ဆန်းကြယ်သောအနက်ရောင်ပုတီးစေ့
Vol. 126 Ch. 1759
ရှီမာယူယူသည် တစ်ရက်နှင့်တစ်ည အိပ်ခဲ့သည်။ ထင်စန်းနှင့် ထင်ရွှေတို့ သည် အကြိမ်ပေါင်းများစွာရောက်လာပြီး သူမ မည်သည့်လက္ခဏာမှမရှိသည် ကိုတွေ့သည်နှင့် ချက်ချင်းပင် မုရုန်ဟွေ့ကို သတင်းပို့ကြသည်။
ရှီမာယူယူ များစွာ သက်သာလာသည်ကို မုရုန်ဟွေ့ တွေ့လိုက်ရသည်။ ဒဏ်ရာအများစုမှာ လုံးဝပင် သက်သာနေပြီဖြစ်သည်။
“သခင် သခင်မလေးခန္ဓာကိုယ်က…”
“သခင်မလေးကို ကောင်းကောင်းပြုစုလိုက် တခြားဘာမှမမေးနဲ့” မုရုန်ဟွေ့သည် ထင်ရွှေကို စိုက်ကြည့်လိုက်သည် “ဘာသတင်းမှ ထွက်လို့မရ ဘူး နားလည်လား”
“ဟုတ်ကဲ့ပါ သခင် ကျွန်မတို့ ဘာမှမပြောပါဘူး” ထင်စန်းသည် မုရုန်ဟွေ့၏ မျက်လုံးများကို နားလည်ပြီး ထင်ရွှေကို ဒူးထောက်ရန် ဆွဲလိုက် သည်။
ထင်စန်းသည် အမြန်ပင် လိုက်နာကာ မည်သူ့ကိုမှ မပြောပါဟု ကတိပေး လိုက်ရသည်။
“မှတ်ထား သခင်မလေးအကြောင်း ဘယ်သူ့ကိုမှပြောလို့မရဘူး သေချာ နားလည်လား” သူ ပြောလိုက်ပြန်သည်။
“ဒီအစေခံသိပါပြီ” သူတို့နှစ်ယောက် ပြန်ဖြေလေသည်။
“သခင်မလေးကို ဂရုစိုက်ပါ တစ်ခုခုရှိရင် ငါ့ကိုအချိန်တဲ့ပြေးညီသတင်းပို့ ပါ” မုရုန်ဟွေ့သည် ပြောပြီးနောက် ထွက်သွားလေသည်။
ထင်စန်းနှင့် ထင်ရွှေတို့ ထလိုက်ကြသည်။ ထင်ရွှေသည် သူမရင်ဘတ် သူမ ပုတ်လိုက်သည် “သခင်နဲ့ သခင်မလေးကြားမှာ ကွာခြားချက်ရှိနေတယ်လို့ ဘာလို့ ခံစားမိနေတာလဲ”
“နင် မသိဘူးလား” ထင်စန်းသည် သူမ ဒူးများယိုင်နေသည်ကို ခံစားမိ သည်။ သူမသည် ထိုင်ခုံဆီသွားပြီး ထိုင်ချလိုက်သည်။
“သခင်က သခင်မလေးကို အရမ်းအလိုလိုက်ခဲ့တာလေ အခု ကြည့်ရတာ …”
“ဘယ်လိုမြင်လို့လဲ”
“ငါ ရှင်းမပြနိုင်ဘူး တလေးတစားရှိနေသလိုပဲ အဲလိုမဟုတ်သေးဘူး ဒါပေမဲ့ အရင်ကနဲ့တော့မတူဘူး နည်းနည်းထူးဆန်းနေတယ်” ထင်စန်းသည် မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ အရှိကိုအရှိတိုင်းမပြောနိုင်ပေ။
“ကြည့်ရတာ နင်နဲ့ငါ ခံစားရတာတူနေပြီ” ထင်ရွှေ ပြောလိုက်သည် “အခု သခင်က သခင်မလေးကိုပိုချစ်ပုံရပြီး သူမကိုအလိုတော့မလိုက်ဘူး ဒါပေမဲ့ သူ ပိုပြီး ဂရုစိုက်လာတယ်”
