အခန်း ၁၆၂၀
Vol. 109 Ch. 1620
အပိုင်း (၁၆၂၀)
အထက်နယ်မြေ၏ ဆန်းကြယ်လှသည်ဆိုသော ဘဝချောက်ကမ်းပါးအား မည်သူတီထွင်ခဲ့သနည်း။ ဤအရာ၏ အလုပ်လုပ်ပုံသည် အမှန်ပင် မှော်ဆန်လွန်းလှချေ၏။ အစီအရင်၏ ဗဟိုအဖြစ် ဖြစ်တည်ခံရသူ၏ သက်တမ်းကို အသုံးပြုပြီးနောက် အဆင့်နိမ့် ကျင့်ကြံသူများ အနေဖြင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို တိုးမြင့်နိုင်စွမ်း ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည်ကို ကြားရသည့် အချိန်မှာတော့ ဤတည်နေရာသို့ ပြေးလာခဲ့၏။ သို့ပေမဲ့ နှင်းဆီဧကရီသည် အရင်ဆုံး ဝင်ရောက်ပြီးနောက် အစီအရင်၏ ဗဟိုအဖြစ် နေရာယူလျက် ရှိနေသည်။
"ဒါ ဘာကိုဆိုလိုတာလဲ။ ဇနီးကောင်းတစ်ယောက်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
စနစ်သည် ရင်ထဲပင် ထိသွားမိ၏။ ထို့ကြောင့်ပင် ကုန်းရှန့်အား အခွင့်အရေး အရယူကာဖြင့် ဆူငေါက်လျက်ပင် ရှိနေ၏။ “မင်းဘယ်လို ယောကျ်ားမျိုးလဲ”
"ခင်ဗျားရဲ့ သက်တမ်းက ကျုပ်လောက်ရှည်လို့လား"
ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "မြန်မြန်ထွက်ခဲ့"
ကုန်းရှန့်သည် ဤတည်နေရာသို့ ရောက်ရှိလာသည် ဆိုခြင်းမှာ သူ၏သက်တမ်းကို ပေးဆပ်ရဲသောကြောင့်ပင်။ အဘယ့်ကြောင့်ဆိုသော် သူသည် အလွန်ငယ်ရွယ်လွန်းလှပြီး သာမန်လူများထက် အဆင့်ချိုးဖျက်ရာတွင် မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် လိုလိုချင်ချင်နှင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ဤနေရာတွင် ယုစီနန်နှင့် ကုန်းစွန်းတို့သာ ဆိုပါက ကြောက်လန့်နေမှာ သေချာ၏။ ထို့ပြင် ၎င်းတို့သည် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်သောကြောင့် ဘဝတစ်သက်သာတွင် နတ်ဘုရားတတိယအဆင့်သို့ ဝင်ရောက်ရန်ဆိုသည်မှာ မျှော်လင့်ချက်မရှိချေ။ ထို့ကြောင့် ဤတည်နေရာအတွင်းသို့ ဝင်ရောက်သွားပါက မကြာခင် သေဆုံးသွားကြမှာ သေချာသည်။
"ကျွန်မက ယောကျာ်းကို ကူပြီးတော့ အနှောင့်အယှက်အတားအဆီးကို ဖယ်ရှားပေးတာလေ။ "
နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းအနေဖြင့် အထူးတာဝန်တွင် ပိတ်မိနေမှန်း မသိရှိချေ။ သို့ပေမဲ့ ဂိုဏ်းတစ်ခုလုံး တိုးတက်ချင်နေသည်ကို သိရှိပြီးနောက်မှာတော့ သူမ၏အသက်ကို လိုလိုချင်ချင်နှင့် စတေးခံလျက်ရှိနေ၏။
အခြားရည်ရွယ်ချက်လည်း မရှိချေ။ သူမသဘောအရဆိုလျှင် ဤအရာသည် ဇနီးတစ်ယောက်အနေဖြင့် ပြုလုပ်သင့်သည့် အရာပင် ဖြစ်၏။ ကုန်းစွန်းရော့လီသည် သူမ၏သက်တမ်း နှစ်တစ်ထောင်လောက်ကို သုံးကာဖြင့် သူမ၏အစွမ်း တိုးတက်အောင် ကူညီပေးခဲ့သည် မဟုတ်ပါလား။
"မလိုဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်ဘာသာ ကိုင်တွယ်နိုင်တယ်"
"အစီအရင်က အသက်သွင်းပြီးသွားပြီ။ သူတို့ကို မြန်မြန် အထဲကိုပို့လိုက်တော့" နှင်းဆီဧကရီက သတိပေးလိုက်၏။
".........."
