← Chapters

သူတော်စင်ဘုရင်ခိုင်းကျန်း

Vol. 17 Ch. 242

သူတော်စင်ဘုရင်ခိုင်းကျန်း

Vol. 17 Ch. 242

"စိမ်းပြာတစ္ဆေလက်သည်းက အဲ့နတ်ဆိုးနတ်ဘုရားနဲ့ သက်ဆိုင်​နေတာများလား"

ချန်ရှီ အားကျိုးကို နှုတ်ဆက်ပြီး ချောက်ကမ်းပါးဆီသို့ လျှောက်သွားခဲ့သည်။

တစ္ဆေလက်သည်စပိုင်ရှင်က အမြင့်ဆုံး တစ္ဆေနတ်ဘုရားလား။

အနည်းငယ် ဝမ်းနည်းကြေကွဲသွားသလို ခံစားလိုက်ရသည်။ သူ အဆင့်မြင့်ဆုံး တစ္ဆေနတ်ဘုရားရဲ့ ဦးခေါင်းပေါ် ရပ်နေခဲ့တာကို သူ့အဘိုး မြင်ခဲ့တယ် ဆိုတာက ထင်ယောင်ထင်မှား ဖြစ်တာလား ဒါမှမဟုတ် တကယ် ဖြစ်ခဲ့တာလား။

တကယ်သာ ဖြစ်လာရင် သူက ဘာလို့ အမြင့်ဆုံး တစ္ဆေနတ်ဘုရားရဲ့ ဦးခေါင်းပေါ်မှာ ရပ်နေရတာလဲ။ အဲဲဒီတစ္ဆေနတ်ဘုရားက ဘယ်သူလဲ။ မိမိနဲ့ သူ့ရဲ့ဆက်ဆံရေးက ဘယ်လိုလဲ။ သူ့အကျဉ်းသားလား ဒါမှမဟုတ် ကြံရာပါလား။

အဘိုးသည် ခုနစ်ကြိမ်မြောက်၌ ချန်ရှီ၏နေရာကို ရှာဖွေရန် မရဏကမ္ဘာသို့ ထပ်မံသွားခဲ့သည်။ ချန်ရှီကို တစ္ဆေနတ်ဘုရားလက်မှ ပြန်လည်ရယူရန် အခွင့်အရေးကို စောင့်မျှော်နေခဲ့တာ ဖြစ်နိုင်ပါလား။

အဘိုး ချန်ရှီကို ပြန်ခေါ်သွားသောအခါ တစ္ဆေနတ်ဘုရားက သူ့နှလုံးကို အဘယ်ကြောင့် ဆုပ်ကိုင်ထားပြီး သေမတတ် ညှစ်ထားရသလဲ။

ချန်ရှီက သူ့ရင်ဘတ်ကို လက်နဲ့ အုပ်လိုက်သည်။ သူသည် အကြိမ်များစွာ သေဆုံးခဲ့ပြီး အများစုမှာ တစ္ဆေလက်သည်းက သူ့နှလုံးသားကို ညှစ်ထားသောကြောင့် ဖြစ်သည်။

ဒီပြဿနာက ပြီးခဲ့တဲ့နှစ်မှစ၍ ထပ်ဖြစ်မလာပေမယ့် ချန်ရှီ သတိကို လုံးဝလက်မလွှတ်ရဲပါ။ နောက်ဆုံးတော့ သူ့နှလုံးက တခြားသူတွေရဲ့လက်ထဲမှာ ရှိနေပြီး တစ်ဖက်က သူ့ကို အလိုရှိတိုင်း သတ်နိုင်ပါ၏။

"ငါက မရဏကမ္ဘာမှာ ရှစ်နှစ်နေခဲ့ရတယ်မလား... အမြင့်ဆုံး တစ္ဆေနတ်ဘုရားဆီက အဖမ်းခံခဲ့ရပြီး သူ့ရဲ့ အကျဉ်းသား ဖြစ်လာခဲ့တာဖြစ်မယ်"

ချန်ရှီ ဝမ်းနည်းစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ငါအရမ်းခံစားခဲ့ရပြီးပြီ.... ငါ့ကိုယ်ငါ လျော်ကြေးပေးရမှာပေါ့ ငါ ထပ်မခံစားချင်ဘူး... တခြားသူတွေဆီကလည်း နောက်တစ်ခါ ထပ်ကြံစည်မခံတော့ဘူး!"

ထိုအချိန်တွင် အဘွားရှားရဲ့ အသံကို ကြားလိုက်ရသည်။

"တစ်ဆယ်လေး! တစ်ဆယ်လေး!"

ချန်ရှီ ရပ်လိုက်ပြီး သူ့အတွင်း ချီစွမ်းအင်ကို ဖြန့်ကျက်ကာ ရေကန်ပေါ်တွင် မတ်တတ်ရပ်​နေလိုက်သည်။ သူ့ခြေဖဝါးအောက်က ရေမျက်နှာပြင်ဟာ ချောမွေ့စွာ စီးဆင်းနေ၏။

သစ်သားလှည်းက သူ့ဘက်ခြမ်းကို မောင်းလာနေပါပြီ။ ယခုတစ်ကြိမ်တွင် ၎င်း၏ လက်ခြောက်နှင့် လျှာကို အသုံးမပြုတော့ဘဲ ၎င်း၏ဘီးလေးဘီးက ရေထဲတွင် လှည့်ပတ်သွားလာ​​နေကာ မောင်းနှင်မှုက အလွန်တည်ငြိမ်သည်။

အဘွားရှားနဲ့ ဟေးကော်လည်း သစ်သားလှည်းထဲမှာ ပါလာကြသည်။ ဟေးကော်က သူ့ကိုတွေ့ရတော့ အရမ်းစိတ်လှုပ်ရှားနေပုံပင်။ ၎င်းသည် ပါးစပ်ကိုဖွင့်ကာ လျှာကိုထုတ်ပြရင်း အမြီးကို ပြင်းပြင်းထန်ထန် ဝေ့ယမ်းပြနေ၏။

