← Chapters

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အပိုင်း(၁၆၂၂)

လောကတောင်တန်း……

အလယ်ဗဟိုတည်နေရာရှိ ကျော်ကြားလှသော တောင်တန်းတစ်ခု …..

အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် လောကကြီးတစ်ခုလုံး အေးချမ်းသွားစေရန် အလို့ငှာ နယ်မြေ ဟောခန်းအား ဤတည်နေရာတွင် တည်ဆောက်ခဲ့၏။ ဤအရာသည် တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ နယ်မြေဟောခန်း၏ ဌာနချုပ်တစ်ခုလည်းဖြစ်နေ၏။ လောက၏ အမြင့်ဆုံးသော တောင်ထိပ်ပေါ်တွင် တည်ရှိထား၏။ သဘာဝအားဖြင့် အလွန်တရာ ခန့်ညားပြီး ထည်ဝါလွန်းလှသည်။

“ဖေဖေ”

အဝေးတစ်နေရာတွင် ကလေးတစ်ယောက်သည် ရပ်တန့်လျက်ရှိ၏။ သူသည် တိမ်များဖုံးလွှမ်းလျက်ရှိနေသည့် တောင်ထွတ်ကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ “ဒါက နယ်မြေဟောခန်းလား။”

“အမှန်ပဲလေ”

ဖခင်သည် သူ့ကလေး၏ ဦးခေါင်းကို အသာပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ “ကြီးပြင်းလာတဲ့အချိန်မှာ မကောင်းတဲ့ ကိစ္စရပ်တွေကို မလုပ်ရဘူး။ မဟုတ်ရင် နယ်မြေဟောခန်းက လူတွေ စေလွှတ် ပြီး မင်းကို ဖမ်းလိမ့်မယ်။”

ဤကလေးသည် အနည်းငယ် ကြောက်လန့်သွားခဲ့၏။ အထက်နယ်မြေရှိ သာမန်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် နယ်မြေဟောခန်းဆိုသည်မှာ ထိတွေ့ကိုင်တွယ်၍ မရနိုင်သည့် အရာတစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလှ၏။ စွမ်းအင်နှင့်ဂုဏ်သိက္ခာတရားကို ကိုယ်စားပြု၏။ လောကတောင်တန်းနားသို့ ဖြတ်လျှောက်သွားသည် ဆိုလျှင်တောင်မှ သူတို့သည် ကြောက်ရွံ့မှုကို ခံစားကြရ၏။

ဝှစ်

ရုတ်တရက် လေပြင်းများတိုက်ခတ်လာ၏။ လောကတောင်တန်းအား ဖြတ်လျှောက်သွားခဲ့ပြီဖြစ်သော သားအဖ နှစ်ယောက်တို့သည် ကြီးမားလှသည့် ရွက်သင်္ဘောကြီး ကောင်းကင်ပေါ်တွင် လွင့်မျောလျက်ရှိနေသည်ကို မြင်လိုက်ရသည်။

“ရှေးရွက်သင်္ဘောကြီးလား။ ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ သူ ဘာလို့ ဒီနေရာကို လာရတာလဲ။”

ဖြတ်သွားဖြတ်လာများသည် ရုတ်တရက် ရပ်တန့်ကာဖြင့် အံ့အားသင့်စွာ ကြည့်ရှုလိုက်ကြ၏။ တရားဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ပြင်ပမှလူများလာရောက်လည်ပတ်သည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ ရွက်သင်္ဘောကြီးသည် လောကတောင်တန်း၏ ထိပ်တည်နေရာရှိ အလယ်တည့်တည့်တွင် ရပ်တန့်လျက်ရှိ၏။ ထိုကဲ့သို့သော ကိစ္စမျိုးသည် ယခင်က တစ်ခါမှ မဖြစ်ဖူးချေ။ တစ်စုံတစ်ခု မှားယွင်းလို့နေခဲ့၏။

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”

ထိုအချိန်မှာတော့ လူငယ်တစ်ယောက်၏ အသံသည် ရွက်သင်္ဘောဆီမှ ထွက်ပေါ်လာသည်။ “နယ်မြေဟောခန်းကို လာရောက်လည်ပတ်ပါတယ်။”

