အကြွင်းမဲ့ပုံစံဆယ်မျိုး
Vol. 17 Ch. 254
ရင်ဘတ်အထက်သာ ရှိတော့သော အလောင်းကောင် အဆောင်နတ်ထျန်းကျီး၏ ခန္ဓာကိုယ်အောက်ပိုင်းက ပုပ်ပွကာ ညစ်ပတ်သွားခဲ့ပါပြီ။ ခန္ဓာကိုယ် အပေါ်ပိုင်းမှာတောင် မှော်လက်နက်မျိုးစုံ၊ အဆောင်လက်ဖွဲ့ စွမ်းအင်တွေကနေ ကျန်ခဲ့တဲ့ ဒဏ်ရာတွေနဲ့ မှော်ပညာကြောင့် ပျက်စီးသွားတဲ့ သဲလွန်စတွေနဲ့အတူ အပေါက်တွေနဲ့သာ ပြည့်နေခဲ့သည်။
ဦးခေါင်းနောက်ဘက်တွင် အပေါက်တစ်ပေါက်ရှိ၍ ကြီးမားသော အစိတ်အပိုင်းတစ်ခုက ပျောက်ဆုံးနေသည်။ လက်သီးထိုးချက်ကဲ့သို့ အပေါက်တစ်ခုက သူ့ဦးနှောက်ကို တစ်ဖက်မှဖြတ်သွားကာ ဖျက်စီးထားသကဲ့သို့ပင်။
သာမာန်လူတစ်ယောက်ဟာ ဒီလိုပြင်းထန်တဲ့ ဒဏ်ရာတွေကို ရထားရင် သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်ချေ။ သို့သော် အဆောင်နတ်ထျန်းကျီးသည် ဘုရင်ကျန်းဂူဗိမာန်၏ စင်္ကြံတွင် နှစ်ပေါင်းများစွာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
သူသည် အသွေးအသား ရှိသောသူ ဖြစ်သည်။ သို့သော် သူသည် လူတွေကို ထူးထူးခြားခြား မကောင်းသော အသွင်ကို မြင်နေရစေ၏။
အဖိုး ဖန်တီးထားတဲ့ အရာတွေမှာ ပြင်းထန်တဲ့ နတ်ဆိုးတွေ ရှိနေတတ်သည်။ သူ့ခေါင်းထဲတွင်လည်း ဆိုးရွားနေခဲ့ပုံရသည်။ အဆောင်နတ်ထျန်းကျီးက ချန်ရှီကို ကြည့်ပြီး ပြောလာသည်။
"ချန်ထန် မင်းအဖေက မင်းကို အိမ်ပြန်စေချင်တယ် "
သူ့အသံမှာ လူတွေလို ခံစားချက်မပါချေ။ သူသည် အသက်မရှူတော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေကာ နောက်တစ်ကြိမ် သေသွားသလို ငြိမ်သွား၏။ သို့သော် သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများပေါ်က သွေးနှင့် အသားများက တုန်ခါနေသည်။
အဆောင်နတ်ထျန်းကျီးက သူ့ကိုယ်သူ ပြုပြင်နေတာပဲ။
"ဖန်တီးခံရှောင်ဝူလည်း ဒီလို လုပ်နိုင်တယ် ပိုတောင် သန်မာသေးတယ်!"
ချန်ရှီ ဤမြင်ကွင်းကို မြင်သောအခါ ဖန်တီးခံရှောင်ဝူသည် သူ့အဖိုးဆီက နှစ်ကြိမ်တိုင်တိုင် အရိုက်ခံခဲ့ရသော်လည်း နှစ်ကြိမ်စလုံး ပြန်လည် ရှင်သန်လာနိုင်တဲ့ အကြောင်းကို သဘောပေါက်သွား၏။
သူတို့ ကိုယ်ပိုင်ခွန်အားနဲ့ ပြန်ရှင်နိုင်ကြတာ မဟုတ်ပါလား။
အဆောင်နတ်ထျန်းကျီးသည်လည်း မိမိကိုယ်ကို ပြုပြင်နိုင်စွမ်း ရှိသည်။ ချန်ရှီသည် သူ့အဖိုးထံမှ စစ်မှန်သော သွန်သင်ချက်များကို အမွေဆက်ခံထားသော်လည်း ဤစွမ်းရည်က ဘယ်ကလာမှန်း မသိပေ။ သို့သော်လည်း အခြား အဆောင်နတ်ထျန်းကျီးကတော့ သူတို့ကိုယ်သူတို့ မပြုပြင်ခဲ့ပေ။
အဆောင်နတ်ထျန်းကျီးရဲ့ ပြုပြင်နိုင်စွမ်းမှာ အကန့်အသတ် ရှိတာကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် တချို့အကောင်တွေက သေလျှင် တကယ်သေသွားနိုင်သည်။
ချန်ရှီ စာကြည့်တိုက်ဆီသို့ လျှောက်သွားရင်း နောက်ပြန် လှည့်ကြည့်ကာ ဆိုလိုက်သည်။
"ဒါက ငါ့အဖိုးရဲ့ အမွေအနှစ်ပဲ... ဒီမှာ ပုပ်သွားအောင် ထားခဲ့လို့ မဖြစ်ဘူး.. ပြန်ထွက်လာရင် ယူသွားလိုက်မယ်..."
