အမှောင်နဂါးဧကရာဇ်၏ သရုပ်မှန်
Vol. 40 Ch. 624
ထိုကဲ့သို့ ဆန်းကြယ်သော ရွှေနှင့်ငွေ မျက်လုံးတစ်စုံမှာ မြွေကဲ့သို့ သူငယ်အိမ် ဒေါင်လိုက်ဖြစ်နေပြီး ထိုလောကမှ ဧရာနဂါးတစ်ကောင်၏ မျက်လုံး ဖြစ်ဟန်တူသည်။ အကျပ်ကိုင်မှု အနည်းငယ်က တစ်စုံတစ်ယောက်၏စိတ်ကို ဖောက်ထွင်းမြင်နိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေလေသည်။ တိတ်ဆိတ်နေသော နေရာလွတ်တစ်ခုလုံးက ငိုက်မြည်းနေသော မျက်လုံးများ ပွင့်သွားသကဲ့သို့ပင်။ ဟင်းလင်းပြင်တိုင်းပြည်ထဲ၌ ဖျက်ဆီးခြင်း အငွေ့အသက်များ တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။
“နဂါးမျက်လုံးလက်စွပ်နဲ့ ဆက်ခံသူ။ နောက်ဆုံးတော့ မင်းက ကံကြမ္မာရဲ့ လမ်းညွှန်မှုနဲ့အတူ ဒီကိုရောက်လာပြီပဲ။”
နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းတွင် ထူးခြားသော အဟန့်အတားများ မရှိသော်လည်း စိတ်ကို တုန်လှုပ်စေသည်။ ၎င်းမှာ အသေအချာပင် ဒဏ္ဍာရီလာ အမှောင်နဂါး ဧကရာဇ် ဖြစ်ပေသည်။
နဂါးမျက်လုံးလက်စွပ်တဲ့လား။ ချန်လွေ့ အံ့အားသင့်သွားပြီး လက်ထဲမှ “အချစ်ရူးလက်စွပ်” ကို ကြည့်လိုက်မိသည်။ ဒါရဲ့ တကယ့်နာမည်က “နဂါးမျက်လုံးလက်စွပ်” ကိုး။ “ကံကြမ္မာရဲ့လမ်းညွှန်မှု”ကို မေ့ထားလိုက်ဦး။ ဒါက ရတနာရဲ့ လမ်းညွှန်မှုနဲ့ ပိုတူတယ်။
“မင်းက သတ္တိ၊ စိတ်စွမ်းအင်နဲ့ ဉာဏ်ပညာ စမ်းသပ်ချက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ [ ဖျက်ဆီးခြင်းတိုင်းပြည် ] ကို ရောက်လာခဲ့ပြီ။ မင်း မြင်ခဲ့တဲ့အတိုင်းပဲ ငါ့တိုင်းပြည်က ရှောင်လွှဲလို့မရတဲ့ အစနဲ့အဆုံးကို ကြုံတွေ့ခဲ့ရတယ်။ ငါ့ရဲ့ အမွေအနှစ်နဲ့ ပစ္စည်းဥစ္စာ တစ်ခုခုကို မင်း ရွေးချယ်လို့ရမယ်။ ပြောပါ။ မင်း ဘာကို အလိုရှိဆုံးပဲ။ ကြွယ်ဝမှုလား။ စွမ်းအားလား။ ဒါမှမဟုတ် အခြား တစ်ခုခုလား။”
သတ္တိစမ်းသပ်ချက်က ရေဘဝဲဘုရင်ကို ဆိုလိုခြင်း ဖြစ်လောက်သည်။ စိတ်စွမ်းအား စမ်းသပ်ချက်က တံလျှပ်ဖြစ်ပြီး ဉာဏ်ပညာစမ်းသပ်ချက်က သေရွာပြန်ဘုရင် ဖြစ်လောက်သည်။ လမ်းတစ်လျှောက်၌ အဖြစ်အပျက်များစွာ ရှိခဲ့သော်လည်း နောက်ဆုံး၌ သူက အားလုံးကို ဖြတ်ကျော်နိုင်ခဲ့လေသည်။
ထိုစကားကို ကြားလိုက်သောအခါ ဒိုဒို၏ မျက်လုံးထဲ၌ ရုတ်တရက် အရောင်လက် သွားတော့သည်။ ချန်လွေ့လည်း ဆွဲဆောင်ခံလိုက်ရပြီး ပြင်းပြသော ဆန္ဒတစ်ခုကို လွှတ်ခနဲ ပြောရန် ကြံလိုက်မိသည်။ သို့သော်လည်း စူပါစနစ်က ချက်ချင်းပင် သတိပေးလာသည်။
