အခန်း ၁၆၂၄
Vol. 109 Ch. 1624
အပိုင်း (၁၆၂၄)
ထူးခြားလှိုဏ်ဂူ၏ အတွင်းထဲမှာတော့ အဖြူရောင်နှင့်အမဲရောင် စစ်တုရင်ရုပ်များသည် မြေပေါ်တွင် ပျံ့နှံ့လျက် ရှိနေ၏။
“အဘိုးကြီး”
မာဆာတိုကီတာနိုသည် အရင်ဦးဆုံး ခုံအား ပြန်လည်ကာ ပြင်ဆင်လျက် ရှိ၏။ ပြီးနောက် စစ်တုရင် အရုပ် အသစ်များကို ပြန်လည်ကာ ထုတ်ယူလိုက်သည်။ “ကြယ်တာရာစိတ်ဝိညာဉ်လောကဆီက လာရောက် ကျုးကျော်မှု တွေ ဖြစ်ပြီးတဲ့နောက်မှာ ခင်ဗျားက နေ့စဉ်နေ့တိုင်း ပျော်ရွှင်နေမိတယ်လို့ ကျုပ်သတိပြုမိတယ်”
ရင်းနှီးသည့် လှုပ်ရှားမှု၊ ရင်းနှီးသည့် ဖြစ်စဉ်များ။
မှန်ပေသည်။ ဂိမ်းကစားပွဲ၏ တစ်ဝက်လောက်မှာတော့ စစ်တုရင်ခုံကို ပြောင်းပြန်လှန်ပြီးသည့်နောက် ထုံးစံအတိုင်း ရန်ပွဲဖြစ်ပွားခဲ့ခြင်းပင်။
“ဟား ဟား ဟား” ကြီးမြတ်သူတုံးကုက ရယ်မောလိုက်သည်။ အစစ်အမှန်ပင် ဖြစ်သည်။ ကပ်ဘေးကြီး ပြီးဆုံးသွားပြီး သည့်ကတည်းက သူ၏စိတ်တစ်ခုလုံးသည် အမှန်ပင် တည်ငြိမ်လျက်ရှိနေ၏။ သူက မည်သည့်မကောင်းသည့် ခံစားချက်ကိုမှ မရရှိခဲ့ချေ။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ကောင်းမွန်လှသည့် နောက်ခံကို ပိုင်ဆိုင်ပြီး ပိုမိုကာ အားကောင်းလာခဲ့သောကြောင့်ပင်။ အနာဂတ်မှာ ၎င်းသည် အထက်နယ်မြေတွင် ပြဿနာရှာမည်ဆိုပါက ဆရာ တစ်ယောက်အနေနှင့် ရှိသမျှပြဿနာများအားလုံးကို ခေါင်းဝင်ခံရန် မလိုအပ်တော့ချေ။
ပြောနေစရာပင် မလိုအပ်ချေ။ ကုန်းရှန့်သည် မျိုးနွယ်ကလန်နှစ်ခုလုံး၏ ထောက်ပံ့မှုကို မရရှိပါက ကြီးမြတ်သူတုံးကု အနေဖြင့် လက်ရှိအချိန်တွင် အေးအေးဆေးဆေးဖြင့် စစ်တုရင် ကစားခြင်းကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
…………..
