာဉ်စွမ်းအား ကျူးကျော်လာတာကို ပြသနေတာပဲ။ ဒါပေမဲ့ အခုတော့ ဖြေရှင်းပြီးသွားပြီ။ သတိထားနေဦး။”

ချန်လွေ့ ပြန်လည်အနားယူသွားသည်နှင့် သလင်းကျောက်တိုင်လုံးများ အရောင်တောက် လာပြန်ပြီးနောက် တဖြည်းဖြည်း ပြန်မှိန်သွားသည်။ အကြိမ်များစွာ ကြိုးစားပြီးနောက် ငြိမ်သက်သွားဟန်တူသည်။ နောက်ထပ် မူမမှန်မှုများ မရှိတော့ပေ။

စထရီနာက သုံးလေးကြိမ် ထလာသော ချန်လွေ့ကိုကြည့်ပြီး တောင်းပန်လိုက်၏။ “ဒီည ရန်သူ ပေါ်လာမှာ မဟုတ်လောက်ဘူးထင်တယ်။ ရှင်လည်း အတော်လေး ပင်ပန်းနေလောက်ပြီ။ မြန်မြန် အနားယူလိုက်လေ။ တစ်ခုခုဖြစ်ရန် ကျွန်မရှင့်ကို ခေါ်လိုက်မယ်။”

ချန်လွေ့က အကာအကွယ် မှော်စက်ဝိုင်းများ ပြုလုပ်ရန်အတွက် သန့်စင်ခြင်းအခန်း၌ အချိန်ဥပဒေသကို အသုံးချကာ အတော်လေး အားထုတ်ခဲ့သည်။ ထို့ပြင် သူက ညလယ်အထိ မအိပ်ရသေးပေ။ သူ အမှန်တကယ်ပင် ပင်ပန်းနေလေပြီ။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ ဒါပေမဲ့ သတိမလွတ်စေနဲ့။ ဒါက ရန်သူကနေ အစပျိုးရုံပဲ ဖြစ်လောက်တယ်။ တိုင်လုံးတွေ နီသွားရင်ဖြစ်ဖြစ်၊ ပျက်စီးသွားရင်ပဲဖြစ်ဖြစ်၊ ငါ့ကို ချက်ချင်းနှိုးလိုက်။၊”

“အင်း...”

မှော်တဲအိမ်ထဲသို့ ချန်လွေ့ ဝင်သွားသည်ကို ကြည့်ပြီးနောက် စထရီနာက ပိုမိုသတိထားပြီး ပတ်ပတ်လည်မှ ပြောင်းလဲမှုများကို သေသေချာချာ ကြည့်နေလိုက်သည်။ ချန်လွေ့နှင့် အမျိုးသမီး နာဂါစစ်သည်တို့ သတိမထားမိသည်မှာ အကြိမ်များစွာ စုတ်ပြဲသွားသော မြူများက လုံးဝ မပျောက်ကွယ်သွားခြင်းပင်။ မြူမျှင်အချို့ ကျန်နေသေးသည်။ တိုင်လုံးများကို ဖြတ်သွားပြီးနောက် ၎င်းတို့က အလွန်အမင်း ပါးလွှာသွားသော်လည်း တဲအိမ်များသို့ တဖြည်းဖြည်း တိတ်တဆိတ် ချဉ်းကပ်လာသည်။

စထရီနာက ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို သတိထားနေစဉ် အလယ်မှ တဲအိမ် ပွင့်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပုံရိပ်တစ်ခု ထွက်လာသည်။ ထိုသူမှာ သူ၏ညီမ အယ်ဒီလိုင်း ဖြစ်နေ၏။

“အယ်ဒီလိုင်း။ အခုက တော်တော် နောက်ကျနေပြီ။ ကောင်းကောင်း နားဦးလေ။”