ရှေးရွက်သင်္ဘောကြီးအား ကြည့်လျက်ရှိနေကြသည့် စစ်သည်တော်များအားလုံးသည် ပဲ့ဦးတွင် မတ်မတ်ရပ်လျက် ရှိနေသည့် ကလေးတစ်ယောက်ကို လှမ်းကာ မြင်လိုက်၏။ သူတို့၏ အမူအရာများအားလုံးသည် အေးခဲသွား၏။

ဤလူသည် ကျွင်းချောင်ရှောင်းသည်လား။ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြသည်ဆိုသော် လည်း အသက် ၂၀ ကျော် လူငယ်တစ်ယောက်ဖြစ်ကြောင်းကို သူတို့ကြားခဲ့၏။ ယခု အဘယ့်ကြောင့် သေးခံဝတ်ထား သည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေရသနည်း။

“မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ သူက ဂိုဏ်းရဲ့ တပည့် ဒါမှမဟုတ် အစေခံတစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်။ ဟုတ်တယ်မလား။”

ဝှစ် ဝှစ်

များပြားလှသည့် အလင်းတန်းများသည် လောကတောင်တန်းဆီမှ ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးသည် နယ်မြေ ဟောခန်းဆီမှ အလွန်အားကောင်းလှသော စစ်သည်တော်များပင် ဖြစ်၏။ ၎င်းတို့သည် ရှေးရွက်သင်္ဘောကြီး၏ ခပ်လှမ်းလှမ်း ပေ ၁၀၀ နီးပါးတွင် ရပ်တန့်လိုက်ကြ၏။ အားလုံးတို့၏ မျက်လုံးထဲတွင် ဒေါသတရားနှင့် ဝေခွဲမရသည့် အမူအရာများ ဖြစ်တည်နေခဲ့၏။ သူတို့သည် အမှန်လည်း ဒေါသထွက်လို့နေခဲ့၏။

နယ်မြေဟောခန်းတည်ထောင်ပြီးကတည်းက ဤတည်နေရာသည် မည်သူမှ ပျံသန်း၍ မလာနိုင်သောအရာပင်ဖြစ်၏။ ထို့အပြင် သူတို့သည် ဝေခွဲမရလည်းဖြစ်မိနေ၏။ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရောက်ရှိလာသည်ဆိုသော်လည်း အဘယ့်ကြောင့် ထိုသူအား သူတို့ မမြင်ရသနည်း။ သို့မဟုတ် အစားထိုးရန် ကလေးတစ်ယောက်ကို စေလွှတ်လိုက် သည်လား။

“ချီးတဲ့မှ ငါတို့ကို လာအထင်သေးနေတာလား။”

ဟမ့်

အကြီးအကဲတစ်ယောက်က အေးစက်စက်ပြောလိုက်၏။ “အားနာပါတယ်။ ကျုပ်တို့နယ်မြေဟောခန်းက ဒီနေ့မှာ ဘယ်ဧည့်သည်ကိုမှ လက်မခံပါဘူး။ ဒီတော့ လာရာ လမ်းကို ပြန်ကြွကြပါ။”

နယ်မြေဟောခန်းသည် ကျွင်းချောင်ရှောင်းကို အနည်းငယ် စိုးရွံ့မိသည်ဆိုသော်လည်း တရားဝင်အဖွဲ့အစည်းဖြစ်သည် နှင့်အညီ သူတို့၏ ဂုဏ်သိက္ခာတရားကို ဂရုစိုက်ရပေလိမ့်မည်။ ကလေးတစ်ယောက်ကို စေလွှတ်ကာ လာရောက် လည်ပတ်သည်ဆိုခြင်းမှာ အရှက်ခွဲခြင်းနှင့်ပင် ဆင်တူသည်။

“မဟုတ်သေးဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီနေ့ပဲ လည်ရမယ်။”

သူနှင့် နယ်မြေဟောခန်း၏ အကြားတွင် ရန်ငြိုးရန်စများရှိသောကြောင့် ကုန်းရှန့်သည် တင်းမာခက်ထန်နေသည့် လေသံနှင့် ပြောလိုက်၏။