မြင်ကွင်းသည် လောကတောင်တန်းဆီသို့ ပြောင်းလဲသွားခဲ့၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီမှ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အဆုံးစွန်အထိ အသက်သွင်းထားခဲ့၏။ နဂါးကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း ၎င်းတို့၏ အစစ်အမှန် ပုံစံကို ပြောင်းလဲကာဖြင့် ကောင်းကင်အထက်တွင် လွင့်မျောနေ၏။ အားလုံးသောသူတို့သည် ကြီးမားလှသည့် ဖိအားကြီးကို ဖန်တီးပေးစွမ်းနေ၏။
ကျွင်းချောင်ရှောင်းသည် သင်္ဘော၏ ပဲ့ဦးပေါ်တွင် ထိုင်လျက် ရှိနေပြီး တစ်ဖက်လူများ ပြန်ဖြေမည့်အဖြေကို နားထောင်နေ၏။ အကယ်၍ တစ်ဖက်လူများသည် ပိုင်လီချင်းချောင်ကို မလွှတ်ပေးပါက ကျိန်းသေပေါက် အမိန့်ပေးကာဖြင့် နယ်မြေဟောခန်းကို ဖျက်ဆီးရပေလိမ့်မည်။
သူ၏တပည့်အတွက်နှင့် ကုန်းရှန့်သည် ကျိုးကြောင်းမဆီလျော်သည့် ကိစ္စရပ်များကို ပြုလုပ်နိုင်သူ ဖြစ်၏။ သူ၏ အသက်ကိုပင် စတေးထားခဲ့သည်။ နှင်းဆီဧကရီဆိုလျှင် ပြောနေစရာပင် မလိုချေ။
“ချီးတဲ့မှ” လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲသည် ဒေါသထွက်လျက် ရှိသည်။
“မြန်မြန်ဖြေ”
ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျုပ်ရဲ့ သည်းခံနိုင်မှုက အကန့်အသတ် ရှိတယ်” သူသည် တစ်ဖက်လူအား မောက်မာနိုင်ခွင့် မပေးချေ။ ဆက်တိုက်ဆိုသလိုပဲ ဖိအားပေးလျက် ရှိ၏။
“ကောင်းပြီ”
အကျိုးသင့်အကြောင်းသင့်ကို ချိန်ဆပြီးနောက် လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ အကြီးအကဲသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။ “ပိုင်လီကို လွှတ်ပေးလိုက်မယ်”
ကြောက်လန့်နေသည်လား။ အဓိကအားဖြင့် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ကျူးကျော်မှုကို ခံစားရပြီးသည့်နောက် အင်မော်တယ်အဆင့် ဂိုဏ်းများသည် လုံလောက်သည့် အားအင်အဆင့်ကို ပြန်လည်မရရှိသေးချေ။ အကယ်၍ ယနေ့တွင် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်သည်ဆိုပါက ကလန်ကြီးနှစ်ခုနှင့်အတူ ကြီးမားသည့်တိုက်ပွဲကြီးကို ရင်ဆိုင်ရမှာဖြစ်၏။
ထားလိုက်တော့။ ထားလိုက်တော့။ ပိုမိုကာ စဉ်းစားလေ သူသည် ပိုမိုကာ ဒေါသထွက်လေဖြစ်သည်။ သို့ပေမဲ့ လောကကြီး တည်ငြိမ်အေးချမ်းချင်သည့်စိတ်ကြောင့် သူသည် ပိုင်လီချင်းချောင်ကို လက်လွှတ်ပေးခဲ့ရတော့သည်။ လင်းထျန်အင်မော်တယ်ဂိုဏ်းသည် ၎င်းတို့၏ သိက္ခာကို ဂရုစိုက်သူဖြစ်၏။ တိုက်ခိုက်ပြီးမှ ဖြစ်ပေါ်လာမည့် ရှုံးနိမ့်မှုကို မခံနိုင်ချေ။ ထို့ကြောင့် ပိုင်လီကို အပြင်ဘက်သို့ ထုတ်ပေးရန် သဘောတူညီ လိုက်တော့သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဘာတွေ အလုပ်ရှုပ်နေတာလဲ”
…………
ဒုစရိုက်မြို့
မြို့တစ်ခုနှင့်ဆင်တူလှသည့် သေးငယ်လှသော လွတ်လပ်သည့်နယ်မြေလေးတစ်ခုဖြစ်သည်။ တည်နေရာကြီးတစ်ခုလုံး သည် မကြီးမားလှချေ။ သို့ပေမဲ့ များပြားလွန်းလှသော အကာအကွယ်အစီအရင်များသည် တည်နေရာအနှံ့တွင် ပြုလုပ် ထားခဲ့၏။ ထိုအရာသည် ဖောက်ထွင်းထွက်၍ မရနိုင်သည့် ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။