အယ်ဒီလိုင်း အနည်းငယ် ကြောက်နေပုံရသည်။ “အစ်မ။ တစ်ခုခုက ငါ့ကို‌ ခေါ်နေသလိုပဲ။ ငါ နည်းနည်း ကြောက်နေတယ်။”

စထရီနာက အယ်ဒီလိုင်း၏ ဆံပင်ကို အသာလေး ပွတ်သပ်လိုက်သည်။ “စိတ်မပူပါနဲ့။ ခုနက အသေးစား အခြေအနေတစ်ခုပါ။ ရန်သူက ပြန်ဆုတ်သွားလောက်ပြီ။”

“အင်း။ အစ်မ ဘေးနားမှာရှိနေရင် ငါ မကြောက်ဘူး။” အယ်ဒီလိုင်းက စထရီနာက မှီလိုက်သည်။ “ငါ ငယ်ငယ်တုန်းက မှတ်မိလား။ ငါက ကြောက်တတ်ပြီးတော့ မမြင်နိုင်ဘူး။ ငါ့ဘေးမှာ ဓားမောက်ရှည်တစ်လက်နဲ့ ကာကွယ်ပေးခဲ့တာ အစ်မလေ။ အဲဒီတော့မှ ငါ အိပ်ရဲတာ။”

“မှတ်မိတာပေါ့။” စထရီနာ၏ မျက်လုံးများက ညင်သာသော အမူအရာတစ်ခု ပြသလိုက်သည်။၊ “အဲဒီတုန်းက ငါ့ပါရမီ မကောင်းလို့ အမေ အပြစ်ပေးတာကို ခဏခဏ ခံခဲ့ရတယ်။ နင်က ငါ့ကို နှစ်သိမ့်ပေးဖို့ အမြဲတမ်း စောင်းတီးပြပေးခဲ့တယ်လေ။”

“ပါရမီ”အကြောင်း ပြောနေရင်း စထရီနာ၏ မျက်လုံး ရုတ်တရက် အရောင်မှိန်သွား၏။ သူက အတော်လေး ကြိုးစားသော်လည်း ပင်ကိုယ်စွမ်းရည် ပြဿနာများကြောင့် တိုးတက်မှု နှေးကွေးနေခဲ့သည်။ သူက မျက်လုံးရောဂါ ခံစားနေရသော ညီမဖြစ်သူထက် များစွာ နောက်ကျနေခဲ့ရသည်။ ထို့နောက် သူက ညီမဖြစ်သူ၏ အာရုံခံအစွမ်းကို အမှီပြုပြီး လျို့ဝှက်မြူဖုံးကျွန်းကိုသွားကာ သူ၏ပင်ကိုယ်အရည်အချင်းကို တိုးမြှင့်ရန်အတွက် ဆေးပင်များ ရှာဖွေချင်ခဲ့သည်။ သူက ညီမဖြစ်သူအား မျက်လုံးကုသပေးရန်ပြောပြီး လျို့ဝှက်မြူဖုံးကျွန်းသို့ သွားရန်အတိုက် တိုက်တွန်းခဲ့သည်။ သို့သော်လည်း သူတို့က လမ်းတွင် အန္တရာယ် ကြုံတွေ့ခဲ့ရပြီး စထရီနာ သေမလို ဖြစ်သွားခဲ့သည်။ နောက်ဆုံး၌ အယ်ဒီလိုင်းက သူ့ကို ကယ်တင်ပေးခဲ့သည်။ အယ်ဒီလိုင်းက တကိုယ်ကောင်းဆန်သော အစ်မဖြစ်သူအား အဖိုးအတန်ဆုံးသော [ ၆ခု ကိုင်ဆွဲခြင်း ] ပါရမီကိုလည်း မယုံနိုင်စရာ နည်းလမ်းတစ်ခုဖြင့် လွှဲပြောင်းပေးခဲ့လေသည်။

