ကွမ်းရှန့်
Vol. 17 Ch. 244
"ကိုယ့်ကိုကိုယ် အဘွားကြီးလို့ ခေါ်စရာမလိုတော့ဘူး"
အဖွားရှား အံ့ဩသွားခဲ့သည်။ သူမနှာခေါင်းက ခဏတာ နာကျင်လာသလို ခံစားလာရပြီး သူမမျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာခဲ့လေသည်။ ကြီးစွာသော ပျော်ရွှင်မှုက သူမနှလုံးသားထဲအထိ တိုးဝင်လာခဲ့ပါ၏။
သူမ အသက်ရှင်ရန် ၂၄ နှစ်ကျန်သေးသည်ဟုသာ ပြောခဲ့ပြီး နောက်ထပ်တစ်နှစ် သို့မဟုတ် နှစ်နှစ် အသက်ရှင်ရန် စိတ်မ၀င်စားပေမယ့် နောက်ထပ်နှစ်ငါးရာ အသက်ရှင်ခဲ့ရင်ရော?
ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ် ပြန်ရနိုင်ရင် ဘယ်လိုလုပ်မလဲ။
အဘွား၊ အဘွားကြီး ဆိုတာဟာ မူလက သူမနှင့် လိုက်ဖက်သော နာမ်စားများ ဖြစ်သော်လည်း ယခု အသုံးမဝင်တော့ပါ။
သူမသည် ယခုအချိန်တွင် အသက်ခြောက်ဆယ်ကျော်ရှိနေပြီ ဖြစ်သော်လည်း နှစ်ပေါင်း 500 ကျော် သူမသက်တမ်းနှင့် နှိုင်းယှဉ်ပါက သူမသည် မြီးကောင်ပေါက်အရွယ်သာ ရှိသေးသည်။
အနတ္တလေဟာပြင်ဘုံလား၊ ရှေးယခင်က လက်လှမ်းမမီသော မဟာယာနနယ်ပယ်လား၊ ၎င်းတို့က မဝေးတော့ပေ။ ဆယ်နှစ်အတွင်း မဟာယာနကို မအောင်မြင်နိုင်ရင်တောင်မှ အနှစ်တစ်ရာကို ဖြတ်ကျော်နိုင်ပါသေးသည်။ အလျင်စလို လုပ်ဖို့တောင် မလိုပါ။
သူမသည် အသက်ကြီးပြီမလို့ ဘာကိုမှ စိတ်မဝင်စားနိုင်တော့ကြောင်း အမြဲလိုလို ခံစားနေမိသည်။ ဒါကြောင့် သူမ ရှေးလူကြီးများကဲ့သို့ ပြုမူခဲ့သည်။ သို့သော် ယခု ကိုယ့်ကိုကိုယ် အသက်မပြည့်သေးကြောင်း၊ လုပ်စရာများစွာ ရှိပါသေးကြောင်း သိလိုက်သည်။
သူလည်း ငယ်ရွယ်တဲ့ လက်တွဲဖော်ကို ရှာတွေ့ပြီး အဲဒီ့အရွယ်ကြီးရင့်နေတဲ့ ရှန့်ယွင်ဖေးကို သေတဲ့အထိ ရူးသွားအောင် အနိုင်ကျင့်ပစ်လို့ရပြီ။
သူမ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်သည်။ ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ထုတ်ယူပြီး ဝတ်ကြည့်လိုက်သည်။ သူမကို အသက်အရွယ် ကြီးရင့်စေသော ပုံစံတွေကို ၀တ်ဆင်ထားဖို့ မလိုအပ်တော့ပေ။
ထို့အပြင် သူမသည် နောင်တွင် ဘုရင်ဝမ်ဗုံကို လှုပ်ခါလိုက်သောအခါ သူမအား စုန်းမ သို့မဟုတ် နတ်ဆိုးမလို့ ဘယ်သူက ခေါ်ရဲမလဲ။
သူမကို နတ်ဘုရားမလို့ ခေါ်ရမည်။
သူမသည် စိတ်လှုပ်ရှားစွာ အခန်းထဲသို့ ပြေးသွားပြီး သေတ္တာများနှင့် ဗီဒိုများကို ဖောက်ကာ နောက်ဆုံးတွင် သူမ ငယ်ငယ်က ဝတ်ခဲ့သော အဝတ်အစားများကို ရှာတွေ့ရှိခဲ့သည်။ အနံ့တွေ နံနေပေမယ့် စိတ်ဝင်တစားနဲ့ ဝတ်ကာ ခြံဝင်းထဲကို ခုန်ဆင်းလာ၏။
"တစ်ဆယ်လေး အဖွား ကြည့်ကောင်းရဲ့လား? စကားမစပ် အဖွားလို့ မခေါ်ရတော့ဘူး အဒေါ်လို့ ခေါ်ရမှာပေါ့... မဟုတ်ဘူး အဒေါ်လို့ မခေါ်နဲ့ အဘိုးကြီးနဲ့ ပေါင်းနေရလိမ့်မယ်.... အစ်မကို ခေါ်!"
အဘွားရှားက အလေးအနက်ထားပြီး ချန်ရှီရဲ့ ကော်လာပေါ် လက်တင်လိုက်သည်။
"အခုကစပြီး တခြားလူတွေရှေ့မှာ အထူးသဖြင့် ယောက်ျားလေးတွေ ရှေ့ရောက်ရင် ငါ့ကို အစ်မရှားလို့ ခေါ်ဖို့ မမေ့နဲ့နော်..."