"ဟေးကော်က ခွေးတစ်ကောင်လိုပါပဲ" ချန်ရှီ စိတ်ထဲမှာ တွေးလိုက်မိသည်။

သစ်သားလှည်းသည် သူ့ဘက်သို့ မောင်းလာတဲ့အခါ ချန်ရှီ ခုန်တက်လိုက်ပြီး ရေကန်၏ ချောက်ကမ်းပါးဆီသို့ မောင်းနှင်သွား​စေလိုက်သည်။ အဘွားရှားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့အတွေ့အကြုံတွေ အကြောင်း မေးမြန်းလာသည်။

"မင်းကို အားကျိုး ဖမ်းထားတာ...ခက်ခဲအောင် လုပ်သေးလား?"

ချန်ရှီလည်း အားကျိုးနဲ့ ကြုံတွေ့ရပြီး ပန်းရှန်းဂိုဏ်းနဲ့ ပဋိပက္ခတွေအကြောင်း ပြန်ပြောပြလိုက်သည်။

"အဘွား ကျေးဇူးပြုပြီး ဦးလေးအားကျိုးကို အထင်မလွဲပါနဲ့... အဲဒီပျားတွေနဲ့ အင်းဆက်တွေက မရဏစစ်သားတွေ... အဘွားက မရဏဥပဒေတွေကို ချိုးဖောက်ထားလို့ ထပ်ခါတလဲလဲ လိုက်ရှာနေကြတာ...သူက မရဏစည်းကမ်းတွေကို လိုက်နာရမယ်လေ..."

အဖွားရှားက လှောင်ပြောင်ရင်း :"အဲဒီလူယုတ်မာက မင်းကို လှည့်စားတာပဲ... ဒါပေမယ့် ငါ့လို လက်ဟောင်းကိုတော့ လှည့်စားလို့မရဘူး!"

ထိုသို့ပြောပြီးနောက် သူမအမူအရာမှာ အလွန်ပျော့ပြောင်းသွားသည်။

ချန်ရှီ: "ဦးလေးအားကျိုးက အဘွားနဲ့ ပူးပေါင်းပြီး နောက်ဆုံးအကြိမ် မရဏပြည်ထဲဝင်ရင်း အခွင့်ကောင်း ရသွားတာတဲ့... မြေအောက်တမန်ရဲ့ တာဝန်တွေကို နှစ်တွေအကြာကြီး ထမ်းဆောင်ရတော့ အဘွားတို့နဲ့ ဝေးကွာသွားကြတာ... တကယ်တော့ သူက အဘွားတို့ကို အရမ်းဂရုစိုက်ပါတယ်"

အဘွားရှားရဲ့ အမူအရာက ပိုသက်တောင့်သက်သာ ဖြစ်လာခဲ့သည်။

"သူပြောတာပေါ့လေ... ငါ တနန်ကန်ကိုရောက်တိုင်း သူမွေးထားတဲ့ ပျားတွေကြောင့် ပြေးလိုက်ရတာမှ..ဟမ့် အရမ်းရက်စက်တာပဲ..."

သူမက ပြုံးပြီး "ဒါပေမယ့် ငါ သူ့ကို စိတ်မခုတော့ပါဘူး... အားကျိုး အဆင်ပြေရဲ့လား... လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ငါတို့ မြေအောက်ကမ္ဘာကို သွားတုန်းက သူက ငါတို့ကို ပြန်သယ်လာပေးခဲ့တယ်... သူလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ သူ ငါတို့နဲ့ ပတ်ပြေးခဲ့ဖူးပေမယ့် ဒီလိုအန္တရာယ်ကြီးတဲ့ အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူး... အရင်ကဆို သူက အမြဲတမ်း စောင့်ကြည့်ရတာပဲ ရှိတယ်"

"ဦးလေးအားကျိုးက မကြာခင် မဟာယာနကို အောင်မြင်တော့မှာ"

အဘွားရှားက သက်ပြင်းတစ်ချက်ချကာ ပြုံးလေသည်။

"သူက မယုံနိုင်လောက်အောင်ကို ထက်မြက်တယ်... သူ သင်ယူပြီးတာနဲ့ အားလုံးကို နားလည်ပြီး ကျွမ်းကျင်သွားတာပဲ.. မဟာယာနနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်တာ သဘာဝကျပါတယ် ချန်ယင်တူး သူ့ကို ဒီကို ခေါ်လာတုန်းက ငါဆို အံ့သြသွားတာ.. သူက သိပ်ဉာဏ်မမီတဲ့ ပုံစံလေးလေ......"

အဘွားရှားရဲ့ အတိတ်အကြောင်း ပြောသည်ကို နားထောင်ရင်း သူ့မျက်နှာပေါ်တွင် ပြုံးနေခဲ့သည်။

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက အဖွားရှားသည် သူမ၏ခင်ပွန်း ရှန့်ယွင်ဖေးဆီက စွန့်ပစ်မခံရသေးချေ။ သူမသည် လှပဆဲဖြစ်ပြီး အံ့သြဖွယ်ဝိညာဉ်ရေးဆိုင်ရာ အောင်မြင်မှုများကိုလည်း ရရှိခဲ့သည်။ ဟူရှောင်လျောင်လည်း မသေသေးပါ။ သူ့ဘဝအဆုံးသတ်ဖို့ နေ့တိုင်း စိတ်ပူနေရသည်။ တုယိရန်သည် လူများအတွက် သင်္ချိုင်းကမ္ဗည်းများကို ထွင်းထုပြီး လမ်းမများပေါ်တွင် လမ်းလျှောက်နေဆဲဖြစ်သည်။

