အခန်း ၁၆၁၇
Vol. 109 Ch. 1617
အပိုင်း (၁၆၁၇)
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့်အတူ သံမဏိအရိုးတောင်ဆီမှ ထာဝရ နှင့်အတူ ထွက်ခွာသွားခဲ့၏။ ထာဝရဆိုသည်မှာ ပထမစစ်ဦးစီးချုပ်၏ အဓိကရွက်သင်္ဘောကြီးပင်ဖြစ်သည်။ ထိုအရာသည် ကုန်းရှန့်၏ အလုံးစုံသောထိန်းချုပ်မှုကို ခံနေရပြီး ပြိုင်စံရှားဂိုဏ်း၏ သီးသန့်သယ်ယူပို့ဆောင်ရေး ယာဉ်တစ်ခုဖြစ်လာခဲ့၏။ အနာဂတ်တွင် သူ့အနေနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ သွားမည်ဆိုလျှင် ထိုအရာကို မှီခိုရန် လိုအပ်၏။ ထို့အပြင် တည်နေရာအသေးစိတ်အချက်အလက်များ တည်ရှိပြီးသားဖြစ်သောကြောင့် အချိန်ကုန် သက်သာပေ၏။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ အမျိုးအဆွေများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကျန်လျက်ရှိ၏။ ၎င်းတို့ အားလုံးအား အထက်နယ်မြေသို့ ခေါ်ဆောင်လာသည်ဆိုပါက ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် အောက် နယ်မြေကသည်သာ ၎င်းတို့နေထိုင်ရန် အကောင်းဆုံးသော နေရာဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အတင်းကြီး ခေါ်ဆောင်မလာခဲ့ချေ။ သူ့တွင် ရွက်သင်္ဘောကြီး တည်ရှိနေသည်ဖြစ်သောကြောင့် တပည့်များအနေနှင့် အချိန်မရွေး ပြန်လည်ကာ လည်ပတ်နိုင်စွမ်းရှိ၏။ ထို့အပြင် ဂိုဏ်းထဲတွင် တစ်ပိုင်းပျက်လျက် ရှိနေသည့် ရွက်သင်္ဘောတော်တော်များများ ကလည်း ကျန်ရှိနေသေး၏။ ထိုအရာများကို ထိုက်ရွှမ်အကြီးအကဲ သည်သာ ပြန်လည်ပြင်ဆင်ပြီးဖြစ်ပါက အချိန်မရွေးခရီးသွားလာနိုင်သည့်အရာမျိုး ဖြစ်လာနိုင်ပေလိမ့်မည်။
“ဆရာကြီး”
ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပျက်စီးသွားခဲ့တဲ့ ရွက်သင်္ဘောကြီး ၁၀ စင်းကို ပြန်ပြီးပြင်ဆင်လို့ရနိုင်လား။”
“ဒါက ပြဿနာမဟုတ်ဘူး။”
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ “ဒါပေမဲ့ ဒီ ရွက်သင်္ဘောတွေက သာမန်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာလေ။ စကြဝဠာတစ်ခုလုံးကို ခရီးထွက်နိုင်တယ် ဆိုပေမဲ့ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ ကြံ့ကြံ့ခံနိုင်မှာမဟုတ်ဘူးထင်တယ်။”
