← Chapters

ငရဲပင်လယ်

Vol. 40 Ch. 611

ငရဲပင်လယ်

Vol. 40 Ch. 611

ကံကြမ္မာသည် အမြဲပင် ခန့်မှန်း၍ မရနိုင်ပေ။ နာဂါကောင်မလေးက ပင်လယ်စတေးခံ အမှတ်အသားကို လက်ခံခဲ့စဉ်က သေရန် အသင့်ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် ကိစ္စအများအပြား ဖြစ်သွားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အစ်မဖြစ်သူ စထရီနာ ပြန်ခေါ်လာခဲ့သော “အက်ဂ်ယော”နှင့် တွေ့ဆုံသည့် အချိန်မှစ၍ ကံကြမ္မာစက်ဝန်းက စတင်ပြောင်းလဲသွားပုံရသည်။

ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို အသုံးပြုပြီး အယ်ဒီလိုင်း ပြန်ရှင်လာပြီးနောက် ထိုကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်ဟု ချန်လွေ့လည်း မထင်မှတ်ထားခဲ့ပေ။ တံလျှပ်၏ [ ပုံရိပ်ယောင်တိုင်းပြည် ] စွမ်းအား ပမာဏအနည်းငယ်က နာဂါကောင်မလေး၏ ခန္ဓာကိုယ်ထဲ၌ ကျန်ရစ်နေခဲ့၍ ဖြစ်နိုင်ပေသည်။ အားသာချက်မှာ ကောင်မလေးက လျို့ဝှက်မြူဖုံးကျွန်းရှိ မြူများကို ထိန်းချုပ်နိုင်သော စိတ်ဝိညာဉ်စွမ်းအား အများအပြား ရုတ်တရက် ရှိလာပြီး တံလျှပ်ကဲ့သို့ အစွမ်းထက်သော ပုံရိပ်ယောင်များပင် ဖန်တီးနိုင်လာခြင်း ဖြစ်သည်။ သို့သော်လည်း သူက ၎င်းကို အသုံးပြုရာ၌ မကျွမ်းကျင်သေးပေ။ အားနည်းချက်မှာ အယ်ဒီလိုင်းက အထူးစွမ်းအားတစ်မျိုးမျိုး၏ သက်ရောက်ခြင်းခံနေရပြီး အကျဉ်းချခြင်းကို ဖယ်ရှားနိုင်သည့် ဝိညာဉ်ခန္ဓာ ရှိနေသည့်တိုင် ထိုကျွန်းမှ ထွက်သွား၍ မရနိုင်ခြင်းပင်။ ၎င်းမှာ ပေါင်းစပ်မှု ကျရှုံးခြင်း နောက်ဆက်တွဲ ဖြစ်နိုင်ပေသည်။ သူက တစ်ချိန်တည်းမှာပင် “အကျိုးကျေးဇူး” နှင့် “အကြွေး”တို့ကို လက်ခံရရှိခဲ့သည်။

အယ်ဒီလိုင်းက စိတ်ဓာတ်မကျပေ။ သေခြင်းရှင်ခြင်း စမ်းသပ်ချက်ကို ကြုံတွေ့ပြီးနောက် နာဂါကောင်မလေးက ရုတ်တရက် အတော်လေး အရွယ်ရောက်သွားပုံရသည်။ “အက်ဂ်ယော” အား အန္တရာယ်မှ လွတ်မြောက်အောင် ကူညီခြင်းနှင့် အစ်မနှင့်အဖော်များ၏ အသက်ကို ကယ်တင်ခြင်းထက် မည်သည်ကမှ ပို၍အရေးမကြီးပေ။

“စိတ်မပူပါနဲ့။ နည်းလမ်းတစ်ခု ရှိမှာပါ။”

ရေဘဝဲဘုရင်နှင့် တွေ့ခဲ့ပြီးနောက် တံလျှပ်နှင့် ဆာ-ရက်ပစ်ပက်တို့ကို ရတနာသိုက် စောင့်ကြပ်ရန်အတွက် အမှောင်နဂါးဧကရာဇ်က အကျဉ်းချထားကြောင်း ချန်လွေ့ ခန့်မှန်းမိလိုက်သည်။ အမှောင်နဂါးဧကရာဇ်၏ ရတနာသိုက်ထဲ၌ အကျဉ်းချခြင်းကို ပယ်ဖျက်နိုင်သော နည်းလမ်းတစ်ခု ရှိရပေမည်။

