← Chapters

ကိုယ်ပွား

Vol. 40 Ch. 609

ကိုယ်ပွား

Vol. 40 Ch. 609

အယ်ဒီလိုင်းက အာရုံခံစွမ်းအားကို အသက်သွင်းပြီး ချန်လွေ့ကို ဦးဆောင်ကာ တောထဲသို့ သွားသည်။ လမ်းတစ်လျှောက် မြွေသံများ တရှဲရှဲမြည်နေပြီး ချန်လွေ့၏ ခြေသံများကို ဖုံးလွှမ်းနေခဲ့သည်။

မိမိ၏ မြွေခန္ဓာအကြောင်း တွေးနေရင်း ကောင်‌မလေးက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်လာခဲ့သည်။ သို့သော်လည်း ထိုစိတ်ကို အစ်မဖြစ်သူအား စိုးရိမ်နေစိတ်က အလျင်အမြန် ဖုံးကွယ်သွားခဲ့သည်။ သူက နှောင့်ယှက်သော အတွေးများကို ဘေးဖယ်ထားလိုက်ပြီး တံလျှပ်၏ တည်နေရာကို အစွမ်းကုန် စတင်အာရုံခံတော့သည်။

ဝိညာဉ်ခန္ဓာအမျိုးအစားကြောင့် နတ်ဆိုးအရှင်သခင်များကို သက်ရောက်နိုင်သော ပုံရိပ်ယောင်က အယ်ဒီလိုင်းအပေါ် သက်ရောက်မှု မရှိခဲ့ပေ။ ထိုအစား သူက ထိုပုံရိပ်ယောင်များမှ တစ်ဆင့် ဇစ်မြစ်ကို ခြေရာခံနိုင်ပြီး တံလျှပ်၏ သဲလွန်စများကို ရှာနိုင်လာသည်။

လမ်းတစ်လျှောက် အဖြူရောင်မြူများ တဖြည်းဖြည်း ပိုထူလာသည်။ ချန်လွေ့၏ အမြန်နှုန်းကလည်း ပို၍နှေးလာ၏။ အယ်ဒီလိုင်းလည်း အရှိန်လျှော့လိုက်သည်။ “ဆာ-အက်ဂ်ယော။ နေရာအနှံ့မှာ ဝိညာဉ်စွမ်းအားအလွှာတွေ ရောယှက်နေတာကို ခံစားမိတယ်။ ကျွန်မရဲ့ အာရုံခံစွမ်းအားက အထူးစွမ်းအားတချို့ကြောင့် ပြန်ကန်ထွက်သွားခဲ့တယ်။ တံလျှပ်ရဲ့ တကယ့်ခန္ဓာကိုယ်က ပျောက်ကွယ်သွားသလိုပဲ။”

“အိုး...” ချန်လွေ့၏ အသက်ရှူသံက အနည်းငယ် တိုတောင်းနေသည်။ လမ်းတစ်လျှောက် သူကြုံတွေ့ခဲ့ရသော “မြင်ကွင်းများ”က အယ်ဒီလိုင်း အာရုံခံမိသော “အစစ်အမှန်”ထက် ပိုမို အန္တရာယ်များပြီး ရှုပ်ထွေးနေပုံရသည်။

“ပုံရိပ်ယောင်စွမ်းအား [ ကြေးမုံပုံရိပ် ] ....။ ဒါကြောင့် တိုက်ခိုက်မှုတွေအားလုံးကို ခုခံနိုင်တာကိုး။ လက်စသတ်တော့ ဒီလိုကိုး။ ဒီကောင့်ရဲ့ ပုံရိပ်‌ယောင်က ဒြပ်ထုဖြစ်ဖို့ နီးကပ်နေပြီပဲ .... ”

ချန်‌လွေ့၏ အနီရောင်မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုကို ပြသလိုက်သည်။ အယ်ဒီလိုင်းက ၎င်းကို မမြင်နိုင်သော်လည်း တစ်ခုခု မူမမှန်သည်ကို အာရုံခံမိကာ မေးမြန်းသည်။ “ဆာ-အက်ဂ်ယော....”

