← Chapters

ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာ

Vol. 40 Ch. 613

ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာ

Vol. 40 Ch. 613

မိစ္ဆာထောင်ခြောက်သင်္ဘော၏ နောက်ဘက် အမြောက်ကြီးမှ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာသည်။ သဲလူသား အမြောက်သမားက ထိုမှော်သလင်းကျောက် အမြောက်၏ အချိန်နှင့် စွမ်းအင်ကို ထိန်းချုပ်ရာ၌ အလွန်ပင် ကျွမ်းကျင်လှသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် နောက်ထပ် မသေမျိုးသင်္ဘောနှစ်စင်း ပျက်စီးကုန်သည်။

သို့သော်လည်း မသေမျိုးသင်္ဘောစု အရေအတွက်အတွက် ထိုတိုက်ခိုက်မှုက ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။ အမြောက်ကြီး နှစ်ချက်ပစ်ပြီးနောက် အအေးခံသော အခြေအနေ ရောက်ရှိသွားပြီး ယာယီ ပစ်ခတ်၍ မရတော့ပေ။ ပုံရိပ်နှစ်ခုက မုန်တိုင်းထဲမှ သိပ်သည်းသော သင်္ဘောစုထဲသို့ မိစ္ဆာထောင်‌ခြောက် သင်္ဘောမှတစ်ဆင့် ပျံထွက်လာသည်။ ၎င်းတို့မှာ ချန်လွေ့နှင့် စထရီနာတို့ပင် ဖြစ်၏။

စထရီနာက မှော်ပြီးသော မစ်သရယ်သတ္တုနှင့် ကြယ်သဲမှုန်တို့ဖြင့် သေသေချာချာ ပြုလုပ်ထားသည့် မီးခိုးရောင်ချပ်ကာအသစ်ကို ဝတ်ဆင်လိုက်သည်။ အလေးချိန်က ထင်ထားသည်ထက် ပိုမိုပေါ့ပါးနေသည်။ မယုံနိုင်စရာ ခုခံမှုစွမ်းအား ရှိရုံသာမက တိုက်ခိုက်နှုန်းကို မြန်စေပြီး မှော်ထိခိုက်မှုကို လျှော့ချစေနိုင်ကာ သက်လုံပြန်ရရှိမှုကို ကြီးကြီးမားမား တိုးတက်စေသည်။ ထိုချပ်ကာက ဒဏ္ဍာရီလာ-ယောင် အဆင့်သာ ရှိသော်လည်း ထိုဂုဏ်သတ္တိသုံးမျိုးက နာဂါမျိုးနွယ်စုအတွက် အလိုအပ်ဆုံးပင် ဖြစ်လေသည်။ ၎င်းက ပုံမှန် ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာများထက် ပိုမိုသာလွန်ပေသည်။

စထရီနာက ပို၍အံ့အားသင့်သွားစေခဲ့သည်မှာ ထိုချပ်ကာပုံစံ နာဂါမျိုးနွယ်စုအတွက် တိုင်းချုပ်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။ လက်မောင်းနေရာကလွဲရင် အောက်ပိုင်း မြွေခန္ဓာရဲ့ အတော်လေး အားနည်းတဲ့ အပိုင်းတွေကို ကောင်းကောင်းကြီး ကာကွယ်ပေးထားတယ်။ အဲဒီ နာဂါစစ်သည်တွေရဲ့ ထူးကဲအဆင့် ချပ်ကာတွေလည်း အဲဒီအတိုင်းပဲ။ သင်္ဘောခန်းထဲကို သုံးလေးနာရီပဲ ဝင်သွားတတ်တဲ့ ဆာ-ကပ္ပတိန်က ဒီလိုမျိုး သီးသန့်ချပ်ကာတွေကို ဘယ်လိုမျိုး ပြီးအောင် လုပ်ခဲ့လဲ ငါ မသိတော့ဘူး။