ထိုအသံသည် တစ်ခြားသောသူများအား ဤတည်နေရာသို့ ရောက်ရှိလာခြင်းသည် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောနေသလိုပင်။ အတိတ်တုန်းက သူသည် အဆင့်ချိုးဖြတ်ရောက်ရှိခါစ ဖြစ်သောကြောင့် အားအင်အဆင့်ကလည်း နည်းပါးလွန်းလှ၏။ ထို့ကြောင့် အဖွဲ့အစည်းတစ်ခုနှင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ချေ။ ယခုအချိန်မှာတော့ အခြေအနေသည် ခြားနားလို့ လာခဲ့သည်။

ဂိုဏ်းသည် အစစ်အမှန်ရှာဖွေခြင်းကျွမ်းကျင်သူများနှင့် ပြည့်စုံနေသည်သာမက သူ့တွင် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၊ နဂါးကလန် စသည့်အရာများလည်း နောက်ခံအဖြစ်တည်ရှိလို့ နေ၏။ သာမန်နယ်မြေဟောခန်းလေး ကို မဆိုနှင့်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကိုပင်လျှင် ကျွင်းချောင်ရှောင်း သည် ထိပ်တိုက်တိုက်ခိုက်ရဲ၏။

ယုံကြည်မှု ….. သူ့၌ အလုံးစုံ ယုံကြည်မှု တည်ရှိသည်။

“ခေါင်းဆောင်ဝမ်”

ယုစီနန်သည် ပဲ့ပိုင်းဆီသို့ လျှောက်ထွက်လာပြီးနောက် ပြောလိုက်၏။ “ကျုပ်တို့ ဂိုဏ်းချုပ်က အရေးကြီးတဲ့ တစ်စုံတစ်ခုကို ဆွေးနွေးဖို့လာခဲ့တာပါ။ ကျေးဇူးပြုပြီးတော့ ခက်ခဲအောင် မလုပ်ပါနဲ့။”

သူတို့အနေနှင့် မထွက်လာသည်က ပိုကောင်း၏။ သို့ပေမဲ့ ထွက်လာသည်ကို မြင်ရချိန်မှာတော့ ခေါင်းဆောင်ဝမ်သည် အလွန်တရာ ဒေါသထွက်သွား၏။ ထို့ကြောင့် ဒေါသတကြီးနှင့် ပြောလိုက်၏။

“ယုစီနန်၊ နယ်မြေဟောခန်းရဲ့ နတ်ဆိုးသတ်ဖြတ်သူတစ်ယောက်အနေနဲ့ ဤနေရာက ပျံသန်းမှုကို တားမြစ်ထားတဲ့ ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို မသိရှိဘူးလား။ အခုရွက်သင်္ဘောကြီးကို မောင်းပြီး ဝင်လာတယ်ဆိုတော့ ဒီအရာကို ခက်ခဲအောင် လုပ်ခဲ့တာ ဘယ်သူက လုပ်ခဲ့တာလဲ။”

အခြားသောသူတစ်ယောက်က လှမ်းပြောလိုက်သည်။ “နယ်မြေဟောခန်းဘက်က မှန်နေတယ်နော်။ ဒီတော့ ဘယ်သူက ခက်ခဲအောင် လုပ်ခဲ့တာလဲ ဆိုတော့”

“ဘယ်သူက ခက်ခဲအောင် လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူး။ ဂရုစိုက်စရာ မလိုဘူး။”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ခင်ဗျားတို့ကို အချိန် ၃ စက္ကန့်ပေးမယ်။ နယ်မြေဟောခန်းရဲ့ ဦးဆောင်သူက ထွက်လာခဲ့ပါ။ မဟုတ်ရင်”

သူသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “ကျုပ် အထဲကို တိုက်ခိုက်ပြီး ဝင်ရလိမ့်မယ်။”

သူသည် အမူအကျင့်နှင့် ပုံပန်းသွင်ပြင်ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမရေတပ် ဦးစီးချုပ် လာရောက်တိုက်ခိုက်သည့်အချိန်က သူသည် ယခုကဲ့သို့ လုပ်နိုင်ကိုင်နိုင်ခွင့် မရှိခဲ့ချေ။

