← Chapters

အခန်း ၁၆၂၇

Vol. 110 Ch. 1627

အခန်း ၁၆၂၇

Vol. 110 Ch. 1627

အပိုင်း(၁၆၂၇)

စတိုးထဲတွင်ရှိသော တစ်ချို့သောပစ္စည်းများသည် ခိုးယူခဲ့သည့်အရာများဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက သိရှိ၏။ ဥပမာအားဖြင့် သက်တန့်ရောင်စဉ်ကျမ်းပင် ဖြစ်တော့သည်။ ယခု ဘဝချောက်ကမ်းပါးဆိုသည့် ပစ္စည်းပေါ်ပေါက်လာ သည့်အချိန်မှာတော့ စနစ်သည် ခိုးယူခဲ့သည့်အရာဖြစ်ကြောင်းကို သူသေသေချာချာသိရှိနေ၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ပိုက်ဆံတွေအသုံးပြုပြီး ဝယ်ယူခဲ့တာလေ။ ဘယ်လိုဖြစ်ပြီးတော့ ခိုးယူတယ်လို့ သုံးသပ်လို့မှာလဲ။”

“….”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်မိ၏။ “ဒါကတော့အမှန်ပဲ။”

ချီးတဲ့မှ။ ငါမသိဘူးဆိုရင်တော့ အပြစ်ကင်းစင်တာပေါ့။ ဒါပေမဲ့ သိနေမှတော့ ဒါက သူခိုးလက်ခံဖြစ်နေပြီ မဟုတ် လား။

“အဆင်ပြေပါတယ်။”

စနစ်က ပြောလိုက်သည်။ “စနစ်ကို ထပ်ပြီးမသုံးနဲ့တော့လေ။ အိမ်မှာနေပြီးတော့ သူတော်စင်လိုပဲနေတော့။”

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ တွေဝေသွားခဲ့မိ၏။ ခက်ခဲလွန်းလှချေ၏။ သေသေချာချာ ထပ်ကာတလဲလဲ တွေး တောပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဘဝချောက်ကမ်းပါးကို မဝယ်ယူခဲ့ချေ။

အဘယ့်ကြောင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို အသုံးပြု၍ ထိုအရာကို ဝယ်ယူ ရမည်နည်း။ အကယ်၍ လိုချင်သည် ဆိုလျှင်တောင်မှ အစီအရင် ဟောခန်းကို သွားရောက်ရွေ့ပြောင်းခိုင်း၍ ရသည်။

စနစ် က ပြောလိုက်၏။ “မင်းဒီလိုကြီးယူသွားတာကို သိရင် အထက်နယ်မြေမှာ ရှိတဲ့လူတွေအကုန်လုံးက စိတ်တိုကြမှာ မဟုတ်လား။ တစ်ခြားကျင့်ကြံသူတွေ ကျင့်ကြံဖို့အခွင့်အရေးကို ဆုံးရှုံးသွားစေနိုင်တယ်လေ။”

“ငါ သူတို့ကို ကယ်တင်ခဲ့တာပဲ။”

ကျွင်းချောင်ရှောင်းက ခပ်တည်တည်နှင့် ပြောလိုက်သည်။ “နှစ်အနည်းငယ်လောက် ပိုပြီးတော့ အသက်ရှင်နေထိုင်ရတာမကောင်းဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ စဉ်းစား အဆင်ခြင်မဲ့စွာနဲ့ ကိုယ့်ရဲ့သက်တမ်းကို ကုန်ဆုံးစေမှာလဲ။”