ဘုရင်ကျန်း အုတ်ဂူထဲရှိ စာကြည့်တိုက်မှာ တကယ်တော့ ကျောက်ခန်းတစ်ခု ဖြစ်သည်။ ဤကျောက်ခန်း၏ တံခါးသည် ရုပ်ပိုင်းဆိုင်ရာကိုယ်ထည် မရှိသော်လည်း အလွန်ရှုပ်ထွေးသော သတ္တုအစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်။ အမျိုးမျိုးသော အဆောင်စာလုံး ပုံစံများကို အစီအရင် ပုံသဏ္ဌာန်ဖြင့် ချိတ်ဆက်ထားလေသည်။
ဝင်ချင်ပါက ဤအစီအရင် ပုံစံများကိုဘဖြတ်သန်းရမည်။ အဆောင်စာလုံး ပုံစံများက အပြန်အလှန် ချိတ်ဆက်ထားသည်။ အကြီးအသေး ပုံစံများက အလွန်ရှုပ်ထွေးသော်လည်း လက်ရာမြောက်လှသည်။
ချန်ရှီသည် ကျောက်ခန်းတံခါးကို စိုက်ကြည့်ကာ တံခါးပေါ်ရှိ ဖွဲ့စည်းပုံ၏ အဖြေကို တစ်ချက် စဥ်းစားကြည့်လိုက်သည်။ သူ့အဖိုးက မသေခင်မှာ ဒီပုံစံနဲ့ ဆင်တူတဲ့ ကမ္ပည်းပြားများစွာကို ရေးဆွဲခဲ့ပြီး အလွယ်တကူ ပုံထွက်နိုင်ဖို့လည်း သင်ပေးခဲ့သေးသည်။
အစပိုင်းမှာတော့ ချန်ရှီဟာ ဒီလိုပုံစံကို ဖြေရှင်းရတာ ငြီးငွေ့စရာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ပိုများလာလေလေ ပိုပိုပြီး ဖြေရှင်းလာလေလေ ထိုအရာကနေ ပျော်စရာတွေ အများကြီး ရှိနေတာကို တွေ့ရလေပင်။ ပြဿနာကို အောင်အောင်မြင်မြင် ဖြေရှင်းလိုက်တိုင်း သူ အလွန်ပျော်ရွှင်နေခဲ့သည်။
ဘုရင်ကျန်း၏ သင်္ချိုင်းဂူရှိ စာကြည့်တိုက်၏ မုခ်ပေါက်သည် သူမြင်ဖူးသမျှထဲ အရှုပ်ထွေးဆုံးဖြစ်သော်လည်း သူ့အတွက်မူ ရှုပ်ထွေးမနေတော့ချေ။
"အဘိုးက အဲဒီတုန်းက ပုံစံတူ အစီအရင်ကို ချိုးခိုင်းခဲ့တာ ဒီနေ့အတွက်များလား"
ချန်ရှီ သူ့နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူသည် စာလုံးဖွဲ့စည်း တည်ဆောက်ပုံကို ကြည့်ကာ ပြောင်းလဲမှုတိုင်းကို ခန့်မှန်းနိုင်တာကြောင့် အဆောင်စာလုံးများ၏ အစမှတ်များကိုပင် ပြောင်းပြန်လှန်ပစ်ခဲ့သည်။
အဆောင်စာလုံး အားလုံးတွင် အစမှတ်ရှိကြပြီး ၎င်းတို့ကို ဖန်တီးရန် စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်ကို သုံးရကာ အသုံးပြုသော တချက်တည်းနဲ့ အပြီးသတ်ရမည်။ အဆောင်စာလုံး အားလုံးကို ပြားချပ်ချပ်လို့ ထင်ရသော်ငြား အမှန်တကယ်အားဖြင့် သုံးဖက်မြင် ဖြစ်ပြီး ပြားချပ်ချပ် အနေအထားသို့ ဖိသိပ်ထားခြင်း ဖြစ်သည်။ ဒါပေမဲ့ အက်ကွဲသွားရင်တော့ မူလပုံစံအတိုင်း ပြန်ထားရပါမည်။
သို့သော် သုံးဖက်မြင်ပုံစံသို့ ပြောင်းလဲခြင်းဖြစ်စဉ်က အဆောင်စာလုံးရဲ့ စွမ်းအင်ကို ပေါက်ကွဲစေနိုင်သည်။ ဒါကြောင့် ဖြေရှင်းသူ၏ စိတ်ထဲတွင် သုံးဖက်မြင်ပုံစံကို တည်ဆောက်ထားရမည်။
ပြားချပ်ချပ်မှ သုံးဖက်မြင် အဆောင်စာလုံးကို တွေးထားဖို့က လူများစွာအတွက် ခက်ခဲသော ပြဿနာဖြစ်သည်။ ထို့ကြောင့် အဆောင်ဆွဲဆရာ အများအပြားရှိသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်သာ ဒါကို လုပ်နိုင်ကြသည်။ ဖြေရှင်းချက်သည် ၎င်း၏အစမှတ်နှင့် ၎င်း၏ဝိညာဉ် အရင်းအမြစ်ကို ရှာဖွေရန်ဖြစ်သည်။
ချန်ရှီ ပတ်ပတ်လည်ကို လှမ်းကြည့်စဥ် သူ့မျက်လုံးထဲက စက္ကူချပ်ကြီးဟာ ပြန့်ကားတဲ့ မျက်နှာပြင်မဟုတ်တော့ဘဲ နတ်ဆိုးတွေက လက်နက်တွေ ကိုင်ဆောင်ထားတဲ့ သတ်ကွင်းတစ်ခု ဖြစ်လာသည်။
ဤနတ်ဘုရားများနှင့် နတ်ဆိုးများကို နေရာအနှံ့ စနစ်တကျ ဖြန့်ချထားသည်။ ပြီးတော့ သူတို့ရဲ့ စတင် ရိုက်ခတ်မှုတွေက ရှုပ်ထွေးတဲ့ အဆောင်စာလုံး တံဆိပ်ပုံစံကို ဖြစ်ပေါ်လာစေသည်။
အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါး။