၁၀ ဦးမြောက် ရေတပ်ဦးစီးချုပ်သည် အောက်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီးသည့်နောက် ကျေးကျွန်နှင့် စွမ်းအင် အရင်းအမြစ်များကို လာရောက်ကာ ရှာဖွေခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းယူဆောင်လာခဲ့သော ရွက်သင်္ဘောများသည် အဆင့်မြင့်အခြေအနေတွင် မရှိချေ။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသောသူများအားလုံးသည် လွယ်လွယ်ကူကူနှင့် ပျက်စီးပစ်နိုင်ခြင်းပင်။
အကယ်၍ တတိယစစ်ဦးစီးချုပ်နှင့် ပထမစစ်ဦးစီးချုပ်တို့ အထက်နယ်မြေကို ကျူးကျော်လာခဲ့စဉ်က ယူဆောင်လာခဲ့ သည့် ရွက်သင်္ဘောများသာဆိုပါက ဖျက်ဆီးနိုင်ရန် ခက်ခဲပေလိမ့်မည်။
“ကျုပ်တို့ ပြန်ရောက်ပြီးလို့ရှိရင် ဇွဲရှိရှိနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရတော့မှာပဲ။”
ကြယ်တာရာစိတ်ဝိညာဉ်လောကမှ လူများသည် တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့ကြ၏။ ပြီးနောက် အထက်နယ်မြေ သို့မဟုတ် အောက် နယ်မြေတစ်ခုလုံးကို လှည့်လည်သွားလာလျက်ရှိနေ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် စွမ်းအားကင်းမဲ့သလို ခံစားရစေ၏။ ထို့ကြောင့် သူ့အနေနှင့် အလုပ်ကြိုးစားရန် ဆုံးဖြတ်လိုက်တော့သည်။
ဂိုဏ်းအား ပိုမို၍ အားကောင်းလာစေရန် စောင့်မျှော်ရပေလိမ့်မည်။ အဓိကတာဝန်ကြီးပြည့်စုံပြီးသည့်နောက် သူသည် ထိုနေရာဆီသို့ သွားရောက်ကာဖြင့် အားလုံးကို ဖောက်ခွဲဖျက်ဆီးပစ်မည်။ ကုန်းရှန့်သည် အလွန်ပင် ရည်မှန်းချက် ကြီးမားသည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် အငြိုးအတေးကလည်း ကြီးမားလွန်း၏။ သူ၏ မှတ်စုစာအုပ်ထဲတွင် ရေးမှတ် ထားသည်ဆိုသည်နှင့် ကျိန်းသေပေါက် တချိန်ချိန်တွင် သွားရောက်ကာ အကြွေးတောင်းဆိုမှာ သေချာ၏။
……….
စကြဝဠာကြီးတစ်ခုလုံးသည် ကျယ်ပြောလွန်းလှ၏။ အဝေးတစ်နေရာ၏ ကြယ်စင်စုများထဲမှာတော့ အလင်းတန်းများ တောက်ပလျက်ရှိနေသည့် နယ်မြေတစ်ခုက ရှိ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းမှတ်တမ်းတင်ထားသော ကြယ်တာရာစိတ်ဝိညာဉ်လောကပင် ဖြစ်သည်။ မြင်ကွင်းကို သေသေချာချာကြည့်ရှုမည်ဆိုလျှင် ကောင်းကင်၏ အထက် တွင် ဝဲလွှင့်လျက်ရှိနေသည့် ကြီးမားလှသည့် ရွက်သင်္ဘောများ တည်ရှိနေသည်။
ထူးဆန်းလှသည့် ပုံသဏ္ဍာန်အမျိုးမျိုး၊အရွယ်အစားအမျိုးမျိုးနှင့် သတ္တဝါများသည် မြို့ထဲတွင် လမ်းလျှောက်လျက်ရှိနေကြ၏။ ဤသတ္တဝါများသည် မတူညီ သည့် နယ်မြေလောကအသီးသီးမှ ရောက်ရှိလာခဲ့ကြသည့် လူများဖြစ်ပြီး တစ်ချို့သည် ကျေးကျွန်များဖြစ်ပြီး တစ်ချို့ မှာတော့ ဌာနေမျိုးနွယ်များဖြစ်ကြ၏။ အလုံးစုံသောအားအင်အဆင့်အရဆိုလျှင် အထက်နယ်မြေထက် ပိုမိုကာ အားကောင်းလွန်း၏။
