← Chapters

အခန်း ၁၆၁၉

Vol. 109 Ch. 1619

အခန်း ၁၆၁၉

Vol. 109 Ch. 1619

အပိုင်း (၁၆၁၉)

အသစ်ဖြစ်ပေါ်လာသည့် တာဝန်ကို ကြည့်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏အားအင်အဆင့်ကို အတင်း တိုးမြှင့်ရန် လိုအပ်နေ၏။ သူ့အနေနှင့် ပျင်းရိလေးကန်နေ၍ မဖြစ်တော့ချေ။

နှစ်နှစ် - ဤအရာသည်မှာ ရှည်လျားလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ အထူးတာဝန်ကို ပြည့်စုံရန်အတွက်တော့ ကျိန်းသေပေါက် ခက်ခဲပေလိမ့်မည်။

“အကြီးအကဲတင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားကို လုံလောက်တဲ့ သိုင်းပညာအရင်းအမြစ်တွေ၊ သိုင်းကျင်ကြံခြင်းအရင်းအမြစ်တွေ ပေးလိုက်မယ်ဆိုရင် အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်ကို ဘယ်ချိန်လောက်မှာ ရောက်နိုင်မလဲ”

“နှစ်ပေါင်းနှစ်ထောင်လောက်ပေါ့”

“...............”

ကုန်းရှန့်သည် ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွား၏။ နှစ်နှစ် နှင့် နှစ်ပေါင်းနှစ်ထောင် ကွာခြားမှုသည် မည်မျှအဆများကြောင်း သူကဲ့သို့ သင်္ချာညံ့သူပင်လျှင် သိရှိနိုင်၏။

ကျွင်းချောင်ရှောင်းသည် ကုန်းစွန်းဟုန့်အား ထပ်မံကာမေးလိုက်၏။ သူ့အနေနှင့် အဖြေသည် နှစ်ပေါင်းတစ်ထောင်ဟု ပြောဆိုလျက်ရှိ၏။ ထို့ကြောင့် သူသည် စိတ်ဓာတ်ကျသွားမိ၏။ စားပွဲပေါ်သို့ မျက်နှာတင်ကာဖြင့် ဝမ်းနည်းစွာ ပြောလိုက်သည်။ “ဘာလို့ အရမ်းကို ခက်ခဲလွန်းတာလဲ”

အလယ်အလတ်အဆင့် အစစ်အမှန်ရှာဖွေခြင်း ကျင့်ကြံသူ ငါးယောက်နှင့် အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်းကျင့်ကြံသူ ဆယ်ယောက် ဆိုသည်က တည်ရှိနေသေး၏။

“စိတ်ဓာတ်မကျနဲ့”

စနစ်က ပြောလိုက်သည်။ “စိတ်သာရှိမယ်ဆိုရင် အရမ်းခက်ခဲတဲ့ ပြဿနာတွေမှာတောင် ဖြေရှင်းချက် ရှိသေးတယ်”

“ဒါက အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကိုမော့ကာဖြင့် ကြည့်ရှုလိုက်၏။ “ငါ အပြင်ကို ထွက်ပြီးတော့ အရမ်းကို အားကောင်းတဲ့ အဆင့်မြင့် ကျွမ်းကျင်သူတွေကို ဂိုဏ်းထဲခေါ်မှနဲ့တူတယ်”

နှစ်နှစ်အတွင်း လေ့ကျင့်ပေးရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ဂိုဏ်းထဲသို့ အစစ်အမှန် ရှာဖွေခြင်းအဆင့်မြင့် ကျင့်ကြံသူများကို သွားရောက်ကာ ခေါ်ဆောင်ပြီး အကြီးအကဲများအဖြစ် ရာထူးပေးလိုက်မည် ဆိုလျှင်ကော။

စနစ်သည် ဆွံ့အသွားမိ၏။ “ဒါ သက်သက် လှည့်စားနေတာပဲ”