ထိုအချိန်တွင် ချင်းယန်ကလည်း တုယိရန် နောက်သို့လိုက်ကာ နေရာတိုင်း၌ သင်္ချိုင်းမြက်စားရခြင်းကို နှစ်သက်နေခဲ့သည်။

ထိုအချိန်တွင် လူတစ်စု၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော ဖန်တီးခံရှောင်ဝူသည် သူ့ကိုယ်သူ ကောင်းမွန်စွာ အသွင်ဆောင်ကာ ချန်ယင်တူး၏ လက်ထောက် ဖြစ်လာခဲ့သည်။

အားကျိုးသည် နွားတစ်ကောင်လို တုံးအနေပုံရသော်လည်း ဤဆယ်နှစ်သားကောင်လေးကို လူတိုင်း ထိတ်လန့်သွားကြသည်။ သူ့အရည်အချင်းက မြင့်လွန်း၏။ ရိုးသားလွန်းတာကလွဲလို့ သူ့မှာ အပြစ်မရှိသလောက်ပင်။

ဖန်တီးခံရှောင်ဝူပင်လျှင် အားကျိုးကို တိုက်ခိုက်ပြီး သူ၏ ဦးနှောက်ဖွဲ့စည်းပုံကို လေ့လာရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူ့ကို အမြဲသံသယသာ ဝင်ခဲ့ရပြီး မအောင်မြင်ခဲ့ပေ။ တုယိရန်ကလည်း အနှောင့်အယှက် ဝင်ပေးခဲ့သေးသည်။

ဘုရင်ကျန်းခေတ်တွင် ပျောက်ဆုံးသွားသော ဟွာရှနတ်ဘုရားများကို ရှာဖွေကာ ရတနာများနှင့် တံဆိပ်တုံးများတွင် ဝှက်ထားသော နက်နဲသော အရာများကို ရှာဖွေခဲ့ကြသည်။

သူတို့သည် ကြီးစွာသော အန္တရာယ်များနှင့် ကြုံတွေ့ရပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သော ပြဿနာများက အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ အားကျိုးသည် ဤစွန့်စားခန်းများနှင့် အတွေ့အကြုံများမှတဆင့် တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး သူ့ရဲ့ ကျင့်ကြံမှု ခွန်အားသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။

သူတို့သည် သူ့ကို ငယ်စဉ်က ကလေးအဖြစ်သာ ဆက်ဆံခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် သူသည် သူတို့ထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။

"အဘွား... ဦးလေးအားကျိုးက ရေကန်ငါးကန် လူဆိုးငါးယောက်ထဲမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်... အဖွားက လူဆိုးငါးယောက်ထဲမှာ ပါနေတာတဲ့"

အဘွားရှားက လှောင်ပြောင်လေသည်။

"မင်းကို အဲ့လိုပြောတာလား... လူဆိုးငါးယောက်က ယောက်ျားတွေချည်းပဲ ငါက မိန်းမမို့လို့ သေချာပေါက် ငါ မပါဘူးလေ... အားကျိုးက ညာနေတာ... သူ့ရဲ့ ရိုးသားတဲ့ အသွင်အပြင်ကြောင့်နဲ့ လှည့်စားမခံရစေနဲ့နော်..."

သူမ သက်ပြင်းချရင်း "ချင်းယန်အတွက် သနားစရာပဲ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အနှစ်တစ်ထောင်ကျော် အသက်ရှင်နေနိုင်တယ်... ငါ သူ့ကို အုတ်ဂူပေါ်က မြက်​တွေမဝါးဖို့ သင်္ချိုင်းမှာ မြက်မကိုက်စားဖို့ အတန်တန် မှာတယ်... ဒါပေမယ့် သူက နားမထောင်ဘဲ ဝါးတာပဲ..."

သူမသည် ဒေါသနှင့် သွားများကို အံကြိတ်ကာ "နောက်ဆုံးတော့ သူ့ကိုယ်သူ စွန့်လွှတ်လိုက်ရတာပဲလေ...တန်တယ်!"

စကားစမြည်ပြောရင်း ချောက်ကမ်းပါးအောက်ခြေကို ရောက်သွားကြသည်။ ချန်ရှီသည် အားကျိုးရဲ့ ညွှန်ကြားချက်ကို သတိရသွားပြီး သံကြိုးအနက်ကို တွယ်တက်ရင်း ချောက်ကမ်းပါးပေါ်သို့ တက်ခဲ့သည်။

သစ်သားလှည်းက မတက်နိုင်တော့ဘဲ ဟေးကော်နဲ့အတူ အောက်မှာပဲ ကျန်နေခဲ့လေသည်။ အဘွားရှားမှာ အသက်ကြီးသော်လည်း သူမသည် အလွန်သွက်လက်ပြီး ချောက်ကမ်းပါးပေါ် တွယ်တက်နိုင်သေးသည်။

မိုးပျံကျောက်ကျွန်းသည် ဧကရှစ်ရာ သို့မဟုတ် ကိုးရာခန့်ရှိသော ဆိုင်းငံ့ထားသော ကျွန်းဖြစ်သည်။ ၎င်းက တနန်​ရေကန်ထဲက ပျံထွက်လာခဲ့သလိုပင်။ ကောင်းကင်သို့ ပျံမတက်သွားအောင် ကာကွယ်ရန် နတ်များနှင့် နတ်ဆိုးများက သံကြိုးများဖြင့် ချည်နှောင်ထားတယ်လို့ ဆို၏။ ထိုကျွန်းပေါ်က သစ်ပင်များပေါ်တွင်ပင် နေရာတိုင်း ရေညှိများဖြင့် ဖုံးလွှမ်းနေပြီး အလွန်စိုစွတ်နေသည်။