ချန်ရှီ အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် သူ့အဖိုးထံမှ အကြွင်းမဲ့ ဝိညာဉ်အလံဆယ်ပါး အဆောင်လက်ဖွဲ့ကို သင်ယူခဲ့ဖူးသည်။ ဤဖွဲ့စည်းပုံသည် ရှုပ်ထွေးသော်လည်း အသုံးမဝင်တဲ့ အရာလိုမျိုး တန်ခိုးကိုမထုတ်နိုင်ပါ။ အဘိုးက သူ့ကို ကြိမ်ဖန်များစွာ ဆွဲခိုင်းပြီး အစီအရင်ပုံစံကို မှတ်မိပေမယ့် စာလုံးကို ဘာအတွက် သုံးခဲ့တယ် ဆိုတာတော့ မရှင်းပြခဲ့ပါ။
အခု ကြည့်ရသလောက်တော့ အဘိုးကသူ့ကို အဖြေမှန်ကို ကြိုပြောထားခဲ့ပုံပါပဲ။
သို့သော် ချန်ရှီသည် စာကြည့်တိုက် တံခါးဝက အဆောင်စာလုံး အစီအရင်ကို မြင်သောအခါ နောက်ဆုံးတွင် အကြွင်းမဲ့ဝိညာဥ်အလံဆယ်ခု၏ စွမ်းအားက ဘယ်လို ထုတ်လွှတ်သလဲ နားလည်လာခဲ့သည်။
"အကြွင်းမဲ့ ဝိညာဉ်အလံဆယ်ပါး သင်္ကေတတွေ အားလုံးက အဆောင်စာလုံး တံဆိပ်ပေါင်း ၂၅၆ ခု ရှိတယ်... ဒါတွေက ပကတိ ဘေးအန္တရာယ် ဆယ်ပါးကို ပေါင်းစပ်ဖွဲ့စည်းထားတာ"
ချန်ရှီသည် တံခါးရှေ့တွင် ရပ်နေကာ အစီအရင် ဖန်တီးပုံအား မှင်တက်စွာ စိုက်ကြည့်နေသည်။
အကြွင်းမဲ့ဝိညာဉ်အလံဆယ်ခုကို အသက်သွင်းပြီး ဝိညာဉ်အလံ အဆောင်လက်ဖွဲ့ရဲ့ စွမ်းအား တစ်ခုစီကို အစမှတ်အဖြစ်ယူခြင်းဖြင့်၊ တစ်ခဏအတွင်း အကြွင်းမဲ့ဝိညာဥ်အလံ ဆယ်ခုကို ဖန်တီးနိုင်မည်။
ချန်ရှီ စာကြည့်တိုက်ထဲ ဝင်ရန် အလျင်စလိုမလုပ်သေးဘဲ တံခါးရှေ့မှာ ရပ်ကာ အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါး ဖွဲ့စည်းထားပုံရဲ့ အမျိုးမျိုးသော ပြောင်းလဲမှုများကို တိတ်တဆိတ် လေ့လာနေခဲ့သည်။
ဆိတ်ချိုနဲ့ လူခန္ဓာကိုယ်ကို အစောင့်အကြပ် သားရဲသည် တံခါးကို ဖောက်ဝင်ရန် အလွန်ခက်ခဲကြောင်းကိုလည်း သိထားသောကြောင့် ချန်ရှီကို တိုက်တွန်းရန် အလျင်စလိုမလုပ်ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ချန်ရှီသည် အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါး ပြောင်းလဲမှု အားလုံးကို နားလည်သွားခဲ့သည်။ သူသည် မျက်လုံးတွေကို မှိတ်ထားပေမယ့် စိတ်ထဲမှာတော့ အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါးက ပြားချပ်ချပ် မျက်နှာပြင်ကနေ သုံးဖက်မြင်တစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ။ မှော်အစီအရင် ၂၅၆ ခုဟာ အဆောင်လက်ဖွဲ့ အဖြစ်၊ ထိုမှတစ်ဆင့် နတ် ၂၅၆ ပါးအဖြစ် ပြောင်းလဲသွားခဲ့သည်။
အသွင်သဏ္ဌာန် ပြောင်းသွားပြီးနောက် အစီအရင်ရဲ့ လူသတ်အငွေ့အသက်များ တခဏချင်း တိုးလာသည်။
ချန်ရှီ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် မျက်လုံးထဲမှ သွေးစီးချောင်း နှစ်ခု ထွက်လာသည်။ ၎င်းမှာ သူ့စိတ်ထဲတွင် တည်ဆောက်ထားခဲ့သော ဘေးဥပဒ်ဆယ်ပါးဖြစ်ပြီး လူသတ်အငွေ့အသက်များ လုံးဝ မပျောက်ကွယ်သေးသဖြင့် သူ့မျက်လုံးများမှ ဖောက်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် လူသတ်အငွေ့အသက်များ လုံးဝ ကွယ်ပျောက်သွားပါပြီ။
ချန်ရှီလည်း ပုံမှန် ပြန်ဖြစ်သွားသည်။ သူသည် လက်ကို မြှောက်ကာ တံခါးပေါက်ကို ပွင့်စေမည့် အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါး အစီအရင်ကို နှိပ်လိုက်သည်။ တခဏချင်းတွင် အစီအရင် တစ်ခုလုံးဟာ လျင်မြန်စွာ ကျုံ့သွားပြီး လူသတ် မှော်ဆန်သည့် ပုံစံမှ အကြွင်းမဲ့ ဝိညာဉ်အလံဆယ်ပါး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အကြွင်းမဲ့ ဝိညာဉ်ဆယ်ပါးကို ကျော်ဖြတ်ကာ ကျောက်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