တစ်ရက်တည်းမှာပဲ ထိုက်ရွှမ်အဘိုးအိုသည် ကျန်းတယ်ကျွင်းနှင့် အခြားသောသူများကို ခေါ်ဆောင်ကာဖြင့် ဘဝချောက်ကမ်းပါးဆီသို့ သွားရောက်ခဲ့တော့၏။ သူတို့သည် အစီအရင်၏ စနစ်အားလုံးကို သေသေချာချာ ချိုးဖြတ်ပြီး သည့်နောက် ပြဿနာတစ်ခုမှ မရှိသောကြောင့် ပြိုင်စံရှားဂိုဏ်း၏ အနောက်ဘက်တောင်ဆီသို့ ပြန်လည်ကာ သယ်ဆောင်လာခဲ့တော့၏။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို ရွှေ့ပြောင်းချင်သည်မှာ အကြောင်းအရင်းရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် စတိုးထဲတွင် ပေါ်ပေါက်လာသောကြောင့်ပင်။

စတိုးဆီမှ ဝယ်ယူလိုက်မည်ဆိုလျှင် ထိုအရာကြီးသည် ရွှေ့ပြောင်းခံရမှာပင် ဖြစ်တော့၏။ ထို့အပြင် ဝယ်ယူခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည်မှာ အနည်းငယ်တော့ ကွာခြားနေသေးသည်။ ဥပမာအားဖြင့် ပိုက်ဆံကုန်သက်သာခြင်းပင်။

စနစ်က ထအော်လိုက်၏။ “ပေါက်ကရတွေလျှောက်မပြောနဲ့။ မင်း ဂုဏ်သိက္ခာအမှတ်တွေ ကုန်ဆုံးမှာကို စိုးနေတာပဲမဟုတ်လား။”

…

စတိုးထဲတွင်ရှိနေသော ပစ္စည်းတော်တော်များများသည် ခိုးယူထားသည့်ပစ္စည်းများဖြစ်ကြောင်း အတည်ပြုပြီးသည့် နောက် ကျွင်းချောင်ရှောင်းသည် စနစ်၏ မှော်စွမ်းအင်နှင့်ပတ်သက်၍ ပိုမိုကာ အံ့အားသင့်လာ၏။ ထို့အပြင် ပစ္စည်း တော်တော်များများတို့သည် ကောင်းမွန်လွန်းသည့်အရာများဖြစ်ပြီး လောကကြီးတွင် တည်ရှိနေသောအရာများကြောင့် စနစ်ကို ဖန်တီးသူသည် ကျိန်းသေပေါက် သာမန်ထက်ပိုသော လူတစ်ယောက ်ဖြစ်ရပေလိမ့်မည်။

ဟုတ်ပေ၏။ သူ့အနေနှင့် ပိုမို၍လည်း စိုးရွံ့နေမိ၏။ တစ်ခြားကမ္ဘာသို့ ခရီးသွားလာသည့်နေရာတွင် စတိုးထဲမှ ပစ္စည်းများကို ထုတ်ယူကာ အသုံးပြုမိသည်ဆိုသည်နှင့် သူခိုးဟုဆိုကာ ရန်သူများ ဝိုင်းသတ်မည်ကို ကြောက်ရွံ့ရ၏။

“ဟင်း”

ကျွင်းချောင်ရှောင်းက သက်ပြင်းချလိုက်၏။ ပြီးသည့်နောက် သူသည် စတိုးအား Refresh ထပ်ကာ လုပ်လိုက်၏။ အဆုံးသတ်မှာတော့ သူ့၌ အခွင့်အရေးရှိနေသော Refresh လုပ်ခွင့်များ အကုန်ကုန်ဆုံးခဲ့သည်ဆိုသော်လည်း မည်သည့်ကောင်းမွန်သည့်ပစ္စည်းမှ ထွက်မလာခဲ့ချေ။ သို့ပေမဲ့ သူသည် အသားကျနေပြီဖြစ်၏။ ရင်နာမှုကို မခံစားရ တော့ချေ။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများအားလုံးကို ခေါ်ကာဖြင့် ကျင့်ကြံခြင်း၌ ပိုမိုကာ အာရုံစိုက်ကြရန် သတိပေးလိုက်၏။

