ပင်လယ်ရေနက်နှင့် နီးကပ်လာခြင်း
Vol. 40 Ch. 614
သန္ဓေပြောင်းလိပ်နင်ဂျာသင်္ဘောက တကယ်ပဲ “နင်ဂျာ”ဆိုတဲ့နာမည်နဲ့ ထိုက်တန်တယ်။ တိုက်ခိုက်တဲ့လက်နက် တကယ် မရှိဘူး။ အမှောင်ဒြပ်စင်ကောင်တွေရဲ့ တိုက်စစ်ကို ကြည့်ရမယ်ဆိုရင်က ဒီပြဿနာရဲ့ အဓိကသော့ချက်က နည်းပညာပဲ။ ရေအောက်ထဲမှာ အမှောင်ဒြပ်စင်သင်္ဘောရဲ့ ရွှေအို “အမြောက်ဗုံး” အပါအဝင် ဘယ်အမြောက်ကိုမှ သုံးလို့မရဘူး။
ချန်လွေ့နှင့် အခြားသူများက ပင်လယ်ကြမ်းပြင်သို့ ငုပ်လျှိုးသွားသောအခါ ပင်လယ်ပေါ်မှ မသေမျိုးသင်္ဘောများ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ “ဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာသင်္ဘော”က လိပ်တစ်ကောင်သာ ဖြစ်သော်လည်း ၎င်း၏အနက်နှင့် ရေအောက် အမြန်နှုန်းက အတော်လေး ချီးကျူးစရာပင် ဖြစ်လေသည်။ ပင်လယ်အောက်သို့ မငုပ်နိုင်သော မသေမျိုးသင်္ဘောများက ၎င်းကို လုံးဝ မယှဉ်နိုင်ပေ။ သိပ်မကြာခင်၌ သူတို့က မသေမျိုး သင်္ဘောစု ဝိုင်းရံခြင်းမှ လွတ်မြောက်သွား၏။
ချန်လွေ့က ပျင်းမနေနိုင်ပေ။ အမှောင်ဒြပ်စင်ကောင်များနှင့် မိစ္ဆာထောင်ခြောက် သင်္ဘောမှ သင်္ဘောသားများက ယခင်တိုက်ပွဲများ၌ ကြီးကြီးမားမား အပျက်အစီး ကြုံခဲ့ကြရသည်။ သူက ဒဏ်ရာရသူများကို ကုသရင်း အလုပ်များနေသည်။ ကုသဆေးရည်များက ဒြပ်စင်ကောင်များအတွက် အသုံးမဝင်သော်လည်း ချန်လွေ့၏ ယွမ်ဖြည့်တင်း သင်္ဘောက အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့လေသည်။
ယွမ်ဖြည့်တင်းသစ်ပင် --- ဂုဏ်သတ္တိ။ ။ အချိန်တစ်ခုအတွင်း ကုသပေးသည်။ ကုသနေသော အဝန်းအဝိုင်းအတွင်း မှော်စွမ်းအားနှင့် သက်လုံကို ဖြည့်တင်းပေးသည်။ လုပ်ဆောင်ချက်ကို အချိန်သတ်မှတ်၍ရပြီး အကြာဆုံးမှာ တစ်လ ဖြစ်သည်။
အမှောင်ဒြပ်စင်ကောင်များအတွက် ယွမ်ဖြည့်တင်းသင်္ဘော၏ မှော်စွမ်းအားက ရေဒြပ်စင်ကောင်များက ကုသမှော်အာနိသင်ထက် များစွာပိုမိုကောင်းနေသည်။ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြသော အမှောင်ဒြပ်စင်ကောင်များပင် မမျှော်လင့်ထားသော ကုသမှုနှင့် ဖြည့်တင်းအာနိသင်များ ရရှိခဲ့သည်။
ရန်ငြိုးများ၊ အမုန်းတရားများ မည်သို့ပင် ရှိခဲ့စေကာမူ ယခုတွင် အားလုံးမှာ တစ်လှေတည်း ခရီးသွားသူများ ဖြစ်နေကြလေပြီ။ ချန်လွေ့အပေါ် ဟီဂယ်၏ ရန်လိုမှုများလည်း မသိမသာနှင့် အတော်လေး လျော့ပါးသွား၏။
ချန်လွေ့က မေးသည်။ “အရှင်မင်းကြီး ဟီဂယ်။ ဒီအနီးအနားမှာ ဇစ်မြစ်အပိုင်းအစကို အာရုံခံမိလား။”