သူ့စိတ်နှလုံးထဲတွင်တော့ ကြည်နူးနေမိသည်။ သူသည် အကြွင်းမဲ့ ဝိညာဉ်အလံ ဆယ်ပါးကို သင်ယူပြီးနောက် အကြွင်းမဲ့ ကျွမ်းကျင်သွားခဲ့သည်။ မှော်ပညာ တစ်ခုခုကို သင်ယူခဲ့ပြီးလျှင် သူ ပို၍ ပျော်ရွှင််လာမိသည်။
ဘာကြောင့်လဲဆိုတော့ ဒါက သူ့ကို အချိန်အတော်ကြာ နှောက်ယှက်ခဲ့တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လို့ပါပဲ။
စာကြည့်တိုက်တွင် ရွှေရောင်စာအုပ်များ ရှိသည်။ ကျွမ်းကျင်သော လက်သမားဆရာများက ရွှေကို စာမျက်နှာများအဖြစ် ကြိတ်ခွဲကြပြီး အမျိုးမျိုးသော အတတ်ပညာများကို ရွှေစာမျက်နှာများထဲတွင် ရိုက်နှိပ်ခဲ့ကြသည်။
စက္ကူသည် ရာသီဥတုဒဏ် မခံနိုင်၊ မှင်စက်များ ပျက်စီးနိုင်သလို ကျောက်ပြားများသည် အချိန်ကြာလာသည်နှင့်အမျှ ဆွေးမြေ့သွားနိုင်ကာ အရေးအသားသည် မှုန်ဝါးသွားတတ်သော်လည်း ရွှေသည် ထာဝရတည်တံ့နိုင်ပြီး အရေးကြီးသော အရာများကို မှတ်တမ်းတင်ရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။
"စစ်မှန်ကျင့်စဥ် စာအုပ်ဆယ်အုပ်"
ရွှေစာအုပ်ရဲ့ ပထမတွဲက ချန်ရှီမြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
သူဖွင့်ကြည့်လိုက်တော့ ဒီစာအုပ်က တာအိုကို ပြုစုပျိုးထောင်တဲ့ နည်းလမ်း ဆယ်ခုအကြောင်း ပြောပြထားတာ သိလိုက်သည်။ ချီကို သန့်စင်ခြင်းကနေ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအထိ၊ အဆိဒုက္ခတွေကို ကျော်လွှားပြီး ကောင်းကင်ဘုံကို တက်သွားနိုင်တာ တွေ့လိုက်ရပါ၏။ နည်းလမ်းဆယ်ခုက အလွန်ပြည့်စုံပါသည်။
အထူးသဖြင့် ဤနည်းလမ်း ဆယ်ခုသည် အတိဒုက္ခကိုကျော်လွှားပြီး ယနေ့ခေတ် ကျင့်ကြံသူများ မသိသောနယ်ပယ်သို့ တက်လှမ်းခြင်းဆိုင်ရာ နည်းလမ်းများကို မှတ်တမ်းတင်ထားသည်။
"ပစ္စည်းကောင်းပဲ!"
နောက်ထပ် ရွှေရောင်စာအုပ်ကို ဖွင့်ကြည့်ရင်း ချန်ရှီရဲ့ နှလုံးခုန်သံ ပြင်းထန်သွားလေသည်။
"မဟာရွှေရင်ပြင်အံ့သြဖွယ်ကျမ်း"
စာအုပ်ကို လှန်ကြည့်လိုက်တော့ အုတ်မြစ်တည်ဆောက်ခြင်း ၊ ရွှေအမြုတေဖွဲ့နည်း မရှိ ၊ အခြေတည်ဝိညာဉ် ဖွဲ့စည်းပုံ မရှိတာကို တွေ့လိုက်ရသည်။ အစကတည်းက တာအို နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြောင်းပဲ ပြောပြထားသည်။
ခဏလောက် ကြည့်နေရင်း မူးဝေပြီး ခေါင်းက မြေပြင်ကိုတောင် ထိသွားလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူသည် ဖြည်းညှင်းစွာ နိုးလာပြီး ထိတ်လန့်သွားသည်။
"ငါ မူးလဲသွားတာလား? တစ်ချက် ကြည့်လိုက်ရုံနဲ့ မူးလဲသွားတယ်ပေါ့"
သူ ထိတ်လန့်သွားပြီး မတ်တပ်ရပ်ကာ "မဟာရွှေရင်ပြင်အံ့ဖွယ်ကျမ်း" ကို အမြန်ပိတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မဖတ်ရဲတော့ချေ။
"မဟာအလင်းနတ်စည်းတံဆိပ်"
ချန်ရှီ ၎င်းကို စက္ကန့်အနည်းငယ်ကြာ ကြည့်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးများ လှုပ်ရှားလာပြီး ဖြည်းညှင်းစွာ နိုးလာသည်။ သူက ရွှေစာအုပ်ကိုပိတ်ပြီး နောက်ရွှေစာအုပ် တစ်အုပ်ဆီ လျှောက်သွားလိုက်သည်။
“မဟာအတွင်းစိတ် လျှို့ဝှက်ချက်များ”
ခဏအကြာတွင် ချန်ရှီ မြေပြင်ပေါ်သို့ လဲကျကာ ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။
"ဆေးကောင်းကင်သက်တမ်း ရွှေစာလိပ်"
မြေပြင်ပေါ်သို့ လဲကျသွားပြီး အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။
"ဧကရာဇ်ခရမ်းရောင်နန်းတော်၏ ကျင့်စဥ်များ"