စထရီနာ မသိခဲ့သည်မှာ ထိုသုံးလေးနာရီက အချိန်ဥပဒေသနှင့် ချိတ်ဆက်ပြီးနောက် စူပါစနစ်ထဲ၌ သုံးလေးရက် သို့မဟုတ် ၁၂ရက်ခန့်အထိ ညီမျှနေခြင်းပင်။ သို့သော်လည်း ထိုချပ်ကာများမှာ မူလက မယ်ဒူဆာ မျိုးနွယ်စုအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ စထရီနာ အတွက်မှလွဲ၍ ကျန်သောသူများအတွက် အများကြီး အားမထုတ်ခဲ့ရပေ။ သူက လက်မောင်းနေရာနှင့် အရွယ်အစား အနည်းငယ်ကိုသာ ပြုပြင်ခဲ့ရသည်။ တကယ့် အချိန်ကုန်သည်မှာ စထရီနာ၏ ရွှေဓားမောက် ၆လက် ဖြစ်သည်။ ၎င်းတို့မှာ တစ်စုံ ဖြစ်သည်။ ချပ်ကာဖောက်ထွင်းခြင်း၊ ဒဏ်ရာစုတ်ပြဲခြင်းနှင့် ဂုဏ်သတ္တိတိုက်ခိုက်မှုကဲ့သို့သော မူလ အထူးသက်ရောက်မှုများအပြင် ၎င်းတို့က စထရီနာ၏ [ မီးတောက်ပိုင်နက် ] ကို အပြည့်အဝ ခံနိုင်ပြီး ထိခိုက်မှုကို နှစ်ဆ တိုးစေနိုင်သည်။ သို့မဟုတ်ပါက ထိုအစွမ်းကို သုံးပြီးတိုင်း သူ၏ လက်နက်များ အရည်ပျော်သွားပြီး လက်နက်မဲ့သွားမည် ဖြစ်သည်။ ၎င်းမှာ စထရီနာအတွက် သီးသန့်ပြုလုပ်ထားသော ဒဏ္ဍာရီလာအဆင့် ရောက်နေပြီဖြစ်သည့် လက်နက် ဖြစ်ပေသည်။ ၎င်းကို ‘အမျက်ပြာချ’ဓားဟု အမည်ပေးထား၏။

စထရီနာက ယခုတွင် အမျက်ပြာချဓားများကို ကိုင်ထား၏။ သူက လှေငယ်များကို ဖြတ်သွားပြီးနောက် ရှေ့မှ မသေမျိုးသင်္ဘောထံ တည့်တည့်ပြေးသွားလိုက်သည်။ သူ၏လက်ထဲမှ ရွှေရောင်လျှပ်စီး၆ခုက မိုးရေထဲ၌ ကောင်းကင်ကို စုတ်ဖြဲလိုက်သကဲ့သို့ပင် မရေမတွက်နိုင်သော တလက်လက် မျဉ်းကွေးများကို ဖြစ်သွားစေသည်။ ရွှေရောင်လျှပ်စီး ဖြတ်သွားသောအခါ ရွက်တိုင်ကြီးသုံးခု ကျိုးပဲ့သွားပြီး သင်္ဘောပေါ်သို့ပြုတ်ကျကာ အပျက်အစီးများ လောင်ကျွမ်း သွားတော့သည်။ ၎င်းမှာ “အမျက်ပြာချ”ဓားများ၏ ထပ်တိုး မီးဂုဏ်သတ္တိ တိုက်ခိုက်မှုပင် ဖြစ်လေသည်။ ရွက်တိုင်ကျိုးသွားသည်နှင့် စထရီနာလည်း ရုတ်တရက် အရှိန်လျှော့သွားသည်။ ထို့နောက် မိုးရေ၏ အထူးသက်ရောက်မှုကြောင့် ခွန်အားတိုးနေကြသော မသေမျိုးများက စထရီထံ ပြေးဝင်လာကြတော့သည်။