တကယ်တမ်းမှာတော့ အကြီးအကဲကျင့်ကြံခြင်းအခန်း၏ အကျိုးသက်ရောက်မှုသည် တော်တော်ပင် ကောင်းမွန်လွန်းလှ၏။ ဤအတောအတွင်း တင်းရှင်းဝမ်၊ အဘိုးကြီးကုန်းနှင့် တခြားသောသူများ အားလုံးသည် သိသိသာသာ တိုးတက်လာခဲ့ကြ၏။ သို့ပေမဲ့ အချိန်အကန့်အသတ်အတွင်းတွင် အဆင့်ချိုးဖြတ်ရန်မှာ တော့ အနည်းငယ်ခက်ခဲနေသေးသည်။

“ဒီသောက်အကန့်အသတ်တွေ……”

ကျွင်းချောင်ရှောင်းသည် အောက်နယ်မြေကို တမ်းတလျက်ရှိနေ၏။ အနည်းဆုံးတော့ သူ့အနေနှင့် လုံလောက်သည့် ဂိုဏ်းစုဆောင်းမှတ်များ တည်ရှိသည်ဆိုပါက အဆုံးအစမဲ့ Refresh လုပ်နိုင်ခွင့်ရှိ၏။ လက်ရှိအခြေအနေမှာတော့ သူသည် Refresh လုပ်ခွင့် ၃၀ ကို အသုံးပြုပြီးပြီဆိုသော်လည်း ထပ်မံကာ ပြုလုပ်၍ မရတော့ချေ။ နောက်တစ်လရောက်ရန် ငြိမ်ငြိမ်သက်သက်နှင့် စောင့်မျှော်နေရတော့၏။ ဤသောက်ကျိုးနည်းစနစ်သည် သူ့အား မည်သို့မှ အကျိုးမပေးချေ။

….

တောင်ပင်လယ်လောက

ကုကျောင်းရှစ်သည် ခြံဝန်းတစ်ခုထဲတွင် တွေဝေငေးငိုင်စွာဖြင့် ထိုင်လျက်ရှိ၏။ သူ၏ ဘေးတွင်တော့ ရှည်လျားလှ သော ကြိုးရှည်ကြီးတစ်ချောင်းက တည်ရှိနေ၏။ မှန်ပေသည်။ ထိုအရာကို သူသည် သူ၏ အုတ်ဂူဆီမှ ယူဆောင် လာခဲ့ခြင်းဖြစ်၏။ ကုကျောင်းရှစ်သည် သူ၏ မှတ်ဉာဏ်တော်တော်များများကို ပြန်လည်ရရှိခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဆီသို့ မည်သို့ ဝင်ရောက်ပြီး မည်ကဲ့သို့ သေဆုံးခဲ့သည်ဆိုခြင်းကို မသိရှိချေ။ထို့ကြောင့် ပြန်ရောက်လာကတည်းက သူသည် ထိုအရာကို သေသေချာချာ စဉ်းစားမိနေခြင်းဖြစ်၏။

“သား”

ကုထျန်းရှင်းသည် အသာလျှောက်လာခဲ့ပြီးသည့်နောက် မေးမြန်းလိုက်သည်။ “မင်း ဘာတွေဖြစ်နေတာလဲ။”

“မဖြစ်ပါဘူး။”

ကုကျောင်းရှစ်သည် ကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာဖြင့် တောက်ပစွာပြုံးလိုက်၏။

သူသည် ကျွင်းချောင်ရှောင်းသကဲ့သို့ ဘေးထွက်ဆိုးကျိုးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ကလေးအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်မဟုတ်ပေ။ သူသည် အစစ်အမှန် ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သူ၏ စိတ်သည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ဤကဲ့သို့ ဟန်ဆောင်ကာ နေထိုင်ပြုမူနေရသည်ကို အမှန်ပင် ပင်ပန်းလွန်းနေပြီဖြစ်သည်။

