← Chapters

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အပိုင်း (၁၆၂၅)

နှင်းဆီဧကရီ၏ အိုမင်းရင့်ရော်သွားသည့် အသွင်အပြင်သည် သူမ၏ နေထိုင်နိုင်သည့် သက်တမ်းများအား အလွန်အကျွံ သုံးစွဲလိုက်သောကြောင့်ပင် ဖြစ်၏။

ပိုင်လီချင်းချောင်၏ ပြောဆိုချက်အရဆိုလျှင် သာမန်ဆေးစွမ်းရည်များသည် သူမကိုကုသ၍မရနိုင်ချေ။ သူမအနေဖြင့် သူမ၏အဆင့်ကို တိုးတက်အောင်ပြုလုပ်ဖို့ လိုအပ်၏။ ထိုမှမဟုတ်လျှင် ကုန်ဆုံးသွားသော သက်တမ်းများကို ပြန်လည်ဖြည့်ရန်အတွက် အထူးပြုလုပ်ထားသည့် ဆေးများကို အသုံးပြုမှ ဖြစ်ပေလိမ့်မည်။

ပိုင်လီချင်းချောင်သည် အမှတ်မထင် လောကကြီးသို့ လှည့်လည်သွားလာစဥ်က ရိုးရာနည်းလမ်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုအရာသည် တစ်စုံတစ်ယောက်၏ သက်တမ်းကို ပိုမိုကာ ရှည်လျားစေခဲ့၏။

အိုနာသေဘေးဆိုသည်မှာ လောက၏ နိယာမပင် ဖြစထ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ သက်တမ်းအား တိုးမြင့်ခြင်းဆိုသည်မှာ ကောင်းကင်ကို ငြင်းပယ်ရသည့် အရာပင် ဖြစ်၏။ ထို့ကြောင့် ထိုကဲ့သို့သော ဆေးလုံးကို သန့်စင်ရန်အတွက် တစ်စုံတစ်ယောက်သည် ဝိညာဥ်ကို စတေးကာဖြင့် ပါဝင်ပစ္စည်းများကို ဖော်စပ်ရမှာ ဖြစ်၏။ အပွင့်လင်းဆုံးပြောရလျှင် ပိုမိုအားကောင်းသည့် သက်တမ်းကို ပိုင်ဆိုင်ချင်နေသည်လား။ ထိုသို့ဆိုလျှင် ဝိညာဥ်စတေးရန်လိုအပ်နေခြင်းပင်။

"ဒီဆေးလုံးက ငါစတေးဖို့အတွက် ဖန်တီးထားတဲ့ ဆေးနည်းပဲဖြစ်ရမယ်"

ကျွင်းချောင်ရှောင်းသည် ဝံ့ကြွားလို့နေခဲ့၏။ တခြားသောအရာများတွင် သူသည် ဘာမှန်းမသိပေမဲ့ ဝိညာဥ်ကြံ့ခိုင်မှုတွင်တော့ သူသည် ဘယ်လိုမှအားမနည်းလှချေ။

"အမှန်ပဲ"

စနစ်က ကပြောလိုက်၏။ "လက်ခံသူရဲ့ အကြီးမားဆုံး အမူအကျင့်က ဝိညာဥ်အားကောင်းတာပဲ။ ဒုတိယတစ်ခုက မျက်နှာအရည်ထူတာလေ"

"တော်စမ်း"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် "ပစ္စည်းစာရင်းကိုပေး ကျုပ်အခုသွားဝယ်လိုက်မယ်"

ပိုင်လီချင်းချောင် သည် ချက်ချင်းပဲ ပါဝင်ပစ္စည်းများကို ချရေးတော့၏။ ပြီးနောက် အသာကမ်းပေးကာ ပြောလိုက်၏။ "ကျုပ်အနေနဲ့ ဒီဆေးလုံးကို ပထမဆုံးသန့်စင်တာပဲလေ။ အတွေ့အကြုံသိပ်မရှိဘူး။ ဒီတော့ တစ်ဒါဇင်လောက် ဝယ်ထားမှ အဆင်ပြေလိမ့်မယ်"

"တစ်ဒါဇင် ဟုတ်လား"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ အချိန်ဒါဇင်ချီ၍ သူသန့်စင်ရပေလိမ့်မည်။ အကြိမ်ရေ အများအပြား ကျဆုံးသည် ဆိုပါက သူ၏ဝိညာဥ်သည် ခံနိုင်ရည်ရှိပါမည်လား။