ချန်လွေ့၏ ဆုံးဖြတ်ထားသော မျက်လုံးများကို မြင်ပြီးနောက် အယ်ဒီလိုင်းက ခေါင်းငုံ့ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်ထဲ၌ အတော်လေး အေးချမ်းသွားခဲ့သည်။

“အခု မင်းက လျို့ဝှက်မြူဖုံးကျွန်းရဲ့ အုပ်စိုးသူအသစ် ဖြစ်နေပြီဆိုတော့ နာဂါတွေနဲ့ ဒြပ်စင်ကောင်တွေရဲ့ ပုံရိပ်ယောင်တွေကို ဖယ်ရှားပြီးလောက်ပြီပေါ့။” အယ်ဒီလိုင်း၏ စိတ်ထဲ၌ အနေရခက်နေကြောင်း ချန်လွေ့ သိသည့်အတွက် အခြေအနေ ပြေလျော့စေရန် ပြောလိုက်ခြင်း ဖြစ်သည်။ အမှန်တကယ်၌ နာဂါကောင်မလေးက ချန်လွေ့၏စိတ်ထဲ၌ ဂရုစိုက်ရန် လိုအပ်သော ညီမလေး တစ်ယောက်သာ ဖြစ်သည်။ သူ့တွင် အခြားအတွေးများ မရှိပေ။

ထိုသို့ ပြောလိုက်သောအခါ အယ်ဒီလိုင်း၏ အမူအရာက ပုံမှန်ဖြစ်သွားပြီးနောက် ပြန်ဖြေသည်။ “သူတို့က ပုံရိပ်ယောင်ကနေ ထွက်လာနိုင်ပါပြီ။ သုံးလေးရက်လောက် အနားယူပြီးရင် သူတို့ အဆင်ပြေသွားမှာပါ။ လျို့ဝှက်မြူဖုံးကျွန်းအရှေ့မှာ ငရဲပင်လယ် ရှိတယ်။ အဲဒါကို ပင်လယ်သေလို့လည်း ခေါ်ကြတယ်။ ကံဆိုးချင်တော့ ကျွန်မ ဆက်ခံထားတဲ့ မှတ်ဉာဏ်ထဲမှာ ပင်လယ်သေနဲ့ပတ်သက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။”

ပင်လယ်သေဆိုသည့်နာမည်က ချန်လွေ့အား အခြားလောကမှ မည်သူမှ ရေနစ်မည် မဟုတ်သော “ဆားရေကန်”အကြောင်း တွေးမိသွားစေသည်။ သို့သော်လည်း ယခု “ပင်လယ်သေ”မှာ သေချာပေါက် ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် အသက်မဲ့သော နေရာတစ်ခု ဖြစ်ပေသည်။

အယ်ဒီလိုင်းက အဝေးရှိ မြူများ တိုက်ခတ်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “လျို့ဝှက်မြူဖုံးကျွန်းကို အရှေ့ဘက်ကောင်းကင်ကနေ ထူးဆန်းတာတစ်ခုခု ချဉ်းကပ်လာတာ ခံစားမိတယ်။”

ကောင်းကင်မှာလား။ ချန်လွေ့ မျက်ခုံးပင့်လိုက်သည်။ ဒါက ငါ့ကို စောင့်မနေဘူးလို့ ခြိမ်းခြောက်ခဲ့တဲ့ အမှောင်ဒြပ်စင်ဘုရင် ဖြစ်လောက်တယ်။ ဒါနဲ့ သူက အချိန်ကိုက် ရောက်လာတာပဲ။ အားလုံးပြီးသွားတော့ သူ ပေါ်လာတယ်။

ချန်လွေ့၏အထင် မမှားပေ။ ၎င်းမှာ အသေအချာပင် အမှောင်ဒြပ်စင်ဘုရင် ဟီဂယ် ဖြစ်နေသည်။ သို့သော်လည်း သူက အလွန်ပင် မျက်တွင်းချောင်နေ၏။ သူ၏ လေသင်္ဘောက ဆိုးဆိုးဝါးဝါး ပျက်စီးနေသည်။ သူ၏ အမှောင်ဒြပ်စင်ကောင် အများအပြားကိုလည်း ဆုံးရှုံးခဲ့ရသည်။ ချန်လွေ့က မိမိအား လျို့ဝှက်မြူဖုံးကျွန်းတွင် စောင့်နေပြီး မိမိ၏ ရှက်စရာ အခြေအနေကို မြင်နေရသည့်အတွက် ဟီဂယ်၏စိတ်ထဲ၌ အတော်လေး မသက်မသာ ခံစားခဲ့ရသည်။

