← Chapters

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အပိုင်း (၁၆၂၁)

လက်ရွေးစင်တပည့်ဆယ်ယောက်တို့သည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားခဲ့၏။ ပေးဆပ် ရသည့်တန်ဖိုးအနေနှင့် ကျွင်းချောင်ရှောင်းသည် ပိုမိုကာ ငယ်ရွယ်သွားခဲ့ပြီး နှင်းဆီဧကရီမှာတော့ ပိုမိုကာ အိုမင်းရင့်ရော်သွားခဲ့၏။ ထူးဆန်းလှချေ၏။ သက်တမ်းကုန်ဆုံးမှုသည် ကွာခြားလို့ နေခဲ့၏။

ကုန်းရှန့်အနေနှင့် အဘယ်သို့သော ဘေးထွက်ဆိုးကျိုးကြောင့် ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ရ သနည်း။ သူ၏အရေပြားသည် ထူထဲလွန်းသောကြောင့် တန့်ပြန်အားဖြင့် ပြောင်းပြန် ဖြစ်တည်သွားခဲ့သည်လား။

သူ၏ ကိုယ်ပိုင် ပုံပန်းသွင်ပြင်ပြောင်းလဲသွားခဲ့ခြင်းနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အားအင်အဆင့်နှင့် ကျင့်ကြံခြင်းအဆင့်သည် မူလအတိုင်းတည်ရှိနေသေးသောကြောင့်ပင်။

သို့ပေမဲ့ နှင်းဆီဧကရီတစ်ယောက် အိုမင်းရင့်ရော်သည့် မျက်နှာသွင်ပြင်နှင့် ဖြစ်တည်နေသည်ကို စဉ်းစားလိုက်သည့်အချိန်မှာတော့ သူသည် သူ့ကိုယ်သူ အပြစ်တင်စိတ်များဖြစ်တည်နေခဲ့၏။ အထူးသဖြင့် နှင်းဆီဧကရီသည် သူမ၏ ဘဝ သက်တမ်းကို ဆုံးရှုံးခဲ့ရ၏။

စနစ်က ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ ဘဝသက်တမ်းဆိုတာက သာမန်လူသားမျိုးနွယ်တွေထက် ပိုပြီးတော့ ရှည်လျားလွန်းတယ် လေ။ ဒီတော့ သူတို့အနေနှင့် သက်တမ်းကုန်ဆုံးသွားတဲ့အတွက် ပြဿနာမရှိပါဘူး။ အဓိကက သူမရဲ့ မျက်နှာက အိုမင်းရင့်ရော်သွားပြီးတဲ့နောက်မှာ ခွိ ခွိ ခွိ ခွိ”

လက်ခံသူသည် ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ စနစ်သည် မည်သို့မှ မနေနိုင်ဘဲ အားရပါးရ ရယ်မောလျက်ရှိ၏။

“……..”

ကျွင်းချောင်ရှောင်းအနေနှင့် စိတ်ပူလျက်ရှိနေတုန်းပင်။ ထို့ကြောင့် သူသည် နှင်းဆီဧကရီ နေထိုင်ရာ ခြံဝန်းထဲတွင် သွားလိုက်၏။ မိန်းကလေးများသည် အလှအပကို အလွန်တရာ တန်ဖိုးထားကြ၏။ သူမသည် လက်ရှိအခြေအနေ၌ အလွန်ဝမ်းနည်းနေပေလိမ့်မည်။

ခြံဝန်းနှင့် နီးကပ်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ သူတို့၏ ခြံဝန်းသည် တစ်ခုပြီးတစ်ခု အလွန်နီးကပ်သည့်တည်နေရာတွင် တည်ရှိ၏။ သို့ပေမဲ့ ကုန်းရှန့် ဤတည်နေရာသို့ သွားရောက်ခြင်းဆိုသည်မှာ ရှားရှားပါးပါးပင် ဖြစ်၏။

အထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ နှင်းဆီပန်းများကို သူ မြင်လိုက်ရ၏။ လေထုထဲတွင် နှင်းဆီပန်းရနံ့ များသည် သင်းပျံ့လျက်ရှိနေ၏။ ရနံ့များကို ရှူရှိုက်ရင်း သူသည် လန်းဆန်းလာခဲ့၏။ နှင်းဆီဧကရီသည် နှင်းဆီပန်းခင်းထဲတွင် ကိုင်းများကို ဖြတ်တောက်လျက်ရှိနေ၏။ သူမကို ကြည့်ရှုရသည်မှာ ဘာတစ်ခုမှ မဖြစ်ပွားပုံပင်။

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ အဘယ့်ကြောင့် ဤမိန်းမသည် အိုမင်းရင့်ရော်သွားသည့်အချိန်တွင် ဝမ်းနည်းမှုကို ခံစားမနေရသနည်း။ စိတ်လိုလက်ရဖြင့် နှင်းဆီပန်းများကိုပင် ပျိုးလျက်ရှိနေသေး၏။ ဝိညာဉ်မျိုးနွယ် များ၏ ဧကရီဖြစ်သည်နှင့်အညီ နှင်းဆီဧကရီသည် များပြားလွန်းလှသော အတွေ့အကြုံများကို ခံယူခဲ့၏။ ထို့ကြောင့် မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာမျိုး မရှိချေ။ သူမအတွက် ငယ်ရွယ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း ဆိုသည်မှာ အရေးမကြီးလှချေ။ ထို့အပြင် သူမသည် အသွင်အပြင်အမူအရာ ပြောင်းလဲသွားသည် ဆိုလျှင်တောင်မှ ဤဂိုဏ်းသားတစ်ယောက်ဖြစ်နေသေးသည် မဟုတ်ပါလား။

“ဘာကိစ္စရှိလို့လဲ။”

“မရှိပါဘူး။”

“မရှိရင် ဘာလာလုပ်တာလဲ။”

“ဘာမှ မရှိရင် မလာရတော့ဘူးလား။”

“ဪ”

သူတို့နှစ်ယောက်သည် ကြောင်တောင်တောင်စကားများကို ပြောဆိုပြီးသည့်နောက် အခြေအနေသည် ကြောင်အအ နှင့် ဖြစ်သွားပြန်၏။ အစကနေ အဆုံးအထိ နှင်းဆီဧကရီ တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ချေ။ သူမအနေနှင့် နှင်းဆီကိုင်းများကိုသာ ဖြတ်တောက်လျက်ရှိနေ၏။ သူမသည် အသွင်အပြင်အမူအရာနှင့် ပတ်သက်၍ ဂရုမစိုက်ဘူးဟု ပြောဆိုခဲ့သော်လည်း ကြည့်ရှုရသည်မှာ သူမ၏ အသွင်အပြင်ကို သူမ၏ ယောကျ်ားကို မမြင်စေချင်ပုံပင်။

ဖြူလျော်နေသည့် ဆံပင်များနှင့် သူမ၏ နောက်ကျောကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပိုမို၍ အားနာသလို ခံစားလာရ၏။ ထို့ကြောင့် သူက လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျားကို ပြန်ပြီး ငယ်ရွယ်သွားစေမဲ့ နည်းလမ်းတစ်ခု ကျုပ်ရှာမယ်။”

“ကျေးဇူးပါပဲ။” နှင်းဆီဧကရီက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်တွင် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။

“ယောကျ်ား”

နှင်းဆီဧကရီက သူ့ကို လှမ်းကာ တားမြစ်လိုက်သည်။ “ကျွန်မလုပ်ခဲ့တဲ့ အရာတွေအားလုံးက လုပ်သင့်လုပ်ထိုက်လို့ လုပ်ခဲ့တာပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့ မလိုဘူး။”

“ခင်ဗျားရဲ့အသွင်အပြင်ကို အရင်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးရမှာတော့ ကျုပ်လုပ်ရမယ့်အလုပ်ပဲ။”

