သူမ၏ သရုပ်မှန်ကို သိသွားခြင်း
Vol. 126 Ch. 1758
“အာ… အပြည့်ပဲ”
စားသောက်ပြီးနောက် ခရမ်းရောင်လေးသည် ဗိုက်ကိုပုတ်လေသည်။
ရှီမာယူယူသည် သူ၏လုံးဝန်းနေသော ဗိုက်ကိုကြည့်ပြီး မတတ်သာစွာ ဖြင့် မျက်လုံးလှိမ့်လိုက်သည်။
တကယ်ကို အရှက်မရှိတာပဲ။
မုရုန်ဟွေ့သည် သတိပြန်ဝင်လာသည်။ ဘေးဒုက္ခတိမ်တိုက်မှာ အချိန် ကြာမြင့်သည်အထိ ပျောက်ကွယ်မသွားသဖြင့် သူသည် လက်လွတ်စပယ်သွား ၍မရပေ။
ရှီမာယူယူသည် ထွက်သွားလိုစိတ်မရှိသည့် ဘေးဒုက္ခတိမ်တိုက်ကို ကြည့်လိုက်သည်။ သူ ဘာကိုစောင့်နေသည်ကို သူမ သိသည်။
တိမ်တိုက်ဝိညာဉ်သည် ပြီးသွားသော်လည်း ရှိနေတုန်းပင်။
ကံကောင်းစွာပင် သူမ အောင်မြင်စွာ အဆင့်တက်သွားသည်။ ဝိုင်အခန်း ဘက်မှာ ပွင့်သွားလေပြီ။ သူမ စိတ်မှရွတ်လိုက်သည်နှင့် ရာချီသော ဝိုင်ကရား များနှင့် အမူးပြေဆေးများသည် သူမ ပတ်ပတ်လည်တွင်ပေါ်လာသည်။
သူမ၏ မှားယွင်းသော ခန့်မှန်းချက်ကြောင့် ဝိုက်ကရားများအားလုံး ပလုံ လုနီးပါးဖြစ်သွားသည်။
“ကောင်းလိုက်တာ” တိမ်တိုက်ဝိညာဉ်၏ ဆပ်ဆော့သော အသံသည် တိမ်များအကြားမှ ထွက်လာသည်။ မိုးကြိုးသည် မိုးပေါ်မှကျလာပြီး ဝိုက်ကရား များကို ပတ်ပြီးမိုးပေါ်သို့ပြန်ယူသွားလေသည်။
“အမူးပြေဆေးသောက်ဖို့ မမေ့နဲ့ မင်း အမှားလုပ်မိရင် အကုန်ဆိုးကုန် လိမ့်မယ်” ရှီမာယူယူ တိုက်တွန်းလိုက်သည်။
“ငါ သိပါတယ်” တိမ်တိုက်ဝိညာဉ်သည် အသီးဝိုင်များရသွားသဖြင့် အားရ ကျေနပ်စွာဖြင့် ထွက်သွားလေသည်။
ထိုမြင်ကွင်းမှာ မုရုန်ဟွေ့ကို ပို၍အံ့ဩစေသည်။ ဘေးဒုက္ခတိမ်တိုက် ထွက်သွားပြီးနောက် သူ ဘာမှမစဉ်းစားဘဲ ပြေးလာပြီးနောက် သူမ ဒဏ်ရာရ သွားသလားဆိုသည်ကို စစ်ကြည့်လေသည် “ဘယ်လိုနေလဲ ဆေးအရင် သောက်လိုက်”
ရှီမာယူယူ ဆေးသောက်လိုက်ရာ နာကျင်သောခန္ဓာကိုယ်မှာ များစွာ သက်သာလာသည်။
“ကျေးဇူးတင်ပါတယ် အဖေ” သူမသည် အားနည်းစွာဖြင့် ပြောလိုက် သည်။
မုရုန်ဟွေ့သည် သူမ၏ အခြေအနေကို စမ်းသပ်ကြည့်လေသည်။ သူမ သည် မည်းနက်နေသော်လည်း အားလုံးမှာ ပြင်ပဒဏ်ရာဖြစ်သဖြင့် ဆေး တစ်လုံးနှင့် ပြန်ကောင်းလေသည်။
“သမီးနဲ့ ဘေးဒုက္ခ….”