၎င်းမှာ ရိုးစင်းသော မေးမွန်းတစ်ခု လုံးဝ မဟုတ်ပေ။ ထူးခြားသော စိတ်ဝိညာဉ် ရှုပ်ထွေးမှု ပါဝင်နေလေ၏။
အမှောင်ဒြပ်စင်ဘုရင်က အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်သည်။ “အာရုံ ရှုပ်ထွေးစေတဲ့ ဒီလို လှည့်ကွက်လေးတွေကို ဘေးဖယ်ထားလိုက်။ ငါက တစ်ခုကိုပဲ အလိုရှိတယ်။ အဲဒါက ဒီမှာ ရှိနေတာကိုလည်း ခံစားရတယ်။”
အမှောင်နဂါးဧကရာဇ်က ဟီဂယ်ကို ပြန်မဖြေဘဲ ချန်လွေ့ကို ကြည့်နေသည်။ “ဒီတော့ မင်း ဘာကို အလိုရှိလဲ။”
ချန်လွေ့က စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားပြီး ဖြစ်သည်။ ထို့နောက် သူက ဟီဂယ်ကို ကြည့်လိုက်သည်။ “သူ အလိုရှိတာက ကျုပ် အလိုရှိတာပဲ။ အဲဒါကို ဆာ-အမှောင်နဂါး ဧကရာဇ် ဖြည့်ဆည်းပေးနိုင်မလား မသိဘူး။”
“အိုး...” အမှောင်နဂါး ဧကရာဇ်က အနည်းငယ် အံ့အားသင့်သွားပုံရသည်။ “မင်းက သူ့ရဲ့ အလိုကို ဖြည့်ဆည်းပေးဖို့အတွက် အဆုံးမဲ့ ကြွယ်ဝမှုတွေနဲ့ စွမ်းအားကို စွန့်လွှတ်နိုင်တာလား။ မင်း ဒီလိုလုပ်ချင်တယ်ဆိုတာ သေချာပြီလား။”
“သေချာပါတယ်။” ချန်လွေ့က ပုံခုံးတွန့်လိုက်သည်။ သူက မဆင်းရဲပေ။ ပိုက်ဆံရှာရန် အတွက်လည်း နည်းလမ်းများစွာ ရှိသည်။ ထို့ပြင် သူ့တွင် ကိုယ်ပိုင် စွမ်းအားတိုးစေမည့် နည်းလမ်းလည်း ရှိနေသည်။ အရေးကြီးဆုံးကိစ္စမှာ သူက အစ်ဇဘယ်လာ၏အသက်ကို ကယ်တင်ရန်အတွက် ဟီဂယ်ကို လိုအပ်နေခြင်းပင်။ ၎င်းမှာ ပင်လယ်သေသို့ လာရသည့် သူ၏ အရေးအပါဆုံး ရည်ရွယ်ချက်ပင် ဖြစ်လေသည်။
“မယုံနိုင်စရာ ရင်းနှီးမှုပဲ။” အမှောင်နဂါး ဧရာဇ်၏စကားကြောင့် အမှောင်ဒြပ်စင်ဘုရင်က အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ သို့သော်လည်း သူ၏အမြင်ကို တစ်စုံတစ်ခဒက ချက်ချင်းပင် ဆွဲဆောင်လိုက်၏။
ရှေ့မှ ဟင်းလင်းပြင်တွင် အနက်ရောင် စိန်ပုံစံ သလင်းကျောက်တစ်ခု ပေါ်ထွက်လာသည်။
“ဒီတော့ မင်းတို့နှစ်ယောက် လိုချင်တာက ဒါလား...”
ဟီဂယ်၏မျက်လုံးများက အနီရောင် တောက်သွား၏။ သူ၏ပုံရိပ် လက်ခနဲ ဖြစ်သွားပြီးနောက် အနက်ရောင်အငွေ့များက သလင်းကျောက်ထံ ပျံသန်းသွားသည်။ သို့သော်လည်း အနက်ရောင်အငွေ့ မည်မျှပင် မြန်စေကာမူ ရပ်နေသကဲ့သို့ပင် စိန်သလင်းကျောက်နှင့် အကွာအဝေး တူတူမှာပင် ဖြစ်နေသည်။
