မိုးကြိုးအပစ်ခံရခြင်း
Vol. 126 Ch. 1757
ထာဝရတောက်ပခြင်းမြို့သို့ပြန်ပြီးနောက် ရှီမာယူယူသည် မြို့ဝန် အိမ်တော်သို့ မုရုန်ဟွေ့၏ ခေါ်သွားခြင်းကိုခံရလေသည်။ ကုန်းဇီယွမ်နှင့် ချောင်ချန်းအန်းတို့အကြားမှ ပြိုင်ပွဲရလဒ်ကိုတော့ သူမ မကြာခင်သိရလိမ့်မည်။
“မင်း မနက်ဖြန် လူငယ်ဖလှယ်ပွဲကို တက်ဖို့မလိုတော့ဘူး အိမ်မှာပဲ ကောင်းကောင်းနားလိုက်တော့” မုရုန်ဟွေ့ ပြောလေသည်။
“ကျေးဇူးတင်ပါတယ် အဖေ” ရှီမာယူယူ ပြုံးလိုက်သည်။
“တုံးအလိုက်တဲ့ကလေး အဖေ့ကို အဲလောက်ကြီးယဉ်ကျေးဖို့မလိုပါဘူး” မုရုန်ဟွေ့သည် လက်ဆန့်ထုတ်ကာ သူမ၏ ခေါင်းကိုပွတ်မည်ပြုလိုက်သော် လည်း လက်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားလေသည်။ အခြေအနေမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“ကျွန်မကို မုရုန်ရှီလို့ စဉ်းစားလိုက်လည်းရပါတယ်” ရှီမာယူယူ သူ့ကို ကြည့်လိုက်သည် “ဒီနေ့ အဖေ ဘာလို့ဒီလိုလုပ်ရလဲဆိုတာ ကျွန်မသိပါတယ်”
သူမသည် ထိုမျှလောက် တစ်ကိုယ်ကောင်းမဆန်ပေ။ သူမကို မသိသည့် လူတစ်ယောက်သည် သူမအတွက် မစွန့်စားစေလိုပေ။ သူမသည် သူ၏ သမီး ဖြစ်သူနှင့် တူသောကြောင့်ဖြစ်နိုင်သည်။ မဟုတ်လျှင် ဖြစ်နိုင်သည်မှာ သမီး ဖြစ်သူအပေါ်ထားသော ချစ်ခြင်းမေတ္တာကို သူမအပေါ်ထားလိုက်ချေပြီ။ မဟုတ်လျှင်လည်း သမီးဖြစ်သူနှင့် တူသောသူမကို ဒဏ်ရာမရစေလို၍ဖြစ်နိုင် သည်။
မုရုန်ဟွေ့သည်လည်း ရှက်ကိုးရှက်ကိုးဖြစ်နေသလိုပင်။ သူသည် အနားယူရန် ပြောပြီးနောက် ထွက်သွားလေသည်။
ရှီမာယူယူသည် သူ့ကို အနောက်မှကြည့်နေလိုက်သည်။ သူမသည် သက်ပြင်းချပြီးနောက် ခြံဝန်းဆီသို့ ပြန်လာလိုက်သည်။ ထင်စန်းနှင့် ထင်ရွှေ တို့ကို မည်သူမှမနှောင့်ယှက်စေရန် မှာထားခဲ့ပြီး ဝိညာဉ်စေတီအတွင်းသို့ ဝင် လာခဲ့သည်။
ဝိညာဉ်စေတီမှာ အရင်အတိုင်းပင်။ သူမသည် မီးခိုးရောင်နေရာကြီးကို ကြည့်ပြီး အနည်းငယ်စိတ်ဓာတ်ကျမိသည်။“”
“အဖေ သမီးကိုစောင့်နေပါ မကြာခင် အဖေ့ကိုထုတ်ပေးပါမယ်” သူမ ရေရွတ်လိုက်သည်။
သူမသည် ဝိညာဉ်စေတီအတွင်းတွင် အတန်ကြာအောင်နေပြီးနောက် ထွက်လာခဲ့လိုက်သည်။ ထင်စန်းနှင့် ထင်ရွှေတို့ကို သူမ ကျင့်ကြံမည်ဖြစ်၍ မည်သူမှ မနှောင့်ယှက်စေရန် မှာထားပြီးနောက် တံခါးပိတ်ကျင့်ကြံလေသည်။
သူမသည် မရဏာမိစ္ဆာသခင်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ နောက်ရက်အနည်းငယ်သာ ကြိုးစားလိုက်လျှင် အောင်မြင်နိုင်သည်။
သူမသည် အနက်ရောင်ပုတီးစေ့ထုတ်ပြီး ကြိမ်ပေါင်းများစွာ ဂရုတစိုက် ဆေးကြောသည်။ ထို့နောက် သူမ မျိုချလိုက်သည်။