“သူက ကျွန်မသူငယ်ချင်းပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“သမီးက… လူသားလောကက အမှောင်မင်းသမီးရဲ့ သမီးလား” မုရုန်ဟွေ့သည် ရုတ်တရက် ပြောလေသည်။
“အဖေ မှန်းမိနေပြီပဲ” ရှီမာယူယူသည် မအံ့ဩတော့ပေ။
“ငါ အရင်ကတည်းက မှန်းမိသင့်တာ” မုရုန်ဟွေ့ ပြောလိုက်သည် “သမီးက ရှီအာနဲ့အရမ်းတူတယ် မင်းကိုမြင်ကတည်းက သိသင့်တာ”
“ဟင်” ရှီမာယူယူသည် သူ ဆိုလိုသည့်အဓိပ္ပာယ်ကိုမသိပေ။
“ရှီအာရဲ့အမေနဲ့ သမီးအမေတို့က ဝမ်းကွဲညီအစ်မတွေပဲ သူတို့က အရမ်း တူကြတယ် ရှီအာနဲ့ သူမအမေတို့က တစ်ပုံစံတည်းပဲ ရှီအာနဲ့ အမှောင်မင်းသမီး တို့က အရမ်းတူတယ်ဆိုတာ အကုန်သိကြတယ် ဒီကမ္ဘာမှာ အမှောင်မင်းသမီးနဲ့ တူတဲ့သူက ရှီအာအပြင် နောက်တစ်ယောက်က သူမရဲ့သမီးပဲ” မုရုန်ဟွေ့ ရှင်းပြလေသည် “သမီးအကြောင်းတွေ တစ္ဆေလောကကို ပျံ့နေတာကြာပြီ ဒါပေမဲ့ သမီးက ဘယ်လိုပုံစံရှိလဲဆိုတာ ဘယ်သူမှမသိကြဘူး”
မုရုန်ဟွေ့သည် သူမနှင့် ဆွေမျိုးတော်လိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။
“သမီးက လူသားလောကမှာ အရမ်းအားကောင်းတယ်ဆိုတာ သိတယ် သမီး တစ္ဆေလောကကို လာမယ်လို့ထင်မထားဘူး အဲဒါကြောင့် ဒီလိုဖြစ်သွား မယ်လို့ထင်မထားဘူး” မုရုန်ဟွေ့ပြောလိုက်သည်။
“ဝမ်းကွဲဦးလေး” ရှီမာယူယူ ခေါ်လိုက်သည်။
“ငါ့ကိုအဖေလို့ပဲ ဆက်ခေါ်ပါ” မုရုန်ဟွေ့သည် သူမ၏ အခေါ်အဝေါ်ကို ပြောင်းပေးလိုက်သည် “သမီး တစ္ဆေလောကကိုလာတယ်ဆိုတာ လူတွေသိရင် အန္တရာယ်ဖြစ်မှာစိုးရတယ် အထူးသဖြင့် ကိုယ်လုပ်တော်ရဲ့တစ္ဆေမျိုးနွယ်ပဲ သမီးက ယွိဒူကိုသတ်ထားတာဆိုတော့ သူတို့က လက်စားချေဖို့ သတ်ချင်နေ တာ ဒါပေမဲ့ သမီးက ရှီအာအနေနဲ့ ပေါ်လာတာဆိုတော့ အမှောင်မင်းသမီးနဲ့ တူပေမဲ့ သမီးရဲ့သရုပ်မှန်ကို သံသယဝင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ အကုန်ပေါ်သွားရင် အဖေ ပြဿနာတက်နိုင်တယ်”
“ငါတို့မှာ အမှောင်မင်းသမီးရဲ့ ကျေးဇူးရှိတယ် ငါက သမီးရဲ့ဝမ်းကွဲ ဦးလေးဆိုပေမဲ့ သမီးမကြိုက်ဘူးဆိုရင် မွေးစားအဖေလို့ သတ်မှတ်လို့ရတယ် သမီးကို သမီးအရင်းလိုဆက်ဆံမှာဆိုတော့ အဲဒီအခေါ်အဝေါ်ကိုတော့ စိတ်ပူဖို့ မလိုပါဘူး”
ရှီမာယူယူသည် အနည်းငယ် ရင်ထဲထိသွားကာ စိတ်ရင်းဖြင့် ခေါ်လိုက် သည် “အဖေ”