“ဘယ်လိုမျိုး ဆုလာဒ်အတွက်ကိုမဆို ပေးဆပ်ရမယ်။” အမှောင်နဂါး ဧကရာဇ်၏အသံ ထွက်ပေါ်လာ၏။ “အမှောင်ဇစ်မြစ်အပိုင်းအစကို ရချင်ရင် ငါ့တိုင်းပြည်မှာနေပြီးတော့ ငါ့ရဲ့ ယုံကြည်သူတစ်ယောက် ဖြစ်လာရမယ်။”
“မင်းက ဒြပ်စင်ဘုရင်ကို ယုံကြည်သူတစ်ယောက် ဖြစ်စေချင်တာလဲ။ အဓိပ္ပာယ်မရှိတဲ့ စိတ်ထင်မှုပဲ။ မင်းကိုယ်မင်း ဒြပ်စင်နတ်ဘုရားလို့ ထင်နေတာလား။”
“မင်းတို့က ငါ့တိုင်းပြည်ထဲကို ဝင်လာမှတော့ ဒါက မင်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ။” အမှောင်နဂါး ဧကရာဇ်၏အသံက အနည်းငယ် ပို၍ ခုခံ၍မရဘဲ ကျက်သရေ ရှိသွားသည်။ ချန်လွေ့က မကောင်းသော နိမိတ်တစ်ခုကို ခံစားလာရသည်။
“အရှက်မဲ့တဲ့ ကြွားဝါမှုပဲ။ မင်းရဲ့တိုင်းပြည်က ပျက်စီးပြီးတော့ ပျောက်ကွယ်သွားပြီ။ မင်းက လက်ကျန်ဝိညာဉ် တစ်ပိုင်းတစ်စလေးပဲ။” ဟီဂယ်၏ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့က စတင်လှိမ့်တက်လာသည်။ “မင်းက အတော်လေး စွမ်းအားကြီးတာ ငါ ဝန်ခံတယ်။ ငါမင်းကို အနိုင်မယူနိုင်ပေမဲ့ ငါ့ရဲ့ စံပြုအထိုက်ဆုံး အမှောင်ဇစ်မြစ်စွမ်းအားနဲ့ဆိုရင် နတ်ဆိုးဘုံမှာရှိတဲ့ ဘယ်အမှောင်သတ္တဝါမဆို မလွတ်မြောက်နိုင်ဘူး။ အနည်းဆုံးတော့ မင်းရဲ့ ဝိညာဉ်လက်ကျန်နဲ့ ငါအတူ သေလို့ရတယ်။”
“အတူတူ သေမယ် ဟုတ်လား။ ရူးမိုက်သူတစ်ယောက်ရဲ့ မသိနားလည်မှုကို ပြသနေတာလား။” အမှောင်နဂါးဧကရာဇ် မျက်တောင်ခတ်လိုက်သောအခါ နေရာလွတ် တစ်ခုလုံးရှိ ဖျက်ဆီးခြင်းအငွေ့အသက်က ရုတ်တရက် တိုးမြင့်သွား၏။ ထိုအငွေ့အသက်ကပင် ချန်လွေ့ကို အသက်ရှူကြပ်သွားစေသည်။
လုံးဝကို ကွဲပြားတဲ့အဆင့်ပဲ။ လုံးဝ ခုခံလို့မရတဲ့ စွမ်းအား။ ဒီလိုစွမ်းအားမျိုးက ရေဘဝဲဘုရင်နဲ့ သေရွာပြန်ဘုရင်တို့ထက် အများကြီး သာလွန်တယ်။ ဒါကြောင့် အမှောင်ဒြပ်စင်ဘုရင်တောင် ဒီလက်ကျန်ဝိညာဉ်ရဲ့ “အပိုင်းအစ”ကို အနိုင်မယူနိုင်ဘူးလို့ ပြောတာကိုး။
ချန်လွေ့က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို ယခု အသက်သွင်းသည့်တိုင် “တိုင်းပြည်ဖန်တီးခြင်း”ကို ကျော်လွန်နေသည့် စွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ပေ။ ဒါဆို အမှောင်နဂါးဧကရာဇ် အသက်ရှိစဉ်တုန်းက နတ်ဘုရား-တစ်ပိုင်း အဆင့်လား။ ဒါမှမဟုတ် ပိုပြီးတော့ အစွမ်းထက်တာလား.....
