← Chapters

အခန်း ၁၆၁၃

Vol. 109 Ch. 1613

အခန်း ၁၆၁၃

Vol. 109 Ch. 1613

အပိုင်း (၁၆၁၃)

ကုကျောင်းရှစ်သည် အထက်နယ်မြေအား မှတ်မိ၏။ သူသည် ကိစ္စတော်တော်များများကို မှတ်မိ၏။ သို့ပေမဲ့ အလွန် အရေးကြီးသော အကြောင်းအရာတချို့ကို မေ့လျော့နေခဲ့၏။ သူပြိုင်စံရှားဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ရင်းနှီးသည့် တည်နေရာကြီးတစ်ခုဖြစ်ကြောင်း ခံစားနေမိ၏။ သို့ပေမဲ့ မမှတ်မိခဲ့ချေ။ မည်မျှ ကြိုးစားကြိုးစား လုံးဝ စဉ်းစား၍ မရခဲ့ချေ။

“ငါ ဒီကို အရင်က ရောက်ဖူးတယ်”

ကုကျောင်းရှစ်သည် ထိုအရာကို ယုံကြည်လျက် ရှိနေ၏။ ထင်မှတ်ထားသည့် အတိုင်းပင်။ သပ်ရပ်လှသော သူ၏ အုတ်ဂူကြီးကို မြင်ရသည့်အချိန်မှာတော့ သိစိတ်ပင်လယ်ထဲတွင် စည်းခတ်ခြင်း ခံထားရသည့်မှတ်ဉာဏ်များသည် ပြန်လည်ကာ တိုးဝင်လာခဲ့၏။

ဘာကိုဆိုလိုသနည်း။ အတိတ်မေ့နေသည့် လူတစ်ယောက်ကို ကုသရန် အကောင်းဆုံးသော နည်းလမ်းသည် သူ၏နေရာဟောင်းများကို ခေါ်ဆောင်သွားခြင်းပင်။

ကုကျောင်းရှစ်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ငါ ရင်းနှီးနေတယ်လို့ ခံစားရတာ အံ့အားသင့် စရာ မဟုတ်တော့ဘူးပဲ။ ငါအရင်တုန်းက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့”

သူသည် တွေဝေစွာဖြင့် ပြောလိုက်onf။ “ငါ ဘာဖြစ်လို့ ဒီဂိုဏ်းထဲကို ရောက်ခဲ့တာလဲ။ ပြီးတော့ ဘယ်လိုဖြစ်ပြီး သေခဲ့တာလဲ”

သူသည် အတိတ်ဘဝတုန်းက ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း မှတ်မိခဲ့၏။ သို့ပေမဲ့ ဂိုဏ်းထဲကို မည်ကဲ့သို့ ရောက်ရှိခဲ့ပြီး မည်ကဲ့သို့ သေဆုံးခဲ့သည်ဖြစ်ကြောင်းကို မမှတ်မိချေ။ ကြည့်ရသည်မှာ အလုံးစုံ ပြန်လည်ကောင်းမွန်ရန်အတွက် ကုသမှုများကို လိုအပ်နေသေးပုံပင်။

“ကုန်းဝ ... စားဖို့အချိန်ရောက်ပြီ”

မေမေကု၏အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာ၏။ ကုကျောင်းရှစ်သည် စဉ်းစားနေရာကို ရပ်တန့်လိုက်ပြီးသည့်နောက် စားသောက်ခန်းဆီသို့ ထွက်ခွာလိုက်၏။ သူ၏မှတ်ဉာဏ်များသည် ပြန်လည်ကောင်းမွန်ခဲ့ပြီ ဖြစ်သောကြောင့် စားသောက်ခန်းကို မည်သို့သွားရမည်ဖြစ်ကြောင်း ကောင်းကောင်း နားလည်နေသည်။

...........

ကြီးကျယ်ခမ်းနားလှသည့် ဟင်းပွဲကြီးသည် ကောင်းမွန်စွာဖြင့် ပြင်ဆင်ထားခဲ့၏။ အလင်းတန်းများသည် တည်နေရာအနှံ့တွင် တောက်ပလျက် ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် နိမ့်ချစွာဖြင့် ပြောလိုက်၏။ “ဒါက ရိုးရိုး စားပွဲလေးတစ်ခုပါပဲ။ ဒီတော့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“.............”