ဟီဂယ်က လေထဲ၌ အင်အားကြီး မိုးပျံပင်လယ်သားရဲ အများအပြား၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ခက်ခက်ခဲခဲ တိုက်ခိုက်နေခဲ့ရလေ၏။ သူက လျို့ဝှက်မြူဖုံးကျွန်းသို့ မရောက်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ လျို့ဝှက်မြူဖုံးကျွန်း၏ တိုက်ပွဲရလာဒ်က ဟီဂယ်ကို မယုံနိုင်လုနီးပါး ဖြစ်သွားစေသည်။ သူက နောက်ဆုံးတစ်ခေါက် ယခုနေရာတွင် ရပ်တန့်သွားခဲ့ပြီး တံလျှပ်၏ [ ပုံရိပ်ယောင်တိုင်းပြည် ] ကြောင့် ရှုံးနိမ့်သွားခဲ့သည်။ ယခုတွင် “အက်ဂ်ယော”က ထိုလျို့ဝှက်အစွမ်းထက်ပုဂ္ဂိုလ်ကို အနိုင်ယူခဲ့သည်မှာ မယုံနိုင်စရာပင် ဖြစ်လေသည်။ သူ မည်ကဲ့သို့ နည်းလမ်းမျိုးကို သုံးခဲ့စေကာမူ၊ အနိုင်ရသည်က အနိုင်ပင် ဖြစ်၏။ အကယ်၍ အက်ဂ်ယောက လျို့ဝှက်မြူဖုံးကျွန်း၌ အသက်ရှင်နိုင်လျှင် ကံကောင်း၍ဖြစ်စေ၊ စွမ်းအားကြောင့် ဖြစ်စေ၊ မိမိ၏ ယခင်ခရီးစဉ်ကို ကျော်လွန်သွားပြီဟု ဟီဂယ် ဝန်ခံရပေမည်။

ချန်လွေ့နောက်လိုက်သွားသော အမှောင်ဒြပ်စင်ကောင်များထံမှ ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းပြီးနောက် ဟီဂယ်က ခဏတာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “အန္တရာယ် အများဆုံး အခိုက်အတန့်မှာ အမှောင်ဒြပ်စင်ကောင်တွေကို လက်မလျှော့ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ငါတို့ရဲ့ ရန်ငြိုးကို မပြေလည်စေနိုင်ပေမဲ့ ပင်လယ်သေနယ်မြေ တစ်ခုလုံး ငါမင်းကို လက်စားမချေဘူးလို့ အမှောင်ဒြပ်စင်ကောင်နာမည်နဲ့ ကတိပေးနိုင်တယ်။”

လက်စသတ်တော့ ခင်ဗျားကို အပိုင်းအစ ရှာနေတုန်း စာရင်းရှင်းဖို့ စဉ်းစားနေတုန်းပဲကိုး။ ချန်လွေ့က ဟီဂယ်အား စိတ်ထဲ၌ သရော်လိုက်ပြီး ပုခုံးတွန့်လိုက်သည်။ “တကယ်လို့ အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစက လျို့ဝှက်မြူဖုံးကျွန်းမှာ မရှိဘူးဆိုရင် ကျုပ်တို့ ဆက်သွားရမယ်။ နောက်ဆက်သွားရမှာက ငရဲပင်လယ် ဆိုတာကိုပဲ ကျုပ်တို့ အခု သိထားတယ်။ အင်အားကြီး ရန်သူတစ်ယောက် ရှိနေသေးတဲ့ပုံပဲ။ ပြီးတော့ ကျန်တာတွေကိုလည်း မသိရသေးဘူး။ အရှင်မင်းကြီး ဟီဂယ်က လေသင်္ဘောနဲ့ ဆက်သွားဖို့ စီစဉ်ထားလား။”

“အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစ တည်နေရာက ပင်လယ်ရဲ့ အတွင်းပိုင်းထဲမှာ ဖြစ်လောက်တယ်။ ဒါပေမဲ့ ငါ့ရဲ့ လေသင်္ဘောကို သုံးလို့ မရတော့ဘူး။” အမှောင်ဒြပ်စင်ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့မှာ သင်္ဘောတစ်စင်း ရှိသေးတယ်။ ပြီးတော့ မင်းကယ်ထားတဲ့ အမှောင်ဒြပ်စင်ကောင်တွေ ရှိသေးတယ်။ အဲဒါကြောင့် သင်္ဘောသုံးစင်းဖြစ်အောင် ပြန်ဖွဲ့စည်းလို့ ရတယ်။ ဒီအဆင့်ကို ငါတို့ ရအောင် ဖြတ်ကျော်ရမယ်။”

ချန်လွေ့က ခဏ စဉ်းစားပြီး ပြောသည်။ “အရှင်မင်းကြီး။ အမှန်အတိုင်း ပြောရရင် ကျုပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းသန်းချီက အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာသိုက် တည်နေရာကို ပြတဲ့ ရတနာမြေပုံတစ်ခု ရှိတယ်။ ဒါက ခင်ဗျား ရှာနေတဲ့ ဇစ်မြစ်အပိုင်းအစနဲ့ ပန်းတိုင် အတူတူပဲ ဖြစ်နိုင်လောက်တယ်။ ဒါက ကျုပ်ရဲ့ မိတ်ဆွေနှစ်ယောက်နဲ့လည်း သက်ဆိုင်နေတယ်....”

ထိုအခြေအနေ၌ ချန်လွေ့က အမှောင်နဂါးဧကရာဇ်၏ ရတနာများကို ဟီဂယ်အား မဖုံးကွယ်ထားနိုင်တော့ပေ။ အမှန်အတိုင်း ပြောခြင်းက ပိုကောင်းပေသည်။ အထူးသဖြင့် ဟီဂယ်၏ စကားများကို ကြာပြီးနောက် ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်၏ စရိုက်လက္ခဏာကို ရေးရေးလေး သဘောပေါက်သွားခဲ့သည်။

ထင်ထားသည့်အတိုင်းပင် ဟီဂယ်က အထင်အမြင်သေးလျက် စကားဖြတ်ပြောသည်။ “ရတနာသိုက် ဟုတ်လား။ ဒါက ပိုက်ဆံတွေ၊ ရတနာတွေထက် မပိုပါဘူး။ ရူးမိုက်ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ တန်ဖိုးတွေပဲ။ ကိုယ်ပိုင်စွမ်းအားက လောကမှာ အကြီးမားဆုံး ကြွယ်ဝမှု ဆိုတာကို မင်း မသိဘူးလား။ မင်း နောက်လိုက်နေတဲ့ ကျော်ကြားမှုနဲ့ ကြွယ်ဝမှုက ဒြပ်စင်ဘုရင်ရဲ့ မျက်လုံးထဲမှာ အဖိုးမတန်ဘူး။ ငါက အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစပဲ လိုချင်တယ်။ တခြားဘာမှ မလိုချင်ဘူး။ တကယ်လို့ အဲဒီနှစ်ခုက အတူတူ ရှိမနေဘူးဆိုရင် အဲဒီရတနာသိုက်ကို ငါ လိုက်ရှာဖို့ မကူညီပေးနိုင်ဘူး။”

“ဟုတ်ပါတယ်။ ရတနာကတော့...အရှင်မင်းကြီး ပြောတဲ့အတိုင်းပဲ ကျုပ်တို့က တန်ဖိုးထားတာ မတူကြလို့ပါ။ ဒါပါပဲ။” ချန်လွေ့က အများကြီး မရှင်းပြဘဲ စထရီနာကို ပြောလိုက်သည်။ “မင်း ဒီမှာနေပြီးတော့ အယ်ဒီလိုင်းကို ဂရုစိုက်ပေးလိုက်။ သူ့ကို အကျဉ်းချထားတာ ပယ်ဖျက်ပေးဖို့ ငါ နည်းလမ်းတစ်ခု ရှာလိုက်မယ်။”

စထရီနာက ခဏစဉ်းစားပြီးနောက် ချန်လွေ့ကို မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။ “ဒီကိစ္စ ပြီးသွားရင်း ရှင် သူ့ကို ခေါ်သွားဖို့ စီစဉ်ထားလား။”

