← Chapters

ကြမ္မာတိုက်ပွဲ

Vol. 40 Ch. 617

ကြမ္မာတိုက်ပွဲ

Vol. 40 Ch. 617

“အရှင်မင်းကြီး ဟီဂယ်...” သေရွာပြန်ဘုရင်က အမှောင်ဒြပ်စင်ဘုရင်၏နာမည်ကို စာချုပ်မှ သိသွားပြီဖြစ်သည်။ ထို့နောက် သူက လက်ကိုဖြန့်လိုက်သည်။ “ခင်ဗျား အရင်ရွေးပါ။ ပထမဆုံး ကစားပွဲက အနိုင်ပြိုင်ပွဲလား။ အံ့မခန်းစစ်ပွဲလား။ မရဏကစားနည်းလား။ အိုး။ ပရင့်ဇ်။ နောက်ကျရင် အနီးအနားက ဧည့်သည်တွေကို စည်းမျဉ်းတွေ ရှင်းပြပေးလိုက်။ အထူးသဖြင့် “အက်ဂ်ယော”ကိုပေါ့။ ကစားပွဲစတာနဲ့ ကစားပွဲဧရိယာအပြင်က ပြောတာတွေ အကုန်လုံးကို ဘယ်သူမှ မကြားရတော့ဘူးလေ။”

“မှန်လှပါ။ အန္တိမအရှင်မင်းကြီး။” ပရင့်ဇ်က လေးလေးနက်နက် အရိုအသေပြုလိုက်၏။ သို့သော်လည်း ချန်လွေ့နှင့် အခြားသူများထံ ရောက်လာသောအခါ မောက်မာသော အမူအရာ ပြန်ဖြစ်သွားလေသည်။

“ဟမ့်...” ဟီဂယ်က ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ပထမပွဲကို အရိုးရှင်းဆုံးဖြစ်တဲ့ အနိုင်ပြိုင်ပွဲနဲ့ စတာပေါ့။ သုံးပွဲမှာ နှစ်ပွဲနိုင်ရင် အနိုင်။”

“ကောင်းပြီလေ။ စကြတာပေါ့။”

ထိုသို့ပြောပြီးသည်နှင့် ဖဲချပ်စားပွဲတစ်ခုလုံး အလင်းရောင် လက်ခနဲ ဖြစ်သွား၏။ သေခြင်းနတ်ဘုရား၏ ကောက်ရိတ်ဓားကို ဝှေ့ရမ်းလိုက်သောအခါ ဖဲချပ်များ လွင့်ထွက်ပြီး လှန်သွားသည်။ ထိုဖဲချပ်များ၌ ချပ်ကာ ဝတ်ထားသော ဗိုလ်ချုပ်များ၊ နတ်ဆိုးများ၊ သရဖူဆောင်းထားသော လူသားများနှင့် နေ၊လတို့အပြင် တောင်ဝှေးလည်း ပါဝင်နေပြီး စုစုပေါင်း ဖဲချပ် ဒါဇင်ခန့် ရှိနေသည်။

ဘေးဖက်မှ ပရင့်ဇ်က ကစားပွဲအကြောင်း စတင်ရှင်းပြသည်။ အနိုင်ပြိုင်ပွဲ၌ စုစုပေါင်း ဖဲချပ် ၆၄ချပ်ရှိပြီး အဓိကနှင့် ဆင့်ပွားဟူ၍ ခွဲခြားထားသည်။ အဓိကဖဲချပ်များ၌ အမိန့်နှင့် ဖရိုဖရဲ ဟူ၍ ပုံစံနှစ်ခု ရှိသည်။ ရွှေရောင်ဘုရင်၊ ငွေဘုရင်မ၊ ကျက်သရေမြင်းတပ်၊ ချန်ပီယံဓားသမားနှင့် လယ်သမားဟူ၍ အမိန့် အဓိကဖဲချပ်၅မျိုး ရှိသည်။ ဖရိုဖရဲ အဓိက ဖဲချပ်များ၌ အမှောင်ဘုရင်၊ တစ္ဆေကိုယ်လုပ်တော်၊ မှော်ပညာရှင်ဆိုး၊ နတ်ဆိုးစစ်သည်နှင့် နတ်ဆိုးအစေခံတို့ ပါဝင်ကြသည်။ ထိုကဲ့သို့ အမျိုးအစား ၁၀မျိုးပါဝင်သော အဓိက ဖဲချပ်၄မျိုး ရှိလေသည်။

အမိန့် ဆင့်ပွားဖဲချပ်များတွင် နေ၊ တောင်ဝှေး၊ ကြက်ခြေခတ်ဓား စသဖြင့် ပါဝင်ကြသည်။ ထို့အပြင် လ၊ အဆိပ်ဓားမြောင်၊ ဝတ်ရုံ စသည်တို့ကလည်း ဖရိုဖရဲ ဆင့်ပွားဖဲချပ်များထဲ၌ ပါဝင်နေသည်။ ကြားနေဖဲချပ်များ၌ ကြယ်၊ ကျောက်မျက်၊ သစ်သား၊ ဓာတ်သတ္တု နှင့် သလင်းကျောက်မီးအိမ်တို့ ပါဝင်ကြသည်။ တစ်မျိုးစီအတွက် တစ်ကတ် ပါဝင်၏။

အနိုင်ပြိုင်ပွဲ၏ စည်းမျဉ်းမှာ ၁၀စက္ကန့်အတွင်း အဓိကဖဲချပ် ၅ချပ်နှင့် ဆင့်ပွားဖဲချပ် ၁ကတ်တို့ကို ဆွဲနိုင်ရန် ဖြစ်သည်။ အကြီးဆုံး ကတ်ပုံစံကွက်ရှိသူက အနိုင်ရရှိပေမည်။

