← Chapters

ချိုးဖျက်မယ်

Vol. 17 Ch. 249

ချိုးဖျက်မယ်

Vol. 17 Ch. 249

"ချင်းကျိုးက နတ်ဆိုးတွေကို ကျွဲ၊ နွားတွေအတွက် ကျက်စားနေရာအဖြစ် သုံးတယ်... သာမန်လူတွေက အောက်ခြေ လူတန်းစားအဖြစ် သဘောထားပြီး ပြင်းထန်တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးတယ်..."

လီထျန်းချင် ရေရွတ်လိုက်သည်။

"ရာဇ၀တ်ဥပဒေကို ချိုးဖောက်ပြီး အပြစ်ပေးခံထားရတဲ့ လူတွေကို နတ်ဆိုးတွေက စားတယ်... နတ်ဆိုးတွေကို မြေသြဇာဖြစ်အောင် ပြုပြင်တယ်... မြေသြဇာက ဝိညာဉ်ဆေးပင်တွေကို ပြုစုပျိုးထောင်တယ်။ ဝိညာဥ်ဆေးက ရင့်ကျက်လာတော့ အသက်ကို ရှည်စေတယ်... သူက ချင်းကျိုးမှာ အကောင်းဆုံးလူပါပဲ... သူက တကယ့်ကို အကောင်းဆုံးလူပဲ"

သူသည် နားမလည်နိုင်စွာ ဝမ်းနည်းပြီး ဒေါသထွက်လာခဲ့ရသည်။

အနောက်နွားရှင်းကျိုး၏ ကောင်းကင်နှင့် မြေကြီးသည် မစုံလင်သောကြောင့် ကျင့်ကြံသူတွေဟာ နယ်ပယ် တိုးတက်အောင် ကျင့်နိုင်သော်လည်း ၎င်းတို့၏ သက်တမ်းကို မရှည်စေဘဲ မပြည့်စုံစေချေ။

သက်တမ်းကို တိုးစေခြင်းအပေါ် အကျိုးသက်ရောက်မှုက အလွန်အကန့်အသတ် ရှိသည်။

ထို့ကြောင့် ဤလုပ်ငန်းမျိုးသည် နတ်ဆိုးများကို ကျွေးမွေးရန် သာမာန်လူကို အသုံးပြုရသည်။ နတ်ဆိုးများသည် သာမန်လူတို့၏ စိတ်ဝိညာဥ်ကို ကိုက်စားကာ ဝိညာဉ်ဆေးပင်များက စုပ်ယူနိုင်သော ဓာတ်မြေသြဇာအဖြစ်သို့ ပြောင်းလဲလာကြသည်။

ဤမြေသြဇာကို နတ်ဆိုးများဆီမှ ထုတ်ယူရပြီး အဂ္ဂိရတ်ဆေးများအတွက် ထိပ်တန်းပါဝင်ပစ္စည်း ဖြစ်လာသည်။

ချန်ရှီ တစ်ခုခုကို တွေးကြည့်နေသည်။

"လူတွေကို စားရုံနဲ့ သာလွန်တဲ့လူ ဖြစ်လာနိုင်တယ်... ဒါပေမယ့် လူစားတာ နှေးလွန်းတော့ အကျင့်သီလ ပျက်စီးသွားမယ်။ နတ်ဆိုးတွေက လူကို စားခွင့်ပေးလိုက်တာ ပိုကောင်းတာပေါ့... နတ်ဆိုးတွေက လူစားလိုက်ရင် မြေသြဇာ ပိုကောင်းလိမ့်မယ်... ကြီးမြတ်တဲ့သူက အဂ္ဂိရတ်ဆေး စားရတာလည်း ပိုမြန်လာလိမ့်မယ်"

လီထျန်းချင်က ဝိညာဉ်ရေးဥယျာဉ်ရှိ ဝိညာဉ်ဆေးဖက်ဝင် အပင်များကို ကြည့်ကာ ပြန်လှည့်မေးလိုက်သည်။

"မြေသြဇာကို ဘယ်လိုရနိုင်တာလဲ"

လွမ်တီရှန်း : "ရုပ်ခန္ဓာရှိတဲ့ နတ်ဆိုးအတွက်ဆို နှလုံးသွေးကို ထုတ်ယူဖို့ ဒီအပ်ကိုသုံးတယ်... ရုပ်ခန္ဓာမရှိတဲ့ နတ်ဆိုးအတွက်ဆို သူ့ရဲ့ ခန္ဓာကိုယ်အနှစ်သာရကို ထုတ်ယူဖို့ ဒီရတနာ ဘူးသီးခြောက်ကို သုံးတယ်..."

ငွေအပ်တစ်ချောင်းနှင့် ဘူးသီးခြောက် တစ်လုံးကို ထုတ်ယူ​ပြလိုက်သည်။

ငွေထိုးအပ်က ထုတ်ယူပြီးနောက် လျင်မြန်စွာ ကြီးထွားလာပြီး နှစ်ပေခန့် ရှည်လာသည်။ ရှုပ်ထွေးသော အဆောင်စာလုံး အချို့ကို အပ်၏ထိပ်နှင့် ကိုယ်ပေါ်တွင် ​ရေးထွင်းထားသည်။ ၎င်းတို့သည် ဆေးဝါးအဖြစ် ဇာတိအနှစ်သာရကို သန့်စင်ရန်အတွက် သုံးတတ်သော အဆောင်စာလုံးများ ဖြစ်သည်။ အနှစ်သာရကို သန့်စင်ပြီးပါက အပ်အပေါက်ထဲသို့ စုဆောင်းသွားလိမ့်မည်။

ငွေအပ်များကို သန့်စင်ရန်အတွက် ဦးစွာ နှစ်ပေရှည်သော ငွေချောင်းတစ်ချောင်းကို ယူ၍ အပ်တစ်ချောင်း ပုံသဏ္ဌာန်ဖြစ်လာအောင် ကြိတ်ထွင်းရသည်။ ပြီးတာနဲ့ ၎င်းပေါ်တွင် အဆောင်စာလုံး ရေးထိုးထားကာ နံ့သာပေါင်းကို မီးရှို့ကာ ချီနှင့် သွေးတို့ဖြင့် နေ့ညမပြတ် ပူဇော်ရန် လိုအပ်သည်။ တဖြည်းဖြည်းနှင့် ၎င်းသည် ဝိညာဉ်ရှိလာပြီး အရွယ်အစား ပြောင်းလဲနိုင်သည်။

