← Chapters

သိုးထိန်း

Vol. 17 Ch. 247

သိုးထိန်း

Vol. 17 Ch. 247

လီထျန်းချင်သည် တစ်ချိန်ကတော့ နတ်ဆိုးတွေဟာ သူ့ကို သတ်ဖို့ ညတိုင်း ရောက်လာလိမ့်မယ်၊ နတ်ဆိုးတွေကို သတ်ဖို့ ဘုံကျောင်းမှာ ဓားစွမ်းအင်တွေ ရှိလိမ့်မယ်လို့ ဆိုပါ၏။

စည်းစိမ်နတ်ဘုရား ဘုံကျောင်းဟာ တိုက်ခိုက်ရေး စိတ်ဓာတ်များဖြင့် ပြည့်နေပြီး ဓားနှင့်မီးပင်လယ်များ၏ ရူပါရုံများကိုပင် ချန်ရှီစိတ်ထဲတွင် မြင်နေရသည်။ ဒါကြောင့် နတ်ဆိုးတွေတောင် မချဉ်းကပ်ဝံ့လောက်ပေမယ့် ဘုံကျောင်းထဲကို ဝင်လာပြီး လီထျန်းချင်ကို သတ်ဖို့ ကြိုးစားတဲ့ နတ်ဆိုးတွေကတော့ ရှိနေသေးသည်။

ဤနတ်ဆိုးများကို လူသားများက ထိန်းချုပ်ထားကြောင်း ပြသနေတာပင်။ တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်သည် လီထျန်းချင်ကိုသတ်ရန် နတ်ဆိုးကို ထိန်းချုပ်​နေခဲ့သည်။

ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာသည်။

နတ်ဆိုးများကို ထိန်းချုပ်တယ်!

ဒီအရည်အချင်းက ဘယ်သူ့မှာ ရှိမလဲ။

"ဒီလူက နတ်ဆိုးဘယ်နှစ်ကောင်ကို ထိန်းနိုင်မှာလဲ"

လမ်းမှာ တွေ့ခဲ့ရတာတွေကို ရုတ်တရက် သတိရသွားသည်။ ချင်းကျိုးသည် အလွန်ဆိုးရွားသော စွမ်းအင်များဖြင့် ပြည့်နေပြီး နေ့အချိန်တွင်ပင် ညဘက်မှ ပေါ်လာမည့် နတ်ဆိုးများစွာ ရှိ​နေသည်။ ဆိုတော့ ဒီနတ်ဆိုးတွေကို တစ်ယောက်ယောက်က ထိန်းချုပ်နေတာလား။

မဟုတ်ရင် နေ့ဘက်မှာ နတ်ဆိုးတွေ ဘာကြောင့်ပေါ်လာတာလဲ။

ချင်ကျိုးမြို့၏ နေရာတိုင်းတွင် အော်ဟစ်သံများဖြင့် မငြိမ်မသက် ဖြစ်နေသည်။

နဂါးစိမ်းတစ်ကောင်က ကောင်းကင်မှာ ပျံဝဲနေသလို ဓားအလင်း ခုတ်ထစ်မှုကြောင့် ဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကလည်း မြို့သားတွေကို ထိတ်လန့်စေ၏။

ဓားအလင်းက လင်းလက်ပြီး ပျောက်ကွယ်သွားကာ လေထဲတွင် စိမ်းလန်းသော နဂါးကြီး၏ အရိပ်အယောင်သာ ကျန်ရှိတော့သည်။

"ဒီဓားက အရမ်းအစွမ်းထက်တယ်!"

ချန်ရှီ အံ့သြပြီး အရမ်းလည်း သိချင်နေခဲ့သည်။ လီထျန်းချင်ဟာ လမ်းတစ်လျှောက်တွင် နတ်ဆိုးများစွာကို သတ်​ဖြတ်ခဲ့သည်။ မြို့ထဲမှာလည်း နတ်ဆိုးတွေ ရှိနေတာလား။

"စိတ်ဝိညာဉ်တစ်သောင်း အလံကိုလည်း နတ်ဆိုးတစ်ခုလို့ ယူဆတာလား... ဘာဖြစ်လို့ သူအဲဒါကို ခုတ်ထစ်ပစ်ခဲ့တာလဲ"

အပြေးအလွှား သွားခါနီးတွင် မြင်းခွာသံကို ရုတ်တရက် ကြားလိုက်ရပြီး အပူလှိုင်းတစ်ခု သူ့အပေါ်သို့ ရောက်လာ၏။ လီထျန်းချင်က မြင်းစီးပြီး သူ့ကို ဖြတ်သွားပြန်လေသည်။

ချန်ရှီ ကြည့်လိုက်တော့ သူ့လက်ထဲမှာ လူသားဦးခေါင်းကို ကိုင်ထားတာ တွေ့လိုက်ရပြီး မရေမတွက်နိုင်တဲ့ ငွေစက္ကူတွေ၊ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေက သူ့နောက်က ပျံဝဲလာပြီး အဝေးမှာ ပျောက်ကွယ်သွားတော့သည်။

ချန်ရှီ အံ့အားသင့်သွားသည်။

"ဒါကြောင့် ဧကရာဇ်ကွမ်းရှန့်က ဒီလို စည်းစိမ်ဥစ္စာရဲ့ အရှင်သခင် ဖြစ်နေတာကိုး!"

သူ့နောက်ကို လိုက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတုန်း “ဆားဌာနမှူးကို မြင်းနီဓားပြက သတ်ပစ်လိုက်ပြီ” ဟု နောက်ကွယ်မှ အော်ဟစ်သံကို ကြားလိုက်ရသည်။

"ဆားဌာနမှူးအိမ်က ဘဏ္ဍာတိုက်ကို မြင်းနီဓားပြက လုသွားပြီ!"