ထိုအချိန်မှစ၍ ရှက်ရွံ့မှု၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုနှင့် နာကျင်မှုတို့က စထရီနာ၏ နှလုံးသားထဲ၌ စွဲထင်ကျန်နေခဲ့သည်။ သူက ညီမဖြစ်သူအား တစ်သက်လုံး ကာကွယ်‌ပေးရန် သစ္စာဆိုခဲ့သည်။ ထိုအချိန်၌ ပင်လယ်စတေးခံခြင်း၌ အယ်ဒီလိုင်းပါဝင်ခဲ့ခြင်းက လမ်းဆုံးတစ်ခု ဖြစ်သွားခဲ့သည်မှာ သေချာပေသည်။ ထို့ကြောင့် သူက ညီမဖြစ်သူအား စတေးမခံရရန်အတွက် မတားဆီးနိုင်ပြီးနောက် မဆင်မခြင်နှင့် စတေးခံသင်္ဘောပေါ်သို့ ခိုးတက်လာခဲ့ခြင်း ဖြစ်သည်။

အာရုံခံကောင်းသော အယ်ဒီလိုင်းက အစ်မဖြစ်သူ၏ ခံစားချက်ကို ခံစားမိလိုက်ပြီး စာနာလျက် ပြောလိုက်သည်။ “အဲဒီတုန်းက ဖြစ်ခဲ့တာက အစ်မရဲ့အမှားကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ပြီးတော့လည်း အဲဒါက အတော်ကြာခဲ့ပြီ။ စိတ်ထဲမှာ မထားထားပါနဲ့တော့။”

စထရီနာက ခံစားချက်ပြင်းထန်သွားပြီး ညီမဖြစ်သူကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ “အယ်ဒီလိုင်း။ စိတ်မပူနဲ့။ ငါ နင့်မျက်လုံးတွေကို ကုသပေးမယ်။”

“အဲဒါ....” အယ်ဒီလိုင်းက တုံ့ဆိုင်းလျက် မေးသည်။ “လျို့ဝှက်မြူဖုံးကျွန်းမှာ ငါ့ရဲ့မျက်လုံးကို ကုသပေးနိုင်တဲ့ ဆေးပင်မျိုး တကယ်ရှိတာလား။”

စထရီနာ၏ မျက်လုံးများက ထူးထူးဆန်းဆန်း ယုံကြည်ချက် ပြည့်နေပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်။ “ဒဏ္ဍာရီထဲမှာ မယုံနိုင်စရာကောင်းတဲ့ အပင်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ မျက်လုံးကို ကုသနိုင်တဲ့ ဆေးပင်တွေရှိမှာ သေချာတယ်။”

“ဒါဆို သွားရှာဖို့ ခေါ်သွားပေးပါလား အစ်မ။” အယ်ဒီလိုင်းက အံ့အားသင့်လျက် မေးလိုက်သည်။

“ခေါ်သွားမယ်လေ။” စထရီနာက သဘောတူလိုက်စဉ် တစ်ခုခု လွဲနေကြောင်း ခံစားမိလိုက်သည်။ သူက အရေးအကြီးဆုံး အရာတစ်ခုကို မေ့လျော့သွားသကဲ့သို့ ဖြစ်နေပြီး မသိစိတ်က တုံ့ဆိုင်းမှု ပြသနေခဲ့သည်။

အယ်ဒီလိုင်းက ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့နေလိုက်သည်။ “အစ်မက ငါ့ရဲ့မျက်လုံးကို မကုပေးချင်တော့ဘူးလား။”

စထရီနာက မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။ “ကုပေးချင်တာပေါ့။”

“အစ်မက သိပ်ကောင်းတာပဲ။ ဒါဆို အခု သွားကြမယ်လေ။” အယ်ဒီလိုင်းက စထရီနာလက်မောင်းကိုကိုင်ပြီး ဖြူစင်စွာဖြင့် ပြုံးလိုက်သည်။