နန်းတော်တစ်ခု၏ အတွင်းဘက်မှာတော့ ပိန်သွယ်သွယ်နှင့် လူတစ်ယောက်သည် ထိုင်ခုံပေါ်အသာမှီထား၏။ သူသည် ပုံရိပ်ယောင်အလင်းပေါ်တွင် ပေါ်လျက်ရှိနေသည့် စကားလုံးများအား စိတ်ဝင်တစားဖြင့်ကြည့်ရှုနေ၏။ ပါဝင်သည့် အကြောင်းအရာသည် ကျုပ် ကျွင်းချောင်ရှောင်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး ဖျက်ဆီးသွားတဲ့ ကျိန်းသေပေါက် ဖျက်ဆီးပစ်မည်။
“ကျွင်းချောင်ရှောင်း ဟုတ်လား။”
သူသည် နှာခေါင်းကို ပွတ်သပ်ကာဖြင့် အလိုမကျသလို ပြောလိုက်၏။ “မောက်မာလိုက်တာ။”
“အရှင်”
ထိုအချိန်မှာတော့ နောက်လိုက်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ပထမစစ်ဦးစီးချုပ် ပြန်လာပါပြီ။”
ဟမ့်
ထိုလူသည် အေးစက်စက်ပြောလိုက်၏။ “တာဝန်မပြည့်စုံဘဲနဲ့ ပြန်လာဖို့ မျက်နှာရှိသေးတယ်ပေါ့။”
“အရှင်”
ပထမစစ်ဦးစီးချုပ်သည် အထဲသို့ လျှောက်ဝင်လာကာဖြင့် ဒူးထောက်ထိုင်ချလိုက်၏။ ပြီးနောက် လေးလေးစားစားဖြင့် ပြောလိုက်သည်။ “အထက်နယ်မြေကို တိုက်ခိုက်တဲ့အချိန်မှာ ကုထျန်းရှစ်ဆိုတဲ့လူက ရုတ်တရက် ပေါ်လာတယ်။”
“ကုထျန်းရှစ်ဟုတ်လား။”
ထိုလူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီလူက ကျင့်ကြံခြင်းလောက ကနေ အနားယူထားတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး အထက်နယ်မြေမှာ ပေါ်လာရတာလဲ။”
စစ်သူကြီးက ပြောလိုက်သည်။ “ကုထျန်းရှစ်က ပြောတယ်။ အထက်နယ်မြေက သူ့ရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိတယ်တဲ့။ တကယ်လို့ ကြယ်တာရာစိတ်ဝိညာဉ်လောကက ထပ်ပြီးကျူးကျော်လာမယ်ဆိုရင် သူကနယ်မြေသခင်ဆီကို လာပြီး ဆွေးနွေးမယ် လို့ပြောတယ်။”
ဟမ့် ...။
ထိုလူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “သူ့ကိုယ်သူ ဆရာကြီးလို့ ထင်နေတာလား။ နယ်မြေသခင်နဲ့တောင် လာပြီးတော့ စကားပြောဆိုရဲနေတာလား။”
အနောက်ဘက်တွင် ရပ်လျက်ရှိနေသည့် နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။ “အရှင် ... ကုထျန်းရှစ်ဆိုတာက အထက်စကြဝဠာတစ်ခုလုံးရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲလေ။ သူ့ကို အထင်သေးလို့မရဘူး။”
“ကောင်းပြီ။”
ထိုလူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒါဆိုလည်း သူ့ကို မျက်နှာသာပေးလိုက်မယ်လေ။ အခုလောလောဆယ် အထက်နယ်မြေတစ်ခုလုံးကို လွှတ်ထား လိုက်ရတာပေါ့။”
…….