……

ချင်းကျိုးမြို့မှာ သန်မာတဲ့ အမျိုးသားတွေ အများကြီး ရှိသည်။ သခင်များစွာသည် မြင်းနီဓားပြ၏ နေရာကို ရှာဖွေရင်း ၎င်းတို့၏ ဝိညာဉ်များကို လှည့်ပတ်ပျံသန်းရန် အသုံးပြု​နေကြသည်။ သို့သော် အစိမ်းရောင် နဂါးနှင့်တူသော ဓားအလင်းသည် စိတ်ဝိညာဉ် တစ်သောင်း ဆိုင်းဘုတ်ကိုပင် ဖြတ်သွားနိုင်သဖြင့် ၎င်းတို့သည်လည်း အလွန်အနီးကပ် လိုက်ဖမ်းဝံ့ခြင်း မရှိခဲ့ပေ။ ပြေးရင်းနဲ့ပဲ သူတို့ရဲ့အရှိန်ကလည်း နှေးကွေးလာ၏။

ချန်ရှီ မြင်းနီကို အနီးကပ် ဆက်လိုက်လာခဲ့သည်။ လီထျန်းချင် သူ့ဓားကို မြင်းပေါ်က လွှဲပစ်တင်တိုင်း လမ်းတစ်လျှောက်မှာ နတ်ဆိုးတွေရဲ့ဦးခေါင်းတွေ မြေပြင်ပေါ်ကျသွားတာကို သူမြင်ခဲ့ရသည်။ မြင်းနီက အလွန်လျင်မြန်သည်။ ချန်ရှီ အရှိန်လွန်ကဲစွာ မြှင့်လိုက်သော်လည်း လူနှင့်မြင်းကို အမီလိုက်နိုင်မည် မဟုတ်သေးပေ။

ရုတ်​တရက်​ ​ရှေ့က ရွာတစ်​ရွာကို လှမ်းမြင်​လိုက်​ရတော့ လီထျန်းချင်က အနည်းငယ် နှေးကွေးသွားသည်။ ရွှေ၊ ငွေနှင့် ငွေစက္ကူ တောင်တန်းများက သူ့နောက်သို့ လိုက်နေကြဆဲ။ ထိုအခိုက် ရွှေငွေ အပိုင်းအစများ ပျံတက်လာပြီး ရွာရှိ အိမ်ထောင်စုတိုင်း၏ ခြံထဲသို့ ကျသွားသည်။

ချန်ရှီ အံ့ဩသွားသည်။ စည်းစိမ်နတ်ဘုရား ဆိုတာ ကိုးကွယ်ဆည်းကပ်တဲ့ လူတွေအတွက် ချမ်းသာသူများကို လုယက်ပြီး ဆင်းရဲသူများကို ကူညီပေးတာလား။

သူသည် ရှေ့သို့ အပြေးအလွှား သွားကာ မြင်းနီပေါ်မှ လီထျန်းချင်ကို လေ့လာနေသည်။ သူသည် ဆားဌာနမှူးအိမ်မှ ရွှေ၊ ငွေနှင့် ရတနာများကို လမ်းတစ်လျှောက် ရွာနှင့်မြို့များသို့ ဝေငှပေးနေတာ တွေ့လိုက်ရသည်။ အိမ်ထောင်စု တစ်ခုစီကလည်း ငွေစဒါဇင်များစွာကို ရရှိခဲ့သည်။

တစ်ညတာလုံး ပြေးလွှားပြီးနောက် လီထျန်းချင်သည် သူ့ပိုက်ဆံအားလုံးကို ဝေငှပစ်ခဲ့သည်။ ထို့နောက် အကုန်အကျခံပြီး စည်းစိမ်နတ်ဘုရား ဘုံကျောင်းဆီသို့ မြင်းနီစီးလျက် ပြန်လှည့်လာခဲ့ကာ ဘုံကျောင်းရှေ့ရောက်ခါနီးတွင် အရှိန်လျှော့လိုက်သည်။

ချန်ရှီ မြင်းနီကို လိုက်မီသွားစဥ် လီထျန်းချင်က မြင်းပေါ်မှ ခုန်ချလိုက်တာ မြင်လိုက်ရသည်။ မြင်းနီသည် အနီးနားရှိ ငရဲမီးကို နင်းမိကာ မရဏကမ္ဘာထဲသို့ ခုန်ဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။

လီထျန်းချင် သူ့လက်ကို ဆန့်ထုတ်လိုက်ရင်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံသန်းနေသော နဂါးစိမ်းစွမ်းအင်ကို ဖမ်းဆုပ်ကာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲကာ ချန်ရှီထံ ပစ်ချလိုက်သည်။

ချန်ရှီက ၎င်းကို ဖမ်းယူလိုက်သောအခါ ဓားရှည်က သူ့လက်ထဲသို့ အေးအေးဆေးဆေးပဲ ကျလာ၏။ ၎င်းက အစိမ်းရောင် နဂါးစွမ်းအင်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ သူ့ပတ်ဝန်းကျင်တွင် ကခုန်နေသည်။

လီထျန်းချင်က ဆားဌာနမှူးကိုလည်း လွှတ်ပေးလိုက်ပါသေးသည်။ ချန်ရှီ အမြန်ဖမ်း​ကြည့်လိုက်တော့ ၎င်းက ဦးခေါင်းဖြစ်နေတာ မြင်လိုက်ရသဖြင့် နက်ရှိုင်းနဂါးရွေ့ဓားကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး ခေါင်းကို မြေအောက်ကမ္ဘာထဲသို့ ပစ်ချလိုက်ရသည်။