ချန်ရှီ ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
သူမသည် စိတ်လှုပ်ရှားနေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ခဏအတွင်းတော့ သတိပြန်ဝင်ဖို့ ခက်ခဲဦးမယ့်ပုံပါပဲ။ ချန်ရှီလည်း သတိပြုမိပါ၏။ အဖွားရှာသည် ငယ်စဉ်ကပင် လှပခဲ့သည်။ သူမသည် အရပ်ရှည်ပြီး စိတ်ထားကောင်းသော်လည်း သူမ၏အဝတ်အစားမှာ အနည်းငယ် ဟောင်းနွမ်းနေပါသည်။
"မိန်းမတွေက ဘယ်လောက်ပဲလှနေပါစေ အသက်ကြီးလာရင် ရုပ်ဆိုးသွားလိမ့်မယ်... အဲ့တော့ ငါလည်း ချောမောလှပတဲ့ ဇနီးကို ရှာနေစရာ မလိုဘူး"
ချန်ရှီ သူ့ကိုယ်သူ တွေးနေမိသည်။
အဘွားရှား ငြိမ်သက်သွားသောအခါတွင် သူက ဂျင်ဆင်းသီး နောက်တစ်လုံးကို ကောက်ယူပြီး "အဘွား... နောက်တစ်လုံး..." ဟုဆိုသည်။
အဘွားရှားလည်း သူပြောတဲ့အတိုင်း ယူစားလိုက်ရာ ချန်ရှီ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"အဘွားရဲ့သက်တမ်းက ဒီထက်ပိုပြီး တိုးလာလား"
"တိုးလာပေမယ့် အများကြီး မဟုတ်ဘူး.... အခု သက်တမ်းက ၅၃၈ နှစ်ပဲ ရှိတယ်..."
ချန်ရှီ: "ဆိုလိုတာက တူညီတဲ့ ဝိညာဥ်ဆေးပင်တွေရဲ့ သက်တမ်းက ကန့်သတ်ချက် ရှိတယ်... ကန့်သတ်ချက် အထက်ကို ရောက်သွားရင် ဘယ်လောက်ပဲ စားပါစေ အဲဒါက သက်တမ်းကို တိုးပေးမှာ မဟုတ်ဘူး..."
အဘွားရှားက ပြုံးလိုက်သည်။
"တကယ်တော့ ဒီလိုစကားမျိုးက သာမန်ပါပဲ... မြင့်မြတ်တဲ့ မိသားစုကြီးတွေရဲ့ ဘိုးဘေးတွေကဆို အသက်ရှည်ဖို့အတွက် ဆေးအမျိုးမျိုးကို အမြဲတမ်း သောက်လေ့ရှိတယ်... တစ်ချိန်လုံး ဆေးတစ်မျိုးတည်းကိုပဲ သောက်လို့မရဘူး။ ဒါက အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... တစ်ဆယ်လေး ဂျင်ဆင်းမြက်ကို သက်တမ်းပိုရှည်အောင် ဘယ်လိုများ လုပ်ခဲ့တာလဲ"
ချန်ရှီလည်း လီထျန်းချင်ရဲ့ရှာဖွေတွေ့ရှိမှု အကြောင်း ပြောပြလိုက်သည်။
"ထျန်းချင် ပြောသလို ဘိုးဘွားပိုင်မြေကနေ နေရောင်ခြည်ကို စုပ်ယူနိုင်လို့ ဖြစ်ကောင်းဖြစ်နိုင်တယ်... အသက်ကို ရှည်စေတယ်။ အဲဒါကြောင့် ကျနော်လည်း ဂျင်ဆင်းမြက်ကို ဘုံကျောင်းအပြင်ဘက်မှာ စိုက်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အပြုသဘောဆောင်တဲ့ ယန်စွမ်းအင်ကို ရေသွင်းသလို သုံးလိုက်တယ်... ဂျင်ဆင်းသစ်သီးတွေရဲ့ အသီးအပွင့်တွေက အသက်ရှည်စေတာ ဖြစ်မယ်"
အဖွားရှားသည် သူ့နောက်ဘက်ရှိ ဘုံကျောင်းငယ်ကို ကြည့်လိုက်ရာ အပြင်ဘက်တွင် ဂျင်ဆင်းပင် ဆယ်ပင်ကျော် ပေါက်နေတာ တွေ့လိုက်ရသည်။
သို့သော်လည်း ဘုံကျောင်းသည် ကြီးကြီးမားမား မဟုတ်သည့်အပြင် ဘုံကျောင်းအပြင်ဘက် နေရာကလည်း အလွန်သေးငယ်ပါသည်။ ဝိညာဥ်ဆေးဝါး အမျိုးအစားများစွာ မစိုက်ပျိုးနိုင်တော့မှာကိုတော့ စိုးရိမ်ရ၏။
"တစ်ဆယ်လေး မင်းရဲ့ ဘုံကျောင်းငယ်လေးထဲက ဆေးပင်က လူတစ်ယောက်ရဲ့ သက်တမ်းကို ရှည်စေတဲ့ အကြောင်းကို လောလောဆယ် ဘယ်သူ့ကိုမှ မပြောနဲ့"
အဘွားရှားက ခဏလောက် စဉ်းစားပြီး သတိပေးလေသည်။
"မင်းရဲ့ဘုံကျောင်းက သေးပေမယ့် သက်ရောက်မှုက ကြီးတယ်... သတင်းထွက်လာရင် မင်းရဲ့ဘုံကျောင်းငယ်လေးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး မဟာယာနတွေ တကယ်လာသိမ်းရင် ချင်းယန်တို့နဲ့ ငါလည်း ခုခံနိုင်မှာမဟုတ်ဘူး... နောက်ပြီး ဝိညာဥ်ဆေးတွေရှိတဲ့ နေရာတွေက ဟွာရှနတ်ဘုရားတွေရဲ့ ဘုံဗိမာန်တွေ ဖြစ်တတ်တယ် ဝိညာဥ် အများကြီးထွက်မလာဘူးဆိုရင် ဒီနတ်ကွန်းတွေလည်း ထွက်လာမှာ မဟုတ်ဘူး ဒါ့အပြင် ဒီနတ်ကွန်းတွေမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ပေါ်လာရင် အာကာသ နတ်ဘုရားက ဖျက်ဆီးပစ်လိမ့်မယ်..."