နှင်းဆီဧကရီက ပြောလိုက်သည်။ "ဒီဟာကနေ ဖြစ်လာမဲ့အကျိုးဆက်က အရမ်းပြင်းထန်ရင် ယောကျာ်း အဆင်ခြင်မဲ့ မလုပ်ပါနဲ့တော့ "

ကျွင်းချောင်ရှောင်းက ပြန်လည်ပြောလိုက်မိ၏။ "ကျုပ်ဆုံးဖြတ်ပြီးပြီ"

"........" နှင်းဆီဧကရီသည် မည်သည့်စကားမှ မဆိုချေ။

တစ်ရက်တည်းမှာပဲ အဝယ်တော်ဟောခန်းဆီမှ အဖွဲ့ဝင်များသည် အလုပ်ကြိုးစားကြတော့၏။ ကံကောင်းစွာဖြင့် ဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သော ဆေးပင်များသည် သာမန်သာဖြစ်၏။ ထို့ကြောင့် နောက်တစ်ရက်မှာပဲ ဆယ့်နှစ်စုံစာကို ပြင်ဆင်ပြီး ဖြစ်နေတော့သည်။

တောင်တောင်တောင် တောင်တောင်တောင်

ဆေးဟောခန်းအတွင်းမှာတော့ အသံတစ်ခု ထွက်ပေါ်လျက်ရှိ၏။ ယုစီနန်နှင့် ကုန်းစွန်းဟုန့် တို့သည် ဆွံ့အလျက်ရှိနေကြ၏

အဘယ့်ကြောင့်ဆိုသော် ပိုင်လီချင်းချောင်သည် တာအိုဝတ်စုံကို ဝတ်ဆင်ကာဖြင့် လက်ထဲတွင် သစ်သားဓားကို ကိုင်ဆောင်ထား၏။ တစ်ခြားလက်မှာတော့ ခေါင်းလောင်းလေးသုံးခုကို ကိုင်ထားပြန်သည်။ ပြီးနောက် ရှေ့သွားလိုက်၊နောက်သွားလိုက်နှင့် ယစ်ပူဇော်မည့်လူကဲ့သို့ပင် သရုပ်ပြလျက်ရှိ၏။ မကောင်းဆိုးဝါးနှိမ်နင်းသည့် ဘုန်းတော်ကြီး ဖြစ်သွားလေသလား။

"…….."

ပိုင်လီချင်းချောင်သည် ဘယ်သူမှနားမလည်သည့် မန္တာန်များကို ရွတ်ဖတ်လျက်ရှိ၏။ ပြီးနောက် ပါးစပ်ဟကာဖြင့် ဖယောင်းတိုင်တစ်ခုကို ထွေးထုတ်လိုက်၏။ ချက်ချင်းပဲ မီးဘောလုံးတစ်ခုသည် ကောင်းကင်ထက်တွင် ဖြစ်တည်လာခဲ့ပြီး အနားတွင်ရှိနေသော ဆေးမီးဖိုကြီးသည် မီးများဖြင့် ထွန်းတောက်လာခဲ့၏။

"ကောင်းလိုက်တာ"

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် လက်ခုပ်များတီးကာ ချီးကျူးလိုက်ကြသည်။ "တော်တယ်ဟေ့ တော်တယ်"

ဤနည်းစနစ်၊ ဤပြကွက်သည် အမှန်ပင် အမှတ်ပြည့်ပေးမည့် အရာမျိုးပင် ဖြစ်တော့၏။ ထူးဆန်းလှသည့် အစီအရင်၏ အနောက်ဖက်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ အံ့အားတသင့် ဖြစ်လို့နေ၏။ ယစ်ပုလ္လင်ကို ဖွင့်လှစ်ခြင်းနှင့် ဤထူးဆန်းလှသော ပုံပန်းသွင်ပြင်မျိုးကို ပြုလုပ်နေခြင်းသည် သူ့အား မယုံကြည်ရသည့် အော်ရာများကို ခံစားရစေ၏။

"ဂိုဏ်းချုပ်ကျွင်း"

ထိုအချိန်မှာပဲ ပိုင်လီချင်းချောင်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "စိတ်ကိုလျော့ထား …. ခင်ဗျားရဲ့ဝိညာဥ်ကို စတေးပေးရတော့မယ်"

ဟူး ဟူး

ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှိတ်လိုက်၏။ ပြီးနောက် ဝိညာဥ်အမျှင်လေးကို ထုတ်ဖော်လိုက်၏။