“ဟုတ်တယ် ဟုတ်တယ် ဒါပဲ” ထင်စန်း အတည်ပြုလေသည် “ထင်ရွှေ သခင်နဲ့ သခင်မလေးတို့ ဘာဖြစ်ကြတာလဲ အရင်တစ်ခေါက် သခင်မလေး နောက်ကလိုက်ခံရလို့လား သခင်က သခင်မလေးကို စိတ်ပျက်သွားတာလား”
“ဘာဖြစ်ဖြစ် အဲဒါက ငါတို့မှန်းရမယ့်ကိစ္စမဟုတ်ဘူး” ထင်စန်း သတိပေး လိုက်သည် “ငါတို့အသက်ရှင်ချင်ရင် အများကြီးလျှောက်တွေးလို့မရဘူး သခင် နဲ့ သခင်မလေးတို့က သူတို့လိုချင်သလိုလုပ်မှာပဲ ဘာမှမမေးနဲ့ ဘာမှမပြောနဲ့ နားလည်လား”
“အင်း အင်း သခင်က ငါတို့ကိုနှစ်ခါတောင် သတိပေးသွားတာ ငါတို့ အသက်အတွက် သခင်မလေးအကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူး” ထင်ရွှေ ခေါင်းညိတ်သည် “သခင်က အရင်တစ်ခေါက် သခင်မလေး အလိုက်ခံရတာကို ကြောက်နေတုန်းပဲထင်တယ်”
ထင်စန်းသည် အိပ်ရာပေါ်မှ ရှီမာယူယူကိုကြည့်ပြီး ရေရွတ်လိုက်သည် “တကယ်ပဲ အဲလိုဖြစ်မလား”
ရှီမာယူယူသည် နောက်နေ့နေ့ခင်းတွင် နိုးလာသည်။ သူမ ခန္ဓာကိုယ် လှုပ်လိုက်ချိန်တွင် နာကျင်မှုမရှိတော့သည်ကို တွေ့လိုက်ရသည်။ သူမသည် ညာဘက်လက်ကို စမ်းပြီးလှုပ်ရှားကြည့်သည်။ သူမ အံ့ဩသွားသည်။
“ငါ မူးနေတာလား မဟုတ်ရင် သွေးလေချောက်ချားနေတာလား” သူမ လက်ကိုဝေ့ယမ်းကြည့်သည်။ ဟုတ်တယ် ဒါ သူမလက်ပဲ။
သူမလက်က မီးလောင်ထားတာမဟုတ်ဘူးလား။ အိပ်လိုက်တာနဲ့ ဘယ်လိုလုပ် အရင်လိုပြန်ဖြစ်သွားတာလဲ။
သူမ ထလိုက်ရာ ခန္ဓာကိုယ်မှ ဒဏ်ရာများ သက်သာသွားသည်ကို တွေ့ လိုက်ရသည်။ ထိုအရာမှာ ထင်ယောင်ထင်မှားမဟုတ်သည်မှာ သေချာသည်။
“ငါတကယ်ပဲ ကောင်းသွားတာလား” သူမ စစ်ဆေးကြည့်ပြီး ပြန်ကောင်း လာသည်ကို အတည်ပြုလိုက်သည်။ သူမသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။
အစတော့ သူမ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် ဒဏ်ရာများသည် အလိုလိုပြန်ကောင်းလာသည်ဟု ထင်ထားသည်။ သို့သော် သူမသည် ဝိညာဉ် ခန္ဓာကိုယ်ဖြစ်နေရာ သူမ၏ ထူးခြားသာခန္ဓာကိုယ်မှာ သည်အထိပါမလာပေ။ ထပ်ပေါင်းပြောရလျှင် ပြီးခဲ့သည့်တစ်ခေါက် သူမ ဒဏ်ရာရစဉ်က ပြန်ကောင်း ရန်အချိန်ကြာခဲ့သည်။ ဆိုလိုသည်မှာ သူမ၏ ခန္ဓာကိုယ်သည် ထူးခြားနေခြင်း မဟုတ်ပေ။
ဒါဆိုရင် ဘာအကြောင်းနဲ့လဲ။
“ခရမ်းလေး ဘာတွေဖြစ်သွားလဲ မင်းသိလား” သူမ မေးလိုက်သည်။