ဆွစ်
ပြိုင်စံရှားဂိုဏ်းသည် တည်နေရာကို ခရီးဖြတ်သန်းပြီးသည့်နောက် အင်မော်တယ်တောင်ဆီသို့ ပြန်လည် ရောက်ရှိ လာ၏။
အနီးအနားတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ကြောင်အသွားခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ သည် ထိုရွက်သင်္ဘောဆီမှတစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာသည်ကို မမြင်သည်ဆိုပါက ကြယ်တာရာ စိတ်ဝိညာဉ်လောကမှာ တစ်ခြားသောရွက်သင်္ဘောများစေလွှတ်ကာ တိုက်ခိုက်သည်ဟု သူတို့ ထင်မိကြမှာသေချာသည်။
“ဆရာကြီး”
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက သတိပေးလိုက်၏။ “ကျေးဇူးပြုပြီး ရွက်သင်္ဘောတွေ ပြန်လည်ပြင်ဆင်ဖို့ ပိုပြီးတော့အာရုံစိုက်ထားပါ။”
ပြောနေစရာပင် မလိုပေ။ ထိုက်ရွှမ်အဘိုးအိုသည် အမှန်ပင် ဇွဲကောင်းကောင်းနှင့် ပြုလုပ်လျက်ရှိနေ၏။ ထို့အပြင် သူသည် နည်းပညာများကို လေ့လာရသည်ကို နှစ်သက်သည့် လူတစ်ယောက်ဖြစ်နေသည်မဟုတ်ပါလား။ ကျွင်းချောင်ရှောင်းသည် ရွှဲရမ်ကွေ့ကို ခေါ်ကာဖြင့် အဖွဲ့သားများအားလုံးကို ဇွဲကောင်းကောင်းနှင့် လေ့ကျင့်ပေးထားရန် ညွှန်ကြားခဲ့၏။ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် ဂိုဏ်းချုပ်တစ်ယောက် ကြယ်တာရာစိတ်ဝိညာဉ်လောကကို သွားရောက်ကာ တိုက်ခိုက်မည့်အကြောင်းကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် ကျင့်ကြံခြင်းအပေါ်တွင် သေသေချာချာ အာရုံစူးစိုက်ထားခဲ့ကြသည်။
“ဂိုဏ်းချုပ်”
သူ၏ အိပ်ဆောင်ဆီသို့ ပြန်ရောက်ရောက်ချင်းမှာပဲ လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ “ပုံပြောသူ ဒီကို ရောက်နေတယ်။”
“ဘာလို့သူက ဒီကို ရောက်နေတာလဲ။”
ကျွင်းချောင်ရှောင်းသည် ခဏလောက် အံ့အားသင့်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ “အဓိကဟောခန်းထဲကို သူ့ကို ပင့်ဖိတ်လိုက်လေ။”
“ကောင်းပါပြီ။”
…
ဂိုဏ်း၏ အဓိကဟောခန်း
ပုံပြောသူသည် အသာထိုင်ချပြီးသည့်နောက် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း နာမည်အကြောင်းကို ကျုပ်ကြားဖူးနေတာ ကြာပြီလေ။ ဒီနေ့မှာပဲ တွေ့တော့တယ်။ ခင်ဗျားက တကယ့်ကို ဂုဏ်သိက္ခာနဲ့ ရှင်သန်နေထိုင်ခဲ့တဲ့လူပဲ။”
“…....”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာ မြှောက်ပေးနေပါပြီ။”
သူ့အနေနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ရေတပ်ဦးစီးချုပ်၏ ရိုက်နှက်ခြင်းကိုသာ မခံခဲ့ရပါက ကျိန်းသေ ပေါက် လေးစားခံရသည့်လူမျိုးဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဤလူသည် မယုံရဟု ကျွင်းချောင်ရှောင်းက ခံစားမိနေ၏။
“ဂိုဏ်းချုပ်ကျွင်း”