ထိုအချိန်မှသာ လီထျန်းချင်ရဲ့ မျက်လုံးများ မှိတ်သွားတာ သူ သတိပြုမိလိုက်သည်။ သူသည် မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်ပစ်ကာ တစ်ညလုံး မိုင်တစ်ထောင်ကျော် ပြေးခဲ့သည်။ သူက ချင်းကျိုးမြို့ကိုတောင် ဖောက်ပြီး ဆားဌာနမှူးကို ခုတ်ထစ်ပြီး ဘဏ္ဍာတိုက်ကို လုယက်ခဲ့၏။

လီထျန်းချင်သည့ နဂါး သို့မဟုတ် ကျားကဲ့သို့ လမ်းလျှောက်ကာ ဘုံကျောင်းထဲသို့ လျှောက်သွားသည်။ သူ့အရင်သွားသည့်လမ်းနှင့် လုံးဝမတူဘဲ ဘုံကျောင်းရှိ နတ်ကွန်းဆီသို့ တည့်တည့်သွား​နေခဲ့သည်။ နတ်ကွန်းရှေ့သို့ရောက်သောအခါ တစ်ချက် လှည့်ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

အခန်းလွတ်သည် အဖြူရောင်အလင်းရောင်များဖြင့် ပြည့်နေပြီး ဘုံကျောင်းကလည်း တောက်ပနေသည်။ မျက်လုံးသည် အပြင်ဘက်ရှိ တောင်တန်းမြစ်များကို ကြည့်ရှု၍ နှိမ့်ချသော အသံဖြင့် ဆိုလိုက်လေသည်။

“ဒီတိုင်းပြည်က ဘာလို့ ဒီလောက်များတဲ့ မကောင်းမှု ပရမ်းပတာတွေ ဖြစ်ကုန်ကြရတာလဲ?"

သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ ကြည်လင်သော လေစီးကြောင်းက လွင့်ပျံလာပြီး နတ်ကွန်းထဲသို့ ဝင်သွားစဥ် လီထျန်းချင်လည်း နောက်ပြန် လဲကျသွားခဲ့သည်။ ချန်ရှီ အမြန်ပြေးကာ ဖမ်းထားလိုက်ကာ ကုတင်ပေါ် ဖြည်းဖြည်းချင်း တင်​ပေးလိုက်သည်။

လီထျန်းချင် အိပ်ပျော်သွားပါပြီ။

ပတ်ပတ်လည်မှာ ကခုန်နေတဲ့ နဂါးစိမ်း စွမ်းအင်တွေကလည်း ပျံတက်လာပြီး နတ်ကွန်းထဲ ဝင်သွားတာ တွေ့လိုက်ရသည်။

ထိုအချိန်တွင် ဘုံကျောင်းအပြင်ဘက်တွင် နားရွက်သံခတ်များ ကြားလာရသည်။ ချန်ရှီ ကြည့်လိုက်တော့ နားရွက်ကြီးကြီးနဲ့ ကောင်းကင်နားစွင့်သူတွေက နားရွက်တွေကို ခတ်ပြီး ကောင်းကင်ကနေ ဖြည်းဖြည်းချင်း စည်းစိမ်ဥစ္စာ နတ်ဘုရားရဲ့ ဘုံကျောင်း ပတ်လည်ကို ဆင်းသက်နေတာ တွေ့လိုက်ရ၏။ ၎င်းတို့က တစ်ခုခုကို ရေးဆွဲနေကြသည်။

သူ့နှလုံးနည်းနည်း လှုပ်သွားပြီး နက်ရှိုင်းနဂါးရွေ့ဓားကို မြှောက်လိုက်သည်။ ချီတစ်ချက် မှုတ်သွင်းလိုက်တာနဲ့ ဓားဟာ ငှက်တစ်ကောင်အသွင်ပြောင်းကာ ပျံသန်းသွားခဲ့သည်။ ၎င်းသည် နားထောင်သူနောက်သို့ လိုက်လာပြီး ထိုနေ့တွင် နားထောင်သူ မှတ်တမ်းတင်ထားသည်ကို စစ်ဆေးခဲ့သည်။

ဤကောင်းကင် နားစွင့်သူ မှတ်တမ်းတင်ခဲ့သည့် အရာအားလုံးသည် လီထျန်းချင်၏ အပြောအဆိုများနှင့် လုပ်ရပ်များသာ ဖြစ်သည်။

"... ချင်သည် မြင်းနီစီးပြီး စိမ်းပြာနဂါး ဝိညာဉ်ကို သယ်ဆောင်ကာ နတ်ဆိုးဆယ့်ခုနစ်ပါးကို သတ်သည်။ ညအချိန်တွင် ချင်းကျိုးမြို့သို့ ဝင်ရောက်ကာ မြို့တံခါးများကို ဖျက်ဆီးသည်။ ထောင်ပေါင်းများစွာသော ဝိညာဉ်များကို သတ်ဖြတ်ကာ ဆားဌာနမှူး လုစုန်းကို သတ်ကာ ငွေများကို လုယူသွားခဲ့သည်။

"...ချင်သည် စန်းရှု့၊ ဟဲယင်း၊ ကဲကျားနဲ့ တခြားရွာတွေဆီ ပိုက်ဆံတွေ သယ်လာပြီး ရွာသားတွေကို ငွေတွေ ဝေပေးခဲ့သည်..."

"…သံသယရှိသူ ချန်ရှီလည်း ဘုံကျောင်းက ထွက်သွားပြီး လမ်းအတိုင်း လိုက်ခဲ့ကာ ဘုံကျောင်းကို ပြန်လာခဲ့တယ်။ သူ့ဓားကို စတေးပြီး ငှက်တစ်ကောင်လို ဖြစ်သွားပြီး ကျွန်တော့်နောက်ကို ပြေးသွားပြီး စာအုပ်ကို ဖတ်နေသည်။ ကျွန်တော် မသိဟန်ဆောင်ပေမယ့် သံသယရှိသူက ဆက်ဖတ်နေ၏။ သံသယက ပြေးလာပြီး ကျွန်တော့်နောက်ကို လိုက်လာရင်း လက်ကို မြှောက်လိုက်သည်..."