ကုမောင်နှံ၏ အမူအရာသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ သူတို့သည် သိုသိုသိပ်သိပ် နေထိုင်ခဲ့စဉ်ကတည်းက ဤကဲ့သို့ ကောင်းမွန်ပြီး ခမ်းနားလွန်းလှသည့် စားပွဲကြီးကို တစ်ခါမှ မတက်ရောက်ခဲ့ဖူးကြချေ။

“ကျေးဇူးပါပဲ”

ပြောပြောပြီးချင်းမှာပဲ ကုကျောင်းရှစ်သည် တစ်ချက်ကလေးမှ နှောင့်နှေးမနေဘဲ စားသောက်ခြင်း ကို ပြုလုပ်လျက်ရှိနေ၏။ အရသာရှိသော အစားအသောက်များကို စားသုံးပြီးသည့်နောက် သူ၏မှတ်ဉာဏ်များ သည် ထပ်မံကာ ကောင်းမွန်လာခဲ့၏။

ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော သူ၏အတိတ်ဘဝမှ မှတ်ဉာဏ်များကို တော်တော်များများ မှတ်မိလာ၏။ အထူးသဖြင့် လျှိုဝမ်ရှစ် သူ့အား တသီးတသန့် ချက်ပြုတ်ပေးခဲ့သည့်ဟင်းပွဲများကို ပြန်လည်ကာ သတိရ လာခြင်းဖြစ်၏။ အရသာသည် မူလအတိုင်းပင်။ ချက်ပြုတ်ခြင်းကလည်း မူလအတိုင်းပင်ဖြစ်၏။ ကောင်းမွန်လွန်း လှချေသည်။

“အရသာရှိလိုက်တာ”

ကုကျောင်းရှစ်သည် သူ၏ခေါင်းလေးကို မော့လိုက်ပြီးသည့်နောက် မျက်ရည်များသည် ထိန်းချုပ်၍မရနိုင်အောင် ကျဆင်းလာ၏။ သူသည် ခံစားချက်များကို စားသုံးနေခြင်းဖြစ်၏။

“ကုန်းဝ”

မေမေကုက မေးလိုက်သည်။ “ဘာလို့ ငိုနေတာလဲ”

“ကုန်းဝ ... ဟုတ်လား” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ ဤမျှ အားကောင်းလှသော လူများသည် သူတို့၏ ကလေးကို နာမည်ပေးသည့်နေရာတွင် အဘယ်ကြောင့် ဤမျှ ရိုးရှင်းနေရသနည်း။

“အင်း”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာဖြင့် တွေးလိုက်မိ၏။ နာမည်ပေး တော်တော်ညံ့တာပဲ။

“မေမေ”

ကုကျောင်းရှစ်သည် သူ၏မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။ “ဒီအစားအစာတွေက အရမ်းကို အရသာရှိတာပဲ”

သူသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိ၏။ ငါ့ကိုယ်ငါ ထိန်းချုပ်မှဖြစ်မယ်။ ငါ ဘယ်သူလဲ ဆိုတာ ဘယ်သူ့ကိုမှ ပေးသိလို့မဖြစ်ဘူး။

သူသည် ပြိုင်စံရှားဂိုဏ်းတွင်ရှိသော သူ၏ အရင်ဘဝအကြောင်းအရာ တချို့ကို ပြန်လည်ကာ မှတ်မိလာခဲ့၏။ သို့ပေမဲ့ သူသည် ဂိုဏ်းချုပ်အား အသိအမှတ်ပြုရန် ရည်ရွယ်ချက်တော့ မရှိချေ။ ထို့အပြင် သူ၏မိဘများသည် လက်ရှိအခြေအနေ၌ ရှိနေ၏။ ထို့ကြောင့် ခပ်မဆိတ်နေထိုင်ခြင်း ကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ကုကျောင်းရှစ်သည် သူ၏အနာဂတ်အတွက် အစီအစဉ်ချမှတ်ပြီးဖြစ်တော့၏။ အလွန်အားကောင်းလှသော သိုင်းကျင့်ကြံသူနှစ်ယောက်၏ မျိုးဆက်အဖြစ် ဖြစ်တည်လာခဲ့သည်မို့ သူသည် အနာဂတ်တွင် ပိုမိုအားကောင်း လာမှ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းနှင့် ရီရှင်းချန်တို့သည် တခြားသောလူတစ်ယောက်၏ခန္ဓာကိုယ်သို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိ ကာဖြင့် ပြန်လည်မွေးဖွားလာကြသူများဖြစ်သည်။ သို့ပေမဲ့ သူ့မှာတော့ အစစ်အမှန် ပြန်လည်မွေးဖွားလာသည့် လူဖြစ်၏။