“ဘာကပြဿနာလဲ ပုတီးစေ့အမည်းထဲက တစ္ဆေကြောင့်ပဲ မဟုတ်ဘူး လား” ခရမ်းလေးသည် တစ်ယောက်တည်း ကစားနေရင်းနှင့် သာမာန်သာ ပြန်ဖြေ သည်။
“ပုတီးစေ့အမည်းလား” ရှီမာယူယူသည် တိတ်ဆိတ်နေသော ပုတီးစေ့ အမည်းကို ခံစားလိုက်သည် “အဲဒါက ကျင့်ကြံမှုမှပဲ ကူညီပေးနိုင်တာမဟုတ် ဘူးလား ဒဏ်ရာကိုပါ ကုပေးတာလား”
“အဲလိုနေမှာပေါ့” ခရမ်းလေး ပြောလေသည်။
“ဂူလန်တောင်မှာ အဲဒါကို ဘယ်သူထားသွားလဲမသိဘူး” သူမသည် သံသယပိုရှိလာသည်။ ဒီလိုကောင်းတဲ့ပုတီးစေ့ကို ငှက်တုံးငှက်အဆီမှာ ထားခဲ့ ပြီး သူမကို ဘာလို့နှစ်တွေအများကြီးစောင့်စေခဲ့တာလဲ။ သူမ ဒီမှာပေါ်လာမယ် ဆိုတာကို သိနေခဲ့တဲ့လူများဖြစ်နေမလား။
“အဲဒါကိုတော့ စိတ်မပူနဲ့ အချိန်တန်ရင် အမှန်တရားကိုသိရလိမ့်မယ် အဲအချိန်မတိုင်ခင်တော့ လျှောက်မှန်းနေလည်း အပိုပဲ” ခရမ်းလေးသည် ပွင့်လင်းသည်။
“အမှန်ပဲ” သူမသည် ထိုပြဿနာကို ဘေးချိတ်ထားရန် ဆုံးဖြတ်လိုက် သည်။ ပုတီးစေ့ကို ထိုနေရာတွင် မည်သူထားခဲ့သည်ဖြစ်စေ သူမ အကျိုးအမြတ်ရသည်။
သူမ တံခါးဖွင့်ပြီး ထွက်လာလိုက်သည်။ သူမသည် ဝင်လာတော့မည်ပြု နေသည့် ထင်စန်းနှင့်တွေ့လေသည်။ ရှီမာယူယူကိုမြင်သည်နှင့် ထင်စန်းသည် အမြန်ပင်ပြေးလာသည် “သခင်မလေး သခင်မလေးဒဏ်ရာက မသက်သာသေး ဘူး ဘာလို့ထွက်လာတာလဲ”
“အာ… ငါ လှဲမနေချင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ ဘယ်လောက် ကြာအောင် အိပ်သွားတာလဲ”
“တစ်ရက်နဲ့တစ်ညပါ”
သူမက တစ်ရက်တစ်ညတည်းနဲ့ လုံးဝသက်သာသွားတာလား။ သူမ ဒဏ်ရာ မည်မျှပြင်းထန်ကြောင်းကို သူမ ကိုယ်သူမသိသည်။ ဒီလောက်ခဏ လေးနဲ့ ပြန်ကောင်းလာတာ ပုတီးစေ့အမည်းရဲ့ ဇာစ်မြစ်ကဘာလဲ။
“အဖေရော”
“သခင်က လူငယ်ဖလှယ်ပွဲသွားတက်ပါတယ်” ထင်စန်း ပြန်ဖြေလေ သည် “သခင်က သခင်မလေးကိုလာကြည့်ပြီး သခင်မလေးနိုးလာရင် ကောင်းကောင်းအနားယူခိုင်းဖို့ ကျွန်မတို့ကိုမှာပြီးမှ ထွက်သွားတာပါ သခင့်ကို စိတ်မပူစေချင်ရင် ပြန်ပြီးအနားယူလိုက်ပါ သခင်မလေး”
“အိုး ငါ ဗိုက်ဆာတယ် စားဖိုဆောင်ကိုသွားပြီး စားဖို့တစ်ခုခုသွားယူချေ” ရှီမာယူယူသည် ပြောပြီးနောက် ပြန်ဝင်လိုက်သည်။
“ဟုတ်ကဲ့ပါ ဒီအစေခံက သခင်မလေးအတွက် နေ့လယ်စာချက်ပေးပါ မယ်”