“လျို့ဝှက်မြူဖုံးကျွန်းမှာ ဇစ်မြစ်အပိုင်းအစကို အတော်လေး အာရုံခံခဲ့မိတယ်။ ဒါပေမဲ့ ငရဲပင်လယ်ကိုရောက်တော့ တစ်ခါတလေ နီးလိုက်၊ တစ်ခါတစ်ခါ ဝေးလိုက် ဖြစ်နေသလို ခံစားနေရတယ်။” ဟီဂယ်၏လေသံက လေးနက်နေ၏။ “အခုအထိတော့ ငါတို့က ပင်လယ် အနက်အထိ ငုပ်နေရင်တောင် နောက်ကွယ်က ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စောင့်ကြပ်ဟန့်တားတာကို ခံရနေတုန်းပဲ။ ဒီမမြင်ရတဲ့ပြိုင်ဘက်က ကိုယ်တွယ်ဖို့ အခက်ဆုံး ဖြစ်လောက်တယ်။ ပြီးတော့ ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆုံးမဲ့ မဟုတ်ဘူး။ အားအင်ကုန်ခမ်းသွားတာနဲ့ အသက်ရှင်ရက် ပြန်ထွက်နိုင်ဖို့ဆိုတာ မသေချာဘူး။”
“ဒိုဒို...” ချန်လွေ့က ဒိုဒိုကို ခေါ်လိုက်ပြီး ရတနာမြေပုံကို ထုတ်လိုက်သည်။ ချွဲကျိကောင်က ချက်ချင်းပင် မျက်မှန်ခေါင်းစွပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ရတနာမြေပုံပေါ်ရှိ ရွှေရောင် အလင်းစက်က ငရဲပင်လယ်သို့ သူတို့ ပထမဆုံး ဝင်ရောက်စဉ်ကထက် ပိုမိုနီးကပ်လာသော်လည်း သူတို့၏လက်ရှိ လမ်းကြောင်းက စတင်သွေဖည်နေပုံရသည်။
“အရှင်မင်းကြီး ဟီဂယ်။ ဒီအခြေအနေမှာ ကျုပ်ပြောနိုင်တာကတော့ ရတနာသိုက်နဲ့ ဇစ်မြစ်အပိုင်းအစက အတော်လေး နီးနေတာ ဖြစ်ရမယ်။ ဒါမှမဟုတ် တစ်နေရာတည်းမှာလည်း ဖြစ်နိုင်တယ်။ အရှင်မင်းကြီးရဲ့ အာရုံခံက တည်နေရာကို မသိနိုင်ဘူးဆိုတော့ ဒီမြေပုံအတိုင်း သွားကြမလား။ တကယ်လို့ ရတနာရှိတဲ့နေရာကို ရောက်ပြီးတော့ အရှင်မင်းကြီး လိုအပ်တဲ့ ဇစ်မြစ်အပိုင်းအစ မရှိဘူးဆိုရင် တခြားနေရာတွေကို သွားရှာဖို့ နောက်မကျသေးပါဘူး။”
ဟီဂယ်က ချန်လွေ့လက်ထဲမှ ရတနာမြေပုံကို ဖျပ်ခနဲကြည့်လိုက်ပြီးနောက် ထူးဆန်းသော “ခေါင်းစွပ်”ကို ငေးကြည့်ကာ နောက်ဆုံး၌ ခေါင်းညိတ်လိုက်လေသည်။
ဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာ သင်္ဘောလည်း စတင်လမ်းကြောင်းပြောင်းပြီး မြေပုံပေါ်၌ မှတ်သားထားသောနေရာသို့ ငုပ်ဆင်းတော့သည်။
တဖြည်းဖြည်းနှင့် အချိန်၃ရက် မသိမသာ ကုန်ဆုံးသွားခဲ့၏။
ဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာသင်္ဘောက အတော်လေး ကျယ်ဝန်းလှသည်။ အောက်ဆီဂျင် လုံလုံလောက်လောက်နှင့် ချန်လွေ့၏ သိုလှောင်ဂိုဒေါင်မှ ထောက်ပံ့ပေးသော အစားအစာများနှင့် ယွမ်ဖြည့်တင်းသစ်ပင်တို့ကြောင့် နာဂါများက ဒဏ်ရာရရာမှ ပြန်လည် ကောင်းမွန်လာကြသည်။ နောက်ဆုံး၌ ဒိုဒိုလည်း အေးအေးဆေးဆေး ပွဲတော်ခံနိုင်တော့သည်။ သို့သော်လည်း ပင်လယ်အောက်ခြေ၌ဖြစ်နေ၍ နေ့ညကို သူတို့ မခံစားနိုင်ကြပေ။ ထို့ကြောင့် မှန်းဆ၍သာ အချိန်ကို တွက်ချက်ကြလေသည်။
