← Chapters

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အပိုင်း (၁၆၂၆)

ဝိညာဉ်စတေးခြင်း အသက်ရှည်ဆေးကို သောက်သုံးပြီးသည့်နောက် နှင်းဆီဧကရီ၏ သက်တမ်းသည် ပိုမိုကာ တိုးသွားခဲ့၏။ ထို့ကြောင့် အိုမင်းရင့်ရော်နေသည့် ဘေးထွက်ဆိုးကျိုးများသည် ပျောက်ကွယ်သွားပြီး သူမ၏ မူရင်းအလှအပ ကို ပြန်လည်ကာ ရရှိခဲ့၏။

ပုံမှန်အားဖြင့် ကျွင်းချောင်ရှောင်းသည် မိန်းမတစ်ယောက်၏ အလှအပနှင့်ပတ်သက်၍ တကူးတက ခံစားတတ်သူ တစ်ယောက်မဟုတ်ပေ။ ယခု ပုံမှန်မဟုတ်သလိုဖြစ်နေ၏။ ဤအရာသည် မူလကုန်းရှန့်ရော ဟုတ်သေးရဲ့လား။

ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေရန် ကံကြမ္မာပါပြီးသားဖြစ်သော ကုန်းရှန့်သည် မည်ကဲ့သို့သော စကား များကို ပြောဆိုနေသနည်း။

စနစ်က ခန့်မှန်းလိုက်၏။ “လက်ခံသူက ကလေးတစ်ယောက်လိုမျိုး ပြောင်းလဲသွားလို့ သူ့ရဲ့ ခံစားအသက်ဝင်မှုတွေ စည်းပိတ်ခံထားရာကနေ ပြေသွားတာနေလိမ့်မယ်။”

“ရှင် နိုးလာပြီးကိုး။”

နှင်းဆီဧကရီ၏ အသံသည် လေပြေညှင်းလိုပင် နူးညံ့လျက်ရှိ၏။ မူလအားဖြင့် ဆေးလုံးကို သောက်သုံးပြီးသည့်နောက် ချက်ချင်းပဲ သူမ၏ အသွင်အပြင်သည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ ကျွင်းချောင်ရှောင်း သတိလစ်မေ့မျောနေသည့် ၂ ရက် အတွင်း သူမသည် အလုံးစုံ ဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် လှပလှသော မျက်နှာလေးဆီမှ အကြည့်ကို လွှဲပြီးသည့်နောက် ပြောလိုက်၏။ “ဟိုလူက တကယ့်ကို လုပ်ရည်ကိုင်ရည်ရှိတယ်နဲ့ တူတယ်။ တကယ်ပဲ ခင်ဗျားရဲ့ပုံပန်းသွင်ပြင်က အရင်အတိုင်း ပြန်ဖြစ်ခဲ့တာကိုး။”

စနစ်က စိတ်သက်သာရာ ရသွားမိသည်။ “အင်း …. ဒါမှ ကုန်းရှန့်။ ဒီလိုမျိုးအလှအပတွေကို ဖယ်ရှားနိုင်ရမယ်။”

“ကျေးဇူးပါပဲ။” နှင်းဆီဧကရီက ပြောလိုက်၏။

သူမသည် ဆေးလုံးဖော်စပ်သည့်နေရာတွင် ကျွင်းချောင်ရှောင်းတစ်ယောက် ဝိညာဉ်အရင်းအမြစ် တော်တော် များများကို စတေးခဲ့ကြောင်း ပြန်လည်ကြားခဲ့ပြီးဖြစ်သည်။

“ကျုပ်တို့က လင်မယားတွေပဲလေ။ ကျေးဇူးတင်စကား ပြောနေရတာ အဆင်မပြေဘူးလို့ မထင်ဘူးလား။” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

“ချီးတဲ့မှ။”

စနစ်က ပြောလိုက်သည်။ “ဒါ ကျိန်းသေပေါက် တစ်ကောင်ကောင် ဝင်ပူးနေတာပဲ။ ဒါ ကုန်းရှန့်အစစ် မဟုတ်ဘူး။”