ချောက်ကမ်းပါးပေါ် လမ်းလျှောက်လာစဥ် လတ်ဆတ်ပြီး အေးမြတဲ့ လေကို ရှူရှိုက်နိုင်၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် လှပတဲ့ တောင်တန်းတွေနဲ့ ကြည်လင်တဲ့ ရေတွေကို တွေ့နိုင်ပါသေးသည်။

ဤနေရာတွင် ထင်းခုတ်သူ တချို့ရှိသော်လည်း သံကြိုးများပေါ်တွင် ရေညှိများက ရှိနေသဖြင့် သတိမထားမိပါက အလွယ်တကူ ပြုတ်ကျနိုင်သောကြောင့် ထင်းခုတ်ရန် ခက်ခဲ​စေသည်။

ချန်ရှီ အရမ်းစိတ်ရှုပ်သွားသည်။ ထင်းကို ဘယ်လိုသယ်သွား​ကြတာလဲ။

အဘွားရှား: "သူတို့က ဒီမှာနေတဲ့လူတွေ.... ဒီနေရာက အကြီးကြီး မဟုတ်ပေမယ့် ရွာတွေက ခြောက်ရွာ၊ ခုနစ်ရွာလောက် ရှိတယ်"

ချန်ရှီ အံ့သြသွားပြီး ပြန်လှည့်မေးလိုက်သည်။

"သူတို့ဒီမှာနေတာလား... ထင်းတွေနဲ့ ဘယ်လို ပြန်ဆင်းကြလဲ"

"ဆင်းရတာ အဆင်မပြေဘူး ဆိုရင်တော့ မဆင်းကြတော့ဘူးပေါ့ ..."

အဘွားရှားက ပြုံးပြရင်း ဆို၏။

"အစိုးရ အရာရှိတွေ အခွန်တက်ကောက်ရတာ ခက်တယ်လေ... အဲ့ကျရင် သူတို့ အသက်ရှင်လို့ရပြီ"

ချန်ရှီ: "အစိုးရ ဝင်လာဖို့ ခက်ပေမယ့် နတ်ဆိုးတွေ ဝင်လာဖို့က လွယ်တယ်... နတ်ဆိုးတွေကို ဘယ်လို ကိုင်တွယ်​ကြလဲ"

"ငါ့နောက်လိုက်ခဲ့... ခဏ​နေ သိလိမ့်မယ်"

အဖွားရှားက ချန်ရှီကို ချောက်ကမ်းပါးပေါ်ရှိ ဘုံကျောင်းဆီသို့ ခေါ်ဆောင်သွားခဲ့​သည်။ ချောက်ကမ်းပါးပေါ်ရှိ ရွာများက ဤဘုံကျောင်းဘေးတွင်သာ တည်ထားကြ၏။ ဘုံကျောင်းရှေ့တွင် နံ့သာပေါင်း၊ ဖယောင်းတိုင်များ ထွန်းညှိထားသော စားပွဲတစ်ခု ရှိသည်။ နံ့သာမွှေးရနံ့က ဘုံကျောင်းထဲကို ပျံ့လွင့်သွားလေ၏။

ဤဘုံကျောင်းသည် ချောက်ကမ်းပါးပေါ်ရှိ ရွာအားလုံး၏ ကန့်ညောင် ဖြစ်​ပေသည်။

ချန်ရှီ အရမ်းအံ့သြသွားသည်။ သူသည် ရာနှင့်ချီသော ကန့်ညောင်များကို မြင်ဖူးသော်လည်း ဒီလို ဘုံကျောင်းတစ်ခုလုံးကို ကန့်ညောင် အဖြစ် စုပေါင်းကိုးကွယ်ကြတာကိုတော့ ပထမဆုံးမြင်ဖူးခြင်းပင်။

ဘုံကျောင်း တံခါးအပြင်ဘက် နံရံမှာ အဆောင်စာလုံးတွေ ရေးဆွဲထား၏။ ချန်ရှီ ရှေ့ကိုတိုးကာ ခဏလောက် ကြည့်လိုက်တော့ သူ့အဖိုး ဆွဲခဲ့တာမှန်း သေချာသွားခဲ့သည်။ အဆောင်လက်ဖွဲ့က သက်ရှိဝိညာဉ်များနှင့် သရဲတစ္ဆေများကို ဖယ်ရှားပေးနိုင်သော သန့်စင်သော အဆောင်စာလုံး ဖြစ်သည်။ လူတွေအနား နီးဖို့ မပြောနှင့်၊ နီးလာလျှင် ဒူးထောက်ကာ နောက်ဆုတ်သွားရလိမ့်မည်။

ကျင့်ကြံသူ မဟုတ်တဲ့ သာမန် လူတွေကို အကာအကွယ်ပေးဖို့ ဒီအဆောင်စာလုံးကို သုံးလေသည်။ မပျက်စီးနိုင်သော စိတ်ဆန္ဒရှိသူများနှင့် ကြုံတွေ့ရသောအခါတွင် ၎င်းက အလွန်အသုံးမဝင်တော့ချေ။

အဘွားရှားက ဘုံကျောင်းတံခါးကို ဖွင့်ပြီး ဘုံကျောင်းထဲကို ခေါ်သွားခဲ့သည်။

ချန်ရှီ ခြံဝင်းထဲသို့ ရောက်ရှိလာတာနဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်သော် ဘုံကျောင်းကြီးသည် ဆယ်ဧကကျော် ကျယ်ဝန်းတာ မြင်လိုက်ရသည်။ ခြံဝင်းထဲတွင် စိုက်ထားသော သစ်ပင်ကြီးတစ်ပင်ရှိပြီး သစ်ပင်ခေါင်ထိပ်မှာ ဧရိယာ ခြောက်ဧကမှ ခုနစ်ဧကခန့်အထိ ရှိသည်။ ဘေးပတ်လည်တွင်လည်း သစ်ပင်ငယ်အချို့ရှိသည်။