“သူ လိုက်ချင်ရင်ပေါ့။” ချန်လွေ့က နာဂါကောင်မလေးကို ကြည့်လိုက်သည်။ “အမှန်အတိုင်း ပြောရရင် သူ့မှာ တံလျှပ်ရဲ့စွမ်းအား ရှိရင်တောင် တိုက်ခိုက်ဖို့ မသင့်တော်ဘူး။ ပြီးတော့လည်း ငါ သူ့ကို မျှော်လင့်ချက်နဲ့ကတိ ပေးထားပြီးပြီ။ အဲဒါက သေချာပေါက် အမှန်တကယ် ဖြစ်လာမှာပါ။”

စထရီနာက ချန်လွေ့က လေးလေးနက်နက် ကြည့်လိုက်သည်။ “ကျေးဇူးပါပဲ။ ဒါဆိုရင် ကျွန်မကို ငရဲပင်လယ်ဆီ ရှင်နဲ့အတူ သွားခွင့်ပြုပါ။ အဲဒါက ရတနာ ရှာဖို့အတွက် ရှင့်ကို ကူညီတာလည်း ဟုတ်သလို နာဂါမျိုးနွယ်စုရဲ့ ကံကြမ္မာအတွက်လည်း ဟုတ်တယ်။ အယ်ဒီလိုင်းကတော့... သူ တစ်‌ယောက်တည်း ဖြစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မယ်လို့ ယုံကြည်တယ်။”

အယ်ဒီလိုင်းက အစ်မဖြစ်သူကို ခေါင်းညိတ်ပြသည်။ အမှန်တကယ်၌ သူက တံလျှပ် ချန်ရစ်ခဲ့သော မှော်စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်သေးသော်လည်း သူ၏ လက်ရှိအစွမ်းဖြင့် ကျွန်းပေါ်၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လေသည်။

“ဒါဆို ၂ရက်လောက် နားကြမယ်။ ပြီးရင်...” အစီအစဉ်များ ပြုလုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်မှုများကို ထိန်းချုပ်ထားသော ချန်လွေ့က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ နောက်ဆက်တွဲများကို မထိန်းထားနိုင်တော့ပေ။ သူက မတည်မငြိမ်နှင့် လဲကျသွား၏။ စထရီနာက အလျင်အမြန်ပင် တုံ့ပြန်ပြီး ချန်လွေ့ကို ကူညီပေးလိုက်သည်။

စထရီနာက ချန်လွေ့က ချက်ချင်းပင် သယ်လိုက်သည်။ ရုတ်တရက် သူက တစ်ခုခုကို တွေးလိုက်မိပြီး အယ်ဒီလိုင်းက ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ရာ ညီမဖြစ်သူ၏ သဘောပေါက်သော အပြုံးနှင့် ဆုံတွေ့လိုက်ရသည်။ နာဂါကောင်မလေးက ‌ဖော်ပြ၍ မရနိုင်အောင် စိတ်တည်ငြိမ်သွားခဲ့သည်။ သူက အိပ်ပျော်သွားသော ချန်လွေ့အား တဲများ ရှိရာသို့ ခေါ်ဆောင်သွားလိုက်သည်။

၂ရက်ကြာပြီးနောက် မိစ္ဆာထောင်ခြောက်သင်္ဘောက အနက်ရောင် သင်္ဘောကြီး သုံးစင်းနှင့်အတူ လျို့ဝှက်မြူဖုံးတောင်မှ ထွက်ခွာခဲ့သည်။ အယ်ဒီလိုင်း၏ ထိန်းချုပ်မှုအောက်တွင် သင်္ဘောအရှေ့မှ မြူများ လုံးဝ ပျောက်ကွယ်သွား၏။ ခရီးစဉ်က မပိတ်ဆီးနေတော့ပေ။

စထရီနာက ကမ်းခြေ၌ လက်ပြနှုတ်ဆက်နေသော ညီမဖြစ်သူကို မကြည့်ခဲ့ဘဲ ချန်လွေ့ပေးခဲ့သော လက်ထဲမှ အသစ်စက်စက် ဓားမောက်ရှည်များကို ငုံ့ကြည့်နေခဲ့သည်။ ၎င်းတို့က “မီးတောက်ဓားမောက်ရှည်များ”၏ အနှိုင်းမဲ့တိုက်ကွက်ကိုပင် ခံနိုင်ရည်ရှိသည်။ ကြေးမုံကဲ့သို့ ဓားမောက်ရှည်ပေါ်ရှိ အမျိုးသမီး နာဂါစစ်သည်၏ အနည်းငယ် နီရဲနေသော မျက်လုံးများ ရောင်ပြန်ဟပ်နေလေသည်။