မြေပြင်ပေါ်သို့ လဲကျသွားပြီး အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။
"ကောင်းကင်မြေကြီးကို သန့်စင်စေမည့် ကရုဏာအလင်း ဆယ့်ခုနစ်ပါး မဟာမန္တန်"
ငြိမ်းချမ်းစွာ မြေပေါ်လဲကျသည်။
"ကျောက်စိမ်းဧကရာဇ်၏ ကောင်းကင်ကိုးခုမှတ်တမ်းများ"
မြေပေါ် လဲကျသွားပြန်၏။
……
ဆိတ်ချိုနှင့် လူ့ခန္ဓာကိုယ် အစောင့်အကြပ် သားရဲသည် ရတနာအခန်းထဲတွင် ချန်ရှီတစ်ယောက် အထပ်ထပ် ပြုတ်ကျကာ ငြိမ်သက်စွာ အိပ်မောကျသွားကာ စာမျက်နှာများကို ဆက်လက် လှန်လှောကြည့်နေတာကို လှမ်းကြည့်နေ၏။ လူငယ်က ထပ်ခါထပ်ခါ ထနေခဲ့သည်။
"သူတော်စင်သံတမန်ရဲ့ စိတ်က အရမ်း ပြင်းထန်တာပဲ... ဒီလောက် အများကြီး ဖတ်ပြီးတာတောင် မသေသေးဘူး စိတ်ရှည်သည်းခံပြီး စောင့်ရတာ အရမ်းကောင်းပါတယ်"
စာကြည့်တိုက်မှာ တကယ်မသေနိုင်တဲ့ ကျင့်စဥ်တွေ ရှိပေမယ့် သာမန်လူတွေ မြင်ဖို့ မဟုတ်ချေ။ အဲဒါတွေကို ဖတ်ပြီးရင်လည်း မမှတ်မိတော့ပါ။ ချန်ရှီလို လူတစ်ယောက်က တစ်ချက်ကြည့်လိုက်ပြီး အိပ်ပျော်သွားတာက ကံကောင်းတယ်လို့ ယူဆရပါ၏။ ဒါက ချန်ရှီမှာ ထက်မြက်တဲ့ စိတ်ရှိပြီး ဖြူစင်တဲ့ အခြေတည်တဲ့ ဝိညာဉ်ရှိကြောင်း ပြသနေတာပါပဲ။
၎င်းကိုကြည့်ပြီးရင် လူအများစုသည် ၎င်းတို့၏ ထွက်ပေါက်များမှ သွေးများစွာထွက်ပြီး သေဆုံးလေ့ရှိကြသည်။ သို့မဟုတ် ရူးသွပ်ကာ စိတ်အနှောက်အယှက် ဖြစ်ခြင်း၊ ရုပ်သေးရုပ်တွေလို တုံးအသွားခြင်းတွေပင် ဖြစ်လာတတ်သည်။
ချန်ယင်တူးသည် အလွန်အစွမ်းထက်သော သူတစ်ယောက်ဖြစ်ပြီး ဤနေရာသို့ ရောက်ရန် နာကျင်မှုများစွာကို ခံစားခဲ့ရသော်လည်း အမတကျင့်စဥ် စွမ်းရည်များကိုမူ မထိခဲ့ပေ။ သူသည် အလောင်း-ကူးပြောင်းခြင်းကို လေ့ကျင့်ရန် "ရေမီးအဂ္ဂိရတ် သန့်စင်နည်း" ကိုသာ လုယူဝံ့သူ ဖြစ်သည်။
အမတကျင့်စဥ် စွမ်းရည်များကို မြင်ရဖို့ ဘယ်လောက်တောင် ခက်ခဲသလဲ တွေ့မြင်နိုင်သည်။
နတ်သန့်စင်ခြင်းဘုံမှ အနတ္တပြန်ခြင်းဘုံက ကြီးမြတ်သော သခင်ဖြစ်ခဲ့လျှင်ပင် အတော်ကြာလျှင် သေဆုံးသွားပေလိမ့်မည်။ သို့သော် ချန်ရှီ အိပ်ပျော်သွားနိုင်တာက ထူးဆန်းလွန်းလှသည်။
နောက်ဆုံးတွင် ချန်ရှီသည် ရွှေရောင်စာအုပ်တစ်အုပ်ရှေ့တွင် ရပ်ကာ ၎င်းကိုဖွင့်ဖတ်ကာ အချိန်အကြာကြီး မူးမေ့လဲမသွားပေ။
"ဧကရာဇ်ရှောင်းလန်စွမ်းရည်"
သူ စိတ်မပျက်သွားပေမယ့် သိပ်လည်း နားမလည်ဘူး ဖြစ်နေသည်။
ဂါထာနှင့် မန္တန်များအပါအဝင် "ဧကရာဇ်ရှောင်းလန်စွမ်းရည်" ၏ အကြောင်းအရာများကို အလွတ်ကျက်မှတ်ရန် အစွမ်းကုန် ကြိုးစားကာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အားလုံးကို အလွတ်ကျက်ခဲ့သည်။
သူ့အဖိုးက နားမလည်လည်း ကိစ္စမရှိပါ။ အဲဒါကို အရင်ချရေးပြီး အနာဂတ်မှာ ဖြည်းဖြည်းချင်း နားလည်သွားဖို့ ပြောခဲ့ဖူးသည်။
အချိန်အတော် ကြာပြီးနောက် ချန်ရှီသည် ဧကရာဇ်ရှောင်းလန်စွမ်းရည်၏ စာလုံးများကို ချရေးပြီး မျက်လုံးမှိတ်ကာ ခဏမျှ ပြန်စဥ်းစားကြည့်လိုက်သည်။ ၎င်းမှန်ကြောင်း အတည်ပြုပြီးနောက် သူ သက်ပြင်းချလိုက်သည်။
သူ ရုတ်တရက် ခေါင်းမော့လာစဥ် မိုက်ကနဲ မူးသွားခဲ့ရာ သူ့ကိုယ်သူ ပြုတ်ကျမသွားစေရန် နံရံပေါ်သို့ အလျင်စလို ဆုပ်ကိုင်လိုက်ရသည်။ တဒုန်းဒုန်း သူ့နှလုံးခုန်သံနှင့်အတူ သူ့ရှေ့က မြင်ကွင်းက အလွှာနှစ်ထပ်တွေ ဖြစ်နေကာ တစ်ခါတစ်ရံ ထပ်နေကာ တစ်ခါတစ်ရံ ကွဲထွက်သွားသည်။
"ငါ့စိတ်ဝိညာဥ်က နာနေတယ်... ငါ့ရဲ့ အခြေတည်တဲ့ ဝိညာဉ်လည်း ပျက်စီးနေပြီ!"