“ထင်မထားဘူး ငါ သမီးတစ်ယောက်ပျောက်သွားပေမဲ့ သမီး နောက် တစ်ယောက်ရလိုက်တယ်” မုရုန်ဟွေ့ ပြောလိုက်သည် “သမီး ပြန်နလန်ထူဖို့ ခေါ်သွားပေးမယ်”
သူ ကိုယ်ကိုင်းပြီး ရှီမာယူယူကို ချီလိုက်သည်။ ထိုအချိန်တွင် ခရမ်းလေး သည် လေထဲမှဆင်းလာရာ သူလန့်သွားပြီး နောက်ပြန်ဆုတ်လေသည်။
လျှပ်စီးကိုစားနိုင်တဲ့ မရဏာသားရဲ… အန္တရာယ်အငွေ့အသက်တွေ ပေး နေတယ်။
“အဖေ ရပါတယ် ခရမ်းလေးက အဖေ့ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါ ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါက ဘယ်လိုမရဏာသားရဲလဲ” မုရုန်ဟွေ့သည် ကြောက်နေတုန်းပင်။
“ဒါက မရဏာသားရဲမဟုတ်ပါဘူး ခရမ်းရောင်ထိပ်တန်းလျှပ်စီးပါ”
“ခရမ်းရောင်ထိပ်တန်းလျှပ်စီး ဟုတ်လား အဲဒါဘာလဲ”
“အဲဒါက ကမ္ဘာထဲက ကျလာတဲ့မိုးကြိုးဘေးဒုက္ခပါ” ရှီမာယူယူသည် မည်သို့ရှင်းပြရမည်မသိပေ “ဒါကို မိုးကြိုးဘေးဒုက္ခထက် သန်မာတဲ့ လျှပ်စီး မရဏာသားရဲလို့ သတ်မှတ်လို့ရပါတယ်”
“ဟုတ်ပြီ” မုရုန်ဟွေ့သည် ခရမ်းလေးသွားဖြဲပြသည်ကို မြင်လိုက်ရသည်။ ထိုအပြုံးမှာ သူ့ကိုပြုံးပြခြင်းမဟုတ်ဘဲ ခြိမ်းခြောက်ခြင်းဖြစ်သည်ကို သူ သိ သည်။
“ခရမ်းလေး မင်း ပြန်မလိုက်ဘူးဆိုလည်း သွားလိုက်တော့” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည်။
ခရမ်းလေးသည် မုရုန်ဟွေ့ကို မကြောက်ဘဲ ရှီမာယူယူဆီသို့ အမြန်ပြေး လာကြသည်။ သူသည် သူမအနားသို့ရောက်သောအခါ ခရမ်းရောင် အလင်းတန်းအဖြစ်ပြောင်းသွားပြီး ကိုယ်ထဲသို့ဝင်သွားလေသည်။
“ဟုတ်ပြီ အဖေ ပြန်ရအောင်”
မုရုန်ဟွေ့ ရှီမာယူယူကိုချီပြီး မြို့ဝန်အိမ်တော်သို့ ပြန်လာချိန်တွင် အားလုံးသည် ကြောက်လန့်ငေးမှိုင်နေဆဲပင်ဖြစ်သည်။ သူမ အလွန်ကြောက်ရွံ့ နေမလားကိုလည်း သူတို့မသိကြပေ။
ရုတ်တရက် ထင်စန်းသည် မိုးပေါ်မှ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မုရုန်ဟွေ့သည် ရှီမာယူယူနှင့်အတူ ပြန်လာ သည်။
“သခင်မလေး” ထင်စန်း ပြေးလာသည်။ ရှီမာယူယူ၏ ခန္ဓာကိုယ်တစ်ခု လုံး မီးမြှိုက်ခံထားရသည်ကို မြင်သောအခါ တအံ့တဩ အော်လေသည်။
“တံခါးဖွင့်” မုရုန်ဟွေ့ အမိန့်ပေးလိုက်သည်။
ထင်ရွှေသည် အခန်းနှင့်အနီးဆုံးဖြစ်ရာ တံခါးပြေးဖွင့်လေသည်။