အကြီးဆုံးမှာ ဘုရင်၊ ဘုရင်မ၊ မြင်းတပ်၊ ဓားသမားနှင့် လယ်သမား ကဲ့သို့သော အမိန့် သို့မဟုတ် ဖရိုဖရဲ အစု ဖြစ်သည်။

နောက်တစ်မျိုးမှာ ပုံစံတူသော အမျိုးအစားတူ လေးမျိုး ဖဲချပ်များ ဖြစ်သည်။ ဥပမာ - ဘုရင်၄ချပ်နှင့်လယ်သမား၁ချပ်က လယ်သမား၄ချပ်၊ ဘုရင်၁ချပ်နှင့် အဆင့်တူမည် ဖြစ်သည်။

တတိယမှာ အမျိုးအစားတူ ဖဲချပ်သုံးချပ်နှင့် အစုအဖွဲ့တူ တစ်စုံတို့ ဖြစ်သည်။ ဥပမာ - မြင်းတပ်၃ချပ်နှင့် ဓားသမား၂ချပ်။

ထို့နောက် အစုအဖွဲ့တစ်ခုမှ အမျိုးအစားတူ ဖဲချပ်သုံးချပ်နှင့် နှစ်တွဲတို့လည်း ရှိသည်....

အနိမ့်ဆုံးမှာ အတွဲမရှိသော အစုအဖွဲ့ ဖြစ်၏။

ချန်လွေ့အတွက် ၎င်းသည် ကမ္ဘာမြေမှ Texas Hold’em နှင့် ဆင်တူသည်။ ဆက်တိုက်အပွင့်တူ၊ လေးမျိုးတစ်စု၊ အပွင့်တူ၊ ဆက်တိုက် စသဖြင့်။ သို့သော်လည်း စည်းမျဉ်းများမှာ အနည်းငယ် ကွာခြားပေသည်။ မည်သို့ပင် ဆိုစေကာမူ ပရင့်ဇ် ရှင်းပြသော ဆင့်ပွားဖဲချပ်များ၏ စည်းမျဉ်းများက အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။ အနိုင်ပြိုင်ပွဲ၌ ဆင့်ပွားဖဲချပ်က အရေးကြီးလှသည်။ အဓိကဖဲချပ်၏ ပုံစံကွက်က ဆင့်ပွားဖဲချပ်၏ အစုအဖွဲ့နှင့် လိုက်လျောညီထွေ ရှိရမည်။ သို့မဟုတ်ပါက တရားမဝင်ဖြစ်ပြီး တစ်ခါတည်း ရှုံးနိမ့်သွားမည် ဖြစ်သည်။

ဥပမာပြောရလျှင် ချန်လွေ့က အကြီးဆုံးဖြစ်သည့် ဘုရင်၊ ဘုရင်မ၊ မြင်းတပ်၊ ဓားသမားနှင့် လယ်သမားတို့ပါဝင်သော “ဆက်တိုက်အပွင့်တူ” အမိန့် အဓိကဖဲချပ်များ ရရှိခဲ့လျှင် ၎င်းတို့ကို အသုံးပြုနိုင်ရန်အတွက် ဆင့်ပွားဖဲချပ်များမှ နေ၊ တောင်ဝှေး၊ ကြက်ခြေခတ်ဓားတို့ကို ဆွဲ၍မည် ဖြစ်သည်။ အကယ်၍ လ နှင့် အဆိပ်ဓားမြောင် ကဲ့သို့သော ဖရိုဖရဲ ဆင့်ပွားဖဲချပ်များကို ဆွဲမိပါက ထိုဆက်တိုက်အပွင့်တူသည် တရားမဝင်တော့ပေ။ ပြိုင်ဘက်က အနိမ့်ဆုံးဖြစ်သည့် ဖဲချပ်အရောများကို ရသွားသည့်တိုင် အနိုင်ရရှိသွားပေမည်။

ထိုအချိန်တွင် ချန်လွေ့ဆွဲလိုက်သော ဆင့်ပွားဖဲချပ်က ကြားနေဖြစ်ခဲ့လျှင် တရားဝင်ဦးမည် ဖြစ်သည်။ သို့သော်လည်း ပို၍ ခန့်မှန်းရခက်သော အရာတစ်ခုခု ဖြစ်သွားပေမည်။ ကစားသမားများက အရွယ်အစားကို သတ်မှတ်ရန်အတွက် တစ်ယောက်စီ၏ ဖဲချပ်တစ်ချပ်ကို ဆွဲရမည် ဖြစ်သည်။ ထို့ကြောင့် ခုနက “ဆက်တိုက်အပွင့်တူ”သည် အသေးဆုံး ဖဲချပ်အရောများ ဖြစ်သွားပေမည်။

အစုအဖွဲ့အရော ဖဲချပ်ပုံစံကွက်၌ ထိုကဲ့သို့ ကန့်သတ်ချက် မရှိသော်လည်း ထိုဖဲချပ်က အနိမ့်ဆုံးအဆင့် ဖြစ်သည်။

ဖဲချပ်များကို စစ်ဆေးပြီးနောက် စကားပွဲ စတင်လေသည်။ ဖဲချပ်၆၂ချပ်ကို နောက်လှန်ပြီး အထူးအမြန်နှုန်းဖြင့် အလိုအလျောက် စတင်ရောနှောတော့သည်။ ချန်လွေ့၏မျက်လုံးကပင် ထိုအမြန်နှုန်းကို မလိုက်မီနိုင်ခဲ့ပေ။