နှင်းဆီဧကရီမှာလည်း အလွန်အံ့အားသင့်သွားမိ၏။ သူတို့သည် လင်မယားဟု ကျွင်းချောင်ရှောင်းက ပြောဆိုလျက် ရှိ၏။ ထို့ကြောင့် ရှက်ရွံ့စွာနှင့် တွေးလိုက်မိ၏။ “ငါ့ကို နောက်ဆုံးတော့ လက်ခံလိုက်ပြီလားမသိဘူး။”

……

ပလပ် ပလပ် ပလပ်

စားသောက်ခန်းထဲမှာတော့ ကုန်းရှန့်သည် အစားအစာ ငတ်ပြတ်လျက်ရှိနေသည့် ခွေးရူးတစ်ကောင်ကဲ့သို့ အရသာ ရှိလှသည့် အစားအစာအကုန်လုံးကို စားသုံးလျက်ရှိ၏။ သူ၏ ဘေးနားတွင် များပြားလှသော ပန်းကန်ပြားများသည် အထပ်လိုက် တည်ရှိလို့နေသည်။

“ဂိုဏ်းချုပ်”

ကုန်းစွန်းဟုန့် က ပြောလိုက်၏။ “ပိုင်လီချင်းချောင်ကို ဘာဆက်လုပ်ကြမလဲ။”

“အင်း။ သူ့ကို ဒုစရိုက်မြို့ဆီ ပြန်ပို့ရမှာပေါ့။”

ဖူး

အခြားသောစားပွဲတွင် စားသောက်လျက်ရှိနေသည့် ပိုင်လီချင်းချောင်သည် ထိုကဲ့သို့သော အသံကို ကြားရသည့်အချိန် မှာတော့ ပါးစပ်ထဲမှ ထမင်းလုံးများပင် ပြန်ထွက်လာခဲ့၏။ သူသည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လျက်ရှိနေ၏။ “သုံးချင်တာ သုံးပြီးတော့ ကန်ထုတ်တော့မှာပေါ့။”

“ဒီလူရဲ့ ဆေးပညာစွမ်းရည်က အရမ်းကြီး ထူးဆန်းသလို ဆရာကတော်ရဲ့ ရောဂါကိုလည်း ကုသပေးနိုင်ခဲ့တယ်လေ။ ဒီတော့ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ပြောရမယ်။ သူ့ကို ဒုစရိုက်မြို့ကို ပြန်ပို့တယ်ဆိုတာ ဖြုန်းတီးလိုက်တာနဲ့ တူတူပဲ မဟုတ်လား။”

ကုန်းစွန်းဟုန့်က တီးတိုးပြောလိုက်၏။ “သူ့ကို ကလန်ထဲမှာပဲ ချုပ်နှောင်ထားလိုက်ရင်ရော”

“အင်း …. ခင်ဗျားသတိပေးမှပဲ။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ပြီးသည့်နောက် သူသည် စာရွက်နှင့် စုတ်တံကို ယူဆောင်ကာဖြင့် စတင်ကာ ရေးသားတော့၏။ တစ်ရက်တည်းမှာပဲ သူ၏ လက်ရေးစာသည် နယ်မြေဟောခန်းဆီသို့ ရောက်ရှိသွားခဲ့သည်။

ဘုတ်

နယ်မြေဟောခန်း၏ သခင်သည် စာကိုဖွင့်ကာ ဖတ်ရှုပြီးသည့်နောက် ဒေါသတကြီးဖြင့် စားပွဲကို ထုနှက်လိုက်၏။ “တော်တော်လွန်နေပြီပဲ။”

သူ၏ ဒေါသတရားများသည် စာထဲတွင် ပါဝင်လျက်ရှိသော အကြောင်းအရာများကြောင့်ပင် ဖြစ်သည်။

ပိုင်လီချင်းချောင် သည် အပြစ်ပေးခြင်းကို ခံရသင့်၏။ ထို့ကြောင့် နယ်မြေဟောခန်း၏ ကိုယ်စား ပြိုင်စံရှားဂိုဏ်းက အပြစ်ပေးရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ၎င်းအား ပြိုင်စံရှားဂိုဏ်းထဲတွင် ထာဝရချုပ်နှောင်ထားပြီး လွတ်ရက်ပြည့်သည့်နေ့မှ ပြန်လည်လွှတ်ပေးလိုက်မည်။