အခြားရတနာဘူးသီးသည် ကြေးနီဘူးသီးဖြစ်ပြီး အသက်သွင်းပြီးနောက် လူ၏အမြင့်ထက်ဝက်ခန့် ရှိလာသည်။ ဘူးသီး၏ အပြင်ဘက်နှင့် အတွင်းဘက်တွင် ဝိညာဉ်များကို ဖမ်းယူရန်အတွက် စာလုံးတချို့ ရှိသည်။ သန့်စင်ထားသော အနှစ်သာရများသည် ဝိညာဉ်ဆေးပင်များ ကြီးထွားရန်အတွက် လိုအပ်သော မြေသြဇာများ ဖြစ်လာသည်။

လူကို ဓာတ်မြေသြဇာအဖြစ် တိုက်ရိုက်အသုံးပြုရန်လည်း ဖြစ်နိုင်သော်လည်း လူဒါဇင်ပေါင်းများစွာကို ဝိညာဉ်ဆေးပင် လယ်ကွက် တစ်ခုစီအောက်တွင် မြှုပ်နှံထားရပြီး နောက်ထပ် လူအနည်းငယ်ကို ရက်အနည်းငယ်ကြာတိုင်း မြှုပ်နှံရမည်။

ပထမအချက်က ဒုက္ခများမည်၊ ဒုတိယအနေဖြင့် ဆေးပင်၏ အမြစ်များနှင့်အပင်များ ပျက်စီးသွားရန် အလွန် လွယ်ကူသည်။ တတိယအချက်က အကျင့်သီလကို ထိခိုက်စေတဲ့အတွက် သခင်ကြီးဝမ့်က အဲဒီလို မလုပ်ခဲ့ချေ။

ချန်ရှီ: "လွမ်တီရှန်း... ခူးဆွတ်ထားတဲ့ ဆေးပင်တွေကို ဘယ်သူ့ဆီမှာ ရောင်းမှာလဲ"

"ငါလည်း မသိဘူး...ငါက ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ပဲ တာဝန်ရှိတယ်"

သူက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ဆက်ဖြေ၏။

"နှစ်သစ် နီးလာတဲ့အခါတိုင်း သခင်ကြီးဝမ့်က အဂ္ဂိရတ်ဆေး ထုတ်ယူဖို့ လူတွေကို လွှတ်လိုက်တယ်... အဲဒီအချိန်မှာ လာဝယ်တဲ့လူတွေ များလာမယ် ထင်တယ်"

"ဝိညာဥ်​ဆေးပင် ဥယျာဉ်က ဘယ်နှစ်ဧကလဲ... ဝိညာဓ်သစ်ဥသစ်ဖု ဘယ်နှစ်ဧကလဲ..."

"နှစ်ဆယ့်တစ်ဧက... ဝိညာဥ်သစ်ဥသစ်ဖုက ငါးရာလေးဆယ့်နှစ်ဧကပါ..."

ချန်ရှီ အနည်းငယ် ခေါင်းညိတ်​ပြလိုက်သည်။ ဆေးပင် အရေအတွက်က သူမျှော်လင့်ထားတာထက် နည်းသော်လည်း ရှိသင့်သည့် ပမာဏထက်တော့ ကျော်လွန်သွားပါပြီ။

ဝိညာဉ်ဆေးပင်များက ရှားပါးသည် မဟုတ်ပါ။ ဝိညာဉ်စွမ်းအားများ ပေါများသော တောင်များစွာတွင် ၎င်းတို့ကို တွေ့ရှိနိုင်သည်။ သို့သော် သစ်ဖုများကို ကောက်ကိုင်ရသည့် ကျင့်ကြံသူတွေက များပြားလွန်းသဖြင့် ဝိညာဉ်ဆေးဖက်ဝင်အပင် အရေအတွက်ကလည်း နည်းပါးလာကာ နတ်ဆိုးဖြစ်လာသည့် အရေအတွက်မှာလည်း နည်းပါးလာခဲ့သည်။

ဥပမာအားဖြင့် ရှင်းရှန်ပြည်နယ်တွင် နတ်ဆိုးများ ဖြစ်လာသော မှော်ဆေးပင် အများစုကို ချန်ယန်တောင်တွင် စုစည်းထားသည်။ အပင်တစ်ရာတွင် အများဆုံး ဒါဇင်အနည်းငယ်မျှသာ ရှိပေမည်။

ချင်းကျိုးတွင် ချန်ယန်တောင်ကဲ့သို့ ဝိညာဉ်စွမ်းအင်များ ပေါများသော နေရာမရှိသောကြောင့် နတ်ဆိုးများ ဖြစ်လာ​စေနိုင်သည့် ဝိညာဉ်ဆေးပင်များရဲ့ အရေအတွက်သည်လည်း ပို၍ပင် နည်းပါးသွားရမည် ဖြစ်သည်။

သို့သော် ဤနေရာတွင် အပင်ပေါင်း ၅၄၂ ပင်ကျော် ရှိ​နေသည်။ နတ်ဆိုးများ ဖြစ်လာ​စေသော ဤမှော်ဆေးပင်များဟာ ချင်ကျိုးမှ မဟုတ်ဘဲ အနောက်နွားရှင်းကျိုးရဲ့ အရပ်ရပ်မှ စုဆောင်းထားတာသာ ဖြစ်မည်။

အသက်ကို ရှည်စေသော အဂ္ဂိရတ်ဆေး ဆိုတာက အလွန်တန်ဖိုးရှိပါသည်။ ၎င်းသည် မိသားစုကြီးတွေထဲက သန်မာသူများ၏ အသက်ကို ရှည်စေနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့မိသားစု​ကြီးများက ၎င်းကို ရတနာတစ်ခုအဖြစ် မှတ်ယူကြပြီး ၎င်းကို ငွေဖြင့် ဘယ်တော့မှ ဝယ်ယူမည်မဟုတ်ပါ။

ဝမ့်မိသားစုသည် အနောက်နွားရှင်းကျိုး တစ်ခွင်လုံးမှ ဤမျှလောက် များလွန်းသော အဂ္ဂိရတ်ဆေးပင်များကို ရှာဖွေနိုင်စွမ်း မရှိပါ။