ချန်ရှီက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကျောက်ခန်းတံခါးကို ပြန်ပိတ်ရင်း ထွက်လာခဲ့ရသည်။
သူသည် အကြာကြီး အသက်ရှူကာ အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါးကို အသက်သွင်းဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့သော်လည်း မှားလုနီးပါး ဖြစ်သွားခဲ့သည်။ ဒါကြောင့် သူ့လက်ကို အမြန်ရုတ်လိုက်ပြီး တံခါးကိုဖွင့်ဖို့ မကြိုးစားတော့ပေ။
သူအမှားလုပ်မိပါက သေမင်းတမန်လို အသွင်သဏ္ဍာန်ဆယ်ပါးက ပေါက်ကွဲပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော ဝိညာဉ်ရေးအရပါ ပျက်စီးသွားလိမ့်မည်။
ချန်ရှီ မျက်လုံးမှိတ်ပြီး ခဏလောက် အနားယူလိုက်သည်။ သူ့ခန္ဓာကိုယ် နည်းနည်းပြန်ကောင်းလာပြီးနောက် အကြိမ်အနည်းငယ် ထပ်ကြိုးစားကြည့်ရာ အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါးက ထပ်မမှားတော့ချေ။ သေချာ စစ်ဆေးကြည့်ပြီးမှ ကျောက်ခန်းတံခါးကို ဖွင့်လိုက်သည်။
ဆိတ်ချိုနှင့် လူ့ခန္ဓာကိုယ် သင်္ချိုင်းစောင့်သားရဲသည် ကျောက်ခန်းမှ ထွက်သွားမယ့် သူ့ကို တိတ်တဆိတ် စောင့်ဆိုင်းခဲ့ပြီး “သူတော်စင် သံတမန်က တော်တော်လေး မှတ်သားနိုင်တာပဲ” ဟု ရေရွတ်နေခဲ့သည်။
ချန်ရှီ မူးဝေနေသေးပြီး အသက်ရှုမဝသလို ခံစားနေရသည်။
“ဒါက ဘာကြီးလဲ”
ဆိတ်ချိုနဲ့ လူ့ခန္ဓာကိုယ် သင်္ချိုင်းစောင့်သားရဲက :"အမတကျင့်စဥ် စာအုပ်တွေ အများကြီးဖတ်ပြီး အသက်ရှင်လျက် ထွက်သွားနိုင်သေးတယ်... မင်းရဲ့စိတ်နေစိတ်ထားက အမှားအယွင်းမရှိ တည်ငြိမ်နေတုန်းပဲ အံ့သြစရာကောင်းတယ် မင်းက အနတ္တဘုံကို ရောက်ထားမယ် ဆိုရင်... "
သူတောင် ချန်ရှီ အကြောင်းကို အတော်လေး သိချင်လာမိသည်။
ထိုသို့သော စွမ်းဆောင်မှုသည် အခြေတည်ဝိညာဥ် အဆင့်ရှိ လူငယ်တစ်ယောက် ပြီးမြောက်အောင်မြင်နိုင်သော အရာမဟုတ်သော်လည်း ချန်ရှီ ကိုယ်တိုင်က ရွှေစာအုပ်တစ်အုပ်ကို အလွတ်ကျက်ပြီး ဘုရင်ကျန်း၏ စာကြည့်တိုက်မှ အသက်ရှင်လျက် ထွက်လာခဲ့သည်။ ဒါဟာ တကယ်ကို ထူးဆန်းတဲ့ အရာတစ်ခုပါပဲ။
ချန်ရှီသည် အဆောင်နတ်ထျန်းကျီးကို ဖမ်းကိုင်လိုက်ပြီး ဘုရင်ကျန်း၏ သင်္ချိုင်းတွင်းမှ ဆွဲထုတ်ရန် ကြိုးစားချင်သော်လည်း သူ အစွမ်းကုန် ပြီးသည်နှင့် ဒူးထောက်လျက်သား လဲကျသွားသည်။
"သူ့ကို ကူဆွဲပေးပါလား"
ချန်ရှီက သူ့ခြေထောက်ကို လှုပ်ရင်း အကူအညီ တောင်းလိုက်သည်။
"ကူညီရတာဝမ်းသာပါတယ်"
ဆိတ်ချိုနှင့် လူ့ခန္ဓာကိုယ် အစောင့်အကြပ် သားရဲက အဆောင်နတ်ထျန်းကျီးကို ညင်သာစွာ ဖမ်းကိုင်ကာ ထွက်လာခဲ့သည်။
ချန်ရှီ သူ့နောက်က လိုက်သွား၏။ ဘုရင်ကျန်း၏ သင်္ချိုင်းအပြင်ဘက်သို့ ရောက်သောအခါ နေရောင်ခြည်က သူ့မျက်လုံးထဲသို့ ကျရောက်လို့လာသည်။ အမြင်တွေက ဝေဝါးနေရာ အားတင်းကာ မတ်တပ်ရပ်ရင်း အလျင်အမြန် လျှောက်လာခဲ့သည်။
အစောင့်အကြပ် သားရဲသည် သူနဲ့ အဆောင်နတ်ထျန်းကျီးကို ဘုရင်ကျန်း သင်္ချိုင်းရှိ နတ်တစ္ဆေဘုံထဲမှ ထုတ်ပေးခဲ့သည်။ ဟေးကော်က ရှေ့ကို အမြန်ပြေးလာပြီး ချန်ရှီ လှည်းပေါ်တက်နိုင်ဖို့ ကူညီပေး၏။ ချန်ရှီ လှည်းထဲ၌ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
ဟေးကော်သည် အဆောင်နတ်ထျန်းကျီးကို ထိတ်လန့်သော အကြည့်ဖြင့် ကြည့်နေသော်လည်း မသန်စွမ်း အဆောင်နတ်ကို လှည်းထဲသို့ အမြန်ဆွဲတင်လိုက်သေးသည်။
ဆိတ်ချိုနဲ့ လူ့ခန္ဓာကိုယ် သားရဲက သူတို့ထွက်သွားတာကို စောင့်ကြည့်ပြီး တိတ်တဆိတ် ရေရွတ်နေခဲ့သည်။
"ထူးဆန်းတယ် မသေဘဲနဲ့ ဒီလောက်များတဲ့ စာအုပ်တွေကို ဘယ်လိုဖတ်နိုင်မှာလဲ..."