ပရင့်ဇ်ပြောခဲ့သည်မှာ မှန်ပေသည်။ ထိုကဲ့သို့ မှော်ဖဲချပ် ကစားပွဲမှာ မရိုးရှင်းပေ။ အရည်အချင်းအပြင် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားလည်း နောက်ခံရှိရန် လိုအပ်သည်။ ဖဲရောနေစဉ်အဆင့်မှာပင် ဆုံးဖြတ်ချက်ချရန်အတွက် စိတ်ဝိညာဉ်စွမ်းအား အများအပြားကို အသုံးပြုရသည်။ ဆုံးဖြတ်ချက် တိကျလေလေ၊ အမှားနည်းလေလေ ဖြစ်ပြီး အနိုင်ရရှိနိုင်ချေ မြင့်မားလေလေ ဖြစ်သည်။ နှစ်ဖက်လုံးက ဖဲချပ်အတူတူ ရွေးချယ်မိခြင်းမှလွဲ၍ နှစ်ဖက်လုံးက ထိုအချိန်အတွင်း မြန်နှုန်းမြင့် အပြင်းအထန် ယှဉ်ပြိုင်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအားများ အသုံးပြုကြပေမည်။

မှန်ပေသည်။ ကံတရားကလည်း အရေးကြီးလှ၏။

ဖဲချပ် ၆၂ချပ်ကို ဖြန့်ကျက်လိုက်ပြန်သည်။ ဖဲချပ်အချို့ပေါ်ရှိ ပုံစံကွက်ပေါ်တွင် သေချာ မကြည့်မိပါက သတိမထားနိုင်သော ကြယ်တစ်ပွင့် စတင်ဖြစ်ပေါ်လာသည်။ ကြယ်ပွင့်ပါရှိသော ဖဲချပ်က ဆင့်ပွားဖဲချပ်ဖြစ်ပြီး ကျန်ဖဲချပ်များမှာ အဓိကဖဲချပ်များ ဖြစ်သည်။ ဖဲမရောခင်၌ ထိုကဲ့သို့ “အမှတ်အသား” မပေါ်လာခဲ့ပေ။

ခဏအကြာတွင် ဖဲချပ်များ အလျင်အမြန် စတင်ရွေ့လျားလာပြီး သူတို့၏စားပွဲပေါ်၌ ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စားပွဲအလယ်ရှိ ကျန်ရှိသော ဖဲချပ်များ လောင်ကျွမ်းသွားပြီးပျောက်ကွယ်သွားကာ သူတို့တစ်ဖက်စီ ရွေးချယ်ခဲ့ကြသော ဖဲချပ်၆ချပ်သာ ကျန်ရှိတော့သည်။

ဂလိုရီယိုစ်၏အသံ ထွက်ပေါ်လာသည်။ “အရှင်မင်းကြီး ဟီဂယ်။ ခင်ဗျားက ဧည့်သည် ဆိုတော့ ဖဲချပ် အရင်ပြရလိမ့်မယ်။”

စည်းမျဉ်းအရ နှစ်ဖက်လုံးက အဓိကဖဲချပ်များကို အရင်ပြသရပြီး နောက်တွင် ဆင့်ပွား ဖဲချပ်ကို ပြသရမည် ဖြစ်သည်။ ဟီဂယ်က စိတ်ဖြင့် စေစားလိုက်ရာ ဖဲချပ်၅ချပ် လှန်သွား၏။ အမှောင်ဘုရင် သုံးချပ်၊ တစ္ဆေကိုယ်လုပ်တော် တစ်ချပ်နှင့် မှော်ပညာရှင်ဆိုး တစ်ချပ်တို့ ဖြစ်ကြသည်။ အမျိုးအစားတူညီသော သုံးခု အစုအဖွဲ့ဖြစ်ကာ အတော်လေး မြင့်မားသော ဖဲချပ်ပုံစံကွက်တစ်ခု ဖြစ်သည်။

“ဟူး... ကြည့်ရတာ ကျုပ်ရဲ့ကံက အရှင်မင်းကြီးထက် ပိုဆိုးနေတဲ့ပုံပဲ။” ဂလိုရီယိုစ်က ဖဲချပ်များကို လှန်လိုက်သည်။ ၎င်းတို့မှာ ဖရိုဖရဲအစုအဖွဲ့ဖြစ်ပြီး နတ်ဆိုးစစ်သည် နှစ်ချပ်၊ နတ်ဆိုးအစေခံ နှစ်ချပ်နှင့် အမှောင်ဘုရင် တစ်ချပ်တို့ ဖြစ်ကြသည်။ အစုအဖွဲ့တူ နှစ်စုံက ဟီဂယ်က တစ်ဆင့်နိမ့်ပေသည်။

ထို့နောက် သူတို့က ဆင့်ပွားဖဲချပ်များကို လှန်လိုက်ကြသည်။ တစ်ခုမှာ “လ” ဖြစ်ပြီး နောက်တစ်ခုမှာ “ဝတ်ရုံ” ဖြစ်သည်။ နှစ်ဖက်လုံး၏ ဖဲချပ်ပုံစံကွက်များက တရားဝင်ကြသည်။ ထို့ကြောင့် ဟီဂယ်က ပထမပွဲတွင် အနိုင်ရရှိသွားလေသည်။ စားပွဲက ရွှေရောင်အလင်း စတင် တောက်ပလာသည်။ နှစ်ဖက်လုံးမှ ဖဲချပ်များ ပျောက်ကွယ်သွားပြီးနောက် မရဏရုပ်ထု အရှေ့တွင် ဖဲချပ်အထုပ်အသစ် ပေါ်ထွက်လာပြန်သည်။