“ဆာ-အမှောင်နဂါး ဧကရာဇ်..” ချန်လွေ့က အလျင်အမြန် ပြောလိုက်သည်။ “တိုင်းပြည်ကို ပြန်တည်ဆောက်ပြီးတော့ စွမ်းအား ပြန်ဖြည့်တင်းပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါအတွက် ဆုလာဒ်အနေနဲ့ အမှောင်ဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစနဲ့ လဲလှယ်လို့ ရနိုင်မလား မသိဘူး။”
“ငါပြောပြီးပြီလေ။ မင်းတို့မှာ ရွေးချယ်စရာ မရှိဘူး။ မင်းတို့ ကိုးကွယ်ရတော့မယ့် နတ်ဘုရားဆီကနေ “ဆုလာဒ်”တောင်းဖို့ကို ပြောမနေနဲ့တော့။” အမှောင်နဂါး ဧကရာဇ်၏အသံက ရွံရှာမှုများ ပြည့်နှက်နေ၏၊ “မင်း ရောက်လာတာကို ငါ အတော်လေး စိတ်ပျက်ခဲ့တယ်လို့ ပြောရမယ်။ ငါ နှစ်ပေါင်းများစွာ စောင့်နေခဲ့တဲ့ စမ်းသပ်ချက်သုံးခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ နဂါးမျက်လုံးလက်စွပ် ကိုင်ဆောင်သူက နဂါး မဟုတ်နေခဲ့ဘူး။ ငါ့ရဲ့ နဂိုအကြံအစည်က ကောင်းမွန်သော ဝိညာဉ်သယ်ဆောင်သူ တစ်ယောက်ကို ရှာဖွေဖို့ပဲ။ ဒါပေမဲ့ မင်း ရောက်လာတဲ့အတွက်ကြောင့် ပျက်စီးသွားပြီ။ အခုတော့ မင်းတို့ကို ပြန်လည်အသက်သွင်းထားတဲ့ တိုင်းပြည်မှာ ပထမဆုံး ယုံကြည်သူတစ်သုတ် ဖြစ်လောအောင် လုပ်ရမယ်။”
နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ ဖျက်ဆီးခြင်းမျှော်စင်တွင် အမှန်တကယ် ပစ္စည်းဥစ္စာ အများအပြား ရှိနေနိုင်သည်။ သို့သော်လည်း တကယ့်သရုပ်မှန်မှာ ခန္ဓာကိုယ်ကို အပိုင်စီးရန် ဖြစ်သည်။ တကယ့်ရည်ရွယ်ချက်မှာ ရတနာမုဆိုးများဖြစ်ကြသည့် နဂါးများအား ဆွဲဆောင်ပြီး ပြန်လည်ရှင်သန်ရန်အတွက် ခန္ဓာကိုယ်ကို အပိုင်စီးရန် ဖြစ်၏။ စမ်းသပ်ချက် သုံးခု ဆိုသည်မှာလည်း ခန္ဓာကိုယ် ဝင်စီးရန်အတွက် အသန်မာဆုံးသူကို ရွေးထုတ်ခြင်းသာ ဖြစ်ပေသည်။
အရင်တစ်ခါ ငါ ကြုံတွေ့ခဲ့ရတဲ့ ရှေးအဂ္ဂိရတ် လူမှုအဖွဲ့အစည်း အမွေအနှစ်ကလည်း အတူတူပဲ။ ဒါကြောင့် ဒဏ္ဍာရီလာ ရတနာတွေက အန္တရာယ်နဲ့ ယှဉ်တွဲပြီးတော့ ရှိနေတာကိုး။ အဲဒီ ရှေးဟောင်း ဝိညာဉ်တွေရော၊ စိတ်ဆန္ဒတွေရောက လွယ်ကူတဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး။
အမှောင်နဂါး ဧကရာဇ်က မြောက်မြားလှစွာသော တွက်ချက်မှုများ ပြုလုပ်ခဲ့သည်။ သူက ရတနာမြေပုံကို ပိုင်းဖြတ်ပြီး နဂါးမျက်လုံးလက်စွပ်ကို လွှဲပြောင်းပေးကာ စမ်းသပ်ချက်သုံးခု ချထားရန် မတုံ့ဆိုင်းခဲ့ပေ။ သို့သော်လည်း နောက်ဆုံး၌ တွက်ချက်မှု မှားယွင်းသွားခဲ့သည်။ ဖျက်ဆီးခြင်းမျှော်စင်သို့ ရောက်လာသူမှာ သူ ထင်ထားသကဲ့သို့ နဂါးတစ်ကောင် မဟုတ်ခဲ့ပေ။ ယုတ်စွအဆုံး နဂါးစွမ်းအားအမြုတေ အနည်းငယ်သာ ရှိသော ချွဲကျိကောင် တစ်ကောင်သာ ရောက်လာ၏။ ထိုကဲ့သို့ နိမ့်ကျသော သတ္တဝါက အမှောင်နဂါးဧကရာဇ်အတွက် ခန္ဓာကိုယ်တစ်ခု မဖြစ်လာနိုင်ပေ။