နယ်မြေဟောခန်းမှ ကျင့်ကြံသူ များသည် ပိုမိုကာ ဒေါသထွက်သွားခဲ့ကြ၏။

ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ပြောနေသည်ဆိုလျှင်တောင် သူတို့အနေနှင့် အနည်းငယ်တွန့်ဆုတ်ရပေတော့ မည်။ သို့ပေမဲ့ အဘယ့်ကြောင့် ဤသောက်ကလေးသည် မောက်မာလွန်းသည့် ဟန်ပန်ကို ထုတ်ဖော်ကာ ပြောဆို နေရသနည်း။

“၁…၂…၃”

ကျွင်းချောင်ရှောင်းသည် တစ်ပြိုင်နက်တည်း မြန်ဆန်စွာ အော်ဟစ်လိုက်၏။

……

သိုင်းကျင့်ကြံသူများအားလုံးသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်ကုန်ကြ၏။ ဤကဲ့သို့သော အမြန်နှုန်းနှင့် တစ်ဖက်လူအား စဉ်းစားရန်အခြေအနေပေးသည်ဆိုခြင်းမှာ ပါးစပ်က ပြောနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ကျိန်းသေပေါက် တိုက်ခိုက်ကာ ဝင်မည်ဟု ပြောဆိုလိုက်ခြင်းကမှ ကြည့်ကောင်းပေဦးမည်။

နယ်မြေဟောခန်း စတင်တည်ဆောက်ပြီးကတည်းက နယ်မြေဟောခန်းဆိုသည်မှာ အခွင့်အာဏာနှင့်ဥပဒေကို ကိုယ်စားပြု၏။ မည်သူမှသည် လာရောက်ကာ မတိုက်ခိုက်ရဲကြချေ။ ပြိုင်စံရှားဂိုဏ်းသည် ထိုအရာကို ပြုလုပ်သည်ဆိုပါက ကျိန်းသေပေါက် စိတ်လှုပ်ရှားစရာ ဖြစ်ပေလိမ့်မည်။

ဖြတ်သွားဖြတ်လာသိုင်းကျင့်ကြံသူများအားလုံးသည် ပွဲကြည့်ပရိသတ်အနေဖြင့် ကြည့်ရှုနေကြ၏။ ၎င်းတို့သည် ခွေးခြေခုံ လေးများကို ချကာဖြင့် ကွာစေ့များကို ထုတ်ယူကာ ငြိမ်ငြိမ်သက်သက် စားသုံးလျက်ရှိ၏။ တစ်ချို့ဆိုလျှင် ပျော်ရွှင်စွာ နှင့် ပြောလိုက်မိ၏။ “ဒါက စားလို့ကောင်းသားပဲ။”

“အချိန်ကျပြီ။”

ကျွင်းချောင်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် နယ်မြေဟောခန်းထဲကို ချိုးဖောက်ပြီး ဝင်ရတော့မှာပေါ့။”

ဝှစ်

ချက်ချင်းပဲ လီချင်းယန်ဦးဆောင်သော လက်ရွေးစင်တပည့် ၁၀ ယောက်ကျော်တို့သည် အောက်ဆီသို့ ခုန်ဆင်း လိုက်ကြ၏။ ၎င်းတို့၏ အစစ်အမှန်ရှာဖွေခြင်းအနိမ့်ဆုံးအဆင့် ကျင့်ကြံခြင်းများသည် ထွက်ပေါ်လာခဲ့ပြီး နယ်မြေ ဟောခန်း၏ လောကတောင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

ဒွီ ဒွီ

အနားပတ်ဝန်းကျင်တွင် ရှိနေသော အစီအရင်များသည် တွန့်လိမ်ပြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ နယ်မြေ ဟောခန်းသည် ဂိုဏ်းတစ်ခုမဟုတ်ပေ။ သို့ပေမဲ့ တောင်ကြီးတစ်ခုလုံးကို ကာကွယ်ထားသည့် အစီအရင်ကတော့ တည်ရှိလို့နေ၏။ ယခု ပြိုင်စံရှားဂိုဏ်း၏ တပည့်များ၏ အရှေ့မှာတော့ ထိုအစီအရင်ကြီးသည် အနည်းငယ်သာလျှင် တုန်ခါသွားခဲ့သည်။

