အငြိုးဝိညာဉ်များ
Vol. 40 Ch. 615
နောက်ပိုင်းတွင် ချန်လွေ့နှင့် အခြားသူများက ပင်လယ်ရေအောက်၌ မသေမျိုးများကို ထပ်ပြီးထပ်ပြီး ကြုံတွေ့လာရသည်။ တစ်ခါတစ်ရံ၌ အမှောင်ဒြပ်စင်ဘုရင် ကိုယ်တိုင်ပင် တိုက်ခိုက်ရသည်။ အမှောင်နတ်ဘုရားသင်္ဘောက ပျက်စီးကိန်းနှင့် အတော်လေး နီးစပ်ခဲ့သော်လည်း နောက်ဆုံး၌ သူတို့က အန္တရာယ်များကို ကျော်လွှားနိုင်ခဲ့ကြလေသည်။
အန္တရာယ်များလာရခြင်းက ရှုထောင့်တစ်ဖက်မှကြည့်လျှင် အောင်မြင်ရန် ပိုမို နီးကပ်လာခြင်း ဖြစ်ကြောင်း အားလုံး၏ စိတ်ထဲ၌ သိကြ၏။
“အခု ကျုပ်တို့တွေ ရတနာနေရာသို့ အတော်လေး နီးကပ်နေပြီ။ နယ်မြေတစ်ခုရဲ့ နယ်စပ်ကို ရောက်တော့မယ်။ ဒီနယ်စပ်ကို ကျော်ဖြတ်ပြီးတာနဲ့ မြေပုံပေါ်မှာ ပြထားတဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်ပြီ။” ခရမ်းမီးတောက်နှလုံးသားမျက်မှန်ကို ဝတ်ဆင်ထားသော ချန်လွေ့က မြေပုံပေါ်မှ အမှတ်အသားများကိုကြည့်ပြီး ပြောလိုက်သည်။ သူက ယခုလက်ရှိတွင် ကုသရေးအခန်းထဲ၌ ရှိနေပြီး ယွမ်ဖြည့်တင်းသစ်ပင်နှင့် ဆေးရည်များ အသုံးပြုကာ ဒဏ်ရာရရှိသူများကို ကုသပေးနေသည်။ ဟီဂယ်ကလည်း အမှောင်ဇစ်မြစ်စွမ်းအားကို အသုံးပြုပြီး ဒဏ်ရာအပြင်းအထန် ရထားသော လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် အယ်လောကို ကုသပေးနေ၏။
ဟီဂယ် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ “ဇစ်မြစ်အပိုင်းအစနဲ့ ပတ်သက်ပြီးတော့ ငါ့ရဲ့ ဝေဝါးဝါးအာရုံခံက အတော်လေး မြင့်တက်လာတယ်။ ကြည့်ရတာ ဒီလမ်းကြောင်းက ငါတို့ရဲ့ ဘုံပန်းတိုင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့တွေ သတိလက်လွတ် နေလို့မရဘူး။ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ မသေမျိုးထိန်းချုပ်သူက အဲဒီမှာ ရှိနေနိုင်တယ်။”
ထိုအချိန်တွင် အမှောင်ဒြပ်စင်ကောင်တစ်ဦးက အလောတကြီးနှင့် သတင်းလာပို့သည်။ “အရှင်မင်းကြီး။ ထိန်းချုပ်ခန်းကို လာခဲ့ပေးပါ။ ကျွန်တော်တို့အရှေ့မှာ ရန်သူတွေ အများကြီး ရှိနေတယ်။”
ထိုသတင်းကိုကြားသည်နှင့် ဟီဂယ်က အခြားသူများကို ကုသရန် ဂရုမစိုက်နိုင်တော့ဘဲ ချန်လွေ့နှင့်အတူ ထိန်းချုပ်ခန်းသို့ ချက်ချင်းသွားလိုက်လေသည်။