“တစ်စုံတစ်ခုကို မေ့ချင်တယ်ဆိုလို့ရှိရင် အများကြီးစဉ်းစားမနေနဲ့။ မေ့ချင်တဲ့ အကြောင်းအရာကို စဉ်းစားခြင်းအားဖြင့် ဘယ်တော့မှ ထပ်ပြီး မေ့နိုင်မှာမဟုတ်ဘူး။” ကုထျန်းရှင်းက ပြောလိုက်၏။

“အင်း”

ကုကျောင်းရှစ်သည် ဦးခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်သည်။ “အဖေရဲ့ စကားတွေက အရမ်းကို ထူးဆန်းတယ်။ ကျွန်တော် နားမလည်ဘူး။”

ကုထျန်းရှင်းသည် သူ၏ ဦးခေါင်းကို ပုတ်ကာဖြင့် ပြုံးလိုက်၏။ “မင်းအဖေရဲ့ နားလည်မှုအရဆိုရင် စကြဝဠာစနစ်ကြီးမှာ စုစုပေါင်း ထူးခြားတဲ့ စိတ်ဝိညာဉ် ၃၂ မျိုးရှိတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတာက ပြန်လည်မွေးဖွားခြင်းစိတ်ဝိညာဉ် ဟုတ်တယ်မလား။”

“ပြန်လည်မွေးဖွားခြင်း စိတ်ဝိညာဉ်ဟုတ်လား။”

ကုကျောင်းရှစ်သည် နဝေတိမ်တောင်နှင့် ဖြစ်နေသည်ဆိုသော်လည်း သူ၏ နှလုံးသားထဲတွင်တော့ လှိုင်းခတ်နေသည်။ သွားပြီ။ သိသွားကြပြီလား။

“ဒီလိုပြန်လည်ရှင်သန်နိုင်စွမ်းရှိတာက မသေမျိုးပဲလေ။”

ကုထျန်းရှင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ ဒီလိုရှားပါးလှတဲ့ စိတ်ဝိညာဉ်မျိုးကို ရရှိတယ်ဆိုတာ အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေးပဲ။”

“ဖေဖေ ….ဖေဖေပြောချင်တာက”

ကုကျောင်းရှစ်သည် ရူးကြောင်ကြောင် ဟန်ဆောင်လိုက်၏။ “ကျွန်တော် လုံးဝနားမလည်ပါဘူး။”

ဘုတ်

ကုထျန်းရှင်းသည် တောက်ပစွာဖြင့် ပြုံးလိုက်သည်။ “ဟန်ဆောင်နေတာ တော်တော့။ မင်းမွေးလာတဲ့ နေ့ကတည်းက မင်းရဲ့ ဒန်ထျန်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်ကို မင်းအဖေက သိပြီးသား။”

“………”

ကုကျောင်းရှစ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏ သရုပ်ဆောင်မှုသည် ပြည့်စုံလွန်းလှ၏။ သို့ပေမဲ့ အဘယ့်ကြောင့် သိရှိသွားရသနည်း။ သေသေချာချာ တွေးတောပြီးသည့်နောက် သူ၏ အဖေသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကမှ ရွက်သင်္ဘောများအား ကလေးကစားသလို ဖျက်ဆီးခဲ့သည်အထိ အားကောင်းလွန်းသော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ထိုသူ၏ မျက်လုံးအရှေ့မှာ ဖုံးကွယ်၍ မရနိုင်ဘူးဆိုသည်မှာ သာမန်ပင်ဖြစ်သည်။

“သား”

မေမေကုသည် အခန်းထဲမှ လျှောက်ထွက်လာကာ ပြောလိုက်၏။ “မင်းအရွယ်ရောက်လာမှ ပြောဖို့ အမေတို့ စီစဉ်ထားခဲ့တာပဲ။”