တိုက်ဆိုင်၍ ဖြစ်ပေမည်။ သလင်းကျောက်စက်လုံး၏ စောင့်ကြည့်ရေးက ထိုခရီးတွင် ပင်လယ်ထဲရှိ မည်သည့်သက်ရှိသတ္တဝါကိုမျှ မတွေ့ခဲ့ရပေ။ လျို့ဝှက်မြူဖုံးကျွန်းမှ အခြေအနေနှင့် တစ်နည်းတစ်ဖုံ ဆင်တူနေပေသည်။ လျို့ဝှက်မြူဖုံးကျွန်း၌ ထိုသို့ဖြစ်ရခြင်းမှာ တံလျှပ်က အပင်မှလွဲ၍ သတ္တဝါအားလုံးကို စုပ်ယူလိုက်၍ ဖြစ်သည်။ သို့သော်လည်း ငရဲပင်လယ်ကဲ့သို့ နေရာအကျယ်ကြီး၌ ငါးတစ်ကောင်၊ ပုစွန်တစ်ကောင်ကိုပင် မတွေ့ရခြင်းက အတော်လေး ကြက်သီးထစရာ ကောင်းလှပေသည်။
ချန်လွေ့ အိပ်ယာနိုးပြီးနောက် မှော်တဲအိမ်မှ ထွက်လာစဉ်မှာပင် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်သွားခဲ့သည်။ အနီးနားရှိ မှော်မီးအိမ်များကပင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။ နာဂါများနှင့် ဒြပ်စင်ကောင်များအားလုံး သတိထားသော အမူအရာများ ပြသလိုက်ကြသည်။ ခဏအကြာ၌ ဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာသင်္ဘောက တစ်စုံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ပင် နောက်ထပ် တုန်ခါသွားပြန်သည်။
အနက်ရောင်အငွေ့တစ်ခု ရောက်လာပြီး အမှောင်ဒြပ်စင်ကောင် တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ “ဆာ-အက်ဂ်ယော။ အရှင်မင်းကြီး ဟီဂယ်က ထိန်းချုပ်ခန်းကို ချက်ချင်းလာဖို့ ပြောလိုက်ပါတယ်။”
ချန်လွေ့က အလျင်အမြန်ပင် ထိန်းချုပ်ခန်းသို့ သွားလိုက်သည်။ စထရီနာနှင့် အခြားသူများကလည်း အနီးကပ် လိုက်လာကြသည်။ လမ်းတစ်လျှောက်၌ အဆက်မပြတ် တုန်ခါမှုများ ရှိနေခဲ့သည်။ ထိန်းချုပ်ခန်း၌ မျက်နှာလေးနက်နေသော ဟီဂယ်ကို ချန်လွေ့ မြင်လိုက်ရသည်။ “ငါတို့တွေ ရန်သူတိုက်တာ ခံနေရတယ်။ အခုချက်ချင်း လှုပ်ရှားရမယ်။”
ချန်လွေ့၏အကြည့်က သလင်းကျောက်စက်လုံး ၅လုံးထံသို့ ရောက်ရှိသွားသည်။ ၎င်းတို့ အပေါ်၌ ပြသနေသော ပုံရိပ်များအရ ရန်သူအများအပြား ဖြစ်ဟန်တူသည်။ ပုံရိပ်ထဲရှိ ဝေဝါးဝါး သတင်းအချက်အလက်များအရ ၎င်းတို့တွင် ရှည်လျားသော ခန္ဓာကိုယ်များရှိကြပြီး အမှောင်နတ်ဘုရားသင်္ဘောကို အပြင်းအထန် ဝင်တိုက်နေကြလေသည်။
“သူတို့က အချိန်တစ်ခုအထိတော့ အမှောင်နတ်ဘုရားသင်္ဘောရဲ့ ခုခံမှုကို မဖောက်ထွင်းနိုင်ဘူး။ ဒါပေမဲ့ ငါတို့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ အရေးပါတဲ့ စနစ်တွေ ပျက်သွားတာနဲ့ ဒီမှာရှိတဲ့လူအများစုက ပင်လယ်ကြမ်းပြင်မှာ အမြှုပ်ခံရတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ်။” ဟီဂယ်၏အကြည့်က ချန်လွေ့ထံ ရောက်ရှိသွားသည်။ “မင်း အခုချက်ချင်း အုပ်စုတစ်ခုကို ဦးဆောင်ပြီးတော့ ဒီရန်သူတွေကို အမြန်ဆုံး ဖြေရှင်းလိုက်။”