လီထျန်းချင် သူ့လက်ကို မြှောက်လိုက်ပြီး ဆေးပင်တစ်ပင်ကို ကောက်ကိုင်​ကြည့်လိုက်သည်။

"ဒီလိုဆေးပင်ဆို ဘယ်လောက်ကြာကြာ အသက်ရှည်နိုင်လဲ"

လွမ်တီရှန်း : "ဝိညာဉ်ဆေးတွေပင်က ရှားပါတယ်... တိုက်ရိုက်ယူတာ မဟုတ်ဘူး နှစ်စဉ်နှစ်တိုင်း တစ်ယောက်ယောက်ကတော့ ဝိညာဉ်ဆေးပင်တွေရဲ့ အနှစ်သာရကို ထုတ်ယူဖို့ ဒီကိုရောက်လာပါတယ်... အရည်အသွေးကောင်းတဲ့ ဝိညာဉ်ဆေးပင်တွေက နှစ်နှစ်ကနေ သုံးနှစ်အထိ သက်တမ်းတိုးနိုင်တယ်လို့ ဝမ့်အိမ်တော်က လူတွေဆီက ကြားဖူးတယ်။ ဒါပေမယ့် တူညီတဲ့ ဝိညာဉ်ဆေးတွေကို အလွန်အကျွံသုံးလို့ မရပါဘူး... အလွန်အကျွံ သုံးမိရင် မတူကွဲပြားတဲ့ ဝိညာဥ်အနှစ်သာရကို ပြန်သုံးရလိမ့်မယ်...."

လီထျန်းချင် အနည်းငယ် မျက်မှောင်ကြုတ်ပြီး

"နှစ်နှစ် သုံးနှစ်ပဲလား?"

လူတွေကို မြက်၊ သိုးလို နတ်ဆိုးတွေအ​ပေါ် သုံးပြီး လူတွေရဲ့ စိတ်ဝိဥာဉ်တွေကို သန့်စင်အောင် လုပ်ပြီးတာတောင် သူတို့ရဲ့ သက်တမ်းကို နှစ်နှစ်၊ သုံးနှစ်လောက်ပဲ တိုးနိုင်တယ်တဲ့လား။

စည်းစိမ်နတ်ဘုရားရဲ့ ဘုံကျောင်းက ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် သူတွေ့ရှိခဲ့သော ဟွမ်ကျင်းအာတို့ဆို တစ်ချက်ကိုက်ရုံဖြင့် သက်တမ်းကို ဆယ်စုနှစ်များစွာထိ သက်တမ်းတိုးနိုင်သည်။ သို့သော် အခြားလူများအတွက်မူ ၎င်းတို့၏ သက်တမ်းကို နှစ်နှစ် သို့မဟုတ် သုံးနှစ် တိုးမြှင့်နိုင်တာက ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်​နေသည်။

ချန်ယန်တောင်မှ ဂျင်ဆင်းမြက်ရုပ်များကဆို ထိပ်တန်းဆေးပင်များ ဖြစ်သည်။ ၎င်းတို့၏ ဂျင်ဆင်းမြက်သီးများသည် လအနည်းငယ်သာ သက်တမ်းတိုးနိုင်သော်လည်း ဝမ့်မိသားစု၏ လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ ထုတ်ယူထားသော ဆေးပင်သည် လူတစ်ဦး၏ သက်တမ်းကို နှစ်နှစ်မှ သုံးနှစ်အထိ သက်တမ်းတိုးနိုင်သည်။

ကြီးမားသော ရိုက်ချက်များစွာအတွက် ၎င်းသည် လုံးဝအမြင့်မြတ်ဆုံး အဂ္ဂိရတ်ဆေးပဲ ဖြစ်သည်။ အနောက်နွားရှင်းကျိုးက ဆေးပင်များသည် စစ်မှန်သော အလင်းသုံးမျိုးနှင့် အပြုသဘောဆောင်သော ယန်စွမ်းအင်ကို မစုပ်ယူနိုင်သောကြောင့် ၎င်းတို့၏ သက်တမ်းကို တိုးတက်စေခြင်းအပေါ် သက်ရောက်မှုမှာ အကန့်အသတ် ရှိပေ၏။

သို့သော် လူသားများသည် ကမ္ဘာပေါ်တွင် အသိဉာဏ်အရှိဆုံး သတ္တဝါများ ဖြစ်သည်။ ၎င်းတို့သည် မွေးကတည်းက ဝိညာဉ်စိတ်ရှိပြီး သားအိမ်အတွင်း၌ ပင်ကိုယ်စွမ်းအင်ကို သယ်ဆောင်ထား​ကြသည်။ လူ့ခန္ဓာကိုယ်ကို သုံးကာ အဂ္ဂိရတ်ဆေးများကို သန့်စင်ပေးတာက ဆေးရဲ့ ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါသည်။

ချန်ရှီ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

"ဒီမှာ အသက်ရှည်စေတဲ့ ဆေးပင် အမျိုးအစားပေါင်း ဘယ်လောက်ရှိလဲ?"

လွမ်တီရှန်း : "ခြောက်ဆယ့်နှစ်မျိုးပါ"

ချန်ရှီး ညင်သာစွာ ခေါင်းညိတ်ပြပြီး :"နှစ်ပေါင်းတစ်ရာကျော် သက်တမ်းတိုးစေနိုင်တဲ့ မျိုးစိတ်၆၂ မျိုးပေါ့... တကယ် ကောင်းတာပဲ!"

လွမ်တီရှန်းလည်း ခဏတုံ့ဆိုင်းသွားပြီး သတ္တိကိုစုစည်းကာ ဆိုလိုက်သည်။

"မင်းတို့နှစ်ယောက် ငါသိသမျှကို ပြောပြပြီးပြီ..."

လီထျန်းချင်က သူ့ကို မတိုက်ခိုက်ဘဲ လှည့်ထွက်သွားသည်။

ချန်ရှီ : "ခင်ဗျား ထျန်းချင်ကို လုပ်ကြံတယ်... ထျန်းချင် ခင်ဗျားကို မသတ်ဘူးဆိုရင် ကျနော်က သတ်မှာ မဟုတ်ဘူးလို့ မဆိုလိုဘူး... ကျနော်သာ ခင်ဗျားဆိုရင် မိန်းမနဲ့ သားသမီးတွေကို ခေါ်ပြီး ဝမ့်မိသားစုက လာမသတ်ခင် ချင်းကျိုးက ချက်ချင်း ထွက်သွားမှာ..."