“အင်း..” စထရီနာ ခေါင်းညိတ်လိုက်ပြီးနောက် တဲအိမ်အပြင်ဘက်သို့ လမ်းလျှောက် သွားလိုက်သည်။ သလင်းကျောက်တိုင်များမှ ထွက်သွားပြီးနောက် သူက ဘေးနားတွင် အယ်ဒီလိုင်းကို မတွေ့တော့ပေ။ သူ၏အာရုံများ အနည်းငယ် သတိပြန်ဝင်လာ၏။ တစ်ခုခုကို သဘောပေါက်သွားသည်နှင့် သူက ရှေ့မှ အယ်ဒီလိုင်း၏အသံကို ကြားလိုက်ရသည်။

“အစ်မ။ ဒီမှာ။ မြန်မြန်လာလေ။”

စထရီနာက လက်ယပ်ခေါ်နေသော ရှေ့မှ ရင်းနှီးသောပုံရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် ဆက်မစဉ်းစားတော့ဘဲ ရှေ့မှ မြူထဲသို့ တည့်တည့် လမ်းလျှောက်သွားတော့သည်။

ကျန်သော နာဂါများကလည်း ၎င်းကို မျက်ကွယ်ပြုထားကြဟန်တူည်။ သူတို့ တစ်ယောက်ချင်းစီက ထူးဆန်းသော အခြေအနေတစ်ခုသို့ ကျရောက်နေပြီး အချို့က တစ်ယောက်တည်း စကားပြောနေဥာ အချို့က မြေပြင်ပေါ်၌ အိပ်ပျော်နေကြသည်။

မြူများက တဖြည်းဖြည်း ထူထဲလာပြီး တဲများကို ဝိုင်းရံသွား၏။

အလယ်အကျဆုံး တဲအိမ်တွင် အယ်ဒီလိုင်းက ကုတင်ပေါ်၌ ရွှေရောင်စောင်းကောက်ကို ဘေးနားထားကာ တိတ်တိတ်လေး လှဲလျောင်း‌နေ၏။ ထိုကောင်မလေး၏ အိပ်စက်သော မျက်နှာက ကလေးတစ်ယောက်ကဲ့သို့ပင် ငြိမ်းချမ်းနေ၏။ ရုတ်တရက် ထိုကောင်မ‌လေးက ငိုက်မြည်းလျက် မျက်လုံးဖွင့်လိုက်ရာ ရှေ့တွင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုပုံရိပ်မှာ သူ၏အစ်မ စထရီနာ ဖြစ်သော်လည်း နာဂါကောင်မလေး၏မျက်နှာက ကြောက်လန့်နေသော အမူအရာ ပြသနေသည်။

“ရှင်က ဘယ်သူလဲ။”

စထရီနာ အံ့အားသင့်သွားပုံရသည်။ “အယ်ဒီလိုင်း။ နင် ငါ့ကိုတောင် မမှတ်မိတော့ ဘူးလား။”

အယ်ဒီလိုင်းက ထိုသူကို လျစ်လျူရှုနေခဲ့ပြီး တဲအိမ်ထဲမှ အဖော်များကို အသည်းအသန် တွန်းလိုက်သည်။ သို့သော်လည်း ထိုအဖော်များက အိပ်ပျော်နေပုံရသည်။ သူ မည်မျှပင် လှုပ်ရမ်းစေကာမူ သူတို့ မနိုးကြပေ။

“အယ်ဒီလိုင်း။ အဆင်ပြေရဲ့လား။ ငါ့ကို လန့်အောင် မလုပ်နဲ့လေ။”

“ရှင်က ဘယ်သူလဲ။” အယ်ဒီလိုင်းက ကြောက်လန့်လျက် နောက်ပြန်ဆုတ်နေ၏။ သူက မတော်တဆ စောင်းကောက်ကို တိုက်မိသွားခဲ့သည်။