ချန်လွေ့က အမှောင်နတ်ဘုရားသင်္ဘောသို့ ဝင်ခါစကဆိုလျှင် ဟီဂယ်ကို မိမိကို သတ်ပစ်ရန်အတွက် အခြားသူများကို အသုံးချနေသည်ဟု သေချာပေါက် ထင်မိပေလိမ့်မည်။ သို့သော်လည်း အမှောင်နတ်ဘုရားသင်္ဘောကို အမှောင်ဒြပ်စင်ဘုရင်၏စိတ်နှင့် ထိန်းချုပ်ထားကြောင်း ချန်လွေ့ သိရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဟီဂယ်က ထို “ရေငုပ်သင်္ဘော”၏ ဗဟိုချက်စွမ်းအားနှင့် ထိန်းချုပ်သူ ဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းက သင်္ဘောတစ်စင်းလုံးကို သက်ရောက်မှု ရှိနိုင်သည်။ ထိုကဲ့သို့ နက်ရှိုင်းသော ပင်လယ်ထဲ၌ တိုက်ခိုက်ရန် သူ့အတွက် အမှန်တကယ် မသင့်တော်ပေ။
၎င်းကို စဉ်းစားပြီးနောက် ချန်လွေ့ ချက်ချင်းပင် ခေါင်းညိတ်သည်။ “ကောင်းပြီလေ။”
“ကျွန်မ လိုက်သွားမယ်။” စထရီနာ ပြောလိုက်သည်။ ရေဒြပ်စင်ကောင်များနှင့် နာဂါများလည်း လိုက်သွားချင်ကြောင်း ဖော်ပြကြသည်။ ပင်လယ်အနက်နှင့် စွမ်းအား ပြဿနာကြောင့် စထရီနာက နာဂါများ ထွက်သွားရန် လက်မခံခဲ့ပေ။
“အရှင်မင်းကြီး။ သူမသွားခင် ရတနာမြေပုံကို တောင်းသင့်တယ်။” လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် အယ်လောက ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။ ထိုရည်ရွယ်ချက်က ပုံမှန်မဟုတ်သည်မှာ သေချာပေသည်။
ထိုအခါ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောဘဲ ဟီဂယ်ကိုသာ ကြည့်လိုက်လေသည်။
“အယ်လော....” ဟီဂယ် နှာမှုတ်လိုက်ပြီး မျက်လုံးထဲ၌ အနီရောင် လက်ခနဲ ဖြစ်သွားကာ အယ်လောကို စိုက်ကြည့်လိုက်သည်။ “မင်းရဲ့စွမ်းအားက ငါ့ရဲ့စိတ်ဆန္ဒကို ကျော်လွန်နိုင်ပြီ ထင်တာလား။”
အယ်လောက ဟီဂယ်ကို တည့်တည့် မကြည့်ရဲဘဲ အလျင်အမြန် ခေါင်းညိတ်ကာ ပြောသည်။ “အရှင်မင်းကြီး။ ကျွန်တော်မျိုး အဲဒီလိုသဘောမျိုးပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့...”
“ကောင်းတယ်။ ဒါဆို မင်း သူတို့နဲ့ လိုက်သွား။” ဟီဂယ်၏မျက်လုံးထဲ၌ အေးစက်သော အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ လက်သွားခဲ့သည်။
အယ်လောက ခဏလောက် ရုန်းကန်ခဲ့သော်လည်း မရှင်းပြ၊ မခုခံခဲ့ပေ။ သူက ဦးညွှတ်လိုက်သည်။ “အမိန့်အတိုင်းပါ။”
ရေဒြပ်စင်ကောင်များက ချန်လွေ့နှင့် စထရီနာတို့ကို ပင်လယ်ရေမှော်နှစ်ခု ပေးသည်။ “ဒါက ဂယ်လီရောမှော်ပဲ။ ဒီကိုစားပြီးရင် ရေအောက်မှာ အသက်ရှူနိုင်တယ်။ ဒါက ၃နာရီအထိ ခံတယ်။ အချိန်ကို သေချာမှတ်ထား။”
“ဒါက ပင်လယ်ရေနက်ပဲ။ ရန်သူအပြင် ရေဖိအားကလည်း လျစ်လျူရှုလို့မရတဲ့ ရန်သူ တစ်ယောက်ပဲ။” စထရီနာက ချန်လွေ့က စေတနာနှင့် သတိပေးသည်။ “နာဂါမျိုးနွယ်စုနဲ့ အရိုးနဲ့ ကြွက်သားတွေက အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲနိုင်တယ်။ ကျွန်မတို့မှာ အတွင်းအပြင် ဖိအားကို မျှခြေညီနိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ ခန္ဓာကိုယ် ရှိပေမဲ့ ထိုအခြေအနေက အကြာကြီး မရှိနိုင်ဘူး။ သာမန်နတ်ဆိုးတွေရဲ့ ခန္ဓာကိုယ်က ဒီလိုမျိုး ပတ်ဝန်းကျင်မျိုးနဲ့ ပိုပြီးတော့ မသင့်တော်သေးတယ်။ ရှင် သတိထားရမယ်။ မခံတော့ဘူးဆိုရင် သင်္ဘောဆီပြန်ဖို့ နည်းလမ်းရှာထား။”
