ပထမဆုံးအကြိမ်ပေါ်လာခြင်း
Vol. 126 Ch. 1760
“ရှီအာ… ရှီအာ… အာ.. မင်း နေ့လယ်စာစားနေတာလား” ကုန်းဇီယွမ် သည် အထဲသို့ပြေးလာရာ စားပွဲပေါ်မှ အစားအသောက်များကို သတိထားမိ သွားသည်။ သူ မေးလိုက်သည် “ဒါ မင်းချက်ထားတာလား”
“မဟုတ်ဘူး” ရှီမာယူယူ သူ့ကိုကြည့်လိုက်သည် “ဒါက ငါ့ရဲ့ မိန်းကလေး အခန်းနော် လက်လွတ်စပယ်ဝင်မလာပါနဲ့”
“ဘာဖြစ်လို့လဲ ငါ အရင်က အမြဲတမ်း အဲလိုပဲကို” ကုန်းဇီယွမ်သည် အစ က အစားအသောက်တချို့ကို စားချင်နေသည်။ သူမ ချက်ပြုတ်ထားခြင်း မဟုတ်သည်ကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် စားချင်စိတ်ပျောက်သွား တော့သည်။ သူ ခုံတစ်ခုံဆွဲပြီး ရှီမာယူယူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက် သည်။
ရှီမာယူယူသည် ဗိုက်ဆာနေသဖြင့် သူ့ကို စိတ်ထဲမထည့်တော့ပေ။ သူမ သည် ဘာသိဘာသာပင် စားနေလိုက်သည်။
ကုန်းဇီယွမ်သည် မေးထောက်ကာ သူမကို ကြည့်နေသည်။ သူ၏အကြည့် ကို ရှီမာယူယူ ဆွံ့အမိသည်။ သူမသည် တူဖြင့် သူ့ကိုပုတ်လိုက်သည်။
ကုန်းဇီယွမ်သည် လန့်သွားကာ သူမ၏ တိုက်ကွက်ကို ရှောင်လိုက်သည်။
“ငါ့ကို အဲလိုမျိုး ထပ်ပြီးစိုက်ကြည့်နေမယ်ဆို ရှင့်မျက်လုံးကန်းအောင် ထိုးစိုက်ပစ်မယ်” ရှီမာယူယူ သူ့ကို စိုက်ကြည့်လိုက်သည်။
သူမသည် သူ့ကို အမှန်တကယ် မတိုက်ခိုက်လို၍ကြောင့်လည်း ပါသည်။ မဟုတ်လျှင် ထိုလူသည် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ကုန်းဇီယွမ်သည် ရှက်သွားကာ ကာကွယ်လေသည် “အမြဲတမ်း ဒီလိုပဲ မဟုတ်ဘူးလား”
“ဟင်း ပြောပါဦး ဒီနေ့က ဘာကိစ္စလဲ”
“ဒီနှစ်ရက်က လူငယ်ဖလှယ်ပွဲမဟုတ်ဘူးလား မနက်က မင်းလာတာ မတွေ့လို့ နေ့ခင်းကိုသွားချင်လားလို့ လာမေးတာ” ကုန်းဇီယွမ် ပြောလိုက် သည်။
“အဲဒီမှာ ကြည့်စရာရှိလို့လား” ရှီမာယူယူ ပြောလိုက်သည် “ဒီအတိုင်းပဲ လူငယ်တချို့ပြိုင်ကြတာပဲမလား စိတ်ဝင်စားစရာမရှိပါဘူး”
“ဒီတစ်ခါ မတူဘူး” ကုန်းဇီယွမ် ပြောလိုက်သည် “ဒီတစ်ခါ လျှောက်ထား တဲ့သူတွေ အကုန်လုံးက ပါရမီရှင်တွေပဲ မျှော်လင့်ထားစရာရှိတယ်”
“လျှောက်ထားတဲ့သူတွေဟုတ်လား ဒါကို မျိုးနွယ်တွေပေါင်းပြီး စီစဉ်တာ မဟုတ်ဘူးလား”