စထရီနာ၏ အစိမ်းရောင်မျက်လုံးများက ရုတ်တရက် ‌ရွှေရောင်ပြောင်းသွား၏။ ထို့နောက် ဓားမောက်ရှည် ၆လက်လုံး အနီရောင်မီးတောက်များ တောက်လောင်ကုန်သည်။ သင်္ဘော တစ်စင်းလုံးက ထက်မြက်လှသော ကြက်ခြေခတ် ချီစွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး ကောင်းကင်မှ မုန်တိုင်းလည်း ပျောက်ကွယ်သွားလေသည်။ မသေမျိုးသင်္ဘောက ချက်ချင်းပင် မီးတောက်များပြည့်နှက်သွားပြီး မသေမျိုးများလည်း မရေမတွက်နိုင်သော အပိုင်းအစကျွမ်းများ အဖြစ်သို့ ရောက်ရှိကြကုန်ကာ ပင်လယ်ထဲသို့ တဖြည်းဖြည်း မြှုပ်ဆင်းသွားတော့သည်။

ချန်လွေ့ ပေးထားသော အစွမ်းထက် ချပ်ကာများနှင့် လက်နက်များကို ပိုင်ဆိုင်ထားသော်လည်း ထိုတိုက်ကွက်မှာ အမျိုးသမီး နာဂါစစ်သည်အတွက် စွမ်းအား အတော်များများ သုံးစွဲခဲ့ရသေးသည်။ သို့သော်လည်း ယခုတစ်ကြိမ်မှာ အချိန်ဆွဲရန် အတွက်သာ ဖြစ်ရာ စထရီနာက သက်လုံမချန်ထားခဲ့ပေ။ သူက မြွေအမြှီးကို ဝှေ့ရမ်းရင်း လေထဲသို့ မြောက်တက်သွားကာ နောက်မှသင်္ဘောပေါ်သို့ ပျံသွားလိုက်လေသည်။

လေထဲသို့ မြောက်နေရင်း စထရီနာက အေးစိမ့်သောလေထဲ၌ ပြင်းထန်ပြီး ပူလောင်သော သောင်းကြမ်းမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် အောက်ဘက်မှ ပင်လယ်တွင် ချစ်ချစ်တောက် ပူရဲနေသော အနီရောင်အလင်းတစ်ခုနှင့် အနီရောင် သားရဲတစ်ကောင်က ဟိန်းဟောက်လိုက်သည်ကို မြင်လိုက်ရသည်။ ၎င်းသွားသောအရာတိုင်း လှေငယ်များနှင့် မသေမျိုးများအားလုံး ပြာဖြစ်ကုန်ကြသည်။ ပင်လယ်ရေများလည်း တစ်လှိုင်းပြီးတစ်လှိုင်း လှိမ့်တက်လာကြလေသည်။

ထိုကဲ့သို့ ‘သားရဲ’မျိုးကို ပင်လယ်နက်၌ နတ်ဆိုးငါးမန်းအုပ်ကြီးကို တိုက်ခိုက်စဉ်က ချန်လွေ့ အသုံးပြုခဲ့သည်ကို စထရီနာ တွေ့ခဲ့ဖူးသည်။ သို့သော်လည်း ထိုဧရာမ သားရဲက ယခုတွင် ချန်လွေ့ထံသို့ တဟုန်ထိုး ရောက်လာပြီး အဝိုင်းပတ်နေလေသည်။

ခဏအကြာ အဖြေပေါ်လာ၏။ အလွန်ကြီးမားသော မီးသင့်နဂါးက အနက်ရောင် မီးတောက် လောင်ကျွမ်းနေသော ပုံရိပ်နှင့် ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ပင်လယ်ရေက အင်အားကြီး အနီရောင်စွမ်းအားကြောင့် လှည့်ပတ်ပြီး ဆူပွက်လာသည်။ အနက်ရောင် မီးတောက်က အနီရောင်ပြောင်းသွားကာ ပုံရိပ်နှင့် တဖြည်းဖြည်း ပေါင်းစပ်နေလေ၏။ ထို့နောက်မှသာ ပွက်ပွက်ဆူနေသော ပင်လယ်ရေဝဲကတော့ တည်ငြိမ်သွား၏။

