တကယ့်အသက်သေတ္တာ
Vol. 40 Ch. 622
ချန်လွေ့ ပင့်သက်ရှိုက်လိုက်ရာ စွမ်းအား တိုးလာ၏။
သူ၏ မူလယုံကြည်မှု သလင်းကျောက်များကို အယ်ဒီလိုင်းအား ဝင်စီးရန် ပယ်ဖျက်ရာ၌ အသုံးပြုခဲ့သည့်အတွက် လက်ကျန်အရေအတွက်က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသက်သွင်းရန် မလုံလောက်တော့ပေ။ အပြင်ဘက်ရှိ အငြိုးဝိညာဉ်များကလည်း တိုင်းပြည်စွမ်းအား ဖိနှိပ်မှုကြောင့် အမှောင်ဆန်းကြယ် သံမဏိသရဲများကို အနိုင်မယူနိုင်ပေ။ အခြေအနေမှာ အသည်းအသန် ဖြစ်လာတော့သည်။
လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ကိုယ်ပွားအသက်သွင်းထားသော တိုင်းပြည်-ယောင် စွမ်းအားပင် ဖြစ်ပါစေ ဂလိုရီယိုစ် အပြတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
အနိုင်ရရှိရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကို အသက်သေတ္တာကို ဖျက်ဆီးရန် ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့ အရဲစွန့်လိုက်၏။
ချန်လွေ့၏မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ချက်ချင်းပင် မရဏနတ်ဘုရားများအနီးရှိ အငွေ့များအားလုံးက ဝေလငါးကြီးတစ်ယောက် ရေစုပ်သလိုမျိုးပင် ဝါးမျိုခံလိုက်ရလေသည်။ သို့သော်လည်း တိုင်းပြည်စွမ်းအားက ပိုင်နက်စွမ်းအားနှင့် လုံးဝ ကွဲပြားပေသည်။ အမုန်းတရားနယ်မြေတစ်ခုလုံးကို အုပ်မိုးနေသော တိုင်းပြည်စွမ်းအားအတွက် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးက ထိုနေရာအသေးလေးကိုသာ စုပ်ယူနိုင်သည်။ တိုင်းပြည်တစ်ခုလုံး၏ စိတ်ဝိညာဉ်စွမ်းအားကို မလှုပ်ခါနိုင်ခဲ့ပေ။ [ ကြယ်စင်စုပိုင်နက် ] ကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ်နှင့် မဟာမိတ်များကို ခွန်အားတိုးစေနိုင်သော်လည်း တိုင်းပြည်စွမ်းအား တစ်ခုလုံးကိုမူ အားမနည်းစေနိုင်ခဲ့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်က ဟီဂယ်အတွက် အချိန်ဆွဲထားနိုင်ခဲ့သည်။
အမှောင်ဒြပ်စင်ဘုရင်က ချန်လွေ့၏ ကြိုးစားအားထုတ်မှုကို အလကား မဖြစ်စေခဲ့ပေ။ သူက အငွေ့နက်အဖြစ်သို့ ပြောင်းလဲကာ အလျင်အမြန်ပင် ပြေးထွက်သွားသည်။ ထိုတိုက်ခိုက်မှု၏ ဦးတည်ဘက်က အမှန်တကယ်ပင် အမှောင်ဆန်းကြယ် သံမဏိသရဲများထံ ဖြစ်နေသည်။
အမှောင်ဒြပ်စင်ဘုရင် ထွက်ခွာသွားသည့်အတွက် နဂို အကာအကွယ် စွမ်းအားလည်း ပျောက်ကွယ်သွား၏။ ကျန်ရှိသောသူများက ရုတ်တရက် ဖိအားနှစ်ဆတိုးသွားသလို ခံစားလိုက်ရလေသည်။
