အခန်း ၁၆၂၃
Vol. 109 Ch. 1623
အပိုင်း (၁၆၂၃)
“မဟုတ်သေးဘူး”
ကုန်းရှန့်သည် အမှန်ပြင်ပေးလိုက်သည်။ “ကျုပ်က ကျွင်းချောင်ရှောင်းပဲ”
စနစ်က သက်ပြင်းချလိုက်၏။ “ခန္ဓာကိုယ် သေးကွေးသွားတာက လက်ခံသူရဲ့ ကျင့်ကြံခြင်းနဲ့ အဆင့်ကို သက်ရောက်ခြင်းမရှိဘူး ဆိုရင်တောင်မှ ဦးနှောက်ကို ထိခိုက်သွားတယ်နဲ့တူတယ်”
“မင်းက ကျွင်းချောင်ရှောင်းလား” နယ်မြေခေါင်းဆောင်သည် သံသယအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
သူ၏ခန္ဓာကိုယ် သေးကွေးသွားသည်ဖြစ်ကြောင်း ပြောလိုက်လျှင် ယုံကြည်မည့်သူမရှိကြောင်း ကျွင်းချောင်ရှောင်းက သိရှိ၏။ ထို့ကြောင့် ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့ကို လှည့်ကြည့်ကာ ပြောလိုက်၏။ “သူတို့ကို ကျုပ်ဘယ်သူလဲဆိုတာ ပြောလိုက်”
“အမှန်ပါပဲ”
၎င်းတို့နှစ်ယောက်သည် သံပြိုင်ပြောဆိုလိုက်သည်။ “သူက ကျွင်းချောင်ရှောင်းပါပဲ”
ပြိုင်စံရှားဂိုဏ်း၏ တပည့်များ ပြောဆိုသည်ဆိုပါက နယ်မြေဟောခန်း၏ ခေါင်းဆောင်သည် ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နတ်ဆိုးသတ်ဖြတ်သူများက ပြောဆိုနေသည်ဆိုမှတော့ ယုံကြည်ရပေလိမ့်မည်။
“ဒီကောင် ရူးသွားပြီလား”
အဆင့်မြင့် တည်နေရာကြီးထဲတွင် အားကောင်းသောသူများသည် ငယ်ရွယ်ချင်သည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ နှစ်နှစ်၊ သုံးနှစ်အရွယ်ကလေးတစ်ယောက် အရွယ်အထိ ငယ်ရွယ်သွားသည် ဆိုသည်မှာ ထူးခြားသည့် ဝါသနာမျိုး တည်ရှိနေမှ ဖြစ်ပေလိမ့်မည်။
တခြားသော ကျင့်ကြံသူများ အားလုံးသည်လည်း ထိုအရာကို တွေးတောနေမိကြ၏။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုပြီးသည့်နောက် ကြက်သီးများပင် ထလာမိခဲ့ကြ၏။ ဤအရာသည် စွဲလမ်းမှု ဝါသနာ လေလား။
ကျွင်းချောင်ရှောင်းအနေဖြင့် အားလုံးသောသူများ၏ အရှေ့တွင် အရှက်မဲ့လှသည့် လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မတွေးတောထားခဲ့ချေ။ သူသည် ဒေါသတရားများကို ဖိနှိပ်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်မိ၏။ “ကျုပ် ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီးပြီ”
.............