ဘုန်း

စုရှောင်မိုသည် အရင်ဆုံး ပျံသန်းလာခဲ့၏။ သူသည် ခြေထောက်ကို မြှောက်ကာဖြင့် အတားအဆီးကြီးကို ဆောင့်ကန်နင်းချလိုက်၏။ ချက်ချင်းပဲ ပထမဦးဆုံး အတားအဆီးကြီးသည် ကွဲကြေပျောက်ကွယ်သွားခဲ့၏။

ဘုန်း ဘုန်း ဘုန်း

လီဖေး၊ လုံကျိရန် နှင့် တခြားသောသူများအားလုံးသည်လည်း နောက်ကောက်မကျန်ခဲ့ပေ။ အားလုံးတို့သည် ၎င်းတို့၏ သိုင်းနည်းစနစ်များကို စုစည်းကာဖြင့် တောက်ပလှသော အလင်းတန်းများကို ဖန်တီးကာ အစီအရင်ကို အတင်း ချိုးဖြတ်ကြသည်။

“ချီးတဲ့မှ”

ဖြတ်သွားဖြတ်လာများအားလုံးသည် အံ့အားသင့်သွားကြ၏။ “သူတို့တကယ်ပဲ ချိုးဖောက်ပြီးဝင်တာကိုး။ ပြိုင်စံရှားဂိုဏ်းက တကယ့်ကို ကြမ်းတမ်းလွန်းတယ်။”

“ဒီနေ့ နယ်မြေ ဟောခန်းထဲကို သူတို့ ချိုးဖောက်ဝင်ရောက်နိုင်ပြီဆိုရင် အထက်နယ်မြေတစ်ခုလုံးကတော့ အုတ်အော်သောင်းနင်း ဖြစ်ကုန်လိမ့်မယ်။ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီကိစ္စကို သည်းခံနိုင်ပါ့မလား။”

များပြားလှသော ကျင့်ကြံသူများသည် အဆိုးဝါးဆုံးဖြစ်ပေါ်လာမည့် ရလဒ်ကို စဉ်းစားကာဖြင့် ဆွေးနွေးလျက်ရှိနေကြသည်။

ဘုန်း

အဆုံးသတ်မှာတော့ တောင်၏ အကာအကွယ်အစီအရင်ကြီးတစ်ခုလုံးသည် အလုံးစုံ ပြိုလဲသွားခဲ့၏။

ဆွစ် ဆွစ်

နယ်မြေဟောခန်း၏ အတွင်းမှာတော့ များပြားလွန်းလှသော ကျွမ်းကျင်သူများသည် အပြင်ဘက်သို့ လျှောက်ထွက် လာခဲ့၏။ ဤတရားဝင်အဖွဲ့အစည်း၏ အစစ်အမှန်အားအင်အဆင့်သည် အလုံးစုံထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်းကျင့်ကြံသူ ၁၀ ယောက်ကျော်ထက် မနည်းသည် ရောက်ရှိလာခဲ့ကြ၏။ ထို့အပြင် အမြုတေ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် နေရာအနှံ့ပင်။

ကျွင်းချောင်ရှောင်းအနေနှင့် အစီအရင်ကို အတင်းချိုးဖြတ်ဝင်ရောက်မလာပါက နယ်မြေဟောခန်း၏ တိုက်ခိုက်မှုစွမ်းအားသည် ဤမျှအားကောင်းလိမ့်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည်မဟုတ်ချေ။

“နယ်မြေဟောခန်းကိုတောင် ရန်ပြုရဲတယ်ပေါ့။”

ခေါင်းဆောင်ဝမ်သည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ “ခွင့်လွှတ်ပေးလို့မရတော့ဘူး။”

ဆွစ် ဆွစ်

နယ်မြေဟောခန်းမှ ကျွမ်းကျင်သူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းကို အလုံးစုံထုတ်ဖော်လိုက်ကြ၏။ မျက်လုံးထဲတွင် အားကောင်းလှသည့် တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လာခဲ့သည်။