ချန်လွေ့က ဆန်းကြယ်ကျောက်စိမ်းချပ်ကာကို အသက်သွင်းလိုက်သည်။ စထရီနာက တိုင်းပြည်စွမ်းအား ဖိနှိပ်မှုမှ လွတ်မြောက်သွားသည့်အခါ အကျိုးရှိဆုံး ဖြစ်နေသည်။ တချွင်ချွင် အသံများနှင့်အတူ နာဂါစစ်သည်မလေး၏ အစိမ်းရောင်မျက်လုံးများက ရုတ်တရက် ရွှေရောင်ပြောင်းသွား၏။ ဓားမောက်ရှည် ၆လက်ကလည်း အနီရောင် မီးတောက်များ လောင်ကျွမ်းသွားသည်။ ထို့နောက် ကြက်ခြေခတ်သဏ္ဌာန် ချီစွမ်းအင်က မီးတောက် မဟာဓား တစ်လက်အဖြစ် ပြောင်းလဲသွားကာ ဂလိုရီယိုစ်ထံ ခုတ်ပိုင်းလိုက်လေ၏။
လမ်းတစ်လျှောက်ရှိ “မရဏနတ်ဘုရားအငွေ့များ” ပြင်းထန်လှသော မီးသတ္တိ ချီစွမ်းအင်ကြောင့် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကာ အချိန်တစ်ခုအထိ မစုစည်းနိုင်တော့ပေ။
မီးတောက်မဟာဓားကို ရင်ဆိုင်ရသည်အခါ ဂလိုရီယိုစ်က လက်ချောင်းဖြူကို ဆန့်ထုတ်ပြီး ထိလိုက်သည်။ မဟာဓားက ချက်ချင်းပင် ထက်မြက်လှသော ချီစွမ်းအင်များအဖြစ် ပြိုကွဲကာ မြောက်မြားလှစွာသော မမြင်ရသည့် “လက်များ”ကြောင့် အားနည်းကာ ပျက်စီးသည်။ ထို့နောက် ချက်ချင်းပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော စထရီနာ၏ အားကုန် တိုက်ခိုက်မှုက အမှန်တကယ်ပင် လက်ညှိုးတစ်ချောင်းဖြင့် အလွယ်တကူ ချေမှုန်းခံလိုက်ရလေသည်။ နတ်ဆိုးအရှင်သခင်အဆင့်နှင့် တိုင်းပြည်ဖန်တီးပြီးသောပုဂ္ဂိုလ်တို့ ခြားနားချက်က ကြီးမား လွန်းလှသည်။ အမှောင်ဒြပ်စင်ဘုရင်၏ အထူး ဇစ်မြစ်စွမ်းအားကြောင့်သာ မဟုတ်လျှင် သူ ရှုံးနိမ့်သွားလောက်လေပြီ။
ထိုအချိန်၌ အမှောင်ဒြပ်စင်ဘုရင်က အမှောင်ဆန်းကြယ် သံမဏိသရဲ စစ်တပ်သို့ အမြန်ရောက်ရှိလာသည်။ အငွေ့နက်၏ လမ်းကြောင်း အခြေအနေအရ အရွယ်အစား ကြီးမားသည့် ခေါင်းဆောင်ထံ ဖြစ်ပုံရသည်။ ဒီခေါင်းဆောင်က ခုနကတည်းက မလှုပ်ရှားဘဲနဲ့ အမှောင်ဆန်းကြယ် သံမဏိသားရဲတွေကို တိုက်ခိုက်ဖို့ပဲ အမိန့်ပေးနေတယ်။ သာမန် လူသတ်စစ်တွေလို မဟုတ်ဘူး။ ဂလိုရီယိုစ်ရဲ့ လုပ်ရပ်တွေအရဆိုရင် အသက်သေတ္တာက အမှောင်ဆန်းကြယ် သံမဏိသရဲတွေထဲမှာ ဝှက်ထားရမယ်။
သေရွာပြန်ဘုရင်က အနည်းငယ် ကြောက်လန့်စွာဖြင့် အော်လိုက်သည်။ သူက စထရီနာ၏ တန်ပြန်တိုက်ခိုက်မှုကို လျစ်လျူရှုပြီး အရိုးတောင်ဝှေးကို ဝှေ့ရမ်းသည်။ မရေမတွက်နိုင်သော မရဏနတ်ဘုရားအငွေ့များက အငွေ့နက်နောက်သို့ လိုက်တော့သည်။ အမှောင်ဆန်းကြယ် သံမဏိသရဲ အရေအတွက် အများအပြားကလည်း ဧရာမခေါင်းဆောင်အရှေ့တွင် ပေါ်ထွက်လာကာ အမှောင်ဒြပ်စင်ဘုရင်ကို ဝိုင်းရံလိုက်သည်။