သူမ ဆုံးဖြတ်ချက်ချပြီးကြောင်း သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ပေါင်တစ်သောင်းလောက် လေးလံ သည့် စကားကို ထုတ်ဖော်ကာပြောလိုက်ရသည်။ "အထဲဝင်တော့"
"ကောင်းပါပြီ"
လီချင်းယန်နှင့် အခြားသူများသည် အစီအရင်အတွင်းသို့ ဝင်ရောက်သွားကြ၏။
ဟူး ဟူး ဟူး
ဘဝချောက်ကမ်းပါးထဲသို့ လက်ရွေးစင်တပည့်ဆယ်ယောက် ဝင်ရောက်ပြီးသည့် အချိန်တွင် နှင်းဆီဧကရီ၏ ကိုယ်၌ထူးဆန်းသည့် ဓာတ်သဘာဝများ ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက် အစီအရင်တစ်ခုလုံးနှင့် ချိတ်ဆက်သွားခဲ့သည်။ ဤအရာသည် သက်တမ်းများပင် ဖြစ်သည်။ ဆံချည်တစ်မျှင်လျော့ကျသွားခြင်းသည် နေ့တစ်နေ့ ကုန်ဆုံးသွားခြင်းပင်။
အတွင်းပိုင်းမှာတော့ လုချင်းချင်း၊ လီချင်းယန်နှင့် အခြားသောသူများသည် ထိတ်လန့်တုန်လှုပ်နေ၏။ အစီအရင်သည် သက်တမ်းကို အကုန်ခံကာ အားကောင်းအောင် ပြုလုပ်ရသည်ဖြစ်သောကြောင့် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကဲ့သို့ပင် ဖြစ်တည်နေ၏။ အကန့်အသတ်မဲ့ များပြားလှသော လောက၏နိယာမများနှင့် စိတ်ဝိညာဥ်စွမ်းအင်များသည် တည်နေရာထဲ၌ ပြန့်နှံ့လျက်ရှိနေ၏။
"အံ့အားသင့်စရာပဲ"
စုရှောင်မိုသည် လက်ကိုမြောက်လိုက်၏။ သူ့အနေဖြင့် ဓာတ်သဘာဝများနှင့် ထိတွေ့ပြီးနောက် သူ၏စိတ်များသည် ကောင်းမွန်လာခဲ့၏။ သိုင်းပညာနှငိ့ ပတ်သက်သည့်အတွေ့အကြုံသည် တမဟုတ်ခြင်း တိုးတက်လာခဲ့၏။
အတိတ်တုန်းက ကျွင်းချောင်ရှောင်း ပံ့ပိုးပေးထားသည့် သိုင်းပညာအရင်းအမြစ်များ အားလုံးသည် အားကောင်းလှသည်ဆိုသော်လည်း ချောက်နက်ထဲတွင်တော့ ဓာတ်သဘာဝများသည် နေရာအနှံ့၌ ဖြစ်တည်နေကြောင်း ရှာဖွေတွေ့ရှိလိုက်ရ၏။ သိုင်းပညာနှင့်ပတ်သက်သည့် ဗဟုသုတများသည် လွယ်လွယ်ကူကူနှင့် ရယူနိုင်စွမ်း ရှိနေသည်။
စနစ်၏ စတိုးထဲတွင် ရှိနေသော အရာများသည် ကောင်းမွန်လှ၏။ သို့ပေမဲ့ မတူညီသည့်လောက၊ မတူညီသည့် စကြာဝဠာထဲတွင် မတူညီသည့်အရာများ တည်ရှိနေခဲ့၏။ ထို့ကြောင့် လုံလောက်သည့် အရာများကိုသာ ပေးဆပ်ပါက အကန့်အသတ်မဲ့ များပြားသော အရာများကို ရရှိမှာ သေချာ၏။
"လေ့ကျင့်ကြတော့" လုချင်းချင်းသည် ခြေချိတ်ကာ ထိုင်လျက်ရှိသည်။
လီချင်းယန်နှင့် အခြားသူများသည် အံ့အားသင့်နေရာမှာ ပြန်လည် သတိဝင်လာပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ၎င်းတို့၏ စိတ်ဝိညာဥ် စွမ်းအင်များကို လည်ပတ်လိုက်ကြ၏။