လွမ်တီရှန်းလည်း သူ့နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ချန်ရှီသည် လီထျန်းချင်နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့ကာ နှစ်ယောက်စလုံး စကားမပြောဘဲ စည်းစိမ်နတ်ဘုရား ဘုံကျောင်းဆီသို့ လျှောက်သွားခဲ့ကြသည်။

စည်းစိမ်နတ်ဘုရား ဘုံကျောင်းကို မြင်လိုက်ရသောအခါ လီထျန်းချင် မနေနိုင်တော့ဘဲ ပြောလာခဲ့သည်။

"ငါ့အဘိုးက ဒီနှစ်ကုန်မှာ ကွမ်ကျိုးမှာရှိတဲ့ လီမိသားစုဆီ ပြန်သွားရမယ်လို့ နောက်ဆုံးအကြိမ်ပြောခဲ့တယ်... ဘာဖြစ်လို့လဲဆိုတော့ သူ့အဖိုး သေမင်းတံခါးမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ ဘိုးဘေးဟောင်းက ထွက်လာလိမ့်မယ်တဲ့... ဒီဘိုးဘေးက အသက် နှစ်ရာ ရှိပြီ... ဘိုးဘေးကို ဂါဝရပြုဖို့ ပြန်လာခိုင်းတာ... ဘိုးဘေးက ငါ့ကို အကျိုးတစ်ခုခု ပေးလိမ့်မယ်တဲ့..."

သူက ခေတ္တရပ်လိုက်ပြီး :"ဝါးခါးက တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် အသက် ၂၀၀ မှာ အသက်ရှင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ငါ့ဘိုးဘေးက အသက် ၂၀၀ လောက်ထိ အသက်ရှင်ခဲ့တယ်"

ချန်ရှီ : "ဒါဆို ဝမ့်မိသားစုရဲ့ နောက်ကွယ်က စွမ်းအားက မင်းရဲ့ချွမ်ကျိုးက လီမိသားစုလို့ မင်းထင်တယ်ပေါ့"

လီထျန်းချင်ရဲ့ မျက်နှာလေး ညိုးငယ်သွားသည်။

"တစ်ဆယ်လေး... မကြာခင် နှစ်သစ်ကူးတော့မယ်။ ငါ့ရဲ့ လီမိသားစု သံတမန်က ချင်းကျိုးမှာ ရောက်​​နေသင့်တယ် ဘိုးဘေးအတွက် လက်ဆောင်ပေးဖို့ ဆေးဝါးလာယူလိမ့်မယ် ဒါက ငါ့လီမိသားစုရဲ့ လုပ်ငန်းပဲ... စည်းစိမ်နတ်ဘုရား ဘုံကျောင်းကို ပြန်သွားပြီးရင် မင်းနဲ့အတူ ဘုံကျောင်းကို ယူသွားလို့ရတယ်"

"ဒါဆို မင်းကရော?"

"ငါ့လီမိသားစုက အမှားတွေကို ငါ့လီမိသားစုက ပြင်ပေးလိမ့်မယ်... လီမိသားစုရဲ့ သံတမန်နဲ့ တွေ့ပြီးရင် ငါ ဆုံးဖြတ်ချက်ချမယ်"

ချန်ရှီ ညင်သာစွာ ခေါင်းညိတ်ပြီး :"ထျန်းချင်... တစ်ခါတစ်လေ မင်းက မြင့်မြတ်တဲ့ မိသားစုက မဟုတ်သလိုပဲ"

လီထျန်းချင်က ပြုံးပြီး "ငါ့အဖေက မြင့်မြတ်တဲ့မိသားစုမှာ မွေးဖွားလာပေမယ့် ငါ့အမေက တခြားသူတွေအတွက် အဝတ်လျှော်တဲ့ အစေအပါးပဲလေ.. အဲဒါကြောင့် မြင့်မြတ်တဲ့မိသားစုမှာ မွေးဖွားလာပုံမပေါ်တာ သာမာန်ပါပဲ မင်း စည်းစိမ်နတ်ဘုရား ဘုံကျောင်းနဲ့ ချင်းကျိုးကနေ ထွက်သွားပါ့မယ်လို့ ကတိပေး!"

"ကောင်းပြီ!" ချန်ရှီ သဘောတူလိုက်သည်။

လီထျန်းချင် သက်ပြင်းချကာ နှစ်ယောက်သား စည်းစိမ်နတ်ဘုရား ဘုံကျောင်းထဲသို့ လျှောက်သွားကြသည်။ နှစ်ယောက်သား ချက်ချင်းပင် အလုပ်များသွားကာ ရှေးဟောင်းဘုံကျောင်းကို ဖြည်းဖြည်းချင်း ဖြိုဖျက်ကာ သေးငယ်သော ခြံဝင်းအတွင်းသို့ တစ်ဆက်တည်း ပေါင်းစည်းလိုက်ကြသည်။

ဟေးကော်က ထို ဟွမ်ကျင်းအာနဲ့ ဝူးထိုအာကိုကူညီရန် အုတ်ကြွပ်များကို ရွှေ့တဲ့နေရာ၌ လုံ့လစိုက်ထုတ်ခဲ့သည်။

နေ့ခင်းဘက်တွင် စည်းစိမ်းနတ်ဘုရား၏ ဘုံကျောင်းက လုံးဝ ကင်းစင်သွားကာ အုတ်ရိုးတွေသာ ကျန်ရစ်ခဲ့ပြီး ဘုံကျောင်းတံခါးကိုပင် ဖယ်ရှားခဲ့သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဟွမ်ကျင်းအာနဲ့ ဝူးထိုအာတို့သည် အိတ်ဆောင်အရွယ် ခြံဝင်း၏ လယ်ကွင်းထဲသို့ဝင်၍ အသိုက်တစ်ခုစီ ပြုလုပ်ကာ အနားယူရန် အသိုက်ထဲတွင် ထိုင်ကြသည်။

ချန်ရှီ ခြံဝင်းကို သစ်သားတွန်းလှည်းထဲ ထည့်လိုက်ပြီး လီထျန်းချင်ကို လှမ်းနှုတ်ဆက်လိုက်သည်။

"ငါအရင်သွား​တော့မယ်"

လီထျန်းချင်က မြေကြီးပေါ်သို့ လေးလေးနက်နက် ဦးညွှတ်ပြီး ပြုံးပြလိုက်သည်။

"မင်းကို နောက်နှစ်မှာ နန်းတော်စာမေးပွဲ အောင်မြင်ပြီး ကမ္ဘာအနှံ့ နာမည်ကောင်းရပါစေလို့ ဆုတောင်းပါတယ်"

ချန်ရှီကလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောပါ၏။

"မင်းနဲ့ ငါ နှစ်ယောက်လုံးမှာ ထိပ်တန်း ပညာရှင် အရည်အချင်းတွေ ရှိတယ်... ဒါပေမယ့် ငါ့ရဲ့ စာပေ အရည်အချင်းက ပိုကောင်းတယ်နော်!"