မုရုန်ဟွေ့သည် ရှီမာယူယူကို သယ်သွားပေးပြီး အိပ်ရာပေါ်သို့ ချပေး၏။
“သခင် သခင်မလေး ဘယ်လိုဖြစ်တာလဲ” ထင်စန်းနှင့် ထင်ရွှေတို့ လိုက်လာပြီး မေးလေသည်။
“သူမက ဘေးဒုက္ခရင်ဆိုင်တဲ့လူနဲ့ မတော်တဆသွားတွေ့မိတာ” မုရုန်ဟွေ့ ပြန်ဖြေလိုက်သည် “ဒီအကြောင်းကို ဘယ်သူမှမသိစေနဲ့ နားလည် လား”
“ဟုတ်ကဲ့ပါ သခင်” ထင်စန်းနှင့် ထင်ရွှေတို့သည် တစ်ချိန်တည်း ပြန်ဖြေ ကြလေသည်။
“သူတို့က မုရုန်မျိုးနွယ်ကို သစ္စာရှိဖို့ ကျိန်ထားကြတယ် အဲဒါကြောင့် သတင်းပျံ့ဖို့ကိုတော့ စိတ်မပူနဲ့” မုရုန်ဟွေ့သည် ရှီမာယူယူကို ရှင်းပြလေသည်။
သူမ၏ လူနှစ်ယောက်မှာ ယုံကြည်ရသည်ဟု ပြောနေခြင်းပင်။
“သိပါပြီ အဖေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းကောင်းနားလိုက်ဦး အဖေ ကိစ္စတွေ သွားဖြေရှင်း လိုက်ဦးမယ်” မုရုန်ဟွေ့ ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ယနေ့ကိစ္စဖြစ်အပြီးတွင် ထာဝရ တောက်ပခြင်းမြို့မှလူများကို ငြိမ်သက်အောင်လုပ်ရမည်ဖြစ်ပြီး ဘေးဒုက္ခဖြစ် ခဲ့သည့်နေရာကိုလည်း ရှင်းရဦးမည်။
“သမီးမှာ ထင်စန်းနဲ့ ထင်ရွှေတို့ရှိကြတယ် လိုတာရှိရင် သူတို့ကိုပြော လိုက်ပါ” မုရုန်ဟွေ့သည် သတိပေးပြီးနောက် ထွက်သွားလေသည်။
ထင်စန်းနှင့် ထင်ရွှေတို့သည် သူ့ကိုလိုက်ပို့ကြသည်။ သူ့ကို ထိုပုံစံအတိုင်း မြင်ရသဖြင့် သခင်နှင့် သခင်မလေးတို့ ဆက်ဆံရေးမှာ အရင်ကဲ့သို့ဖြစ်သွားပြီ ဟု သူတို့ခံစားရသည်။ မကြာခင်ကပင် သခင်သည် သခင်မလေးအပေါ် အေးစက်ခဲ့သည်။
ရှီမာယူယူသည် ပင့်သက်ရှိုက်ထုတ်ပြီး မျက်လုံးမှိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမလုပ်နိုင်သော တစ်ခုတည်းသောအရာမှာ အိပ်လိုက်ရန် ဖြစ်သည်။
ခန္ဓာကိုယ်ထိခိုက်ထားမှုနှင့် ဆေး၏သက်ရောက်မှုတို့ကြောင့် သူမသည် အမြန်ပင် အိပ်ပျော်သွားလေသည်။ သူမ အိပ်ပျော်သွားပြီးနောက်တွင် အနက် ရောင်ပုတီးစေ့သည် ခန္ဓာကိုယ်အတွင်းတွင် လည်နေကာ အလင်းဖျော့ဖျော့ ထုတ်နေသည်ကိုတော့ သူမ သတိမထားမိပေ။ အလင်းသည် သူမခန္ဓာကိုယ် အနှံ့ပတ်နေသည်။ နေရာတိုင်းကို ပတ်သွားရာ ဘေးဒုက္ခခံစားရင်းဖြစ်လာသော ဒဏ်ရာများမှာ သက်သာသွားလေသည်။ သူမ နိုးလာချိန်တွင် အားအပြည့်ဖြစ် နေလေပြီ။