နယ်မြေဟောခန်းမှ ဟောခန်းသခင်သည် ဒေါသတရားများကို ဖိနှိပ်ထားခဲ့၏။ နယ်မြေဟောခန်း တည်ထောင်စဉ်ကတည်းက အကာအကွယ်အစီအရင်ကို ချိုးဖြတ်ဖို့ မပြောနှင့် လာရောက်တိုက်ခိုက်သူ ဟူ၍ပင် တစ်ယောက်မှ မရှိခဲ့ချေ။
ပြိုင်စံရှားဂိုဏ်းမှာတော့ ပိုမို၍ ရဲတင်းလာခဲ့ကြသည်။ သူတို့အနေနှင့် ကြီးမြတ်သူတုံးကု၏ နောက်ခံရှိနေသည် ဖြစ်သောကြောင့် ဤမျှအထိ ရဲတင်းနေလေသည်လား။
အားနာပါသည်။ ကြီးမြတ်သူတုံးကုသည် ကုန်းရှန့်၏ အားကိုးသူများထဲမှ တစ်ယောက်သာဖြစ်သည်။ သူ့အနေနှင့် စိန်ခေါ်မှုကို ပြုလုပ်သည်ဆိုခြင်းမှာ သူ့ဂိုဏ်း၏ အားအင့်အဆင့်၊ ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် နဂါးကလန်တို့ကြောင့်ပင် ဖြစ်သည်။
နယ်မြေဟောခန်း၏ အားအင်အဆင့်သည် အားမနည်းလှချေ။ သို့ပေမဲ့ ၎င်းတို့သည် အများဆုံး အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူများသာလျှင်ဖြစ်သည်။ ပိုမို၍ ဆိုးရွားသည့်အခြေအနေမှာ ကျွင်ူးချောင်ရှောင်း၏ ဘက်ခြမ်းတွင် နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်ထဲမှ နှစ်ယောက်က တည်ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် နယ်မြေဟောခန်းထက် အဘယ်သို့ အားနည်းနေမည်နည်း။
တကယ်တမ်းမှာတော့ နယ်မြေဟောခန်းသည် ထင်မှတ်ထားသလောက် အားမကောင်းချေ။ အစတုန်းကတော့ သူတို့သည် အားကောင်းနေခြင်းသည် ကျွင်းချောင်ရှောင်း အနေဖြင့် အားနည်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ယခု ကျွင်းချောင်ရှောင်း အလွန်အားကောင်းလာသည့် အချိန်မှာတော့ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့ သည်။ ထို့အပြင် နယ်မြေဟောခန်း တည်ရှိနေရသည့် အကြောင်းအရာသည် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ နောက်ခံပေးထားခြင်းသာဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ကို ကိုယ်စားပြုထားသည်ဆိုလျှင်တောင်မှ အိမ်၌ အိမ်စောင့်အဖြစ် ထားထားသည့် ခွေးတစ်ကောင်သာသာ မျှသာဖြစ်သည်။
အကောင်းမွန်ဆုံးသော ဥပဒေသသည် အသုဘခန်းဆောင်သာ ဖြစ်တော့သည်။ ၎င်းတို့သည် နယ်မြေဟောခန်းနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ကြ၏။ သို့ပေမဲ့ အမှောင်ထဲမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်မည်ဆိုလျှင် သူတို့တွင် အသက်ဆယ်သက် ရှိသည်ဆိုလျှင်တောင်မှ ထိုကဲ့သို့ ပြုလုပ်ရဲကြလိမ့်မည် မဟုတ်ချေ။ ထိုသူတို့ မပြုလုပ်ရဲဘူးဆိုသည်တောင်မှ ကျွင်းချောင်ရှောင်းသည် ပြုလုပ်ရဲလျက် ရှိနေသည်။ ကောင်းမွန်ပြီး အားကောင်းလှသည့် သတ္တိ၊ ဗျတ္တိကို မပိုင်ဆိုင်ပါက ဤကဲ့သို့ ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။
“ကျုပ် လာပြီး ပြဿနာ လာရှာတာ မဟုတ်ဘူး။ နယ်မြေဟောခန်း အနေနဲ့ ပူးပေါင်းပြီး လူတစ်ယောက်ကို ကျုပ်ဆီ ကမ်းပေးဖို့ပဲ ပြောတာပါ”
သူတို့၏ အရှေ့တွင် ရွက်သင်္ဘောကြီး တည်ရှိနေပြီး နယ်မြေဟောခန်း၏ အကာအကွယ်အစီအရင်ကြီး တစ်ခုလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့၏။ အဘယ်ကြောင့် ပြဿနာလာရှာခြင်းမဟုတ်ဟု ပြောဆိုနေရသနည်း။
တကယ်တမ်းမှာတော့ ဤအရှက်မဲ့သည့် လူတစ်ယောက်သည် ကလေးဖြစ်ပြီးသည့်နောက် ပိုမိုကာ အရှက်မဲ့လာခဲ့သည်လား မသိချေ။
“ဘယ်သူလဲ”
နယ်မြေဟောခန်းမှ ဟောခန်းသခင်သည် ခံစားချက် များကို ထိန်းချုပ်ထားလျက်ရှိ၏။ ကျွင်းချောင်ရှောင်း တစ်ယောက် လွယ်လွယ်ကူကူနှင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သောကြာင့် ပြီးဆုံးသွားစေရန် မျှော်လင့်မိ၏။
“ပိုင်လိလိပဲ”
“ဂိုဏ်းချုပ် သူက ပိုင်လီချင်းချောင်ပါ။ ပိုင်လီလီ မဟုတ်ပါဘူး”
“တူတူပါပဲ”
“............”