ထိုကဲ့သို့သော အကြံအစည်ကို ရရှိခဲ့ပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် မည်သူ့ကို ခေါ်ယူရမည် ဆိုသည်ကို စတင်ကာ စဉ်းစားလိုက်၏။ ပထမဆုံး သူ၏အတွေးထဲတွင် ပေါ်ပေါက်လာသူမှာ ကြီးမြတ်သူတုံးကုနှင့် ၎င်း၏ မိတ်ဆွေ အပေါင်းအသင်းများပင် ဖြစ်သည်။ ထိုသူတို့အား ဂိုဏ်းထဲသို့ ခေါ်ဆောင်လိုက်မည်ဆိုပါက သူ၏တာဝန်လိုအပ်ချက်သည် ပြည့်စုံသွားသည်သာမက သူ၏ဂိုဏ်းသည်လည်း ကြီးမားသည့် ဂုဏ်သိက္ခာနှင့် ပြည့်စုံသွားပေလိမ့်မည်။ အောင်မြင်မှုနှုန်းသည်လည်း တစ်ထောင်ရာခိုင်နှုန်းအထက်ပင် ရောက်သွားပေလိမ့်မည်။

“အခွင့်အရေးပဲ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ လင်းလက်သွားမိ၏။ “ဒါက အဆင့်ချိုးဖြတ်နိုင်ဖို့ အကောင်းမွန်ဆုံး အခွင့်အရေးပဲ”

သူ့အနေနှင့် အကြီးအကဲများနှင့် တပည့်များကို ခေါ်ယူနိုင်သေး၏။ အထူးတာဝန် ပြည့်စုံသည့်အချိန်တွင် သူသည် အဆင့်နိမ့် အစစ်အမှန် ရှာဖွေခြင်း အဆင့်မှသည် နတ်ဘုရားအဆင့်ထိပါ ရောက်ရှိသွားနိုင်လောက်သည်။

“လက်ခံသူ အိမ်မက် မက်မနေနဲ့”

စနစ်သည် အကြိမ်ပေါင်းများစွာ မျက်နှာရိုက်ခံနေရသည်ဆိုသော်လည်း ဤအချိန်မှာတော့ ယုံကြည်ချက်ရှိရှိ ပြောဆိုနိုင်စွမ်း ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် စာရေးသူသည် ကုန်းရှန့်အား အစစ်အမှန် ရှာဖွေခြင်း ဒုတိယအဆင့်မှသည် နတ်ဘုရားအဆင့်အထိ တိုးတက်သွားအောင် ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်သောကြောင့်ပင်။

............

အထူးတာဝန် ပေါ်ပေါက်လာသည်ဆိုခြင်းမှာ ကျွင်းချောင်ရှောင်း အနေနှင့် အရေးကြီးသော အဆင့်တွင် တည်ရှိနေသည်ဖြစ်ကြောင်း သိရှိနိုင်၏။ သူမည်မျှ ကြိုးစား ကြိုးစား ထပ်မံကာ တိုးတက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျင့်ကြံရာကို လက်လျော့ပြီးသည့်နောက် ထူးခြားလှိုဏ်ဂူဆီသို့သွားကာ သူ၏ဆရာအား ခေါ်ယူရန် ကြိုးစားတော့၏။

“ငါ သဘောမတူဘူး”

လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိပြီးသည့်နောက် ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “ငါက စည်းတွေ၊ ဘောင်တွေနဲ့ နေတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး။ ဂိုဏ်းတစ်ခုထဲကို ဘယ်တော့မှ ဝင်ရောက်မှာ မဟုတ်ဘူးလေ”

“ဆရာ”

“အများကြီး ပြောနေစရာ မလိုအပ်တော့ဘူး”