“ဒါပေမဲ့လည်း အမှောင်ဒြပ်စင်ဘုရင် ရောက်လာတာက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုပဲ။ သူက တိုင်းပြည်ရဲ့ အမှောင်ဘက်ခြမ်းအတွက် ယုံကြည်မှုနဲ့ စွမ်းအင် အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပြီးတော့ ငါ့ရဲ့ တိုင်းပြည်နဲ့ ဝိညာဉ်စွမ်းအားကို ခပ်မြန်မြန် ပြည့်ဝစေနိုင်တယ်။” အမှောင်နဂါးဧကရာဇ်၏အသံ ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။ “ပြီးတော့ မင်းက ငါ့ရဲ့ ယုံကြည်မှုအတွက် အမြင့်မားဆုံး ပြောဆိုခွင့်ရှိသူတစ်ယောက် ဖြစ်လာမယ်။ ယုံကြည်သူအားလုံးကို လွှမ်းမိုးနိုင်ပြီးတော့ အနှိုင်းမဲ့ စွမ်းအား၊ အာဏာနဲ့ ကြွယ်ဝမှုတွေကို ခံစားနိုင်မယ့် အစွမ်းအထက်ဆုံး ယုံကြည်မှုဝတ်စုံ ငါမင်းကို ပေးမယ်။”
ချန်လွေ့က လုံးဝ စိတ်မဝင်စားပေ။ သို့သော်လည်း သူက ထိုအချိန်တွင် ရန်သူအား အနိုင်မယူနိုင်သည်မှာ သိသာနေ၏။ ထို့ကြောင့် ချက်ချင်းပင် အချိန်ဆွဲသော ဗျူဟာကို အသုံးပြုလိုက်သည်။ “ဆာ-အမှောင်နဂါး ဧကရာဇ်။ ကျုပ်ကို စဉ်းစားခွင့်ပေးပါ။”
ဧရာမမျက်လုံးက တဖြည်းဖြည်း ကျုံ့သွားပြီးနောက် မျက်လုံးမှိတ်ထားသော အရပ်မြင့်မြင့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက အစိမ်းရောင်နှင့် ရွှေရောင်ရှိသော ရိုးရှင်းကာ ကျက်သရေရှိသည့် ကိုယ်လုံးပြည့် ချပ်ကာကို ဝတ်ဆင်ထား၏။
ထိုအချိန်၌ [ သရုပ်ခွဲမျက်လုံး ] က [ စိစစ်ချက် ] အချက်အလက်များက ပြသလေသည်။
မျိုးနွယ် - ဝိညာဉ်ခန္ဓာ (နဂါးဝိညာဉ်)
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
ဂုဏ်သတ္တိ - အလွန်အမင်းအန္တရာယ်ရှိ။
ထိုသူက လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဝါးပေါ်၌ လွင့်မျောနေသော အမှာင်ဒြပ်စင် ဇစ်မြစ်ပိုင်းအစကို ပြသလိုက်သည်။ ထို့နောက် ခေါင်းခါကာ ပြောသည်။ “အကြွင်းမဲ့စွမ်းအား အရှေ့မှာ ဘယ်လို စကားတွေ၊ လှည့်ကွက်တွေကမှ အသုံးမဝင်ဘူး။ ဒါက ငါ့ရဲ့ကောင်းချီး ဆိုမှာတော့ မင်း လိုချင်မချင် လက်ခံရမယ်.....”
ထိုသို့ပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး ချန်လွေ့နှင့် အခြားသူများကို ရစ်ပတ်လိုက်သည်။ နှစ်ဖက်ကြားတွင် စွမ်းအားခြားနားမှု ကြီးမားလွန်းလှသည်။ တစ်ခုတည်းသော ခြွင်းချက်မှာ အမှောင်ဒြပ်စင်ဘုရင်သာ ဖြစ်သည်။ ဟီဂယ်၏ ခန္ဓာကိုယ်က မီးတောက်ကဲ့သို့ အငွေ့များကို ထုတ်နေပြီး မျက်လုံးများက သွေးရောင်ဖြင့် လောင်ကျွမ်းနေ၏။ သူ၏တစ်ကိုယ်လုံးကလည်း အနက်ရောင်မီးတောက် ရစ်ပတ်ထားသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားကာ အမှောင်နဂါးဧကရာဇ်အား ခုတ်ပိုင်းလိုက်တော့သည်။
ထိုအချိန်တွင် “ဓားရှည်”က တိုင်းပြည်နေရာလွတ် စည်းမျဉ်းကို ကျော်လွန်နိုင်သကဲ့သို့ပင် အကွာအဝေးဖြင့် ကန့်သတ်ထားခြင်း မခံရပေ။ သူက ထိုသူထံ မျက်စိတစ်မှိတ်အတွင်း ချဉ်းကပ်လာ၏။ ယခုတွင် အနည်းငယ် အပြောင်းအလဲအတွက်ပင် အခြေအနေ မရှိတော့ပေ။ ထို့ကြောင့် အမှောင်ဒြပ်စင်ဘုရင်က အကြီးမားဆုံး ဝှက်ဖဲကို အသုံးပြုရန် မတုံ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ သူက အစွမ်းအထက်ဆုံး ဇစ်မြစ်စွမ်းအား ပါရှိသော ထိုတိုက်ခိုက်မှုကို အသုံးပြုရန်အတွက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရ၏။