“အာ…”
သူမ တစ်ကိုယ်လုံးမှာ လန်းဆန်းသွားသလို ခံစားရသည်။ သူမ၏ ချွေးပေါက်များအားလုံး ပွင့်သွားသကဲ့သို့ ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူလိုက်သလိုပင်။
“ဒါနဲ့ဆိုရင် တစ်ဝက်လောက် အားစိုက်ထုတ်ရင်တောင် ရလဒ်က နှစ်ဆ ရမှာသေချာတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါကို ဘယ်သူထားသွားလဲ တော့မသိဘူး ဘိုးဘေးကြီးက နှစ်တွေအများကြီး ပိတ်မိနေတာဆိုတော့ သူ မဖြစ်နိုင်ဘူး ဒါဆို ဘယ်သူလဲ”
အကြောင်းအရင်းမရှိ သူမကို ကောင်းပေးရသည်မှာ လွယ်ကူမည်မဟုတ် ပေ။
ထို့နောက် သူမသည် ကျောက်စိမ်းအိပ်ရာထုတ်ပြီး ထိုင်ကာ ကျင့်ကြံလေ သည်။
ကျောက်စိမ်းအိပ်ရာနှင့် အနက်ဝက်ပုတီးစေ့တို့၏ နှစ်ခုပေါင်း သက်ရောက်မှုတို့ကြောင့် သူမ၏ အရှိန်မှာ အလွန်မြန်လာသည်။ အစပိုင်းတွင် သူမ အဆင့်တက်ရန် နောက်ရက်ဆယ်ချီကြာဦးမည်ဟု ထင်ထားသည်။ သို့သော် တတိယမြောက်နေ့၌ပင် အဆင့်တက်သွားလေသည်။
ရုတ်တရက် သူမ မျက်လုံးပွင့်လာပြီး မျက်လုံးထဲတွင် အကူအညီမဲ့မှုများ ဖြတ်ပြေးသွားသည်။
“ငါက ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေပြီလေ ဒါကိုတော့ ရှောင်လွှဲလို့မရဘူး” သူမ သက်ပြင်းချပြီး ကျောက်စိမ်းအိပ်ရာပေါ်မှဆင်းကာ ထွက်လာသည်။
ထိုအချိန်တွင် မြို့ဝန်အိမ်တော်သည် ယောက်ယက်ခတ်နေသည်။ ထင်စန်းနှင့် ထင်ရွှေတို့သည် သူမ ထွက်လာသည်ကို မြင်သောအခါ သတိပေး လေသည် “သခင်မလေး ထွက်မလာနဲ့ ဒီမှာအန္တရာယ်များတယ်”
သူတို့နှစ်ယောက်သည် မိုးကြိုးလေထုအောက်တွင် နေရခက်နေသော် လည်း အပြင်တွင် စောင့်ကြပ်ဆဲဖြစ်သည်ကို ရှီမာယူယူ မြင်လိုက်သည်။ သူမ သူတို့ကို နှစ်သိမ့်ပေးလိုက်သည် “ကဲ ခဏနေ ငါ အဆင်ပြေမှာပါ ငါ အဖေ့ကို သွားရှာလိုက်ဦးမယ်”
မုရုန်ဟွေ့သည် လက်ထဲမှ ပေလိပ်ကို ဘေးတွင်ချလိုက်သည်။ ဘေးဒုက္ခ တိမ်တိုက်သည် မြို့ဝန်အိမ်တော်အထက်တွင် ပေါ်လာသည်။ ထိုကဲ့သို့သော ကိစ္စကြီးဆိုလျှင် မည်မျှပင် အရေးကြီးသည်ကိစ္စဖြစ်စေကာမူ ဘေးသို့ချထားရ မည်ပင်။
“သခင် ဘာလို့ ရုတ်တရက်ကြီး ဘေးဒုက္ခတိမ်တိုက်ပေါ်လာတာလဲ” ဘဏ္ဍာထိန်းသည် စိတ်ပူပန်လျက်ရှိသည်။ မိုးကြိုးသာပစ်ချလိုက်ရင် မြို့ဝန် အိမ်တော်က အဆုံးသတ်သွားမှာမဟုတ်ဘူးလား။
“အိမ်တော်ထဲမှာ ထူးဆန်းတာ တစ်ခုခုများရှိလားလို့ သွားစုံစမ်းလိုက်” မုရုန်ဟွေ့ အမိန့်ပေးလိုက်သည်။
“ဟုတ်”
“အဖေ စုံစမ်းဖို့မလိုပါဘူး” ရှီမာယူယူသည် အပြင်မှပြေးဝင်လာပြီး မုရုန်ဟွေ့၏ လက်ကိုဆုပ်ကိုင်လိုက်သည် “ကျွန်မကို မြို့အပြင်ကိုခေါ်သွားပေး ပါ”