ဂလိုရီယိုစ်၏ တုံ့ပြန်မှုက အမှောင်ဒြပ်စင်ဘုရင်၏ ဆုံးဖြတ်ချက်ကို အတည်ပြုပေး ခဲ့သည်။ သူက အမှန်တကယ်ပင် လမ်းတစ်လျှောက်ရှိ အတားအဆီးများနှင့် တိုက်ခိုက်မှုများကို လုံးဝ လျစ်လျူရှုကာ အသည်းအသန် ရောက်လာခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူက တိုက်ခိုက်မှု အများအပြားကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် ဧရာမခေါင်းဆောင်အရှေ့သို့ ရောက်ရှိလာသည်။
အငွေ့နက်က ရုတ်တရက် ရပ်တန့်သွား၏။ ဟီဂယ်၏ အလန့်တကြားအသံ ထွက်လာသည်။ “နေဦး။ ဒါက တမင် လုပ်ကြံထားတဲ့ ဝိညာဉ်အငွေ့အသက် တစ်ပိုင်းတစ်ပဲ။ ငါ အရူးလုပ်ခံလိုက်ရပြီ။”
ထိုသို့ပြောပြီးနောက် သူက အမှောင်ဆန်းကြယ် သံမဏိသရဲများ၏ ဝိုင်းရံမှုကို ခံလိုက်ရလေသည်။ သေရွာပြန်ဘုရင်က ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “တော်လိုက်တာ။ ငါ့ရဲ့ အသက်သေတ္တာကို လွယ်လွယ်နဲ့တွေ့မယ် ထင်နေတာလား။”
“ဂလိုရီယိုစ်။ သတိထား။” ချန်လွေ့၏ပုံရိပ်က ဂလိုရီယိုစ်အရှေ့တွင် ပေါ်ထွက်လာသည်။ အလွန်ကြီးမားသော အလင်းစက်လုံးများလည်း ပျံသန်းလာ၏။
“ပုရွက်ဆိတ်လေးတွေပါပဲ။” တိုက်ခိုက်ခြင်းက ဖဲချပ်ကစားပွဲ မဟုတ်ပေ။ ဂလိုရီယိုစ်က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသာ ရှိသေးသော ချန်လွေ့ကို အာရုံမထားခဲ့ပေ။
ဝိညာဉ်ခွဲထုတ်ခြင်းကြောင့် သေရွာပြန်ဘုရင်က ထိုပုရွက်ကို အရိုးထိအောင် မုန်းတီးနေသည်။ သူက စိတ်ကို စေစားလိုက်သည်နှင့် နေရာလွတ်ထဲ၌ မရေမတွက်နိုင်သော တွန့်ရှုံ့မှုများနှင့် ပြတ်တောက်မှုများ ပေါ်ထွက်လာသည်။ [ အရုဏ်ဦးပစ်ချက် ] များကလည်း ပြတ်ထွက်သွားကြပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွား၏။ ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲဒဏ်ကြောင့် အတင်းပြေးဝင်လာသော ချန်လွေ့ကို တစ်ကိုယ်လုံး အပိုင်းပိုင်း ဖြစ်သွားစေသည်။ အတိအကျပြောရလျှင် မရေမတွက်နိုင်သော နတ်ဆိုးယင်ကောင်များအဖြစ်ပင် ဖြစ်လေ၏။
တစ်ချိန်တည်းမှာပင် ဂလိုရီယိုစ်အရှေ့တွင် တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသည်။
