အခန်း ၁၆၁၂
Vol. 109 Ch. 1612
အပိုင်း (၁၆၁၂)
အထက်နယ်မြေ
ကောင်းကင်ယံတစ်ခုလုံးတွင် ဒါဇင်နှင့်ချီသော ပုဆိန်ရိပ်၊ ပုဆိန်ရောင်များသည် လင်းလက်တောက်ပလျက် ရှိ၏။ ရွက်သင်္ဘောတစ်ဒါဇင်ကျော်လောက်တို့သည် ခါးလယ်မှ ပိုင်းဖြတ်လျက်ရှိပြီး မတူညီသည့် ပုံပန်းသွင်ပြင် အမျိုးမျိုးဖြင့် အောက်ဆီသို့ ပြုတ်ကျနေသည်။
အချက်အလက်အားဖြင့် အလွန်မြင့်မားသည့် တည်နေရာတွင် တည်ရှိနေသောကြောင့် တိုက်ခိုက်ရန်ဆိုသည်မှာ ခက်ခဲလွန်းလှသည်။ သို့ပေမဲ့ ကုကျောင်းရှစ် အဖေ၏ ပုဆိန်အောက်တွင် ၎င်းတို့သည် မည်သို့မှ မခုခံနိုင်ကြတော့ချေ။
ဝှစ် ဝှစ်
အထက်နယ်မြေ၏ ကပ်ဘေးကြီးပြီးဆုံးသွားပြီးသည့်နောက် မကြာခင်မှာပဲ များပြားလှသည့် စက်ရုပ်များသည် အောက်ဆီသို့ ပျံသန်းဆင်းသက်လာခဲ့ကြ၏။ ဂိုဏ်းချုပ်ကျွင်း၏ အမိန့်ပေးမှုအောက်မှာတော့ အားလုံး တို့သည် ရွက်သင်္ဘောအပိုင်းအစ အပျက်များအားလုံးကို ဆွဲမကာဖြင့် ဂိုဏ်းဆီသို့ ပြန်လည်ယူဆောင်လာ၏။
ဤပျက်စီးလျက်ရှိနေသည့် ရွက်သင်္ဘောအပိုင်းအစများ အားလုံးသည် တခြားသော ကျင့်ကြံသူများအတွက် သာမန်မျှသာ ဖြစ်သည်။ သို့ပေမဲ့ ထိုက်ရွှမ်အဘိုးအိုအတွက်တော့ ရတနာများပင်။ ထိုအပေါ်တွင် ရှိနေသော များပြားလှသည့် အစီအရင်များသည် သုတေသန ပြုလုပ်နိုင်သော အရာများပင် ဖြစ်ပေလိမ့်မည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ယူဆောင်သွားခဲ့သည့် ရွက်သင်္ဘော အပိုင်းအစ တချို့တလေမှလွဲလျှင် ကျန်သည့်အရာများအားလုံးသည် အင်မော်တယ်တောင်ပေါ်သို့ ရွေ့ပြောင်းခြင်း ကို ခံလိုက်ရသည်။
အစီအရင်ခန်းမမှ အဖွဲ့ဝင်များ အားလုံးသည်လည်း အတူတူ လှုပ်ရှားလျက် ရှိနေသည်။ တောင်လိုမောက်နေသည့် ရွက်သင်္ဘောအပိုင်းအစများရှေ့တွင် မတ်တပ်ရပ်ကာဖြင့် နည်းစနစ်ကျကျ လေ့လာခြင်းကို ပြုလုပ်လျက် ရှိနေ၏။
“ဆရာဘိုးဘိုး”
ခဏလောက်ကြာပြီးသည့်နောက် ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “အဓိက ရွက်သင်္ဘော တွေက ထိခိုက်ထားတယ်ဆိုပေမဲ့ တောက်လျှောက် သုံးသပ်ချက်အရဆိုရင် အထဲမှာ ရှိနေတဲ့ သီးခြား အစီအရင်တွေ ရှိနေသေးတယ်လေ။ ဒါတွေကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနိုင်မယ်ဆိုရင် မဆိုးဘူး။
“မဆိုးဘူး။ မဆိုးဘူး”
ဒရုန်းထဲတွင် လေ့လာနိုင်သော ပညာဆိုသည်မှာ အကန့်အသတ်ဖြင့် တည်ရှိနေ၏။ ယခု ရွက်သင်္ဘောထဲတွင် ရှိနေသော နည်းပညာများကိုသာ လေ့လာနိုင်မည်ဆိုပါက ကျိန်းသေပေါက် ထိုအရာများဆီမှ တစ်ခု၊ နှစ်ခုကို သင်ယူနိုင်ပေလိမ့်မည်။ အစီအရင်ဟောခန်းသည် လေ့လာသုံးသပ်ရာတွင် သေသေချာချာ ပြုလုပ်လျက် ရှိနေပြီး နားချိန်ပင် မယူခဲ့ကြချေ။