“ချီးတဲ့မှ။”

တစ်ခြားသော အထက်ပိုင်းအကြီးအကဲများအားလုံးတို့သည် ဒေါသထွက်သွားကြ၏။

“ပြိုင်စံရှားဂိုဏ်းက ဂိုဏ်းတစ်ခုပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ နယ်မြေဟောခန်းရဲ့ ကိုယ်စား လုပ်စရာရှိတာတွေကို ဝင်ပြီးတော့ လုပ်နေရတာလဲ။ ဘယ်သူက ခွင့်ပြုထားတာလဲ။”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ကျုပ်တို့အနေနဲ့ ဘယ်လိုလုပ် ဒီကိစ္စကို သဘောတူလို့ ရမှာလဲ။ တဖြည်းဖြည်းနှင့် ခေါင်းပေါ်ကို ချီးတက်ပါတော့မယ်။ ဒီအတိုင်းသာ သည်းခံထားမယ်ဆိုရင် အကုန် ဒုက္ခရောက်ကုန်လိမ့်မယ်။”

နယ်မြေဟောခန်းမှ အထက်ပိုင်းအကြီးအကဲများသည် ဒေါသထွက်နေကြ၏။ သို့ပေမဲ့ သူတို့သည် ဒေါသထွက်ရုံသာ တတ်နိုင်၏။ ဘာမှ ပြုလုပ်နိုင်စွမ်း မရှိကြချေ။

…

ကျွီ

အကျဉ်းထောင်၏ တံခါးက ပွင့်သွား၏။ အခန်းထဲတွင် မှောင်မဲလျက် ရှိနေတော့သည်။ မြင်းကျားပုံစံဝတ်စုံကို ဝတ်ဆင် ထားသည့် ပိုင်လီချင်းချောင်သည် လက်ထဲတွင်စောင်ကို ကိုင်ကာဖြင့် အထဲသို့ လျှောက်ဝင်လာခဲ့၏။

“ဂိုဏ်းချုပ်က ပြောတယ်။”

ကုန်းစွန်းဟုန့်က ပြောလိုက်သည်။ “ဒုစရိုက်မြို့ထဲမှာ ချုပ်နှောင်ထားတာထက်စာရင် ပြိုင်စံရှားဂိုဏ်းထဲမှာ ချုပ်နှောင်ထားတာက ပိုပြီးတော့ ကောင်းမယ် တဲ့။ ဒီတော့ ခင်ဗျားရဲ့ လက်ကျန်ဘဝတစ်ခုလုံးက ဒီမှာပဲ ကုန်ဆုံးလိုက်ပေါ့။”

“ကုန်းစွန်ဟုန့်”

ပိုင်လီချင်းချောင်သည် ကျွမ်းကျင်စွာဖြင့် အိပ်ရာပေါ်သို့ သူ၏ စောင်ကို ဖြန့်ခင်းလိုက်သည်။ ပြီးသည့်နောက် အော်ဟစ် လိုက်မိ၏။ “ပြိုင်စံရှားဂိုဏ်းက သူတို့ကို အကျိုးပြုခဲ့တဲ့လူကို ဒီလိုပဲ ဆက်ဆံတာလား။”

သူသည် အပြစ်ပေးခံခဲ့ရ၏။ အဆုံးသတ်မှာတော့ နေရာမည်သို့ပင် ပြောင်းပြောင်း ထောင်ထဲရောက်နေခြင်းသာ ဖြစ်၏။ သူ၏ နှလုံးသားသည် နာကျင်လျက်ရှိနေ၏။ ငိုယိုချင်စိတ်များပင် ပေါက်နေခဲ့သည်။

ကုန်းစွန်းဟုန့်က ရယ်မောလိုက်၏။ “ကျုပ်တို့ ဂိုဏ်းရဲ့ အကျဉ်းထောင်က ဒုစရိုက်မြို့ထက် ပိုပြီးတော့ သက်တောင့်သက်သာ ရှိတယ်လေ။ ဂိုဏ်းရဲ့ အစား အသောက်တွေကလည်း ဒုစရိုက်မြို့ထက် ပိုကောင်းတယ်။ ခင်ဗျားအနေနဲ့ ကျေးဇူးတင်သင့်တယ်။”