ချန်ရှီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သူ သတင်းဖြန့်ဖို့လည်း မရည်ရွယ်ထားပါဘူး။ ဘုံကျောင်းက အသက်ကို ရှည်စေသော အသီးလေးများကို ထုတ်လုပ်နိုင်သော်လည်း အထွက်နှုန်းမှာ သနားစရာကောင်းလောက်အောင် နည်းပါးမည်။ ၎င်းသည် သူ့အတွက် ကြီးစွာသော အန္တရာယ်ကိုလည်း သယ်ဆောင်လာလိမ့်မည်။
"တစ်ဆယ်လေး...ကိုယ့်ကိုကိုယ် အတွက်လည်း နည်းနည်းလောက်ယူပါဦး... ဒါက မင်းရဲ့အသက်ကို ရှည်စေမှာပဲလေ!"
ချန်ရှီ ခေါင်းခါလိုက်သည်။
"မလိုပါဘူး ကျနော်က အသက်ရှည်တယ်"
အဘွားရှားက ရယ်လေသည်။
"ငါ့ထက် အသက်ပိုရှည်တဲ့ တစ်ယောက်ယောက် ရှိနိုင်လို့လား"
ချန်ရှီ သူ့ရဲ့ သက်တမ်းကို ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။
"ကျနော် အသက်ရှင်ဖို့ အနှစ် ၁၃၀၀ ကျန်သေးတယ်"
အဘွားရှားလည်း အကြာကြီး နှုတ်ဆိတ်သွားခဲ့သည်။
“မင်း ဘယ်လို လေ့ကျင့်လိုက်တာလဲ”
ချန်ရှီလည်း သူနဲ့ လီထျန်းချင်တို့ရဲ့ ရှာဖွေတွေ့ရှိမှုအကြောင်း ထပ်ပြောပြခဲ့သည်။ အဘွားရှားသည် လီထျန်းချင်က မူလ ကျင့်ကြံမှုကို စွန့်လွှတ်ကာ အစကနေ ပြန်လေ့ကျင့်ရန် ရှေးဟောင်း ဘုံကျောင်းတစ်ခုကို ရှာတွေ့ခဲ့ကြောင်း ကြားသောအခါတွင် သူမ မျက်မှောင်ကြုတ်သွားခဲ့၏။
လီထျန်းချင်သည် သူ၏ ရွှေအမြုတေဆေးလုံးကို စွန့်ပစ်ပြီး ဤအကြံအစည်ကို အတည်ပြုရန် အစမှ စတင်လေ့ကျင့်ခဲ့သည်။ သူ့အသက်ကို စွန့်စားခဲ့တာကြောင့် ရဲစွမ်းသတ္တိကြီးမားသူဟု ဆိုနိုင်သည်။
အဖွားရှားသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် နတ်သန့်စင် နယ်ပယ်တွင် ရှိနှင့်ပြီးသား ဖြစ်သည်။ ကျင့်ကြံမှုကို စွန့်လွှတ်ပြီး ပြန်လည်စတင်ပါက အန္တရာယ်ပို၍ ကြီးမားလာမည်။ သူမသည် ဖြစ်စဉ်အတွင်း၌ပင် သေဆုံးသွားနိုင်၏။
အဆင့်မြင့်လေ ဆုံးရှုံးနိုင်ခြေ ပိုများလေဖြစ်သည်။
"ငါ့သက်တမ်းကို အနှစ် ၅၀၀ ကျော် သက်တမ်းတိုးခဲ့ပြီးပြီ ဒီအနှစ် ၅၀၀ အတွင်း မဟာယာနအဆင့်အထိ မကျင့်ကြံနိုင်ရင် နှစ်ပေါင်း ၁၀၀၀ ရှိရင်တောင် မဟာယာနအဆင့်အထိ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး.... အသက်ငါးရာနဲ့ အသက်တစ်ထောင်ကြားက ကွာခြားမှု သိပ်မရှိပါဘူး ဒါကြောင့်မို့လို့ စိတ်ရှုပ်မခံရအောင် ခရိုင်မြို့ကို အဝတ်အစား အသစ်ဝယ်ဖို့ သွားလိုက်ဦးမယ်”
သူမ ပွင့်ပွင့်လင်းလင်း ပြုံးပြုံးလေး ပြောလိုက်ပါ၏။
ချန်ရှီလည်း ခရိုင်မြို့ကို သွားမှာ ဖြစ်တာကြောင့် သူမနဲ့လိုက်သွားသည်။
အဖွားရှားသည် ငယ်ရွယ်သွားပြီမလို့ ကားမစီးချင်တော့ဘဲ လမ်းမှ ဖြတ်သွားဖြတ်လာတွေ သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကို မြင်နိုင်စေဖို့ လမ်းလျှောက်ခိုင်းလေသည်။
"ငယ်ငယ်ရွယ်ရွယ် အဘွားရဲ့ စိတ်ထားက ပြောင်းသွားပြီ လမ်းလျှောက်ရတာ ပျင်းစရာကြီးကိုး..."
