← Chapters

အခန်း ၁၆၃၀

Vol. 110 Ch. 1630

အခန်း ၁၆၃၀

Vol. 110 Ch. 1630

အပိုင်း (၁၆၃၀)

ကျွင်းချောင်ရှောင်းသည် တစ်ချက်ထိုး သတ်ဖြတ်ခြင်း နည်းစနစ်ကို အောင်အောင်မြင်မြင်ဖြင့် ထုတ်ဖော် အသုံးပြုနိုင်ခဲ့၏။ ကောင်းကင်ယံထက်တွင် ကြီးမားလှသော ဖင်တုံးပုံစံကြီးသည် ပေါ်ပေါက်လာခဲ့သည်။

မြင်ကွင်းသည် အမှန်ပင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှ၏။ အင်မော်တယ်တောင်၏ အပြင်ဘက်မှ ဖြတ်သွား ဖြတ်လာ ကြည့်ရှုနေကြသူများသည် ဆွံ့အလျက်ရှိ၏။ အနှစ်ချုပ် ပြောရမည်ဆိုလျှင် ဤသိုင်းနည်းစနစ်သည် ရှက်ရွံ့သည့်အမှတ်များကို စုစည်းကာဖြင့် ထုတ်ဖော်တိုက်ခိုက်ရသည့် သိုင်းနည်းစနစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် အားလုံးသောသူတို့ ရှက်ရွံသွားအော် ဖင်လှုပ်၍ ကပြနေခဲ့ရခြင်းဖြစ်၏။

ဤနေရာတွင် အနည်းငယ် ထူးဆန်းလှသည် ဆိုသော်လည်း မိမိကိုယ်တိုင် ပြုလုပ်၍ တိုက်ခိုက်နိုင်သည့် အခြေအနေမျိုးဖြစ်လို့နေသေးသည်။ တစ်ဖက်လူ၏ မောက်မာမှုမျိုးကို စောင့်စားနေစရာ မလိုချေ။ တိုက်ခိုက်မှုကို ထုတ်ဖော်သည့်နေရာတွင် ပိုမိုကာပင် ထူးခြားလို့ နေခဲ့၏။ ဤအရာသည် လက်၊ ခြေထောက်၊ ခေါင်း စသည့်အရာ များကို အသုံးပြု၍ တိုက်ခိုက်ရခြင်း မဟုတ်ပေ။

ဖင်နှင့်ပေါက်၍ တိုက်ခိုက်ချက်တစ်ခုတည်းနှင့် တည်နေရာကြီး တစ်ခုလုံး ပြိုလဲသွားခဲ့သည်။ ထိုအရာသည် တွေးတောလိုက်သည်နှင့် အားလုံးသောသူများ အံ့အားသင့်စေမှာ သေချာသည်။

“မဆိုးဘူးပဲ” ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်မိ၏။

“..............”

စနစ်သည် ဆွံ့အသွားမိသည်။ “ဒီလိုအရှက်မဲ့လှတဲ့ တိုက်ကွက်မျိုးဆိုတာ လက်ခံသူအတွက် သီးသန့်ဖန်တီးထားတာ ပဲ ဖြစ်ရမယ်။”

မှန်ပေ၏။ ဂုဏ်သိက္ခာ ထည်ဝါလှသော မည်သည့်သိုင်းကျင့်ကြံသူမှသည် ဂုဏ်သိက္ခာ အကျခံ၍ ဤသိုင်းနည်းစနစ်ကို ထုတ်ဖော်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ ချောမောသည်။ သို့ပေမဲ့ အားလုံးသိရှိရမည်မှာ သူသည် အရှက်အရွံ့လည်း ကင်းမဲ့ပြီး တစ်လောကလုံးတွင် မျက်နှာအရေအထူဆုံး လူတစ်ယောက်လည်း ဖြစ်လို့နေခြင်းပင်။