ရှေ့မှ သလင်းကျောက်စက်လုံးသည် များပြားလှသော အနက်ရောင်ပုံရိပ်များကို ပြသနေသည်။ ယခင်တိုက်ပွဲများမှ ခန့်မှန်းချက်များအရ ရန်သူထောင်နှင့်ချီ ရှိနိုင်ပေသည်။ ၎င်းကိုကြည့်ရင်းနှင့်ပင် ချန်လွေ့ ကြက်သီးထသွား၏။ အမှောင်နတ်ဘုရားသင်္ဘော၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားဖြင့် အမှောင်ဒြပ်စင်ဘုရင်ကိုယ်တိုင် တိုက်ခိုက်လျှင်ပင် ထိုကဲ့သို့ ရန်သူအများအပြားကို ရှင်းပစ်နိုင်မည် မဟုတ်ပေ။
ဟီဂယ်၏မျက်လုံးထဲရှိ အနီရောင်အလင်း လက်ခနဲ ဖြစ်သွားပြီးနောက် မေးလိုက်သည်။ “ငါတို့က နယ်မြေတစ်ခုရဲ့ နယ်စပ်ကို ရောက်နေပြီလို့ မင်းပြောခဲ့တယ် မဟုတ်လား။”
ချန်လွေ့ ခေါင်းညိတ်သည်။ “ဟုတ်တယ်။ ဒါက ရတနာမြေပုံပေါ်က အမှတ်အသားပဲ။ ဒီနယ်မြေကို ဖြတ်သွားပြီးရင် နောက်ဆုံးပန်းတိုင်ကို ရောက်လောက်တယ်။”
“ဒီလိုဆိုမှတော့....” ဟီဂယ် ခေါင်းမော့လိုက်သည်။ “သင်္ဘောသားအကုန်လုံး အခုချက်ချင်း ထိန်းချူပ်ခန်းမှာ လာစုကြ။ ဒဏ်ရာရထားတဲ့သူတွေရော။”
ချန်လွေ့က ဘာမှ မမေးခဲ့ပေ။ သူက စထရီနာအား အမိန့်ပြန်ကြားပေးရန် ပြောလိုက်သည်။ အယ်လောကကလည်း အမှောင်ဒြပ်စင်ကောင်များကို အလျင်အမြန် စတင် ဆင့်ခေါ်တော့သည်။
ဟီဂယ်က တိုက်ခိုက်ရန် အမိန့်မပေးလိုက်ဘဲ အမှောင်ဒြပ်စင်ကောင်များကို သလင်းကျောက်စက်လုံး၄လုံး အရှေ့တွင် ရပ်ခိုင်းလိုက်သည်။ ခဏကြာပြီးနောက် သလင်းကျောက်စက်လုံး၄လုံးက ပဲ့တင်ရိုက်ခတ်မှုကဲ့သို့သော ထူးဆန်းသော အလင်းရောင်တစ်ခု စတင်တောက်ပလာသည်။ ပဲ့တင်တိုက်ခတ်မှု ဗဟိုချက်မှာ ဗဟို သလင်းကျောက်စက်လုံးရှိ အမှောင်ဒြပ်စင်ဘုရင် ဖြစ်၏။
ဟီဂယ်၏ခန္ဓာကိုယ်က အားကောင်းသော အမှောင်ဒြပ်စင်စွမ်းအားများဖြင့် လှိမ့်တက်လာသည်။ အလယ်မှ သလင်းကျောက်စက်လုံးရှိ “ဟိုလိုဂရမ်”အတိုင်းဆိုလျှင် အမှောင်နတ်ဘုရား သင်္ဘောတစ်စင်းလုံး အပြင်းအထန် တွန့်လိမ်နေသည်။ ပုံစံက လိပ်အသွင်မှ တဖြည်းဖြည်းနှင့် ငါးတစ်မျိုးမျိုးသို့ ပြောင်းလဲလာသည်။
အရှေ့မှ ရန်သူများ ချဉ်းကပ်ပြီး တိုက်ခိုက်လာကြသော်လည်း အမှောင်နတ်ဘုရား သင်္ဘောက လျစ်လျူရှုပြီး ဆက်လက် အသွင်ပြောင်းနေသည်။