“ရှီအာ အပြင်သွားချင်လို့လား ဒီတစ်ခေါက် မြို့အပြင်ထွက်လိုက်တာက ပိုဘေးကင်းမယ် သမီးကို အပြင်ကိုလိုက်ပို့ခိုင်းလိုက်မယ်” မုရုန်ဟွေ့ ပြောလေ သည်။
ဘေးဒုက္ခတိမ်တိုက်သည် မိုးပေါ်တွင် စုဝေးလျက်ရှိရာ ထာဝရတောက်ပ ခြင်းမြို့တော်တစ်ခုလုံးကို အုပ်မိုးလုနီးပါးပင်။ မြို့မှာ ခလောက်ဆန် ရှုပ်ထွေး နေလေပြီ။ ဤအချိန်တွင် သူသည် မြို့ဝန်တစ်ယောက်အနေနှင့် ထွက်သွား၍ မရေပေ။
“အဖေ ဒီဘေးဒုက္ခက ကျွန်မအတွက်လာတာပါ ကျွန်မထွက်သွားတာနဲ့ ထာဝရတောက်ပခြင်းမြို့က ဘေးကင်းပါလိမ့်မယ်” ရှီမာယူယူ ရှင်းပြလေ သည်။
“ဘာပြောလိုက်တယ်” မုရုန်ဟွေ့နှင့် ဘဏ္ဍာထိန်းတို့သည် အံ့ဩသွားကြ သည်။ ဘေးဒုက္ခက ဘယ်လိုလုပ် သူမအတွက် လာတာလဲ။
“အခု ရှင်းပြဖို့အချိန်မရှိဘူး ကျွန်မကို မြန်မြန်ခေါ်ထုတ်သွားပေးပါ နောက်မှ ထွက်ရင် အသုံးမဝင်ဘူး” ရှီမာယူယူသည် ပူပန်စွာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ဘေးဒုက္ခသည် လူကိုပိတ်ထားခြင်းမဟုတ်ပေ။ သူတို့ ကိုပိတ်လိုက်သည်နှင့် တစ်မြို့လုံးမှာ ထိုလူဟူ၍ မှတ်ယူနိုင်သည်။ ဤနေရာ ပျက်စီးသွားမည်ကို သူမ ကြောက်သည်။ ထိုနောက်ဆက်တွဲကို သူမ စိုးရိမ်၏။
မုရုန်ဟွေ့သည် စက္ကန့်ပိုင်းမျှစဉ်းစားပြီးနောက် သူမ လက်ကိုဆုပ်ကိုင် လိုက်သည်။ သူသည် လေဟာပြင်ဝင်ပေါက် ဖွင့်ပြီး သူမကိုခေါ်ထုတ်သွားလိုက် သည်။
သူမ ထာဝရတောက်ပခြင်းမြို့တော်မှ ပျောက်ကွယ်သွားသည်နှင့် ဘေးဒုက္ခတိမ်တိုက်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
မုရုန်ဟွေ့သည် သူမကို လူသူပြတ်လပ်သော စွန့်ပစ်တောင်ဆီသို့ ခေါ် သွားသည်။ ထိုနေရာတွင် မည်သည့်မရဏာသားရဲမှ ရှိမနေပေ။ သူမ ဤနေရာ တွင် ဘေးဒုက္ခကိုရင်ဆိုင်လျှင် တခြားသူများ အထိအခိုက်မရှိနိုင်ပေ။
“သမီး…”
“အဖေ နောက်မှ ရှင်းပြတော့မယ် အခုတော့ ဒီကနေ ထွက်သွားလိုက်ပါ” ရှီမာယူယူ တောင်းဆိုလိုက်သည်။
“ဒါပေမဲ့ သမီး ခံနိုင်ပါ့မလား” မုရုန်ဟွေ့သည် အနည်းငယ် စိုးရိမ်နေ သည်။
“စိတ်မပူပါနဲ့ ကျွန်မက မိုးကြိုးပစ်ခံရတာကို အသားကျနေပါပြီ တစ္ဆေ လောကကို ရောက်လာပြီးမှ အခုမှကြုံရတာပဲရှိတာ အဖေ မြန်မြန်သွားပါတော့”
မုရုန်ဟွေ့သည် သူမ၏ ယုံကြည်ချက်အပြည့်ရှိနေသော မျက်လုံးများနှင့် လေထဲတွင် စုဝေးလာသော ဘေးဒုက္ခတိမ်တိုက်များကို မြင်လိုက်သည်။ သူသည် အချိန်ဆွဲမနေတော့ဘဲ ဘေးဒုက္ခနယ်မြေဆီမှ ထွက်ခဲ့လိုက်သည်။