လီထျန်းချင် ရယ်မောကာ မတ်တပ်ထရပ်ရင်း သစ်သားလှည်း ထွက်သွားတာကို ကြည့်နေခဲ့သည်။ သစ်သားလှည်းက ဝေးသွားပြီ။ သူ ထိုနေရာတွင် ရပ်နေပြီး အချိန်အတော်ကြာအောင် စောင့်ဆိုင်းကာ လှည့်၍ ချင်းကျိုးမြို့ဆီသို့ ဦးတည်သွားခဲ့သည်။

လမ်းမှာ သစ်ရွက်ခြောက်တွေကို ဆွဲယူပြီး မှုတ်ထုတ်လိုက်သည်။ သစ်ရွက်များက ပျံတက်သွားပြီး ချင်းကျိုးမြို့ဆီသို့ ပျံသန်းနေသော အပြာရောင် ငှက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

မကြာမီ သူသည် ချင်းကျိုးထဲသို့ ဝင်ရောက်ပြီး ဝမ့်အိမ်တော်ဘက် ရောက်ခဲ့သည်။ ယခုအချိန်တွင် ဝမ့်အိမ်၏ ယာဂုဆိုင်တွင် မည်သူမျှမရှိ။ ဆာလောင်မွတ်သိပ်သူတွေ အများအပြားဟာ တံခါးရှေ့မှာ မြေကြီးပေါ်မှာ ဒူးထောက်ပြီး သူ့ရဲ့ကြင်နာမှုနဲ့ ဆုကြေးအတွက် သခင်ကြီးဝမ့်ကို ကျေးဇူးတင်ကြောင်း ပြောဆိုနေကြသည်။

ဝမ့်မိသားစုရဲ့ သက်ရှိဗုဒ္ဓလို့ ခေါ်တာ မဆန်းတော့ချေ။

လီထျန်းချင် လူအုပ်ကြားမှ ဖြတ်သွားကာ တံခါးဝမှ အစောင့်အား ပြောလိုက်သည်။

"ကျွန်တော်က ချွမ်ကျိုး လီမိသားစုက လီထျန်းချင်ပါ... သခင်ကြိီးဝမ့်ကို တွေ့ချင်ပါတယ်"

အစောင့်လည်း ထိုစကားကိုကြားတော့ သူ့မျက်နှာကိုကြည့်ရင်း တုန်လှုပ်သွားလေသည်။ သူ့ကို ဖမ်းဝရမ်းထုတ်ထားသည့် ဓားပြခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနေတာကြောင့် မတုန်လှုပ်ဘဲ မနေနိုင်ပေ။ လီထျန်းချင်လည်း လီမိသားစုရဲ့ သင်္ကေတကို ထုတ်ယူပြီး။

"မင်းရဲ့သခင်ကို တွေ့ဖို့ ဒီသင်္ကေတကို ယူသွားလိုက်ပါ... သူ တစ်ချက်လောက် ကြည့်ရင် သိလိမ့်မယ်"

အစောင့်က မနှောင့်နှေးဝံ့ဘဲ အလျင်အမြန် သတင်းပို့သည်။

ခဏအကြာတွင် ဝမ်စံအိမ်၏ အိမ်​တော်ထိန်းသည် ကပျာကယာ ရောက်လာကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် လီထျန်းချင်ထံသို့ တံဆိပ်ပြားကို ပြန်ပေးလေ၏။

"သခင်လေးလီ မြန်မြန်ဝင်ပါဗျ!"

လီထျန်းချင်လည်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဝမ့်မိသားစုထဲသို့ လိုက်ဝင်သွားခဲ့သည်။ အိမ်တော်ထိန်းက လမ်းပြနေရင်းက ရှင်းပြ၏။

"သခင်ကြီးက အိမ်ရှေ့ခန်းမှာ ဧည့်သည်တွေလာတွေ့နေတုန်းမို့ မထွက်နိုင်သေးပါဘူး... သခင်လေးလီ ရောက်နေမှန်းသိတော့ သူ အရမ်းစိုးရိမ်သွားပြီး သူ့ကိုယ်စား လာရောက်​ကြိုဆိုပေးဖို့ တောင်းဆိုလိုက်တာပါ"

သူသည် လီထျန်းချင်ကို ဝမ့်မိသားစု၏ ရှေ့ခန်းသို့ ပို့ဆောင်ခဲ့ပြီး အိမ်ဖော်များက လက်ဖက်ရည်နှင့် သစ်သီးခြောက်များကို ယူဆောင်လာကြသည်။ ဝမ့်အိမ်တော်ရဲ့ အိမ်တော်ထိန်းက ထိုင်ခုံပေါ်တစ်ဝက်သာ ထိုင်ပြီး ။

"သခင်လေးလီက မကြာသေးမီက နာမည်ကြီးလာခဲ့တာနော်...နာမည်က ချင်းကျိုးရဲ့ နေရာအနှံ့ကို ပျံ့နှံ့သွားပြီ... ဆားဌာနမှူးက သခင်လေးကို စော်ကားမိတာပဲ သေသွားတာ ထိုက်တန်ပါတယ်..."

လီထျန်းချင်က ခေါင်းခါပြီး :"ဒါနဲ့ ပတ်သက်တဲ့ နောက်ထပ် လျှို့ဝှက်ဇာတ်လမ်းတစ်ခု ရှိသေးတယ်... အသက်ရှည်ဆေး ယူဖို့အတွက် ရောက်နေတာပါလို့ သခင်ကြီးဝမ့်ကို ပြောပေး​ပါ..."