“ငါက နင့်အစ်မ စထရီနာလေ။ ဒီစောင်းက နင် အသက်၁၂နှစ်တုန်းက ငါနဲ့တူတူ လုပ်ခဲ့တာမလား။။”

အယ်ဒီလိုင်းက ခေါင်းခါသည်။ “ရှင် ကျွန်မကို လိမ်လို့မရဘူး။ ရှင့်ရဲ့မျက်နှာနဲ့ အသံက ကျွန်မအစ်မနဲ့ တစ်ပုံစံတည်း တူနေရင်တောင်၊ ကျွန်မရဲ့စိတ်ထဲက အတိတ်ကို ခိုးကြည့်ထား ရင်တောင်၊ ရှင်က သေချာပေါက် ကျွန်မရဲ့အစ်မ မဟုတ်ဘူး။ ရှင့်ရဲ့ဝိညာဉ်က ကြမ်းကြုတ်မှုတွေ၊ လောဘတွေနဲ့ ဆိုးယုတ်မှုတွေ ပြည့်နေတာကို ကျွန်မ ခံစားလို့ရတယ်။”

“ဒီလိုချီးမွမ်းတာတွေကို လက်ခံရတာ လွယ်ပါတယ်။” ‘စထရီနာ’ က အလျင်အမြန်ပင် ဝေဝါးသော မြူများအဖြစ် ပြောင်းလဲသွားသည်။ “မင်းက နတ်ဆိုးအရှင်သခင် အဆင့်တွေတောင် မခုခံနိုင်တဲ့ ပုံရိပ်ယောင်ကို ဖောက်မြင်နိုင်တယ်။ တကယ့်ကို ရှားပါးတဲ့ ဝိညာဉ်ခန္ဓာကိုယ်ပဲ။ မင်းရဲ့အစ်မမှာ မင်းလိုမျိုး ထူးဆန်းတဲ့ စိတ်ဝိညာဉ်ပါရမီမျိုး ရှိရဲ့လား မသိဘူး။”

အယ်ဒီလိုင်း၏နှလုံးသား တင်းကြပ်သွား၏။ “ကျွန်မအစ်ကို ရှင်ဘာလုပ်လိုက်တာလဲ။”

“မင်းရဲ့အစ်မတင် မဟုတ်ဘူး။ အားလုံးကို ငါ ထိန်းချုပ်ထားတယ်။” မြူက ငေါက်ငမ်းလျက် ရပ်လိုက်သည်။ “မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို လုံးဝ အပ်နှင်းမယ်ဆိုရင် ငါ သူတို့ကို အသက်ရှင်ခွင့်ပေးမယ်။”

“ကျွန်မ ရှင့်ကို မယုံဘူး။ မျှော်လင့်ချက်ကို လက်လျှော့ဖို့ ပြောတောင်မပြောနဲ့။” အယ်ဒီလိုင်းက အတူသယ်ဆောင်လာသော စိတ်ဝိညာဉ်သလင်းကျောက်ကို ထိလိုက်သည်။ “သူတို့တွေက ရှင့်ရဲ့ပုံရိပ်ယောင်တွေကို‌ သေချာပေါက် အနိုင်ယူလိမ့်မယ်။”

“နုံအတဲ့ မျှော်လင့်ချက်ပဲ။” မြူက စက်ဆုပ်ဖွယ်ကောင်းလောက်အောင် သရော်လိုက်၏။ “မင်းနဲ့ငါ ဒီသနားစရာတွေကို သွားကြည့်ပြီးရင် ဒီလိုမျိုး မဖြစ်နိုင်တာတွေကို ပြောနိုင်ဦးမလား ကြည့်တာပေါ့။”