“အတော်လေး တန်ဖိုးရှိတာ တစ်ခုခုကို ငါ တွေးမိသွားရုံပါ။ တံလျှပ်ရဲ့လှည့်ကွက်ကို ငါ အရင်ဆုံး ဖျက်ပစ်မယ်။” ချန်လွေ့က ဘယ်လက်ကို မြှောက်လိုက်ရာ အလွန်အမင်း သန့်စင်သော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက သူ၏လက်၅ချောင်းတွေ ပေါ်ထွက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ အယ်ဒီလိုင်းက ထိုရှုပ်ထွေးပြီး ဆန်းသစ်သော အလင်းပြန်၊ အလင်းယိုင် စွမ်းအားများကို “ကြမ်းတမ်းသော” အားတစ်မျိုးက အလျင်အမြန် ဖောက်ထွင်းသွားကြောင်း ခံစားလိုက်မိသည်။ ထို့ကြောင့် ၎င်းတို့အားလုံးက အစအနမကျန် ဖျက်ဆီးခံလိုက်ရသည်။

ထိုကဲ့သို့စွမ်းအားက ပင်လယ်နက် နတ်ဘုရားကို သူတို့ရင်ဆိုင်စဉ်ကထက် ပိုမို အစွမ်းထက်နေပုံရသည်။ ကောင်မလေး အံ့အားသင့်သွားပြီးနောက် သတ္တိမွေးကာ‌ မေးမြန်းလိုက်သည်။ “ဆာ-အက်ဂ်ယော။ တစ်ခု မေးလို့ရမလား....”

“မင်းရဲ့မေးခွန်းကို ငါ ခန့်မှန်းမိပါတယ်။” ချန်လွေ့၏ အနီရောင်မျက်လုံးက ကောင်မလေး၏ စိတ်ကို ဖောက်မြင်နိုင်နေပုံရသည်။ သူ၏အပြုံးတွင် ကလူကျီစယ်သော အမူအရာတစ်ခု ရှိနေသည်။ “ငါက ဘယ်လိုပဲဖြစ်ဖြစ်၊ အမြဲတမ်း ငါပဲ ဖြစ်နေမှာပါ။ မင်းကို မျှော်လင့်ချက် ယူဆောင်လာပေးတဲ့ ဒီလူကို အမြဲတမ်း ..... လုံးဝ ယုံကြည်မှာလား။ ငါ့ရဲ့ မစ်-အယ်ဒီလိုင်းလေး။”

နောက်ဆုံး အခေါ်အဝေါ်က နာဂါကောင်မလေး၏မျက်နှာကို နီရဲသွားစေသည်။ သူက မပွင့်တပွင့်နှင့် ပြန်ပြောသည်။ “အင်း....”

ချန်လွေ့၏ အနီရောင်မျက်လုံးများက ဆိုးယုတ်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး သူ၏လက်ချောင်းထိပ်တွင် အနီရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။ “ဒါဆိုရင် ဒီအမှတ်အသားကို လက်ခံလိုက်။ မင်း အရင်က မရှိခဲ့တဲ့ စွမ်းအားမျိုးကို ရလာလိမ့်မယ်။ ပြီးရင် ငါတို့ အမြန်လုပ်ရမယ်။ မင်းအစ်မကို ကယ်ဖို့က သိပ်မကြာဘူးလို့ ငါယုံတယ်။”

ကောင်မလေး၏ တုံ့ဆိုင်းမှုက ခဏသာခံပြီး စိတ်ကိုပိုင်းဖြတ်ကာ ထိုအမှတ်အသားထံ လက်လှမ်းလိုက်၏။