နတ်ဆိုးဘုံမှာ အစွမ်းအထက်ဆုံး အမှောင်ဒြပ်စင်များရှိသည့် လောက ဖြစ်သည်။ လနှစ်စင်းအောက်ရှိ သက်ရှိများမှာ အခြေခံအားဖြင့် အမှောင်ဂုဏ်သတ္တိ ရှိကြသော သတ္တဝါများ ဖြစ်ကြသည်။ အမှောင်ဒြပ်စင်ကောင်များ၏ ဇစ်မြစ်စွမ်းအားက ဝိညာဉ်စွမ်းအား တည်ရှိမှုကို ချုပ်တည်းနိုင်သည်။ ထို့ကြောင့် ယခင်က ဟီဂယ်ကို သေရွာပြန်ဘုရင် ဂလိုရီယိုစ် သတိထားနေခဲ့ခြင်း ဖြစ်ပေသည်။
ဟီဂယ်က အရာအားလုံးကို အရဲစွန့်ခဲ့သော်လည်း အမှောင်နဂါး ဧကရာဇ်၏ လက်ကျန်ဝိညာဉ်ကို အပြင်းအထန် ဒဏ်ရာရစေရန် သို့မဟုတ် သတ်ပစ်နိုင်ရန် လုံးဝ ယုံကြည်ချက် ရှိနေသည်။ ထို့နောက်တွင် သူက ဇစ်မြစ်စွမ်းအား အပိုင်းအစကို လုယူပြီး ဆုံးရှုံးခဲ့သော ဇစ်မြစ်စွမ်းအားများကို ပြန်လည်ပြင်ဆင်မည် ဖြစ်သည်။
သို့သော်လည်း ဟီဂယ် မထင်မှတ်ထားခဲ့သော အရာတစ်ခု ဖြစ်သွားခဲ့သည်။ ဧရာမနဂါးခေါင်း ပါရှိသော ဒိုင်းကာတစ်ခုက ထိုသူ၏ ဘယ်လက်၌ ပေါ်ထွက်လာ၏။ ဓားရှည်က ထိုဒိုင်းကာကို ထိသွားသောအခါ မီးတောက်များ နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းက အမှန်တကယ်ပင် ဒိုင်းကာ၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။
“ဒီနဂါးဒိုင်းရဲ့ ခုခံမှုစွမ်းအားက နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇မျိုးထဲမှာရှိတဲ့ ထင်ယောင်မှား နတ်ဆိုးဒိုင်းကို ယှဉ်နိုင်တယ်။ အခု မင်းက နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားပဲ ရှိနေတယ်။ ဒါရဲ့ အကာအကွယ်ကို လုံးဝ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။”
“ဒြပ်စင်ဘုရင်ရဲ့ ဇစ်မြစ်စွမ်းအားကို အထင်မသေးနဲ့။ ငါပြောခဲ့တဲ့ အတိုင်းပဲ။ ဒီလိုမျိုး စွမ်းအားထိခိုက်မှုကနေ ဘယ်အမှောင်သတ္တဝါကမှ မလွတ်မြောက်နိုင်ဘူး။ မင်းက ဒြပ်စင်ထိခိုက်မှုပြီးတဲ့ နဂါးနက်ပဲ ဖြစ်ပါစေ။” ဟီဂယ်၏ အေးစက်စက်အသံက ဓားရှည်မှ ထွက်လာသည်။ ဓားရှည်ပေါ်ရှိ မီးတောက်က နဂါးဒိုင်းကို ဖြည်းဖြည်းချင်း ဖောက်ဝင်သွားသည်။ နဂါးဒိုင်းက ဓားရှည်၏ ရုပ်ပိုင်းဆိုင်ရာ ပိုင်းဖြတ်မှုကို ခံနိုင်သော်လည်း မီးတောက်၏ ဖောက်ထွင်းမှုကို မတားဆီးနိုင်ခဲ့ပေ။
ထို့နောက် ချက်ချင်းမှာပင် နဂါးဒိုင်းနောက်မှ အမှောင်နဂါးဧရာဇ်၏ လက်ချောင်းများ စတင်လောင်ကျွမ်းလာတော့သည်။ သူ၏လက်များသာမက ချပ်ကာတစ်ခုလုံးထဲရှိ ခန္ဓာကိုယ် တစ်ခုလုံးလည်း လောင်ကျွမ်းသွား၏။
ဝိညာဉ်လောင်ကျွမ်းတော့မည်ကို မြင်သောအခါ အမှောင်နဂါးဧကရာဇ်၏ မျက်လုံးများ ရုတ်တရက် ပွင့်သွားသည်။ ညာမျက်လုံးက ကွက်လပ်ဖြစ်နေသော တွင်းနက်တစ်ခုဖြစ်ပြီး ဘယ်မျက်လုံးက နေကဲ့သို့ ပူလောင်သော တလက်လက် အရောင်များ တောက်နေလေသည်။
တလက်လက် အရောင်များက အမှောင်နဂါးဧကရာဇ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်ပတ်သွားသည်။ ထိုအလင်းရောင်ကြောင့် အမှောင်ဒြပ်စင်များ၏ အမှောင်ဇစ်မြစ်မီးတောက် တဖြည်းဖြည်း လျော့ပါးလာသည်။ ဓားရှည်အသွင် ပြောင်းထားသော ဟီဂယ်က ထိတ်လန့်လျက် အော်ပြောသည်။ “ဒါက ဘာကြီးလဲ။ ဧကန္တ...အမှောင်ဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစလား။ မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုနဂါးဧကရာဇ်မျိုးလဲ။ မင်းက တကယ်ကြီး....”