“ခုနက ဘယ်လိုစွမ်းအင်မျိုးလဲ” အထက်နယ်မြေတဝိုက်တွင် ရှိနေသော များပြားလှသည့် သိုင်းကျင့်ကြံသူများ သည် ကောင်းကင်ယံပေါ်တွင် ရှိနေသော ဖင်ပုံစံအက်ကွဲကြောင်းကြီးကို ကြည့်ရှုကာ ပြောလိုက်၏။ သူတို့၏ အမူအရာများသည် တည်ကြည်လေးနက်လာခဲ့၏။

“ဒါ ပြိုင်စံရှားဂိုဏ်းဆီက လာတဲ့ စွမ်းအင်တွေပဲ။ တစ်စုံ တစ်ယောက်က အရမ်းနက်နဲတဲ့ သိုင်းနည်းစနစ်တွေကို ထုတ်ဖော်ပြီး အသုံးပြုလိုက်တာ ဖြစ်ရမယ်”

ထိုနေ့မှာပဲ ကောင်းကင်ယံတွင် တည်ရှိနေသော အက်ကွဲကြောင်းကြီးကို ကြည့်ရှုပြီးသည့်နောက် ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများသည် အလောတကြီးဖြင့် ဆွေးနွေးလျက် ရှိကုန်ကြသည်။

..........

လင်းထျန်အင်မော်တယ်ဂိုဏ်း

ဂိုဏ်းချုပ် လင်းဟောင်ရန်သည် တောင်၏ထိပ် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ကောင်းကင်ယံပေါ် တွင် မပျောက်ကွယ်သေးဘဲ တည်ရှိလျက် ရှိနေသည့် အက်ကွဲကြောင်းကြီးကို ကြည့်ရှုကာဖြင့် ပြောလိုက်မိသည်။ “ပြိုင်စံရှားဂိုဏ်းက တဖြည်းဖြည်းနှင့် ပိုပိုပြီး အန္တရာယ်ရှိလာပြီ”

“ဟင်း”

သူ၏ဘေးတွင်ရှိသော အကြီးအကဲကလည်း သက်ပြင်းချလိုက်မိသည်။ “နယ်မြေဟောခန်းက အရင်တုန်းက မတုန့်ပြန်နိုင်ခဲ့ဖူးလေ။ ဒါပေမဲ့ ကျုပ်တို့အနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားဖို့လိုနေပြီ။ အခုအချိန်ကတည်းက ဖိဖိစီးစီးလုပ်ဖို့မကြိုးစားထားရင် အနာဂတ်မှာ ထိန်းလို့မရတဲ့ အခြေအနေမျိုး ရောက်သွားမှာ စိုးရတယ်”

“အင်း... အခုကတည်းက ထိန်းလို့မရတာလေ။ နယ်မြေဟောခန်းဆီကို ရွက်သင်္ဘောကြီး မောင်းဝင်လာတယ် ဆိုကလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ မဟုတ်လား” လင်းဟောင်ရန်က ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။

“............”

အကြီးအကဲသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ မှန်ပေသည်။ ဤအရာသည် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေခြင်းပင်။ နယ်မြေဟောခန်းသည် ပိုင်လီချင်းချောင်ကို လက်လွှဲပေးလိုက်ရခြင်းအားဖြင့် ဂုဏ်သိက္ခာတစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။

“တခြား ဂိုဏ်းကိုးဂိုဏ်းကို သတင်းပေးလိုက်တော့”

လင်းဟောင်ရန်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက် ၏။ “ဆွေးနွေးကြရအောင်”

“ကောင်းပါပြီ”