ဒီသစ်ပင်ကြီးတွေက ဘုံကျောင်းထဲကို နေရောင်ခြည် ဝင်မလာအောင် ပိတ်ဆို့ထား၏။ ချန်ရှီ မော့ကြည့်လိုက်တဲ့အခါ ထူထပ်သော သစ်ရွက်များမှတစ်ဆင့် နေရောင်ခြည်ကို မြင်နိုင်သော်လည်း ကောင်းကင်ပြင်နတ်ဘုရားကတော့ ဤနေရာကို သတိပြုမိနိုင်မည် မဟုတ်ပေ။

ဘုံကျောင်းသည် ချောက်ကမ်းပါး၏ အလယ်တည့်တည့်တွင် တည်ရှိပြီး ချောက်ကမ်းပါးတွင် ချည်နှောင်ထားသော သံကြိုးများကို ဘုံကျောင်း၏ ထောင့်လေးထောင့်တွင် မြှုပ်နှံထားသည်။ ဒါကိုတွေ့တော့ ချန်ရှီရဲ့ နှလုံးသားလည်း တုန်လှုပ်သွားခဲ့သည်။

"ဦးလေးအားကျိုး ပြောခဲ့တာက အမှန်တွေ ဖြစ်မယ်...ဒီမှာ တစ်ခုခုတော့ ဖိနှိပ်ခံနေရပုံရတယ်... နောက်ပြီး ဘုရင်ကျန်းခေတ်မှာ ဖိနှိပ်ခံခဲ့ရတာ ဖြစ်မယ်"

အဘွားရှားက ဘုံကျောင်းထဲကို ခေါ်သွားရင်း ဆိုသည်။

"မျက်စိမှိတ် ခန့်မှန်းမနေနဲ့... မင်းအဘိုးက ဒီနေရာကို ကောင်းကင်တရားရုံးက လူတွေကို ခေါ်လာပြီး စူးစမ်းလေ့လာဖူးတယ်... ဘုံကျောင်းက ဘုရင်ကျန်းခေတ်က လာတယ်ဆိုတာ ငါတို့ စိစစ်ပြီးပြီ... ဗိမာန်တော်အောက်မှာ တွင်းနက်ကြီး တစ်ခုရှိတယ်။ အေးခဲပြီး အစွန်းမရောက်ဘဲ ချောက်ကမ်းပါးထဲကို တိုက်ရိုက်ရောက်သွားတာ... ဘုံကျောင်းဆောက်တဲ့လူတွေက တွင်းတူးပြီးတော့ ထားခဲ့တာ... အဲဒီရေတွင်းက ဘုံကျောင်းထဲမှာပဲ... အရမ်း နက်တယ်..."

အဘွားရှားပြတဲ့ ရေတွင်းကို ချန်ရှီ မြင်ပါသည်။ ၎င်းသည် အနက်ရောင်သံဖြင့် ပြုလုပ်ထားသော နံရံများပါသော သံရေတွင်းတစ်ခု ဖြစ်သည်။ ရေတွင်းနှုတ်ခမ်းဝက ဆယ်ပေခန့်ကျယ်ကာ အပြင်ဘက်တွင် သံရှစ်ကွက်အစီအရင်၏ အပြင်အဆင်ဖြင့် ရေတွင်းတစ်တွင်းပင်။

ပါးကွာ့အစီအရင် ရှစ်ကွက်အပြင် ရှေးခေတ်အက္ခရာတချို့လည်း ရှိသေးသည်။ "ရွှင်ဟာ လျှပ်စီးကဲ့သို့ မြန်သည်၊ ကူဟာ လေနှင့် မိုးခြိမ်းသံအဖြစ် ကခုန်သည်", "ဟွေ့ကျိုက် ထာဝရရှင်သန်ခြင်း နဲ့ ပေါင်းစည်းလမ်းအမတ", " စိမ့်ကဲ့သို့ တောင်များအဖြစ်သို့ ပြောင်းခြင်း" အစသဖြင့်။

ချန်ရှီ ၎င်းတို့ကို တစ်လုံးပြီးတစ်လုံး ဖတ်​ကြည့်ပြီးနောကိ အနည်းငယ် လန့်သွားသည်။

"ဒါက ပါးကွာ့အစီအရင် ရှစ်ခုနဲ့ ပေါင်းစည်းလမ်းနယ်ပယ်ရဲ့ စည်းတံဆိပ်ပဲ!"

ကံမကောင်းစွာပဲ သံရှစ်ကွက်အစီအရင်တွင် ရှစ်မျက်နှာသာရှိပြီး ၎င်းတွင် မှတ်တမ်းတင်ထားသော ပေါင်းစည်းလမ်း နယ်ပယ်၏ စည်းတံဆိပ်ကလည်း အနည်းငယ်သာရှိသည်။ ဤပြန့်ကျဲနေသော အစီအရင်များကို အခြေခံ၍ ပေါင်းစည်းလမ်း နယ်ပယ်၏ အကြောင်းအရာကို ခန့်မှန်းရန် မဖြစ်နိုင်ချေ။

သူသည် ရေတွင်းဝသို့ ရောက်လာ၍ အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ အတွင်းမှာ မည်းနက်နေပြီး ရေတွင်းအောက်ခြေကို မမြင်နိုင်ပေ။ ရေတွင်းထဲက အေးစက်တဲ့လေတွေ တိုက်ခတ်နေတာကိုပဲ သူမြင်နေရသည်။

ရေတွင်းအပြင်ဘက်တွင် ရေတွင်းအဖုံး ဖြစ်သင့်သည့် သံရှစ်ကွက်အစီအရင် ရှိသော်လည်း ဘယ်သူက ပစ်ချခဲ့သလဲ ဘယ်သူမှ မသိနိုင်ပေ။