အိမ်တော်ထိန်းက မျက်ခုံးပင့်ကာ ပြုံးပြလေသည်။

"သခင်​​ကြီးကို အခုပဲ သွားပြောလိုက်ပါ့မယ်"

မတ်တပ်ထရပ်ကာ တောင်းပန်ပြီး အိမ်ရှေ့ခန်းမှ ထွက်သွားသည်။ သိပ်မကြာခင်မှာပဲ အခြားအစေခံတစ်ဦး ရောက်လာပါ၏။

"သခင်လေးကို သခင်ကြီးက ချွန်းရှန်းနန်းဆောင်ကို ဖိတ်ခေါ်လိုက်ပါတယ်"

လီထျန်းချင်လည်း အစေခံနောက်ကလိုက်ကာ အိမ်ရှေ့ခန်းမှ ရှည်လျားသော စင်္ကြံနှင့် ပြတင်းပေါက်များကို ဖြတ်သွားကာ၊ ဥယျာဉ်များနှင့် ငါးကန်များစွာကို ဖြတ်သွားကာ ချွန်းရှန်းနန်းဆောင်သို့ ရောက်လာခဲ့သည်။

ချွန်းရှန်းနန်းဆောင်ရဲ့ တစ်ဖက်တစ်ချက်စီမှာ "ပန်းတွေ ကြွေကျနေတဲ့ ဝင်းထဲမှာ ပါးလွှာတဲ့ အဝတ်အစားတွေက လူတွေကို ရှက်စေတယ်" ဆိုတဲ့ ကဗျာဆိုသူတွေ ရှိနေ၏။

လီထျန်းချင် နန်းဆောင် အပြင်ဘက်တွင် ရပ်ကာ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။ ကြွေကျခါနီး ပန်းအချို့ကို သူမြင်လိုက်ရသည်။ နွေဦးအဝတ်အစား ပါးပါးလေး ဝတ်ထားတဲ့ မိန်းကလေးတွေက ခြံထဲမှ မြေပြင်ပေါ်မှာ ပန်းပွင့်လေးတွေကို ကောက်ကိုင်နေကြ၏။

လူကြီးတွေရဲ့ ပျော်ရွှင်မှုကို သူနားမလည်ဘူး။

အစေခံ. "ကျေးဇူးပြုပြီး အနားယူလိုက်ပါဦး... သခင်လေးလီ..."

လီထျန်းချင် ခေါင်းညိတ်ပြပြီး ခန်းမထဲသို့ ၀င်သွားလိုက်သည်။ အထဲမှာ နံ့သာပေါင်းတွေ တောက်လောင်နေပြီး နွေဦးပေါက် အဝတ်အစားဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ကွမ်ကျင်းကို ဖြည်းညှင်းစွာနဲ့ ရှည်လျားစွာ ဆော့ကစားနေ၏။

လီထျန်းချင် ခဏ ထိုင်ပြီး သူ့နှာခေါင်း၊ နှလုံးသားနဲ့ ခံစားကြည့်နေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။

"သခင်လေးလီ အစားအသောက်တွေ အဆင်သင့်ဖြစ်ပါပြီ"

လီထျန်းချင် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ အပြင်မှာ မှောင်နေပြီဆိုတာ မြင်လိုက်ရ၏။ ခန်းမထဲမှာ အစားအသောက်တွေ ဘယ်အချိန် ပြင်ဆင်လိုက်သလဲ မသိ။

ဒါပေမဲ့ သခင်ကြီးဝမ့်ကတော့ မပေါ်သေးချေ။

အိပ်ရာထ၊ ရေချိုးပြီး ထမင်းစား စားပွဲသို့ ရောက်လာတော့ အိမ်အကူတစ်ယောက်က ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်ခိုင်း၏။

ညစာစားပြီးသောအခါ သခင်ကြီးဝမ့် မလာသေး။ အဲဒီအစား အိမ်အကူတစ်ယောက်က ရေချိုးဖို့ ပစ္စည်းတွေ ပြင်ဆင်နေသည်။ နေ့လည်ခင်းတွင် ခူးဆွတ်ထားသော ပန်းပွင့်များကို ရေထဲတွင် ဖြန်းကာ မွှေးကြိုင်သော အနံ့ကို ပေး​နေသည်။

လီထျန်းချင်လည်း သူတို့၏အကူအညီဖြင့် ရေချိုးပြီး အိမ်အကူများ ပြင်ဆင်ထားသည့် အဝတ်အစားအသစ်သို့ ပြောင်းလဲကာ လုံးဝအသစ်အဆန်း ဖြစ်သွားသည်။

အိမ်အကူက ဦးညွှတ်ပြီး “ခဏစောင့်ပါ သခင်လေး...” ဟုဆိုသည်။

အစေခံများနှင့် ကျွန်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကာ ချွန်းရှန်းနန်းဆောင်ထဲ၌ သူ တစ်ယောက်တည်း ထားခဲ့သည်။

လီထျန်းချင် တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းရင်း အပြင်ဘက်မှ ထွက်လာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရပြီး ကျယ်လောင်သော ရယ်မောသံနှင့်အတူ လူတစ်ယောက်က လှမ်းအော်လာ၏။

"ထျန်းချင်... ချင်းကျိုးကို ဘယ်အချိန်က ရောက်လာတာလဲ"

လီထျန်းချင်လည်း အသံကို ကြားသောအခါ သက်ပြင်းချကာ မတ်တပ်ထရပ်ရင်း တစ်ဆက်တည်း မှုန်ကုပ်သွားခဲ့သည်။

ဝမ့်မိသားစုသည် အမှန်တကယ်ပင် ချွမ်ကျိုးက လီမိသားစု၏ ပိုင်ဆိုင်မှု ဖြစ်ပေသည်။

"ထျန်းချင် ဦးလေးဆယ့်သုံးကို နှုတ်ဆက်ပါတယ်!"