၎င်းမှာ ပုလင်းအများအပြား ပါဝင်သော အထုတ်တစ်ထုတ် ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အတွင်းထဲရှိ အရည်များက လွင့်စင်ထွက်ကုန်ကြလေသည်။
ပေါက်ကွဲမှုစွမ်းအားက အတော်လေး မယုံကြည်နိုင်စရာ ကောင်းလှသည်။ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်သည်ပင် လျှော့တွက်၍ မရနိုင်ပေ။ သို့သော်လည်း ထိုကဲ့သို့ ထိခိုက်မှုများက တိုင်းပြည်ဖန်တီးနိုင်သော စွမ်းအားရှိသူအတွက် ဘာမျှ မဟုတ်ပေ။ ခုနက စထရီနာ၏ တိုက်ခိုက်မှုကိုပင် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော်လည်း မယုံနိုင်စရာ ကောင်းသည်မှာ ထိုပေါက်ကွဲမှုက ဂလိုရီယိုစ်အား ဝိညာဉ်ခွဲထုတ်ခံလိုက်ရကဲ့သို့ပင် အော်ဟစ်စေနိုင်ခဲ့ခြင်း ဖြစ်လေသည်။ နာကျင်မှုကို ဟန်ဆောင်၍ မရနိုင်ပေ။
ပေါက်ကွဲမှု၏ ဗဟိုချက်မှာ ဇိုလာ၏ ဇီရေးကို အတုခိုးထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုပေါက်ကွဲမှုက ထိုတိုက်ခိုက်မှုအတွက် အကူအညီ တစ်ခုသာ ဖြစ်လေသည်။ အရေးအကြီးဆုံးမှာ အနက်ရောင်အရည်များ ပေါက်ထွက်သွားခြင်းပင်။
၎င်းတို့မှာ မဟာဆရာသခင်အဆင့် ဆေးရည်မည်းများဖြစ်ကြသော ပြန်လည်ရှင်သန်ခြင်း ဆေးရည်များပင် ဖြစ်လေသည်။
မသေမျိုးတစ်ယောက်အတွက် မဟာဆရာသခင်အဆင့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်က မည်သည့် အဆိပ်မဆိုထက် ပိုမိုကြောက်စရာကောင်းပေသည်။ ထိုကဲ့သို့ “ဆာလဖျူရစ်အက်စစ်”မျိုးကို ချန်လွေ့ အသုံးပြုသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အသံတိတ်ညစိမ့်မြေ၌ ပါ့ဂ်လီအို၏ ရတနာသိုက်ကို ရှာခဲ့စဉ်က အလောင်အောက်လမ်းပညာရှင် ဂူရာဒန်အပေါ်၌လည်း ပြန်လည်ရှင်သန်ခြင်းဆေးရည်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို စမ်းသပ်ခဲ့ပြီးပြီ ဖြစ်သည်။
ဂလိုရီယိုစ်က စွမ်းအားကြီးလှသဖြင့် ယခုတစ်ခေါက်မှာ ပြန်လည်ရှင်သန်ခြင်း ဆေးရည် တစ်မျိုးထက် ပိုလေသည်။ ပြောရမည်ဆိုလျှင် ၎င်းမှာ နတ်ဆိုးဘုံ၌ အလွန်ကဲဆုံး ဗုံးတစ်မျိုး ဖြစ်လေ၏။ နတ်ဆိုးဘုံ၌ ပျောက်ကွယ်နေခဲ့သော ထိုအဆင့်မြင့်ဆေးရည်များကို ထိုသို့ ဖြုန်းတီးနေကြောင်း ဆေးရည်ဆရာသခင်များ သိသွားပါက သေချာပေါက် ဝမ်းနည်းပက်လက် ဖြစ်သွားကြပေမည်။