ယုစီနန်သည် ဆွံ့အသွားမိ၏။ အဓိပ္ပာယ်သည် အလွန်ပင် ခြားနားလွန်းလှ၏။
နယ်မြေဟောခန်းမှ ဟောခန်းသခင်သည် အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒီလူက ဟောခန်းရဲ့ဥပဒေသတွေကို ချိုးဖြတ်ခဲ့တဲ့ အတွက်ကြောင့် ဒုစရိုက်မြို့ထဲမှာ အပြစ်ပေးခြင်းကို ခံထားရတယ်။ သူ့ကို ရှာချင်တယ်ဆိုရင်တော့ လွတ်လာတဲ့အထိ စောင့်လိုက်အုံး”
“ကျုပ် သူ့ကို ခေါ်သွားချင်တယ်” တစ်ဖက်လူသည် နှစ်ပေါင်းထောင်ချီ ဖမ်းချုပ်ခံထားရသည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သိ၏။ ထို့ကြောင့် ပြန်လွှတ်ရန် အချိန် အတော်ကြာပေလိမ့်မည်။ နှင်းဆီဧကရီ သူမ၏ ပုံပန်းသွင်ပြင်ကို ပြန်လည်မရသရွေ့ နေ့စဉ်အမျှ သူ စိတ်မကောင်းဖြစ်နေရမှာ သေချာ၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံးကုသပေးချင်နေမိ၏။
“ဟုတ်ပြီ”
သူက ထပ်ပြောလိုက်သည်။ “ဒီလိုလုပ်၊ ကျုပ် ပြိုင်စံရှားဂိုဏ်းချုပ်ဆိုတဲ့ နာမည်နဲ့ ခဏခေါ်ထုတ်သွားမယ်။ ကျုပ် လုပ်ချင်တာတွေ လုပ်ခိုင်းပြီးရင် သူ့ကို ဒုစရိုက်မြို့ဆီ ပြန်ပို့လိုက်ပါမယ်”
ဤစကားစုသည် ကျိုးကြောင်းဆီလျော်လွန်းလှ၏။ သို့ပေမဲ့ နယ်မြေဟောခန်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “နယ်မြေဟောခန်းကို ဘာထင်နေတာလဲ။ မင်းတို့က သူ့ကို ခေါ်သွားပြီး လုပ်ချင်တာလုပ်ပြီးလို့ တကယ်ပြန်ပို့ပေးနိုင်မယ် ထင်နေတာလား”
“ခင်ဗျား သဘောမတူဘူးလား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။
“သူတင် သဘောမတူတာ မဟုတ်ဘူး”
ရုတ်တရက် အသံတစ်ခုသည် ထွက်ပေါ်လာသည်။ “လင်းထျန်အင်မော်တယ် ဂိုဏ်းကလည်း သဘောမတူဘူး”
လောကတောင်တန်း၏ အထက် ကောင်းကင်ယံတွင် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည့် အကြီးအကဲ ဆယ်ယောက်တို့သည် ဘယ်ကမှန်းမသိဘဲ ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့ကို ကြည့်ရှုလိုက်သည်နှင့် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီမှ လူများဖြစ်ကြောင်း သိရှိနိုင်၏။
“အင်မော်တယ်အဆင့်ဂိုဏ်းရောက်လာပြီ။ အရာအားလုံး ရှုပ်ကုန်တော့မှာပဲ။ ငါတို့ကတော့ ပွဲကြည့်ကောင်းပြီပဲ” ဖြတ်သွားဖြတ်လာလူများသည် သေသေချာချာ ထိုင်ချပြီးသည့်နောက် ပွဲကို ကြည့်ရှုရန် ပြင်ဆင်လိုက်တော့သည်။
နယ်မြေဟောခန်းသည် အထက်နယ်မြေတစ်ခုလုံး၏ တရားဥပဒေကို ပိုင်ဆိုင်သူဖြစ်၏။ သူတို့၏နောက်တွင် အင်မော်တယ်အဆင့် ဂိုဏ်းများ တည်ရှိလို့ နေသည်။ ယခု ကျွင်းချောင်ရှောင်းသည် လာရောက်ကာ ပြဿနာရှာသည် ဆိုမှတော့ ထိုကိစ္စရပ်များသည် လွယ်လွယ်ကူကူနှင့် ပြီးဆုံးလိမ့်မည် မဟုတ်ချေ။