“အရင်ကတော့ ဟုတ်တယ် ဒီတစ်ခါကမတူဘူး တခြားနေရာကလာတဲ့ လူတွေလည်း ဝင်ပြိုင်လို့ရတယ်” ကုန်းဇီယွမ် ရှင်းပြလေသည် “မင်းသိတဲ့ အတိုင်းပဲ တိုက်ဖို့ခိုက်ဖို့လာတဲ့လူတွေက ရက်စက်ကြတယ် အဲဒါကြောင့် ပြိုင်ပွဲ က ကြည့်ဖို့တန်တယ်”
“ဒီတစ်ခေါက်က ဘာလို့မတူတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မြို့ပြိုင်ပွဲလေ” ကုန်းဇီယွမ် ရှင်းပြသည် “မင်း မသိဘူးလား”
ရှီမာယူယူ ခေါင်းခါလိုက်သည်။ သူမသည် ထိုကိစ္စကို အရင်က အာရုံ မစိုက်ဖူးပေ။ ထို့ကြောင့် သိမည်မဟုတ်ပေ။
“အိုး မင်း မေ့နေတာဖြစ်မယ်” ကုန်းဇီယွမ် ပြောလိုက်သည် “မင်းအဖေက မြို့စားလို့ ငါအရင်က မပြောခဲ့ဘူးလား”
“ဒီပြိုင်ပွဲကနယ်စားတွေကြားက ပြိုင်ပွဲလို့ပြောတာလား” ရှီမာယူယူ ခန့်မှန်းလိုက်သည်။
“ဟုတ်တယ်” ကုန်းဇီယွမ် ပြောလိုက်သည် “နယ်စားတွေ အကုန်လုံးက သူတို့တိုင်းပြည်လက်အောက်ကပဲ နယ်စားတွေကြားက အဆင့်က သူတို့ တိုင်းပြည်မှာ ရာထူးပေါ်သက်ရောက်လိမ့်မယ် အဲဒါကြောင့် မြို့ပြိုင်ပွဲက အရမ်း အရေးကြီးတယ်”
“ဒါဆို ငါ့အဖေရဲ့ အားကဘယ်လိုလဲ သူက နယ်စားအိမ်တော်ကနေ ထွက်လာတာ ဒီလောက်ကြာနေပြီ အဲဒါက သူ့ကိုသက်ရောက်မှုဖြစ်နိုင်လား”
“မင်းရဲနယ်စားက တိုင်းပြည်ရဲ့အလယ်အလတ်လို့ ပြောလို့ရတယ် မြင့်လည်းမမြင်သလို နိမ့်လည်းမနိမ့်ဘူး ဒါပေမဲ့ မင်းအမေရဲ့ နောက်ခံက အားကောင်းတယ် အဲဒါကြောင့် မင်းမှာ မင်းအဖေရဲ့နောက်ခံကောင်းကောင်း ရှိတယ် မင်းအမေက မင်းသားနဲ့ မောင်နှမလို့ပြောကြတယ်”
“မောင်နှမဟုတ်လား မင်းသားက အမေ့ရဲ့ ဝမ်းကွဲလား”
ထိုဦးလေးသည် မည်သို့လူစားမျိုးဖြစ်သည်ကို သူမ မသိပေ ။ သူမ အမေရဲ့ သတင်းကို သူ့ဆီကနေ ရနိုင်မလား။
သူမသည် ခေတ္တမျှပျော်သွားကာ ထိုအကြံများကို ဘေးချိတ်ထားလိုက် သည်။ ယခုအချိန်၌ သူမတွင် အင်အားမရှိပေ။ သူမ ပြဿနာကိုဘယ်လိုသွား ရှင်းမှာလဲ။ တစ္ဆေလောကတွင် သူမအမေ၏ ရန်သူမှာမည်သူဖြစ်သည် မည်သူ ကိုယုံရမည်ကို သူမ မသိပေ။ ထို့ကြောင့် တစ္ဆေလောကမှ လူများနှင့် သွား မဆက်သွယ်ရဲပေ။
အင်း… အဖေပြန်လာရင်တော့ တိတ်တိတ်လေး မေးကြည့်ရမယ်။
ကုန်းဇီယွမ်သည် ငေးငိုင်နေသော ရှီမာယူယူကို ကြည့်နေသည်။ သူသည် လက်ဆန့်ထုတ်ကာ သူမ၏ ရှေ့၌ယမ်းပြလိုက်သည် “ဘာတွေစဉ်းစားနေတာ လဲ မင်း ဒီနေ့လည်ကိုသွားချင်လား”