“ဒါဆိုရင် စောင့်နေမယ်။”

ကျွင်းချောင်ရှောင်းသည် ကောင်းကောင်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း နှင်းဆီဧကရီက သိရှိနေ၏။ သူမ၏ အသွင် အပြင်ကို အရင်အတိုင်း ပြန်လည်ပြုလုပ်ပေးမည်ဟု ဆိုနေမှတော့ ကျိန်းသေပေါက် ပြုလုပ်နိုင်ပေလိမ့်မည်။

“နေအုံး” နှင်းဆီဧကရီသည် သူ့အား ထပ်မံတားဆီးလိုက်၏။

“ပြော”

“ကျွန်မတို့ဆီမှာသာ ကလေးရှိမယ်ဆိုရင် အခုရှင့်လို ပုံစံမျိုးပဲ ဖြစ်နေမှာလား။”

ဘုတ်

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျသွားခဲ့၏။

…

အဓိကဟောခန်း

တစ်မီတာလောက်သာ အရပ်ရှည်သော ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိ၏။ သူ၏ သေးငယ်လှသည့် လက်လေးများသည် မေးထောက်ကာ ရှိနေပြီး မျက်မှောင်ကလည်း ကုတ်နေ၏။ သူသည် အလွန် ချစ်ဖို့ကောင်းလှ၏။

ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တစ်ခြားသော အဆင့်မြင့် အကြီးအကဲများအားလုံးသည် အောက်ပိုင်း ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိ၏။ ၎င်းတို့အားလုံးသည် မျက်မှောင်ကုတ်လို့နေကြသည်။ တစ်စုံတစ်ရာ မှားယွင်းနေခြင်းမဟုတ်ပေ။ သူတို့သည် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရခြင်းသာဖြစ်၏။ ကြီးမားလှသော လူကြီးတစ်ယောက်သည် ကလေးလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဤကဲ့သို့ ကုန်းရှန့်၏ အသွင်အပြင်အမူအရာကို ကြည့်ရှုပြီးသည့်နောက် သူတို့သည် လုံးဝကို ရယ်ချင်စိတ် ပေါက်လျက် ရှိ၏။ ဤကလေးတစ်ယောက်တည်းသာ ပြန်လာသည်ဆိုပါက သူတို့အနေနှင့် စုရှောင်မိုကဲ့သို့ပင် ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်မိန်းမတို့အကြားမှ ချစ်ခြင်း၏ ရလဒ်အဖြစ် ဖြစ်တည်လာခဲ့သော ကလေးတစ်ယောက် ဖြစ်နေသည်လားဟု ပင် ထင်မှတ်နေပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာသည့်အချိန်တွင် ကလေးတစ်ယောက်နှင့် ပြန်လာခဲ့၏။ ထို့ကြောင့် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည် နည်းလမ်း မျိုးစုံနှင့် တွေးချင်ရာ တွေးလျက်ရှိနေတော့၏။

“ဂိုဏ်းချုပ်”

ယုစီနန်သည် ရယ်ချင်စိတ်ကို မနည်းဖိနှိပ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ရဲ့ သွင်ပြင်အမူအရာကို ပြန်ပြင်ပြောင်းလဲနိုင်တဲ့ ဆေးလုံးဆိုတာ အထက်နယ်မြေမှာ သာမန်ပါပဲ။ အဝယ်တော်ဟောခန်းကို မှာပြီးတော့ အဓိက မြို့အသီးသီးကို စေလွှတ်ပြီး ဝယ်ခိုင်းလိုက်ရုံပဲ။”

“ဟုတ်တယ်။”

ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “ကျုပ်သိသလောက်ဆိုရင် မြို့တော်တော်များများမှာ ဒီလိုမျိုးအလှအပနဲ့ပတ်သက်တဲ့ ဆေးလုံးတွေ ရောင်းချတယ်။ ဈေးနှုန်းကလည်း အရမ်းကြီးဈေးကြီးတာ မဟုတ်ပါဘူး။”