လျို့ဝှက်မြူဖုံးကျွန်းရှိ မြင်းခွာပုံစံ ချိုင့်ခွက်ရေရှင်ထဲတွင် သိပ်သည်းသော မြူများက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည်။ ၎င်းက ကျွန်းတစ်ခုလုံးတွင် ပြည့်နေသော မြူများနှင့် မကွာခြားပေ။ သို့သော်လည်း ရုတ်တရက် မြူထဲ၌ ဖန်ကွဲသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ ခဏကြာပြီးနောက် မြူအသွင်က ပုံစံတစ်ခုသို့ ပြောင်းလဲသွား၏။ အလွန်ကြီးမားသော အခွံနှစ်ခု ပေါ်ထွက်လာပြီးနောက် အတွင်းထဲတွင် အရောင်ဖျော့ဖျော့ အပြာရောင်နှစ်ခု တောက်ပနေလေသည်။

“[ နတ်ဆိုးကြေးမုံပိုင်နက် ] ရဲ့ ကိုယ်ပွားသုံးယောက် ချက်ချင်း ဖျက်ဆီးခံလိုက်ရတယ်။ ဒါက ဘယ်လို တည်ရှိမှုမျိုးလဲ။ သူက အသေအချာကို အားနည်းတယ်။ ဒါပေမဲ့ သူ့မှာ သန့်စင်ပြီးတော့ ကြောက်စရာကောင်းတဲ့စွမ်းအား ရှိနေတယ်။ အဲဒီက ဖျက်ဆီးခြင် ဇစ်မြစ် လိုမျိုးပဲ....” မြူ၏ မကျေနပ်သောအသံ ထွက်ပေါ်လာသည်။ “ဒါတွေအားလုံးက ဒီနေရာစုတ်ရဲ့ အကျဉ်းချမှုကြောင့်ပဲ။ ငါ့ရဲ့ အစွမ်းထက်ဆုံးဖြစ်တဲ့ ပုံရိပ်ယောင်တိုင်းပြည်ကို ငါ လုံးဝ သုံးလို့မရဘူး။ ဝိညာဉ်ခန္ဓာရဲ့ ကိုယ်နဲ့ဝိညာဉ်ကို ငါရနိုင်မယ်ဆိုရင် ... မဟုတ်ဘူး... ဝိညာဉ်ခန္ဓာရှိတဲ့ အဲဒီကောင်မလေး ရှိနေမယ်ဆိုရင် ငါဘယ်မှာရှိနေလဲဆိုတာ သူတို့ မကြာခင် တွေ့သွားမှာပဲ။ ငါ အခုချက်ချင်း နေရာပြောင်းရမယ်။”

“နောက်ကျသွားပြီ....”

ရှေ့မြူထဲမှ ပုံရိပ်တစ်ခုက သတိမပေးဘဲ ထွက်လာသည်။ တံလျှပ် အံ့အားသင့်သွား၏။ ၎င်းက အလျင်အမြန်ပင် မြူအများအပြားကို ထုတ်လွှတ်လိုက်ပြီး မြူထဲသို့ ပေါင်းစပ်လိုက်သည်။

၎င်း ထွက်မပြေးနိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာ အားစက်ကွင်းတစ်ခုဖြင့် ဝိုင်းရံ ခံလိုက်ရသည်။ တံလျှပ်၏ခန္ဓာကိုယ်က သာမန်ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လျစ်လျူရှု နိုင်သည်။ သို့သော်လည်း ထိုအားစက်ကွင်းက “ဥပဒေသ”ကို ကိုယ်စားပြုသော ဇစ်မြစ်စွမ်းအား ပါဝင်နေသည်။ မြူက တစ်ချက်ထိရုံဖြင့် ဓာတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူးလှိမ့်နေကာ ထိသွားသောအရာက တဇက်ဇက် ဖြစ်နေခဲ့သည်။