“ငါ…” ရှီမာယူယူသည် မသွားချင်ပါဟု ပြောချင်သည်။ သို့သော် မုရုန်ရှီ ကိုသတ်သွားသည့်လူများကို မျှားခေါ်ရန် မုရုန်ဟွေ့ကို မကူညီရသေးသည်ကို မှတ်မိသွားသည်။ ထို့ကြောင့် သူမ စိတ်ပြောင်းသွားကာ ခေါင်းညိတ်လိုက်သည် “ငါ စားပြီးတဲ့အထိစောင့်ပေး”
သခင်သည် သခင်မလေးကို အပြင်ထွက်ခွင့်မပေးဟု ထင်စန်း ပြောချင် နေသည်။ သို့သော် ထိုအချိန်က သူမဒဏ်ရာရစဉ်ကဖြစ်သည်။ ယခုမှာ သူမ၏ ဒဏ်ရာမှာ ကုသပြီးသဖြင့် သူမကို သတိပေးရန်မလိုတော့ပေ။
ရှီမာယူယူသည် နေ့လယ်စာကို များများစားစားမစားပေ။ ထိုစားဖိုမှူး သည် မုရုန်ရှီအတွက် အထူးတလည်ခေါ်ထားပေးသော်လည်း သူမ၏ အရည်အချင်းမှာ ပြောသလောက်မဟုတ်ပေ။
နေ့လယ်စာစားပြီးနောက် ကုန်းဇီယွမ်သည် မစောင့်နိုင်တော့ဘဲ သူမကို ထာဝရတောက်ပခြင်းမြို့တော်၏ အကြီးဆုံးကွင်းပြင်ဆီသို့ခေါ်သွားလေသည်။ ထိုနေရာတွင် အကြိတ်အနယ်ပြိုင်ရန် စင်မြင့်ကြီးတစ်ခုရှပြီး ပတ်ပတ်လည် တွင် ကြည့်ရန် သောင်းချီသောထိုင်ခုံများရှိသည်။ ထိုနေရာသည် အဓိကပွဲများ အတွက် အရေးကြီးသော နေရာဖြစ်သည်။
ပရိသတ်များထိုင်ရာ အလယ်တွင် စင်မြင့်တစ်ခုရှိသည်။ ရှီမာယူယူဝင် လာသည်နှင့် မုရုန်ဟွေ့မှာ အလယ်တွင်ထိုင်နေသည်ကို သတိထားမိလိုက်၏။
အစက ကွင်းထဲမှ ပြိုင်ပွဲကိုကြည့်နေသော မုရုန်ဟွေ့သည် ရုတ်တရက် ရှီမာယူယူ၏ ရောင်ဝါကို ခံစားမိလိုက်သည်။ သူ ကြည့်လိုက်ချိန်တွင် သူမနှင့် ကုန်းဇီယွမ်တို့ အတူဝင်လာသည်ကို တွေ့လိုက်သည်။ သူ၏ ခွင့်မပြုသော မျက်လုံးများကို မြင်သောအခါ သူမ ပြန်ပြုံးပြလိုက်သည်။
“ဦးလေးဟွေ့က စိတ်တိုနေသလိုပဲ” ကုန်းဇီယွမ် မှတ်ချက်ပေးလေသည်။
“ငါ သူ့အတွက် ပြဿနာရှာလိုက်မှာကို ကြောက်နေတာဖြစ်မယ်” ရှီမာယူယူ ပြုံးလိုက်သည်။
“ရှီအာ ဒီကိုလာခဲ့” ရှောင်ရော့ပိုင်သည် ရှီမာယူယူနှင့် ကုန်းဇီယွမ်ကို မြင် သောအခါ လက်ယက်ခေါ်လေသည်။
ရှီမာယူယူ လျှောက်သွားရာ ချောင်ချန်းအန်းပါ ထိုနေရာတွင်ရှိနေသည် ကို မြင်လိုက်ရသည်။ သူတို့နှင့် အမြဲတစေရှိတတ်သော မုခိုင်အန်းသည် တခြား သော လူငယ်များနှင့် အဝေးတစ်နေရာတွင်ရှိနေသည်။
“မင်း မလာတော့ဘူးလို့ ထင်နေတာ” ရှောင်ရော့ပိုင်သည် သူမဘေးသို့ ဆွဲလိုက်သည် “ဒီမနက်က ဘာလို့မလာတာလဲ”
“ငါ အိပ်ပျော်သွားလို့” ရှီမာယူယူ ပြန်ဖြေလိုက်သည် “စိတ်ဝင်စားစရာ ကောင်းတဲ့ ပြိုင်ပွဲဝင်များရှိသလား”