ပုရွက်ဆိတ်ကဲ့သို့ ရန်သူတွင် ထိုကဲ့သို့ ကြီးမားသော အကွက်ရှိလိမ့်မည်ဟု ဂလိုရီယိုစ် လုံးဝ မထင်ထားခဲ့ပေ။ ပေါက်ကွဲမှု အဝန်းအဝိုင်းရှိ မရဏနတ်ဘုရားများကလည်း တရှဲရှဲ အသံမြည်ကာ ပျောက်ကွယ်သွားလေသည်။ ဂလိုရီယိုစ်၏ ခန္ဓာကိုယ်ကလည်း မရေမတွက်နိုင်သော “ကျည်ဆန်ရာများ” ပြည့်နေသည်။ မသေမျိုးစွမ်းအားကို စုစည်းထားသော ရွှေရောင်မှော်ဝတ်ရုံကလည်း စုတ်ပြတ်သတ်နေတော့သည်။
အပေါ်ယံ ထိခိုက်မှုက ကိစ္စမရှိပေ။ ကိုယ်ပွားနှင့် ချိတ်ဆက်ထားသော ဝိညာဉ်က ထိခိုက်မှု အပြင်းအထန် ဖြစ်သွားခဲ့လေသည်။
ဂလိုရီယိုစ်က ချန်လွေ့ လက်ထဲ၌ တစ်ခါတည်း နှစ်ကြိမ် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့လေသည်။ သူက ချန်လွေ့အား လုံးဝ မုန်းတီးနေ၏။ သူက နာကျင်မှုကို တောင့်ခံရင်း အရိုးတောင်ဝှေးကို ဝှေ့ရမ်းလိုက်သည်။ မရေမတွက်နိုင်သော မမြင်နိုင်သည့် “လက်များ”က ချန်လွေ့ကို ဆုပ်ကိုင်လိုက်သည်။ ယခုတစ်ခေါက်တွင် [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] အချိန်ပြည့်သွားပြီဖြစ်ရာ ထပ်ပြီး သုံးနိုင်တော့မည် မဟုတ်ပေ။ ချန်လွေ့ ဖမ်းမိသည်နှင့် သူ၏ခန္ဓာကိုယ်က အမှန်တကယ် အပိုင်းပိုင်း ဖြစ်သွားပေလိမ့်မည်။
အရေးကြီးသော အခိုက်အတန့်၌ [ အသံဗုံး ] အသံ ထွက်လာသည်။ ချန်လွေ့၏ မြန်နှုန်းမြင့် ပျံသန်းနေသော ပုံရိပ်က ရေလှိုင်းကဲ့သို့ပင် မရေမတွက်နိုင်သော လမ်းကြောင်းများကို ဖြစ်စေခဲ့သည်။ သူက ချဉ်းကပ်လာသော “လက်များ”ကို ရွှံ့တွင်ချော်ကျသကဲ့သို့ပင် “ရှောင်”ထွက်သွားလေသည်။
[အသံဗုံး ] + [ ကြယ်လမ်းလွှဲ ]
ဂလိုရီယိုစ်၏ ဝှက်ဖဲ ကျရှုံးသွားပြန်သည်။ သူ ကြောက်လန့်ပြီး ဒေါသထွက်သွား၏။ သူက ချန်လွေ့နောက်လိုက်ရန် ပြင်လိုက်စဉ် တစ်ခုခုကို ရုတ်တရက် အာရုံခံမိသွားသည်။ သူ နောက်သို့ လှည့်လိုက်သောအခါ သူ့နောက်မှနေရာတစ်ခုသို့ သတိမထားမိသော အငွေ့တစ်ခု ပျံသွားနေသည်ကို မြင်လိုက်ရသည်။
သေရွာပြန်ဘုရင်၏ မျက်လုံးထဲမှ အပြာရောင်အလင်းများက ဖုံးကွယ်၍မရသော ကြောက်လန့်မှုများဖြင့် တလက်လက် ဖြစ်သွားသည်။ ထိုအငွေ့၏ပစ်မှတ်က အမှန်တကယ်ပင် “ကြမ္မာတိုက်ပွဲ” ဖဲချပ်စားပွဲအလယ်ရှိ ကောက်ရိတ်ဓားကိုင်ထားသော မရဏနတ်ဘုရား ရုပ်ထုပင် ဖြစ်နေ၏။
“မင်းက သောက်တတ်ကြီးပဲ။ အမှောင်ဒြပ်စင်ဘုရင်ကို အထင်မသေးနဲ့။”
ထိုအသံမှာ အမှောင်ဆန်းကြယ် သံမဏိသရဲများ ဝိုင်းရံခံနေရမည့် ဟီဂယ်ထံမှ ဖြစ်သည်။ “ရှေ့ကဟာက ငါခွဲထုတ်လိုက်တဲ့ ဇစ်မြစ်စွမ်းအားပဲ။ မင်းငါ့ကို လိမ်လို့မရဘူး။ ဒါက မင်းရဲ့ အသက်သေတ္တာကို တကယ်ဝှက်ထားတဲ့ နေရာပဲ။”
ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ဟီဂယ်၏ တကယ့်လှုပ်ရှားမှုကို ခံစားမိခဲ့ပြီး ဖြစ်သည်။ ထိုဗျူဟာနှင့် ပူးပေါင်းရန်အတွက် ချန်လွေ့က ပြန်လည်ရှင်သန်ခြင်း ဆေးရည် အထူး ဆာလဖျူရစ်အက်စစ်ဗုံးကို အသုံးပြုပြီး ဂလိုရီယိုစ်ကို အာရုံလွှဲနိုင်ခဲ့လေသည်။
“မဟုတ်ဘူး။” သေရွာပြန်ဘုရင်က အသံကျယ်ကျယ် အော်ပြောသည်။ ယခုတစ်ခေါက်မှာ အမှန်တကယ် ကြောက်လန့်နေခြင်း ဖြစ်သည်။ သူက ချန်လွေ့ကဲ့သို့ အမုန်းတီးဆုံး ရန်သူကိုပင် သတ်ရန် လက်လျှော့ခဲ့သည်။ သူက တိုင်းပြည်စွမ်းအားကို ကုန်ခမ်းစေပြီး ဟီဂယ်ထံသို့ အသည်းအသန် ပြေးသွားတော့သည်။
နောက်ကျသွားလေပြီ။ အငွေ့အဖြစ်ပြောင်းထားသော ဟီဂယ်က မရဏနတ်ဘုရား ရုပ်ထုကို ဖောက်ထွင်းသွားပြီ ဖြစ်လေသည်။
အငွေ့ဖြင့် ဖြည်းဖြည်းလေး တိုးဝှေ့ခံလိုက်ရသကဲ့သို့ ထင်ရသော်လည်း ခဏအကြာ ရုပ်ထုပေါ်၌ အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် နေရာအနှံ့သို့ အက်ကြောင်းများ ပျံ့နှံ့သွားတော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အရိုးရှည် ကောက်ရိတ်ဓား ပြုတ်ကျသွားပြီး အပိုင်းအစများ မြေပေါ်သို့ လွင့်စင်ကာ အမှုန့်ဖြစ်သွား၏။
မရဏနတ်ဘုရားရုပ်ထုကို ဖျက်ဆီးပြီးနောက် ဟီဂယ်က ရုတ်တရက် အံ့အားသင့်သွားသည်။ ယခုဆိုလျှင် ဂလိုရီယိုစ် ပျောက်ကွယ်သွားရမည် ဖြစ်သည်။ သို့သော် ကြောက်မက်ဖွယ်ရာ တိုင်းပြည်စွမ်းအားက လှိမ့်တက်နေဆဲဖြစ်ပြီး သေရွာပြန်ဘုရင်ကလည်း အလွန်ပင် ဒေါသထွက်နေသည်။
ထိုကဲ့သို့ ဟီဂယ် လုံးဝမထင်ထားခဲ့ပေ။ ခုနက တိုက်ခိုက်မှုတွင် သူ၏စွမ်းအားအကုန်ကို သုံးလိုက်ပြီ ဖြစ်သည်။ သူက ခုခံရန်အတွက် အလျင်အမြန် စွမ်းအား စုစည်းလိုက်သည်။ ကြောက်မက်ဖွယ်ရာ တိုင်းပြည်စွမ်းအားကြောင့် သူ လွင့်ထွက်သွားပြီးနောက်တွင် သူ့ခန္ဓာကိုယ်မှ အငွေ့နက်အများအပြား စိမ့်ထွက်လာသည်။ သူ၏မျက်လုံးထဲမှ အနီရောင်အလင်းလည်း မှိန်ကျသွား၏။ သူက အတော်လေး ထိခိုက်သွားပုံရသည်။
သေရွာပြန်ဘုရင်က ဟီဂယ်ကို အပြင်းအထန် တိုက်ခိုက်ပြီးနောက် လုံးဝ ရပ်တန့်လိုစိတ် ရှိဟန်မတူပေ။ သူက အစွမ်းကုန်ဖြင့် ဆက်လက် တိုက်ခိုက်နေသည်။ သူက အမှောင်ဒြပ်စင်ဘုရင်အား အပိုင်းပိုင်း ဆွဲဖြဲရန် ပြင်လိုက်သည်။