“အရှင်မင်းကြီး ဟီဂယ်ရဲ့စွမ်းအားက တကယ့်ကို ထူးခြားတာပဲ။ အရှင်မင်းကြီးက ဒီအမှောင်ဘုရင်က အရင်ဆုံး ယူခဲ့တယ်။ မဟုတ်ရင် သရေပဲ ဖြစ်လောက်မှာ။ ဒါပေမဲ့... အခုက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ။ ဒုတိယအချီ စကြတာပေါ့။” ဂလိုရီယိုစ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ အရိုးခေါင်း ပြုံးနေသော မျက်နှာက ကြက်သီးထစရာ ကောင်းလှ၏။

ဒုတိယအချီတွင် ဂလိုရီယိုစ် ရထားသော ဖဲချပ်များမှာ ဘုရင်နှစ်ချပ်၊ ဘုရင်မတစ်ချပ်၊ မြင်းတပ်တစ်ချပ်နှင့် လယ်သမားတစ်ချပ်တို့ ဖြစ်ကြပြီး အစုအဖွဲ့တူမှ တစ်စုံ ဖြစ်သည်။ ဟီဂယ်၏ ဖဲချပ်များမှာ နတ်ဆိုးကိုယ်လုပ်တော်နှစ်ချပ်၊ မှော်ပညာရှင် တစ်ချပ်နှင့် နတ်ဆိုးအစေခံ နှစ်ချပ်တို့ ဖြစ်ကြသည်။ အစုအဖွဲ့တစ်ခုတည်းမှာ နှစ်စုံသည် ဂလိုရီယိုစ်ထက် ကြီးသော်လည်း ဆင့်ပွား ဖဲချပ်ကို လှန်လိုက်သောအခါ ဟီဂယ်၏မျက်လုံးထဲမှ အနီရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ၏ ဆင့်ပွားဖဲချပ်မှာ အမိန့်အစုအဖွဲ့မှာ “နေ” ဖြစ်နေသည်။ ထို့ကြောင့် တရားမဝင် ဖြစ်သွား၏။ ထိုစဉ် ဟီဂယ်၏ ဖဲချပ်က တောင်ဝှေးဖြစ်သည်။ ထို့ကြောင့် သူ၏ ဖဲချပ်ပုံစံကွက်က တရားဝင်လေသည်။

“ဟမ့်..” ဟီဂယ်က နှာမှုတ်လိုက်သည်။ သူ ဆုံးဖြတ်ချက်ချနေစဉ်အတွင်း ဂလိုရီယိုစ်၏ စိတ်ဝိညာဉ်စွမ်းအားကြောင့် ကြီးကြီးမားမား အနှောင့်အယှက် ဖြစ်သွားကာ ခြေလှမ်းတစ်လှမ်း မှားသွားပြီး အမှားတစ်ခု ပြုလုပ်မိသွားကာ သေစေနိုင်သော ဆင့်ပွားဖဲချပ်တစ်ခုကို ရွေးချယ်မိခဲ့ခြင်း ဖြစ်သည်။

သေရွာပြန်ဘုရင်က ကြက်သီးထစရာကောင်းအောင် ရယ်လိုက်သည်။ “အခုက အနိုင်တစ်ပွဲ၊ အရှုံးတစ်ပွဲဆိုတော့ သရေပေါ့။ နောက်တစ်ချီက စိတ်လှုပ်ရှားစရာ အကောင်းဆုံး အဆုံးအဖြတ်ပွဲပဲ။”

တတိယမြောက်အချီ စတင်လေပြီ။ ဖဲရောပြီးနောက် စားပွဲပေါ်ရှိ ဖဲချပ်အများအပြားက အမှန်တကယ်ပင် ဝေဝါးသွားခဲ့သည်။ ချန်လွေ့ သေချာ အာရုံစိုက်ကြည့်လိုက်ရာ ထိုဝေဝါးသော ခံစားချက်က နှစ်ဖက်အကြားမှ မြန်နှုန်းမြင့်ယှဉ်ပြိုင်မှုကြောင့် ဖြစ်နေကြောင်း သိလိုက်ရသည်။ အလျင်အမြန်ပင် ၁၀စက္ကန့် ကုန်ဆုံးသွားခဲ့သည်။ လူတိုင်း၏အာရုံက ဟီဂယ်နှင့် ဂလိုရီယိုစ်တို့၏ ဖဲချပ်၁၂ချပ်‌ပေါ်သို့ ရောက်ရှိနေ၏။

“ခင်ဗျားရဲ့ဖဲချပ်တွေကို အရင်ပြပါ။ အရှင်မင်းကြီး ဟီဂယ်။”

ဟီဂယ်အရှေ့မှ အဓိကဖဲချပ်ငါးချပ်ကို လှန်လိုက်သည်။ ၎င်းတို့မှာ ဘုရင်၊ ဘုရင်မ၊ မြင်းတပ်၊ ဓားသမားနှင့် လယ်သမားတို့ ဖြစ်ကြသည်။ အမိန့်အစုအဖွဲ့ အပြည့်အစုံဖြစ်ပြီး အကြီးမားဆုံး ဆက်တိုက်အပွင့်တူ ဖြစ်သည်။ ဆင့်ပွားဖဲချပ်က အမိန့်ဖဲချပ် ဖြစ်သည်နှင့် သေရွာပြန်ဘုရင်၏ နောက်ဆုံး တရားဝင်ဖဲချပ်က ဆက်တိုက်အပွင့်တူ မဖြစ်ခဲ့ပါက ဟီဂယ်သည် သေချာပေါက် အနိုင်ရပေမည်။ ယုတ်စွအဆုံး ထိုအချီတွင် ရှုံးနိမ့်မည် မဟုတ်ပေ။