“ဓားရှည်နှုတ်သီးငါးလား။” ချန်လွေ့က ပင်လယ်သေသို့ ရောက်ခါစ လူသစ်တစ်ယောက် မဟုတ်တော့ပေ။ တစ်ချက်ကြည့်ရုံဖြင့် ဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာ အသွင်ပြောင်း ဓားရှည်နှုတ်သီးငါးကို သိလိုက်သည်။ ၎င်းသည် အတော်လေး ရန်လိုသော ပင်လယ်သတ္တဝါ ဖြစ်ပြီး ချန်လွေ့၏မှတ်ဉာဏ်ထဲမှ ဆော်ရီငါးနှင့် အနည်းငယ် ဆင်တူသည်။ ထိုငါးမျိုးက ပင်လယ်သေ၏ အမဲလိုက်သူများ ဖြစ်ကြပြီး အလွန်လျင်မြန်စွာ ရွေ့လျားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က ဓားတစ်ချောင်းကဲ့သို့ ရှည်လျားပြီး ခေါင်းနှင့်ဆူးတောင်တွင် ထက်မြက်သော အရိုးဓားသွားများ ရှိနေသည်။ ထိုဓားများက သတ္တုကိုပင် အလွယ်တူ ဖြတ်တောက်နိုင်သည့် အက်စစ်ပြင်းအာနိသင်ရှိကာ အရှိန်မြန်ရွေ့လျားနေသည့် အသေးစား ချေဖျက်သည့်အရာ ဖြစ်ပေသည်။
ရန်သူများ၏ အဆက်မပြတ်တိုက်ခိုက်ခြင်းကို ခံနေရရင်း အမှောင်နတ်ဘုရားသင်္ဘောက နောက်ဆုံးတွင် ဆော်ရီငါးအဖြစ် အသွင်ပြောင်းခြင်း ပြီးဆုံးသွားခဲ့သည်။
ထို့နောက် အမှောင်ဒြပ်စင်ဘုရင်၏ မျက်လုံးထဲ၌ အနီရောင်အလင်း တောက်ပသွားပြီး အမိန့်ပေးလိုက်သည်။ “သေချာကိုင်ထားကြ။”
“ဆော်ရီ”ခန္ဓာကိုယ်က နေရောင်မရှိသော မှိန်ပျပျ ပင်လယ်ကြမ်းပြင်၌ တလက်လက် ဖြစ်နေသော မီးတောက်များနှင့် ဆင်တူသည့် အနက်ရောင်မီးတောက်များဖြင့် လောင်ကျွမ်း သွားလေသည်။ ထို့နောက် အမှောင်နတ်ဘုရားသင်္ဘောတစ်စင်းလုံးက ပစ်လွှတ်လိုက်သော မြှားတစ်စင်း ကဲ့သို့ပင် နားမလည်နိုင်သော အမြန်နိုင်ဖြင့် တဟုန်ထိုး ရွေ့လျားသွားတော့သည်။ နဂိုက ဖြည်းဖြည်းချင်းရွေ့လျားသော ရှုခင်းကြည့်သင်္ဘောက ရုတ်တရက် အနုမြူ-အင်အားသုံး အင်ဂျင်များ သုံးလိုက်သလိုမျိုးပင်။
ချန်လွေ့နှင့် အခြားသူများက သတိထားခဲ့ကြသော်လည်း ထိုမျှမြန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ အများအပြား ယိမ်းထိုးပြီး လဲကျသွားကြသည်။ ထို့နောက် အမှောင်ဒြပ်စင်ဘုရင်၏အော်သံ ထွက်ပေါ်လာသည်။ “အက်ဂ်ယော။ လမ်းပြ။”
ခန္ဓာကိုယ်ကို တည်ငြိမ်ရုံသာ လုပ်နိုင်ရုံ ရှိသေးသော ချန်လွေ့က အရေးကြီး အခြေအနေသို့ ရောက်နေကြောင်း သိသည်။ ထို့ကြောင့် သူက ရတနာမြေပုံက အမှတ်အသားများကိုကြည့်ပြီး အသံကျယ်ကျယ်နှင့် ပြန်ပြောလိုက်သည်။ “အရှေ့ဘက်ကို ၂၉ ဒီဂရီ...ပြီးရင် မြောက်ဘက်ကို ၁၂ ဒီဂရီ သွား....”