ပုံပြောသူသည် ပြုံးကာ ပြောလိုက်သည်။
“ကျုပ် ဒီနေ့ ခင်ဗျားဆီကို လာတာ ပြောစရာတစ်ခုရှိလို့။”
“စီနီယာ ကျေးဇူးပြုပြီး ပြောသာပြောပါ။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
ပုံပြောသူသည် စားပွဲပေါ်သို့ သူ၏ တူလေးကို အသာတင်ကာဖြင့် ပြောလိုက်သည်။“ကောင်းကင်ယံမှာ ပေါ်လာတဲ့ ကျွမ်းကျင်သူကို ခင်ဗျားမှတ်မိသေးလား။ သူက အထက်နယ်မြေကို ကယ်တင်ခဲ့တယ်လေ။”
“ကျုပ်သိပြီ။”
“ဒီလူက မရိုးရှင်းဘူး။”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ရေရွတ်လိုက်သည်။ ဒါပဲလား။
များပြားလှသည့်ကပ်ဘေးများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည့် သိုင်းကျင့်ကြံသူများဖြစ်သည်မို့ ကုထျန်းရှစ်သည် မရိုးရှင်းလှကြောင်းကို အတပ်သိနိုင်၏။
“အထူးသဖြင့် သူ့ရဲ့ ၂ နှစ်၊ ၃ နှစ်သား ကလေးပဲ။” ပုံပြောသူက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မငြင်းပယ်နိုင်ချေ။ မိဘများမှာ အံ့အားသင့်စရာ ကောင်းပြီး ယောက္ခထီးသည်ကလည်း တောင်ပင်လယ်နယ်မြေ၏ နယ်မြေအရှင် ဖြစ်လို့နေခဲ့၏။ ၎င်းသည် ၂ နှစ် သားကလေးသာဖြစ်သော်လည်း တည်နေရာချိုးဖြတ်ခြင်းအဆင့်ဆီသို့ ရောက်ရှိလျက်ရှိ၏။ အရွယ်ရောက်လာသည် ဆိုလျှင် ထိုမျှထက် ပိုမိုကာကြောက်မက်ဖွယ်ရာကောင်းသည့် လူဖြစ်လာမှာ သေချာ၏။
အင်း ... ငါ ဘာလို့ သူ့လောက် ကံမကောင်းရတာလဲ။
ပုံပြောသူသည် လေးနက်တည်ကြည်စွာပြောလိုက်သည်။ “ကျုပ်ရဲ့ သေသေချာချာ လေ့လာမှုအရဆို အဲကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်ရှင်သန်နိုင်တဲ့ စိတ်ဝိညာဉ်တည်ရှိနေတယ်။”
“ဘာ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
“စိတ်ဝိညာဉ်မျိုးစေ့ ဆိုတာ ဘယ်လိုမျိုးပဲဖြစ်ဖြစ် စကြဝဠာထဲမှာ ပြိုင်စံရှားတဲ့ အရာတစ်ခုလေ။ သူက ရှားပါးလွန်းတယ်။” ပုံပြောသူက သတိပေးလိုက်သည်။
“စီနီယာ။ စီနီယာဆိုလိုတာက”
ကျွင်းချောင်ရှောင်းသည် သူ၏ ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် မေးလိုက်မိ၏။ “အဲကလေးက ကျုပ်ရဲ့ သေဖော်ရှင်ဖက်ညီအစ်ကို ကုကျောင်းရှစ်လား။”
“အမှန်ပဲ။” ပုံပြောသူက ခေါင်းညိတ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ထိုင်ချလိုက်ပြီးနောက် လေးလေးနက်နက် စတင်ကာ တွေးတောတော့သည်။ စားသောက်နေစဉ်အတွင်း ကုထျန်းရှစ်သည် သူ၏ သားမှာ ၂ နှစ်ခွဲအရွယ်သာရှိကြောင်း ပြောဆိုခဲ့၏။ ကုကျောင်းရှစ် သေဆုံးသည့် အချိန်ကာလကို တွက်ချက်ရမည်ဆိုလျှင် ပြန်လည်ရှင်သန်မွေးဖွားလာသည် ဆိုပါက ဤအရွယ်လောက်ပင်ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် ကြောက်လန့်တကြားဖြင့် ပြေးဝင်လာကာ ပြောလိုက်သည်။ “အကြီးအကဲကုရဲ့ အုတ်ဂူရှေ့မှာ ရှိနေတဲ့ ကြိုးမရှိတော့ဘူး။”