၎င်းတို့၏ လက်ထဲတွင် အလွန်အားကောင်းသော သိုင်းပညာနှင့် ပတ်သက်သည့် ဗဟုသုတများ တည်ရှိလို့နေခဲ့၏။ ၎င်းတို့အနေဖြင့် ထိုအရာများကို စုပ်ယူပြီး တိုးတက်အောင် ပြုလုပ်ရပေမည်။ ထိုမှသာလျှင် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူတို့၏ ကံတရားပေါ်တွင် မူတည်နေသေး၏။
အပြင်ဖက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောင်တုံးပေါ်တွင် ထိုင်လျက်ရှိနေပြေီး နှင်းဆီဧကရီကို တစ်ချိန်လုံး စောင့်ကြည့်လျက်ရှိနေ၏။ မျက်နှာတွင် တည်ငြိမ်နေသည့်ပုံပေါက်နေသော်လည်း စိတ်ထဲတွင်တော့ စိုးရိမ်နေမိသည်။
ဒွီ ဒွီ ...။
နှင်းဆီဧကရီ၏ ကိုယ်ဆီမှ အသက်ဓာတ်များသည် အပြင်ဖက်သို့ ထွက်ကာ အစီအရင် နှင့် ပေါင်းစပ်နေသည်ကို ကြည့်ရှုပြီး သူသည် မရိုးမရွဖြစ်မိနေ၏။
ဆယ်ရက်၊ ရက်ငါးဆယ်။
ဘဝချောက်ကမ်းပါးထဲတွင် ရှိနေသောလက်ရွေးစင်တပည့်အားလုံးသည် ဘုန်းကြီးအိုများကဲ့သို့ပင် လေ့ကျင့်လျက် ရှိနေကြ၏။ ၎င်းတို့၏ လက်ထဲတွင် ရှိနေသော သိုင်းပညာနိယာမများကို စုပ်ယူရင်း ၎င်းတို့၏ အဆင့်များသည် တိုးတက်လျက် ရှိနေကြသည်။
နှင်းဆီဧကရီသည် သူမ၏ သက်တမ်းကို ဆယ်ဆပိုမိုကာ ပေးဆပ်နေရ၏။ ထို့ကြောင့် မျက်မိတစ်မှိတ်အတွင်း နှစ်ဝက်ကို ရောက်ရှိသွား၏။ သူမ၏ အမဲရောင်ဆံနွယ်များသည် တစ်ဖြည်းဖြည်းနှင့် ဖြူလာခဲ့၏။ သူမ၏ သွယ်လှလျက်ရှိနေသည့် အသားအရေများသည် အိုမင်းရင့်ရော်လာခဲ့၏။ အသက်ဓာတ်ဆိုသည်မှာ သိုင်းကျင့်ကြံသူများ၏ အခြေခံပင် ဖြစ်၏။ နက်နဲလှသည့် သိုင်းကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိရန် ဆိုသည်မှာ ရှည်လျားသည့် အသက်ဓာတ်ကို ပိုင်ဆိုင်ရန် လိုအပ်၏။
"ချီးတဲ့မှ"
ထိုအချင်းအရာကို မြင်ရသည့်အခါမှာတော့ ကျွင်းချောင်ရှောင်းသည် အထဲသို့ ဝင်သွား၏။ အသွင်အပြင်ဆိုသည်မှာ မိန်းကလေးများအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ကြောင်း သူက နားလည်သည်။
"ကျုပ်လုပ်တော့မယ်"
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို ဆွဲထုတ်လိုက်၏။ အနည်းငယ်ကြမ်းတမ်းသွားသည့်အတွက် သူ့ကိုအပြစ်တင်ရန်မသင့်ပေ။ ဤနည်းလမ်းသည်သာ တိုက်ရိုက်ကျပြီး အကျိုးသက်ရောက်မှုရှိ၏။
ဒွီ
ကျွင်းချောင်ရှောင်းသည် အစီအရင်၏ ဗဟိုထဲတွင် ရပ်တန့်လိုက်၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် ဆူပွက်သွားပြီး ထူးဆန်းလွန်းသော တစ်စုံတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်သွားသည်။
"ဒါက အသက်ဓာတ်တွေပဲ"
"ငါ့ဆီမှာ ဘယ်လောက်အသက်ဓာတ်ရှိလည်းဆိုတာ မင်းမှတ်ထားနိုင်လား"
"အင်း ....အနည်းဆုံး နှစ်သောင်းလောက်ပေါ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါဆိုရင် တစ်ရာပဲကျန်တဲ့အထိ စတေးဖြစ်မယ်။ မင်းမှတ်ထားပေး"