ဆွစ် ဆွစ်

ချက်ချင်းပဲ ပိုင်လီချင်းချောင်သည် သစ်သားဓားဖြင့် ထိုဝိညာဥ်အမျှင်ကို ဆွဲယူလိုက်၏။ အဆုံးသတ်မှာတော့ သူသည် ဓား၏ ပတ်ပတ်လည်တွင် လွင့်မြောနေသော ဝိညာဥ်အပိုင်းအစလေးကိုသာ ယူလိုက်နိုင်၏။

"ဒီကောင်လေးရဲ့ ဝိညာဥ်က အရမ်းကိုအားကောင်းတာပဲ"

ကုန်းရှန့်၏ဝိညာဥ်သည် အမှန်ပင် အားကောင်းလွန်းလှ၏။ ထိုအချင်းအရာနှင့်ပတ်သက်၍ သံဃယရှိစရာမလိုချေ။

အစိမ်းရောင်အခိုးအငွေ့များသည် တိမ်များကဲ့သို့ပင် အခန်းထဲ၌ ထင်ပေါ် လာခဲ့၏။

ပိုင်လီချင်းချောင်သည် အထဲတွင် ဆေးပင်များအရည်ပျော်တော့မည့်အချိန်ကို ချိန်ညှိ့လိုက်၏။ ချက်ချင်းပဲ ဆေးမီးဖိုကို ဖွင့်လိုက်ပြီး ကျွင်းချောင်ရှောင်း၏ ဝိညာဥ်နှင့် ပေါင်းစပ်လိုက်သည်။ ပြီးနောက် ယစ်ပုလ္လင်၏ရှေ့၌ ခေါင်းလောင်းတစ်ခုကို လှုပ်ခါဖြင့် ခြေလှမ်း ရှစ်လှမ်းလှမ်းကာ ထူးဆန်းသည့် မန္တာန်များကို ရွတ်ဖတ်ပြန်သည်။

"တကယ့်ကို ကျွမ်းကျင်သူပဲ"

စွန်းပုကုန်းသည် လက်မထောင်ပြလိုက်၏။

"..." ယုစီနန်နှင့် ကုန်းစွန်းဟုန်းတို့သည် မျက်လုံးများပင် ချာချာလည်လျက်ရှိ၏။ တစ်ဖက်လူသည် ဘာလုပ်နေသနည်း။

အစီအရင်ထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ မျက်နှာပင် ပျက်လျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုေသာ် သူ၏ဝိညာဥ်သည် ဆေးမီးဖိုထဲတွင် မီးမြှိုက်ခြင်းခံနေရ၏။ များပြားလှသော ဆေးပင်များနှင့် ပေါင်းစပ်ပြီးနောက် သူသည် သန့်စင်ခြင်းကို ခံနေရ၏။ ခံစားရသည့် အရသာသည် မကောင်းမွန်လှချေ။

ဘုန်း …..

ရုတ်တရက် ဆေးမီးဖိုကြီးသည် ပေါက်ကွဲထွက်သွား၏။ အမဲရောင်အငွေ့များသည် တစ်လိပ်လိပ်ဖြစ်တည်လာသည်။

"ထင်ထားတဲ့ အတိုင်းပဲကို"

ပိုင်လီချင်းချောင် သည် ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ "ပထမအကြိမ်ကြိုးစားမှုကတော့ ကျရှုံးတယ်"

"..."

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ ဆေးမီးဖိုပေါက်ကွဲသွားသည်ဆိုလျှင် သူ၏ထုတ်ဖော်လိုက်သော ဝိညာဥ်သည် အလကားဖြုန်းတီးသလို ဖြစ်နေသည်မဟုတ်ပါလား။

"ဆက်လုပ်ကြမယ်"

ကျဆုံးမှုဆိုသည်မှာ အောင်မြင်မှု၏မိခင်ပင် ဖြစ်၏။ ထို့ကြောင်ပိုင်လီချင်းချောင် သည် တစ်စက်ကလေးမှ လက်မလျော့ခဲ့ချေ။ ဆေးပင်တစ်စုံစာကို ထုတ်ယူကာဖြင့် စတင်သန့်စင်ပြန်၏။ အဓိကအားဖြင့် မီးမြှိုက်ခံထားရသည်မှာ သူ့ဝိညာဉ်လည်းမဟုတ်ချေ။ ထို့ကြောင့် ထပ်မံကြိုးစားရပေမည်။