ရှီမာယူယူသည် သူထွက်သွားသည်အထိ စောင့်ပြီး ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ဖိနှိပ်ထားသည်ကို လျော့ချလိုက်သည်။ သူမသည် မရဏာမိစ္ဆာ သခင်အဆင့်သို့ စတင်ဝင်ရောက်တော့သည်။ သူမ အဆင့်တက်ပြီးနောက်တွင် လေထဲမှ ဘေးဒုက္ခသည် ပို၍အားကောင်းလာသည်။
မုရုန်ဟွေ့၏ နေရာမှာ ဘေးဒုက္ခကိုရှောင်နိုင်ရုံလောက်သာ ကွာဝေးကာ ရှီမာယူယူ၏ နေရာကိုမြင်နေရသည်။ သူမ အဆင့်တက်သွားပြီး အဆင့်တက်မှု ကြောင့် ဘေးဒုက္ခမှာ ပိုအားကောင်းသည်ကိုမြင်သောအခါ သူ့မျက်လုံးများတွင် ဝင်းကနဲဖြစ်သွားလေသည်။
“ဘုန်း….” ဝိညာဉ်စွမ်းအားသည် အဟန့်အတားကိုကျော်ဖြတ်ကာ လျင်မြန်စွာပင် သူမ၏ ခန္ဓာကိုယ်ကို ပတ်လေသည်။ အားလုံး ရှင်းလင်းသွား သောအခါ သူမ ထပ်မံထိန်းချုပ်နိုင်လိုက်သလိုပင်။
သို့သော် သူမ ဤသာယာသော ခံစားချက်ကို မခံစားရခင်မှာပင် ခေါင်းပေါ်တွင် ကြီးမားသောစွမ်းအားနှင့်တွေ့လေသည်။
ခရမ်းလေးသည် သူမ အဆင့်တက်ချိန်တွင် အတူပါလာသည်။ ကြောင်လေးသည် လေထဲတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။
ရှီမာယူယူသည် မတ်တတ်ရပ်ပြီး ခရမ်းရောင်လေးကို ဆွံ့အစွာ ကြည့် လိုက်သည်။ သူမသည် ကြောင်လေးကို ကောက်ယူပြီး ခေါင်းကိုပုတ်ပေးလိုက် သည် “ညီမလေး ဒီနေ့တော့ ငါ့သေရေးရှင်ရေးကို မင်းလက်ထဲပဲထည့်ထား လိုက်တော့မယ်”
“စိတ်မပူနဲ့ ငါ သေချာပေါက် ကာကွယ်မယ်” ခရမ်းရောင်လေးသည် လက်သည်းနှစ်ဖက်လုံးနှင့် ပုတ်လေသည်။
“ရွှမ်း…”
ဘေးဒုက္ခမိုးကြိုး ကျလာသည်။ ရှီမာယူယူ၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားပြီး မြေပေါ်သို့ အရှိန်ပြင်းစွာကျသွားလေသည်။
သူမသည် ကျသွားသည့်အချိန်မှပင် တုံ့ပြန်နိုင်သည်။ သူမ မိုးကြိုးပစ်ခံ လိုက်ရလေပြီ။
ဘာလဲ… အဲဒီကြောင်စုတ်က သူမကို ကာကွယ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ သူမက ဘာလို့မိုးကြိုးအပစ်ခံလိုက်ရတာလဲ။ မိုးကြိုးတစ်ချက် ကတောင် သူမကို လှုပ်မရအောင် လုပ်နိုင်စွမ်းသည်။
ခရမ်းလေးသည် သူမပေါ်သို့ ခုန်တက်လာသည် “စိတ်မပူနဲ့ မိုးကြိုး အပစ်ခံရတာကောင်းတာပဲ အခုကစပြီး မိုးကြိုးသုံးခုကို ကြံ့ကြံ့ခံထား”
“ဒါဆို မင်းငါ့ကို သတိပေး” ရှီမာယူယူ စိုက်ကြည့်လိုက်သည်။
ခရမ်းလေး မြောင်ဟုအသံပေးလေသည်။ ထိုအခိုက်တွင် မိုးကြိုး ထပ်ပစ် လာသည်။ ကြောင်လေးသည် ခုန်တက်သွားကာ လေထဲမှ မိုးကြိုးကို လုံးဝ တားလိုက်သည်။
အဝေးတစ်နေရာတွင် မုရုန်ဟွေ့သည် ရှီမာယူယူ မိုးကြိုးဒဏ်ကို မခံနိုင် သည်ကို မြင်နေရသဖြင့် စိတ်ပူနေသည်။ သို့သော် ကျန်မိုးကြိုးများကို ခရမ်း ရောင်ကြောင်လေးက ခံပေးနေသည်ကိုမြင်သောအခါ အလွန်ပင် အံ့အားသင့် သွားသည်။
***