ငါက လူသား။ ‘နတ်ဆိုး’ မဟုတ်ဘူး။ ချန်လွေ့က စထရီနာအား စိတ်ထဲ၌ အမှန်ပြင်ပေးပြီး နားလည်ကြောင်းဖော်ပြရန် ခေါင်းညိတ်လိုက်သည်။ အုပ်စုတစ်ခုက တစ်လမ်းသွား မှော်လမ်းကြောင်းဖြစ်သော တိုက်ပွဲထွက်ပေါက်သို့ ရောက်လာကြသည်။ ဟီဂယ်၏ ဆန္ဒမပါလျှင် အပြင်မှ မည်သူမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ရေဒြပ်စင်ကောင်များက အရင်ဦးစွာ ခုန်ထွက်လိုက်သည်။ ထိုကဲ့သို့ ပင်လယ်ရေနက်က ရေဒြပ်စင်ကောင်များအပေါ်၌ သက်ရောက်မှု မရှိဆုံး ဖြစ်သည်။ ထိုနေရာက ရေဒြပ်စင်စွမ်းအားကို ထုတ်လွှတ်နိုင်သော အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေသည်။ ထို့နောက် စထရီနာက ခုန်ထွက်သွားသည်။ မြွေခန္ဓာက ရေထဲ၌ လှော်တပ်တစ်ခုကဲ့သို့ပင် ခန္ဓာကိုယ် လှုပ်ရှားမှုကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ တစ်ခါတရံ၌ ၎င်းက ချုပ်နှောင်ခြင်း စသဖြင့်လည်း ပြုလုပ်နိုင်သည်။
ချန်လွေ့က ရေဒြပ်စင်ကောင်များ ပေးခဲ့သော ဂယ်လီရေမှော်ကို စားလိုက်ရာ ပါးပေါ်၌ ထူးဆန်းသော အရာများ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့က တကယ့်ငါး တစ်ကောင်၏ ငါးဟပ်ကဲ့သို့ပင် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေ၏။
ချန်လွေ့က ရန်လိုမှုအပြည့် ဖြစ်နေသော လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် အယ်လောကို အသာလေး ကြည့်လိုက်ပြီး ထွက်ပေါ်မှ ခုန်ထွက်သွားခဲ့သည်။ ရေထဲသို့ ရောက်သည်နှင့် သူ ပထမဆုံး ခံစားရသည်မှာ ဖိအားအတော်များများအောက်၌ ရောက်နေပြီး လေ့ကျင့်ရေးကွင်းမှာကဲ့သို့ပင် မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ရေထဲ၌ အသက်ရှူ နိုင်နေသည်။
မှန်ပေသည်။ ၎င်းမှာ စူပါစနစ်၏ ပင်လယ်နက် လေ့ကျင့်ရေးကွင်း ဖြစ်သည်။ အမှန်တကယ်၌ ချန်လွေ့က ထိုပတ်ဝန်းကျင်မျိုးနှင့် အတော်လေး ရင်းနှီးနေပေသည်။
ရေကူးကာ တိုက်ခိုက်လာကြသော ရန်သူများမှာ ပင်လယ်နတ်ဆိုးသားရဲ အရိုးခြောက်များ ဖြစ်ကြောင်းကို အမှောင်နတ်ဘုရားသင်္ဘော၏ အလင်းရောင်မှ မြင်နိုင်ပေသည်။ ၎င်းတို့ အပေါ်၌ အစိမ်းရောင်ဖျော့ဖျော့လေးတစ်ခု ရှိနေလေသည်။ သူတို့တွေက တကယ် မသေမျိုး သတ္တဝါတွေပဲ။