[ မီးသင့်နဂါးဝင်စီးခြင်း ]

[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] နှင့် [ မီးသင့်နဂါးဝင်စီးခြင်း ] တို့က မလိုက်ဖက်သည့် အတွက်ကြောင့် ချန်လွေ့က ထိုစွမ်းရည်ကို ပုံမှန်အားဖြင့် အသုံးပြုခဲသည်။ ခုနက အယ်ဒီလိုင်း အပေါ် အသူရာ၏ စာချုပ်ကို ပယ်ဖျက်ရန်အတွက် ချန်လွေ့သည် ယုံကြည်မှုသလင်းကျောက် အမြောက်အမြားကို အသုံးပြုခဲ့ရသည်။ ယခုတွင် သူက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို လက်ကျန်အရေအတွက်ဖြင့် အသက်မသွင်းနိုင်ပေ။ ထို့ကြောင့် သူက [ မီးသင့်နဂါးဝင်စီးခြင်း ] ကို အသက်သွင်းလိုက်သောအခါ သူ၏ မူလ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းမှ နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း၏ တိုက်ခိုက်ရေးစွမ်းအားအထိသာ တိုးနိုင်လေသည်။

အဝိုင်းလည်နေသော မီးသင့်နဂါးကြောင့် ဖြစ်လာသည့် လှိုင်းလုံးများက ထိုနေရာမှ လှေငယ်များကို ပြောင်းပြန်ဖြစ်သွားစေသည်။ အနီးကပ်လာသော မသေမျိုးသင်္ဘောများသည်ပင် လှိုင်းများ၏ ဟန့်တားမှုကြောင့် နှေးကွေးကုန်သည်။ သို့သော်လည်း သူတို့၏ အဖော်များ မည်သို့ပင် နစ်မြုပ်၊ ဖျက်ဆီးခံရစေကာမူ၊ ကျန်ရှိသော မသေမျိုးသင်္ဘောများက ရှေ့သို့သာ ဆက်လက်ချီတက်နေကြလေသည်။

ယခုအချိန် အဓိက ဦးစားပေးမှာ အမှောင်ဒြပ်စင်ဘုရင်အတွက် အချိန်ဆွဲပေးရန် ဖြစ်သည့်အတွက် ချန်လွေ့၏ နည်းဗျူဟာမှာ အလွန်ပင် သတ်သတ်မှတ်မှတ် ရှိလှသည်။ သူက သင်္ဘောများကို တစ်ခါတည်း မဖျက်ဆီးဘဲ ပင်လယ်၏စွမ်းအားကို အသုံးချကာ သင်္ဘောများကို ပိတ်ဆို့နေလိုက်သည်။ စထရီနာက ဉာဏ်ပြေးလှသည့်အတွက် ၎င်းကို ချက်ချင်း သဘောပေါက် လိုက်သည်။ သို့သော်လည်း သူ၏ အနီးကပ် တိုက်ခိုက်မှု စွမ်းရည်က အဓိကတိုက်ခိုက်မှုအတွက် မသင့်တော်ပေ။ ထို့ကြောင့် သူက ချန်လွေ့၏ လုပ်ရပ်များနှင့် ကိုက်ညီရန်အတွက် ဗျူဟာ ပြောင်းလိုက်ရသည်။