“ဒီကောင့်ရဲ့ [ သရုပ်ခွဲမျက်လုံး ] က အတော်လေး အသုံးဝင်တယ်လို့ ပြောရမယ် .... ငါ့ရဲ့ဟာလို့ပဲ ပြောရမလား။” ချန်လွေ့နှင့် နာဂါကောင်မလေးတို့ပုံရိပ်က ကောင်းကင်ထက်၌ ပေါ်ထွက်လာသည်။ အနီးအနားရှိ မြူများက တစ်စစီ ဖြစ်သွားဟန်တူသည်။ ၎င်းက အလျင်အမြန်ပင် ပျောက်ကွယ်သွားပြီး အလယ်မှ အထူထဲဆုံး တံလျှပ်မြူက ချန်ရစ်ခဲ့သည်။

“ခုံးကောင်အခွံကြီးလား။ ဒါက တံလျှပ်ရဲ့ တကယ်အသွင်ကိုး။ ဒါနဲ့ ဒီပုံက အဲဒီကောင်ရဲ့ မူရင်းလောကထဲ၌ ဒဏ္ဍာရီတစ်ခုရဲ့ ပုံစံနဲ့ နည်းနည်းဆင်တယ်။” ချန်လွေ့က တံလျှပ်ကို လုံးဝ စိတ်ထဲမထားသကဲ့သို့ပင် အေးအေးဆေးဆေး ပြောလိုက်သည်။

“စိတ်ကြီးဝင်မနေနဲ့။” ပြိုင်ဖက်၏ အထင်သေးမှုက တံလျှပ်ကို ဒေါသတကြီး ဟိန်းဟောက်သွားစေသည်။ မြူထဲ၌ ပုံရိပ်တစ်ခု လက်ခနဲ ပေါ်ထွက်လာပြီးနောက် မြွေပုံရိပ်က လျှပ်စီးသဖွယ် ပစ်လွှတ်လိုက်ပြီး ချန်လွေ့ထံ တည့်တည့် ပြေးဝင်လာသည်။

“အစ်မ....” အယ်ဒီလိုင်းက ပျောက်ဆုံးနေသော စထရီနာ၏ ရင်းနှီးသောပုံရိပ်ကို အာရုံခံမိသွားခဲ့သည်။

ထိုအချိန်တွင် စထရီနာ၏ အစိမ်းရောင်မျက်လုံးများက အပြာရောင် ပြောင်းနေသည်။ သူ၏စိတ်ကို တံလျှပ် ထိန်းချုပ်ထားသည်မှာ အသေအချာပင် ဖြစ်သည်။ နာဂါစစ်သည် အမျိုးသမီး၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းများနှင့် တောက်ပနေ၏။ သူ၏လက်ထဲမှ ဓားမောက်ရှည် ၆လက်ကလည်း တလက်လက် မီးတောက်များ ရောယှက်နေကော ချန်လွေ့ထံသို့ အလင်းပိုက်ကွန်တစ်ခု ပစ်လွှတ်လိုက်သည်။ ၎င်းမှာ အစွမ်းကုန် တိုက်ခိုက်ခြင်း ဖြစ်သည်။

ချန်လွေ့က လက်ကို ဆန့်တန်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ဝိုက်မှ နေရာလွတ်သည် စတင်၍ မူမမှန်ဘဲ တွန့်လိမ်လာသည်။ ၎င်းတွင် လျို့ဝှက်ဆန်းကြယ်သော စည်းချက်တစ်ခု ပါဝင်နေ၏။ နေရာလွတ်ထဲ၌ နောက်ထပ် “အက်ကြောင်းများ” တစ်ခုပြီးတစ်ခု စတင်ထွက်ပေါ်လာသည်။ အလင်းရောင်ပိုက်ကွန်က အက်ကြောင်းများကို ချဉ်းကပ်သွားသည်နှင့် ပင်လယ်ထဲသို့ ရောက်သွားသော ရွှံ့နွားကဲ့သို့ပင် ပျောက်ကွယ်သွားသည်။ ထို့နောက် ပို၍ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။ ခဏကြာပြီးနောက် အက်ကွဲကြောင်းထဲ၌ အလင်းရောင် ပိုက်ကွန် ပြန်ပေါ်လာပြီး စထရီနာထံ ပျံသန်းသွား၏။