[ သရုပ်ခွဲမျက်လုံး ] ၌ ထိုမသေမျိုးများထဲ၌ စွမ်းအားအနိမ့်ဆုံးမှာ မဟာနတ်ဆိုးဘုရင် ဖြစ်ပြီး အမြင့်ဆုံးမှာ နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း ဖြစ်သည်။ သို့သော်လည်း ထိုအချက်အလက်မှာ ထိုကဲ့သို့ ရေအောက်တိုက်ပွဲ၏ တကယ့်သက်ရောက်မှုကို မဆိုလိုပေ။ ရေငုပ်သင်္ဘော ပျက်စီးသွားသည်နှင့် သင်္ဘောပေါ်မှ ခရီးသည်များ မဆိုထားနှင့်၊ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော အမှောင်ဒြပ်စင်ဘုရင်သည်ပင် အသက်အန္တရာယ် စိုးရိမ်ရနိုင်သည်။
ရေအောက်ထဲ၌ စထရီနာပြသသော တိုက်ခိုက်ရေးစွမ်းအားက ရေခုခံမှုကြောင့် အတော်လေး လျော့ပါးနေပြီး အရှိန်လည်း ကန့်သတ်ခံထားရသည်။ မီးဂုဏ်သတ္တိရှိသော ဓားမောက်ရှည်များက စွမ်းအားအပြည့်အဝ မထုတ်နိုင်ခဲ့ပေ။ သို့သော်လည်း အမျိုးသမီး နာဂါစစ်သည်က တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသည်။ သူက ဓားမောက်ရှည်များ၏ ထက်မြက်မှုကို အသုံးချကာ ဧရာမ ပင်လယ်သားရဲတစ်ကောင်၏ ဦးခေါင်းကို သုံးလေးချက်ခုတ်ပြီး ပိုင်းဖြတ်နိုင်ခဲ့သည်။
သို့သော်လည်း လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် အယ်လောက ထိုနေရာ၌ အခြေအနေ မဟန်ပေ။ သူက မသေမျိုး ပင်လယ် သားရဲကို ကိုယ်တွယ်ရုံသာ ကိုင်တွယ်နိုင်သည်။ ရေဒြပ်စင်ကောင်များက “ရေထဲမှငါးများ”ကဲ့သို့ ဖြစ်နေသော်လည်း သူတို့၏စွမ်းအားက နိမ့်ပါးလှသည့်အတွက် ရန်သူ၏ တိုက်ခိုက်မှုများကို နှေးစေပြီး ခုခံရန်သာ မှော်ပညာ အသုံးပြု နိုင်ကြလေသည်။
ချန်လွေ့ ပင့်သက်ရှိုက်ပြီး ရေထဲ၌ အသက်ရှူရသော မယုံနိုင်စရာ ခံစားချက်ကို ခံစားလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားများကို စုစည်းလိုက်ရာ လက်သီးထဲ၌ လှိုင်းတွန့်များ စတင်ထွက်ပေါ်လာခဲ့သည်။
သူဝတ်ထားသော ဒဏ္ဍာရီလာ-ယောင် “မိုးခြိမ်းသံ”က မသေမျိုးများကို နှစ်ဆထိခိုက်မှု ဖြစ်စေနိုင်သည်။ ထို့ပြင် မိုးကြိုးဂုဏ်သတ္တိ တိုက်ခိုက်မှုလည်း ပြုလုပ်နိုင်ပြီး အမြန်နှုန်းကို ၅၀%ကျော် တိုးပေးနိုင်သည်ဖြစ်ရာ မသေမျိုးများကို တိုက်ခိုက်ရာ၌ ကွက်တိပင် ဖြစ်သည်။ ပင်လယ်ရေနက်က နာဂါကဲ့သို့ ပင်လယ်သတ္တဝါများ အပါအဝင် အခြားသူများအတွက် ကြမ်းတမ်းသော တိုက်ပွဲနေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ချန်လွေ့က ထိုအခြေအနေ၌ ရက်ပေါင်း၁၀၀ လေ့ကျင့်ရေး ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ထိုနေရာက သူ့အတွက် ပို၍ အရေးသာသည်။ ထိုပတ်ဝန်းကျင်၌ “ပဲ့တင်ထပ်စွမ်းအား”ကိုပင် သူ သဘောပေါက် သွားခဲ့သည်။ ထို့အပြင် ပင်လယ်ရေနက်မှ ရေဖိအားနှင့် ရေကူးပြောင်းခြင်းတို့က စွမ်းအားကို ကြီးကြီးမားမား တိုးစေနိုင်ပြီး ကုန်းမြေပေါ်၌ မရရှိနိုင်သော သက်ရောက်မှုတစ်ခုကို ထုတ်ပေးနိုင်လေသည်။