မြူက နည်းလမ်းအချို့ သုံးလိုက်ပြီးနောက် မိမိခန္ဓာကိုယ်က ဝိညာဉ်တစ်ပိုင်းတစ်စ ဆွဲယူခံလိုက်ရကြောင်း အယ်ဒီလိုင်း ခံစားလိုက်ရသည်။ သူ၏အသိစိတ်က မြူနှင့်အတူ လွင့်မျောသွားခဲ့လေသည်။

ထို့နောက် သူ၏မျက်လုံးများ ကောင်းသွားဟန်တူသည်။ သူက အဖော်တစ်ယောက်စီ၏ ဦးနှောက်ထဲမှ ပုံရိပ်ယောင်များနှင့် ပုံရိပ်ယောင်ထဲ၌ ပိတ်မိနေရသည့် အန္တရာယ်များကို မြင်ခဲ့ရသည်။ အထူးစိတ်ဝိညာဉ်စွမ်းအားကြောင့်သာ မဟုတ်လျှင် ၎င်းမှာ အိပ်မက်တစ်ခုလုံး အယ်ဒီလိုင်း ထင်မိပေလိမ့်မည်။

တစ်ခါတစ်ရံ နိုးနေခြင်းက အိပ်နေခြင်းထက် ပိုမိုကြောက်မက်ဖွယ် ကောင်းပေ၏။

“မလုပ်နဲ့။ တော်ပါတော့။” ကောင်မလေးက နာကျင်စွာဖြင့် မျက်လုံးပိတ်ပြီး နားကို အုပ်လိုက်သော်လည်း ခံစားချက်များကို မဖုံးထားနိုင်ခဲ့ပေ။

“အခု မင်းကို မျှော်လင့်ချက်ပေးခဲ့တဲ့ ဆာ-ကပ္ပတိန်ကို ကြည့်ဖို့အလှည့်ပဲ။” အဖြူရောင်မြူက ပြုံးလိုက်သည်။ “ကြည့်ရတာ မင်းကိုကယ်ခဲ့တဲ့ အဲဒီလူအပေါ် စိတ်ထဲမှာ ချစ်ခင်စိတ်နည်းနည်း ရှိနေသလိုပဲ။ ဒီအတိုင်းဆို မင်း စိတ်ဝင်စားစရာတွေ မြင်ရမယ် ထင်တယ်....”

ထိုသို့ပြောနေရင်း အဖြူရောင်မြူက ချန်လွေ့တည်ရှိရာ မှော်တဲအိမ်ထဲသို့ ကောင်မလေး၏ အသိစိတ်နှင့်အတူ ရွှေ့ပြောင်းသွားလိုက်သည်။

“အဲဒီကောင်ရဲ့ ပုံရိပ်ယောင်ကို သွားကြည့်ရအောင်။” ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင် မြင်ကွင်းများ ပြောင်းလဲသွားကြောင်း အယ်ဒီလိုင်း ခံစားလိုက်ရသည်။ သူက မရင်းနှီးသော မြင်ကွင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

၎င်းမှာ ထူးဆန်းသော နေရာလွတ်တစ်ခု ဖြစ်ပြီး အလယ်တွင် အလွန်ကြီးမားပြီး တလက်လက် ဖြစ်နေသော စက်လုံးတစ်ခု ရှိသည်။ ထိုစက်လုံးပတ်ပတ်လည်တွင် အရွယ်အစား အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသော စက်လုံးအများအပြားကလည်း ထူးဆန်းသော စည်းချက်တစ်ခုဖြင့် လှည့်ပတ်နေလေသည်။

ထိုကဲ့သို့စက်လုံးမျိုး အများအပြား ရှိနေပြီး အဝန်းအဝိုင်းကလည်း ကြီးမားလွန်းလှ၏။ နေရာတိုင်း၌ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ကြယ်ပွင့်များ ရှိနေလေသည်။

“အက်ဂ်ယော”ရဲ့ ပုံရိပ်ယောင်က တကယ်တော့ ဒီလိုကြယ်ကောင်းကင် ဖြစ်နေတာပဲ။

All Chapters