သူတို့နှစ်ယောက် အတူတူ ဖန်တီးသော ဝဲကတော့က သင်္ဘောစု ချီတက်လာခြင်းကို ထိထိရောက်ရောက် ပိတ်ဆို့နိုင်ခဲ့သည်။ သို့သော်လည်း မသေမျိုးသင်္ဘောများက သာမန် မဟုတ်ကြပေ။ သူတို့ကို မဖျက်ဆီးသရွေ့ ပင်လယ်ကြမ်းပြင်သို့ မြုပ်သွားသည့်တိုင် ပြန်ပေါ်လာနိုင်သေးသည်။

ကောင်းကင်မှ မုန်တိုင်းသည်လည်း ပိုမိုပြင်းထန်လာသည်။ မိုးရေက သင်္ဘောစုကို ပိုမို အင်အားကောင်းစေသော်လည်း ချန်လွေ့နှင့် စထရီနာတို့က အပြင်းအထန် မသက်မသာ ခံစားရစေသည်။ ခန္ဓာကိုယ်ထဲ၌ စွမ်းအားလည်ပတ်သည်၌ဖြစ်စေ၊ လှုပ်ရှားရာ၌ဖြစ်စေ၊ ပုံမှန်ထက် စွမ်းအားပိုသုံးရပြီး ကန့်သတ်ထားသလို ခံစားနေခဲ့ကြရသည်။

အရှေ့ဘက်ဆုံးမှ မသေမျိုး သင်္ဘောစုက အမြောက်များ စတင် ပစ်ခတ်လာသည်။ ချန်လွေ့ကို မဟုတ်ဘဲ မိစ္ဆာထောင်ခြောက်နှင့် အမှောင်ဒြပ်စင်သင်္ဘောများကို ပစ်ခတ်နေခြင်း ဖြစ်သည်‌။ ချန်လွေ့က ကောင်းကင်ထက်သို့ မြောက်တက်သွားပြီး အမှောင်ဒြပ်စင်သင်္ဘော သုံးစင်း ပေါင်းစည်းနေသည်ကို ဖျပ်ခနဲ မြင်လိုက်ရသည်။ ပုံစံက ကြီးကြီးမားမား ပြောင်းလဲနေပြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ချန်လွေ့ ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်သည်။ [ မီးသင့်နဂါးဝင်စီးခြင်း ] စွမ်းအားကို အဆုံးစွန်အထိ လောင်ကျွမ်းစေလိုက်ပြီးနောက် ပင်လယ်အထက်၌ အလွန်ကြီးမားသော တွင်းနက်တစ်ခု ပေါ်ထွက်လာသည်။ ချက်ချင်းပင် ပင်လယ်ရေများ၊ လှေငယ်များ၊ မသေမျိုးသင်္ဘောများနှင့် ကောင်းကင်ထက်ရှိ ထူးဆန်းသောစွမ်းအားကို သယ်ဆောင်လာသော မိုးရေများအားလုံးက မဟာတွင်းနက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ခဏကြာပြီးနောက် တွင်းနက်၏ စုပ်ယူသော စွမ်းအားနှင့် အမြန်နှုန်း တဖြည်းဖြည်း နှေး‌ကွေးလာသည်။ [ မီးသင့်နဂါးဝင်စီးခြင်း ] နှင့် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] တွင် ခြားနားချက် ကြီးကြီးမားမား ရှိနေသေးသည်။၊ ၎င်းကို တစ်ဖက်လူ၏ ပိုင်နက်တိုင်းပြည် စွမ်းအားက ဟန့်တားလိုက်သည်မှာ သေချာပေသည်။ ထို့ပြင် ခုနက စွမ်းအားအများစုကို စုပ်ယူခဲ့သော [ ကြယ်ဝါးမျိုခြင်း ] က ခဏအကြာတွင် ပိုလျှံသောအသိပေးချက်တစ်ခု ပြသလာသည်။