ယနေ့မှာပဲ လင်းထျန်အင်မော်ဂိုဏ်းဆီမှ ဖိတ်စာကိုးစောင်တို့သည် အင်မော်တယ်ဂိုဏ်းကြီးကိုးဂိုဏ်းဆီသို့ ရောက်ရှိသွားခဲ့၏။ နတ်ဆိုးဘိုးဘေးကြီးသည် အထက်နယ်မြေကို အုပ်စိုးရန် ကြံစည်ခဲ့သည့်အချိန်တွင် အင်မော်တယ်အဆင့်ဂိုဏ်းကြီးကိုးဂိုဏ်းက ကြိုတင်ကာ သတိပြုမိခဲ့သည်။ ထို့ကြောင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် စုစည်းကာဖြင့် ဖျက်ဆီးရန် ပြင်ဆင်ခဲ့ကြသည်။ အန္တရာယ်မဖြစ်ပေါ်ခင် ကတည်းက ဖြေရှင်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နယ်မြေဟောခန်းကို အတင်းတွန်းအားပေးလျက်ရှိသည်။ တစ်စုံ တစ်ခု မှားယွင်းသည့်အရာ ဖြစ်လာမည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့သည်။ သူတို့သည် ကြိုတင်ကာ သတိထား လုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ရပေလိမ့်မည်။

ကြယ်တာရာစိတ်ဝိညာဉ်လောကသည် ကျူးကျော်ခဲ့စဉ်က ကျွင်းချောင်ရှောင်းသည် အလွန် အားကောင်းသည့် လုပ်ဆောင်နိုင်မှုများကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိသော်လည်း အထက်နယ်မြေတစ်ခုလုံးကို တိုက်ခိုက်နိုင်သည့် အခြေအနေမျိုး တည်ရှိနေသေး၏။ ၎င်း၏ အမူအကျင့်နှင့် ပုံပန်းသွင်ပြင်များကို ကြည့်ရှုရသည်မှာ ဤကဲ့သို့ ပြုလုပ်မည်ဆိုသည်ကို သံသယရှိစရာပင် မလိုချေ။

ငယ်ရွယ်စဉ် ကတည်းက ဤကဲ့သို့ ဆိုးသွမ်းနေမည်ဆိုလျှင် ကြီးလာလျှင် ဖြေရှင်းရခက်သည့် ပြဿနာကောင်ကြီး ဖြစ်လာမှာ သေချာ၏။

..............

ထူးခြားလှိုဏ်ဂူ

မာဆာတိုကီတာနိုသည် အနီရောင်သရဖူနှင့်ကြိုးကြာဆီမှ သတင်းကို ကြားရသည့်အချိန်မှာတော့ ပြောလိုက်မိ သည်။

“ခင်ဗျားခန့်မှန်းခဲ့တာ မှန်တယ်။ ကောင်းကင်ပေါ်မှာရှိတဲ့ အက်ကွဲကြောင်းကြီးက ခင်ဗျားတပည့်နဲ့ ပတ်သက်နေတာပဲ”

ကြီးမြတ်သူတုံးကုက မျက်မှောင်ကုတ်မိသွား၏။ ကုန်းရှန့်တစ်ယောက် လက်ရှိအချိန်၌ ကြီးမားသော ကိစ္စရပ်များကို ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ သူသည် ပျော်ရွှင်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို ပြိုင်တူ ခံစားနေမိ၏။

ပျော်ရွှင်မှုဆိုသည်မှာ သူ၏တပည့်သည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် ဆယ်နှစ်တာ ကတိစကား တိုက်ခိုက်မှုတွင် အနိုင်ရရှိနိုင်မှုနှုန်းသည် ပိုမိုကာ တိုးတက်လာခဲ့သည်။

စိုးရိမ်မှုဆိုသည်မှာ သူ့တပည့်၏ လုပ်ဆောင်မှုသည် သာမန်ထက် ပိုကာ သာလွန်လွန်းလှ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့မှ ပစ်မှတ်ထားရန် လွယ်ကူလွန်းနေ၏။

“ကျုပ်ရဲ့အထင်အရဆိုရင်”

မာဆာတိုကီတာနိုက ပြောလိုက်သည်။ “ခင်ဗျားရဲ့တပည့်က ကျောက်ရုပ်ထုမျိုးနွယ် ကလန်နဲ့ နဂါးမျိုးနွယ်တို့ရဲ့ အထောက်အပံ့ တည်ရှိနေတယ်လေ။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့က အလျင်စလို ပြုလုပ်ရဲမှာ မဟုတ်ဘူး”