ဤအရာနှင့် ပတ်သက်၍တော့ ပိုင်လီချင်းချောင်သည် မငြင်းပယ်နိုင်ချေ။

“ဟုတ်ပြီ”

ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “ခင်ဗျား ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်မယ်ဆိုရင် ခင်ဗျားရဲ့ ပြစ်ဒဏ်တွေကို အလျှော့ပေးမယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တယ်။”

“အကြီးအကဲစွန်း”

စုရှောင်မိုသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ထမင်းစားဖို့ အချိန်ရောက်ပြီ။”

ဘုတ်

အကျဉ်းထောင်၏ အပြင်ဘက်တွင် စားပွဲတစ်လုံးချထားခဲ့၏။ ပြီးနောက် စားပွဲပေါ်တွင် များပြားလှသည့် အရသာ ရှိသော အစားအစာများ တည်ခင်းထား၏။ ဟင်း၏ အနံ့များသည် လှိုင်ထလျက်ရှိနေပြီး ပိုင်လီချင်းချောင်၏ စားချင်သောက်ချင်စိတ်များကို ပိုမိုကာ တိုးတက်လာစေခဲ့တော့၏။

“ဒါက ခင်ဗျားအတွက် နေ့လယ်စာပဲ။”

စုရှောင်မိုသည် အကျဉ်းထောင် သံတိုင်များကြားထဲမှ သေးငယ်လှသော ပန်းကန်လုံးတစ်လုံးကို တွန်းပေးလိုက်၏။ ပန်းကန်လုံးထဲတွင်တော့ ပေါက်စီ ၂ လုံးနှင့် အသီးအရွက်အနည်းငယ်တို့သာ ရှိသည်။

ပိုင်လီချင်းချောင်သည် ရုတ်တရက် ပြိုလဲလုမတတ်ပင် ဖြစ်နေတော့၏။ “ဒါ ပြိုင်စံရှားဂိုဏ်းက ကျွေးတဲ့ အစားအစာတွေလား။”

ကုန်းစွန်းဟုန့် နှင့် စုရှောင်မိုတို့သည် သူ ပြောသည်ကို လစ်လျူရှုထားပြီးသည့်နောက် မိမိထိုင်ခုံတွင်ပေါ်သာ ထိုင်လိုက် ၏။ ပြီးနောက် အစားအစာများကို အားရပါးရ စားသုံးတော့သည်။

“ကောင်းပြီ။”

ပိုင်လီချင်းချောင်သည် ပန်းကန်လုံးကို ယူပြီးသည့်နောက် ထိုထဲတွင်ရှိနေသော ပေါက်စီ ၂ လုံးကို ဒေါသတကြီးနှင့် ဝါးစားလျက်ရှိနေတော့၏။

ကုန်းစွန်းဟုန့်တို့ စားသုံးသော အစားအစာများကို သူသည် မကြည့်ပဲ မနေနိုင်ချေ။ သို့ပေမဲ့ တံတွေးကိုသာ မြိုချနေရသည်။

ပထမတုန်းက ဤအရာကို သိပ်ဂရုမစိုက်မိပေ။ သို့ပေမဲ့ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ထမင်းစားချိန်တိုင်း ဤနှစ်ယောက်သည် စားပွဲခုံများကို တည်ခင်းကာဖြင့် သူ၏ ရှေ့၌ အစားအသောက်များကို အားရပါးရ စားပြ၏။ ကြည့်ရသည်မှာ ရည်ရွယ်ချက်ရှိရှိနှင့် တစ်စုံတစ်ခုကို ပြုလုပ်နေပုံပင်။

“ဟမ့်”

“ဒီအသားလုံးက တကယ့်ကို အရသာရှိတာပဲ။”

“မစားနဲ့အုံး။ လာ … လာ အရင်သောက်ကြရအောင်။”

စုရှောင်မိုနှင့် ကုန်းစွန်းဟုန့် တို့သည် စားရင်းသောက်ရင်း ပိုင်လီချင်းချောင်အား တံတွေးကျအောင် ပြုလုပ်လျက်ရှိနေ ၏။