ဓားရှည်နှုတ်သီးငါးအဖြစ် အသွင်ပြောင်းထားသော အမှောင်နတ်ဘုရားသင်္ဘောက မသေမျိုးပင်လယ်သားရဲအုပ်စုကို ဓားထက်ထက် တစ်လက်ကဲ့သို့ပင် ဖြတ်တောက်သွားခဲ့၏။ နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်စေ၊ နတ်ဆိုးအရှင်သခင်အဆင့် ပင်လယ်သားရဲပင်ဖြစ်စေ၊ အနားမကပ်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်ကြောင် အပိုင်းပိုင်း ပြတ်ထွက်ကုန်လေသည်။
ထိုထက်မြက်လှသောဓားက ချန်လွေ့ပြောသောဘက်သို့ အရှိန်ဖြင့်သွားလိုက်ပြီး မသေမျိုး ပင်လယ်သားရဲထောင်နှင့်ချီ၏ ဝိုင်းရံမှုကို ဖောက်ထွက်သွား၏။ ၎င်းအနောက်တွင် အစိတ်စိတ် အမွှာမွှာဖြစ်နေသော အလွန်ကြီးမားသည့် အရိုးခြောက်များ ရှိနေလေသည်။
သို့သော်လည်း “ဆော်ရီ”၏ အမြန်နှုန်းက တဖြည်းဖြည်းနှင့် နှေးလာသောအခါ ဝန်ပိခြင်းကြောင့် သလင်းကျောက်စက်လုံး၄လုံးပေါ်တွင် အက်ကြောင်းအများအပြား ပေါ်ထွက်လာသည်။ အမှောင်ဒြပ်စင်ကောင်အများစု၏ ခန္ဓာကိုယ်များက ဖောက်ထွင်း မြင်လာရသည်။ အချို့က ဒဏ်ရာအပြင်းအထန် ရနေကြပြီး အားနည်းသူများက ချေမှုန်းခံလိုက်ရသည်။ အမှောင်ဒြပ်စင်ဘုရင်၏ခန္ဓာကိုယ်လည်း တုန်ခါနေပြီး အနက်ရောင် မီးခိုး အများအပြား ထွက်လာသည်။
ခုနက အတင်းဝင်တိုက်မှုအတွက် ပေးဆပ်ခဲ့ရသည်မှာ မနည်းလှသည်မှာ သေချာပေသည်။
ချန်လွေ့ အသာလေး စဉ်းစားလိုက်ပြီးနောက် သလင်းကျောက်စက်လုံး ဗဟိုတွင် ယွမ်ဖြည့်တင်းသစ်ပင်တစ်ပင် ပေါ်ထွက်လာသ်ည။ ၎င်းက အစိမ်းရောင်မြူပါးပေါးလေး ထုတ်ပေးပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ ပျောက်ကွယ်နေသော အမှောင်ဒြပ်စင်ကောင်များလည်း တဖြည်းဖြည်းနှေးကွေးသွားပြီး အမှောင်ဒြပ်စင်ဘုရင်၏ခန္ဓာကိုယ်မှ ထွက်လာနေသော အနက်ရောင်မီးခိုးများလည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
ဟီဂယ်က ချန်လွေ့ကို ကြည့်ပြီး ခေါင်းညိတ်သည်။ ထို့နောက် အမှောင်နတ်ဘုရား သင်္ဘောက တစ်ခုခုကို တိုက်မိသွားသကဲ့သို့ပင် အပြင်းအထန် တုန်ခါသွားပြီးနောက် ထပ်မံ ဖောက်ထွင်းသွားပြန်သည်။
အက်ကွဲနေသော သလင်းကျောက်စက်လုံး၌ အလင်းရောင်မှိန်နေ၏။ မှော်သလင်းကျောက် အလင်းရောင်များပင် အလုပ်မလုပ်တော့ပေ။
ခဏအကြာတွင် အမှောင်ထုက အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လူတိုင်းနီးပါးက အလေးချိန်မဲ့သွားသလို ခံစားလိုက်ရသည်။ အမှောင်နတ်ဘုရားသင်္ဘောက ရေဖော့အား ဆုံးရှုံးသွားပြီး အမြင့်တစ်နေရာမှ ကျသွားဟန်တူသည်။ ဟီဂယ်၏မျက်လုံးများ အနီရောင်လက်သွားပြီးနောက် ပြုတ်ကျနေသောအရှိန် အတော်လေး နှေးသွားခဲ့သည်။
ထိုကဲ့သို့ အခြေအနေမျိုး သုံးလေးနာရီကြာ ဆက်ဖြစ်နေခဲ့သည်။ ထိုနေရာက မည်မျှနက်ရှိုင်းကြောင်း မည်သူမှ မသိကြပေ။ အားလုံး အသားကျနေသောအခါ၌ သင်္ဘောက အောက်ခြေသို့ ကျသွားခဲ့သည်။