ဂလိုရီယိုစ်က စဉ်းစားနေဟန်တူသည်။ အကယ်၍ အရိုးခြောက် မျက်နှာပေါ်တွင် အသားရှိမည်ဆိုလျှင် မျက်မှောင်ကြုတ်နေလောက်ပြီ ဖြစ်သည်။ သေရွာပြန်ဘုရင်က ဖဲချပ်များကို လှန်လိုက်၏။

အမှောင်ဘုရင် တစ်ချပ်၊ မှော်ပညာရှင်ဆိုး နှစ်ချပ်နှင့် နတ်ဆိုးအစေခံ နှစ်ချပ်တို့ ဖြစ်ကြသည်။ အစုအဖွဲ့တူမှ နှစ်တွဲ ဖြစ်၏။ မသေးလှသော်လည်း “ဆက်တိုက်အပွင့်တူ”အရှေ့၌ ကွယ်နေလေသည်။

နောက်တစ်ဆင့်မှာ အရေးအကြီးဆုံးဖြစ်သော ဆင့်ပွားဖဲချပ်အလှည့် ဖြစ်သည်။ ဟီဂယ်က ဂုဏ်ယူလျက် ပြုံးလိုက်သည်။ အားလုံး ပင့်သက်ရှိုက်နေစဉ် ဆင့်ပွားဖဲချပ်ကို တဖြည်းဖြည်း လှန်လိုက်သည်။ “ကြက်ခြေခတ်ဓား..”

အမှောင်ဒြပ်စင်ကောင်များ ဟစ်ကြွေးလိုက်ကြ၏။ ဖဲချပ်ပုံစံကွက်က တရားဝင်တယ်။ ငါတို့ဘုရင် နိုင်ပြီ။

“အမှောင်ဒြပ်စင်ဘုရင်ဆိုတဲ့အတိုင် ခင်ဗျားက ဖရိုဖရဲ ဖဲထုပ်ကို ရွေးခဲ့တယ်။ ဒါက မထင်မှတ်ထားတဲ့ နိုင်ပွဲတစ်ခုပဲ။” သွေရွာပြန်ဘုရင်က ထူးထူးဆန်းဆန်း ရယ်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျား တကယ် နိုင်မနိုင်ကို သိရဖို့အတွက် ဝှက်ဖဲကို စောင့်ရဦးမယ်လေ။”

ချန်လွေ့က မကောင်းသော နိမိတ်တစ်ခုကို ခံစားမိလိုက်သည်။ သူက လောင်းကစားဘုရင် နှင့် လောင်းကစားနတ်ဘုရား ကဲ့သို့သော ဇာတ်ကားအများအပြားကို ကြည့်ခဲ့ဖူးသည်။ အခြေခံအားဖြင့် နောက်ဆုံး ပွဲစဉ် နောက်ဆုံးအဆင့်၌ ဖဲချပ်များက ပထမဆုံး ပြသသူက ရှုံးနိမ့်သူများ ဖြစ်ကြလေသည်....

ဟီဂယ်က ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူ၏မျက်လုံးမှ အနီရောင်အလင်း ရုတ်တရက် ကျုံ့သွား၏။ သေရွာပြန်ဘုရင် ဆင့်ပွားဖဲချပ်ကို လှန်လိုက်သည်။ “ကြယ်ပွင့်..”

ကြားနေ ဆင့်ပွားဖဲချပ်....

ထို့နောက် နှစ်ဖက်လုံးက တစ်ချိန်တည်းတွင် တစ်ယောက်စီ၏ ဖဲချပ်တစ်ချပ်ကို ဆွဲယူရမည် ဖြစ်သည်။ လက်ရှိဖဲချပ်များအရ သေရွာပြန်ဘုရင်က ဖရိုဖရဲဖဲချပ် ဆွဲရမည်ဖြစ်ပြီး အမှောင်ဒြပ်စင်ဘုရင်က အမိန့်ဖဲချပ် ဆွဲရမည် ဖြစ်သည်။ သူတို့ ဆွဲပြီးသွားသည်နှင့် မည်သည့် ဖဲချပ်ကိုမဆို ဆွဲယူလိုက်လျှင် နှစ်ဖက်လုံးက အသေးဆုံးဖြစ်သည့် ရောနှောဖဲချပ်ပုံစံကွက် အဖြစ်သို့ ပြောင်းလဲသွားပေမည်။ သေရွာပြန်ဘုရင်၌ အနည်းဆုံး ဖဲချပ်တစ်စုံ ရှိနေ၏။ အချုပ်အားဖြင့်ဆိုရလျှင် ဟီဂယ် ရှုံးနိမ့်သွားလေပြီ။

အနီးအနားမှ ဟစ်ကြွေးသံများ ရုတ်တရက် ရပ်တန့်သွားပြီး သေရွာပြန်ဘုရင်၏ ကြက်သီးထစရာရယ်သံ ထွက်ပေါ်လာခဲ့သည်။ “အရှင်မင်းကြီးက အရင်တစ်ခေါက်လိုမျိုး အမှား မလုပ်တော့ဘူး။ ကျုပ်ရဲ့ စိတ်အနှောင့်အယှက်ကို ဟန့်တားခဲ့သလို အကြီးမားဆုံး ဖဲချပ် ပုံစံကွက်ကိုလည်း ရွေးယူခဲ့ပြီးတော့ ဒီလို ဆင့်ပွားဖဲချပ်မျိုးကို ရခဲ့တယ်။ ကံဆိုးချင်တော့ လောကကြီးက ခန့်မှန်းလို့ မရဘူး။ ဒီအနိုင်ပြိုင်ပွဲမှာ ကျုပ် အနိုင်ရတယ်။”