ထိုက်ရွှမ်အဘိုးအိုသည်သာ လေ့လာသုံးသပ်သည်ဆိုပါက ကျိန်းသေပေါက် တိုးတက်မှုများ ရှိလာမည်ဟု ကျွင်းချောင်ရှောင်းက ယုံကြည်နေမိ၏။ ထို့ကြောင့် သူသည် သူ၏ အလုံးစုံသော အာရုံများကို ကုမောင်နှံဆီသို့ အာရုံစိုက် ထားမိ၏။
လက်ရှိအချိန်မှာတော့ သူသည် တည်နေရာအက်ကွဲကြောင်းကြီးရှေ့တွင် မတ်မတ်ရပ်ကာဖြင့် အရှက်မဲ့စွာ ပြောလိုက်သည်။ “စီနီယာ…. စိတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး ကျုပ်ဂိုဏ်းထဲကို ဝင်လည်ပါအုံး”
“……”
အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသည့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျင့်ကြံသူ များ၏ မျက်လုံးများသည် ချာချာလည်သွားမိ၏။ တစ်ဖက်လူသည် ရွက်သင်္ဘောများ အားလုံးကို ဖျက်ဆီးခဲ့ပြီး အထက်နယ်မြေရှိ ဘေးအန္တရာယ်များကိုကူညီကယ်တင်ပေးခဲ့၏။ ကျိန်းသေပေါက် သူတို့၏ ကယ်တင်ရှင်ပင်ဖြစ်သည်။ သို့ပေမဲ့ ကုထျန်းရှင်း၏ အားအင်အဆင့်သည် ကျိန်းသေပေါက် သူတို့ထက် ပိုမိုကာ ကြီးမားလှ၏။ ထို့ကြောင့် သူတို့အနေနှင့် စဦးသွားရောက်၍ စကားမပြောဆိုရဲကြချေ။
သို့ပေမဲ့ တစ်ဖက်လူသည် သူတို့ထက် ပိုမိုကာ ဦးလျက်ရှိ၏။ ဆိုရိုးစကား - ရှေးလူကြီးများ ပြောဆိုခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အရှက်မဲ့လှသော လူတစ်ယောက်သည် ပြိုင်ဘက်ကင်းလှ၏။
“မလိုပါဘူး”
ကုထျန်းရှင်းက ငြင်းပယ်လိုက်၏။ သူ့အနေနှင့် တောင်ပင်လယ်နယ်မြေကို ပြန်ဖို့ လိုအပ်နေသေး၏။ လက်ရှိအချိန်မှာတော့ သူသည် ရွက်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည့်ကိစ္စကို အလုံးစုံ မေ့လျော့ခဲ့လိုက်ပြီ ဖြစ်၏။ သူ့အနေနှင့် ရိုးသားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
“အထက်နယ်မြေရဲ့ ဘေးဒုက္ခကြီးကို ကယ်တင်ပေးတာက ကြင်နာမှုတစ်ခုပါပဲ”
ကျွင်းချောင်ရှောင်းက လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “အထက်နယ်မြေအစား ကျုပ်က ကျေးဇူးတင်မှုအနေနဲ့ စားပွဲကြီးတစ်ခုလောက် ကျင်းပ ပေးချင်ပါတယ်။ ကျေးဇူးပြုပြီး မငြင်းပါနဲ့”
သူ၏စကားလုံးများသည် အလွန်ပင် လှပလွန်းလှ၏။ သို့ပေမဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ များပြားလှသော ကျင့်ကြံသူများသည် မပျော်မရွှင်ဖြစ်သွားခဲ့၏။ ရွှမ်အဆင့်ဂိုဏ်းတစ်ခုသည် အထက်နယ်မြေကို ကိုယ်စားပြုသည့်အခွင့်အရေးကို မည်သည့်အချိန်က ရရှိသွားသနည်း။
ကြီးမြတ်သူတုံးကုသည်လည်း ဆွံ့အလျက်ရှိ၏။ သူက တွေးလိုက်မိသည်။ ဒီတပည့်က တကယ့်ကို အရှက်မဲ့တာပဲ။
“ဒါက”