ပိုင်လီချင်းချောင်သည် သူ၏ လက်ထဲတွင်ရှိနေသော ပေါက်စီ ၂ လုံးကို ငုံ့ကြည့်ကာဖြင့် စိတ်ထဲ၌ အော်ဟစ်နေမိသည်။ “ဒီအရသာက လုံးဝမကောင်းဘူး။”

နောက်တစ်ရက်မှာတော့ စုရှောင်မိုနှင့် ကုန်းစွန်းဟုတ်တို့သည် ထပ်မံကာ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ၎င်းတို့ ၂ ယောက် မစားရသေးခင်မှာပဲ ပိုင်လီချင်းချောင်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ ဘာလုပ်ချင်နေတာလဲ။”

“အရမ်းရိုးရှင်းတယ်လေ။”

ကုန်းစွန်းဟုန့်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ပေါ့။”

“ကျုပ် သိပြီ။”

ပိုင်လီချင်းချောင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ထဲက စဉ်းစားတွေးတောပြီးသားဖြစ်၏။ တစ်ဖက်လူများသည် ရည်ရွယ်ချက်ရှိရှိနှင့် သူ့အား ဤကဲ့သို့ ပြုလုပ်နေသည်ကို ကောင်းကောင်းနားလည်၏။ ထိုရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်းကို နောက်ဆုံး သူနားလည်သွားခဲ့ပြီဖြစ်၏။

“မဖြစ်သေးဘူး။”

ဂိုဏ်းထဲကို ဝင်စေချင်ရင် တစ်ခါတည်း ဝင်လိုက်တော့လို့ ပြောရလျှင် ဖြစ်နေသည် မဟုတ်ပါလား။ အဘယ့်ကြောင့် ဤကဲ့သို့ လူသားမဆန်သည့်နည်းလမ်းများကို အသုံးပြုနေရသနည်း။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ့အား ဂိုဏ်းထဲသို့ ခေါ်ဆောင်လာသည့်အချိန်တွင် အလွန်ခေါင်းမာလှသည့် လူတစ်ယောက်ဖြစ်ကြောင်း နားလည်မိ၏။ ထို့ကြောင့် ပိုင်လီချင်းချောင်အား လေးစားသမှုထားသည့်အနေဖြင့် ဤကဲ့သို့သော နည်းလမ်းများကို ထုတ်ဖော်ကာ အသုံးပြုခဲ့ရခြင်းပင်။

“ကုန်းစွန်းဟုန့်”

ပိုင်လီချင်းချောင်သည် အေးစက်စက်ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်က အတူတူ အလုပ်လုပ်ခဲ့တာ ကြာလှနေပြီ။ ကျုပ် ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားမသိဘူးလား။ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုပြီး ကျုပ်ကို တွန်းအားပေးတဲ့ကိစ္စမျိုးက ကျုပ် ဘယ်လိုမှ လက်ခံ နိုင်မှာ မဟုတ်ဘူး။”

…

တစ်ရက်တည်းမှာပဲ အကျဉ်းထောင်တံခါးသည် ပွင့်သွားခဲ့၏။ ပြီးနောက် ပိုင်လီချင်းချောင်သည် အတွင်းမှ လျှောက် ထွက်လာခဲ့၏။ သူသည် ပြိုင်စံရှားဂိုဏ်း ဝတ်စုံကို သေသေချာချာ ဝတ်ဆင်ထားခဲ့၏။ သူသည် ကြောက်ရွံ့၍ ဝင်လိုက် ခြင်းမဟုတ်ပေ။ လွတ်မြောက်လိုသည့်စိတ်ကြောင့် ပိုင်လီချင်းချောင်သည် ပူးပေါင်းဆောင်ရွက်ရန်သာ ရွေးချယ်ခဲ့မိ၏။

လက်ရှိ အခြေအနေမှာတော့ နယ်မြေဟောခန်းဆီမှ နတ်ဆိုးသတ်ဖြတ်သူ ၃ ယောက်တို့သည် ပြိုင်စံရှားဂိုဏ်းတွင် ရောက်ရှိ နေကြ၏။ ၎င်းတို့သည် မိသားစုကြီးတစ်ခုကဲ့သို့ပင်။

ထင်မှတ်ထားသည့်အတိုင်းပင်။ အစားအသောက်နှင့်ပတ်သက်လျှင် မည်သူမှ လွန်ဆန်၍ မရနိုင်ဘူးဆိုသည်မှာ ထင်ရှားလွန်း၏။