အမှောင်နတ်ဘုရားသင်္ဘောထဲ၌ ဟီဂယ်က အံ့အားသင့်နေသော မျက်လုံးနီနီဖြင့် သလင်းကျောက်စက်လုံးထဲ၌ ပုံရိပ်တစ်ခုကို စိုက်ကြည့်နေသည်။ ထိုပုံရိပ် လက်သီးပစ်ထိုးလိုက်ရာ မသေမျိုး ပင်လယ်သားရဲတစ်ကောင်က အပိုင်းပိုင်း ဖြစ်သွားသည်။ ထို့နောက် သူက နောက်ပြန်လှည့်ပြီး လက်သီးပစ်ထိုးလိုက်ရာ အမှောင်နတ်ဘုရားသင်္ဘောကို ဝင်တိုက်နေသည့် နောက်ထပ် မသေမျိုး ပင်လယ်သားရဲကို လွင့်ထွက်သွားစေပြီး လမ်းတစ်လျှောက်၌ ပူဖောင်းများ ကျန်ရစ်ခဲ့သည်။
ကုန်းမြေပေါ်၌ဆိုလျှင် အမှောင်ဒြပ်စင်ဘုရင်က ထိုကဲ့သို့ တိုက်ခိုက်ရေးစွမ်းအားကို စိတ်ထဲထည့်မည် မဟုတ်ပေ။ ပြဿနာမှာ ထိုနေရာသည် အလွန်အမင်း ဖိအားများသော ပင်လယ်ရေအောက်၌ ဖြစ်သည်။ သတိလက်လွတ်သည်နှင့် အပိုင်းပိုင်း ဖိခြေခံရနိုင်သော ပင်လယ်ရေနက် တစ်ခု ဖြစ်၏။
ဒီလိုတိုက်ခိုက်ရေးပညာရပ်မျိုး၊ ဒီလိုဖျက်ဆီးမှုစွမ်းအားမျိုး၊ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်တာမျိုးက... ဒါနဲ့ သူက အစွမ်းအထက်ဆုံးဖြစ်တဲ့ [ ယုံကြည်မှုချပ်ကာ ] စွမ်းအားကိုတောင် မသုံးရသေးဘူး။
“မင်းရဲ့သခင်က ပင်လယ်သတ္တဝါလား၊ နတ်ဆိုးလား။” အချိန်အတော်ကြာ ကြည့်ပြီးနောက် အမှောင်ဒြပ်စင်ဘုရင်က စကားတစ်ခွန်း ဆိုလိုက်သည်။ ပစ်မှတ်မှာ ပါးစပ်ထဲ၌ စားစရာများ ပြွတ်သိပ်ထည့်ကာ တိုက်ပွဲကို စိုးရိမ်စွာဖြင့် ကြည့်နေသော ဆရာသခင် ဒိုဒိုပင် ဖြစ်လေသည်။
ရုတ်တရက် ထွက်ပေါ်လာသော ထိုစကားက အကြောက်တရားကို စားမြိန်ခြင်း အဖြစ်သို့ ပြောင်းလဲလိုက်သော ချွဲကျိကောင်အား ထိတ်လန့်သွားစေသည်။ သူ၏ ဝါးနေဆဲဖြစ်သော ပါးစပ်ကြီးက ယခုတွင် ပျောက်ကွယ်သွား၏။ သူ၏ နားရွက်အသေးလေးနှစ်ဖက်နှင့် လက်များလည်း ပျောက်ကွယ်သွားကာ သလင်းကျောက်စက်လုံးထဲရှိ သခင်ဖြစ်သူအား စိုက်ကြည့်ဟန်ဆောင်နေသော ခရမ်းမီးတောက်နှလုံးသားမျက်မှန် ဝတ်ထားသည့် ကြက်သွန်နီတစ်ဥသာ ကျန်တော့သည်။
မကြားချင်ယောင်ဆောင်နေသော ချွဲကျိကောင်က မိမိသည် “ဘာပြောတာလဲ” ဟု မမေးရုံမှလွဲ၍ ဇိုလာပုံစံအတိုင်း ဖြစ်နေကြောင်း တွေးလိုက်မိသည်။ ထိုအပြုအမူက အမှောင်ဒြပ်စင်ဘုရင်က အလွန်ပင် မကျေမနပ် ဖြစ်သွားစေသည်။ သို့သော်လည်း သူ ဆက်မမေးခဲ့ပေ။
၂နာရီကြာပြီးနောက် မသေမျိုး ပင်လယ်သားရဲ၃၀ကျော်ကို ရှင်းပစ်နိုင်ခဲ့သည်။ ရေဒြပ်စင်ကောင် သုံးဦးကို စတေးခဲ့ရပြီး စထရီနာလည်း အနည်းငယ် ဒဏ်ရာရရှိသွားကာ လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် အယ်လောလည်း အပြင်းအထန် ဒဏ်ရာရသွား၏။ ချန်လွေ့ ဒဏ်ရာမရခဲ့သော်လည်း စွမ်းအားအတော်များများကို သုံးလိုက်ရ၍ အလွန်ပင် ပင်ပန်းနေလေသည်။