အသက်ဓာတ်ဆိုသည်မှာ အဓိကတာဝန်ပေါ်တွင် မူတည်လျကိရှိနေ၏။ အဓိကတာဝန်သာ မပြည့်စုံပါက သူ့အနေဖြင့် သေသွားပေလိမ့်မည်။ တပည့်များကို ကူညီရန်အတွက် သူ့အနေဖြင့် ပေးဆပ်ရန် အဆင်သင့်ဖြစ်နေ၏။ အသက်ဓာတ်များသည် စုပ်ယူခြင်းကို ခံလိုက်ရ၏။ နာကျင်မှုကို မခံစားရသော်လည်း ကျွင်းချောင်ရှောင်းသည် ရှေ့တွင်ရှိနေသော နှင်းဆီဧကရီကို လှမ်းကာ ကြည့်ရှုနေမိ၏။
သူ၏ နှလုံးသားအား ဓားတလက်နှင့် ထိုးစိုက်ထားသလို နာကျင်နေ၏။ ဤအမျိုးသမီးသည် ရုတ်တရက် အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုအချင်းအရာကို ကြည့်ရှုရင်း သူသည် သူကိုယ်သူ အပြစ်တင်လျက်ရှိနေသည်။
စနစ်က ပြောလိုက်၏။
"မင်းလည်း အဘိုးကြီးဖြစ်အောင် လုပ်လိုက်ပေါ့ ။ ဒါဆိုရင်လည်း အဘိုးကြီးအိုစုံတွဲဖြစ်သွားတာပေါ့"
ထူးဆန်းလှချေ၏။ ဘဝချောက်ကမ်းပါးတွင် ရှိနေသော ဓာတ်သဘာဝများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် လီချင်းယန်သည် ကျင့်ကြံခြင်းအပေါ်တွင် သူသည် အလုံးစုံ အာရုံစိုက်လိုက်မိ၏။
တစ်ရက်တည်းမှာပဲကျင့်ကြံနေသည့် လုချင်းချင်းဆီမှ ထူးဆန်းလှသော အော်ရာများ ထွက်ပေါ်လာ၏။ အဆင့်နိမ့် အမြူတေပြောင်းလဲခြင်းအဆင့်မှ အဆင့်နိမ့် အစစ်အမှန်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
လီချင်းယန်၊ စုရှောင်မိုနှင့် အခြားသူများသည်လည်း အနောက်မှ လိုက်ပါလာခဲ့ကြ၏။ သူတို့သည်လည်း အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ လှမ်းတက်လိုက်ကြ၏။
"အဆင့်တက်သွားကြပြီကိုး။ ဂိုဏ်းထဲမှာ သိုင်းပညာနဲ့ပတ်သက်တဲ့ အရင်းအမြစ်တွေ အများကြီးရှိရင်တောင် ဒီလောက် မှော်မဆန်ဘူး။”
အစစ်အမှန် ရှာဖွေခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများကို မစုပ်ယူနိုင်တော့ချေ။ ထို့ကြောင့် ဘဝချောက်နက်ထဲမှ ထွက်ရန်သာ ရှိတော့၏။
သို့ပေမဲ့ အပြင်ဖက်သို့ ထွက်လိုက်သည့် အချိန်မှာတော့ အိုမင်းရင့်ရော်နေသည့် နှင်းဆီဧကရီကို တွေ့ပြီး ဆွံ့အသွားကြသည်။
"ဆ .... ဆရာကတော်"
အဝတ်အစားကြောင့်သာ မဟုတ်ပါက သူတို့သည် ကျိန်းသေပေါက် မှတ်မိလိမ့်မည်မဟုတ်ချေ။
နှင်းဆီဧကရီက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကိုပဲ ဂရုစိုက်လိုက်ကြ"
လီချင်းယန်မှာတော့ ဆရာကတော်မှာ အစီအရင်၏ ဗဟိုထဲတွင် တည်ရှိနေခဲ့ကြောင်းကို မြင်လိုက်ရ၏။ ယခုတွင် သူမသည် အိုမင်းရင့်ရော်နေသည့် မျက်နှာဖြင့် အပေါက်ဝတွင် ရပ်လျက်ရှိနေ၏။