ကြီးမြတ်သူတုံးကုကဲသို့ လူများသည် လွတ်လပ်မှုကို လိုလားကြ၏။ အေးအေးဆေးဆေး စစ်တုရင်ကစားမည်။ ပြီးနောက် လုပ်ချင်ရာကို လုပ်ကြမည်။ သဘာဝအားဖြင့် ဂိုဏ်းတစ်ခုကို ဝင်ရောက်လိုက်ခြင်းဆိုသည်မှာ မမြင်ရသည့် နှောင်ကြိုးများဖြင့် ချုပ်နှောင်လိုက်ခြင်းပင်ဖြစ်သည်။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ထွက်ခွာသွားခဲ့၏။ သူ၏ဆရာ သဘောမတူဘူးဆိုလျှင်တောင်မှ သူသည် သူတော်စင်ခုနှစ်ပါးကို သွားရောက်ကာ ခေါ်ဆောင်မည်ဆိုလျှင်ကော။

ထိုကဲ့သို့ ကြိုးစားနိုင်ရန်အတွက် ကျွင်းချောင်ရှောင်းသည် လက်ဆောင်များကို ပြင်ဆင်ကာ ယူဆောင်သွားခဲ့တော့၏။ နောက်ဆုံးမှာတော့ သူသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တစ်ယောက်ကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့၏။ လုပ်စရာရှိသည်များကို ပြုလုပ်ပြီးသည့်နောက် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် တိုးတက် မလာခဲ့ချေ။

ဟား ဟား ဟား ဟား

စနစ်သည် မနေနိုင်ဘဲ ထကာ ရယ်မောလိုက်မိသည်။

“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲလိုက်မိ၏။ သူ့အနေနှင့် တာဝန်ကို ပြည့်စုံနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးစားမည်ဟု စီစဉ်ထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူလိုချင်သလို မဖြစ်ခဲ့ချေ။

“စီနီယာ... အခု စီနီယာက လွတ်လပ်သွားပါပြီ”

ကျွင်းချောင်ရှောင်း အနေဖြင့် အသစ်ခေါ်ယူထားသော သူတော်စင် ခုနှစ်ပါးထဲမှ တစ်ပါးအား တစ်ခါတည်း ဂိုဏ်းထဲမှ ထုတ်ပယ်လိုက်၏။ ထိုသူသည် အဓိက ဟောခန်းထဲတွင် ကြောင်တောင်တောင်နှင့် ထိုင်လျက် ရှိနေ၏။

“ဒုက္ခရောက်နေပြီလား” နှင်းဆီဧကရီသည် ရုတ်တရက် ဝင်ရောက်လာကာဖြင့် သူ၏ဘေးနားတွင် ထိုင်ချလိုက်သည်။

“ခင်ဗျားပြောချင်တာက ဘာလဲ”

ကျွင်းချောင်ရှောင်းသည် စိတ်မပါလက်မပါဖြင့် မေးလိုက်၏။ လွန်ခဲ့သည့် နှစ်များအတွင်း ကျွင်းချောင်ရှောင်းသည် အဓိကတာဝန်ပေါင်းများစွာကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။ တချို့သည် လွယ်ကူပြီး တချို့မှာမူ ခက်ခဲ၏။ သို့ပေမဲ့ ဤတစ်ခုသည် ငရဲခန်းလုပ်ဆောင်မှုနှင့် ဆင်တူနေတော့၏။ သူ့အနေနှင့် အထက်ပိုင်း အကြီးအကဲများကို အဆင့်မြင့်တက်လာအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ နှစ်နှစ် ဆိုသည်မှာ အလွန်တိုတောင်းလွန်းလှ၏။

“ကျွန်မ စီနီယာကုန်းစွန်းနောက်ကို လိုက်ပြီးတော့ ကျင့်ကြံခဲ့တယ်။ ကြုံဆုံခဲ့ရတဲ့ ဒုက္ခသုက္ခတွေက ရှင့်ထက် ဘယ်လိုမှ မနည်းဘူး။ ဟုတ်ပြီလား”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်မရှင်သန် လာနိုင်ခဲ့တယ်”