ချန်လွေ့ကို အယ်လော နောက်လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်သွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။ မသေမျိုးပင်လယ်သားရဲကို ခုခံခဲ့သော ထို“ရန်သူ”ကြောင့်သာ မဟုတ်လျှင် သူ ပြန်လာနိုင်မည် မဟုတ်ပေ။
ချန်လွေ့က ထိုအကြောင်းများကို အာရုံစိုက်မနေနိုင်ပေ။ ရေဒြပ်စင်ကောင် သုံးဦးမှာ သူ့နောက်လိုက်လာကြသော သင်္ဘောသာများ ဖြစ်ကြသည်။ သူက ခုနက တိုက်ပွဲတွင် အကောင်းဆုံး ကြိုးစားခဲ့သည်။ [ ကြယ်စင်စုပိုင်နက် ] အစွမ်းကို သုံးခဲ့ရုံသာမက ဆန်းကြယ်ကျောက်စိမ်းချပ်ကာ၏ တိုးမြှင့်သက်ရောက်မှုကိုလည်း အသက်သွင်းခဲ့သည်။ သို့သော်လည်း ကယ်ဆယ်ခြင်း နောက်ကျခြင်းကြောင့် ရေဒြပ်စင်ကောင်များ သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့် သူ၏စိတ်ထဲ၌ အလွန်ပင် ဝမ်းနည်းနေ၏။
ထိုအခြေအနေက စထရီနာနှင့် ကျန်ရှိသော ဒြပ်စင်ကောင်များအပေါ် သက်ရောက်မှု ရှိသွားခဲ့ပြီး အားလုံးစကားမပြောကြတော့ပေ။ ဟီဂယ်ကို ခေါင်ငုံ့နေသော အယ်လောကို တိတ်တိတ်လေး ကြည့်လိုက်သည်။ ယခုတစ်ခေါက်တွင် သူလည်း ထပ်မပြောတော့ပေ။
အမှောင်နတ်ဘုရားသင်္ဘောက တိတ်တိတ်ဆိတ်ဆိတ်နှင့် ဆက်လက် ရှေ့ဆက်သွား၏။ ခဏကြာပြီးနောက် ချွဲကျိကောင်၏မျက်နှာပေါ်မှ ခရမ်းမီးတောက်နှလုံးသားမျက်မှန်က ရုတ်တရက် အရောင်ဖျော့ဖျော့တစ်ခု တောက်ပလာလေသည်။
၎င်းကိုမြင်ပြီးနောက် ချန်လွေ့ အမြန်စဉ်းစားလိုက်ပြီး သိုလှောင်ဂိုဒေါင်ထဲမှ ရတနာမြေပုံကို ချက်ချင်း ထုတ်လိုက်သည်။ သူထုတ်လိုက်သည်နှင့် ၎င်းက စတင် အရောင်တောက် လာသည်ကို မြင်လိုက်ရလေသည်။
ထိုအချိန်တွင် အားလုံးကို ၎င်းကို အာရုံစိုက်နေလေသည်။ ရတနာမြေပုံ၏ လျို့ဝှက်ဆန်းကြယ်မှုကို နားမလည်ကြသော သူများပင် ခန့်မှန်းမိနိုင်၏။ ဆိုလိုသည်မှာ အမှောင်နတ်ဘုရားသင်္ဘောက ရတနာသိုက်တည်နေရာနှင့် အတော်လေး နီးကပ်နေခြင်းပင်။
ချန်လွေ့က ဒိုဒို-ခေါင်းစွပ်ကို ဝတ်ပြီး ရတနာမြေပုံကို အသေအချာ ကြည့်သည်။ ထို့နောက် အနီရောင်အစက်က သူ့ကိုယ်ကို ကိုယ်စားပြုကြောင်း သိရှိသွားပြီး လျို့ဝှက်ရတနာသိုက်ကို ကိုယ်စားပြုသော ရွှေရောင်အလင်းစက်ကနှင့် အတော်လေး နီးကပ်နေသည်ကို တွေ့ရှိသွားသည်။
အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာသိုက်က...တကယ်ပဲ ပင်လယ်အောက်မှာ ရှိနေတာလား။
ဒီဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာသင်္ဘောက တကယ်ကြီး မတော်တဆ ကံကောင်းနေတာပဲ။
“သတိထားပြီးတော့ ရှေ့ကို အရှိန်ကုန်သွား။” အမှောင်ဒြပ်စင်ဘုရင်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သော်လည်း သူ၏မျက်လုံးထဲမှ အနီရောင်အလင်းက အပူရှိန်အချို့ ပြသနေလေသည်။