ဘုန်း ဘုန်း

ခနလောက်ကြာပြီးနောက် ဆေးဟောခန်းမဆောင်တွင် ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြန်၏။ ခနခန ကျဆုံးမှုကြောင့် များပြားလှသော ဆေးမီးဖိုများပင် လဲလှယ်ပြီးပြီဖြစ်သည်။

ဝေါ့ …

သုံးဆယ့်ခြောက်ကြိမ်မြောက် ကျဆုံးပြီးနောက် ကျွင်းချောင်ရှောင်းသည် မည်သို့မျှ မနေနိုင်တော့ချေ။ သွေးများပင် အန်ထွက်လာခဲ့၏။ သူသည် ဝိညာဥ်ကြံ့ခိုင်ခြင်း နတ်အတတ်ကို လေ့ကျင့်ခဲ့သည်ဆိုသော်လည်း သူ၏ဝိညာဥ်သည် ဤကဲ့သို့ ဆက်တိုက်သန့်စင်ခံနေရသည့် အခါမှာတော့ မည်သို့မှ မခံနိုင်တော့ချေ။

"ဆက်လုပ်မယ်" ပိုင်လီချင်းချောင်သည် ပြောလိုက်၏။

ကုန်းစွန်းဟုန့်သည် တားဆီးလိုက်ချင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် မူလပုံစံအတိုင်း ပြန်လည်ကာ ထိုင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ တစ်ဖက်လူအား သန့်စင်ရန်ခွင့်ပြုပေးလိုက်တော့သည်။ သူ့အနေဖြင့် ဘာမှပြောစရာမလိုအပ်တော့ချေ။

ယုစီနန်၏ မျက်လုံးထဲတွင်တော့ လေးစားမှုများနှင့် ပြည့်နှက်နေခဲ့၏။ ဝိညာဉ် စတေးမှုဆိုသည် မှာ ခန့်မှန်း၍မရသော နောက်ဆက်တွဲအကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အချိန်တိုင်းလိုလို စွန့်လွှတ်စတေးလျက် ရှိနေ၏။ သူ့မိန်းမအပေါ်ရှိနေသော ချစ်မေတ္တာသည် အလွန်ပင် နက်ရှိုင်းလှပေလိမ့်မည်။ သူ့အနေဖြင့် ထိုအချင်းအရာကို ကြည့်ရှုရင်း မနာလိုစိတ်များပင် ပေါက်လာ၏။

သူသည် ဘဝတစ်လျှောက်တွင် ကျင့်ကြံခြင်းကိုသာအချိန်ပေးအားပြုခဲ့၏။ ထို့ကြောင့် သူ၏စစ်မှန်သော ချစ်သူကို ဆုံးရှုံးခဲ့ရဖူး၏။ နောင်တတရားများသည် သူ၏နှလုံးသားထဲတွင် ဖြစ်တည်လာလေသည်။

ဒင် …..

ရုတ်တရက် စူးရှသည့် အသံသည် သူ၏နားထဲတွင် ထွက်ပေါ်လာတော့၏။

"အောင်မြင်ပြီ"

ပိုင်လီချင်းချောင်သည် အံ့အားသင့်စွာဖြင့် ဆေးဟောခန်းမဆောင်အတွင်းသို့ လျှောက်ဝင်လိုက်၏။ ပြီးနောက် ဆေးမီးဖိုဆီသို့ လျှောက်သွားကာဖြင့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။

ကျွင်းချောင်ရှောင်းသည် ဖြူလျော့နေသည့် မျက်နှာဖြင့် ပြုံလိုက်၏။ ပြီးနောက် အနောက်ဖက်သို့ လဲကျကာ သတိလစ်မေ့မျောသွား၏။ ဆေးလုံးသည် အောင်မြင်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် ဆက်လက်ကာတောင့်မခံနိုင်တော့ချေ။

ဝိညာဥ်ထိခိုက်မှုကြောင့် ကျွင်းချောင်ရှောင်းသည် နှစ်ရက်နှင့် နှစ်ညတိတိ သတိလစ်မေ့မျောနေခဲ့၏။ ဤအတောအတွင်း သူသည် များပြားလှသည့် အိမ်မက်များကို မက်ခဲ့၏။ ဥပမာအားဖြင့် မိန်းမလှလေးများ၏ ပေါင်ပေါ်တွင် လှဲကာ အရက်သောက်ခြင်း၊ နိုးထပြီးသည့်နောက် လောကကြီး၏ အပြင်ဖက်သို့ လှည့်လည်ကာ လျှောက်သွားခြင်း စသည့်အရာများပင် ဖြစ်၏။