ဟီဂယ်၏အသံက အလျင်အမြန်ပင် အားနည်းသွားသည်။ သူက ဓားရှည်အသွင်ကို မထိန်းထားနိုင်တော့ဘဲ မူလ လူသားအသွင်သို့ ပြန်ရောက်ရှိသွားသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သလင်းကျောက်က အလျင်အမြန် ပျံ့နှံ့လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချိပ်ပိတ်ခံလိုက်ရသော သူ၏ခန္ဓာကိုယ်က မလှုပ်ရှား နိုင်တော့ပေ။
အလင်းနှင့်အမှောင်တို့မှာ အချင်းချင်း ချုပ်တည်းနိုင်ကြသော ဆန့်ကျင်ဘက်များ ဖြစ်ကြပြီး အချင်းချင်း ထိခိုက်မှုက နှစ်ဆ ဖြစ်စေနိုင်သည်။ ဥပမာပြောရလျှင် နှစ်ခုလုံးက အခြေခံ မှော်ပညာများဆိုလျှင် အမှောင်ဒြပ်စင်ကောင်များအပေါ် မီးတောက်ဗုံး ထိခိုက်မှုက ၂ ဖြစ်ပါက အမှောင်ဒြပ်စင်ကောင်များအပေါ် အလင်းဗုံး ထိခိုက်မှုက ၄ ဖြစ်သည်။ ဟီဂယ်၏ လက်ရှိ အခြေအနေမှာ အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကြောင့် ချုပ်တည်း ခံနေရရုံသာမက ကိုယ်ပိုင် ဇစ်မြစ်စွမ်းအားကို လောင်ကျွမ်းခဲ့သော ရလာဒ်ကြောင့်လည်း ဖြစ်ပေသည်။
“အမှောင်နဂါးဧကရာဇ်က နဂါးနက် ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။” အမှောင်နဂါး ဧကရာဇ်က မယုံကြည်နိုင်ဖြစ်နေသော အမှောင်ဒြပ်စင်ဘုရင်ကိုကြည့်ရင်း ရယ်လိုက်သည်။ သူ၏ရယ်သံက မဖုံးကွယ်ထားသော ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။
“သိဒ္ဓိနဂါး....” ဟီဂယ်က စကားနှစ်လုံးပင် ပြောနိုင်ခဲ့ပြီး မျက်နှာကို သလင်းကျောက်များက လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။ သူက ရေခဲရုပ်ထု ဖြစ်သွား၏။ သူက မသေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအား လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သည်။
သိဒ္ဓိနဂါး တဲ့လား။ ချန်လွေ့ ထိတ်လန့်သွားသည်။ သိဒ္ဓိနဂါးမှဦ အစွမ်းအထက်ဆုံးဖြစ်ပြီး ရှားပါးသော နဂါးမျိုးတစ်မျိုးဖြစ်ကြောင်း ဇိုလာနှင့် ပါ့ဂ်လီအိုတို့ထံမှ ချန်လွေ့ ကြားခဲ့ဖူးသည်။ ၎င်းက ယှဉ်၍မရသော အသက်ဓာတ်ကို ပိုင်ဆိုင်ပြီး နဂါးများထဲ၌ အကောင်းဆုံး တိုက်စစ်နှင့် ခံစစ် ရှိကာ အဆင့်နိမ့်နှင့် အလယ်အဆင့် ဒြပ်စင်ပေါင်းစုံ မှော်ပညာပြီးသည်။ အချို့ သန္ဓေပြောင်းများက [ အသစ်ပြန်ဖြစ်ခြင်း ] လက္ခဏာများ ရှိကြသည်။
အရေးအကြီးဆုံးမှာ သိဒ္ဓိနဂါးများသည် အလင်းဂုဏ်သတ္တိရှိကြပြီး လူသားလောကမှ ကျက်သရေဆောင် နဂါးများ ဖြစ်ကြခြင်းပင်။
မူလက အမှောင်ဂုဏ်သတ္တိရှိသော နဂါးနက်အပြင် နဂါးအများအပြားက နတ်ဆိုးဘုံကို နေစရာအဖြစ် ရွေးချယ်ကြပြီး အကြောင်းရင်း အမျိုးမျိုးကြောင့်လည်း ရောက်လာကြသည်။ ဥပမာပြောရလျှင် ဇိုလာက မှော်ပညာ လေ့လာရန်အတွက် လွန်ခဲ့သော နှစ်တစ်သိန်းက နတ်ဆိုးဘုံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပါ့ဂ်လီအိုက နတ်ဆိုးဘုံ၌ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ရှေးတိုင်းရင်းသားဟု ယူဆ၍ ရနိုင်ပေသည်။