“အဖေကြီး”

မေမေကုသည် ပြုံးကာ ပြောလိုက်သည်။ “ကုန်းဝလေးက ပျော်လွန်းလို့ ငိုတောင်နေတယ်လေ”

သူမသည် သူမ၏သားကို အမှန်ပင် ချစ်မြတ်နိုးလှ၏။ အကယ်၍ ကုကျောင်းရှစ် ပျော်ရွှင်သည်ဆိုလျှင် သူမသည် လည်း ပျော်ရွှင်သည်။

“ဟား ဟား ဟား ဟား”

ကုထျန်းရှင်းသည် ဝိုင်ခွက်ကို အသာမြှောက်ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဖော်ရွှေမှုအတွက် ကျေးဇူးတင်ပါတယ်”

မိသားစုတွင် ဦးစီးဦးဆောင်ပြုလုပ်သူသည် ယောက်ျားတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် သူ၏မိန်းမနှင့်သားတို့ ပျော်ရွှင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ကျိန်းသေပေါက် ပျော်ရွှင်လာမိသည်။

“စီနီယာအစ်ကို”

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်သောက်ကာဖြင့် ဘေးတစ်ဖက်တွင်ရှိနေသော မိချောင်းပုံသဏ္ဍာန် မွန်းစတားကို ကြည့်ရှုကာ မေးလိုက်၏။ “ဒါက ....”

တောင်ပင်လယ်သခင်သည် သူ့ကို မရှိသလိုပင် ဆက်ဆံခဲ့၏။ အစားအစာများကို တစ်ချက်ကလေးမှ ကောက်မစားခဲ့ချေ။ ကုမောင်နှံအတွက်သာ မဟုတ်ပါက သူသည် အစောကြီးကတည်းက ပြန်သွားနှင့်ပြီဖြစ်သည်။ သူ့ကိုသူ နိမ့်ချစွာဖြင့် ဤကဲ့သို့ ဂိုဏ်းသေးသေးလေးတွင် လာရောက်ကာ စားသောက်နေလိမ့်မည် မဟုတ်ချေ။

“မိတ်ဆက်ပေးဖို့ မေ့သွားတယ်”

ကုထျန်းရှင်းသည် သူ၏တူကို အသာချကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒါက တောင်ပင်လယ်အရှင်ပါ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးထွက်သွားခဲ့၏။ လွန်းပျံယာဉ်ကြီး၏ ကြယ်မြေပုံမှတဆင့် တောင်ပင်လယ် နယ်မြေ၏ တည်ရှိမှုအကြောင်းကို သူသိရှိပြီးဖြစ်၏။ သို့ပေမဲ့ ကုထျန်းရှင်း၏ဘေးနားတွင် ထိုင်နေသည့် ဤရုပ်ဆိုး လှသည့်လူသည် နယ်မြေအရှင် ဖြစ်နေမည်လို့တော့ မထင်မှတ်ခဲ့ချေ။

“ကျေးဇူးပြုပြီး”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ထရပ်ကာ ဝိုင်ခွက်ကို ကောက်မလိုက်၏။ “ကျေးဇူး ပြုပြီး ခွင့်လွှတ်ပါ”

“ဟမ့်” တောင်ပင်လယ်နယ်မြေအရှင်သည် အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်။

ဤလူသည် သားရဲတစ်ကောင် ဖြစ်ခြင်းကြောင့် လောက၏ယဉ်ကျေးမှုစည်းမျဉ်းများကို နားမလည်ခြင်း ဖြစ်ကြောင်း ကုထျန်းရှင်းက ကောင်းကောင်း သိ၏။ ထို့ကြောင့် ပြုံးကာဝင်ပြောလိုက်၏။ “သူ့ရဲ့သမီးနဲ့ ကျုပ်သားက စေ့စပ်ထားတာလေ။ ကျုပ်တို့က ခမည်းခမက်တွေကို ပြောလို့ရတယ်”

“သွားပြီ”

ဤစကားစုသည် ကုန်းရှန့်ကို အမှန်ပင် တိုက်ခိုက်လိုက်သကဲ့သို့ပင်။ တစ်ဖက်လူ၏ မိဘများသည် အလွန် အားကောင်းလွန်းလှ၏။ ထို့အပြင် ယောက္ခထီးကလည်း နယ်မြေအရှင် ဖြစ်လို့နေခဲ့၏။ ဤအရာသည် အမှန်အကန်ပင် နတ်ဘုရားတစ်ပါး၏ ပြန်လည်ရှင်သန်ခြင်းပင် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ အဖေကို ကြည့်ရမည် ဆိုလျှင် သူ၏သမီးသည် မည်ကဲ့သို့ပုံစံ ဖြစ်နေမည်နည်းကို ခန့်မှန်းကြည့်၍ရသည်။