ချန်ရှီ တွေးနေမိသည်။
"အဘွား... ဦးလေးချင်းယန် နဲ့ ဦးလေးဟူတို့ ဂျင်ဆင်းနဲ့ မြက်သီးကို ယူလိုက်ပေမယ့် ဘာအကျိုးသက်ရောက်မှုမှ မတွေ့ဘူး"
အဘွားရှားက ခေါင်းခါလိုက်သည်။
"မလုပ်နိုင်ဘူး ချင်းယန်က သေနေပြီ သူ့သက်တမ်းက ကြာတယ် ဂျင်ဆင်းအသီးက သူ့အပေါ် သက်ရောက်မှုမရှိဘူး... လောင်ဟူကတော့ ရလောက်တယ်... လောင်ဟူ မသေခင်မှာ မင်းအဘိုးက သူ့အတွက် သရဲတစ္ဆေနယ်မြေကို ဖန်တီးပေးခဲ့တာ... သေလား မသေဘူးလားတောင် မသိဘူး... သူသေရင် မကောင်းတဲ့ ဂျင်ဆင်းသစ်သီးကိုပဲ စားလိမ့်မယ်"
ချန်ရှီ၏ မျက်နှာလေး ညိုးငယ်သွားသည်။ ချင်းယန်နဲ့ မုတ်ဆိတ်မွေးတို့အပေါ် ထိရောက်မှု မရှိခဲ့ပါက သူ့အဖိုးကို စားခိုင်းလည်း ထိရောက်မှု မရှိနိုင်တော့ပေ။
"မင်းရဲ့အဘိုးက သူ့အသက်ကို ရှည်အောင် လုပ်နိုင်တယ်...သူက သေခြင်းတရားကို အတုယူပြီး လွတ်မြောက်ခဲ့တာ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို ဘယ်တော့မှ မစွန့်ဘူး နောက်ပိုင်းမှာ လရဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးသဘာဝကြောင့် နတ်ဆိုးဖြစ်လာဖို့ အန္တရာယ်ရှိလို့ မြေအောက်ကမ္ဘာထဲမှာ ပုန်းအောင်းနေရတာ သူ့ခန္ဓာကိုယ်က လူသေမသေနိုင်တဲ့ အမတ လူသေကောင်ဖြစ်နေပြီး... သူ့ရုပ်ခန္ဓာက မြေအောက်ကမ္ဘာမှာ ရှိနေတယ့။ ဒီအသီးအနှံတွေက အကျိုးတော့ ရှိနိုင်တယ်"
ချန်ရှီရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။
"အဘိုးရဲ့ ယွမ်ချန်နန်းတော်က ဘယ်မှာလဲ ကျနော် အဘိုးအတွက် သွားပို့ပေးလိုက်မယ်!"