“နတ်ဆိုးဘိုးဘေးကြီးရဲ့ အားအင်အဆင့်ကတော့ အထက်နယ်မြေမှာ အားအကောင်းဆုံးလို့ သတ်မှတ်လို့ရတယ် လေ။ ဒါပေမဲ့ အန္တရာယ်ရှိပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာပဲ မဟုတ်လား” ကြီးမြတ်သူတုံးကုက ပြောလိုက်၏။

“ဒါက” မာဆာတိုကီတာနိုသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “အထက်နယ်မြေရဲ့ အခြေအနေဆိုတာက အစောကြီးကတည်းက တည်ရှိ ခဲ့တဲ့အရာမျိုးပဲ။ အင်မော်တယ်အဆင့်ဂိုဏ်းတွေက ဥပဒေတွေ ချမှတ်ပြီးတော့ သူတို့ကိုယ်သူတို့ မြင်မားတဲ့အဆင့် ဖြစ်အောင် ဖန်တီးထားခဲ့တယ်။ သဘာဝအားဖြင့် သူတို့ကို စိန်ခေါ်နိုင်တဲ့ သိုင်းကျင့်ကြံသူတစ်ယောက်ယောက် ဖြစ်ပေါ်လာမှာကို မြင်ချင်မှာ မဟုတ်ဘူး”

“ရောင်းရင်းကြီး”

မာဆာတိုကီတာနိုသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ် ကျုပ်က ခင်ဗျားကို ထောက်ပံ့ပေးမယ်”

သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ စစ်တုရင်ကစားခဲ့ကြသူများဖြစ်၏။ တစ်စုံတစ်ယောက်က ညစ်သောကြောင့် တစ်ခါမှ ကစားပွဲပြီးဆုံးအောင် မကစားဖူးသော်လည်း သူတို့၏ ရင်းနှီးပတ်သက်မှုသည် သံသယဝင်စရာပင် မလိုအောင် ခိုင်မြဲလွန်းလှ၏။

“သွားကြစို့”

ကြီးမြတ်သူတုံးကုသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို သွားမယ်”

သူ့အနေနှင့် စိုးရိမ်ပူပန်နေသည့်အကြောင်းအား သူ့တပည့်ကို သွားရောက်ကာ ပြောရပေလိမ့်မည်။ ထိုမှသာလျှင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ နောက်ကျောမှ ဓားနှင့် ထိုးလာမည့် ကိစ္စရပ်မျိုးကို ကြိုတင်ကာ ရှောင်ရှားနိုင်ပေလိမ့်မည်။

............

ပြိုင်စံရှားဂိုဏ်း၏ တောင်အနောက်ဘက်

ဝှစ် ဝှစ်

လေဝဲသစ်တစ်ခုသည် အဝင်ဝတွင် ဖြစ်တည်လာခဲ့တော့၏။

“ဂိုဏ်းချုပ်... ဒါဘာနယ်မြေလဲ”

စုရှောင်မိုသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဒါ တိုက်ပွဲနယ်မြေပဲ”

တိုက်ပွဲဆိုသည့်စကားကို ကြားလိုက်သည့်အချိန်မှာတော့ စုရှောင်မိုသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ပထမဆုံး တွေးလိုက်မိ၏။ ထို့ကြောင့် တောက်လောင်နေသည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်မိသည်။ “စိတ်လိုလက်ရ ဝင်ပြီးတော့ တိုက်ခိုက်လို့ရတာမျိုးလား”

“အမှန်ပဲလေ” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ တိုက်ပွဲနယ်မြေ၏ အသေးစိတ် အချက်အလက်များ ကို ဖော်ညွှန်းပြသခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ထိုအရာကို သေသေချာချာ ဖတ်ရှုပြီးသည့်နောက် အသုံးပြုပုံကိုလည်း အကြမ်းဖျင်းအားဖြင့် နားလည်နေ၏။ သို့ပေမဲ့ စိတ်ပျက်စရာကောင်းသည်ဆိုသည်မှာ တစ်ဂိုဏ်းလုံး ထိုအထဲကို ဝင်ရသည်ဆိုသော်လည်း ဂိုဏ်းချုပ် မပါဝင်ချေ။