ချန်ရှီ ထိုနေ့တွင် နားထောင်သူအား နားထောင်သူ၏ မှတ်တမ်းများကို ကြည့်ရင်း သတိလစ်လုမတတ် ဖြစ်သွားခဲ့သည်။

တစ်ညတွင် စည်းစိမ်နတ်ဘုရား၏ ဘုံကျောင်း တံခါးအက်ကွဲကြောင်းမှ နေရောင်ခြည်သည် ကောင်းကင် ခိုးနားထောင်သူများကို စွဲဆောင်စေသည်။ လီထျန်းချင်သည် ထိုအချိန်ကစ၍ အဓိက စောင့်ကြည့်လေ့လာရန် ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကောင်းကင်နားစွင့်သူ ခြောက်ဦးမှ အနီးကပ် စောင့်ကြည့်​နေခဲ့သည်။

ချန်ရှီ စာအုပ်များကို ဆက်လက် ကြည့်ရှုနေခဲ့သည်။ ကောင်းကင်နားစွင့်သူက လီထျန်းချင် ပြောခဲ့သည့် စကားအပြင် လီထျန်းချင်၏ အစားအသောက်နှင့် နေ့စဉ်ဘဝအပါအဝင် နေ့စဉ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သစ္စာရှိရှိ မှတ်တမ်းတင်ခဲ့သည်။

၎င်းတွင် နတ်ဆိုးများ ဘုံကျောင်းထဲသို့ ဝင်ကာ လီထျန်းချင်ကို လုပ်ကြံသည့် အခြေအနေလည်း ပါဝင်သည်။

"ညငါးနာရီမှာ နတ်ဆိုးလို လူတစ်ယောက်က နတ်ဆိုးတစ်ကောင်ကို ဘုံကျောင်းထဲ တွန်းပို့လိုက်တယ်... ရုတ်တရက် မီးစိမ်းက နတ်ဆိုးကို သတ်ပစ်လိုက်တယ်"

“ညငါးနာရီမှာ နတ်ဆိုးက ပြန်လာပြီး နတ်ဆိုး ဆယ်ယောက်ကို ဘုံကျောင်းထဲကို မောင်းသွင်းလိုက်တယ်...."

"ညငါးနာရီမှာ နတ်ဆိုးပြန်ပေါ်လာတယ်..."

……

ချန်ရှီလည်း ကောင်းကင်နားစွင့်သူရဲ့ မှတ်တမ်းတွေကို ဖတ်ပြီး သဘောပေါက်သွားသည်။

"တကယ်ပဲ နတ်ဆိုးတွေကို ထိန်းချုပ်နိုင်တဲ့ သူတစ်ယောက် ရှိနေတာ... ငါးနာရီ မတိုင်ခင် ညတိုင်း လာတတ်တယ်... အခုက ငါးနာရီပဲ!"

ဒါကို တွေးတောနေတုန်းရှိသေး လေထဲက လူတစ်ယောက် လွင့်ပျံလာပြီး ဘုံကျောင်းရှေ့မှာ ဆင်းသက်တာကို ရုတ်တရက် မြင်လိုက်ရသည်။

ထိုလူသည် အနက်ရောင် တာအိုဝတ်ရုံကို ၀တ်ထားသည်။ ဆင်းသက်ပြီးနောက် ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ဆုပ်ကာ စည်းတံဆိပ်တစ်ခု ဖော်ဆောင်လိုက်ရာ သရဲငါးကောင် ပျံတက်သွားပြီး ယဇ်ပလ္လင်ကို သယ်ဆောင်သွားလေသည်။

အနက်ရောင်ဝတ်ထားသူသည် ယဇ်ပလ္လင်ပေါ်တွင် ထုံးတမ်းစဉ်လာ ပူဇော်မှုတစ်ခု ပြုလုပ်နေပြီး မကြာမီတွင် နတ်ဆိုးအုပ်စုများ အဝေးမှ ရောက်ရှိလာကြသည်။ အနက်ရောင် ဝတ်ထားသူက စည်းစိမ်နတ်ဘုရား ဘုံကျောင်းကို ညွှန်ပြလိုက်သော် နတ်ဆိုးများစွာက ဘုံကျောင်းထဲသို့ ချက်ချင်း ပြေးဝင်သွားကြသည်။

ထိုစဥ် ဘုံကျောင်းထဲ၌ ဓားမီးတောက်များ တောက်လောင်နေပြီး နတ်ဆိုးများစွာဟာ သတ်ဖြတ်ခံခဲ့ရသော်လည်း လီထျန်းချင်ကိုတော့ မသုတ်သင်နိုင်ခဲ့ပေ။

ဒါကိုမြင်တော့ အနက်ရောင်ဝတ်လူက မျက်မှောင်ကြုတ်ပြီး ဘုံကျောင်းထဲကို ချက်ချင်း ဖောက်ဝင်ဖို့ ကြိုးစားတော့၏။ ရုတ်တရက် ဘုံကျောင်းထဲမှာ ဟေးကော် အသံကို ကြားလိုက်ရ၏။ အနက်ရောင်ဝတ်လူသည် တုံ့ဆိုင်းမနေတော့ဘဲ ယဇ်ပလ္လင်ပေါ်မှ ခုန်တက်လာသည်။ သူသည် အနက်ရောင်အဝတ်အစားများကို လှုပ်ယမ်းကာ လင်းနို့ကဲ့သို့ လေထဲသို့ ပျံတက်သွားသော မှော်စွမ်းအင်များကို လေထဲသို့ လွှင့်တင်ပစ်လိုက်သည်။