“ဟောခန်းသခင်လီ ..... ဒီဆေးလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံးဝယ်လိုက်ပါ။”

“ကောင်းပါပြီ”

ထိုနေ့ထဲမှာပဲ အဝယ်တော်ဟောခန်းမှအဖွဲ့ဝင်များသည် စတင်ကာ အလုပ်ရှုပ်လိုက်၏။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များ တည်ရှိနေသည်ဖြစ်သောကြောင့် အဝယ်တော်အဖွဲ့ဝင်များသည် နေ့ဝက်အတွင်းမှာပဲ မြို့အနှံ့တွင် တည်ရှိလျက်ရှိနေသည့် အလှအပဆေးလုံးများအားလုံးကို ဝယ်ယူကာ ပြိုင်စံရှားဂိုဏ်းဆီသို့ ပေးပို့လိုက်ကြ၏။

“…......”

အခန်းထဲမှာတော့ နှင်းဆီဧကရီသည် ဆွံ့အလျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အခန်းထဲရှိ စားပွဲပေါ်တွင် များပြားလွန်းလှသော ဆေးလုံးများနှင့် ပြည့်နှက်နေသောကြောင့်ပင်။ ထိုအရာများအားလုံးသည် အလှအပအတွက် အသုံးပြုရသည့် သဘာဝရတနာများပင်ဖြစ်သည်။

“စမ်းကြည့်လိုက်လေ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အလုပ်ဖြစ်ရင် ဖြစ်လောက်တယ်။”

“အင်း”

နှင်းဆီဧကရီသည် လှပစွာ ဖော်စပ်ထားသော ဆေးလုံးလေးတစ်လုံးကို ထုတ်ယူလိုက်၏။ သို့ပေမဲ့ ထိုအရာကို သောက်သုံးပြီးသည့်နောက် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိချေ။ ဒုတိယမြောက်ဆေးလုံးကို သောက်သုံးရန် ကြိုးစားခဲ့၏။ ပြီးနောက် တတိယမြောက် ဆေးလုံးကို ထပ်သောက်ပြန်သည်။ အဆုံးသတ်မှာတော့ သူမ ဆုံးရှုံးသွားခဲ့ သည့် အသွင်အပြင်အမူအရာများကို ပြန်မရခဲ့ချေ။

“အခုယုံပြီလား။” စနစ်က ပြောလိုက်၏။

အစတုန်းက ကျွင်းချောင်ရှောင်းအနေနှင့် နှင်းဆီဧကရီ၏ ပုံပန်းသွင်ပြင်ကို မူလအတိုင်း ပြန်လည်ဖြစ်တည်ချင်သည် ဆိုပါက ဆေးဆိုင်များမှ ဆေးလုံးများကို မှီခိုရန် လိုအပ်သည်ဟု ထင်မြင်ခဲ့၏။

စတိုးထဲမှ ဆေးလုံးကို မှီခိုရန် လိုအပ် သည်ဟု စနစ်က ပြောဆိုခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မယုံကြည်ခဲ့ချေ။ များပြားလှသော လူများကို အသုံးပြုကာဖြင့် အထက်နယ်မြေတစ်ခုလုံးတွင် ရှိနေသည့် အလှအပဆိုင်ရာဆေးလုံးများကို လိုက်လံဝယ်ယူစေခဲ့သည်။

ကုန်းရှန့် သည် ကပ်စေးနှဲ၍ မဟုတ်ချေ။ သူ့အနေနှင့် စနစ်၏ စတိုးထဲတွင် ဝယ်ယူရန် Refresh လုပ်ခွင့် အကြိမ် ၃၀သည် ကုန်ဆုံးနေသောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် အချိန်ကာလကုန်ဆုံးသွားရန် နောက်တစ်လကို စောင့်နေရပေလိမ့်မည်။ ထို့ကြောင့် သူသည် အထက်နယ်မြေ၏ ဆေးဟောခန်းပေါ်တွင် မျှော်လင့်ချက်များကို ပုံအပ်ထားခဲ့ခြင်းပင်။