ချန်ရှီလည်း စိတ်ထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေဆဲပင်။ သူ့ကိုယ်သူ မူးမေ့လဲမသွားဖို့ ရုန်းကန်ရင်း အသံပေးလိုက်၏။
"အိမ်မပြန်နဲ့... ကြေးမုံအိုင်အိမ်တော်ကို သွား"
သစ်သားလှည်းကလည်း ချက်ချင်းလှည့်၍ ကြေးမုံအိုင်အိမ်တော်ဆီသို့ မောင်းနှင်သွားခဲ့သည်။ ရောက်တာနဲ့ ဟေးကော်က ချက်ချင်းခုန်ဆင်းကာ ဟေးကော်ကို ပိုးလျက် အိမ်တော်ထဲသို့ ပြေးဝင်ကာ ခေါင်းတလားကို အမြန်ဖွင့်ပြီး အထဲသို့ တွန်းထည့်လိုက်သည်။
ချန်ရှီ အခေါင်းထဲတွင် အိပ်ပျော်သွားသည်။
ပထမလ၏ ဆယ့်ခြောက်ရက်မြောက်နေ့မလို့ စွင်းယိရှန်းသည် လျင်မြန်စွာ ရောက်ရှိလာပြီး ရထားလုံးနဲ့အတူ ရွာဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့သည်။ သူသည် ချန်အိမ်သို့ တစ်စုံတစ်ဦးကို စေလွှတ်သော်လည်း ချန်ရှီက အိမ်တွင် မရှိနေခဲ့။
နေ တောက်ပလာချိန်တွင် ချန်ရှီတစ်ယောက် ဟွမ်ဖောရွာသို့ ရောက်ရှိလာသည့် သစ်သားလှည်းပေါ်တွင် ထိုင်နေခဲ့သည်။ စွင်းယိရှန်း အမြန်ပြေးသွားကြည့်လိုက်တော့ ချန်ရှီ၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရတော့ အံ့အားသင့်သွားလေသည်။
"သခင်ငယ်ချန်ရဲ့ အခြေတည်ဝိညာဉ်က ပျက်စီးသွားတာလား"
ချန်ရှီ လှည်းပေါ်တွင်ထိုင်ကာ အနည်းငယ် မောပန်းနွမ်းနယ်နေခဲ့သည်။
"မနေ့က ကျွန်တော် ထိခိုက်သွားတာ... ကျွန်တော့်ရဲ့ အခြေတည်ဝိညာဉ်လည်း ပျက်စီးသွားတယ်"
သူ ကြေးမုံအိုင်အိမ်တော်တွင် တစ်ညအိပ်ခဲ့သည်။ ၎င်းသည် ပြန်လည်နာလန်ထူရန် ကောင်းမွန်သော နေရာဖြစ်ပြီး သူ၏သွေးနှင့် တက်ကြွမှုကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်သည်။ သို့သော် စိတ်ဝိညာဉ်သည် ပျက်စီးသွားသောကြောင့် ကုသနိုင်တဲ့ အရှိန်မှာလည်း အနည်းငယ် နှေးကွေးသွားခဲ့သည်။
သူသည် မရေမတွက်နိုင်သော ဝိညာဉ်ရှင်သန်စေသော ကြာပန်းများကို စားခဲ့သဖြင့် သူ့ဝိညာဉ်သည် အားကောင်းလာကာ သာမန်လူများထက် များစွာသာလွန်ကောင်းမွန်ရာ အလွယ်တကူ ဒဏ်ရာရမည် မဟုတ်သော်လည်း ဒဏ်ရာရပါက ပြန်လည်ကောင်းမွန်ရန်လည်း ခက်ခဲသွားလိမ့်မည်။
"အခြေတည်ဝိညာဉ်က ပျက်စီးသွားပြီ... ရနံ့ဆီမီးခွက်တွေတဲ့ ပြန်ကုရမယ်... မြို့ကို သွားကြရအောင် အမွှေးတိုင်ဆီ သွားဝယ်လိုက်မယ်... သခင်ငယ်ချန်က အခြေတည်တဲ့ ဝိညာဉ်ကို ပူဇော်ပြီး ဆီမီးခွက်ထဲမှာ ထားလိုက်... မီးတောက်ရဲ့ သန့်စင်တဲ့ ယန်စွမ်းအင်ကို ကုသဖို့ သုံးပါ"
ချန်ရှီ သူ့ကို ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည
"ကျွန်တော့်ရဲ့ အခြေတည်ဝိညာဉ်က နည်းနည်း ကြီးတယ် အဲဒါကြောင့် ပိုကြီးတဲ့ ဆီမီးခွက်ကို ဝယ်ရမယ်"
စွင်းယိရှန်း ပြုံးလိုက်သည်။
"သခင်ငယ်ချန်ရဲ့ အခြေတည်တဲ့ ဝိညာဉ်က ဘယ်လောက်ကြီးလဲ"
ချန်ရှီသည် အခြေတည်ဝိဥာဉ်အဆင့်တွင် ရှိနေမှန်း သူမြင်နိုင်သော်လည်း ချန်ရှီ၏ ကျင့်ကြံမှူရဲ့ တိုးတက်နှုန်းကို သူမသိပေ။ ချန်ရှီ အခြေတည်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲက စွန့်ကာ လေထုထဲတွင် ထိုင်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ ရွှေထီးဆောင်းထားပြီး လူတွေကို ခန့်မှန်းရခက်စေသည်။