လီထျန်းချင် ဦးညွှတ်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နန်းဆောင်အလင်းထဲသို့ လှမ်းဝင်ကာ ရှေ့သို့ လျင်မြန်စွာ လျှောက်လာကာ သူ့ကို ထောက်ကူလေ၏။

"မင်းက ငါ့လီမိသားစုမှာ ထင်ရှားကျော်ကြားတဲ့ သူတစ်ယောက်ပါ... မင်းကို သုံးချင်တယ်လို့ မိသားစုရဲ့ ဘိုးဘွားတွေက ထပ်ခါတလဲလဲ ပြောဖူးပါတယ်... မြန်မြန် ထလိုက်ပါ"

လီထျန်းချင် မတ်တပ်ရပ်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချွမ်ကျိုးက လီမိသားစု၏ ဘိုးဘေး လီရှောက်ကွမ်း အမည်ရှိ ဆယ့်သုံးယောက်မြောက် လူကြီးဖြစ်ပြီး တကယ့်အာဏာရှိသူလည်း ဖြစ်သည်။ လီထျန်းချင်လည်း သူ့ကို ထိုင်ဖို့ လေးလေးစားစား ဖိတ်ခေါ်ပြီး ဘေးချင်းကပ် ထိုင်လိုက်ပါ၏။

လီရှောက်ကွမ်းက သူ့ကို ငုံ့ကြည့်ပြီး ပြုံးကာပြောသည်။

"မင်း အသက်ရှည်ဆေး ဆေးဝါးအတွက် သခင်ကြီးဝမ့်ကို တွေ့ချင်နေတဲ့အကြောင်း ဝမ့်အိမ်တော်ရဲ့ အိမ်စောင့်ဆီက ငါကြားခဲ့တယ်... ဒီကိစ္စအတွက် အလုပ်တွေ လုပ်ဖို့ တာဝန်ရှိတဲ့သူက ငါဆိုတာ သိသာပါတယ် ဘိုးဘေးက မင်းကို ဘယ်အချိန်က ဒီကို ပို့လိုက်တာလဲ"

သူက အနည်းငယ်ပြုံးပြီး "ဒီနေ့ ငါဝမ့်မိသားစုကို ရောက်ပါတယ်။ မင်း ချင်းကျိုးမှာ အကြီးတန်း အရာရှိ တော်တော်များများကို နှောင့်ယှက်ပြီး သတ်ပစ်လိုက်တယ်လို့ ကြားတယ်... ကျေးဇူးပြုပြီး ငါတို့ ဘိုးဘေးတွေ စိတ်အေးချမ်းသာသာ ရှိပါစေတော့ကွာ... ဒီမသေနိုင်တဲ့ ဆေးဝါးက ဘိုးဘေးကြီးအတွက် ရည်စူးထားတာ... ဒါကြောင့် အများကြီး မမေးနဲ့ ဒီကိစ္စ ပြေလည်ပြီးရင် မင်းကို ချွမ်းကျိုးဆီ ပြန်ခေါ်သွားမယ်"

"ဦးလေး ဆယ့်သုံး... အမှန်အတိုင်းပြောပါ ဝမ့်မိသားစုက လီမိသားစုရဲ့ ပိုင်ဆိုင်မှုလား"

လီရှောက်ကွမ်းက ကျယ်လောင်စွာ ရယ်မောပြီး ခေါင်းခါလေ၏။

"ငါ့လီမိသားစုက ချင်းကျိုးမှာ ဒီလိုမျိုး လုပ်ခဲ့ရင် တခြား မြင့်မြတ်တဲ့ မိသားစုဆယ့်နှစ်စုက ငါ့လီမိသားစုကို မျက်နှာသာပေးမယ်လို့ မင်းထင်လား"

သူက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ စားပွဲကိုခေါက်ရင်း ပြုံးလိုက်သည်။

"မိသားစုဆယ့်သုံးစုစလုံးမှာ အစုရှယ်ယာရှိမယ်ဆိုရင် ပရမ်းပတာ ဖြစ်တော့မှာ မဟုတ်ဘူး... ချင်းကျိုးမှာရှိတဲ့ ဆေးပင်စိုက်ခင်းတွေက ငါတို့မိသားစုကြီး ၁၃ခုရဲ့ ပိုင်ဆိုင်မှုပဲ... သူတို့က ငါတို့မိသားစုကြီးတွေရဲ့ အခြေခံအုတ်မြစ်ကို ထိန်းထားပေးတဲ့အရာပေါ့... ချင်းကျိုးမှာ ဆေးပင် လယ်ကွင်းတွေမရှိရင် ငါ့အဘိုး၊ ဒီဆရာကြီးတွေမရှိရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားမှာမဟုတ်ဘူးလား..."

လီထျန်းချင် မျက်နှာက ဖြူဖျော့သွားခဲ့သည်။

လီရှောက်ကွမ်းက မတ်တပ်ထရပ်ပြီး :"အခုတော့ မိသားစု ဆယ့်သုံးခု​ရဲ့ ဆေးသံတမန်တွေ အားလုံးက ဝမ့်အိမ်တော်ကို ရောက်လာကြပြီ... မင်းလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် ငါတာဝန်ယူမယ် ဒါပေမယ့် ချင်းကျိုးမှာရှိတဲ့ အရာတွေအကြောင်း အပြင်လူတွေဆီ ဖြန့်လို့မရဘူး"

သူသည် ချွန်းရှန်းနန်းဆောင်က ထွက်သွားတော့မလို ပြင်နေ၏။

"မင်း မနက်ဖြန် မနက်စောစော ထွက်သွားသင့်တယ်။ ဒီမှာ ဖြစ်ခဲ့တာတွေ အားလုံးကို မေ့လိုက်... စာမေးပွဲ ဖြေဖို့ ရှီးကျင်းကိုသာ သွားပါ... မင်းကို ကူညီပေးဖို့ မိသားစု အကြီးအကဲ​တွေကို ငါ တောင်းဆိုထား​ပေးမယ်... အမှတ်အများဆုံး ရမယ်လို့ ဆုံးဖြတ်ထားပြီးသားမို့ မင်း အများဆုံး ဖြစ်နိုင်ပေမယ့် မင်း ဒုတိယ ဒါမှမဟုတ် တတိယ နေရာကလည်း ရပါတယ်... ငါလည်း တစ်ချိန်က ငယ်ရွယ်ဖူးပါတယ်... မင်းမှာ လက်တွေ့မကျတဲ့ စိတ်ကူးတွေ ရှိနေမှန်း ငါသိတယ်"