ချန်ရှီလည်း နက်ရှိုင်းနဂါးရွေ့ဓားကို အနက်ရောင် ၀တ်ထားသော လူနောက်သို့ ပျံသန်းလိုက်ပါစေမယ့် ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။

အနက်ရောင်ဝတ် အမျိုးသားသည် ချင်းကျိုးမြို့သို့ ပျံသန်းလာပြီး ရုတ်တရက် မြို့ထဲသို့ ဆင်းသက်ကာ ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ချန်ရှီ အနည်းငယ် မျက်မှောင်ကြုတ်ပြီး နက်ရှိုင်းနဂါးရွေ့ဓားကို ပြန်ဆုတ်ခိုင်းလိုက်သည်။

မိုးလင်းသောအခါ လီထျန်းချင် လက်ဆန့်တန်းကာ သမ်းကာ ပြုံးကာဖြင့် နှုတ်ဆက်လာသည်။

"မနေ့ညက ငါ အကောင်းဆုံး အိပ်ခဲ့ရတာပဲ... ငါ့မှာ အိပ်နေတုန်း အခုတ်ခံရမှာ အရမ်းကြောက်နေခဲ့တာ... ဒါပေမယ့် တစ်ဆယ်လေး မင်းရောက်လာပြီးတော့ ငါ အေးအေးချမ်းချမ်း အိပ်လို့ရသွားတယ်"

ချန်ရှီ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်တော့ လီထျန်းချင် အံ့အားသင့်သွားပြီး မယုံနိုင်သလို ဖြစ်နေ၏။ ချန်ရှီ ကောင်းကင်နားစွင့်သူရဲ့ မှတ်စုများကို ထုတ်လိုက်တော့ လီထျန်းချင် မှတ်စုများကို ကြည့်လိုက်သည်။

တစ်ဖက်မှာတော့ ဟေးကော်က စောစောထပြီး ထမင်းချက်ဖို့ ခြံထဲမှာ မီးမွှေးပြီးပြီ။ အချို့သော ဟွမ်ကျင်းအာနဲ့ ဝူးထိုအာတို့က မီးမွှေဖို့ ကူညီခဲ့ကြသည်။ ဟွမ်ကျင်းအာ တစ်ကောင်က ဝူးထိုအာကို ဖိပြီး မီးဖိုအောက်သို့ ရွှေ့လိုသည်။ ဝူးထိုအာက အော်ဟစ်ပြီး နှစ်ဘက်စလုံးက ပြန်ပြီး တိုက်ပွဲတွေ ပြန်စပါတော့၏။

ဟေးကော်က ဟွမ်ကျင်းအာကို ဖမ်းကိုင်လိုက်ပြီး ခေါင်းကစလို့ အတုံးများ လှီးဖြတ်ကာ ဟင်းချက်အိုးထဲသို့ ပစ်ထည့်လိုက်သည်။

ဝူးထိုအာမှာလည်း ၎င်း၏ ဦးခေါင်းတစ်ဝက်ကို ဖြတ်တောက်ခံလိုက်ရသဖြင့် ကြောက်လန့်တကြား အော်ဟစ်​နေခဲ့သည်။ အခြားသော ဟွမ်ကျင်းအာနဲ့ ဝူးထိုအာ ရွက်အုပ်များသည်လည်း ထိတ်လန့်တုန်လှုပ်ကာ ထောင့်တစ်နေရာတွင် သွားစုပြုံနေခဲ့သည်။

နောက်ဆုံးတော့ နှစ်ဖက်စလုံး ငြိမ်သက်သွားကြ၏။

မှတ်စုများကို ဖတ်ပြီးနောက် လီထျန်းချင်က မျှော်လင့်ချက် ပျောက်ဆုံးနေသော အသံဖြင့် ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ ညအနည်းငယ်က ငါ ဒေါသထွက်စရာတွေ အများကြီး လုပ်ခဲ့ပြီးပြီကိုး...."

ဤကိစ္စသည် ဒေါသကြီးစရာ ကောင်းလွန်းသဖြင့် ကောင်းကင်နားစွင့်သူရဲ့ မှတ်စုကို ဖတ်ပြီးသည့်တိုင် မယုံနိုင်ဖြစ်နေရဆဲ။

အပြန်ပြန်အလှန်လှန် လျှောက်သွားရင်း သူက ရုတ်တရက် ရပ်လိုက်ပြီး လှည့်မေးလေ၏။

"ငါ့ကိုသတ်တဲ့သူက ငါ့ကိုသတ်ချင်နေတာ ဘာကြောင့်လဲ... ငါက ကွမ်းရှန့်​ရဲ့ဆန္ဒနဲ့ သူ့ဆွေမျိုးတွေကို သတ်ခဲ့လို့​လား... မဟုတ်ဘူး ကွမ်းရှန့် ငါ့ကို ထိန်းချုပ်တဲ့ညမှ အဲဒီလူက ငါ့ကိုသတ်ဖို့ နတ်ဆိုးတွေကို ခေါ်လိုက်တာ... ဒါက သူ့ဆွေမျိုးတွေကို သတ်တာ ငါမဟုတ်ဘူးဆိုတာ သက်သေပြလိုက်တာပဲ"

ချန်ရှီ: "အဲဒီလူက နတ်ဆိုးတွေကို ထိန်းချုပ်နိုင်တယ်... ဧကရာဇ်ကွမ်းရှန့်က အဲဒီနတ်ဆိုးတွေကို သတ်လိုက်တဲ့အတွက် သူ့ကို နှိုးဆော်ပြီး လက်စားချေဖို့ ဖိတ်ခေါ်လိုက်မိတာ မဖြစ်နိုင်ဘူးလား?"