ကောင်းပြီ။ အမေကလည်း သိလို့နေခဲ့၏။

ကုကျောင်းရှစ်သည် ဆက်လက်ကာ ကလေးတစ်ယောက်လို ဟန်မဆောင်နိုင်တော့ချေ။ သူ၏ မျက်နှာပေါ်တွင် အသက်အရွယ်နှင့် မလိုက်သည့် လေးနက်မှုများ ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွန်တော့်ဆီမှာ ပြန်လည်ရှင်သန်နိုင်တဲ့ စိတ်ဝိညာဉ်ရှိတယ်။”

ခဏလောက်ရပ်တန့်ပြီးသည့်နောက် သူသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ “အကြာကြီး လိမ်ညာလှည့်စားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။”

“သား”

ကုထျန်းရှင်းသည် မတ်တပ်ထရပ်ကာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ကြီးအပေါ်သို့ မော့ကြည့် လိုက်သည်။ “လူတွေက သေဆုံးပြီးရင် ပြန်လည်ရှင်သန်လာခဲ့တယ်။ ဒါက ကံတရားပဲ။ မင်းဆီမှာ ပြန်လည်ရှင်သန်နိုင်တဲ့ စိတ်ဝိညာဉ်ပိုင်ဆိုင်တယ်ဆိုပြီး မိဘတွေကို ရှက်ရွံ့စရာမလိုဘူးလေ။”

ကုကျောင်းရှစ်သည် အနည်းငယ်ကြောင်အသွား၏။ သိရှိသွားသည်ဆိုမှတော့ သူ့အနေနှင့် လမ်းခွဲရန် စဉ်းစားခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ သူ့အဖေ၏ ဆိုလိုရင်းစကားသည် သူ့သားတွင် ပြန်လည်ရှင်သန်နိုင်သည့် စိတ်ဝိညာဉ်ရှိသည်ဆိုလျှင် တောင်မှ လက်ခံသည်ဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်၏။

မေမေကုက ပြောလိုက်သည်။ “မင်းက ငါတို့ရဲ့သား ဖြစ်လာခဲ့ပြီလေ။ ဒါက ကြမ္မာရေစက်ပဲ။”

“မေမေ”

ကုကျောင်းရှစ်သည် အနည်းငယ်စိတ်လှုပ်ရှားသွားမိ၏။ သူသည် အကြိမ်ပေါင်းများစွာ ပြန်လည်ရှင်သန်ခဲ့သည်။ သို့ပေမဲ့ မိသားစုတစ်ခု၏ ခံစားမှုကို ပထမဦးဆုံးအကြိမ် ခံစား မိခြင်းပင်ဖြစ်၏။

“သား”

ကုထျန်းရှင်းသည် အနောက်ဘက်သို့ လှည့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “မှတ်ထား။ မင်းက ဒီဘဝမှာငါ့ရဲ့သားပဲ။ ကုထျန်းရှင်း ရဲ့ အသွေးအသားပဲလေ။ ဒါကို ဒီဘဝမှာ ပြောင်းလဲလို့မရဘူး။”

သူ၏ အသံသည် အလွန်အားကောင်းလွန်းလှ၏။

ထိုစကားအသံသည် ကုကျောင်းရှစ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝိညာဉ်၏ အတွင်းပိုင်းဆီသို့ ပင် လှုပ်ခတ်စေခဲ့သည်။

ဘုတ်

သူသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီးသည့်နောက် အရှေ့တွင်ရှိနေသော မိဘနှစ်ပါးကို ဦးညွှတ်ကာ ပြောပြလိုက်၏။

“ဖေဖေနဲ့မေမေ …. ဖေဖေနဲ့မေမေက ကျုပ်ကို မွေးဖွားပေးခဲ့ပြီး ကျွေးမွေးခဲ့တယ်လေ။ ကျုပ် ကုကျောင်းရှစ်က အမေတို့ရဲ့ သားပါ။”

“ကုကျောင်းရှစ်ဟုတ်လား။”

မေမေကုသည် ခဏလောက် တွေးတောပြီးသည့်နောက် ပြောလိုက်သည်။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ တောင်အနောက်ဘက် အုတ်ဂူမှာ ရေးထားတဲ့ နာမည်မဟုတ်ဘူးလား။”