သလင်းကျောက်စက်လုံးက အနီးအနားရှိ အဖြူရောင်များကို ပြသနေသည်။ သို့သော်လည်း အသေးစိတ် မြင်ကွင်းကိုမူ မမြင်ရပေ။ ချန်လွေ့က ဟီဂယ်ဖွင့်လိုက်သော တိုက်ပွဲထွက်ပေါက်သို့ ရောက်လာသောအခါ ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။ အပြင်မှာ ခြောက်သွေ့တဲ့မြေပြင်နဲ့ အလင်းရောင် ရှိနေတယ်။ “ပင်လယ်ကြမ်းပြင်”မှာ ရေတွေ တကယ်ကြီး ရှိမနေဘူးပဲ။
မဟုတ်ဘူး။ အတိအကျပြောရရင် ရေက ကောင်းကင်ပေါ်မှ ဖြစ်မယ်။ ကောင်းကင်မှာ ရေလှိုင်းတွေကို မြင်နေရသည်။ ဒါက ပင်လယ်ရေနက်ရဲ့ အောက်ခြေနဲ့ သီးသန့်ခြားထားတဲ့ ဧရာမနေရာလွတ်တစ်ခုပဲ။ ကမ္ဘာမြေမှာဆိုရင် ဒီလိုမြင်ကွင်းကို စိတ်ကူးယဉ်ဝတ္ထုတွေမှာပဲ မြင်နိုင်တာ။ နတ်ဆိုးဘုံမှာတောင် စွမ်းအားကြီးကြီးမားမားမရှိရင် မလုပ်နိုင်ဘူး။
အဝေးမှ အဖြူရောင်မျှော်စင်ပုံစံ အဆောက်အအုံတစ်ခုကို ရေးရေးလေး မြင်နိုင်ပေသည်။ ၎င်းက အလင်းရောင်တစ်ခုလုံး၏ အရင်းအမြစ် ဖြစ်ဟန်တူသည်။
ထွက်ပေါက်သို့ ရောက်လာကြသော အမှောင်ဒြပ်စင်ဘုရင်၊ စထရီနာနှင့် အခြားသူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ကြသည်။ အားလုံးက စိတ်ထဲ၌ အတွေးတစ်ခု ရှိနေ၏။ အမှောင်နဂါးဧကရာဇ် ရတနာသိုက်။ ဒဏ္ဍာရီလာ အမှောင်နဂါးဧကရာဇ်ကပဲ ပင်လယ်ကြမ်းပြင်ပေါ်မှာ ဒီလိုထူးဆန်းတဲ ရတနာသိုက်ဖို့ တည်ဆောက်နိုင်တဲ့ စွမ်းရည် ရှိတယ်။
ခြောက်သွေ့နေသော ကုန်းမြေကို လေ့လာပြီးနောက် သင်္ဘောသားများက အမှောင်နတ်ဘုရားသင်္ဘောမှ လမ်းလျှောက်ထွက်သွားလိုက်ကြသည်။ ထိုအချိန်၌ အမှောင်နတ်ဘုရားသင်္ဘော၏ ဓားရှည်နှုတ်သီးငါး ပျက်စီးနေသည်ကို မြင်နိုင်ပေသည်။ ကြက်ခြေခတ် သလင်းကျောက်အခွံကလည်း မှိန်ပျနေပြီး အစိတ်အပိုင်းအများက အရည်ပျော်ခြင်းကြောင့် ပုံပျက်နေလေသည်။
ဟီဂယ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ လက်ထဲ၌ ဗဟို “ပုံရိပ်ဖော်” သလင်းကျောက်စက်လုံး ရှိနေသည်။
အမှောင်ဒြပ်စင်ဘုရင်က ထိုသင်္ဘောကို စွန့်ပစ်ချင်ကြောင်း မြင်သည့်အခါ ချန်လွေ့က မေးလိုက်သည်။ “အရှင်မင်းကြီးက အမှောင်နတ်ဘုရားသင်္ဘောကို ဒီမှာ ထားခဲ့မလို့လား။”
ဟီဂယ် ခေါင်းခါသည်။ “အမှောင်နတ်ဘုရားသင်္ဘောက အပြင်းထန် ပျက်စီးနေပြီ။ ပြန်ပြင်လို့ မရတော့ဘူး။ အမှောင်မိုးဖိုမှာ အမှောင်သလင်းကျောက်ဖွဲ့စည်းခြင်းနဲ့ အသစ်တစ်ခု ပြန်လုပ်တာ ပိုကောင်းတယ်။”
အမှောင်မီးဖိုတဲ့လား။ ချန်လွေ့က ထိုနာမည်နှင့် အတော်လေး ရင်းနှီးသော်လည်း ယခုတွင် အဖြေရှာရန် အချိန် မရှိပေ။ “အရှင်မင်းကြီး။ ဒါဆို....ကျုပ်ကို ဒီအစုတ် ပေးနိုင်မလား။”
“ဒီအမှောင်ဒြပ်စင်သလင်းကျောက်တွေက နတ်ဆိုးတွေအတွက် အတော်လေး ကြီးမားတဲ့ ကြွယ်ဝမှုတစ်ခု ဖြစ်လောက်တယ်။” ဟီဂယ်က ချန်လွေ့က အထင်သေးလျက် ကြည့်လိုက်သည်။ “လောဘကြီးပြီးတော့ ပေါ့တန်တဲ့ လူငယ်လေး။ မင်းက ဒီလောက် သေရေးရှင်ရေး တိုက်ပွဲတွေ အများကြီး ကြုံရပြီးတာတောင် တကယ့်ကြွယ်ဝမှုကို နားမလည်သေးဘူးလား။”
“မဟုတ်ဘူး။ မိစ္ဆာထောင်ခြောက်သင်္ဘောကို ဖန်တီးခဲ့တဲ့ ကျုပ်ရဲ့ ဆရာ တစ်ယောက်က....”