ဟီဂယ်၏မျက်လုံးများက အနီရောင် တောက်သွားပြန်ကာ တဖြည်းဖြည်းနှင့် သူ စိတ်ပြန်ငြိမ်သွားသည်။ “သိပ်ကောင်းတဲ့နည်းလမ်းပဲ။ ဒါပေမဲ့ တကယ့် အနိုင်ရရှိတဲ့သူက နောက်ဆုံးရယ်နိုင်တဲ့သူပဲ။ ဒုတိယ ကစားပွဲကို စကြတာပေါ့။ အံ့မခန်းစစ်ပွဲ။”

အံ့မခန်းစစ်ပွဲက မှော်ဖဲချပ်များကို ကစားရသော နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်သည်။ နှစ်ဖက်လုံးက အထပ်၅၀ အံ့မခန်း အဆောက်အအုံကို တည်ဆောက်ရပေမည်။ ဖဲချပ်များအား အဆောက်အအုံဆောက်ရန် အသုံးပြုနိုင်သလို တစ်ဖက်လူ၏ အဆောက်အအုံကိုလည်း ဖြိုချရန် အသုံးပြုနိုင်သည်။ အံ့မခန်းအဆောက်အအုံ၌ စုစုပေါင်း အလွှာ၁၀၀ ရှိလေသည်။

အဖြေကို ဆုံးဖြတ်ရန် သတ်မှတ်ချက်မှာ မည်သူ့၏ အံ့မခန်းအဆောက်အအုံ အရင်ဦးစွာ ဖျက်ဆီးခံရခြင်းနှင့် တည်ဆောက်ပြီးခြင်းတို့အပေါ်၌ ဖြစ်သည်။ အကယ်၍ နာရီဝက်အတွင်း အဖြေမပေါ်ခဲ့လျှင် အံ့မခန်းအဆောက်အအုံ အလွှာအမြင့်ဆုံးရှိသူက အနိုင်ရရှိပေမည်။

ဖဲချပ်အရေအတွက်မှာလည်း ၆၂ချပ်သာ မဟုတ်တော့ပေ။ တစ်ထုပ်ကို ဆွဲပြီးလျှင် မပြီးမချင်း ဖဲချပ်များ ပြန်ဝေမည် ဖြစ်သည်။

ထိုကဲ့သို့ ကစားပွဲမျိုး၌ တစ်ဖက်ချင်းစီက တစ်ချိန်တည်းတွင် ဖဲချပ် ငါးချပ် ရွေးယူရပေမည်။ တစ်ချီကစားပြီးနောက် သူတို့က နောက်ထပ် ပြန်ရွေးယူရမည် ဖြစ်သည်။ ဖဲချပ်များကို အသုံးပြုပြု မပြုပြု၊ သူတို့၏လက်ထဲ၌ ဖဲချပ်၅ချပ်ကို အမြဲဆောင်ထားရသည်။ အဓိကဖဲချပ်၏ အဓိကလုပ်ဆောင်ချက်မှာ အခြားတစ်ယောက်ကို ထိခိုက်စေရန် ဖြစ်သည်။ ဘုရင်တစ်ချပ်တည်းက အကြီးမားဆုံးဖြစ်ပြီး သုံးတွဲအစုံလည်း ရှိသည်။ ဖဲချပ်များလေလေ၊ ထိခိုက်မှု ပိုများလေလေပင်။ အထူးခြားဆုံးမှာ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် “ဗုံး” ဖြစ်လာနိုင်သော လေးမျိုးတစ်ခု ဖြစ်သည်။ သို့သော်လည်း ထို “ဗုံး”က အနည်းငယ် ထူးခြား၏။ ၎င်းက တစ်ဖက်လူ၏ အ‌ဆောက်အအုံ ၄လွှာကို ဖောက်ခွဲပစ်သည့်အပြင် မိမိ၏ အလွှာ၂လွှာကိုလည်း ဖျက်ဆီးနိုင်ပေသည်။ ထို့ကြောင့် ၎င်းကို သတိထား၍ အသုံးပြုရပေမည်။

ဆင့်ပွားဖဲချပ်များ၏ တာဝန်က တည်ဆောက်ရန် ဖြစ်သည်။ အစုအဖွဲ့တူ ဆင့်ပွား ဖဲချပ်များက မိမိ၏အဆောက်အအုံကို ၂လွှာ တိုးစေသည်။ အစုအဖွဲ့မတူလျှင် တစ်လွှာသာ တိုးစေသည်။ ကြားနေအစုအဖွဲ့က နှစ်ဖက်စလုံးကို အလွှာတစ်လွှာ တိုးစေမည် ဖြစ်သည်။ နေ၊ လ နှင့် ကြယ်တို့၏ သက်ရောက်မှုများလည်း နှစ်ဆတိုးသွားပေမည်။

၎င်းမှာ နောက်ဆုံးကစားပွဲလည်း ဖြစ်နိုင်ပေသည်။ ဟီဂယ်က တစ်ပွဲရှုံးနိမ့်ခဲ့ပြီ ဖြစ်သည့်အတွက် ထပ်မံရှုံးနိမ့်ခဲ့လျှင် လုံးဝ ရှုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် အမှောင်ဒြပ်စင်ဘုရင်က အသေအချာ အာရုံစိုက်နေခဲ့သည်။