သူမသားအား ထမင်းစားရန် ခေါ်လိုက်သည့်အချိန်တွင် သူမသည် စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာဖြင့် အုတ်ဂူတစ်ခု ကို အမှတ်မထင် မြင်ခဲ့ခြင်းပင်ဖြစ်၏။

“အမှန်ပါပဲ။”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ အရင်ဘဝတုန်းက ကျွန်တော်က ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲ ကုကျောင်းရှစ်ပါပဲ။”

သူ၏ အသံသည် အလွန်ကျယ်လောင်လှ၏။ သို့ပေမဲ့ ဘာကြောင့်မှန်းမသိ ပြိုင်စံရှားဂိုဏ်း ဟူသည့်စကားကို ပြောရ သည့် အချိန်တွင် ဂုဏ်ယူဝင့်ကြွားမှုများလည်း ပါဝင်နေ၏။

“အံ့အားသင့်စရာ မဟုတ်တော့ဘူး။”

ကုထျန်းရှင်းသည် နားလည်သွားမိသည်။ “အထက်နယ်မြေကို ရောက်တဲ့အချိန်မှာ မင်းက အတွေးများပြီး အာရုံပျောက်နေတာကိုး။”

“ဖေဖေ”

ကုကျောင်းရှစ်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းမှာ နေဖို့ ကျွန်တော် မရွေးချယ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေ့ဆီက သိုင်းပညာတွေကို ပိုပြီး သင်ချင်တဲ့ မျှော်လင့်ချက်ကြောင့်ပဲ။ ကျွန်တော် ထပ်ပြီးတော့ ပြန်လည်ရှင်သန်ရတဲ့အလုပ်ကြီးကို မလုပ်ချင်တော့ဘူး။”

ပြန်လည်ရှင်သန်မွေးဖွားနိုင်ခြင်းသည် မသေမျိုးပင်ဖြစ်၏။ ဤအရာသည် နားထောင်၍တော့ ကောင်းလွန်းလှ၏။ သို့ပေမဲ့ သေခြင်းတရားနှင့် အတွေ့အကြုံကို ထပ်တလဲလဲ သိရှိနားလည်နေရသည့် လူတစ်ယောက်အတွက် မည်မျှ နာကျင်စရာကောင်းသည်ဆိုသည်ကို တွေ့ကြုံဖူးသူကသာ သိပေလိမ့်မည်။

“ကျွန်တော် ပိုပြီး အားကောင်းချင်တယ်။”

ကုကျောင်းရှစ်က ပြောလိုက်၏။ “နတ်ဘုရားတွေ၊ နတ်ဆိုးတွေ အားလုံးက ကျွန်တော့်ကို ဘာမှ မလုပ်နိုင်တဲ့အထိ အားကောင်းချင်တယ်။”

“ငါနားလည်ပြီ။”

ကုထျန်းရှင်းသည် တစ်ဖက်သို့ လှည့်လိုက်၏။ သူ၏ နောက်ကျောတစ်ခုလုံးသည် မဲမှောင်လျက်ရှိနေ၏။ သူသည် အလွန်လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။

“မနက်ဖြန်က စပြီးတော့ မင်းကို သိုင်းပညာတွေ စပြီး သင်ပေးတော့မယ်။ ဒီလမ်းစဉ်က အရမ်းကို ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ထပ်ပြီးတော့ ပြန်လည်ရှင်သန်ချင်စိတ်မရှိတော့ဘူးဆိုရင်တော့ အစောတည်းက ရပ်တန့်ပစ်စရမယ်”

“ကျွန်တော် ကျိန်းသေပေါက် လုပ်ပါမယ်။”

ကုကျောင်းရှစ်သည် ဆုံးဖြတ်ထားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ “အဆုံးထိ ကြံ့ကြံ့ခိုင် ရင်ဆိုင် ကျော်ဖြတ်သွားပါမယ်။”

All Chapters