ဆိုလိုသည်မှာ ဂိုဏ်းချုပ်သည် သူမအစား အစားထိုးဝင်ရောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အလောတကြီးဖြင့် ဗဟိုနေရာကို လှမ်းကြည့်လိုက်သည့် အခါမှာတော့ ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
"ငါဒီမှာပဲ"
အားလုံးသည် အလျင်အမြန်ပဲ ခေါင်းကိုငုံ၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူတို့ရှေ့တွင် မတ်တပ်ရပ်နေသည့် အသက်သုံးနှစ်မှ ငါးနှစ်အရွယ်ကလေးလေးကိုသာ မြင်လိုက်ရ၏။
အဝတ်အစားများသည် ချောင်ချိနေပြီး အိပ်ယာခင်းဖြင့် ပတ်ထားသည်နှင့်ပင် ဆင်တူနေ၏။ မျက်လုံးများမှာ ကြီးမားပြီး အရည်များဝိုင်းလျက်ရှိ၏။ ချစ်ဖို့ကောင်းရုံသာမက ကျွင်းချောင်ရှောင်းနှင့်လည်း ဆင်တူလှသည်။
"ချီးတဲ့မှ"
စုရှောင်မိုသည် ရုတ်တရက် တုန်လှုပ်စွာဖြင့် ထအော်လိုက်မိ၏။ "ဒါက ဂိုဏ်းချုပ်နဲ့ ဆရာကတော်တို့ရဲ့ သားလား။ ငါတို့ အထဲမှာကျင့်ကြံနေတာ သုံးနှစ်ကနေ ငါးနှစ်လောက် ကြာသွားခဲ့ပြီလား"
ဘန်း
ဘုတ်
လူတစ်ယောက်သည် လွင့်စင်သွားပြီး မြေပေါ်သို့ လှလှပပနှင့် ကျဆင်းသွား၏။ ကလေးလေးသည် လက်သီးထိုးသည့် ပုံစံကို ပြန်သိမ်းပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါမင်းရဲ့ ဂိုဏ်းချုပ်ပဲ"
အားလုံးတို့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြ၏။ ဂိုဏ်းချုပ်၏ မိန်းမသည် အိုမင်းသွားခဲ့ပြီး ဂိုဏ်းချုပ်မှာတော့ ပိုငယ်သွားခဲ့၏။
သက်တမ်းကုန်ဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးသည် အဘယ့်ကြောင့် ဤမျှကွားခြားနေရသနည်း။
"သွားကြရအောင် ဂိုဏ်းဆီ ပြန်ကြမယ်"
................
တစ်ရက်တည်းမှာပဲ ဂိုဏ်းသည် အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ဂိုဏ်းမှ ထွက်ခွာသွားသော ဂိုဏ်းချုပ်သည် ကလေးတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာ၏။ သို့ပေမဲ့ အလွန်လှပလွန်းသော ဂိုဏ်းချုပ်၏ မိန်းမမှာတော့ အိုမင်းသည့် အဘွားကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
"စနစ်"
သေးငယ်လှသညိ့ အဝတ်အစားများကို ဝတ်ပြီးနောက် ကျွင်းချောင်ရှောင်း ကလေးလေးသည် စားပွဲပေါ်သို့ ခုန်တက်ကာ မေးလိုက်သည် "ဒီမိန်းမရဲ့ အသွင်အပြင်ကို အရင်တိုင်းပြန်ဖြစ်စေဖို့ နည်းလမ်းရှိလား"
"မင်းမိန်းမရဲ့ ပြဿနာက အရမ်းမကြီးဘူး။ အလှအပ ဆေးလုံးတစ်လုံးကို သောက်လိုက်တာနဲ့ ဖြေရှင်းနိုင်တယ်"
စနစ်က ပြောလိုက်၏။
"ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ် ကလေးအရွယ် ဖြစ်သွားတာက ဆိုးတာပဲ။ ခန္ဓာကိုယ်တောင် သေးသွားပြီဆိုတော့ ... ခစ်ခစ် ....."
“...........”