ကြီးမားလှသည့် တိုက်ပွဲကြီးသည် စတင်ပေတော့မည်။ သို့ပေမဲ့ သရဲစစ်သူကြီး ၈ဦးတို့သည် ရွက်သင်္ဘောထဲမှ ပျံသန်းထွက်ခွာလာသည့်အချိန်မှာတော့ အဆင့်နိမ့် တည်နေရာချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများအားလုံးသည် နတ်ဆိုးချီများနှင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရ၏။ ၎င်းတို့ သည် ကြီးမားလှသော တောင်ကြီးများအား ထမ်းထားရသလို ဖိအားများ ခံစားလာခဲ့၏။

ဟမ့်

ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်၏။ သူ၏ သေးငယ်လှသည့် ပုံပန်းသွင်ပြင်နှင့် အမူအရာသည် အလွန်ပင် ချစ်ဖို့ကောင်းလှ၏။ အတိတ်တုန်းကသာဆိုပါက နယ်မြေဟောခန်း၌ များပြားလှသော အစစ်အမှန်ရှာဖွေခြင်း အဆင့် ကျင့်ကြံသူများ တည်ရှိနေသည်ကို မြင်ရပါက ကျိန်းသေပေါက် စိုးရွံ့မိပေလိမ့်မည်။ သို့ပေမဲ့ ယခုအချိန်မှာတော့ တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။

“လာစမ်း။ ပျော်ပါးလိုက်ကြရအောင်။”

နယ်မြေဟောခန်း၏ အထက် ကောင်းကင်ယံမှာတော့ ပြိုင်စံရှားဂိုဏ်းနှင့် နယ်မြေဟောခန်းမှ သိုင်းကျင့်ကြံသူ များသည် ပေ ၁၀၀ အကွာတွင် ရပ်လျက်ရှိ၏။ အခြေအနေသည် အလွန်ပဲ လေးနက်လျက်ရှိ၏။

ဆွစ်

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုသည် ပျံသန်းရောက်ရှိလာ၏။ ၎င်းသည် ပန်းများထိုးထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဂုဏ်သိက္ခာထည်ဝါသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်နေသည်။ ထိုသူက အေးစက်စက် ပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်းက ဝင်ရောက်ကျူးကျော်ဖို့ ကြိုးစားခဲ့တာလား။”

“ဂိုဏ်းချုပ်”

ယုစီနန်က ပြောလိုက်သည်။ “သူက နယ်မြေဟောခန်းရဲ့ ဟောခန်းသခင်ပါပဲ။”

“လင်းထျန်အင်မော်တယ်ဂိုဏ်းက တစ်စုံတစ်ယောက်လား။”

ကျွင်းချောင်ရှောင်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောကက ကျူးကျော်လာသည့်အချိန်တွင် လင်းထျန်အင်မော်တယ် ဂိုဏ်းမှ စေလွှတ်လိုက်သည့် ကျွမ်းကျင်သူတော်တော်များများကို မှတ်မိလို့နေခဲ့၏။

ယုစီနန်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း …. နယ်မြေဟောခန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ဟောခန်းသခင်နေရာကို အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက အလှည့်ကျတာဝန်ယူထားရတာလေ။ ဒီတစ်ကြိမ်က လင်းထျန်အင်မော်တယ်ဂိုဏ်းရဲ့ အလှည့်”

“ဪ”

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပြီ။ သိပ်မှန်တယ်။ ကျုပ်ရဲ့ အကြံအစည်ပဲလေ။”

“ကျုပ် ဟုတ်လား။”

နယ်မြေဟောခန်းမှ ဟောခန်းသခင်သည် အနီးကပ်သေချာကြည့်ရှုလိုက်သည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဆင်တူသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်သည်။ “မင်းက ကျွင်းချောင်ရှောင်းရဲ့ သားလား။”

ကုန်းရှန့်၏ မျက်နှာသေးသေးလေးသည် ဒေါသတရားများနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်၏။ “ချီးတဲ့မှ။ မှားပြန်ပြီလား။”

All Chapters