ဟား ဟား
ကျွင်းချောင်ရှောင်းက ရယ်မောလိုက်သည်။ အင်မော်တယ်အဆင့် ဂိုဏ်းပေါ်ပေါက်လာသည့်အတွက်ကြောင့် သူသည် အံ့ဩမှု မရှိချေ။
“ဂိုဏ်းချုပ်ကျွင်း”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲက အေးစက်စက် ပြောလိုက်၏။ “ခင်ဗျားက အထက်နယ်မြေကို ကာကွယ်ပေးခဲ့တယ် ဆိုတဲ့အတွက်ကြောင့် ကျုပ်တို့က ခင်ဗျားရဲ့ပြစ်မှုတွေကို ဆက်ပြီးတော့ ဇာမချဲ့တော့ဘူး။ နယ်မြေ ဟောခန်းကနေ ချက်ချင်းထွက်သွားတော့”
“ထွက်သွားရမယ် ဟုတ်လား။ ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါဆိုရင် ပိုင်လီချင်းချောင်ကို ကျုပ်ဆီကမ်းပေးလိုက်”
“ဒီအပြစ်သားက သူ့ရဲ့အပြစ်ဒဏ်တွေကို ပေးဆပ်ပြီးမှာပဲ လွတ်လိမ့်မယ်။ ဒါမှမဟုတ်ရင် …” လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲက ပြောလိုက်သည်။
“လိုရင်းကို ပြောရအောင်”
ကျွင်းချောင်ရှောင်းသည် သည်းခံနိုင်မှု ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ခပ်မာမာ ပြောလိုက်၏။ “ကျုပ် ပိုင်လီချင်းချောင်ကို ခေါ်သွားမယ်။ ခင်ဗျားတို့ ကျုပ်ကို ထုတ်မပေးဘူးဆိုရင် နယ်မြေဟောခန်းကို ဖျက်ဆီးတဲ့အတွက် အပြစ်မတင်နဲ့”
“အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အားသင့်စရာပဲ”
ကြည့်ရှုနေကြသူများသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ လက်မပင် ထောင်မိလိုက်ကြ၏။ နောက်ကွယ်တွင် ရှိနေသော အင်မော်တယ်အဆင့်ဂိုဏ်းများသည် ရောက်ရှိလာခဲ့ကြပြီဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပိုမိုကာ မောက်မာလာခဲ့ပြီဖြစ်သည်။
“မင်းလုပ်ရဲတယ်ပေါ့” လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ၏ မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်သွားခဲ့၏။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ အဝေးမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ရှေးရွက်သင်္ဘောကြီးနားတွင် မတ်တပ်ရပ်လျက်ရှိ၏။ မည်သူများ ဖြစ်သနည်း။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့ပင်ဖြစ်သည်။
ကျွင်းချောင်ရှောင်းတစ်ယောက် နယ်မြေဟောခန်းဆီသို့ သွားရောက်သည့်အချိန်တွင် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို အထိတ်တလန့်ဖြစ်သွားမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် သူသည် ကျောက်ရုပ်ထုကလန်အား အရင်ဆုံး စာပို့ကာ အကူအညီတောင်းခံခဲ့ခြင်းဖြစ်၏။