လီထျန်းချင်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။

"နတ်ဆိုးကို ငါသတ်လိုက်တဲ့အတွက် သူငါ့ကို သတ်ချင်နေတာလား... သူက အဲ့နတ်ဆိုးကို ကြီးပြင်းလာအောင် မွေးထားတာ ဖြစ်နိုင်တယ်မလား..."

သူဒီလိုပြော​ပြီးတဲ့အခါ ရုတ်တရက် ရပ်လိုက်ပြီး ချန်ရှီကို ကြည့်လိုက်သည်။

ချန်ရှီ: "တောင်ပိုင်းကျောင်းရဲ့ အဆောင်ဆွဲ မှော်ဆရာတွေက နတ်ဆိုးတွေကို ဖန်တီးပြီး ထိန်းချုပ်နိုင်တယ်!"

လီထျန်းချင် : "ချင်းကျိုးရဲ့ ကြမ်းတမ်းတဲ့ ဥပဒေတွေနဲ့ ပြစ်ဒဏ်တွေက နတ်ဆိုးတွေ အများကြီးကို ဖြစ်ပေါ်စေခဲ့တယ် အဲဒါကြောင့် လူတချို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဒီနတ်ဆိုးတွေကြားထဲ တောင်ပိုင်းနတ်ဆိုးတွေကို လွှတ်ပေးလိုက်တာ!!"

ချန်ရှီ: "မင်းကို ဧကရာဇ်ကွမ်းရှန့်က ချုပ်ကိုင်ပြီး နတ်ဆိုးတွေ အများကြီးကို သတ်ပစ်လိုက်တယ်... အဲဒီလူက မွေးမြူထားတဲ့ နတ်ဆိုးတွေကိုတောင် သတ်ပစ်လိုက်တာ... မင်း သူ့အကြံအစည်ကို ဖျက်ဆီးပစ်လိုက်တော့ မင်းကို ဖယ်ရှားပစ်ချင်ခဲ့တာ။ ဒါပေမယ့် ဘာလို့ နတ်ဆိုးတွေ မွေးမြူထားတာလဲ"

လီထျန်းချင်လည်း ဒီအချက်ကို စဥ်းစားကြည့်ကာ ခေါင်းညိတ်ပြီး ​ပြန်ပြောလိုက်သည်ါ

"ဒီည မင်းအိပ်တော့ ငါနိုးနေမယ်... အာ့ဆို ဧကရာဇ်ကွမ်းရှန့်ရဲ့ဆန္ဒက မင်းကို ချုပ်ကိုင်သွားလိမ့်မယ် ဘာဖြစ်သွားမလဲ ကြည့်ရအောင်"

ချန်ရှီသည် ကလေးဆန်သော စိတ်ထားရှိပြီး ကြိုးစားချင်စိတ်လည်း ရှိသည်။ နှစ်ယောက်သား ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဘုံကျောင်းငယ်ကို ဆက်လက်ထွင်းထုပြီး ကမ္ပည်းဆွဲသည်။

ညက ပြန်ရောက်လာပါပြီ။ ချန်ရှီ ညစာ ပြီးသည်နှင့် စောစော အိပ်ရာဝင်လိုက်သည်။

လီထျန်းချင်လည်း သူ့အာရုံအားလုံးကို အာရုံစူးစိုက်ကာ သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းကို အသက်ဝင်စေသည်။ ညသန်းခေါင်အချိန်ကို စောင့်မျှော်ရင်း ပတ်ဝန်းကျင်ကို လင်းထိန်နေသော နတ်အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

သန်းခေါင်ယံအချိန် နီးလာသည်နှင့်အမျှ အေးစက်သော လေပြင်းသည် ရုတ်တရက် တိုက်ခတ်လာသဖြင့် လီထျန်းချင်ကို အလိုအလျောက် တုန်လှုပ်သွားစေခဲ့​သည်။ "ဒီအေးစက်တဲ့လေက နတ်ဘုရားတွေဆီက လာပုံမပေါ်ဘူး... မရဏကမ္ဘာရဲ့ အငွေ့အသက်ကိုတောင် သယ်လာသေးတယ်." ဟု သူ့ကိုယ်သူ တွေးလိုက်သည်။

ချန်ရှီသည် အမှောင်ထဲမှ အရှင်ဝူဝမ့် ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်သောအခါ လန့်သွားပြီး အလျင်စလို မေးလိုက်သည်။

"အရှင်ဝူဝမ့် ဘယ်ကနေ ရောက်လာတာလဲ"

အရှင်ဝူဝမ့်က သူ့ကို နှုတ်ဆက်လာသည်။

"ဒီရက်ပိုင်းမှာ ငါ မရဏကမ္ဘာမှာ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေဆီကနေ ပုန်းအောင်းနေရတာ... ဘယ်မှ သွားစရာမရှိဘူး ဘုရင်ကျန်းနဲ့ ဒီနေရာမှာ ပုန်းနေနိုင်မယ်လို့ ထင်ခဲ့တာ... ဘုရင်ကျန်း ငါ့ကို ခေါ်သွားချင်လား..."

ချန်ရှီရဲ့ မျက်နှာလည်း ရုတ်ချည်း ပြောင်းလဲသွားတော့၏။

"အရှင်ဝူဝမ့် ဘာတွေလာနောက်နေတာလဲ အခုထွက်သွား...မဟုတ်ရင် တစ်ခုခု ဖြစ်သွားလိမ့်မယ်!"