ဝှီး ဝှီး ....။
အရာဝတ္တုများ ပွတ်တိုက်သည့်အသံ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် အပြင်လောကနှင့် ချိတ်ဆက်ထားခဲ့သည့် ဝင်ပေါက်ကြီးသည် ပွင့်လာခဲ့တော့၏။ ပုံပျက်ပန်းပျက်နှင့် ဆံပင်များ ပွစာကျဲလျက် ရှိနေသည့်လူတစ်ယောက်သည် ခြေကျင်းဝတ်တွင် သံကြိုးများပတ်ထားသည့်ပုံစံနှင့် ထွက်လာခဲ့သည်။
“ခင်ဗျား ထွက်သွားလို့ရပြီ” အစောင့်သည် တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။
“ဟမ့်”
အကျဉ်းသားသည် ဦးခေါင်းကို မော့ကာဖြင့် သူ၏မျက်လုံးထဲတွင် လေးနက်သည့်အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။ သူ၏လေသံသည် အမှန်ပင် မောက်မာလွန်းလှ၏။ “ကျုပ် အပြစ်ဒဏ်တွေ ပြီးဆုံးဖို့ နှစ်တစ်ထောင် ကျန်သေးတယ်။ ဘာလို့ အစောကြီး လွှတ်လိုက်တာလဲ”
“တစ်စုံတစ်ယောက်က ခင်ဗျားကို လာထုတ်လို့ပေါ့”
“ဘယ်သူလဲ”
“ပေါက်ကရတွေ ပြောမနေနဲ့ အခုထွက်သွားတော့”
အကျဉ်းသားသည် မည်သည့်စကားကိုမှ မဆိုချေ။ ချက်ချင်းပဲ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ လျှောက်ထွက်လိုက်၏။ သို့ပေမဲ့ သူသည် မထွက်ခွာခင် သူ၏ဆံပင်များကို အသာသပ်တပ်ကာ ပြောလိုက်သည်။ “မထွက်သွားခင်မှာ အကြံတစ်ခုပေးလိုက်မယ်။ သုံးရက်တိတိ ဘာအစားမှ မစားနဲ့။ မဟုတ်ရင်”
ဝှစ်
ပြောပြောပြီးပြီးချင်းမှာပဲ ထိုလူသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။ အစောင့်၏ အမူအရာသည် ပြောင်းလဲ သွားခဲ့သည်။ အလောတကြီးဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးလိုက်၏။ တစ်စုံတစ်ခု မှားယွင်းသည်ကို မတွေ့ရသည့်အတွက် သူက ပြောလိုက်သည်။ “ဒီကောင် ငါ့ကို ခြောက်လှန့်တာပဲ ဖြစ်ရမယ်”
“ဆရာ”
နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ဒီလူရဲ့ ဆေးစွမ်းအင်က ထူးဆန်းတယ်နော်။ သူပြောတဲ့အတိုင်း ယုံကြည်သင့်တယ်”
.............
လောကတောင်တန်း၏ အပြင်ဘက်
အစီအရင်ဆီမှ အလင်းတန်းများ ဖြတ်သန်းလာ၏။ ဆံပင်များ ပွစာကျဲလျက်ရှိနေသည့် လူတစ်ယောက်သည် လေထု ထဲ၌ ပေါ်ထွက်လာ၏။ ထိုသူသည် ဦးခေါင်းကို မော့ကာဖြင့် လတ်ဆတ်လွန်းသော လေကိုရှူရှိုက်လိုက်၏။ ပြီးနောက် သူက သက်ပြင်းချလိုက်သည်။ “ဘယ်လောက်ကောင်းလိုက်တဲ့ရနံ့လဲ”
ဝှစ် ဝှစ်
ပြောပြီးပြီးချင်းမှာပဲ လက်တစ်ဖက်သည် သူ၏အင်္ကျီကော်လံအား ဆွဲကိုင်အား သူ့အား ဆွဲချလိုက်၏။
မည်သူ ဖြစ်သနည်း။ ကျွင်းချောင်ရှောင်းပင်ဖြစ်သည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှေ့တွင် အချိန် အတော်ကြာ ဆောင့်ကြောင့်ထိုင်ကာ စောင့်နေခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ထွက်ပေါ်လာလာခြင်း ဟိတ်ကြီး ဟန်ကြီး ပြုလုပ်နေသည်ကို မြင်သည့်အချိန်မှာတော့ တစ်ခါတည်း ဆွဲယူကာဖြင့် နှင်းဆီဧကရီအား ကုသပေးရန် ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်ဆောင်လာခဲ့တော့သည်။