ကုထျန်းရှင်းသည် သူ၏မိန်းမကို လှည့်ကြည့်ကာဖြင့် သဘောထား တောင်းခံလိုက်၏။
အမျိုးသမီးကုက ပြောလိုက်သည်။ “ကျွန်မတို့သားက ခရီးရှည်ကြီးတစ်ခု ထွက်လာပြီးတဲ့နောက် ဆာနေလောက်ပြီလေ။ သူတို့ကလည်း ဖိတ်ခေါ်နေပြီဆိုမှတော့ ဘာလို့ ငြင်းနေတော့မှာလဲ”
“ကောင်းပြီ”
ကုထျန်းရှင်းသည် ပြုံးကာပြောလိုက်၏။ “ဒါဆိုရင်လည်း ခင်ဗျားကို ဒုက္ခပေးရတော့မယ်”
“စီနီယာက အထက်နယ်မြေတစ်ခုလုံးကြီးကို ဘေးအန္တရာယ်က ကယ်တင်ပေးခဲ့တာလေ။ ကျုပ်ရဲ့ ရှိသမျှ အရာအားလုံး ကုန်ရင်ကုန်ပလေ့စေ။ အကြီးမားဆုံးသော စားပွဲကြီးကို ပြင်ဆင်ပေးရမယ်”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကြွကြပါ”
ကုန်းရှန့်သည် ကုမောင်နှံနှင့် တောင်ပင်လယ်သခင်တို့အား ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်ဆောင်သွားခဲ့၏။
ဤအရာသည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျွမ်းကျင်သူများအတွက် မနာလိုပင် ဖြစ်စေသည်။ သူတို့သည် အမှန်ပင် စိတ်တိုလျက် ရှိနေကြ၏။ ဤကဲ့သို့ဖြစ်မည်မှန်း သိမည်ဆိုပါက သူတို့သည် အမှန်ပင် အရှက်မဲ့စွာဖြင့် သွားရောက်ကာ နှုတ်ဆက်မိမှာသေချာ၏။ ဤကောင်လေးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူတို့သည် ဤကောင်လေးလောက် အရေမထူလှချေ။
…….
ပြိုင်စံရှားဂိုဏ်း
လျှိုဝမ်ရှစ်သည် စားသောက်ခန်းထဲမှ အဖွဲ့ဝင်များကို ဦးဆောင်ကာဖြင့် အလုပ်များလျက်ရှိသည်။ စားသောက်ပွဲသည် အမှန်ပင် ကြီးကျယ်ခန်းနားလွန်း၏။
“ဂိုဏ်းချုပ်ကျွင်း”
အဓိကခန်းမထဲတွင် ထိုင်လျက်ရှိသည့် ကုထျန်းရှင်းသည် သူ၏စိတ်ဝိညာဉ်အာရုံများကို ပြန်လည်ရုတ်သိမ်းကာဖြင့် ချီးကျူးလိုက်သည်။ “ဒီလိုမျိုး ခမ်းနားကြီးကျယ်လှတဲ့ ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး”
သူ့အနေနှင့် တပည့်များ၏ အားအင်အဆင့်ကို အစောကြီးကတည်းက ကြည့်ရှုပြီး ဖြစ်၏။ တော်တော်များများတို့ သည် မြင့်မားလှသည့်ပင်ကိုယ်အရည်အသွေးရှိကြပုံမပေါ်ချေ။ သို့ပေမဲ့ အားလုံးတို့သည် အမြူတေပြောင်းလဲခြင်း အဆင့်တွင် တည်ရှိနေ၏။ ထိုအရာမှာ မယုံကြည်နိုင်ဖွယ်ရာပင်။ သိုင်းကျင့်ကြံခြင်း၏ ပါရမီဆိုသည်မှာ ပင်ကိုယ် စွမ်းရည်နှင့် အကန့်အသတ်အဖြစ်တည်ရှိလို့နေခဲ့၏။ သာမန်လူတစ်ယောက်သည် အဆင့်မြင့်ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်နိုင်စွမ်း မရှိကြချေ။
“စီနီယာအစ်ကို... မြှောက်ပေးနေပြန်ပါပြီ”
ကျွင်းချောင်ရှောင်းသည် နိမ့်ချစွာဖြင့် ပြောလိုက်၏။ “ဂျူနီယာလေးရဲ့ လက်ရှိအောင်မြင်မှုက ဘိုးဘေးတွေကြောင့်ပဲ ဖြစ်နေရတာပါ”
“ဪ”
ကုထျန်းရှင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ခင်ဗျားရဲ့ ဘိုးဘေးတွေက ဘယ်သူတွေလဲ”