“ဘယ်သူယူသွားတာလဲ။”
“စီနီယာကုရဲ့ သားက တောင်အနောက်ဘက်ကို သွားတယ်လို့ တပည့်တစ်ချို့က မြင်ခဲ့တယ်တဲ့။ သူက အပျော်သဘော အနေနဲ့ ယူသွားတာလားမသိဘူး။”
အကယ်၍ ပြန်လည်မွေးဖွားနိုင်သောစိတ်ဝိညာဉ်တည်ရှိသည်ဆိုလျှင်ပင် ကျွင်းချောင်ရှောင်းသည် သူ၏ သံသယအဆင့်သာ ထားရှိမည်ဖြစ်၏။ သို့ပေမဲ့ အုတ်ဂူရှေ့တွင်ရှိနေသော ကြိုးကြီးကို ယူဆောင်သွားခဲ့သည်ဆိုမှတော့ သူ၏ ညီ ကုကျောင်းရှစ်ဖြစ်မည်ဖြစ်ကြောင်းကို အတပ်သိလိုက်၏။ ထိုအရာသည် သူတို့ ညီနောင်ကြားတွင် တည်ရှိနေသည့် ရင်းနှီးပတ်သက်မှုကို အတည်ပြုထားသည့် ကြိုးလည်း ဖြစ်နေသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျွင်း”
ပုံပြောသူကပြောလိုက်၏။ “အထက်နယ်မြေက စကြဝဠာကြီးထဲမှာ သေးငယ်တဲ့ အရာလေးပဲလေ။ တကယ်လို့ ခင်ဗျားအနေနဲ့ ပိုပြီးတော့ အားကောင်းချင်တယ်ဆိုရင် အပြင်ဘက်ကို ထွက်ပြီးတော့ အတွေ့အကြုံတွေရှာသင့်တယ်။”
“စီနီယာ .... စီနီယာပြောတာ အမှန်ပဲ။”
ကြယ်တာရာစိတ်ဝိညာဉ်လောကသည် များပြားလှသည့် လွန်းပျံယာဉ်နှင့် ရွက်သင်္ဘောများကို ထားရှိခဲ့၏။ ကျွင်းချောင်ရှောင်းအနေနှင့် အထက်နယ်မြေ၏ အပြင်ဘက်သို့ ထွက်မှသာလျှင် ပိုမိုအားကောင်းသည့် လူတစ်ယောက်ဖြစ်လာမှာဖြစ်၏။ သူ့အနေနှင့် သွားစရာ လမ်းသည် အရှည်ကြီး ကျန်ရှိနေသေး၏။
“နှုတ်ဆက်ပါတယ်။” ပုံပြောသူက ထွက်ခွာသွားခဲ့သည်။
သူ့အနေနှင့် အများကြီး မပြောဆိုခဲ့သော်လည်း ကျွင်းချောင်ရှောင်းသည် အံ့အားသင့် စရာ သတင်းကြီးတစ်ခုကို ရရှိခဲ့၏။
“ညီလေး”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ထွက်လျှောက်ပြီးသည့်နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ပြီးနောက် ကြိတ်ကာ ပြောလိုက်သည်။“အထက်နယ်မြေရဲ့ အဓိကတာဝန်ကြီး ပြည့်စုံအောင် လုပ်ပြီးရင် ငါ တောင်ပင်လယ်နယ်မြေကိုလာပြီး မင်းကိုရှာမယ်။”
ပုံပြောသူသည် ကုန်းဝတွင် ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း အချိန်ကိုက် လာရောက်ကာ ပြောဆိုခဲ့၏။ အထက်နယ်မြေသည် စကြာဝဠာထဲတွင် သေးငယ်လှသည့် အရာလေးဖြစ်ကြောင်းကို လည်း တကူးတကပြောဆိုခဲ့၏။ ၎င်း၏ ရည်ရွယ်ချက်မှာ ကုန်းရှန့်အနေနှင့် အပြင်ဘက်သို့ ထွက်၍ အတွေ့အကြုံများ ကို ရှာဖွေချင်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ သူသည် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ရန် ပထမဦးစားပေးပြုလုပ်ရန် တည်ရှိနေသေး၏။ ထို့အပြင် သူသည်အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ယခုမှ ဝင်ရောက်ကာစပင် ဖြစ်သေး၏။ အပြင်ဘက်သို့ ထွက်ရန် လုံလောက်သည့်အားအင်အဆင့်ကို မပိုင်ဆိုင်သေးချေ။