သူမနှင့် ကျွင်းချောင်ရှောင်းသည် အမည်ခံလင်မယားသာ ဖြစ်သောကြောင့် သူမသည် ကုန်းစွန်းရော့လီအား စီနီယာ ဟုသာ ခေါ်ဆိုခဲ့၏။

“ဟုတ်ပြီ”

ကုန်းရှန့်၏ မျက်လုံးများသည် လင်းလက်သွားခဲ့သည်။ “ခင်ဗျား ဘယ်လိုတွေ ကျင့်ကြံခဲ့တာလဲ”

နှင်းဆီဧကရီသည် ကုန်းစွန်းရော့လီအနောက်သို့ လိုက်ပါ၍ မကျင့်ကြံခဲ့စဉ်က အမြူတေပြောင်းလဲခြင်း အဆင့်၌သာ တည်ရှိနေသေး၏။ တစ်နှစ်ကျော်အတွင်းမှာပဲ သူမသည် အဆင့်နိမ့် အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ရောက်ရှိခဲ့၏။ ဤအမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။

“စီနီယာကုန်းစွန်းက ကျွန်မကို တားမြစ်တည်နေရာထဲကို ခေါ်ဆောင်သွားခဲ့တာပဲ”

“ဘာတားမြစ်တည်နေရာလဲ”

“ဘဝချောက်ကမ်းပါး”

“ဘဝချောက်ကမ်းပါး ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထိုတားမြစ်တည်နေရာအား တစ်ခါမှ မကြားခဲ့ဖူးချေ။

နှင်းဆီဧကရီက ပြောလိုက်၏။ “အထဲမှာ ကောင်းကင်နဲ့မြေကြီး ဓာတ်သဘာဝတွေက အရမ်းအားကောင်းတယ်။ ပြီးတော့ ကောင်းကင်နဲ့မြေကြီးနိယာမတွေကလည်း များတယ်။ ဒီတော့ စိတ်ရှိသရွေ့ စုပ်ယူလို့ရတယ်။ ဒီတော့ အချိန်တိုအတွင်း တမဟုတ်ခြင်း တိုးတက်သွားခဲ့တာပေါ့”

“အဲတာ ဘယ်နေရာမှာလဲ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်း စိတ်ပါဝင်စားသွား၏။ အထက်နယ်မြေဗားရှင်းစနစ်သည် Refresh လုပ်၍ ရသည့် အချိန်အကန့်အသတ် တည်ရှိနေ၏။ ပစ္စည်းကောင်းများ မရှိဘူးဆိုပါက သူ့အနေနှင့် နောက်ထပ်တစ်လ စောင့်မျှော်ရန် လိုအပ်၏။ လုံးဝမယုံရသော စနစ်ပင်။

“ရှင် သွားချင်လို့လား”

“အထက်ပိုင်းအကြီးအကဲတွေနဲ့ တပည့်တွေကို စေလွှတ်မလို့လေ”

အဆင့်တစ်ခုတွင် ပိတ်မိနေပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် တိုးတက်ရန် မလိုတော့ချေ။ ထို့ကြောင့် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များကို သွားရောက်စေချင်မိ၏။

“မဖြစ်ဘူး”

နှင်းဆီဧကရီသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ “ရှင် သေသွားလိမ့်မယ်”

“ကျုပ်သေမှာ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွား၏။

နှင်းဆီဧကရီက ပြောလိုက်သည်။ “ဘဝချောက်ကမ်းပါးဆိုတာ တကယ်ပဲ ရှေးယခင်ကတည်းက တည်ရှိခဲ့တဲ့ ရှေးအစီအရင်ပဲလေ။ ဒီအစီအရင်ကို အသက်သွင်းနိုင်ဖို့အတွက် တစ်စုံတစ်ယောက်ကို လိုအပ်တယ်”