“မင်းရဲ့ ပေါက်ကရတွေကို နားထောင်ဖို့ အချိန် မရှိဘူး။ အဲဒီ ရတနာမြေပုံက အားလုံးကို ရှင်းပြဖို့ လုံလောက်တယ်။” ဟီဂယ်က အထင်သေးစွာဖြင့် ပြောလိုက်သည်။ “မင်းက လမ်းမှာ အမှောင်ဒြပ်စင်ကောင်တွေကို ကယ်တင်ခဲ့တယ်ဆိုတော့ မင်းကို ဒီစွန့်ပစ်ထားတဲ့ သင်္ဘော ပေးလိုက်မယ်။”
“ဒါဆိုလည်း ..... ကျုပ်ရဲ့ ပေါ့တန်တဲ့ ကျေးဇူးတင်မှုကို လက်ခံပေးပါ။” ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင် ဟန်လုပ်နေခြင်းကို အတော်လေး ပြောစရာစကားမဲ့သွားခဲ့သည်။ သူက ဟီဂယ် စိတ်ပြန်မပြောင်းရန်အတွက် ပြောလိုက်ခြင်း ဖြစ်၏။
ဒါဆိုလည်း ငါ ပေါ့တန်တဲ့သူ ဖြစ်လိူက်မယ်။ ငါက ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို ဟန်ဆောင်နေတဲ့ ကြောင်သူတော် ဆိုတာထက် ပိုက်ဆံနဲ့ တဏှာကို အလိုကြီးတဲ့ သာမန် အိုတာခုတစ်ယောက်လို့ အမြဲထင်တားခဲ့တာ။ အထူးသဖြင့် အခု ငါ့မှာ အင်ပါယာတစ်ခုနဲ့ ငါ့နောက်မှာ ကိုယ်ပိုင်အဖွဲ့တစ်ခု ရှိနေပြီ။ ရှေးဟောင်း လူမှုအဖွဲ့အစည်းကို ပြန်တည်ဆောက်တာ တစ်ခုတည်းက ပိုက်ဆံ အတော်လေး လိုအပ်တယ်။
ပိုက်ဆံက အကြွင်းမဲ့ မဟုတ်ပေမဲ့ ပိုက်ဆံမရှိရင် ဘာမှမဖြစ်နိုင်ဘူး။ ဒီစကားက နတ်ဆိုးဘုံမှာလည်း သုံးလို့ရတယ်။ အမှောင်နဂါးဧရာဇ်ရတနာသိုက်က အစ်ဇဘယ်လာကို ကယ်တာထက်စာရင် ဒုတိယဦးစားပေး ဖြစ်ပေမဲ့ ဒီကိုရောက်နေမှတော့ လွဲသွားလို့ မဖြစ်ဘူး။ ပြီးတော့လည်း အရေးအကြီးဆုံးဖြစ်တဲ့ ဇစ်မြစ်အပိုင်းအစက အထဲမှာ ရှိနေသေးတယ်။
အစုတ်နီးပါးဖြစ်နေသော အမှောင်နတ်ဘုရားသင်္ဘောကို ပေါ့တန်သောသူ လက်ခံပြီးနောက် သူတို့က မျှော်စင်ဖြူသို့ စတင်ချီတက်တော့သည်။
၎င်းက သိပ်ပြီးမဝေးသည်ဟုထင်ရသော်လည်း သူတို့ လမ်းလျှောက်သွားသောအခါ နေ့တစ်ဝက်နီးပါး လျှောက်ပြီးသည့်တိုင် အနည်းငယ်သာ နီးကပ်လာကြောင်း သိလိုက်ရသည်။
ချန်လွေ့က ရတနာမြေပုံနှင့် ခရမ်းမီးတောက်နှလုံးသားမျက်မှန်ကို ထုတ်လိုက်သည်။ ထိုပစ္စည်းနှစ်ခုကလည်း ရွှေရောင်ဖျော့ဖျော့ တောက်ပလာသည်။ မြေပုံပေါ်ရှိ ရွှေရောင်အစက်မှာ အသေချာပင် မျှော်စင်ဖြူ ဖြစ်သည်။ ရတနာမြေပုံနှင့် ခရမ်းမီးတောက်နှလုံးသားမျက်မှန်ကို ချန်လွေ့ ထုတ်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်လှိုင်းများ ရုတ်တရက် ပြောင်းလဲသွား၏။ အဝေးတွင် ထူးဆန်းသော လှိုင်းတွန့်အများအပြား ပေါ်ထွက်လာပြီး သူတို့ဘက်သို့ ပင်လယ်လှိုင်းများသဖွယ် အလျင်အမြန် ဆန့်တန်းလာနေသည်။
၎င်းကိုကြည့်လိုက်ရာ ချန်လွေ့၏အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ ဒါက လှိုင်း မဟုတ်ဘူး။ ပျံနေတဲ့ တစ္ဆေတွေပဲ။