ထို့အချိန်၌ အမှောင်ဒြပ်စင်ဘုရင်၏အော်သံ ထွက်ပေါ်လာသည်။ ချန်လွေ့က ချက်ချင်းပင် [ ကြယ်ဝါးမျိုခြင်း ] ကို အဆုံးသတ်ပြီး စထရီနာအား အချက်ပြကာ အတူတူ ပျံသွားသည်။ အမှောင်ဒြပ်စင်သင်္ဘောသုံးစင်းက ဧရာမ လိပ်ပုံစံ အသွင်ပြောင်းသွားလေသည်။

ချန်လွေ့က ထိုလိပ်ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေလိုက်သည်။ အသွင်ပြောင်းတာလား။ ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာလား။

ငါက ရှေ့တန်းမှာ ၁၀မိနစ်လောက် အသက်ကို ရင်းနေခဲ့တာ ဟီဂယ်...မဟုတ်ဘူး...ကြီးမြတ်တဲ့ အရှင်ဟီဂယ်က ဒီလိုမျိုး လျို့ဝှက်လက်နက်ကို လုပ်နေဖို့ပဲလား။

“မင်း သိပ်ပြီးတော့ အံ့သြစရာ မလိုပါဘူး။ ဒါက အမှောင်ဒြပ်စင်ကောင်တွေအတွက် အသေးအဖွဲ အစွမ်းလေးပါ။” ဟီဂယ်က ဂုဏ်ယူလျက် ပြောလိုက်သည်။ “မင်းရဲ့လူတွေကို သင်္ဘောပေါ်က ချက်ချင်း စွန့်ခွာပြီးတော့ ငါ့ရဲ့ အမှောင်နတ်ဘုရားသင်္ဘောဆီ လာခိုင်းလိုက်။”

ဘယ်သူက အံ့သြလို့လဲ။ ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်၏ နားလည်မှုစွမ်းရည်ကို အတော်လေး ပြောစရာမဲ့သွားခဲ့သည်။ သို့သော်လည်း အပြစ်တင်ရန် အချိန်မရှိပေ။ သူက ချက်ချင်းပင် မိစ္ဆာထောင်ခြောက်သင်္ဘောအား အနီးကပ်ခိုင်းလိုက်သည်။ ထို့နောက် သူက ထူးဆန်းသော ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာဟု သတ်မှတ်ထားသည့်အရာသို့ လှေငယ်များဖြင့် လူများလွှတ်လိုက်သည်။ ပြီးနောက် ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ မိစ္ဆာထောင်ခြောက် သင်္ဘောတစ်စင်းလုံး ပျောက်ကွယ်သွား၏။

နေရာလွတ်စွမ်းရည်လား။ ဟီဂယ်၏မျက်လုံးထဲ၌ အံ့အားသင့်သော အနီရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာ သင်္ဘောသို့ ချန်လွေ့ ပျံသွားပြီးနောက် ဟီဂယ်က လက်နှစ်ဖက်ကိုဖြန့်လိုက်ရာ လိပ်ခွံတောင်ပံနှစ်ခုက တဖြည်းဖြည်းနှင့် တစ်လွှာချင်း ပိတ်သွားသည်။ ထို့နောက် သင်္ဘောတစ်စင်းလုံး၏ ကိုယ်ထည်က ရုတ်တရက် မည်းမှောင်သွားတော့သည်။

ခဏအကြာ ဓာတ်လှေကားပေါ် ရောက်နေသကဲ့သို့ပင် ဆွဲအားကင်းမဲ့မှု အနည်းငယ် ခံစားလိုက်ရသည်။ အပြင်ဘက်မှ အရာအားလုံးနှင့် ခြားသွားသလို ခံစားရလိုက်ပြီးနောက် အနီးအနားရှိ ရေပြင်မှ အမြောက်ပေါက်ကွဲသံများကိုပင် မကြားရတော့ချေ။