“ဟုတ်လား”

“အင်း၊ အဲလို အသက်သွင်းလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ အသက် သက်တမ်းကလည်း ကုန်ဆုံးသွားလိမ့်မယ်”

“တကယ်လို့ သူတို့ကို အားကောင်းလာစေဖို့အတွက် ကိုယ့်ရဲ့သက်တမ်းကို ကုန်ဆုံးသွားမယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

နှင်းဆီဧကရီက ပြောလိုက်၏။ “ပိုပြီးအားကောင်းလာဖို့အတွက် စီနီယာကုန်းစွန်းက အစီအရင်ရဲ့ အဓိက အမြူတေအဖြစ် ဖြစ်ပေးခဲ့တယ်။ ဒါကြောင့် တစ်နှစ်အတွင်းမှာပဲ သူ့ရဲ့ သက်တမ်း တစ်ထောင်ကျော်က ကုန်ဆုံးခဲ့တယ်လေ”

“အဲလောက်တောင်များလား” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိသည်။

နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်သို့ ခြေလှမ်းတစ်ဝက် လှမ်းဝင်ခဲ့ပြီဖြစ်သော သူ၏အဖေတစ်ယောက် အတွက် သက်တမ်းနှစ်တစ်ထောင်ဆိုတာ ဘာမှ မဟုတ်လှချေ။ သို့ပေမဲ့ သာမန်သိုင်းကျင့်ကြံသူအတွက်တော့ များပြားလွန်းလှ၏။

သိုင်းကျင့်ကြံသူများ၏ သက်တမ်းသည် ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ တိုးတက်လာကြ သည်မှာ သဘာဝပင် ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင် ဆုံးရှုံးရခြင်း ဆိုသည်မှာ ကျင့်ကြံနိုင်သည့် နှစ်ပေါင်းတစ်ထောင် အခွင့်အရေး ဆုံးရှုံးရခြင်းနှင့် ဆင်တူ၏။ အနာဂတ်တွင် တိုးတက်မလာဘူး ဆိုပါက ကိုယ့်ကိုယ်ကို သတ်သေသည်နှင့် ဆင်တူသော အရာပင် ဖြစ်သည်။

“ပြီးတော့ ဒါ လူတစ်ယောက်တည်း အတွက်လေ”

နှင်းဆီဧကရီက ပြောလိုက်၏။ “စီနီယာကုန်းစွန်းက လူတွေပိုဝင်လာမယ်ဆိုရင်ကိုယ်ရဲ့ ကုန်ဆုံးနိုင်တဲ့ သက်တမ်းက ပိုလာနိုင်မယ်လို့ ပြောတယ်”

“............”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အထူးတာဝန်၏ အချက်အလက်အရဆိုလျှင် သူသည် လူဆယ့်ခြောက်ယောက်ကို အဆင့်တိုးတက်အောင် ပြုလုပ်ပေးဖို့ လိုအပ်နေ၏။ ထိုသူတို့အားလုံးကို အထဲသို့သာ ထည့်လိုက်မည် ဆိုပါက သူ၏သက်တမ်းသည် ကျန်ရှိတော့မည် မဟုတ်ချေ။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဘဝချောက်ကမ်းပါးကဲ့သို့သော တားမြစ်တည်နေရာများသည် တစ်စုံတစ်ယောက်၏ သက်တမ်းကို အသုံးပြု၍ တခြားသောသူများ အတွေ့အကြုံ ရရှိအောင် ပြုလုပ်နိုင်သည့်အရာပင် ဖြစ်၏။

ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများသည် ကြားသာကြားဖူးခဲ့၏။ သို့ပေမဲ့ တစ်ခါမှ မသွားခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သိုင်းကျင့်ကြံခြင်း လောကကြီးတွင် တစ်ကိုယ်ကောင်းဆန်သည့် လူများသာ တည်ရှိနေသည် မဟုတ်ပါလား။

“သွားမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားပြီး စမ်းကြည့်ရမယ်”

သူ့အနေနှင့် ကျင့်ကြံနိုင်သည်သာ ဆိုပါက ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ၏အဆင့်သည် ပိတ်မိနေသည်ဆိုပါက သူ၏ သက်တမ်းသည် ပိတ်မိနေတော့မှာ ဖြစ်၏။

“ဒီတားမြစ်တည်နေရာက အစစ်အမှန်ရှာဖွေခြင်းအနိမ့်အဆင့် ကျင့်ကြံသူတွေဖြစ်လာဖို့ပဲ။ ဒါတောင်မှ သူတို့က အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ ကံတရားပေါ် မူတည်နေသေးတယ်”

တိတိကျကျ ပြောရမည်ဆိုလျှင် သက်တမ်းကို အဆုံးရှုံးခံ၍ ဘဝချောက်ကမ်းပါးထဲ မည်သူမှ မသွားချင်ပေ။

“ဒါလည်းဖြစ်ပါတယ်”

အတွင်းစည်းတပည့် ဆယ်ယောက်တို့အား အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ တိုးတက်အောင် ပြုလုပ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား အရင်ဆုံးခေါ်သွားရန် စီစဉ်ထား၏။

အဆင့်မြင့် အစစ်အမှန်ရှာဖွေခြင်းကျင့်ကြံခြင်းအဆင့်ကို မြင့်တက်နိုင်ဖို့ကတော့ သူထပ်မံကာ စဉ်းစားရပေမည်။

............

နောက်တစ်ရက် လေ့ကျင့်ရေးကွင်းပြင်မှာတော့ လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ စုရှောင်မို၊ လီဖေးနှင့် တခြားသော အတွင်းစည်းတပည့်များအားလုံးသည် ရှေးရွက်သင်္ဘောကြီးဆီသို့ ပျံတက်လိုက်ကြ၏။

ဝှစ်

ရွက်သင်္ဘောကြီးသည် လေဟာနယ်ကို ဖြတ်သန်းပြီး ဘဝချောက်ကမ်းပါးဆီသို့ ပျံသန်းသွား၏။ နှင်းဆီဧကရီကလည်း လိုက်ပါလာခဲ့သည်။ ထို့အပြင် သူမသည် တစ်ကြိမ်ရောက်ရှိခဲ့ဖူးသည့်လူ ဖြစ်သည့်အပြင် ဤတည်နေရာနှင့်ပတ်သက်၍ အတွေ့အကြုံရရှိပြီးသား ဖြစ်နေသည် မဟုတ်ပါလား။

သို့ပေမဲ့ ရှည်လျားလှသည့် တောင်၏အတွင်းပိုင်းတွင် ဖုံးကွယ်လျက်ရှိသည့် ဘဝချောက်ကမ်းပါးဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ သူမ၏ ရည်မှန်းချက်သည် လိုက်ပါကြည့်ရှုရန်အတွက် မဟုတ်ဘဲ အစီအရင်၏ အမြူတေအဖြစ် ပြုလုပ်ရန်သာ ဖြစ်တော့သည်။

ထို့ကြောင့် သူသည် အော်ဟစ်လိုက်၏။ “မြန်မြန် ထွက်ခဲ့စမ်း”

နှင်းဆီဧကရီက ပြောလိုက်၏။ “ဒီလောက်များပြားတဲ့တပည့်တွေ အထဲကိုဝင်သွားရင် သက်တမ်းတွေ အများကြီးကုန်မှာပေါ့။ ယောက်ျားက အနာဂတ်မှာ ပြိုင်စံရှားဂိုဏ်းကို စီမံခန့်ခွဲဖို့ လိုအပ်နေသေးတယ်လေ။ ဒီတော့ ဒီကိစ္စကို ကျွန်မလုပ်မှဖြစ်မယ်”

All Chapters