ထိုအချိန်၌ သေရွာပြန်ဘုရင်၏ အရိုးခြောက်ခန္ဓာကိုယ် တုန်လှုပ်သွားပြီး လှုပ်ရှားမှုများ ရပ်တန့်သွား၏။ တိုင်းပြည်စွမ်းအားက လေထဲ၌ အေးခဲသွားလေသည်။ သူ တဖြည်းဖြည်း ခေါင်းလှည့်လိုက်ရာ ချန်လွေ့က အမှုန့်ပုံအရှေ့တွင် ရောက်နေပြီး ဖြစ်သည်။ သူက တစ်စုံတစ်ခုကို လက်ထဲ၌ ကိုင်ထားနေ၏။
၎င်းမှာ ထိုအရိုးရှည်ကောက်ရိတ်ဓားပေတည်း။
“အသက်သေတ္တာက သေတ္တာဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။” ချန်လွေ့က အသာလေး ပြောလိုက်သည်။ “ကြယ်သံမဏိ၊ အမ်မရီသဲ၊ ပုံစံကွက်ပြာ မီသီရယ်၊ ပိုးနီသလင်းကျောက်.....။ ဒီကောက်ရိတ်ဓားက တော်တော်လေး အကြမ်းခံပြီးတော့ အာရုံခံစွမ်းအားကို ဟန့်တားနိုင်တယ်။ ဒါက ဝိညာဉ်အမြုတေအတွက် အကောင်းဆုံး ထည့်စရာပဲ။”
“ချထားလိုက်။” ဂလိုရီယိုစ်၏အသံက ကြမ်းတမ်းမှုများ ပြည့်နေ၏။ ချန်လွေ့က သိသာနေသော တင်းမာမှုကို ကြားနေရသည်။
ချန်လွေ့က တည်တည်ငြိမ်ငြိမ်နှင့် ပြုံးလိုက်သည်။ “ဒါက ခင်ဗျားရဲ့ အသက်သေတ္တာဆိုတာ အသေအချာပဲ။ ဒီလိုသတ္တုရောမျိုးက အခဲဖြစ်တည်မှု အဆင့်မြင့်တဲ့ လျို့ဝှက်ပညာရပ်နဲ့ပဲ လုပ်လို့ရတာ။ သာမန်နည်းလမ်းတွေနဲ့ ဖျက်ဆီးလို့ မရဘူး။ ဒါကြောင့် ဟီဂယ်တိုက်ခိုက်ပြီးတာတောင် ဘာမှမဖြစ်သေးတာပေါ့။ ဒါကြောင့် ဒါကို ဖုံးကွယ်ဖို့အတွက် ဟီဂယ်ကို အသည်းအသန် သတ်ဖို့ ကြိုးစားနေတာ။”
“အဲဒါကို ဖျက်ဆီးပစ်လိုက်။” ဟီဂယ် အော်ပြောပြီး ဂလိုရီယိုစ်ကို ဝင်လုံးသည်။ “ဒါပျက်စီးသွားရင် ဂလိုရီယိုစ်ကော၊ အမှောင်ဆန်းကြယ် သံမဏိသရဲတွေရော ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။”
“မင်း ဒီကောက်ရိတ်ဓားကို မဖျက်ဆီးနိုင်ဘူး။” ဂလိုရီယိုစ်၏အသံက အနည်းငယ် တုန်ခါနေ၏။ ထိုသတ္တုက အလွန်အမင်းခိုင်မာပြီး တိုင်းပြည်-အဆင့် ပုဂ္ဂိုလ်၏ ဝိညာဉ်စွမ်းအား ပါရှိကြောင်း သိသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ၏စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရလေသည်။
သေရွာပြန်ဘုရင်၏အထင် မှန်ကန်ကြောင်း သက်သေများ ပြသလာသည်။ တစ်ဖက်လူက နည်းလမ်းအချို့ သုံးလိုက်သောအခါ လျို့ဝှက်ပညာရပ်ဖြင့်ပြုလုပ်ထားသော သတ္တုရောက အမှန်တကယ်ပင် အလျင်အမြန် အားနည်းသွားသည်။ ထို့နောက် အပေါက်တစ်ခု ပေါ်ထွက်လာကာ အတွင်းတွင် ဝှက်ထားသော ဝိညာဉ်အမြုတေက ဖော်ပြ၍မရသော ကပ်ဘေးတစ်ခုကို ခံစားလိုက်ရတော့သည်။
အကာအကွယ်မဲ့နေသော မိန်းမလှတစ်ယောက်က သွားရည်ကျနေသော ထူးဆန်းသည့် ဦးလေးကြီးတစ်ယောက်နှင့် ရင်ဆိုင်တွေ့နေရသကဲ့သို့ပင်......