“ဒါက” ကျွင်းချောင်ရှောင်းသည် ပြောရန်ခက်သည့် ဟန်ပင်မျိုး ပြုလုပ်လိုက်၏။
“အင်း... ပြောလို့မသင့်ရင်လည်း အတင်းကြီး တွန်းအားမပေးနေပါဘူး” ကုထျန်းရှင်းက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “စီနီယာအစ်ကိုကု... အရိုးသားဆုံး ပြောရမယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းက သက်တန့်ရောင်သူတော်စင် ဖန်တီးထားတဲ့အရာပါပဲ”
“ဘယ်သူ”
ကုထျန်းရှင်းသည် မျက်လုံးပြူးသွားသည်။ “သက်တန့်ရောင်သူတော်စင်လား။ သက်တန့်ရောင်စဉ်ကျမ်းကို ဖန်တီးခဲ့တဲ့တစ်ယောက်လား”
“အမှန်ပါပဲ” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားခဲ့၏။ သက်တန့်ရောင်သူတော်စင်အကြောင်းကို တစ်ဖက်လူ သည် ကြားဖူးသည်ဆိုမှတော့ ပြောဆိုရသည်က ပိုမိုကာ လွယ်ကူသွားပေလိမ့်မည်။
ကုမောင်နှံနှင့် တောင်ပင်လယ်နယ်မြေသခင်တို့သည် တုန်လှုပ်သွားခဲ့၏။
ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် သက်တန့်ရောင်သူတော်စင်အကြောင်း ကြားပြီးသည့်နောက် အံ့အားသင့်လျက်ရှိ၏။ သူတော်စင်သက်တန့်ရောင် ၏ ကျင့်ကြံခြင်းအဆင့်သည် တဖက်လူများ၏အထက်တွင် တည်ရှိနေသည်လား။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းသည် ဇဝေဇဝါ လေသံဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက တကယ်ပဲ ဒဏ္ဍာရီ ထဲက သိုင်းပညာရှင်တစ်ယောက်လို့ ပြောထားတဲ့ စီနီယာသက်တန့်ရောင် ဖန်တီးထားတဲ့အရာလား”
ဒဏ္ဍာရီထဲက သိုင်းပညာရှင် ဆိုသောစကားလုံးကို ပြောသည့်အချိန်မှာတော့ ၎င်း၏လေသံသည် အမှန်ပင် လေးစားမှုများနှင့် ရောပြွန်းလျက် ရှိနေသည်။
“ဟုတ်တယ်”
ကုန်းရှန့်သည် ပြုံးကာပြောလိုက်၏။ “ဒါကြောင့်လဲ ဒီလိုဂိုဏ်းက အားအင်တွေနဲ့ ပြည့်နှက်နေတာပေါ့။ မဟုတ်ရင် ဘယ်လွယ်ပါ့မလဲ”
ထွီ
စနစ်သည် မနေနိုင်ဘဲ တံတွေးပင် ထထွေးမိသည်။
သို့ပေမဲ့ ...
“ဟဲ ဟဲ ဟဲ” ကုထျန်းရှင်းက ရယ်မောလိုက်၏။ ပြောရမည်ဆိုလျှင် သူသည် မယုံကြည်ချေ။
“စီနီယာအစ်ကိုကု... တကယ်လို့ သံသယရှိနေမယ်ဆိုရင် ကျေးဇူးပြုပြီး”
“စားကြစို့”
ကုထျန်းရှင်းသည် ဤကောင်လေး ပေါက်ကရတွေ လျှောက်ပြောနေကြောင်း သေချာသိရှိသွား၏။ ထို့ကြောင့် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်တော့သည်။
“.............”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကောင်းပါပြီ”
ဤကဲ့သို့သော လှည့်စားလိမ်ညာမှုများကို အကြိမ်ပေါင်းထောင်ချီ ပြုလုပ်ခဲ့သည်ဖြစ်သော်လည်း နောက်ဆုံးအကြိမ် မှာတော့ အသုံးမဝင်နိုင်တော့ချေ။
................