ထင်မှတ်ထားသည့်အတိုင်းပင်။ လောကကြီးတွင် ပြည့်စုံသော ပျော်ရွှင်မှုကို ပိုင်ဆိုင်သူ တစ်ယောက်မှ မရှိချေ။

တစ်နာရီနီးပါးခန့် အစားအစာများကို စားသုံးပြီးသည့်နောက် ကုမောင်နှံသည် အစားအစာများနှင့်ပတ်သက်၍ အလွန်ကျေနပ်လှသည်ဖြစ်သော်လည်း ၎င်းတို့၏ အားကောင်းလှသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဟိတ်ဟန်များကို အဆုံးရှုံးမခံကြချေ။ ဟင်းပွဲများကို သေသေချာချာ စားသုံးကြ၏။ သို့ပေမဲ့ သာမန်ကာလျှံကာလောက်သာ ချီးကျူးကြသည်။ အစားအသာက်နှင့်ပတ်သက်၍ အလောတကြီးပြုမူခြင်းကို မပြုလုပ်ကြပေ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာလည်း မြင့်မားလွန်းလှ၏။

“ဂိုဏ်းချုပ်ကျွင်း”

ဂိုဏ်း၏အပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ ကုထျန်းရှင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဖော်ရွှေမှုအတွက် ကျေးဇူးတင်ပါတယ်”

“စီနီယာကုက အထက်နယ်မြေရဲ့ ဘေးဒုက္ခကြီးတစ်ခုလုံးကနေ ကူညီကယ်တင်ပေးခဲ့တာလေ။ ဒါက ဒီဂျူနီယာ လုပ်ကို လုပ်သင့်တဲ့အရာပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သို့ပေမဲ့ သူ၏ နှလုံးသားထဲမှာတော့ အော်ဟစ်လျက်ရှိနေသည်။ စားပြီးသောက်ပြီး တစ်ခါတည်း ထွက်သွားတော့မှာပေါ့။ ကျုပ်ကို မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးတောင် မပေးကြတော့ပါလား။

“နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်”

ကုမောင်နှံနှင့် တောင်ပင်လယ်အရှင်သခင်တို့သည် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာသွားပြီးသည့်နောက် ကောင်းကင် တွင်ရှိနေသော တည်နေရာ အက်ကွဲကြောင်းကြီးထဲသို့ ဝင်ရောက်သွား၏။ ထွက်မခွာခင်မှာတော့ ကုကျောင်းရှစ် သည် ပြိုင်စံရှားဂိုဏ်းဆီသို့ လှမ်းမျှော်ကြည့်ကာ စိတ်ထဲမှ ပြောလိုက်၏။ ကုကျောင်းရှစ်ဆိုတာ အစောကြီး ကတည်းက သေဆုံးသွားပြီလို့ သဘောထားလိုက်ကြတော့။

သူ့အနေနှင့် အစားအသောက်များကို မလွမ်းပေ။ ထို့အပြင် သူသည် သိုင်းတာအိုကိုသာ ပို၍ လိုချင်တပ်မက်စိတ် ရှိသည်။

ကုကျောင်းရှစ်သည် သူ၏မိဘများနှင့်အတူ တည်နေရာအက်ကွဲကြောင်းထဲသို့ လိုက်ပါသွားခဲ့၏။ သူ၏နှလုံးသား ထဲတွင်တော့ အလွန်အားကောင်းလှသည့် တစ်စုံတစ်ခု ဆုံးရှုံးသွားသည်ဟု ခံစားနေမိ၏။ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော တချို့သောအရာများကို မှတ်မိ၏။ သို့ပေမဲ့ သူနှင့် ကျွင်းချောင်ရှောင်းတို့သည် သွေးသောက်ညီအစ်ကို များဖြစ်ပြီး သူ၏သေဆုံးခြင်းသည် အထက်နယ်မြေတစ်ခုလုံးကို ကယ်တင်ခဲ့ခြင်းအကြောင်းများကိုတော့ မမှတ်မိ ခဲ့ချေ။

“ဟင်း” ကျွင်းချောင်ရှောင်းသည်လည်း အနည်းငယ် စိတ်ပျက်လို့နေခဲ့၏။ အကြောင်းအရာမှာတော့ ထုတ်ဖော် ပြောကြားနေစရာပင် မလိုအပ်ချေ။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာတော့ ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်တော့၏။ “အသစ်ရှာဖွေ တွေ့ရှိထားတာ ရှိတယ်”

................