အခြေတည်ဝိညာဥ် ထိုင်သောအခါ လေးလက်မ အရပ်ရှည်ပြီး ရပ်နေချိန်တွင် ခြောက်လက်မ သို့မဟုတ် ခုနစ်လက်မ မြင့်သည်။ သူ့တစ်ကိုယ်လုံးသည် နှင်းဖြူကလေးများကဲ့သို့ ဖြူဖွေးနေသည်။ စွင်းယိရှန်း အံ့သြသွားသည်။ အခြေတည်ဝိညာဥ်က ဒီအဆင့်လေးပဲ ရှိသေးတာတောင် ပြီးပြည့်စုံလုနီးပါး ဖြစ်နေပါပြီ။
ချန်ထန်သည် ချန်ရှီရဲ့ ကျင့်ကြံမှု အဆင့်အကြောင်း၊ ဒီလောက် မြင့်မားသောအဆင့်သို့ ရောက်ရှိသွားကြောင်း ဘယ်သောအခါမှ မပြောခဲ့ပေ။
"ပြည်နယ်ငါးဆယ်ရဲ့ ထိပ်တန်းပညာရှင် ဖြစ်နေတာ အံ့သြစရာတော့ မရှိပါဘူး"
သူ နည်းနည်း စိတ်ပူသွားသည်။ ဤကဲ့သို့ ကြီးမားသော အခြေတည်ဝိညာဉ်ကို နံ့သာဆီမီးခွက်များဖြင့် ကုသ၍မရနိုင်ပါ။ နံ့သာဆီအိုးမှ ထုတ်လွှတ်သော ယန်စွမ်းအင် အနည်းငယ်သည် ချန်ရှီရဲ့ အခြေတည်ဝိညာဉ်မှ ချက်ချင်း စုပ်ယူလို့ ကုန်သွားလိမ့်မည်။
ကုသလိုပါက နံ့သာဆီနှင့် သုံးစွဲသောငွေမှာ အနည်းဆုံး ငွေထောင်ပေါင်းများစွာ သို့မဟုတ် သောင်းချီသော ငွေစက္ကူများ လိုပေမည်။
သူ့မှာ ပိုက်ဆံအများကြီး မရှိဘူး။
ဟေးကော်က ရွာထဲဝင်လာပြီး ချန်ရှီအတွက် အဝတ်အစားတွေကို ထုပ်ပိုးပြီး လှည်းထဲထည့်ဖို့ ကူညီပေးခဲ့သည်။ ချန်ရှီမှာ အနည်းငယ် အေးလာသောကြောင့် အနွေးထည်နှစ်ထည် ထပ်ဝတ်လိုက်ရသည်။
ဟေးကော် စွင်းယိရှန်းကို ကြည့်လိုက်သည်။ စွင်းယိရှန်းက နားလည်သွားသလိုဖြင့် ခေါင်းညိတ်ပြ၏။
"ကောင်းပြီ ကန်းကျစ်ရွာကို အရင်သွားရအောင် ပြီးရင် မနက်စာစားဖို့ မြို့ကို သွားကြမယ်"
အမိန့်ပေးလိုက်ပြီးတာနဲ့ ရထားလုံးက ထွက်သွားသည်။ အဲဒီအခိုက်အတန့်မှာပဲ စွင်းယိရှန်း ရုတ်တရက် အံ့အားသင့်သွားလေသည်။
"အခုပဲ ခွေးက ငါ့ကို စကားပြောလိုက်တာလား... ငါနဲ့ စကားမပြောရင် ကန်းကျစ်ရွာကို ငါဘယ်လိုလုပ် သိမှာလဲ ထူးဆန်းတယ် တကယ်ကို ထူးဆန်းတယ်!"
သိပ်မကြာခင်မှာပဲ လှည်းနှစ်စီး ကန်းကျစ်ရွာကို ရောက်လာခဲ့သည်။ အရပ်မြင့်မြင့်နဲ့ မိန်းမချောလေးတစ်ယောက် ထွက်လာကာ ချန်ရှီကိုတွေ့တော့ သူမ အံ့သြသွားလေသည်။
"တစ်ဆယ်လေး... မင်းရဲ့ အခြေတည်ဝိညာဥ်နဲ့ စိတ်ဝိညာဉ်က ဘယ်လိုလုပ် ဒီလောက်တောင် ထိခိုက်ထားရတာလဲ"
ချန်ရှီ ထရပ်ပြီး သူမကို နှုတ်ဆက်ချင်ပေမယ့် လှပတဲ့ အမျိုးသမီးက သူ့ကို ကူတွဲပေးလေသည်။
"အစ်မရှား... ခင်ဗျားမှာ ကုသဖို့ နည်းလမ်းရှိလား"
"မင်းရဲ့ဒဏ်ရာတွေကို သာမာန်နံ့သာဆီမီးခွက်တွေက ကုလို့မရဘူး... သိုးဦးချို ကောင်းကင်ဝိညာဉ်ဆီမီးခွက်ကို သုံးရမယ်.. ဒီဟာက သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေပိုင်ပေမယ့် သူ့ရဲ့မီးတောက်က ဝိညာဉ်တွေရဲ့ လောင်ကျွမ်းမှုကြောင့် ထွက်လာတဲ့ မီးတောက်ပဲ... စိတ်ဝိညာဥ်ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် အသင့်တော်ဆုံးပဲ"
ဤလှပသော အမျိုးသမီးမှာ အဘွားရှားပဲ ဖြစ်သည်။ သူမသည် တစ်နေရာမှ သိုးချို ကောင်းကင်ဝိညာဉ်မီးခွက်ကို ထုတ်၍ သစ်သားလှည်းထဲတွင် ထည့်ထားလိုက်သည်။
"ဒီမီးခွက်ကို အစကတည်းက မင်းပိုင်တာ.... မင်းရဲ့ဒဏ်ရာတွေကို ကုဖို့ သင့်တော်တယ် ငါလိုအပ်မှ မင်းဆီက ပြန်ချေးတော့မယ်"
ချန်ရှီ သူမကို ကျေးဇူးတင်လိုက်ပြီး သူ့ရဲ့ အခြေတည်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ကနေ ထွက်သွားခိုင်းပြီး သိုးချို ကောင်းကင်ဝိညာဉ်မီးအိမ်ရဲ့ မီးတောက်ထဲကို ဝင်သွားစေလိုက်သည်။ ဤတော့မှ သူချက်ချင်း ပိုသက်တောင့်သက်သာ ရှိလာသလို ခံစားရတော့၏။