“ဘာ.. ဘာကြောင့်လဲ။ ဘာကြောင့် ရင်းနှီးတယ်လို့ ခံစားနေရတာလဲ”
ကုကျောင်းရှစ်သည် ပြိုင်စံရှားဂိုဏ်းထဲသို့ တစ်ယောက်တည်း ပတ်သွားပြီးသည့်နောက် သူ၏စိတ်တစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်း ဆီသို့ ခြေချလိုက်သည့်အချိန်ကတည်းက ဤတည်နေရာကြီးနှင့် ရင်းနှီးနေသည်ဟု သူက ခံစားလိုက်မိသည်။ သို့ပေမဲ့ အဘယ်ကြောင့် ဤကဲ့သို့ ခံစားနေရသနည်းဟု စဉ်းစား၍ မရနိုင်သည့်အချိန်မှာတော့ အလွန်ပဲ နာကျင် နေမိသည်။
“ငါ အရင်က ဒီကိုရောက်ဖူးတယ်”
ကုကျောင်းရှစ်သည် ရုတ်တရက် ရပ်တန့်ကာဖြင့် ဦးခေါင်းကို ဆုပ်ကိုင်လိုက် သည်။ သူသည် စိတ်ထဲမှာ ကြိတ်ကာ ပြောနေမိ၏။ “ငါ ဒီနေရာကို ကျိန်းသေပေါက် ရောက်ဖူးတယ်”
သူသည် နှစ်နှစ်သား၊ သုံးနှစ်သားအရွယ်သာ ရှိသည်ဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းသားများသည် မတားဆီးခဲ့ကြချေ။ သွားချင်ရာကို လျှောက်၍သွားနိုင်စွမ်း ရှိနေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးသည့်နောက် ကုကျောင်းရှစ်သည် ပြိုင်စံရှားဂိုဏ်း၏ တောင်အနောက်ဘက်ဆီသို့ ရောက်ရှိသွား၏။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏အရေးကြီးသော အရာများအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ကြိုတင်ကာ သိမ်းဆည်းထားပြီး ဖြစ်သောကြောင့် တည်နေရာကြီးတစ်ခုလုံးသည် ရှင်းလင်းလျက်ရှိ၏။ သူ့အနေနှင့် ဟိုးအတွင်းပိုင်း တည်နေရာဆီသို့ လှမ်းမျှော် ကြည့်ရှုနိုင်စွမ်း ရှိနေ၏။
ဘုတ်
ရုတ်တရက် ကုကျောင်းရှစ်သည် သွားနေရာမှ ရပ်တန့်လိုက်၏။ သူ၏အမူအရာသည် တုန်ယင်သွား၏။ သူ၏ ကြည်လင်ရှင်းလင်းနေသော မျက်နှာသည် တောင်၏အနောက်ဘက်တွင် ရှိနေသော ကျောက်ဂူကြီးတစ်ခုကို အကြည့်ရောက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုကျောက်ဂူသည် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲ ကုကျောင်းရှစ်၏ အုတ်ဂူဟု ရေးထိုးထားသောကြောင့်ပင်။
“ငါ့ရဲ့ အုတ်ဂူလား။ ဒါမှမဟုတ် နာမည်တူတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေတာလား” ကုကျောင်းရှစ်သည် အလျင်အမြန်ဖြင့် ရှေ့သို့ တိုးသွားခဲ့၏။ ဂူသင်္ချိုင်းပေါ်တွင် ကပ်ထားသော သူ၏ရုပ်ပုံကို မြင်ရသည့်အချိန်မှာတော့ သူ၏စိတ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့၏။ သူ၏မှတ်ဉာဏ်များသည် ရေလှိုင်းများကဲ့သို့ပင် သူ၏စိတ်ထဲသို့ ဝင်ရောက်လာ၏။
“အား...”
သူသည် ခေါင်းကို ဆုပ်ကိုင်ကာဖြင့် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ၏ ချစ်ဖို့ ကောင်းသော မျက်နှာလေးသည် ရုတ်တရက် နီရဲလာခဲ့သည်။ “ငါမှတ်မိပြီ။ ငါ နောက်ဆုံးတော့ မှတ်မိပြီပဲ”