အမှောင်ထုက ခဏသာကြာပြီး အပြာရောင် အလင်းတစ်ခု လင်းလာသည်။ တစ်ချိန်တည်းမှာပင် အလယ်နှင့် လေးဖက်စလုံးမှ အလွန်ကြီးမားသော သလင်းကျောက် အလုံး၅ခု ပေါ်ထွက်လာသည်။ အဘက်ဘက်မှ သလင်းကျောက်အလုံးက နေရာလေးခုမှ အခြေအနေကို ပြသနေပြီး အလယ်ရှိ အလင်းကျောက်အလုံးက ဟိုလိုဂရပ်ဖစ်ပုံရိပ်နှင့် ဆင်တူလှပေသည်။

ထိုသလင်းကျောက်အလုံးများမှ မြင်ကွင်းများကို မြင်ပြီးသောအခါ ချန်လွေ့က အမှန်တကယ် အံ့သြသောအမူအရာဖြင့် ရုတ်တရက် တုံ့ပြန်လိုက်သည်။ ဒါ ရေငုပ်သင်္ဘောလား။

ဒီထဲမှာ ငါ အသက်ရှူကြပ်သလို မခံစားရဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်တာက “သိပ္ပံနည်းကျ” နေပြီ။ ယခင်က မြင်ခဲ့ဖူးသော လေသင်္ဘောကို ပြန်တွေးမိသွားရင်း ချန်လွေ့က သူ အမြဲ မကျေမနပ်ဖြစ်နေခဲ့သော အမှောင်ဒြပ်စင်ဘုရင်အပေါ် အမြင်ပြောင်းသွားခဲ့သည်။

“အရှင်မင်းကြီး။ ကျုပ်တို့ ကံမကောင်းရင် အနာဂတ်မှာ ရန်သူတွေ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အံ့အားသင့်စရာကောင်းတဲ့ ဖန်တီးမှုတစ်ခု ဆိုတာကို ကျုပ်ရဲ့စိတ်ရင်းထဲကနေ ချီးမွမ်းရပါမယ်။”

“ရန်သူ”၏ စိတ်ရင်းနှင့် လေးစားအားကျခြင်းကို ခံစားမိသည့်အခါ ဟီဂယ်သည်ပင် ဂုဏ်ယူသောအမူအရာ ပြသလိုက်သည်။ “ဒါက ဘာမှမဟုတ်ဘူး။ အမှောင်ဒြပ်စင်ကောင်တွေက မင်းကို ဒါထက်ပိုပြီးတော့ အံ့အားသင့်အောင် လုပ်နိုင်တယ်။”

ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာ သင်္ဘော၏ အပြင်ဘက်အခွံက အလွန် မာကြောပြီး တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်သည်။ ၎င်း၏ ခေါင်းနှင့် ခြေလက်များကို အသွင်းအထုတ် ပြုလုပ်၍ ရသည်။ အလင်းရောင်အတွက်လည်း အလင်းတန်းတစ်ခု ထုတ်လွှတ်နိုင်သည်။ အဓိက ဗဟိုအပိုင်းကို ရေဒြပ်စင်ဘုရင် လက်ဆောင်ပေးထားသော အထူး ရေဒြပ်စင်သလင်းကျောက်တစ်ခုဖြင့် ပြုလုပ်ထားပြီး အမှောင်နတ်ဘုရားသင်္ဘောအား “ပါးဟက်”နှင့် ဆင်တူသော အင်္ဂါများဖြင့် ရေစွမ်းအင်ကို အသွင်ပြောင်းကာ အသက်ရှူနိုင်ရန် ပြုလုပ်ပေးနိုင်သည်။ ထို့ပြင် ပင်လယ်နက်သတ္တဝါများကဲ့သို့ တွန်းကန်အားကို အသုံးပြုကာ အထက်အောက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လေသည်။