ဟီဂယ်က ဖရိုဖရဲ အံ့မခန်း အဆောက်အအုံကို ရွေးချယ်ခဲ့သည်။ ဖရိုဖရဲအစု၏ တိုက်ခိုက်‌ရေး ဖဲချပ်များနှင့် အနိုင်ရရှိခဲ့လျှင် သူက ထိခိုက်မှုနှစ်ဆ ပြုလုပ်နိုင်ပေမည်။ သေရွာပြန်ဘုရင်က အမိန့် အံ့မခန်းအဆောက်အအုံကို ရွေးချယ်သည်။ ထို့နောက် ဖဲချပ် စားပွဲအပေါ်၌ သုံးဖက်မြင် အဆောက်အအုံများ ပေါ်ထွက်လာပြီး အချင်းချင်း မျက်နှာမူနေ၏။ တစ်ခုက အနက်ရောင်မြူဖျော့ဖျော့ ထုတ်လွှတ်နေပြီး အခြားတစ်ခုက ရွှေရောင်များ တောက်နေသည်။ အလုပ်သမားများကလည်းကလည်း အောက်ဘက်တွင် ဆောက်လုပ် နေကြပြီး ၎င်းဘေးတွင် နံပါတ်(၅၀) ရှိနေပြီး အတော်လေး ထင်ရှားနေ၏။

စီထားသော ဖဲချပ်များကို ဟီဂယ်နှင့် ဂလိုရီယိုစ်တို့ထံ အလိုလို ဖြန့်ဝေပေးလိုက်ပြီး ၅ချပ်အပြီးတွင် ရပ်သွား၏။ ဂလိုရီယိုစ်က နတ်ဆိုးစစ်သည်တစ်စုံကို ပစ်လွှတ်လိုက်ရာ စားပွဲအလယ်၌ အလင်းရောင် တဖျပ်ဖျပ် လက်သွားခဲ့သည်။ ရုတ်တရက်ပင် အလွန်ကြီးမားသော နတ်ဆိုးစစ်သည်နှစ်ဦး ပေါ်ထွက်လာကာ ကောက်ရိုက်တုတ်များကို ဝှေ့ရမ်းရင်း ဟိန်းဟောက်ကာ ဟီဂယ်၏ အံ့မခန်းအဆောက်အအုံထံ တစ်လှမ်းရင်း လျှောက်လာသည်။

ဟီဂယ်က လက်ထဲမှ ဖဲချပ်ကို ပစ်လွှတ်လိုက်သည်။ “စစ်မြေပြင်”၌ လှံများကိုင်ထားသော ချပ်ကာအပြည့်နှင့် မြင်းတပ်သားနှစ်ယောက် ပေါ်ထွက်လာကာ ငွေချပ်ကာဝတ်ထားသော စစ်မြင်းများဖြင့် နတ်ဆိုးစစ်သည်များထံ ချီတက်တော့သည်။

မြင်းတပ်သားများ၏ အင်အားကြီး ချီတက်မှုကြောင့် နတ်ဆိုးစစ်သည်များ အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။ ချီတက်မှု၏ အရိပ်က ဂလိုရီယိုစ်၏ အံ့မခန်းအဆောက်အအုံနားသို့ ရောက်သွားကာ တုန်ခါသွား၏။ အစုအဖွဲ့မတူသော ဖဲချပ်တစ်စုံကြောင့် ၄လွှာ လျော့သွားကာ ယခုတွင် “၄၆”လွှာ ဖြစ်သွားတော့သည်။

ထို့နောက် ဟီဂယ်က ဖဲချပ်တစ်ချပ်ကို ကစားလိုက်သည်။ သူ၏ အံ့မခန်း အဆောက်အအုံ အရှေ့၌ အနီရောင်ကျောက်မျက် ထည့်မြှုပ်ထားသော ရွှေရောင်တောင်ဝှေးတစ်ချောင်း ပေါ်ထွက်လာကာ အားကောင်းသော အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဆောက်လုပ်နေသော အမြန်နှန်ုး ချက်ချင်း တိုးမြင့်သွားကာ တစ်လွှာ ထပ်တိုးသွား၏။ ပြီးနောက် တောင်ဝှေးပျောက်ကွယ်သွားလေသည်။ တောင်ဝှေးက အမိန့် ဆင့်ပွားဖဲချပ် ဖြစ်သည့်အတွက် သူ၏ အံ့မခန်းအဆောက်အအုံကို တစ်လွှာသာ ထပ်ပေါင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဟီဂယ်က အကြီးမားဆုံး ဖဲတစ်ချပ်ဖြစ်သည့် အမှောင်ဘုရင်ကို အသုံးပြုလိုက်ကာ ဂလိုရီယိုစ်က လက်လျှော့ရန် ရွေးချယ်လိုက်တော့သည်။ အံ့မခန်းအဆောက်အအုံက ၅၁ : ၃၅ ဖြစ်သွား၏။

ဟီဂယ်၏လက်ထဲ၌ ဖဲတစ်ချပ်သာ ကျန်တော့သည်။ သူ့ကို ပြိုင်ဘက်ဖြစ်သူက ချုပ်တည်းလိုက်လျှင် သူ၏အဆောက်အအုံက လျော့သွားပေမည်။ ထို့ကြောင့် အမှောင်ဒြပ်စင်ဘုရင်က နောက်ထပ်ဖဲချပ်များကို မကစားတော့ပေ။ သူတို့နှစ်ယောက် လက်လျှော့လိုက်ပြီးနောက် ဖဲချပ်များကို စတင်ဆွဲပြန်သည်။ ဟီဂယ်က ၄ချပ်ဆွဲပြီး ဂလိုရီယိုစ်က ၂ချပ် ဆွဲသည်။ နှစ်ဖက်လုံးက လက်ထဲ၌ ဖဲချပ်၆ချပ် ရှိနေကြသေးသည်။ နောက်ထပ်တစ်ချီ စတင်လေပြီ။