ရက်အနည်းငယ် ကြာပြီးနောက် သင်္ဘောလေးစင်းက မြူများဖုံးနေသော လျို့ဝှက်မြူဖုံးကျွန်းမှ အယ်ဒီလိုင်းပြောသည့် ငရဲပင်လယ်သို့ ရောက်ရှိလာခဲ့ကြသည်။ ပင်လယ်ရေအ‌ရောင်က ပိုမိုမှောင်နေပြီး ရုတ်တရက်ကြည့်လျှင် မည်းနက်နေကာ ကြောက်လန့်ဖွယ်ရာ ခံစားချက်မျိုး ပေးစွမ်းနေ၏။

ငရဲပင်လယ်မှ ရာသီဥတုက အတော်လေး ဆိုးရွားလှ၏။ မိုးကြိုးမုန်တိုင်းများ ပြည့်နှက်နေပြီး လျို့ဝှက်မြူဖုံးကျွန်းနှင့် ကမ္ဘာခြားနေသကဲ့သို့ပင် လုံးဝ ကွဲပြားနေလေသည်။

အမှောင်ဒြပ်စင်ဘုရင်၏ သင်္ဘောကိုယ်ထည်က ထူးဆန်းသော သက်ရောက်မှု အမျိုးမျိုးရှိသည့် အမှောင်သလင်းကျောက် တစ်မျိုးဖြင့် ပြုလုပ်ထားပြီး အမှောင် ဒြပ်စင်ကောင်များ၏ တစ်သက်သာ အဖော်သလင်းကျောက်တစ်မျိုး ဖြစ်နိုင်ပေသည်။ ထိုသလင်းကျောက်၏တန်ဖိုးမှာ ရွှေသလင်းကျောက်များထက် မနိမ့်ကြောင်း ချန်လွေ့ လေ့လာတွေ့ရှိခဲ့သည်။ အမှန်တကယ်၌ ၎င်းက ထိုထက် ပိုလေသည်။ ထိုသင်္ဘောသုံးစင်းကပင် တန်ဖိုးဖြတ်၍ မရနိုင်ပေ။ ထို့ကြောင့် အမှောင်ဒြပ်စင်ဘုရင်က “အလကား” ရတနာများကို အထင်သေးခြင်းပင်။

“ဟိုမှာကြည့်။ အဲဒါ ဘာကြီးလဲ။”

ငရဲပင်လယ်သို့ ဝင်ရောက်လာသည်မှာ တတိယမြောက်နေ့ရက် ရောက်ရှိလာပြီ ဖြစ်သည်။ နောက်ဆုံး၌ သူတို့က ... သင်္ဘောတစ်စင်းနှင့် ရင်ဆိုင်တွေ့ခဲ့လေသည်။

သင်္ဘောအစု၏ အမြန်နှုန်း တဖြည်းဖြည်း နှေးကွေးသွားသည်။ ချန်လွေ့နှင့် ဟီဂယ်တို့၏ အမြင်ဖြင့် သင်္ဘောကို သေသေချာချာ မြင်နိုင်လေသည်။ ၎င်း၏အသွင်အပြင်က အတော်လေး ဟောင်းနွမ်းနေ၏။ သင်္ဘောပေါ်၌ မည်သူမှ ရှိနေဟန်တူဘဲ အတော်လေး အသက်ကင်းမဲ့နေပုံ ရလေသည်။

ထိုနေရာ၌ ရေအရောင်က ပိုမိုနက်မှောင်နေကြောင်း စထရီနာ သတိထားမိလိုက်သည်။ ထိုအခြေအနေ၌ ရေထဲသို့ မြင်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ စိတ်ဝိညာဉ်စွမ်းအားဖြင့်ပင် မဖောက်ထွင်းနိုင်ပေ။

“အနီးကပ်သွားကြည့်။” ဟီဂယ်၏အသံက မိစ္ဆာထောင်ခြောက်သင်္ဘောထံ ရောက်ရှိသွားသည်။ သင်္ဘောလေးစင်က စက်ဝိုင်းခြမ်းပုံစံ ဖွဲ့စည်းလိုက်ကြပြီး သင်္ဘောကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။