ရေတွင်းထဲမှာ တစ်ခုခု ရှိနေရင်တောင် ဟိုးအရင်ကတည်းက လွတ်သွားလောက်လေပြီ။

"ငါတို့ ရေတွင်းအောက်ခြေကို ဆင်းသွားတော့ ဘာမှမတွေ့ဘူး...ဒီရေတွင်းကို ဘယ်သူ ဖွင့်ထားတာလဲ မသိဘူး ရေတွင်းထဲက ပစ္စည်းတွေက ဘယ်ရောက်သွားမှန်းလဲ မသိဘူး"

ချန်ရှီ: "သမိုင်းမတင်ခင်က နတ်ဆိုးနတ်ဘုရား တစ်ပါး ဒီချောက်ကမ်းပါးမှာ နှိမ်နှင်းခံရတာ ဖြစ်နိုင်လား... မဟုတ်ရင် ဘုရင်ကျန်းခေတ်က လူတွေက ဘုံကျောင်းကို ဘာလို့ အပင်ပန်းခံပြီး ဆောက်ကြမှာလဲ"

အဘွားရှားက ပြုံးပြီးပြောသည်။

"အဲဒါတော့ မသိဘူး ရေတွင်းထဲက အရာတွေ လွတ်သွားပေမယ့် ကမ္ဘာကြီးက ငြိမ်းချမ်းနေတာပဲမလား ဘာမှ ကြီးကြီးမားမား မဖြစ်သေးဘူး"

ချန်ရှီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ရေတွင်းထဲက အရာတွေက မီးရှို့ခံရပြီး သေသွားတာ ဖြစ်နိုင်သည်။ ဒါမှမဟုတ် လွတ်မြောက်ပြီး တစ်ယောက်ယောက်က ဖယ်ထုတ်လိုက်တာလည်း ဖြစ်နိုင်၏။

"သူတော်စင်ဘုရင်ခိုင်းကျန်းခန်းမ" လို့ ရေးထားတဲ့ ကမ္ပည်းပြားနဲ့ ခန်းမကြီးတစ်ခုဆီကို သူရောက်လာခဲ့သည်။

"သူတော်စင်ဘုရင်ခိုင်းကျန်း? သူက ဟွာရှပြည်က နတ်ဘုရားလား?"

ချန်ရှီ ခဏရပ်ပြီး ခန်းမထဲသို့ လိုက်၀င်သွားခဲ့သည်။ အလယ်ဗဟိုရှိ ဘုရားကျောင်းသည် နတ်ဘုရားဆင်းတုတော်များ မရှိဘဲ လွတ်နေပါ၏။ ထူးခြားသော စွမ်းအားတစ်ခုသာ လှည့်ပတ်နေခဲ့သည်။

"ဘုရင်ကျန်းခေတ် ကုန်ဆုံးပြီးတာတောင် ဒီနေရာမှာက ဘယ်တော့မှ နံ့သာပေါင်း မရပ်တန့်ခဲ့ဘူး...ဒါပေမဲ့ နတ်ရုပ်ပုံသဏ္ဌာန် တစ်ခုမှ ထွက်ပေါ်လာတာလည်း မရှိဘူး"

အဘွားရှားက ခန်းမထဲသို့ လျှောက်ဝင်သွားရင်း ရှင်းပြသည်။

"ဒီနေရာရဲ့ ထူးကဲတဲ့ စွမ်းအားတွေ ဆုံးရှုံးသွားရတာတော့ နှမြောစရာပဲ... မင်းအဘိုးက နတ်ကွန်းထဲမှာ သူရဲကောင်းဆန်တဲ့ ကမ္ပည်းပြားကို ထားခဲ့ပေမဲ့ နှစ်တွေကြာလာတဲ့အထိ ဒီနေရာရဲ့ သူရဲကောင်းစိတ်ဓာတ်က မနိုးထလာသေးဘူး"

ချန်ရှီ ဘုံကျောင်းကို သေချာကြည့်လိုက်သည်။ အမှန်ပင် ဤနေရာ၏ ထူးကဲသော တန်ခိုးကို ဖြည့်ဆည်းပေးသည့် နတ်ကွန်း၏ နံရံတွင် သူရဲကောင်းဆန်သော ကမ္ဗည်းပြား သင်္ကေတတစ်ခု ရှိနေပါသည်။ သို့သော် နတ်ဘုရားက အသိဉာဏ်မကျန်တော့သောကြောင့် နတ်ကွန်းရှိ ထူးကဲသော စွမ်းအားကို မပေါင်းစည်နိုင်ချေ။

ဤနေရာ၌ ထူးကဲသော စွမ်းအားက ပြင်းထန်လွန်းသည်။ ချောက်ကမ်းပါးပေါ်ရှိ ရွာသားတွေက သူတို့ ကန့်ညောင်ကို သေချာ ကိုးကွယ်ကြပြီး အမွှေးတိုင်နှင့် မီးခိုးများက ဤနတ်ကွန်းအတွင်းသို့ စီးဝင်သွားသဖြင့် နတ်ကွန်းထဲရှိ နတ်တန်ခိုးများက စုရုံးကာ အောက်ခြေရှိ တောက်ပသော အရည်ပန်းကန်လုံးတစ်လုံးကို ဖန်တီးကာ နတ်အလင်းရောင်ကို ထုတ်ပေးသည်။

ချန်ရှီမှာ တခြားရှေးဟောင်း ဘုံကျောင်းများထဲတွင် ထိုသို့သော အခြေအနေမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။

"နတ်ဘုရားက သေပြီ..."

အဖွားရှားက တံခါးဘောင်ကို မှီပြီး ဆို၏။

"ဟွာရှ နတ်ဘုရားတွေ အကုန်သေသွားပြီ... ငါတို့ ကောင်းကင်တရားရုံးက နှစ်ပေါင်းများစွာ ရှာဖွေနေပေမယ့် အသက်ရှင်နေတဲ့ တစ်ပါးမှ ရှာမတွေ့ဘူး..."

သူမမျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားကာ စကားမပြောတော့ပါ။

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ သူက အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကို ထုတ်ယူ၍ တစ်ချက် ဦးညွှတ်လိုက်သည်။

"...ဘုရင်ကျန်းလက်ထက်မှာ နတ်ဆိုးတွေ သောင်းကျန်းပြီး ပရမ်းပတာ ဖြစ်သွားခဲ့ပါတယ်...သူတော်စင်ဘုရင်က နတ်ဆိုးတွေကို ခုတ်ထစ်မီးရှို့ပြီး လယ်မြေတွေကို စိုက်ပျိုးခဲ့တယ်... မြေသြဇာကောင်းတဲ့ လယ်ကွင်းတွေ ဖန်တီးပြီး နတ်ဆိုးတွင်းကို နှိမ်နင်းလို့ တောင်ပိုင်းရေကန်ကို စောင့်ကြပ်ခဲ့တယ်... အခု ကျွန်တော်ချန်ရှီ ဘုရင်ကျန်း အဖြစ် အလိုတော်အတိုင်း အမွေဆက်ခံခဲ့ပါတယ်... သူတော်စင်ဘုရင်ခိုင်းကျန်းဟာ တောင်ပိုင်းရေကန်ရဲ့ မိုင်၈၀၀ ရေပြင်ကိုကာကွယ်ပေးပြီး လူသားတို့ရဲ့ ကျန်းမာရေးနဲ့ ရာသီဥတု ကောင်းမွန်မှုတို့ကို အာမခံသော တနန်ရေကန်ရဲ့ နတ်ဘုရားအဖြစ် ခန့်အပ်ပါတယ်"

အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးက ပျံတက်သွားသော်လည်း ဆင်းသက်စရာ နေရာမရှိခဲ့ပေ။

သူတော်စင်ဘုရင် ခိုင်းကျန်း ဘုံကျောင်း၏ မြင်ကွင်းသည် ယခင်က သူကြုံတွေ့ခဲ့ရသည့် ရှေးဟောင်း ဘုံကျောင်းများနှင့် မတူပေ။ ထိုရှေးဟောင်း ဘုံကျောင်းများ အားလုံးတွင် နတ်ရုပ်တုများ စုဝေးနေသော်လည်း ဤနေရာတွင် နတ်ကွန်းများနှင့် ထူးကဲသော တန်ခိုးများသာ ရှိကာ နတ်ရုပ်တုများမရှိချေ။

ချန်ရှီ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နတ်ကွန်းအတွင်းရှိ ထူးကဲသော စွမ်းအားဖြင့် ဖန်တီးထားသော အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကို ရေကန်ပေါ်တွင် တင်ထားလိုက်သည်။ သန့်ရှင်းသောရေကန်သည် ရတနာတံဆိပ်တုံးပေါ်ရှိ စကားလုံးများကြောင့် ရောင်ပြန်ဟပ်ကာ လင်းလက်တောက်ပနေသည်။

ကောင်းကင်ဘုံ၏ ဧကရာဇ်အမိန့်တော်သည် အနောက်တောကန္တာရကို ထာဝစဉ် အုပ်ချုပ်မည် ဖြစ်သည်။

ဘုံကျောင်းထဲမှာ စကားလုံး ရှစ်လုံး ပေါ်လာပြီး အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့၏။ ချန်ရှီ အမွှေးတိုင်သုံးချောင်းကို ထုတ်ကာ မီးရှို့ရန် ရှေ့သို့ လှမ်းသွားလိုက်သည်။

အမွှေးနံ့သာရနံ့သည် ဘုံကျောင်းဆီ ပျံ့လွင့်သွားသော်လည်း လေပြေလေညင်းလေး လွင့်သွားသလိုမျိုး နတ်ကွန်းအတွင်း မရေမတွက်နိုင်သော အရောင်များဖြင့် အသွင်သဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။

အဖွားရှားမှာ မူလကတော့ ချန်ရှီရဲ့ လုပ်ရပ်များကို အေးစက်စွာကြည့်ရင်း ခန်းမတံခါးဝကို မှီနေခဲ့သော်လည်း ဤမြင်ကွင်းကို သူမ မြင်လိုက်ရသောအခါတွင် မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။

"အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးက တံဆိပ်ရိုက် ရတနာတစ်ခုပဲ... အဲဒါက တော်ဝင်တန်ခိုးပဲ... နတ်အသွင်တစ်ခုကို စုဆောင်း​ပေးလို့ မရပါဘူး... တစ်ဆယ်လေး နံ့သာပေါင်းကိုင်ပြီး ပူဇော်လိုက်တာနဲ့ နတ်အသွင်တစ်ခု ပေါ်လာတယ်!"

သူမ စိတ်ရှုပ်သွားပြီး ချန်ရှီကို မျက်လုံးပြူးကြည့်လိုက်သည်။

"အရင်က ငါတို့လည်း ကိုးကွယ်ဖူးပေမယ့် နတ်ကွန်းထဲမှာ ဘုရားရုပ်တုတစ်ခုမှ မတွေ့ဖူးဘူး! တစ်ဆယ်လေး တစ်ချက် ကန်တော့လိုက်တာနဲ့ သူတော်စင်ဘုရင် ခိုင်းကျန်းရဲ့ရုပ်တုက ဘယ်လိုလုပ် စုစည်းလာတာလဲ... တစ်ဆယ်လေးရဲ့ ကန့်ညောင်ကြောင့်များလား.... သူ့ကန့်ညောင်က ဘယ်သူလဲ"