လီထျန်းချင်သည် သစ်သားထွင်းထားသော သို့မဟုတ် ရွှံ့ရုပ်တုကဲ့သို့ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ့ကို မကြည့်နိုင်တော့ပေ။ လီရှောက်ကွမ်းရဲ့ မျက်နှာသည် အတန်ငယ် အေးစက်သွားကာ နန်းဆောင်အပြင်ဘက်တွင် ရပ်လိုက်ပြီး။

"ဒီညမှာ မင်းရဲ့ကြံရာပါက ပြဿနာရှာဖို့ ဝမ့်အိမ်တော်ကို လာလိမ့်မယ်... ဝမ့်အိမ်တော်ကလည်း အပြည့်အစုံ ပြင်ဆင်ထားပြီးသား။ ချွန်းရှန်းနန်းဆောင်ကနေ ထွက်မသွားနဲ့.. ချွန်းရှန်းနန်းဆောင်က ထွက်သွားတာက လီမိသားစုကို သစ္စာဖောက်တာပဲ... မိသားစုကြီးဆယ့်သုံးခုကို သစ္စာဖောက်သွားတယ်လို့ ဆိုလိုတာ!... ထျန်းချင် မင်းက နောက်ဆုံးတော့ လီမိသားစုရဲ့ အဖွဲ့ဝင်ပဲ..နားလည်လား ?"

လီထျန်းချင်ရဲ့ မျက်နှာက ဖြူဖျော့လာပြီး "ထျန်းချင် နားလည်ပါတယ်" ဟု ပြောလိုက်ပါသည်။

လီရှောက်ကွမ်း ထွက်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လီထျန်းချင် မျက်တောင်ခတ်လိုက်ကာ မျက်ရည်နှစ်ကြောင်းက သူ့မျက်လုံးထောင့်မှ လိမ့်ဆင်းလာခဲ့​လေသည်။

"လီမိသားစုနဲ့ တခြားမိသားစုကြီးတွေက နတ်ဆိုးတွေလို ယိုယွင်းလာကြတာပဲ..."

သူ မတ်တပ်ထရပ်ပြီး ခက်ခက်ခဲခဲ ထွက်လာခဲ့သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း တောင်ကြီးငါးလုံးကို သူ့နောက်ကျောမှာ ထမ်းထားရသလို ခံစားနေရ၏။

နောက်ဆုံးတွင် သူသည် ချွန်းရှန်းနန်းဆောင်ရဲ့ တံခါးဝသို့ ရောက်ရှိလာပြီး ခြေကို မြှောက်လိုက်သည်။ သူသာ ဒီအဆင့်ကို လှမ်းကျော်ခဲ့ရင် သူဟာ ချွမ်ကျိုး လီမိသားစုရဲ့ သစ္စာဖောက်ဖြစ်သွားလိမ့်မည်။

"နန်းဆောင်းထဲမှာဆို နွေဦးအဝတ်အစားတွေက ပေါ့ပေါ့ပါးပါး ရှိမယ် ဒါပေမဲ့ ငါက အနက်ရောင်ရှပ်အင်္ကျီ ဝတ်ထားတယ်... ငါ့နှလုံးသားနဲ့လိုက်ဖက်မယ့် အရောင်ပဲ..."

သူ သွားတွေကို အံကြိတ်ပြီး ချွန်းရှန်းနန်းဆောင်ထဲက လှမ်းထွက်လာခဲ့လေသည်။

ဒီခြေလှမ်းကို လှမ်းကြည့်လိုက်တော့ သူ့အပေါ်ကို ဖိထားတဲ့ တောင်ကြီးငါးလုံးဟာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသလို ခံစားလိုက်ရလေသည်။ စောင်းသံတစ်သံက သူ့နှလုံးသားကို ဖြေလျှော့​ပေးဖို့ သံစဥ်တစ်ခု တီးခတ်လိုက်သလိုပါပဲ။

"ချန်ရှီကို တစ်ယောက်တည်း စွန့်စားခွင့် မ​ပေးနိုင်ဘူး!"

သူသည် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်သွားသောအခါ အစေခံတစ်ဦးသည် ပန်းကန်ပြားကိုကိုင်ကာ ခေါင်းငုံ့ရင်း သူ့ဆီသို့ လျှောက်လာနေတာ တွေ့လိုက်ရသည်။

"ဝမ့်မိသားစုရဲ့ လှည့်ကွက်တွေ... ငါ့ကိုသတ်ချင်သေးတာလား"

လီထျန်းချင်ရဲ့ မျက်လုံးများက လူသတ်လာသော ရည်ရွယ်ချက်များဖြင့် တောက်ပလာသည်။ သူသည် ကောင်လေးရှေ့သို့ လှမ်းလာပြီး သတ်ပစ်တော့မည့် အချိန်တွင် ကောင်လေးက ခေါင်းမော့ပြီး ပြုံးပြလာ၏။

"ထျန်းချင်.... ငါမင်းအတွက် စည်းစိမ်နတ်ဘုရား ခေါ်လာပေးတယ်"

ကောင်လေးမှာ ချန်ရှီ ဖြစ်နေတာ တွေ့လိုက်ရတော့ အံ့အားသင့်သွားလေသည်။ ဗန်းပေါ်တွင် တင်ထားသည့် အရာက သေးငယ်သော ခြံဝင်းတစ်ခု ဖြစ်​နေသည်။

နောက်ကျနေပြီ။

သန်းခေါင်ယံ နီးလာပြီ။

သန်းခေါင်ယံအချိန်၌ ဧကရာဇ်ကွမ်းရှန့်သည် အကျင့်ပျက်အရာရှိများကို သတ်ရန် သူ၏ဓားကိုကိုင်ဆောင်ကာ မြင်းကို စီးမည်၊ နတ်ဆိုးများကို ခေါင်းဖြတ်မည်၊ တန်ခိုးကြီးသူများကို အပြစ်ပေးမည်၊ မရဏကမ္ဘာကို စစ်ဆေးကာ မကောင်းမှုအားလုံးကို ချေမှုန်းမည် ဖြစ်သည်။

လီထျန်းချင် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားသည်။

အိပ်မက်ထဲတွင် မရဏကမ္ဘာမှ အနီးနားရှိ မြင်းသံများ နီးကပ်လာသည်။ လီထျန်းချင် နောက်ပြန်လှည့်ကာ မြင်းပေါ် ခုန်တက်လိုက်၏။

ဓားလာ!

All Chapters