စထရီနာက စိတ်ထိန်းချုပ်ခံထားရသော်လည်း တိုက်ခိုက်ရေး အလိုလိုသိစိတ်က ရှိနေဆဲ ဖြစ်သည်။ သူက ဓားမောက်ရှည်၆လက်ကို အလွန်လျင်မြန်စွာ ရောင်လျှံတစ်ခုအသွင် ဝှေ့ရမ်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သည်။ အလင်းရောင်ပိုက်ကွန်က ရောင်လျှံကို ထိသွားသည်နှင့် တစ်ချိန်တည်းမှာပင် ချွမ်းခနဲအသံများ ပေါ်ထွက်လာသည်။ အလင်းရောင် ကွယ်ပျောက် သွားသောအခါ နာဂါစစ်သည် အမျိုးသမီး၏ပုံရိပ်က ကြိုးပြတ်သွားသောစွန်သဖွယ် လွင့်ထွက်သွားပြီးနောက် ပင်လယ်ထဲသို့ ထိုးဆင်းသွားခဲ့သည်။

“အစ်မ...” အယ်ဒီလိုင်းက အော်ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ သူက သတိလစ်သွားရုံပါ။” ချန်လွေ့က ပြောသည်။ သူက အစ်မဖြစ်သူထံ ပြေးသွားသော ကောင်မလေးကို လျစ်လျူရှုပြီး တံလျှပ်ထံသို ကောင်းကင်မှ တစ်လှမ်းချင်း လျှောက်လာသည်။ “အဓိပ္ပာယ်မရှိတဲ့ ခုခံမှုတွေလုပ်ဖို့ မကြိုးစားနဲ့။ ငါ့ကို အညံ့ခံ။ ဒါဆိုရင် ငါမင်းကို အသက်ရှင်ဖို့ ဒါမှမဟုတ် ဒီကနေ ထွက်သွားခွင့်ရဖို့တောင် အခွင့်အရေး ပေးနိုင်တယ်။”

“အားနည်းတဲ့ ပုရွက်ဆိတ်ကောင်။ မင်းက ငါ့လိုမျိုး နတ်ဆိုးဒိဗ်အဆင့် ပုဂ္ဂိုလ်ကို အညံ့ခံခိုင်းတာလား။ အိပ်မက်မက်မနေနဲ့။”

“မင်းက ဒီမှာ အကျဉ်းချခံထားရတာ နှစ်ပေါင်းများစွာကြာပြီ။ ဝိညာဉ်စွမ်းအား တစ်ခုတောင် မရနိုင်ဘူး။ မင်းရဲ့စွမ်းအားက အတော်လေး အားနည်းနေပြီ။ ဒါပေမဲ့ မင်း အစွမ်းကုန် သုံးရင်တောင် ဒီလိုမျိုး ပုံရိပ်ယောင်လှည့်ကွက်မျိုးက ငါ့အတွက် ဟာသပဲ။” ချန်လွေ့က ခေါင်းခါသည်။ “ငါ့စွမ်းအားက ဘာကိုကိုယ်စားပြုလဲဆိုတာ မင်း အာရုံခံမိမှာပါ။”

တံလျှပ်က သရော်ပြုံးပြုံးလိုက်သည်။ “ဒါက ဇစ်မြစ်စွမ်းအားနဲ့ နည်းနည်း ဆင်တူရုံပါပဲ။ မင်းက နတ်ဘုရားတစ်ပါး ဝင်စားတာလို့ ငါ့ကို လာမပြောနဲ့။ မင်းငါ့ကို ချုပ်တည်းနိုင်ပေမဲ့ မင်းစွမ်းအားက ငါ့ထက် အများကြီး နိမ့်ကျတယ်။ ငါ ကြံရာမရတဲ့အဆုံး လုပ်ရရင် အလွန်ဆုံး ငါတို့တူတူ သေလို့ရတယ်။”