ကံဆိုးစွာဖြင့် သူသည် အစစ်အမှန်ရှာဖွေခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ခေါ်ဆောင်နိုင်ခဲ့သည် ဆိုသော်လည်း အထူးတာဝန်သည် မတိုးတက်လာခဲ့ချေ။ ကျွင်းချောင်ရှောင်းအနေနှင့် တခြားသောပစ်မှတ်များကို တစ်နှစ်အတွင်း ပြည့်စုံအောင် ပြုလုပ်ရန် စတင်ကာ စဉ်းစားလိုက်တော့၏။

ဆွစ်

သူသည် စတိုးကို ဖွင့်ကာဖြင့် ဆုတောင်းလိုက်၏။ “အင်း ….ဒီတစ်ကြိမ်တော့ ကောင်းတဲ့အရာကို ရဖို့ မျှော်လင့်မိတယ်။”

လက်ရှိအခြေအနေမှာတော့ နှင်းဆီဧကရီ၏ ကိစ္စများ ပြီးဆုံးသွားပြီးပြီးချင်းမှာပဲ Refresh လုပ်နိုင်သည့် အချိန်ကာလ သည် ပြန်လည်ကာ အသက်ဝင်လာခဲ့၏။ ထို့ကြောင့် သူသည် Refresh လုပ်နိုင်စွမ်းရှိ၏။ ကံဆိုးစွာဖြင့် သူသည် မျှော်လင့်ချက်ကြီးကြီးနှင့် Refresh လုပ်လိုက်သည်ဆိုသော်လည်း စိတ်ပျက်မှုကိုသာ ခံစားခဲ့ရသည်။

ဒင်

ဒင်

Refresh လုပ်တိုင်း လုပ်တိုင်း သူ၏ နားထဲတွင် အသံများထွက်ပေါ်။ ၁၀ ကြိမ်ကျော် ကြာ refresh လုပ်ပြီးသော်လည်း သူလိုချင်သည့်အရာများ ပေါ်မလာသေးချေ။ ထို့ကြောင့် အမှန်ပင် စိတ်ဓာတ်ကျမိ၏။ နောက်ထပ် Refresh တစ်ကြိမ် လုပ်လိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထကာ ခုန်လိုက်မိ၏။

“ဘဝချောက်ကမ်းပါး ဟုတ်လား။”

မှန်ပေ၏။ ဘဝချောက်ကမ်းပါး ဟူသည့် စာတမ်းသည် စတိုး၏ ပထမအတန်း ဒုတိယမြောက်တည်နေရာတွင် တည်ရှိနေလေသည်။

ပစ္စည်းအမျိုးအစား - ဘဝချောက်ကမ်းပါး

မိတ်ဆက် - ဂြိုဟ်တစ်ခုမှ ဆန်းကျယ်လှသော တားမြစ်တည်နေရာတစ်ခု

အကျိုးသက်ရောက်မှု - တစ်စုံတစ်ယောက်၏ သက်တမ်းကို စတေးခံခြင်းအားဖြင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်သည်။

အကျိုးမသက်ရောက်မှု - သက်တမ်းကို ကုန်ဆုံးစေပြီးသည့်နောက် ဘေးထွက်ဆိုးကျိုးသည် ဘာမှန်းမသိနိုင်ချေ။

ဈေးနှုန်း - ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၅၀၀၀

မိတ်ဆက်အရ ကြည့်ရမည်ဆိုလျှင် ထိုအရာမှာ သူ၏ တပည့်များ အဆင့်တိုးတက်ရန်အတွက် သွားရောက်ကာ ကူညီခဲ့သည့် ဘဝချောက်ကမ်းပါးဖြစ်ကြောင်း သူသိရှိလိုက်၏။ ထိုကြောင့် ရုတ်တရက် ထကာ အော်ဟစ်လိုက်မိ၏။ “စနစ် မင်းပြောတော့ စတိုးထဲမှာ ရှိတဲ့ ပစ္စည်းတွေက တစ်ခြားဂြိုဟ်တွေဆီကနေ ခိုးလာတာမဟုတ်ဘူးဆို။”

All Chapters