တစ္ဆေတွေက အသက်ရှိတုန်းက စိတ်ဝိညာဉ်စွမ်းအား ကြီးမားခဲ့တဲ့သူတွေကို အသွင်ပြောင်းထားတဲ့ မသေမျိုးတွေပဲ။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို အတော်လေး ခုခံနိုင်တယ်။ ဒါပေမဲ့ အတော်လေး ရှားတယ်။ ဂူရာဒန်မှာတောင် တစ္ဆေတပ်သား တစ်ထောင်လောက်ပဲ ရှိတယ်။ ဒီတစ္ဆေတွေရဲ့ အရေအတွက်က မယုံနိုင်စရာပဲ။ လှိုင်းလိုမျိုး ချီတက်လာနေကြတယ်။ အကြမ်းအားဖြင့် မှန်းဆရမယ်ဆိုရင် အနည်းဆုံး ၁၀သိန်းလောက် ရှိမယ်။
ဒါက တကယ့် မသေမျိုးပင်လယ်ပဲ။ ဒါနဲ့ယှဉ်ရင် ဂူရာဒန်ရဲ့ မသေမျိုးစစ်တပ်က ပင်လယ်ထဲက ရေတစ်စက်လိုပဲ။ ဒီလိုရဖို့ သက်ရှိတွေ ဘယ်လောက်တောင် စတေးခဲ့ရမှာလဲ။
တစ္ဆေပင်လယ်က အရှေ့သို့ ချက်ချင်းရောက်လာပြီး ချန်လွေ့နှင့် အခြားသူများကို ဝိုင်းရံလိုက်သည်။ ကောင်းကင်တွင်လည်း ဖောက်ထွင်းမြင်ရသော မသေမျိုး ဝိညာဉ် သတ္တဝါများက ကြောက်မက်ဖွယ်ရာအသံများဖြင့် ပျံသန်းနေကြသည်။ ထိုအခြေအနေက အတော်လေး ကြောက်စရာကောင်းပြီး ကြက်သီးထစရာပင် ဖြစ်လေသည်။ [ အထိတ်တလန့် ] ကဲ့သို့မှော်ပညာမျိုးကိုပြီးသော အမှောင်ဒြပ်စင်ကောင်များပင် စိုးရိမ်သောအမူအရာများ ပြသနေကြသည်။
ဒိုဒိုက ဖောက်ထွင်းမြင်ရသော ချွဲကျိကောင်အဖြစ် ပြောင်းပြီး မြေပြင်ပေါ်၌ တုန်ခါနေကာ သူ့ကို ရန်သူ မတွေ့ရန်အတွက်သာ ဆုတောင်းနေလေသည်။
ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] က ရန်သူများ၏ သတင်းအချက်အလက်များနှင့် ပြည့်လျှံသွားခဲ့သည်။ သို့သော်လည်း ဖော်ပြလာသော “မျိုးနွယ်”က သူထင်ထားသကဲ့သို့ တစ္ဆေ ဟုတ်မနေခဲ့ပေ။
“အငြိုးဝိညာဉ်တွေလား။” ချန်လွေ့ လွှတ်ခနဲ ပြောလိုက်သည်။
“ဟုတ်တယ်။ အငြိုးဝိညာဉ်တွေ။” ဟီဂယ်၏မျက်လုံးများက လေးနက်နေခဲ့သည်။ “သူတို့က အကြောင်းတစ်ခုခုကြောင့် ငြိမ်းငြိမ်းချမ်းချမ်း အနားမယူနိုင်တဲ့ မသေမျိုးတွေပဲ။ နာကျင်မှုနဲ့ အမုန်းတရားက သတ်ဖို့ခက်ခဲတဲ့ စွမ်းအားတစ်ခုကို မွေးဖွားပေးခဲ့တယ်။ သူတို့ရဲ့စွမ်းအားက တစ္ဆေတွေထက် အများကြီး ပိုသာတယ်။ ဒီမှာ အကာအကွယ်လည်း မရှိဘူး။ အားလုံး စက်ဝိုင်းပုံစံ နေလိုက်ကြ။ အရင်ဆုံး စပြီးတော့ မတိုက်ခိုက်နဲ့။ သတိထား။”
ချန်လွေ့သည် အငြိုးဝိညာဉ်များကို ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အလျင်အမြန် မေးလိုက်သည်။ “သူတို့ကို ဘယ်လို ဖြေရှင်းရမလဲ။”
အမှောင်ဒြပ်စင်ဘုရင် နှာမှုတ်လိုက်သည်။ “ဒါတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းက အလင်းမှော်ပညာစုတ်နဲ့ပဲ။ အိုး...ဟုတ်သား။ မင်းရဲ့ ဓားစုတ်ကို ထုတ်လိုက်။”