နတ်ဆိုးဘုံရှိ နဂါးများကို လူသားလောကမှ သက်ကြွေနဂါးများဟု သမုတ်ကြသည်။ အမှန်ပြောရလျှင် သူတို့က ကွဲပြားသော နေရာများကို ရွေးချယ်ခဲ့ရုံသာ ဖြစ်သည်။ နဂါးများမှာ လူသားတို့နှင့် နတ်ဆိုးတို့၏ စစ်ပွဲ၌ ပါဝင်ခဲလှသည်။ သို့သော်လည်း နတ်ဆိုးဘုံရှိ အမှောင်နဂါး ဧကရာဇ်က အမှောင်ဒြပ်စင်စွမ်းကို လုံးဝဆန့်ကျင်နိုင်သော ကျက်သရေဆောင် နဂါးတစ်ကောင် ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။
“အံ့သြသွားလား။ ရိုဒရီဂူးဇ် ဆိုတဲ့ ငါက လက်ရွေးစင် သိဒ္ဓိနဂါးတစ်ကောင်ပဲ။ ငါ့ကို တစ်ခါက အလင်းတောင်ပံလို့ သိကြတယ်။ ဒါပေမဲ့ ငါ့မှာ အမှောင်ဒြပ်စင်တွေနဲ့ လိုက်ဖက်ညီတဲ့ အစွမ်းအထက်ဆုံး သန္ဓေပြောင်းသွေးမျိုးဆက် ရှိတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ အဲဒီတုန်းက အလင်းဒြပ်စင် ဇစ်မြစ်အပိုင်းအစကို ရပြီးတော့ အဆင့်အမြင့်ဆုံးကို ရောက်ဖို့အတွက် ဖြတ်လမ်းကို လှမ်းမြင်ရလုနီးပါး ဖြစ်ခဲ့တယ်။ အဲဒီ ခွေးကောင် ရာဖယ်ရယ်ကြောင့်သာ မဟုတ်ရင်....”
“ရာဖယ်ရယ်”ဟူသော နာမည်ကို ပြောလိုက်သောအခါတွင် ရိုဒရီဂူးဇ်၏အသံ၌ အမုန်းတရားနှင့် အကြောက်တရားများ ရောယှက်နေခဲ့သည်။ သူက အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစအား ညာဘက်မျက်လုံးတွင် ထိုးသွင်းပြီး ငွေမျက်လုံးအဖြစ်သို့ ပြောင်းလဲထားခြင်း ဖြစ်သည်။ “ကံကောင်းချင်တော့ နတ်ဆိုးဘုံကို ငါ ထွက်ပြေးသွားတဲ့အခါ အမှောင်ဇစ်မြစ်စွမ်းအား အပိုင်းအစကို ရခဲ့ပြီးတော့ အမြင့်ဆုံးပန်းတိုင်အတွက် ခြေတစ်လှမ်း တိုးသွားခဲ့တယ်။ ကံဆိုးချင်တော့ ငါ့ရဲ့ ဒဏ်ရာဟောင်းတွေ ပြန်မကောင်းခင်မှာပဲ နောက်ထပ် အင်အားကြီး ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့ပြီးတော့ ငါ့ခန္ဓာကိုယ်နဲ့ တိုင်းပြည်က ပြန်ပြင်လို့ မရအောင် ပျက်စီးသွားခဲ့တယ်။ အဲဒါကြောင့် ပြန်လည်ရှင်သန်ဖို့ ခွန်အားနဲ့စိတ်စွမ်းအား ထူးခြားကောင်းမွန်တဲ့ အမှောင်ဂုဏ်သတ္တိရှိတဲ့ နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ဆွဲဆောင်ဖို့အတွက် ရတနာသိုက် သဲလွန်စတွေကို ချထားပေးခဲ့တာ။ ပြီးရင် အမှောင်ဒြပ်စင် ဇစ်မြစ်စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ပြီးတော့ အမြင့်မားဆုံးဖြစ်တဲ့ အလင်းအမှောင် လျို့ဝှက်ချက်တွေကို နားလည်အောင် လုပ်မယ်ပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာအောင် စောင့်ပြီးတာတောင် မင်းတို့လို ပုရွက်ဆိတ်တွေပဲ ရောက်လာခဲ့တယ်။ ရိုဒရီဂူးဇ်ရဲ့ ယုံကြည်သူ ဖြစ်လာတာကို မင်းတို့ လုံးဝ ဂုဏ်ယူသင့်တယ်။ အခု ငါ မင်းတို့ကို အမြင့်မားဆုံး ယုံကြည်မှု ရေနှစ်ခြင်း လုပ်ပေးမယ်။”
ထိုသို့ပြောပြီးနောက် ဘယ်ဖက် ရွှေမျက်လုံးက နေကဲ့သို့ တောက်ပလာပြီး ချန်လွေ့နှင့် ဒိုဒိုတို့ကို လွှမ်းမိုးလိုက်လေသည်။