"ထူးဆန်းလိုက်တာ"

စနစ်သည် ဇဝေဇဝါဖြင့် ပြောလိုက်သည်။ "လက်ခံသူက ခန္ဓာကိုယ် သေးကွေးပြီးတဲ့နောက်မှာ ဘာလို့ထူးဆန်းနေရတာလဲ။ အရင်နဲ့မတူတော့ဘူး"

အမှန်ပင် ဖြစ်သည်။ လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သာမန်မဟုတ်ချေ။ ယခုတလော ပြောဆိုသည့် စကားလုံးများလည်း ခြားနားလို့နေခဲ့၏။ အထူးသဖြင့် နှင်းဆီဧကရီအား သူ၏ မိန်းမဖြစ်သည်ဟု အားလုံး၏ရှေ့တွင် ပြောဆိုခဲ့၏။

တတိယနေ့

ကျွင်းချောင်ရှောင်းသည် နိုးထလာခဲ့၏။ နိုးနိုးချင်းမှာပဲ သူသည် မေးမြန်းလိုက်၏။ "ဆေးလုံးကို သောက်ခိုင်းလိုက်လိုက်ပြီလား"

"ကိုယ့်ကိုကိုယ် အရင်ဆုံး ပူပန်သင့်တယ်မလား"

စနစ်က ပြောလိုက်၏။ "မင်းရဲံ့ ဝိညာဥ်အစိတ်အပိုင်း တော်တော်များများကို ဆုံးရှံးခဲ့တယ်။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်က အတော်အားနည်းနေတယ်။ ပြန်ကောင်းဖို့ အချိန်အတော်ကြာယူရလိမ့်မယ်။"

ဤအရာမှာ ပြဿနာတစ်ခု မဟုတ်ချေ။ သူ့အနေဖြင့် စည်းဓားမော့ကြီးကို စတင်အသုံးပြုသည့် အချိန်ကလည်း နှစ်နှစ်တိတိ အားနည်းနေခဲ့သည် မဟုတ်ပါလား။

"ပြီးတော့"

စနစ်က ပြောလိုက်သည်။ "မင်းထပ်ပြီးတော့ ခေါင်းတုံးဖြစ်နေပြန်ပြီ"

ကုန်းရှန့်၏ခေါင်းသည် တောက်ပြောင်လျက်ရှိနေ၏။ ထို့ကြောင့် သူသည် ကိုယ်ရင်ငယ်လေး တစ်ပါးကဲ့သို့ ဖြစ်နေ၏။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် အိပ်ယာထဲမှ ခုန်ထပြီးနောက် ကြေးမှန်ကြီးဆီသို့ သွားကာ သူ၏ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်သည်။ ပြီးနောက် ထအော်လိုက်မိသည်။

"ဘယ်လိုဖြစ်ပြီးတော့ ခေါင်းတုံးဖြစ်သွားရပြန်တာလဲ"

သူသည် တံခါးကို တွန်းဖွင့်လိုက်၏။ ပြီးနောက် နှင်းဆီရနံ့များသည် လှိုင်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုလှည့်ကာ ကြည့်လိုက်သည့် အခါမှာတော့ အထဲသို့လျှောက်ဝင်လာသည့် နှင်းဆီဧကရီကို တွေ့လိုက်ရ၏။ သူမ၏မျက်နှာသည် အရင်အတိုင်း ပြန်ဖြစ်နေပြီး မဲနက်နေသည့် ဆံပင်များကိုပင် အနောက်ဖက်သို့ စုကာ စည်းထားခဲ့၏။ သူမ၏မျက်ခုံးများသည် လကဲ့သို့ ကွေးညွှန့်နေပြီး သူမ၏မျက်လုံးများကလည်း ရေကဲ့သို့ပင် ကြည်လင်နေ၏။ မျက်နှာတစ်ခုလုံးသည် မိတ်ကပ်မလိမ်းခြယ်ထားသော်လည်း လှပလို့နေလေ၏။

ကျွင်းချောင်ရှောင်းသည် မျက်စိမလွှဲတန်း စူးစိုက်ကြည့်နေမိသည်။

"ပြဿနာရှိနေပြီ"

စနစ်က ပြောလိုက်၏။ "လက်ခံသူကတော့ ကျိန်းသေပေါက် ပြဿနာရှိနေပြီ"

All Chapters