ဒါအဆင့်အတန်း ခွဲခြားတာပဲ။ ဒါ ခွဲခြားဆက်ဆံတာပဲ။

“အဘိုးကြီးတင်း၊ အဘိုးကြီးကုန်း”

ကျွင်းချောင်ရှောင်း သည် တင်းရှင်းဝမ်နှင့် အထက်ပိုင်းအကြီးအကဲများကို ခေါ်ယူလိုက်၏။ “ဒီတိုက်ပွဲနယ်မြေထဲမှာ အရမ်းကို စွမ်းအားမြင့်တဲ့ သတ္တဝါမျိုးစုံရှိတယ်။ ပြီးတော့ ဒီအထဲကိုဝင်ပြီး တစ်ကောင်ကို သတ်ဖြတ်နိုင်တာနဲ့ သက်ဆိုင်ရာ အမှတ်တွေ ရလိမ့်မယ်။ ဒီအမှတ်တွေက သိုင်းပညာနဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေနဲ့ ပြန်လည် လဲလှယ်နိုင်လိမ့်မယ်။ ဒီတော့ ခုနှစ်ရက်၊ ခုနှစ်ရက်တိုင်းမှာ တပည့်တွေကို ခေါ်ပြီးတော့ လေ့ကျင့်ဖို့ ပြင်ဆင်တော့”

“သိုင်းပညာနဲ့ပတ်သက်တဲ့ အတွေ့အကြုံ ဟုတ်လား” အားလုံးသောသူတို့၏ မျက်လုံးများသည် လင်းလက်သွား သည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေကို ဖြတ်ကျော်ခဲ့ပြီးသည့်နောက် သူတို့သည် သိုင်းပညာနှင့်ပတ်သက်သည့် အတွေ့အကြုံကို ရရှိခဲ့ကြ၏။ ထို့ကြောင့် မည်မျှ ကောင်းမွန်သည် ဖြစ်ကြောင်းကို နားလည်မိကြ၏။

“သွားကြရအောင်”

အဘိုးကြီးတင်းနှင့် အဘိုးကြီးကုန်းနှင့် တခြားသောသူများသည် တပည့်များကို ဦးဆောင် ကာဖြင့် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။ သတ်မှတ်ချက်များအရဆိုလျှင် လူအရေအတွက်သည် တစ်ခါဝင်လျှင် လူငါးရာသာ ဝင်နိုင်၏။ ထို့ကြောင့် တချို့သော အကြီးအကဲများနှင့် လက်ရွေးစင်တပည့်များသည် ဝင်ရောက်ရန်အတွက် နောက်တလှည့် စောင့်စားရပေမည်။

........

တင်းရှင်းဝမ်၊ အဘိုးကြီးကုန်းနှင့် တပည့်ရာချီတို့သည် အထဲသို့ ဝင်ရောက်သည့်အချိန်မှာတော့ အထဲ၌ ကောင်းကင်ယံတစ်ခုလုံး ပြောင်ရှင်းနေသည့် တည်နေရာလွတ်ကြီးတစ်ခုကို မြင်လိုက်ရ၏။

“ဒါက နည်းနည်း ခြောက်ခြားစရာပဲ” စုရှောင်မို၏ အမူအရာသည် လေးနက်လာခဲ့သည်။

ဒွီ ဒွီ

ရုတ်တရက် သူတို့၏ရှေ့တည်နေရာတွင် ပုံပန်းသွင်ပြင်အမျိုးမျိုး၊ ဝတ်စားဆင်ယင်ပုံ အမျိုးမျိုးနှင့် စစ်သည်တော် တို့ ပေါ်ပေါက်လာ၏။ ၎င်းတို့သည် အစစ်အမှန် မဟုတ်သလို အခြေအနေ တည်ရှိနေသော်လည်း အားကောင်း လွန်းလှသော အော်ရာမျိုးကို ဖော်ထုတ်နေ၏။