အရှင့်ဝူဝမ့်အတွက် ရုတ်တရက် ကလစ်တစ်ချက်နှိပ်လိုက်သံဖြင့် ချန်ရှီရဲ့အိပ်မက်က အက်ကွဲသွားပြီး နားမလည်နိုင်သော တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ တွင်းနက်ကြီး၏ အောက်ခြေတွင် မရေမတွက်နိုင်သော အတွေးများစွာဖြင့် သမုဒ္ဒရာထဲတွင် တုန်လှုပ်နေသော အသိစိတ်၏ ကြီးမားသော သမုဒ္ဒရာကြီး ရှိသည်။

အရှင်ဝူဝမ့်လည်း အံ့အားသင့်သွားသည်။ အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မရဏကမ္ဘာမှ နတ်ဆိုးများ ချောက်ထဲသို့ ခုန်ဆင်းလာတာ သူမြင်ခဲ့ရပြီး အဝေးမှ ချွန်ထက်သော လက်သည်းများ၊ တင်းပုတ်များနှင့် လျှာများဖြင့် သူ့ဆီသို့ တွားသွားလာနေတာ တွေ့လိုက်ရသည်။

အရှင်ဝူဝမ့်သည် ယနေ့ကာလတွင် မရဏကမ္ဘာရှိ သရဲနှင့် နတ်ဘုရားများ လိုက်ရှာခြင်းကို ရှောင်ရှားခဲ့သဖြင့် ပင်ပန်းနေပြီဖြစ်သည်။ ချန်ရှီရဲ့ အိပ်မက်ထဲမှာ ပုန်းအောင်းနိုင်မယ်လို့ သူထင်ခဲ့ပေမဲ့ ဒီအသိစိတ်ပင်လယ်ထဲမှာ နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေ ပိုလို့တောင် များနေမယ်လို့ မမျှော်လင့်ထားခဲ့ချေ။

သူသည် ပြတ်ပြတ်သားသား ပြုမူပြီး ချန်ရှီ၏ အိပ်မက်ထဲ၌ စုတ်တံကို ဝေ့ယမ်း၍ အသိစိတ်၏ ချောက်ထဲသို့ ဆွဲငင်မခံရအောင် တားဆီးနိုင်ခဲ့သည်။

သို့သော် ထိုချွန်ထက်သော ခြေသည်းများ၊ လျှာများနှင့် ရွက်ဆွဲများသည် သူ့အား ရစ်ပတ်ထားပြီး တွင်းနက်ကြီးတစ်လျှောက် တက်လာစဉ်တွင် သူကို အသိစိတ်၏ ချောက်ထဲသို့ ဆွဲငင်သွားခဲ့သည်။

အရှင်ဝူဝမ့်သည် ပထမနတ်ဆိုးနတ်ဘုရား တွားထွက်တော့မည်ကို မြင်သောအခါ တိတ်တဆိတ် ညည်းတွားသည်။ ချန်ရှီ၏အိပ်မက်ထဲတွင် နဂါးဟောက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ဓားတစ်လက်က ချွန်ထက်သော ခြေသည်းများ၊ နှုတ်ခမ်းများနှင့် လျှာများကို ဖြတ်တောက်ပစ်လိုက်သည်။

အရှင်ဝူဝမ့်လည်း အခွင့်အရေး ရသွားခဲ့ပြီး ချက်ချင်း ချန်ရှီအိပ်မက်ထဲမှ လွတ်မြောက်အောင် ကြိုးစားတော့သည်။

သူသည် ဓားအလင်း၏ ဦးတည်ရာကို လိုက်၍ ကြည့်လိုက်ရာ ဖီးနစ်မျက်လုံးများ၊ မျက်ခုံးနှစ်ထပ်နှင့် မျက်နှာနီရဲရဲနှင့် သူ့ဆီသို့ လျှောက်လှမ်းလာနေသော နတ်ဘုရားကို တွေ့လိုက်ရသည်။ သူသည် ချန်ရှီ၏ အိပ်မက်ထဲတွင် ပေါ်လာပြီး သူ၏ အသိစိတ်ပင်လယ် ချောက်ထဲသို့ ဓားဖြင့် ခုတ်ချလိုက်သည်။

အသိစိတ်ပင်လယ်ထဲ၏ ချောက်ထဲရှိ နတ်ဆိုးသည် ပြန်ပြုတ်ကျပြီး ချောက်ကလည်း ပြန်ပိတ်သွား၏။

အရှင်ဝူဝမ့်လည်း ခေတ္တမျှပင်မနေဝံ့ဘဲ ထွက်ပြေးသွားကာ အလွန်ထိတ်လန့်သွားသည်- "ဘုရင်ကျန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုနတ်ဆိုးမျိုးကိုများ ဝှက်ထားတာလဲ"

လီထျန်းချင် ချန်ရှီကိူ သံသယစိတ်နှင့် အံ့သြစွာ ကြည့်နေရင်း ချန်ရှီ၏ မျက်ခုံးကြားမှ အေးစက်သော လေပြင်းတစ်ချက်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထို့နောက် ချန်ရှီက မတ်တပ်ထရပ်လာတာကြောင့် သူ့ကို ကြောက်လန့်သွား​စေခဲ့သည်။

"ဟူး--"

ချန်ရှီ ခန်းမထဲမှ ပြေးထွက်သွားသည်။ လီထျန်းချင်လည်း ကမန်းကတန်း လိုက်ပြီး ခန်းမထဲက ပြေးထွက်သွားခဲ့သည်။

မြင်းနီတစ်ကောင်သည် ငရဲမီးကို နင်းပြီး မရဏကမ္ဘာမှ ပြေးထွက်လာခဲ့၏။ ချန်ရှီ မြင်းပေါ်မှ ခုန်တက်သွားတဲ့အခါ အစိမ်းရောင် နဂါးကြီး သည် သူ့ခန္ဓာကိုယ် အနှံ့ လှည့်ပတ်နေသည်။ ဘုံကျောင်းထဲက ဟွမ်ကျင်းအာနဲ့ ဝူးထိုအာတို့က ဒါကို မအံ့သြတော့ပုံဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အိပ်ပျော်သွားပြန်သည်။