အမှောင်ဒြပ်စင်ဘုရင်၏ စကားများကို ကြာသည့်အခါ ချန်လွေ့ အတော်လေး ပြောစရာ မဲ့သွားသည်။ ယခုတွင် ရန်သူ ရှိနေသည့်အတွက် ၎င်းကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူ၏ လက်ထဲ၌ မြောက်အဏ္ဏဝါဓား ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်း၏ ဝှက်ဖဲဖြစ်သော စွမ်းအင်စုစည်းခြင်း [ မူလသို့ပြန် ] က အလင်းဒြပ်စင်နှင့် ရေဒြပ်စင် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ မိုးခြိမ်းသံရဲ့ စွမ်းအားနဲ့ဆိုရင် ဒါက ဒီအငြိုးဝိညာဉ်တွေအပေါ်မှ သက်ရောက်မှု အတော်လေး ရှိနိုင်တယ်။ စထရီနာနဲ့ ဟီဂယ်တို့ အကူအညီ ပါရင်တောင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို မသုံးဘဲနဲ့ ငါ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။
ထိုအငြိုးဝိညာဉ်များက စထရီနာ ခံစားချက်တစ်ခု ပေးစွမ်းခဲ့သည်။ သူ၏ အစိမ်းရောင် မျက်လုံးများက ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် ရောယှက်သွားသည်။ ထို့နောက် မသိလိုက်ဘဲနှင့် ငိုမိသွားခဲ့၏။
“ဒီအငြိုးဝိညာဉ်တွေရဲ့ အနည်းဆုံး သုံးပုံတစ်ပုံက နာဂါဝိညာဉ်တွေပဲ။ ကျွန်မမှာ အယ်ဒီလိုင်းလိုမျိုး အာရုံခံစွမ်းအား မရှိပေမဲ့ ဝမ်းနည်းမှုနဲ့ နာကျင်မှုကို ကျွန်မ သေသေချာချာ ခံစားရတယ်။” စထရီနာက တုန်လှုပ်နေရင်း ချန်လွေ့၏ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ “ရှင့်မှာ တခြားသူတွေနဲ့ မတူတဲ့ စွမ်းအားတွေရှိတာ ကျွန်မ သိတယ်။ သူတို့ကို လွတ်မြောက်အောင် လုပ်ပေးပါ။ အဲဒါဆိုရင် ရှင်တောင်းဆိုတာ ဘာမဆို ကျွန်မ ကတိပေးနိုင်တယ်။”
“ကျုပ် အကောင်းဆုံး လုပ်ပေးမှာပါ။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံလိုက်သည်။ အမျိုးသမီးနာဂါစစ်သည်၏ နောက်ဆုံးစကားက သူ့ကို အနည်းငယ် ချွေးပျံသွားစေသည်။ ဒီအငြိုးဝိညာဉ်တွေကို ကူညီပေးဖို့ မပြောနဲ့။ ငါ့ကိုယ်ငါ ကာကွယ်ဖို့တောင် ပြဿနာ ဖြစ်နေတယ်။
ထိုအချိန်၌ ရှေ့မှ အငြိုးဝိညာဉ်များ ရုတ်တရက် ခွဲခွာသွားကြပြီး အနက်ရောင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ဝေဝါးသောပုံရိပ်က တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
“ဟီးဟီး။ မင်းက အငြိုးဝိညာဉ်တွေကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တဲ့ အမြင် ရှိတာပဲ။” ထိုပုံရိပ်က အေးစက်စက် အသံတစ်သံ ပြုလိုက်သည်။ “အမုန်းတရားမြေကနေ ကြိုဆိုပါတယ်။ အဝေးက ဧည့်သည်တော်တို့။ ငါ့ရဲ့ ကြိုဆိုဧည့်ခံပွဲကို ကျေနပ်ရဲ့လား။”