“အင်း”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် စိတ်ပျက်လက်ပျက်နှင့်ထိုင်လျက်ရှိနေ၏။ သူ့ကို နောက်ကျောပေး ထားတတ်သည့် အမျိုးသမီးတစ်ယောက်အကြောင်းကို တွေးတောမိသည့်အချိန်မှာတော့ သူ၏ စိတ်ထဲတွင် နေမထိ ထိုင်မသာ ဖြစ်လို့နေခဲ့၏။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ ယုစီနန်သည် လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ကျုပ်ဆီမှာ အခြားနည်းလမ်းတစ်ခုရှိတယ်။ အဲဒါက ဆရာကတော်ရဲ့ ပုံပန်းသွင်ပြင်ကို ပြန်ပြီးကောင်းမွန်သွားစေလိမ့်မယ်။”

“ဘယ်လိုနည်းလမ်းလဲ။” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မေးမြန်းလိုက်၏။

“အင်း။ နည်းနည်းခက်ခဲတယ်ကိစ္စပဲ။ အဲဒါက ဘာလဲဆိုတော့ ပိုင်လီချင်းချောင်ကို ရှာရမယ်။”

“ဘယ်သူ”

“ကုန်းစွန်းဟုန့် လိုပဲ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်ပေါ့။”

“နတ်ဆိုးသတ်ဖြတ်သူပဲလား။”

“အမှန်ပဲ”

“သူက ဘယ်မှာလဲ။”

“နယ်မြေဟောခန်း၊ ဒုစရိုက်မြို့မှာ”

“ဒုစရိုက်မြို့ ဟုတ်လား။”

ကျွင်းချောင်ရှောင်းအနေနှင့် အထက်နယ်မြေရှိကျော်ကြားလှသော မြို့အသီးသီးကို ကြားဖူး၏။ သို့ပေမဲ့ ဒုစရိုက်မြို့ ဆိုသည်ကို သူ တစ်ခါမှ မကြားခဲ့ဖူးချေ။

ယုစီနန်က ပြောလိုက်၏။

“ပိုင်လီချင်းချောင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျုပ်နဲ့ တူညီလုနီးပါးပဲ။ သူက နှစ်ပေါင်းများစွာ ပုံမှန်မဟုတ်တဲ့ နည်းစနစ် တွေကို လေ့လာနေခဲ့တာလေ။ ပြီးတော့ သူ့ရဲ့ ဆေးပညာက အထက်နယ်မြေတစ်ခုလုံးမှာ အကောင်းဆုံးလို့ သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ အမူအကျင့်က အရမ်းကို ထူးဆန်းလွန်းတယ်။ ကောင်းတာနဲ့ မကောင်းတာနဲ့ ရောပြွန်းနေတဲ့ လူတစ်ယောက်ပေါ့။ သူက မတော်တဆနဲ့ မြို့တစ်ခုကို ဖျက်ဆီးခဲ့ဖူးတယ်။ အသက်ပေါင်းများစွာလည်း သေဆုံးသွားခဲ့တယ်။ ဒါကြောင့်မလို့ နယ်မြေဟောခန်းက အပြစ် ပေးတဲ့အနေနဲ့ သူ့ကို ဒုစရိုက်မြို့ထဲမှာ ချုပ်နှောင်ထားခဲ့တာပဲ။”

“သူက အိုမင်းရင့်ရော်နေတဲ့ လူတွေရဲ့ အသွင်အပြင်ကို မူလအတိုင်း ပြန်လည်ပြောင်းနိုင်လား။”

ကျွင်းချောင်ရှောင်းအနေနှင့် ဤနတ်ဆိုးသတ်ဖြတ်သူ၏ နောက်ခံတွင်ရှိနေသော ဇာတ်လမ်းများအကြောင်းကို စိတ်မဝင်စားချေ။ ပြုလုပ်နိုင်သလားဆိုသည်ကို သိချင်မိ၏။