အနီးနားရှိ မြင်းတစ်ကောင်နှင့် မီးစိမ်းပြပြီးနောက် ချန်ရှီ စီးထွက်သွားခဲ့သည်။

လီထျန်းချင် ချက်ချင်း ပြေးထွက်လာသော်လည်း ချန်ရှီသည် မြင်းစီးကာ ဖရဲသီးနှင့် အသီးအရွက်များကို လှီးဖြတ်သွားသကဲ့သို့ ဓားတစ်ချောင်းဖြင့် လမ်းတစ်လျှောက် မြင်သမျှ နတ်ဆိုးများကို သတ်ခဲ့တာ တွေ့လိုက်ရသည်။

လီထျန်းချင် သူ့အား အမီလိုက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရာ ချန်ရှီသည် ချင်းကျိုး လက်အောက်ရှိ ခရိုင်မြို့တစ်မြို့ဆီသို့ သူ့မြင်းစီးသွားနေတာ မြင်တွေ့ခဲ့ရသည်။ သူ ခရိုင်မြို့သို့ အလျင်အမြန် ရောက်သွားသောအခါ တစ်မြို့လုံး ကမောက်ကမ ဖြစ်နေပြီ။ မြို့တံခါးကို ဓားဖြင့် ခုတ်ထစ်ကာ ဝိညာဉ်တစ်သောင်းအလံကို တစ်ဝက်တစ်ပျက် ဖြတ်ပစ်ခဲ့သည်။ မြို့ကလူတစ်ယောက်က အော်လေ၏။

"ခရိုင်တရားသူကြီးသေပြီ.... ခရိုင်တရားသူကြီးကို သတ်သွားပြီ"

ခွာသံက သူ့ဆီသို့ ရောက်လာသည်။ လီထျန်းချင် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ကြည့်လိုက်ရာ ချန်ရှီဟာ မြင်းနီတစ်ကောင်၏ နောက်ကျောပေါ် ထိုင်နေတာ တွေ့လိုက်ရပြီး လက်တစ်ဖက်မှာ ခရိုင်တရားသူကြီး၏ ဦးခေါင်းကို ကိုင်ထားခဲ့သည်။

သူ့နောက်မှာတော့ ရွှေ၊ ငွေ၊ ရတနာတွေနဲ့ ငွေစက္ကူတွေ ပျံဝဲနေ၏။

"ဒါက ကောင်းကင်နားစွင့်သူတွေရဲ့ မှတ်တမ်းထဲကအတိုင်း တစ်ပုံစံတည်းပဲ!"

လီထျန်းချင် သူ့နောက်ကို အလျင်စလို လိုက်လာပေမယ့် သူ့ရဲ့ ကျင့်ကြံမှုဟာ ချန်ရှီထက် အများကြီး နိမ့်ကျတဲ့အတွက် သူ လိုက်မမီနိုင်ခဲ့ပါဘူး။

သူသည် စည်းစိမ်နတ်ဘုရားဘုံကျောင်းသို့ ဦးစွာပြန်သွားခဲ့၏။ ထိုအချိန်၌ ချန်ရှီက ပြန်ရောက်သောအခါ နံနက်ငါးနာရီထိုးခါနီးအထိ စောင့်ကာ စိမ်း​ပြာနဂါးဓားနှင့် ဦးခေါင်းကို ပစ်ချပြီး အိပ်ပျော်သွားခဲ့သည်။

လီထျန်းချင် ချန်ရှီကို သေချာ နေရာချ​ပေးပြီးနောက် မိုင်သောင်းချီဓားပျံကို အသက်သွင်းကာ သူ၏ ဆံထိုးကို ယင်ကောင်အဖြစ် ပြောင်းလဲကာ ဘုံကျောင်းမှ ထွက်ခွာသွားခဲ့သည်။

နံနက်ငါးနာရီတွင် အနက်ရောင်ဝတ်သူက ထင်ထားတဲ့အတိုင်း ရောက်ရှိလာပြီး ဘုံကျောင်းငယ်ကို တိုက်ခိုက်ရန် နတ်ဆိုးများကို ဆင့်ခေါ်ခဲ့သည်။ ရှုံးနိမ့်ပြီးနောက် စိတ်ပျက်စွာ ထွက်ခွာသွားခဲ့သော်လည်း သူ့ဖိနပ်ပေါ်က ယင်ကောင်တစ်ကောင်ကိုတော့ သတိမထားမိခဲ့ပေ။

မိုးလင်းလို့ ချန်ရှီ နိုးလာတော့ ခြံထဲမှာ အဝတ်လျှော်နေတဲ့ လီထျန်းချင်ကို တွေ့လိုက်ရလေသည်။

“မနေ့ညက လူတစ်ယောက်ကို သတ်လိုက်တာ မင်းတစ်ကိုယ်လုံးမှာ သွေးတွေရွဲနေတယ်... မင်းအဝတ်တွေကို ချွတ်လိုက်...ငါ မင်းကို လျှော်ပေးမယ်”

ချန်ရှီက သူ့လက်ကို မြှောက်လိုက်ပြီး ရှူလိုက်သည်နှင့် အမှန်ပင် သွေးထွက်သံယို အနံ့ရနေသောကြောင့် အမြန်ချွတ်ပစ်လိုက်သည်။ လီထျန်းချင်က သူ့ရဲ့ညစ်ပတ်နေတဲ့ အဝတ်တွေကို ရေစိမ်ပြီး ဆို၏။

"ကံကောင်းထောက်မစွာနဲ့ပဲ ငါတာဝန်ပြီးမြောက်ပြီး အဲဒီလူရဲ့အိပ်ဆောင်ကို တွေ့တယ်... မင်းအရင် ရေချိုးလိုက်... ငါအဝတ်လျှော်ပြီး မနက်စာစားပြီးရင် ဘယ်သူလဲဆိုတာ သွားကြည့်လို့ရတယ်"

All Chapters