မြင့်မြတ်ပြီး ခန့်ညားသော ရွှေရောင်ဘုရင်၊ ရဲတင်းပြီး သောင်းကြမ်းသော အမှောင်ဘုရင်၊ ကျက်သရေရှိပြီး လှပသော ငွေဘုရင်မ၊ ဆွဲဆောင်မှုရှိပြီး ရင်ကိုထိစေသော တစ္ဆေကိုယ်လုပ်တော်၊ မျှတပြီး မှန်ကန်သော မြင်းတပ်၊ ထူးဆန်းပြီး လှည့်ကွက်များသော မှော်ပညာရှင်ဆိုး.....

ထိုဖဲချပ်များ၏ရုပ်ပုံများက လူတိုင်းအရှေ့၌ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပြီး သူတို့က စတင်တိုက်ခိုက်ကြတော့သည်။ ပုံရိပ်နှင့် တိုက်ခိုက်သော သက်ရောက်မှုများက ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး ထိုနောက်ကွယ်တွင် ရက်စက်သော သေရေးရှင်ရေး လောင်းကြေးတစ်ခု ရှိနေလေသည်။

ကြမ်းတမ်းသော တိုက်ခိုက် ခံစစ်များကြောင့် နှစ်ဖက်လုံးရှိ အံ့မခန်းအဆောက်အအုံက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ နှစ်ဖက်လုံး၏ တိုက်ခိုက်မှုက အလွန်ပင် တိကျလှသည်။ တစ်ခါတစ်ရံ၌ အဆောက်အအုံတစ်ခုက ပျက်စီးတော့မလိုဖြစ်နေသော်လည်း ဆင့်ပွား ဖဲချပ်များကို အဆက်မပြတ် အသုံးပြုသွားပြီး အလွှာတိုးသွားကာ ပြိုင်ဘက်၏ အဆောက်အအုံက အန္တရာယ် ဖြစ်နေတော့သည်။

အပြန်အလှန် တိုက်ခိုက်မှုများ အပြီးတွင် တိုက်ပွဲအခြေအနေက စိတ်လှုပ်ရှားစရာ အကောင်းဆုံးအဆင့်သို့ ရောက်ရှိလာသည်။ ဟီဂယ်၏ အံ့မခန်း အဆောက်အအုံက အလွှာ၃လွှာသာ ကျန်ရှိပြီး ဂလိုရီယိုစ်၌ ၆လွှာ ရှိနေသေးသည်။ တစ်ယောက်စီ၏ လက်ထဲ၌ ဖဲ၃ချပ် ရှိနေသေးသည့်အတွက် ဂလိုရီယိုစ်က မှော်ပညာရှင်ဆိုး တစ်စုံကို ကစားခဲ့သည်။ ဟီဂယ်က ဘာမှ မလုပ်နိုင်သည့်အတွက် ၎င်းကိုကျော်ရန် ရွေးချယ်ခဲ့သည်။ နောက်ဆုံး တစ်လွှာသာ ကျန်တော့၏။

ဂလိုရီယိုစ်က ဟီဂယ်က သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ပေးရန်အတွက် မြင်းတပ် တစ်ချပ်ကို ကစားလိုက်သည်။ အ‌ရေးကြီးအခိုက်အတန့်၌ ဟီဂယ်က ဂလိုရီယိုစ်၏ အံ့မခန်း အဆောက်အအုံကို ၄လွှာအထိ ဖြတ်တောက်နိုင်သော အမှောင်ဘုရင်ကို ကစားခဲ့သည်။ ၎င်းက နောက်တစ်ချီ၌ သူ့ကို အရေးပါသော ပထမဆုံး ရွှေ့ကွက်တစ်ခု ပေးခဲ့သည်။

နောက်တစ်ချီ ဖဲချပ်ရွေးချယ်ရာ၌ ဟီဂယ်က ရလာဒ်ကို အဆုံးအဖြတ် ဖြစ်စေခဲ့သော တစ္ဆေကိုယ်လုပ်တော် ၃ချပ်နှင့် ကစားခဲ့သည်။ အစုအဖွဲ့တူ နှစ်ဆနှင့် သုံးထပ်ဖဲချပ်တို့က ထိခိုက်မှု၆ဆနှင့် ညီမျှ၏။ နောက်ဆုံး၌ သူက ဂလိုရီယို၏ အလွှာ၄လွှာကို အရေးကြီး အခိုက်အတန့်၌ တစ်ချက်တည်း ဖျက်ဆီးနိုင်ခဲ့ကာ ပြတ်သားသော နိုင်ပွဲကို ရရှိခဲ့လေသည်။

“အနိုင်ပြိုင်ပွဲ”၌ ဂလိုရီယိုစ် အနိုင်ရရှိခဲ့ပြီး “အံ့မခမန်းစစ်ပွဲ”၌ ဟီဂယ် အနိုင်ရခြင်းက နှစ်ဖက်စလုံးသည် စမှတ်သို့ ပြန်ရောက်သွားခြင်းနှင့် ညီမျှပေသည်။ နောက်ထပ် အရေးအကြီးဆုံး တတိယမြောက် မရဏကစားနည်း အပေါ်၌သာ မူတည်တော့၏။

All Chapters