အဖွားရှား ငြိမ်သက်သွားပြီး နံ့သာပေါင်းကို မီးရှို့ဖို့ ခြေလှမ်းပြင်လိုက်သည်။

"ဘုရင်ကြီးကို သူတို့ရဲ့ ကန့်ညောင် အဖြစ် ကိုးကွယ်တဲ့ ချောက်ကမ်းပါးမှာ ရွာတွေ အများကြီးရှိတယ်... ဒီဘုံကျောင်းက လူတွေကြားမှာ အမြဲနာမည်ရှိနေပြီး ဘုရင်ရဲ့ မြင့်မြတ်တဲ့အသွင်အပြင်က မြန်မြန်ဆန်ဆန် အသွင်သဏ္ဌာန်ဖြစ်လာမှာ သေချာတယ်... တစ်ဆယ်လေး ငါတို့ပြန်သင့်ပြီ"

ချန်ရှီလည်း ခေါင်းညိတ်ပြပြီး သူမနဲ့အတူ ချောက်ကမ်းပါးမှ ထွက်ခွာလာခဲ့သည်။

သူတို့သည် သစ်သားလှည်းကို ယူကာ ချန်ယန်တောင်သို့ ပြန်လာခဲ့ကြသည်။ မိုးပျံကျောက်ခရိုင်မှ ထွက်သွားနေစဥ် စက္ကူငှက်တစ်ကောင်က အတောင်ပံများကို ခတ်ကာ ချန်ရှီလက်ထဲ ကျလာသည်။

ချန်ရှီလည်း လီထျန်းချင် ပေးပို့သော စာတစ်စောင်ဖြစ်မှန်း သိသဖြင့် စက္ကူငှက်ကို ​အမြန် လှန်​ကြည့်လိုက်သည်။

သူက သေသေချာချာ ဖတ်ကြည့်သည်။ စာထဲမှာတော့ လီထျန်းချင်သည် ရှေးဟောင်းဘုံကျောင်းတွေမှာ လေ့ကျင့်ရင်း အရှိန်အဟုန်နဲ့ တိုးတက်နေပြီလို့ ဆိုပါ၏။

သူက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတချို့ကို ပြောပြခဲ့ပါသေးသည်။ သူတွေ့တဲ့ ရှေးဟောင်းဘုံကျောင်းမှာ မှော်ဆေးတွေပါတဲ့ ဝိညာဉ်နယ်ပယ် တစ်ခုရှိ၏။ ညဉ့်နက်သန်းခေါင်တွင် အဝါရောင်အင်္ကျီ ဝတ်ထားသည့် ကလေးလေးတစ်ယောက် ပြေးထွက်လာတတ်သည်။ သူသည် ပေဝက်မျှသာ အရပ်ရှည်ပြီး အခြားဝိညာဉ်နယ်ပယ်မှ ဦးထုပ်အနက်ရောင် ကလေးငယ်နှင့် ရန်ဖြစ်ခဲ့သည်။ တိုက်ပွဲက ပြင်းထန်ပြီး ရံဖန်ရံခါ ကျဆုံးမှုတွေတောင် ရှိနေသေးသည်။

လီထျန်းချင်က နှစ်ဘက်ကြား တိုက်ပွဲကို ပြေလည်အောင် လုပ်ပြီး ပဋိပက္ခတွေကို ဖြေရှင်းပေးသည်။ အဝါရောင်အင်္ကျီဝတ် ကောင်လေးများကို ဟွမ်ကျင်းအာ ဟုခေါ်ပြီး ဦးထုပ်အနက်ရောင် ဝတ်ထားသော ကောင်လေးများကို ဝူးထိုအာဟုခေါ်ကြောင်း ထိုမှသာ သူသိခဲ့သည်။ မိသားစုနှစ်စုသည် ဘုံကျောင်းထဲက ဝိညာဥ်နယ်ပယ်အတွက် အပြိုင်အဆိုင် အချင်းချင်း ရန်ငြိုးထားပြီး မကြာခဏ ရန်ဖြစ် သတ်ဖြတ်ခဲ့ကြသည်။

လီထျန်းချင်ရဲ့ ကြားဝင်ဖျန်ဖြေပေးမှုအတွက် နှစ်ဖက်စလုံးက ကျေးဇူးတင်ရှိခဲ့ကြပြီး အနှစ်သာရ အသီးအနှံများကို ပေးခဲ့ကြသည်။ ၎င်းကိုယူပြီးနောက် သူ့ရဲ့ ကျင့်ကြံမှု အဆင့်သည် အလွန်တိုးမြင့်လာပြီး သက်တမ်းသည်လည်း အနှစ် ၅၀၀ ကို ကျော်လွန်သွားခဲ့​ပြီ။

"ဘုံကျောင်းထဲမှာ မှော်ဆေးပင်တွေ စိုက်ပျိုးထားတယ်... လူတစ်ယောက်ရဲ့ သက်တမ်းကို ရှည်စေနိုင်တယ်တဲ့" ဟု လီထျန်းချင်က စာထဲတွင် ရေးသားထားသည်။

"အဖွား... အသက်ရှင်ဖို့ ဘယ်နှစ်နှစ်ကျန်သေးလဲ"

အဘွားရှားက အလွန်ပျော်ရွှင်စွာ ရယ်မောကာ လက်နှစ်ချောင်းကို မြှောက်​ပြလိုက်သည်။

"ငါ နောက်ထပ် ၂၄ နှစ်ထိ အသက်ရှင်နိုင်ပါသေးတယ်!"

ချန်ရှီ၏ နှလုံးခုန်သံများ တုန်လှုပ်သွားသည်။ လီထျန်းချင်ရဲ့ ခန့်မှန်းချက်သာ မှန်ကန်ပါက အဘွားရှားလို ကျင့်ကြံသူသူများ၏ သက်တမ်းကို တိုးစေနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်လောက်သည်။

"ငါတို့ ချန်ယန်တောင်ကို ပြန်ရောက်တဲ့အခါကျရင် အတည်ပြု​​ကြည့်ရမယ်!"

All Chapters