“နေအုံး၊ နေအုံး... ကျုပ်ဖိနပ် ကျန်ခဲ့သေးတယ်”
ပိုင်လီချင်းချောင် - ထိုသူသည် နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ ဤလူသည် ထူးခြားသည့် စိတ်ဝိညာဉ်အမြူတေကိုတော့ မပိုင်ဆိုင်ချေ။ သို့ပေမဲ့ ထူးခြားသည့် ဆေးပညာကိုတော့ ပိုင်ဆိုင်သည်။ ယခင်တုန်းက သူသည် အမှတ်မထင်ဖြင့် သစ္စာဖောက်တစ်ယောက်နောက်သို့ လိုက်ရင်း မြို့တစ်မြို့ကို ဖျက်ဆီးပစ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် နှစ်ပေါင်းထောင်ချီ ထောင်သွင်းအကျဉ်းချခြင်းကို ခံလိုက်ရ၏။ သို့ပေမဲ့ ယနေ့တွင် သူသည် ထောင်ထဲမှ လွတ်လာရုံသာမက ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်ဆောင်ခြင်းကိုလည်း ခံခဲ့ရ၏။
သူ၏ လက်ရှိအခြေအနေကို ဖော်ပြရမည်ဆိုလျှင် တချိန်လုံး ဆွံ့အမိနေခြင်းပင်။
“ဘာတွေဖြစ်နေတာလဲ”
သီးခြားဆန်လှသော ခြံဝန်းထဲသို့ ရောက်ရှိပြီးသည့်နောက် ပိုင်လီချင်းချောင်သည် ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့ကို ကြည့်ရှုနေ၏။ သူတို့သည် ယခင်က လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်သည်မို့ တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းပြီးသားဖြစ်သည်။
“ဒါ ခင်ဗျားလုပ်နိုင်တဲ့အရာလေးပဲ မဟုတ်လား။ ကျုပ်တို့ ဂိုဏ်းချုပ်က ခင်ဗျားကို ဖိတ်ခေါ်လာတာ ရောဂါကုသဖို့ပဲ”
“ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ် ဟုတ်လား”
ပိုင်လီချင်းချောင်သည် ကြောင်အသွား၏။ “လွတ်လပ်မှုကို ခုံမင်တဲ့ ခင်ဗျားတို့ နှစ်ယောက်က ဘယ်လိုဖြစ်ပြီး ဂိုဏ်းတစ်ခုထဲကို ဝင်လိုက်တာလဲ။ ဟုတ်လို့လား”
“ဒါအမှန်ပဲ”
ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် ပြောဆိုလိုက်၏။ အတိတ်တုန်းကဆိုလျှင် သူတို့သည် မည်သည့်ဂိုဏ်းကိုမှ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့သည် ဂိုဏ်းတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်၏။
ပိုင်လီချင်းချောင်က ပြောလိုက်သည်။ “ဘယ်လိုဂိုဏ်းမျိုးမို့ ခင်ဗျားတို့နှစ်ယောက်က စိတ်ဝင်စားရတာလဲ”
“ပြိုင်စံရှားဂိုဏ်းလေ”
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်မှ လျှောက်ဝင်လာပြီးသည့်နောက် စားပွဲခုံပေါ်သို့ ခုန်တက် လိုက်၏။ ပြီးနောက် ခြေချိတ်ထိုင်ကာဖြင့် စတင်ကာ ပြောဆိုလိုက်၏။ “ခင်ဗျားအနေနဲ့ သူမရဲ့ မျက်နှာကို အရင် အတိုင်း ပြန်ပြီးရအောင် လုပ်ပေးမယ်ဆိုရင် ကျိန်းသေပေါက် မနစ်နာစေရပါဘူး”
“မင်းက”
“ကျုပ်တို့ဂိုဏ်းချုပ်လေ”
ခွိ ခွိ ခွိ ခွိ …… ဟား ဟား ဟား ဟား
ပိုင်လီချင်းချောင်သည် ရုတ်တရက် ထကာ ရယ်မောလိုက်မိ၏။ သူသည် ပိုးစိုးပက်စက် ရယ်မောရလွန်းသောကြောင့် မျက်လုံးထဲမှ မျက်ရည်များပင် ထွက်ကျလာခဲ့၏။ “ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကလေးအသေးလေးလား။ ဒါက အရမ်းရယ်ရ တယ်။ ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ သူ့အနေနှင့် ထိုသူအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ကာ ပညာပေးချင်စိတ်များပင် ပေါက်မိသည်။