“မင်းက ငါ့ရဲ့တကယ့်စွမ်းအားကို လုံးဝ မသိဘူးပဲ။” ချန်လွေ့က သတိဖြင့် ပြုံးသည်။ သူ၏ခန္ဓာကိုယ်တွင် အနက်ရောင်ချပ်ကာတစ်ခု ပေါ်ထွက်လာသည်။ ထိုချပ်ကာပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး အနက်ရောင်ကျောက်မျက်တစ်ခုသဖွယ် ဝင်းလဲ့နေ၏။ သူ့တစ်ကိုယ်လုံး၏အဟုန်က ရုတ်တရက် ဒါဇင်ဆခန့် တိုးတက်သွားသည်။ ထိုစွမ်းအားက တံလျှပ်အတွက် ဖြေရှင်းနိုင်သော်လည်း ထိုသွေးနီရောင်မျက်လုံးထဲ၌ မကုန်ခမ်းနိုင်သော ဖျက်ဆီးခြင်းစွမ်းအားကြောင်း တည့်တည့်မကြည့်ရဲနိုင်အောင် ဖြစ်နေစေသည်။

ချန်လွေ့...အတိအကျပြောရလျှင်...အသူရာက ပုံမှန်ပင် ပြုံးလိုက်သည်။ “ဒီလို အခြေအနေမျိုးမှာ မင်းရဲ့ အတူတူသေမယ့် အစီအစဉ်က အလုပ်မဖြစ်ဘူး။ မင်းက အကျဉ်းချ ခံထားတာကနေ လွတ်မြောက်ဖို့အတွက် ဝိညာဉ်ခန္ဓာနဲ့ ပေါင်းစပ်ချင်တယ်ဆိုတာ ငါသိတယ်။ ဒါက စာချုပ်သတ်မှတ်ချက်တစ်ခု ဖြစ်လာနိုင်တယ်။”

တံလျှပ်၏ ဧရာမအခွံနှစ်ခုထဲရှိ အပြာရောင်အလင်းများ မှုန်ဝါးဝါး ဖြစ်သွားခဲ့သည်။ “မင်း ငါ့ကို ဝိညာဉ်ခန္ဓာ တကယ်ပေးမှာလား။ ဒါပေမဲ့ အဲဒီကောင်မလေးက လုံးဝ လိုလားရမယ်။ သူ့မှာ ခုခံမှု နည်းနည်းလေး ရှိရင်တောင် ငါ အပြည့်အဝ ပေါင်းစပ်နိုင်မှာ မဟုတ်ဘူး။”

“ယုံကြည်သူ တစ်ယောက်အနေနဲ့ အမြင့်ဆုံးယုံကြည်မှုက အတွေးအားလုံးကို ဖုံးလွှမ်းနိုင်တယ်။” အသူရာ၏အကြည့်က အောက်ဘက် ပင်လယ်မှ ကောင်မလေးထံသို့ ရောက်ရှိသွားသည်။ အယ်ဒီလိုင်းက သတိလစ်နေသော စထရီနာကို သယ်ဆောင်ရင်း ကမ်းခြေသို့ ရေကူးသွားနေခဲ့သည်။

“မင်း ပြောချင်တာက သူ .....” တံလျှပ်၏အသံက အသေအချာပင် စိတ်ဝင်စားနေခဲ့သည်။ သို့သော်လည်း သူက သတိထားလျက် ပြောလိုက်သည်။ “မင်းရဲ့ သတ်မှတ်ချက်တွေကို ငါ စဉ်းစားပေးနိုင်တယ်။ ဒါပေမဲ့ ဝိညာဉ်ခန္ဓာနဲ့ ငါ အရင်ဆုံး ပေါင်းစပ်ရမယ်။”