"ခဏလောက် ငြိမ်ငြိမ်နေပါဦး မင်းအဘိုးက မင်းကို မြေအောက်ကမ္ဘာကနေ နောက်ဆုံးအကြိမ် ကယ်တင်ခဲ့တုန်းက မလွယ်ခဲ့ဘူး... ဒါတောင် မင်းကကိုယ်တိုင် အဲဒီကို သွားချင်နေသေးတယ်...မြေအောက်ကမ္ဘာကို မသွားနဲ့"
ချန်ရှီလည်း ဒီအချက်ကို တွေးပြီးနောက် အဖွားရှားပြောတာ မှန်တယ်လို့ ခံစားမိတဲ့အတွက် အကြံကို စွန့်လွှတ်လိုက်ရသည်။
အဘွားရှားက သူ ဆက်ပြောမနေတော့တာကို တွေ့လိုက်ရတော့ သက်ပြင်းချမိသည်။ "ရှောင်ရှီးဟာ မြေအောက်ကမ္ဘာကို ပြေးပြီး သူ့အဖိုးက သူ့ရင်ဘတ်ထဲ ဝင်နေတဲ့ အစိမ်းရောင် တစ္ဆေလက်တစ်ဖက်ပေါ် ရပ်နေတာကို မြင်လိုက်ရရင် ဘာဖြစ်သွားမလဲ မသိဘူး'
သူမသည် ထိုမြင်ကွင်းကို စိတ်ကူးယဉ်ပြီး ခေါင်းကိုက်နေသောကြောင့် ထိုအကြောင်းကို ဆက်မတွေးတော့ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ ရှင်းရှန်းသို့ ရောက်သော် ချန်ရှီက ကျိရှန်းအဆောက်အအုံကို သွားကာ အဘွားရှားက အဝတ်အစား အသစ်ဝယ်ရန် ထွက်သွားခဲ့သည်။ ရှောင်ကျင်က သူ့ကိုတွေ့ရန် အလျင်အမြန် ထွက်လာ၏။
"ငါတို့မတွေ့တာကြာပြီ... ကံကောင်းတာပဲ... မင်းတာဝန်ပြီးသွားပြီပေါ့ မင်းနောက်ဆုံးအကြိမ် ပေးပို့ခဲ့တဲ့ ဝိညာဥ်ရှင်ပြန်ဆေးတွေ ကုန်သွားပြီ"
ငွေစက္ကူပါရှိသော သစ်သားသေတ္တာငယ်ကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။
“ဒါက ကျန်ငွေ တစ်သိန်းပဲ”
"အစ်ကိုရှောက် ကျနော်က ပိုက်ဆံတွေ အများကြီး မသုံးပါဘူး... ကျနော့်မှာ တစ်သိန်း ကျန်သေးတယ်... ဆင်းရဲတဲ့မိသားစုက ကလေးဆိုတော့ ပိုက်ဆံအများကြီးဆို အလဟသဖြစ်မှာ ကြောက်တယ် အစ်ကိုရှောက် ဒီပိုက်ဆံတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲ ပြောပြပါဦး"
ထိုစကားကြောင့် ရှောက်ကျင် ပြုံးမိသွားသည်။
"ကျင့်ကြံသူတွေအတွက် အဆုံးမဲ့ငွေက ဘယ်လိုလုပ်ရနိုင်မှာလဲ ? ငွေနှစ်သိန်းက အဆမတန်များပေမယ့် ရွှေအမြုတေ သန့်စင်ချင်ရင် ငွေကုန်ကျတယ် အဲဒါကြောင့် အခြေတည်ဝိညာဉ်ကို သန့်စင်ပေးပြီး ဝိညာဉ်အသွင်ပြောင်းအောင် ငွေနဲ့ ဆေးလုံးတွေ ဝယ်ရတယ်! နတ်ပြောင်းလဲခြင်း၊ နတ်ဆင်းသက်နယ်ပယ်၊ အလောင်းသုံးကောင်၊ ခန္ဓာပေါင်းစည်းနယ်ပယ် အကုန်လုံး ငွေသုံးရတယ်... ငွေမလောက်ရင် အလောင်းနှစ်လောင်းဖြတ် အဆင့်ပဲရမယ်... အလောင်းသုံးကောင်ဖြတ်အဆင့်က ငွေအများကြီး လိုတယ်... အဲ့အချိန်ကျရင် မင်း ငွေလိုလာလိမ့်မယ်..."
ချန်ရှီ ဒါကို နားမလည်သေးပေ။
"ကျနော် အခြေတည်ဝိညာဥ် အဆင့်ကို ပြီးသွားပြီ... ပိုက်ဆံမကုန်ပါဘူး ဒါပေမယ့် အများကြီး လုပ်နိုင်ခဲ့တယ်"
ရှောက်ကျင်: "ရွှေအမြုတေ မမွေးမြူခင်မှာ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက် အဂ္ဂိရတ်ဆေးတွေ မဝယ်ဖူးဘူးလား အခြေတည်ဝိဥာဉ်ကို မမွေးမြူခင်မှာ ဆေးတွေ မဝယ်ဘူးလား ဒီနှစ်ခု တစ်ခုတည်းက ငွေသောင်းနဲ့ချီပြီး ကုန်ကျတယ်... ပြီးတော့ မင်းနေ့စဉ် စားသုံးဖို့နဲ့ သန့်စင်ဖို့အတွက် လစဉ် စရိတ်စက မများဘူးလား"
ချန်ရှီ ခေါင်းခါပြီး :"ဒါတွေကို ဘယ်တုန်းကမှ မသုံးဖူးဘူး.. သဘာဝတရားရဲ့ လမ်းစဉ်အတိုင်း ရွှေအမြုတေနဲ့ အခြေတည်ဝိညာဉ် အဆင့်အထိ ကျင့်ကြံခဲ့တာပဲ..."
"မင်းက ထက်မြက်လွန်းတာပဲ... မိသားစုကြီးတွေကတောင် ဖေယွမ်ဆေး၊ ကူပန်ဆေးတွေအပြင် ကြီးမြတ်တဲ့ ဆေးတွေအတွက် နေ့တိုင်း ငွေထောင်နဲ့ချီ သုံးရတယ်..."