“အားနာပါတယ်” ပိုင်လီချင်းချောင်သည် ရုတ်တရက် ရယ်မောနေရာမှ ရပ်တန့်လိုက်ပြီး လေးနက်သွားခဲ့၏။ “ကျုပ်အနေနဲ့ တခြား ဘယ်သူ့ကိုမှ မကုသတော့ဘူးလို့ ကျိန်ဆိုထားခဲ့တယ်လေ။ ဒီတော့ တခြားသူကိုပဲ ရှာသင့်တယ်”
ပြော၍မပြီးခင်မှာပဲ သူသည် လေထုထဲသို့ ဆွဲမြောက်ခြင်းကို ခံလိုက်ရ၏။ “လာခဲ့... ခင်ဗျားကို ဒုစရိုက်မြို့ထဲကို ပြန်ပို့ရမယ်
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျုပ် လွတ်လပ်မှုကို လိုချင်ပါတယ်”
“ခင်ဗျားကို ကျုပ်က ရောဂါကုသခိုင်းချင်လို့ ထောင်ထဲကနေ ထုတ်လာတာလေ။ အခု ခင်ဗျားက ရွှေခွက်နဲ့ လက်ဆေးပြီး တော့ ဆေးမကုဘူးဆိုတော့ ခင်ဗျားကို ဘာလုပ်ရမလဲ”
“ကျုပ် ကုပါ့မယ်။ ကျုပ် ကုပါ့မယ်” ပိုင်လီချင်းချောင်သည် မူလအားဖြင့် ဟိတ်ဟန်ထုတ်လျက် ရှိသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဂရုမစိုက်ချေ။ အကျဉ်းထောင်ထဲသို့ ပြန်ပို့ရန် ပြင်ဆင်လျက်ရှိနေ၏။
လွတ်လပ်မှုကို ခုံမင်သည့်စိတ်ကြောင့် သူသည် ပူးပေါင်းပါဝင်လိုက်ရတော့သည်။
ဆွစ်
ဆေးဟောခန်း၊ ကုသရေးခန်းမထဲမှာတော့ အမဲရောင်တစ်စက်ကလေးမှ မရှိသော အဖြူစွတ်စွတ် ဝတ်စုံကို တစ်ကိုယ်လုံး ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ပေါ်ပေါက်လာခဲ့၏။ သူ၏ရှုပ်ပွနေသည့်ဆံပင်များကို ဘီးဖြင့် သပ်သပ်ရပ်ရပ်ဖီးထားပြီး ကြည့်ရှုရသည်မှာ နက်မှောင်၍ တောက်ပြောင်လျက်ရှိနေ၏။
“တကယ့်ကို ကျွမ်းကျင်သူပဲ” စွန်းပုကုံးသည် အံ့အားသင့်သွား၏။ ဂိုဏ်းထဲတွင် ရှိနေသည့် အကောင်းမွန်ဆုံးသော ဆေးစွမ်းရည်ကို ပိုင်ဆိုင်သည့်တပည့်တစ်ယောက်အနေနှင့် တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ပိုင်လီချင်းချောင်သည် ကျိန်းသေပေါက် ကြီးကျယ်မြင့်မြတ်လှသည့် သမားတော်ကြီးဖြစ်မှန်း သူသတ်မှတ်ခဲ့ပြီဖြစ်သည်။
နှင်းဆီဧကရီသည် လျှောက်ဝင်လာခဲ့၏။ သူမ၏ ကိုယ်ဟန်အမူအရာများသည် တစ်ချက်ကလေးမှ မပြောင်းလဲခဲ့ချေ။ ကောင်းမွန်လှသည့်အခြေခံကို ပိုင်ဆိုင်လွန်းလှ၏။ သူမကို ကြည့်ရှုရသည်မှာ အိုမင်းရင့်ရော်လွန်းသောကြောင့် သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းနေသည့် လူတစ်ယောက်နှင့် ဘယ်လိုမှ မတူချေ။
“ဂိုဏ်းချုပ်ကျွင်း”
ပိုင်လီချင်းချောင်သည် ခဏလောက် စစ်ဆေးကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားမိန်းမရဲ့ သွင်ပြင်အမူအရာက နေမကောင်းတာကြောင့် ဖြစ်သွားတယ်လို့ ကျုပ်မထင်ဘူး”
“ဒါအမှန်ပဲ” ကျွင်းချောင်ရှောင်းသည် အသေးစိတ်များကို သေသေချာချာ ပြန်ပြောလိုက်၏။
ပိုင်လီချင်းချောင်သည် မေးစေ့ကို အသာပွတ်သပ်ကာ ပြောလိုက်သည်။ “သူမက အိုမင်းရင့်ရော်သွားတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဘဝချောက်နက်ထဲမှာ သူမရဲ့ သက်တမ်းတော်တော်များများကို စတေးလိုက်လို့ပဲ”