“ဒီလို လုပ်ကြတာပေါ့။ ငါ အလျော့ပေးပြီးတော့ မင်းနဲ့ အရင်ဆုံး ညီတူမျှတူစာချုပ် ချုပ်မယ်။ မင်းရဲ့ ပုံရိပ်ယောင်ပါရမီထဲက [ သရုပ်သကန်ဖန်တီခြင်း ] ကို သုံးပြီးတော့ တစ်ခုခုကို တည်ဆောက်....အဲ...တစ်ခုခုကို ပြီးစီးအောင် လုပ်ပေး။ ပြီးရင် ဒီကောင်မလေးက မင်းအပိုင်ပဲ။”

“ပုံရိပ်ယောင်ပါရမီ တစ်ခုတည်းလား။” တိကျသောအဖြေ ရရှိပြီးနောက် တံလျှပ်က အောက်ဘက်မှ နာဂါကောင်မလေးကို ကြည့်လိုက်သည်။ ၎င်း၏ အပြာရောင်အလင်းနှစ်ခုက လောဘတက်နေသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားခဲ့သည်။

အယ်ဒီလိုင်းက ကမ်းခြေမှ စထရီနာကို ကယ်တင်ခဲ့သည်။ စထရီနာက မိမိ၏ သတ်ဖြတ်တိုက်ကွက်များဖြင့် ပြန်လည်တိုက်ခိုက်ခံခဲ့ရသည်။ သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ ဓားဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ သူ၏ဝိညာဉ်ကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ သူက သတိလစ်နေဆဲဖြစ်သော်လည်း ကံကောင်းစွာပင် အသက်အန္တရာယ် မစိုးရိမ်ရပေ။ အယ်ဒီလိုင်းက စထရီနာအား စိတ်ဒဏ်ရာ ကုသရန် ကူညီပေးနေစဉ် ပတ်ဝန်းကျင် မြင်ကွင်း တဟုန်ထိုး ပြောင်းလဲသွားကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ “အက်ဂ်ယော”၏ စိတ်ဝိညာဉ်လောကတွင် ယခင်ကမြင်ခဲ့သော ‌နေရာလွတ်က အမှန်တကယ် ပေါ်ထွက်လာ၏။

မှိန်ပျသော မြူထဲ၌ တောက်ပနေသော ကြယ်ကောင်းကင်က အလွန်အမင်း ခမ်းနားကြီးကျယ်နေပေသည်။

ကြယ်ကောင်းကင်ထဲ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ကြယ်ချပ်ကာ ဝတ်ဆင်ထားသော နောက်ထပ် ချန်လွေ့တစ်ယောက် ဖြစ်သည်။ သူက မိမိကဲ့သို့ အခြား “သူ”ကို မြင်လိုက်သောအခါ ချက်ချင်းပင် အော်ပြောလိုက်သည်။ “အသူရာ....”

“သိပ်ကောင်းတယ်။ တံလျှပ်။ မင်းရဲ့ပါရမီက ငါ့ကို တကယ် အံ့အားသင့်စေခဲ့တာပဲ။” အသူရာ၏ အနီရောင်မျက်လုံးများက တောက်ပသွားခဲ့သည်။ “အခု အဲဒီကောင်မလေးက မင်းအပိုင်ပဲ။ ငါတို့စာချုပ်ကို မမေ့နဲ့။ ဒီကိစ္စကို မပြီးခင် ဒီ [ ပုံရိပ်ယောင်တိုင်းပြည် ] ကို မင်း ထိန်းထားရမယ်။”

တံလျှပ်၏ အပြာရောင်အလင်းနှစ်ခုက မှုန်ဝါးဝါး ဖြစ်သွားပြီးနောက် ထူထဲသော မြူတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ‌ အောက်ဘက်မှ အယ်ဒီလိုင်းထံ လှိမ့်ဆင်းသွားတော့သည်။