"ဒီငွေ ၂သိန်း နဲ့ ဘာလုပ်ရမှန်းမသိရင် လယ်မြေကောင်းတွေ ဝယ်ပြီး မင်းအတွက် အလုပ်ငှားစားလို့ရတယ်... ကောင်းတဲ့လယ်မြေရဲ့ ရိတ်သိမ်းမှုက မင်းရဲ့နေ့စဥ်စားရိတ်အတွက် လုံလောက်ပါတယ်... လယ်မြေတွေ ကောင်းလာတဲ့အခါ ပြန်ရောင်းတယ်ပေါ့.. ကွာခြားချက်က မကြီးမားဘူး"
ချန်ရှီ: "ကျွိရှန်းအဆောက်အအုံကို အစ်ကိုရှောက် တည်ထောင်ခဲ့တာလား"
ရှောက်ကျင်က ခေါင်းယမ်းပြီး ပြုံးပြလိုက်သည်။
"ငါ့အဖေက ဆောက်ခဲ့တာ သူဒါကို လည်ပတ်ဖို့ အနှစ် ၃၀ ကြာခဲ့တယ် ရှင်းရှန်ပြည်နယ်မှာ သူ့ကိုယ်သူ ထူထောင်နိုင်ခဲ့ပါတယ်"
ချန်ရှီသည် သစ်သားသေတ္တာငယ်ကို ထုတ်ကာ သေတ္တာထဲမှ နောက်ထပ် ငွေစက္ကူ တစ်သိန်းကို ထုတ်ကာ ငွေပုံးနှင့်အတူ သူ့ရှေ့သို့ တွန်းချလိုက်သည်။ ရှောက်ကျင် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"ရိုးရိုးသားသား ပြောရရင် ကျနော့်လက်အောက်မှာ လူတွေအများကြီး ရှိတယ် နေ့စဥ်စားရိတ်အတွက် ပိုက်ဆံလိုတယ် ဘယ်လို စီမံခန့်ခွဲရမလဲ မသိဘူး အဲဒါကြောင့် အစ်ကိုရှောက်ကို တွေ့ဖို့လာခဲ့တာ"
ရှောက်ကျင်လည်း ငွေစက္ကူတွေကို ကြည့်ပြီး ဆိုလိုက်သည်။
"ဒါဆို မင်းက ဒီပိုက်ဆံကို ကိုင်တွယ်စေချင်တာလား"
ချန်ရှီ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"လူပန်ဂိုဏ်းနဲ့ တောင်နီခန်းမလို အဖွဲ့လည်း ရှိတယ် သူတို့လည်း နှစ်တိုင်း ပိုက်ဆံတွေ ရတယ်... အဲဒါတွေကို ပြုစုပေးဖို့ တစ်ယောက်ယောက် လိုလို့ပါ"
ရှောက်ကျင်လည်း လူပန်ဂိုဏ်းနဲ့ တောင်နီခန်းမ အကြောင်းကို ကြားသိဖူးပါ၏။
"ဒီဂိုဏ်းနှစ်ခုက မင်းရဲ့ပိုင်ဆိုင်မှု ဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး! မင်းပိုက်ဆံတွေကို စီမံခန့်ခွဲချင်တယ်ဆိုရင် ငါ့အောက်မှာ စာရင်းကိုင် နည်းနည်းရှိတယ်..."
ချန်ရှီ အနည်းငယ်ပြုံးပြီး ကိုယ်တိုင်လုပ် ကောင်းကင်တရားရုံး တံဆိပ်ပြားကို ထုတ်ကာ သူ့ရှေ့ တွန်းပို့ပေးလိုက်သည်။
"ကျွန်တော်တို့အဖွဲ့အစည်းက အရမ်းပျင်းပေမယ့် အရမ်းလျှို့ဝှက်ထားပြီး အပြင်လူတွေကို မသိစေချင်ပါဘူး... အခု ကျွန်တော်တို့ စာရင်းကိုင်တစ်ယောက် လိုနေပြီ... ဒါပေမဲ့ အစ်ကိုရှောက်ကို ကျွန်တော်တို့ရဲ့ စာရင်းကိုင်ဖြစ်ဖို့ မျှော်လင့်ပါတယ်"
ရှောက်ကျင်သည် ထူးဆန်းသော သင်္ကေတကို ကြည့်ကာ သူ့လက်ထဲတွင် ခဏ ကိုင်ထားကြည့်လိုက်သည်။
"ဒီအဖွဲ့အစည်းကို ဘာလဲလို့ မေးလို့ရမလား?"
"ကောင်းကင်တရားရုံး"
ရှောက်ကျင်ရဲ့လက်တွေ တုန်ခါသွားပြီး တံဆိပ်ပြားက စားပွဲပေါ် ပြုတ်ကျသွားလေ၏။ ချန်ရှီ သူ့ကို ပြုံးပြပြီး ဘာမှ ဆက်မပြောခဲ့။ ရှောက်ကျင် တံဆိပ်ပြားကို တုန်တုန်ယင်ယင်ဖြင့် ကောက်ယူလိုက်သော်လည်း အကြိမ်ပေါင်းများစွာ ပြုတ်ကျနေဆဲပင်။
ကောင်းကင်!