ရှီမာယူယူသည် သူမအခန်းသူမ ပြန်လာလိုက်သည်။ သူမသည် အပြင်မှ လူများ တံခါးဖွင့်ပြီး ဝင်မလာစေရန် ဝိညာဉ်စွမ်းအင်စုစည်းပြီး အတားအဆီး တစ်ခု စီမံလိုက်သည်။
“ကံကောင်းလို့ ဝိညာဉ်အတားအဆီး လုပ်တဲ့နည်းက အတူတူပဲ” သူမသည် သူမ၏ ဖြစ်မြောက်မှုကို ကျေနပ်နေသည်။ သူမသည် ဝိညာဉ်စေတီ အတွင်း ဝင်ခဲ့လိုက်သည်။
ဝိညာဉ်စေတီသည် အရင်ကထက် များစွာပြောင်းလဲသွားလေပြီ။ မီးခိုး ရောင် ကောင်းကင်မရှိတော့ပေ။ အရင်ကကဲ့သို့ အပြာရောင်မိုးကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များရှိနေလေပြီ။
သို့သော် ပေါ်လာသောဧရိယာမှာ အလွန်သေးနေတုန်းပင်။ ဆေးခင်း တစ်ဝက်၊ နေထိုင်သည့်ဧရိယာတစ်ဝက်နှင့် ဝိုင်ခန်းများပေါ်လာသည်။
ဝိညာဉ်လေသည် မနိုးသေးပေ။ သို့သော် ဝိညာဉ်စေတီအတွင်းတွင် ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားမိသည်။ ထိုဝိညာဉ်စွမ်းအင်များ ကို အိပ်ပျော်နေသော ဝိညာဉ်သားရဲများသည် ခန္ဓာကိုယ်ဒဏ်ရာကုသရန် စုပ်ယူကြသည်။
ကံမကောင်းစွာပင် အဖေ အန်းလေနှင့် တခြားသူများ ထွက်မလာနိုင် သေးပေ။ ကြည့်ရသည်မှာ သူမ အဆင့်တက်သည်အထိ စောင့်ရဦးမည့်ပုံပင်။
“အခုတော့ ဆေးခင်းကိုသုံးလို့မရသေးဘူး နောက်ကို ဆေးဖော်ဖို့ အဆင်မပြေနိုင်သေးဘူး” သူမသည် ဆေးခင်းကြီးကိုကြည့်ပြီး အလွန်ပင် နှမြောနေမိသည်။
သူမသည် အဂ္ဂိရတ်ခန်းနှင့် ခပ်ဝေးဝေးလမ်းပေါ်လျှောက်မိသည်။ ယခု ဝိညာဉ်ခန္ဓာကိုယ်မှာထူးခြားသဖြင့် လိုအပ်သည့် ဆေးပင်များမှာ နည်းပါးသည်။ ဆေးပင်အများစုမှာ တစ္ဆေလောကဆေးအတွက် အသုံးပြုမရပေ။ သို့သော် သာမာန်ဆေးပင်တချို့မှာ သုံး၍ရနေသေးသည်။ တစ္ဆေမျိုးနွယ်လိုအပ်သည့် ဆေးများကို ဖော်စပ်ရန်မှာ ပြဿနာမဟုတ်ပေ။
သူမသည် ဝိညာဉ်စေတီအတွင်းနေရင်းနှင့် အပြင်တွင် လှုပ်ရှားသံကြား လိုက်ရသည်။ သူမ အင်္ကျီလဲပြီး ထွက်လာခဲ့သည်။ သူမ ထင်စန်းအတွက် တံခါး ဖွင့်ပေးလိုက်သည်။
ထင်စန်းသည် ရှီမာယူယူ အင်္ကျီပြောင်းသွားသည်ကို မြင်သည်။ သို့သော် အခန်းထဲတွင်သာ လဲလိုက်သည်ဟု ထင်သွားကာ ဘာမှမပြောပေ။ သူမသည် စားပွဲပေါ်တွင် နေ့လယ်စာကိုတင်လို်သည်။
ရှီမာယူယူ ထိုင်လိုက်ပြီး မစားရသေးခင်မှာပင် အဝေးမှ ကုန်းဇီယွမ်၏ အသံကိုကြားလိုက်ရလေသည်။
***