အမှောင်နတ်ဆိုးသင်္ဘော၏ ဝိသေသလက္ခဏာများကို ကြွားပြီးနောက် ဟီဂယ်က ဂုဏ်ယူလျက် ပြောသည်။ “ရန်သူ့ရဲ့ အားသာချက်က ပင်လယ် သင်္ဘောစုရဲ့ ပစ်ခတ်အားနဲ့ အရေအတွက်ပဲ။ ဒါပေမဲ့ ဒါက ရေအောက်မှာ။ သူတို့က ငါတို့လို ရေအောက်ထဲ မြုပ်နိုင်ရင်တောင် အဲဒီအမြောက်တွေ ပစ်လို့ရမှာ မဟုတ်ဘူး။”

ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ “ဟုတ်တယ်။ ရန်သူကို ဖျက်ဆီးဖို့ ကျုပ်တို့တွေ တော်ပီဒို သုံးလို့ရတယ်။”

“တော်ပီဒိုနဲ့ ရန်သူကို ဖျက်ဆီးမယ် ဟုတ်လား။”

ဟီဂယ် မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါက ဘယ်လို မှော်လက်နက်မျိုးလဲ။”

“အဲဒါက ရေအောက်မှာ ပေါက်ကွဲနိုင်တဲ့ “စွမ်းအင်အမြောက်”ပါ။” ချန်လွေ့ အံ့အားသင့် သွားသည်။ “ဧကန္တ... ဆယ်ကျော်သက် သန္ဓေပြောင်းလိပ်နင်ဂျာ..အဲ...အမှောင်နတ်ဆိုး သင်္ဘောမှာ အဲဒီလိုမျိုး မရှိဘူးလား။”

“ရေအောက်မှာ ပေါက်ကွဲနိုင်တဲ့စွမ်းအား ဟုတ်လား။ မင်း ငါ့ကို လာနောက်နေတာလား။” ဟီဂယ်၏မျက်နှာ မည်းမှောင်သွား၏။ “ငါက အမှောင်ဒြပ်စင်ဘုရင်၊ ရေဒြပ်စင်ဘုရင် မဟုတ်ဘူး။”

“…”

ချန်လွေ့က ၎င်းမှာ သိပ္ပံပြဿနာတစ်ခုဖြစ်ပြီး မည်သည့်ဒြပ်စင်ဘုရင်ဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြောခြင်းသော်လည်း သူကိုယ်တိုင်က တော်ပီဒိုကို နားမလည်ပေ။ ထိုကဲ့သို့ အမှန်တကယ် သိပ္ပံနည်းမကျသော လောက၌ သူလည်း အမှန်တကယ်ပင် အများကြီး မရှင်းပြနိုင်ပေ။

“ဒါဆို ဒီမှာ ရန်သူကို တိုက်ခိုက်ဖို့ လက်နက်တစ်ခုခု ရှိလား။”

“ဘယ်ဖက်မှာ ထွက်ပေါက်တစ်ခု ရှိတယ်။”

“အဲဒီမှာ အမြောက်ဌာန ဒါမှမဟုတ်...မှိန်းပစ်တဲ့နေရာတွေ ရှိလား။” ချန်လွေ့က ဆယ်ကျော်သက် သန္ဓေ‌ပြောင်းလိပ်နင်ဂျာ သင်္ဘော၏ သိပ္ပံအဆင့်ကို စိတ်ထဲ၌ အတော်လေး လျှော့ချထားလိုက်ပြီ ဖြစ်သည်။

“အဲဒီမှာ တိုက်ခိုက်ဖို့ ထွက်ပေါက် ရှိတယ်။ မင်း သွားချင်ရင် အပြင်ထွက်ပြီးတော့ ရန်သူကို ရေအောက်ထဲမှာ တိုက်ခိုက်လို့ရတယ်။”

“…”

နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွား၏။ အချိန်အကြာကြီး ပြင်ဆင်ပြီးတာတောင် ဒါက လိပ်လိုမျိုးပဲ ဖြစ်နေတယ်။ တိုက်ခိုက်ဖို့ လက်နက် လုံးဝ မရှိဘူးတဲ့လား။

All Chapters