ဤအမည်သည် အလွန်ကြီးမြတ်လှသည်။ ၎င်းသည် ပုန်ကန်မှုတစ်ခု ဖြစ်ကြောင်းလည်း ထင်ရှားပေ၏။
ကောင်းကင်ပြင်မှ နတ်ဘုရားကို ဆန့်ကျင်ပုန်ကန်တာပဲ ဖြစ်သည်။
"ကျွန်တော်တို့ ကောင်းကင်တရားရုံမှာ အရမ်း အလုပ်မလုပ်ပါဘူး လောလောဆယ် လူဆယ်ယောက်ပဲ ရှိတယ်...ကျွန်တော်တို့က ပုန်ကန်တာ မဟုတ်ပါဘူး... အစ်ကို သဘောမတူလည်း အရေးမကြီးဘူး ကျွန်တော်က သွေးဆာတဲ့လူ မဟုတ်ဘူးရယ်"
ရှောက်ကျင်သည် ချန်ရှီနှင့် ပတ်သက်သည့် ကောလာဟလမျိုးစုံကို တွေးဆကြည့်လိုက်သည်။ ရှင်းရှန်တွင် သေဆုံးသွားခဲ့သော ခရိုင်တရားသူကြီးများနှင့် အုပ်ချုပ်ရေးမှူးများ၊ ၎င်းတို့ မျိုးဆက်များကို တွေးတောကာ အလိုလို တုန်လှုပ်သွားခဲ့သည်။ ယခု ရှင်းရှန်တွင် ချန်ရှီက ဒေသခံဧကရာဇ် တစ်ပါးနှင့်တူနေပြီ။ ရှင်းရှန်ရဲ့ အုပ်ချုပ်သူတောင်မှ သူ့ကိုမြင်ရင် အရမ်းလေးစားရသည်။
ကုံကျိုးနဲ့ ယွိတူးက ချန်ရှီအကြောင်း သတင်းများလည်း ရှိပါသေးသည်။ သူဘယ်လောက် ရက်စက်လဲ။ အရမ်းရက်စက်သူပင်။
မကြာသေးမီက နျန်တူးက လှည်းတန်းတစ်စီးသည် ချန်ရှီသည် နျန်တူးမှာ ကျင့်ကြံသူ တစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် နတ်ပြောင်းလဲနယ်ပယ်ရှိ သခင်တွေပါ သေဆုံးသွားကြောင်း သတင်းယူလာခဲ့သည်။ သူက ဝိညာဥ်တစ်သောင်းအလံကို သန့်စင်ခဲ့တာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း ပြောသံကြားခဲ့သည်။
"ငါ...ငါ ပါမယ်!" ရှောက်ကျင် အံကြိတ်ကာ ပြောလိုက်သည်။
ချန်ရှီလည်း အရမ်းပျော်သွားသည်။
"အခုချိန်ကစပြီး ကျနော်တို့က မိသားစုတွေ ဖြစ်နေသွားပြီ... ခင်ဗျားရဲ့ကုဒ်နာမည်က စာရင်းကိုင်ပေါ့... ခင်ဗျားအပြင် ကျနော်တို့မှာ ကောင်းကင်လုပ်သား၊ ကျောက်စိမ်းယုန်နဲ့ ဂန္တာဝင်သမိုင်း ဆိုတဲ့ ကုဒ်တွေ ရှိသေးတယ်..."
ရှောက်ကျင် ငြိမ်သက်သွားပြီး "မင်းရဲ့ကုဒ်နာမည်ကဘာလဲ" လို့ မေးလိုက်သည်။
"ဘုရင်ကျန်း..."
ရှောက်ကျင်ရဲ့ မျက်နှာ ဖြူဖျော့လာပြီး သူ့ကိုယ်သူ တွေးနေမိသည်မှာ "ဟုတ်တယ် သူတို့ ပုန်ကန်တော့မယ်!" ဟူ၍ပင်။
ချန်ရှီက ကောင်းကင်ဘုံတရားရုံး၏ ဖွဲ့စည်းပုံနှင့် လူတိုင်း၏ ကုဒ်အမည်ကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။ ငွေစာရင်းရုံးမှာ လုပ်စရာအလုပ် သိပ်မရှိပါ။ ကောင်းကင်ဘုံတရားရုံးရှိ လူများသည် ရတနာများကို ပြုပြင်ရန်၊ ခရီးထွက်ရန်၊ ဘုံကျောင်းများဆောက်ခြင်း စသည်တို့ကို လိုအပ်ပါက ၎င်းတို့သည် ငွေထုတ်ယူရန် သူ့ထံသို့ လာနိုင်သည်။
ချန်ရှီ ကျွိရှန်းက ထွက်ခွာလာသောအခါ သူသည် အဝတ်အစားများ ဝယ်ပြီး ပြန်ရောက်လာသော အဘွားရှားနဲ့ တည့်တည့်တိုးလေ၏။ သူမသည် အသက်နှစ်ဆယ်ကျော်၊ အရပ်ရှည်ပြီး ပေါ့ပါးသော မိတ်ကပ်ကို လိမ်းထားသည်။ သူ့ခေါင်းပေါ်တွင် တစ်ဖက်သို့ စောင်းထားသော ဆံထုံးရှိသည်။ သူမ၏ အနက်ရောင် ဆံပင်ကြားတွင် ရွှေဆံထုံးတစ်ခုကို ထည့်သွင်းထားပြီး ဆံထုံးကို ပုလဲနှင့် ကျောက်စိမ်းမျက်နှာပန်းပွင့်ဖြင့် ဖုံးအုပ်ထားသည်။ အလယ်တွင် ပတ္တမြားတစ်ပွင့်နှင့် ကျောက်စိမ်းဆံထိုး တစ်ခုလည်း ရှိသေး၏။
သူမရဲ့အဝတ်အစားတွေက ရိုးရိုးရှင်းရှင်းနဲ့ အံဝင်ခွင်ကျပါပဲ။ သူမသည် ခန္ဓာကိုယ်အပေါ်ပိုင်းကို အဖြူရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး အပြင်ဘက်တွင် ငွေရောင်အစင်းကြောင်းများနှင့် မြိတ်များပါသော မြက်စိမ်းရောင်ပိတ်စအလွှာကို ၀တ်ဆင်ထားသည်။ သူမသည် အတွင်းဘက်တွင် အနီရောင် စကတ်ရှည်ကို ၀တ်ထား၏။ ဖိနပ်ကတော့ ခြေချောင်းများကို ထုတ်ဖော်ပြသထားသည်။ လမ်းလျှောက်တဲ့အခါ တိမ်နီတွေပေါ်မှာ လမ်းလျှောက်နေပုံပင်။
"ဘွားဘွားက အရမ်းလှတာပဲ!"