ချန်လွေ့ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် တံလျှပ်အရှေ့၌ ပေါ်ထွက်လာသည်။ သူ၏လက်က ဓားသွားအဖြစ် ပြောင်းလဲသွားကာ တံလျှပ်၏ခေါင်းကို ခုတ်ပိုင်းသည်။ သို့သော် အသူရာ၏ပုံရိပ်က တံလျှပ်အရှေ့တွင် ပေါ်ထွက်လာ၏။။ ဓားက အပြာရောင် အကာအကွယ် ဒိုင်းကာကို ခုတ်မိသွားသည်။ အကာအကွယ်ဒိုင်းကာပေါ်၌ အက်ကြောင်းတစ်ခု ပေါ်ထွက် လာသော်လည်း မကွဲထွက်သွားခဲ့ပေ။ ချန်လွေ့က ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်စဉ် နောက်မှ သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူ တယ်လီပို့ ခုန်လိုက်ပြန်သည်။ သူ၏ မူလနေရာကို [ အရုဏ်ဦးပစ်ချက် ] နှစ်ခုက ပစ်လွှတ်လိုက်ပြီး အသူရာက သူ၏ညာဘက်တွင် ရှိနေသည်။

ချန်လွေ့ မြဲမြဲမြံမြံ ရပ်ပြီးသည်နှင့် သူ့အရှေ့မှ လှိုင်းကဲ့သို့ အဟုန်တစ်ခုက မျက်နှာတည့်တည့် ပြေးဝင်လာသည်။ ရှောင်မရသော အခြေအနေဖြစ်ရာ ချန်လွေ့က ခုခံရုံသာ တတ်နိုင်တော့သည်။ သူ၏ ချီစွမ်းအင်က အဆက်မပြတ်အဟုန်ကြောင့် တုန်လှုပ်သွားခဲ့သည်။ ထိုစုစည်းထားသောအဟုန်၏ ဝိသေသလက္ခဏာကို မရင်းနှီးခဲ့လျှင် ချန်လွေ့သည် ထိုတိုက်ကွက်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။

ရုတ်တရက်ပင် သူ့ကို အသူရာသုံးယောက်က တြိဂံပုံစံဖြင့် ဝိုင်းရံလိုက်ကြသည်။

“ဟဲရာဘီးကို ဝါးမျိုပြီးတော့ ငါနဲ့ပတ်သက်ပြီး မင်း အမြဲတမ်း မသက်မသာ ခံစားနေရတယ် မဟုတ်လား။” အသူရာသုံးယောက်က တစ်ချိန်တည်းမှာပင် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “မင်းစိုးရိမ်နေခဲ့တာက အမှန်ကတယ် ဖြစ်လာပြီဆိုတာ ငါ တာဝန်ယူပြီး ပြောနိုင်တယ်။ မင်းလိုမျိုးသုံးယောက်ကို စိန်ခေါ်တဲ့ စမ်းသပ်ချက်ကို စမ်းကြည့်ကြည့်။ ဒီလို စူပါစနစ်ရဲ့ ပိုင်နက်နဲ့ မသက်ဆိုင်တဲ့ [ ပုံရိပ်ယောင်တိုင်းပြည် ] ထဲမှာ မင်းက “အိမ်ကွင်းအသာစီး” မရတော့ဘူး။ မင်း တစ်ယောက်ကိုတောင် မနိုင်လောက်.....”

အောက်ဘက်၌ တံလျှပ်မြူက အယ်ဒီလိုင်းအရှေ့သို့ ပျံသန်းလာသည်။ နာဂါ ကောင်မလေး၏ မှိန်ပျသော အကြည့်က ပုံမှန်ထက်ပို၍ နှေးကွေးနေခဲ့သည်။ ကြီးမားသော အန္တရာယ်တစ်ခု ရောက်လာတော့မည်ကို သူ မသိခဲ့ပေ။ အယ်ဒီလိုင်းတွင် ခုခံမှုမရှိကြောင်း တံလျှပ် အတည်ပြုပြီးနောက် ထူထဲသောမြူ ပျံ့နှံ့သွားပြီး ကောင်မ‌လေးကို အုပ်မိုးလိုက်၏။

All Chapters