အစီအရင်ဟောခန်းတောင်ထွတ်အောက်မှာတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ အဓိက ရွက်သင်္ဘော အပျက်ကြီးသည် မြေပေါ်တွင် ဆန့်ဆန့်ကြီးဖြစ်လျက်ရှိ၏။ စက်ခန်းထဲတွင်ရှိနေသော အရံအစီအရင်ကို အသက်သွင်းထားသည်ဖြစ်သောကြောင့် တချို့သော လုပ်ဆောင်ချက်များသည် အသက်ဝင်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် အထဲသို့လျှောက်ဝင်ကာ ကြည့်ရှုလိုက်ပြီးသည့်နောက် အော်ဟစ်လိုက်၏။ “ကြည့်ရတာ ဒါက သိုင်းတာအိုနဲ့နည်းပညာကို ပေါင်းစပ်ထားတာပဲ”

“ဂိုဏ်းချုပ်”

ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “အဓိက ရွက်သင်္ဘောကြီးမှာ စကြဝဠာရဲ့ ပြည့်စုံတဲ့ မြေပုံ တစ်ခု ရှိနေတယ်”

“အမ်” ကျွင်းချောင်ရှောင်းသည် အသာလှမ်းကာ ကြည့်ရှုလိုက်သည့်နောက် အလယ်တည်နေရာရှိ မြင်ကွင်းပေါ်တွင် များပြားလှသည့် မြေပုံများသည် အသေးစိတ်မှတ်သားထားသည်ကို မြင်လိုက်ရ၏။ ထိုအရာ သည် စကြဝဠာ၏ ပြည့်စုံသော မြေပုံတစ်ခုဟုပင် သတ်မှတ်ရပေမည်။ ထို့အပြင် အဆင့်နိမ့်နယ်မြေများပင် ပါဝင်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် အမှတ်တမဲ့ဖြင့် လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ ထျန်းယွမ် ကုန်းမြေတိုက်ကြီး ကို မြင်လိုက်ရ၏။ သူသည် မျက်မှောင်ကုတ်လိုက်သည်။ “အောက်နယ်မြေမှာရှိတဲ့ ဂြိုဟ်တွေကိုတောင်မှ သေသေချာချာ မှတ်သားထားတာပဲ”

သူသည် သေသေချာချာ လေ့လာကြည့်ရှုမိ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး မရှိချေ။ ဆိုလိုသည်မှာ အောက်နယ်မြေတွင် ရှိနေသော ရှာဖွေမှုထဲတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီး မပါဝင်သေးခြင်းပင်။

ဒွီ ဒွီ ...။

ရုတ်တရက် အသံတစ်ခုသည် ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် စက်ခန်းအတွင်းရှိ ပုံရိပ်ယောင်မြင်ကွင်း ကို လှမ်းကြည့်လိုက်၏။ သူနားမလည်သောစာသားများသည် ပေါ်ပေါက်လာခဲ့၏။ သူသည် စနစ်ကို အကူအညီ တောင်းကာ မေးလိုက်၏။ “ဒါကို ဘာသာပြန်ပေး”

“ကိုယ့်ဘာကိုယ်သာ ကြည့်လိုက်တော့”

ဝှစ်

အလွန်အားကောင်းလှသော စွမ်းအင်တစ်ခုသည် သူ၏သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာပြီး ကျွင်းချောင်ရှောင်း အနေဖြင့် ပုံရိပ်ယောင်မြင်ကွင်းပေါ်ရှိ စာများကို ချက်ချင်းပဲ နားလည်နိုင်စွမ်း ရှိသွား၏။

ပါဝင်သည့်အကြောင်း အရာသည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ဆယ်ယောက်မြောက် ရေတပ်ဦးစီချုပ်သည် အဆင့်နိမ့်နယ်မြေ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုနယ်မြေသည် ကြယ်ကြွေကုန်းမြေတိုက်ဟု ခေါ်ဆို၏။ သူတို့သည် ရုတ်တရက် တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီဖြစ်၏။ စစ်သူကြီးအနေနှင့် သူတို့အား ညွှန်ကြားချက်ပေးရန် တောင်းခံခြင်းပင်။

All Chapters