“ခုနက ဘာပြောလိုက်တယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းလှည့်ကာဖြင့် နားပေါ်လက်တင်ကာ ပြောလိုက်သည်။ “သေသေချာချာ မကြားရဘူး”
ဝန်ကြီးကိုးပါးနှင့် မူးမတ်သုံးပါးတို့၏ ထောက်ပံမှုနှင့်အတူ ကုန်းရှန့်သည် ပိုမိုကာ မောက်မာလာခဲ့၏။ ဤလူများသည် သူ၏တပည့်၊ အခိုင်းအစေများ မဟုတ်သော်လည်း သူ၏နောက်လိုက်များ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ခေါင်းဆောင်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူ့မှာ ထိုသူတို့အား ခိုင်းစေရန် အခွင့်အရေး ရှိနေ၏။
...........
မူလအားဖြင့် ဒေါသထွက်လျက် ရှိနေသည့် လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ အကြီးအကဲသည် တိတ်ဆိတ် ငြိမ်သက်သွား၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့ အားလုံးသည် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် ရှိနေ၏။ ထိုသူတို့သည် အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခုနှင့် နှိုင်းယှဉ်၍ရသည့် အခြေအနေတွင် တည်ရှိလို့နေသည်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ အသံတစ်ခုသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာ၏။ “တပည့်တို့ ရောက်ရှိလာပါပြီ”
ဝှစ် ဝှစ်
အသံထွက်ပေါ်လာလာခြင်းပဲ များပြားပြီး ကြီးမားလွန်းလှသော နဂါးများသည် တိမ်များထဲမှ ပေါ်ထွက်လာခဲ့ကြ၏။ ထိုနဂါးများသည် ဆန်းကြယ်လှသော အမူအရာနှင့်အတူ နယ်မြေ ဟောခန်းကြီးတစ်ခုလုံးအား လွှမ်းခြုံထားခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းလှသည့် နဂါးအော်ရာများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့သည်။ နဂါးလေးသည် လူသားအသွင်ပြောင်းလဲကာဖြင့် နဂါးတစ်ကောင်၏ အပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။ နဂါးပုလ္လင်၏ နန်းကို ဆက်ခံပြီးကတည်းက မတွေ့မြင်ရသည်မှာ ကြာမြင့်ပြီဆိုသော်လည်း ၎င်း၏ ဘုရင်တစ်ပါး အော်ရာများသည် အလွန် အားကောင်းလွန်းလှ၏။
“.............”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အရှေ့တွင် ကျောက်ရုပ်ထု မျိုးနွယ်ကလန်ရှိနေပြီး ကောင်းကင်ပေါ်တွင် နဂါးကလန်မှ ကျွမ်းကျင်သူများ ရှိနေ၏။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ဟု သူတစ်ခါမှ မထင်မှတ်ခဲ့ဖူးချေ။
“ကျုပ် ထပ်မေးမယ်”
ကျွင်းချောင်ရှောင်းသည် လေထဲတွင် ရှိနေသော စားပွဲပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် လက်များကို စုစည်းကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား သူကို လွှဲပေးမှာလား။ မလွှဲပေးဘူးလား”