ယုစီနန်က ပြောလိုက်သည်။

“ပိုင်လီချင်းချောင်ရဲ့ ဆေးပညာက တကယ့်ကို ပုံမှန်မဟုတ်ဘူး။ တစ်ခါတစ်ရံ မထင်မှတ်ထားတဲ့ အကျိုးသက်ရောက်မှု တွေကို ရရှိစေနိုင်တယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ မိန်းမက အသက်ဓာတ်တွေကို ဆုံးရှုံးပြီးတော့ အသွင်အပြင်အမူအရာက လည်း အိုမင်းလို့နေပြီ။ ဒီတော့ ပြန်ကောင်းနိုင်မယ်လို့ ကျုပ် အာမမခံဘူး။”

“....……”

အချိန်အနည်းငယ်ကြာ တိတ်ဆိတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံပေါ်မှ ခုန်ချကာ ပြောလိုက်၏။ “ဒါဆိုရင် ဒုစရိုက်မြို့ဆီကို သွားကြစို့။”

အလုပ်ဖြစ်လား။ မဖြစ်လား ကိစ္စမရှိချေ။ အနည်းဆုံး အခွင့်အလမ်းကတော့ တည်ရှိနေသည်။

ယုစီနန်က ပြောလိုက်၏။ “ဒုစရိုက်မြို့က မြို့တစ်ခုမဟုတ်ဘူး။ လွတ်လပ်တဲ့ တည်နေရာလေးတစ်ခုပဲလေ။ ဂိုဏ်းချုပ် ဒီထဲကို ဝင်ချင်တယ်ဆိုရင် နယ်မြေဟောခန်းရဲ့ ခွင့်ပြုချက်ကို ရမှ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင် သူတို့က ပိုင်လီချင်းချောင် ကို အကျဉ်းထောင်ထဲကနေ စောစောစီးစီး ထုတ်ပေးမှဖြစ်မယ်။”

“ဒါဆိုရင် နယ်မြေဟောခန်းကို သွားပြီးတော့ ခွင့်ပြုချက် သွားတောင်းကြတာပေါ့။”

တစ်ရက်တည်းမှာပဲ ရှေးရွက်သင်္ဘောကြီးသည် အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲကာ အထက်နယ်မြေ၏ အလယ် ဗဟိုတည်နေရာဆီသို့ ပျံသန်းသွားခဲ့၏။ ရွက်သင်္ဘောပေါ်မှာတော့ ယုစီနန်၊ ကုန်းစွန်းဟုန့်၊ သူရဲစစ်သူကြီး ၈ ဦးနှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီဖြစ်သော လက်ရွေးစင်တပည့်များ ပါဝင်လို့ နေခဲ့၏။

လူအများကြီး မပါချေ။ သို့ပေမဲ့ အရည်အသွေးမှာတော့ ကောင်းမွန်လွန်းခဲ့၏။ အကယ်၍ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့သည် ဘယ်တော့မှ အားနည်းလိမ့်မည်မဟုတ်ချေ။

၁၀ နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှာတော့ နယ်မြေဟောခန်းဆီသို့ သွားခဲ့ရ၏။ ၎င်းတို့နှစ်ဖွဲ့သည် အောက်နယ်မြေမှာကတည်းက ပဋိပက္ခများဖြစ်ပွားခဲ့ကြ၏။

ကြယ်တာရာစိတ်ဝိညာဉ် လောကမှ ကျူးကျော်မှု ပြီးသည့်နောက် ရန်ငြိုးရန်စများကို ခဏ ဘေးဖယ်ထားခဲ့ရ၏။ သို့ပေမဲ့ ဤအချင်းအရာသည် အမုန်းတရာများ ပျောက်ကွယ်သွားသည်ဟု မဆိုလိုပေ။ မုန်တိုင်းမလာခင် လေပြည်တိုက်ခတ်နေခြင်းမျိုးသာ ဖြစ်လေသည်။

All Chapters