“ဒါဆိုရင် သူမကို ကုသပေးဖို့ နည်းလမ်းရှိလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
“အားနာပါတယ်”
ပိုင်လီချင်းချောင်က ပြောလိုက်သည်။ “ခင်ဗျားမိန်းမရဲ့ ရောဂါက အသက်ဓာတ်တွေ ကုန်ဆုံးသွားလို့ ဖြစ်ပွားသွားတဲ့ ရောဂါပဲ။ ဒါကို ဆေးစွမ်းရည်၊ ဆေးလုံးတွေနဲ့ ကုသလို့ မရဘူး။ သူမက အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ် နိုင်မှပဲ သက်တမ်းပိုပြီး တိုးလာလိမ့်မယ်။ ဒါဆိုရင် ဒါကို ရပြီ”
ကျွင်ချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ ဤနည်းလမ်းကို သူမသိ၍ မဟုတ်ချေ။ သို့ပေမဲ့ အစစ်အမှန် ရှာဖွေခြင်းအဆင့်မှသည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ တက်လှမ်းရန် ဆိုသည်မှာ အလွန်ခက်ခဲလှချေ၏။
“ဟုတ်ပြီ”
ပိုင်လီချင်းချောင်က ပြောလိုက်၏။ “ရောဂါကို ကုသနိုင်တဲ့ ရိုးရာဆေးနည်းတစ်ခုတော့ ရှိတယ်”
“ရိုးရာဆေးနည်း ဟုတ်လား”
“အင်း... ရိုးရာဆေးနည်းဆိုတာ ကျုပ် တစ်လောကလုံးကို လှည့်လည်ခရီးသွားတဲ့အချိန်က ရရှိခဲ့တဲ့အရာပဲ။ ဒါကို ဘယ်သူဖန်တီးထားတယ်ဆိုတာကို ရေးမထားခဲ့ဘူး။ ဒါက ဘာမှန်းမသိဘူး။ ဒါပေမဲ့ ကျုပ်က သူ့ကို နာမည်ပေးထားခဲ့ တယ်လေ။ ဝိညာဉ်စတေးခြင်း ထာဝရ အသက်ရှည်ဆေးတဲ့”
ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် ဆွံ့အသွားခဲ့၏။ နာမည်ကို ကြားလိုက်သည့်နှင့်ပင် အလွန်အားကောင်းပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်လိုဆေးပင်တွေ လိုအပ်လဲ။ ကျုပ် ချက်ချင်း ရှာပေးမယ်”
“ဆေးပင်တွေကတော့ သာမန်ပါပဲ။ ထူးထူးခြားခြား ရှာဖွေနေစရာ မလိုပါဘူး။ ဒါပေမဲ့”
ပိုင်လီချင်းချောင်းသည် ရဲတင်း သည့် အမူအရာဖြင့် ပြောလိုက်၏။ “တစ်စုံတစ်ယောက်က ဝိညာဉ်တွေကို စတေးခံရလိမ့်မယ်။ ဒါမှ သန့်စင်တဲ့ စံချိန် စံညွှန်းတွေနဲ့ ပြည့်စုံမှာလေ”
“ကျုပ်တို့လုပ်မယ်” လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အရင်ဆုံး ပြေးဝင်လာခဲ့၏။ အားလုံးသော သူများ အားကောင်းစေရန် အလို့ငှာ ဆရာကတော်သည် သူမ၏ သက်တမ်းအားလုံးကို စတေးခံခဲ့ရ၏။ ထို့ကြောင့် သူတို့ အနေဖြင့် ပြန်လည်ကာ ပေးဆပ်ရမည်မှာ သဘာဝပင်ဖြစ်သည်။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီးသေးသေးလေးကို ဆုပ်ကာဖြင့် အော်ဟစ်လိုက်သည်။ “ဒါက ငါ့မိန်းမ၊ ငါ့ရဲ့ဝိညာဉ်ကို အသုံးပြုပြီး ဆေးဖော်စပ်မယ်။ သွားကြတော့”
“ကောင်းပါပြီ”
“ဒါက အဓိပ္ပာယ်ရှိတယ်။ သွားကြစို့၊ သွားပြီးကျင့်ကြံကြမယ်” သ
ို့ပေမဲ့ လမ်းတလျှောက်မှာတော့ သူတို့သည် ဇဝေဇဝါ ဖြစ်မိနေသည်။ ဂိုဏ်းချုပ်သည် နှင်းဆီဧကရီအား သူ၏မိန်းမဟု ပထမဦးဆုံးအကြိမ် ဝန်ခံလိုက်ခြင်း ဖြစ်နေသည် မဟုတ်ပါလား။
“အင်း”
ခြံဝန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်နေသော အကြီးအကဲဝေသည် ရုတ်တရက် ခေါင်းမော့ကာဖြင့် လေးနက် တည်ကြည်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်က နောက်ဆုံးတော့ ဉာဏ်အလင်း ရသွားပြီပဲ”