ချန်ရှီ သူ့စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်ပြီး "ဒါကိုတော့ အဘိုးအတွက် မီးရှို့သင့်တယ်" ဟုပါ တွေးလိုက်သည်။
သူတို့ နှစ်ယောက် ရွာကို ပြန်လာခဲ့ကြပေမယ့် အဖွားရှားက လှည်းမစီးသေးဘဲ မြေကြီးနဲ့ မထိဘဲ တစ်လမ်းလုံး လမ်းလျှောက်သွားပြန်သည်။
သူတို့သည် ကန်းကျစ်ရွာသို့ ရောက်ခါနီးတွင် နောက်ထပ် စက္ကူကြိုးကြာငှက်က ၎င်း၏အတောင်ပံများကို ခတ်လိုက်ကာ ပျံသန်းလာပြီး ချန်ရှီလက်ပေါ်သို့ ဆင်းလာခဲ့လေသည်။
ချန်ရှီ စာကိုဖွင့်ပြီး ဖတ်လိုက်တော့ လီထျန်းချင်ဆီကပဲ ဖြစ်၏။ စာထဲမှာပါတဲ့ အသုံးအနှုန်းကို သေသေချာချာ ရွေးထားပေမယ့် အသံနေအသံထားကတော့ နည်းနည်းအရေးတကြီး ဖြစ်နေသလိုပင်။
သူရှိခဲ့သည့် ရှေးဟောင်းဘုံကျောင်းထဲတွင် နိုးကြားသော နတ်ဘုရား ရှိပုံရသော်လည်း နံ့သာပေါင်းနှင့် မီးထွန်းရန် ခက်ခဲသောကြောင့် နတ်ဘုရားရုပ်တုကို ဖန်ဆင်းနိုင်ခြင်း မရှိကြောင်း စာထဲတွင် ဖော်ပြထားသည်။ ထို့အပြင် ဘုံကျောင်းထဲ၌ နတ်ဆိုးများ၊ ဓားများ တလက်လက် တောက်ပနေသော နတ်ဆိုးများရှိနေသည်မှာ အလွန်ကြောက်စရာ ကောင်းလှသည်။
အစပိုင်းတွင် ခံနိုင်ရည်ရှိသော်လည်း မကြာသေးမီ ရက်များအတွင်း ဘုံကျောင်းနံရံများတွင် သွေးစွန်းခြင်းနှင့် ဓားဒဏ်ရာများ မကြာခဏ တွေ့လာရပြီး လီထျန်းချင်ရဲ့ လည်ပင်းနှင့် နီးကပ်လာတာကြောင်း အလွန်အန္တရာယ်များနေပြီဟု ဆိုထားပါ၏။
လီကျင်လုံဟာ သူ့အသက်အတွက် စိတ်ပူပြီး နတ်ဆိုးတွေရဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေမယ့် ဘုံကျောင်းကို နတ်ဆိုးတွေ ဖျက်စီးမိမှာကိုလည်း စိုးရိမ်တာကြောင့် နှစ်သစ်ကူးမတိုင်ခင် ချန်ရှီကို အဲဒီနေရာကို သွားနိုင်မလားလို့ မေးနေခဲ့သည်။
"ထျန်းချင်က အဲဒီဘုံကျောင်းရဲ့ ကမ္ပည်းပြားကို ရှာတွေ့ထားတယ်... အဲဒါက စည်းစိမ်ဥစ္စာရဲ့ နတ်ဘုရားဘုံကျောင်းပဲ... ဘုံကျောင်းထဲက နတ်ဘုရားကို ဧကရာဇ်ကွမ်းရှန့်လို့ ခေါ်တယ်... မြန်မြန်လာပါ..."
ချန်ရှီသည် လီထျန်းချင် ရေးဆွဲထားသော ပထဝီဝင်မြေပုံဖြစ်သည့် ဧကရာဇ်ကွမ်းရှန့်ဘုံကျောင်း တည်နေရာကို ပြသထားသည့် စာ၏နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"စည်းစိမ်နတ်ဘုရား ... ဧကရာဇ်ကွမ်းရှန့်?"
ချန်ရှီ စာကိုပိတ်လိုက်သည်။
"စာရင်းကိုင်ကို ငါအခုနကမှ ရှာတွေ့ထားတယ်... ထျန်းချင်က စည်းစိမ်ဥစ္စာရဲ့ နတ်ဘုရားကို ပို့လိုက်ပြီ... ကောင်းကင်တရားရုံးကတော့ စည်းစိမ်ဥစ္စာတွေ ပြည့်နေတယ်ဆိုတာ ပြသနေတာပဲ!"