သူတို့ သင်္ဘောအနားသို့ နီးကပ်လာသည်နှင့်အမျှ မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်ရှိ အားနည်းသော နာဂါများက လေထဲမှ မျက်လုံးတစ်စုံ စိုက်ကြည့်နေသော ပုံရိပ်ယောင်များကို မြင်လိုက်ကြရသည်။ သူတို့အားလုံး ကျောချမ်းသွားကြသည်။ သူတို့၏စိတ်ထဲ၌ ထူးဆန်းသော အကြောက်တရားတစ်ခု လှိမ့်တက်လာခဲ့လေသည်။

အကြောက်တရားက အလျင်အမြန်ပင် ကွယ်ပျောက်သွားပြီး ဟီဂယ်၏အသံ ထွက်ပေါ်လာသည်။ “ဟမ့်။ မိုက်မဲတဲ့အရာ။ အမှောင်ဒြပ်စင်ကောင်တွေအရှေ့မှာ [ အထိတ်တလန့် ] ကို ကြွားလုံးထုတ်ရဲတယ်ပေါ့။ သူတို့ကိုပစ်။ ဘာပဲဖြစ်ဖြစ် အပိုင်းပိုင်းဖြစ်အောင် ဖောက်ခွဲပစ်လိုက်။”

သင်္ဘောသုံးစင်းက တပြိုင်နက်တည်း အမြောက်များနှင့် ပစ်ကြရာ ထိုသင်္ဘောလည်း ခဏအကြာ ပင်လယ်ထဲသို့ နစ်မြုပ်သွားလေသည်။

“ဘယ်ဘက်ကို အမြန်ကွေ့။” ချန်လွေ့ ရုတ်တရက် အော်ပြောလိုက်သည်။ “ဟီဂယ်။ ရေကို သတိထား။”

တစ်ချိန်တည်းနီးပါးမှာပင် ရေပေါ်သို့ အလွန်ကြီးမားသော အရာများက သတိမပေးဘဲ ရုတ်တရက် ပေါ်ထွက်လာသည်။ အမှောင်ဒြပ်စင်ဘုရင်၏ သင်္ဘောနက်က မရှောင်နိုင်ခဲ့ပေ။ ပေါ်ထွက်လာသောအရာကြောင့် သင်္ဘောတစ်စင်းလုံး ပြောင်းပြန်လှန်သွားခဲ့သည်။ ကံကောင်းစွာပင် အမှောင်ဒြပ်စင်ကောင်များ၏ သင်္ဘောက ထူးခြားလှသည်။ ၎င်းက မတည်မငြိမ်နှင့် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ရေ‌ပေါ်သို့ ပြန်ဆင်းသက်လာသည်။ သို့သော်လည်း သင်္ဘောသားအချို့က ယိမ်းထိုးပြီး ရေထဲသို့ ပြုတ်ကျသွားကြသည်။

ပေါ်ထွက်လာသော အရာများမှာ သင်္ဘောကြီးများ ဖြစ်နေသည်။ ရေထဲမှ ထွက်လာပြီးနောက် သင်္ဘော၏ ဘေးနှစ်ဖက်မှ အမြောက်များက အလျင်အမြန် စတင် ပစ်ခတ်တော့သည်။ ထိုသင်္ဘောများကို ရေညှိများနှင့် အခြား အမည်မသိ အရာများ ဖုံးလွှမ်းနေ၏။ ၎င်းတို့သည် ပင်လယ်ကြမ်းပြင်၌ နှစ်ပေါင်းများစွာ နစ်မြုပ်နေပြီး ဟီဂယ်၏ အမြောက် တိုက်ခိုက်မှုများကြောင့် နိုးထလာကြဟန်တူသည်။

သင်္ဘောများက ကွက်လပ် မဟုတ်တော့ပေ။ သင်္ဘောသားများကို မြင်ပြီးနောက် ချန်လွေ့၏ မျက်လုံးများက အံ့အားသင့်လျက် အရောင်လက်သွား၏။ နောက်ဆုံး၌ ရေဘဝဲဘုရင်၏ “အကြောက်တရားကင်းမဲ့ခြင်း” ဆိုလိုရင်းကို သူ သဘောပေါက်သွားသည်။ ဒါကြောင့် ဒီနေရာကို “ပင်လယ်သေ”လို့ ခေါ်တာကိုး။ ဒီသင်္ဘောသားတွေအားလုံးက မသေမျိုး ဖြစ်နေတာပဲ။

မသေမျိုးသင်္ဘော.......

All Chapters