“အများကြီးပဲ” ချောင်ချန်းအန်း ပြောလိုက်သည်။
“ဟုတ်လား ဘယ်မှာလဲ”
“သေချာတာပေါ့ ပထမဆုံးတစ်ယောက်က ငါပဲ” ချောင်ချန်းအန်းသည် ကိုယ့်ဘက်ကိုယ်ယက်ကာ ပြောလိုက်သည်။
“ကိုယ့်ဘယ်ကိုယ်ယက်တဲ့ လိပ်ကြီး” ကုန်းဇီယွမ်သည် သူ့ခေါင်းကို ရိုက်လိုက်သည်။
“အစ်ကိုကြီး မင်းရိုက်ရင် ငါတုံးသွားလိမ့်မယ်” ချောင်ချန်းအန်းသည် လက်ကာလေသည်။
ရှီမာယူယူ မျက်ခုံးပင့်မိသည်။ ချောင်ချန်းအန်းသည် သူ့ကို အစ်ကိုကြီးဟု ချောချောမွေ့မွေ့ပင် ခေါ်ထွက်သည်။ ကြည့်ရသည်မှာ သူမဘက်မှ ပြိုင်ပွဲကို နိုင်သွားပုံပင်။
“ချောင်ချန်းအန်းက ကိုယ့်ဘက်ကိုယ်ယက်ပေမဲ့ သူ့အားက ကောင်းတုန်း ပါပဲ ပြိုင်ပွဲမှာ အဆင့် ၁၀ အတွင်းဝင်မယ့်ပုံပဲ” ရှောင်ရော့ပိုင် ပြောလိုက်သည်။
“အဆင့် ၁၀ အတွင်းဝင်ရင် မြို့ပြိုင်ပွဲကိုတက်ရမယ်” ရှီမာယူယူသည် ခေါင်းလှည့်လိုက်သည်။
“ဟုတ်တယ်” ရှောင်ရော့ပိုင် ခေါင်းညိတ်လိုက်သည် “ရှောင်မျိုးနွယ်က ကလေးတွေကို ယုံကြည်ပေမဲ့ ငါ သူတို့ကိုပိုစိတ်ပူတယ်”
“မင်း ဝင်မပြိုင်ဘူးလား”
“ငါတို့က မြို့ပြိုင်ပွဲကို တိုက်ရိုက်ဝင်လို့ရတယ်”
ရှီမာယူယူ ပြုံးလိုက်သည်။ သူမသည် ကုန်းဇီမျိုးနွယ်နှင့် ရှောင်မျိုးနွယ်တို့ ၏ အင်အားကိုမသိသော်လည်း ဂူလန်တောင်တွင် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ပြသခဲ့သည့် စိတ်သဘောထားနှင့် အားတို့ကိုကြည့်ခြင်းအား ဖြင့် သူတို့မျိုးနွယ်များသည် သန်မာလောက်သည်။
သူမ ခေါင်းပြန်လည့်မည်အပြုတွင် သူမအား လွှမ်းမိုးနေသော လူသတ် နိုင်သည့်အကြည့်ကို ခံစားမိလိုက်သည်။ သူမ ကြည့်လိုက်သောအခါ နေရာ တိုင်းတွင် လူအုပ်ကြီးကိုသာ တွေ့ရသည်။ သူမကို ကြည့်နေသူကို သူမ မသိနိုင် ပေ။
“ဘာလို့လဲ” ရှောင်ရော့ပိုင်သည် သူမကို လှည့်ကြည့်လေသည်။
“တစ်ယောက်ယောက်က ငါ့ကိုကြည့်နေသလိုပဲ” ရှီမာယူယူသသည် သံသယဝင်စရာလူကိုရှာမတွေ့သဖြင့် ရှောင်ရော့ပိုင်ကို ပြန်ကြည့်လိုက်သည်။
“မင်း အလိုက်ခံရပြီးတော့ လူရှေ့ကိုပေါ်လာတာ ပထမဆုံးအကြိမ်လေ အဲလိုအကြည့်ခံရတာ သဘာဝပဲ” ချောင်ချန်းအန်း ပြောလိုက်သည်။
“အဲလိုမဟုတ်ဘူး” ရှီမာယူယူ ပြောလိုုက်သည်။
“နောက်ကျရင် ငါ ကုန်းဇီယွမ်နဲ့အတူ လိုက်ပို့မယ်” ရှောင်ရော့ပိုင်သည် သူမ၏ အဓိပ္ပာယ်ကိုနားလည်သဖြင့် အကြံပြုလိုက်သည်။
***