လူငါးရာ - ၎င်းတို့သည် အစစ်အမှန် ရှာဖွေခြင်းအဆင့်နှင့် အမြူတေပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်လို့နေသည်။

“သေကြစမ်း”

မုတ်ဆိတ်နှင့် အဘိုးအိုသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်ဖြင့် ကြုံးဝါးလိုက်၏။

ဝှစ် ဝှစ်

သူ၏နောက်တွင် ရှိနေသော စစ်သည်ပေါင်း ရာချီတို့သည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ အားကောင်းလွန်းလှသော စွမ်းအင်များကို စုစည်းကာဖြင့် လက်နက်မျိုးစုံတို့ကို ထုတ်ဖော်ကာ တိုက်ခိုက်ကြသည်။

“အစီအရင်”

တင်းရှင်းဝမ်က အော်ဟစ်လိုက်၏။ ပြိုင်စံရှားဂိုဏ်းတပည့်များသည် အတွေ့အကြုံများစွာ ရရှိပြီးသား လူများဖြစ်သောကြောင့် ကြောက်ရွံ့ထိတ်လန့်မှုများ မရှိကြချေ။ သူတို့သည် ရန်သူဝင်ရောက်လာသည်ကို သိရှိ သည်နှင့် ချက်ချင်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။

“သတ်ကြ၊ သတ်ကြ” ကြမ်းတမ်းလှသော တိုက်ခိုက်ပွဲများသည် ဖြစ်တည်လာခဲ့သည်။

................

အဓိကဟောခန်းအတွင်းမှာတော့ ကြီးမြတ်သူတုံးကုသည် ထိုင်လျက်ရှိ၏။ သူ၏မျက်နှာသွင်ပြင်သည် အနည်းငယ် စိတ်ဝင်တစားဖြစ်လို့နေခဲ့သည်။ ကျွင်းချောင်ရှောင်းသည် နယ်မြေဟောခန်းဆီသို့ သွားကာ တစ်စုံတစ်ယောက် တောင်းဆိုခဲ့သည့်အကြောင်းကို ကြားခဲ့ပြီးပြီဖြစ်သည်။ အထူးသဖြင့် ကျွင်းချောင်ရှောင်းတစ်ယောက် အသက် သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကိုလည်း ကြားသိထားသည်။ ယနေ့ ကျွင်းချောင်ရှောင်းကို မြင်လိုက်သည့်အချိန်မှာတော့ အမှန်ပင်ဖြစ်ကြောင်း မျက်မြင်သိရှိလိုက်ရ၏။

“ဆရာ”

ကျွင်းချောင်ရှောင်းသည် ပန်းသီးတစ်လုံးကို ကိုက်ဝါးကာဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ရောက်လာဖို့ အချိန်ရှိသေးတာကိုး”

“..............”

ကြီးမြတ်သူတုံးကုသည် မျက်လုံးများ ချာချာလည်သွား၏။ “နယ်မြေဟောခန်းဆီကနေ ပိုင်လီချင်းချောင်ကို သွားပြီးတောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက လွယ်လွယ်ကူကူနဲ့ လွှတ်ပေးမယ်လို့ မင်းထင်နေတာလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့က ရန်ငြှိုးထားချင်နေသေးတာလား”

ကြီးမြတ်သူတုံးကုက လေးလေးနက်နက် ပြောလိုက်သည်။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း ဆိုတာက အထက်နယ်မြေရဲ့ အုပ်စိုးသူတွေပဲ။ တကယ်လို့ မင်းက နယ်မြေဟောခန်းကိုသွားပြီး တစ်စုံတစ်ယောက်ကို တောင်းဆိုခဲ့တယ်ဆိုတာ သူတို့ရဲ့မျက်နှာကို ပါးပိတ်ရိုက်ရုံတင်မကဘူး။ သူတို့ကို မသက်မသာ ခံစားရစေမှာ သေချာတယ်”

“ဒါက အမှန်ပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုမျိုးဖြစ်အောင် ကျုပ် တမင်တကာ လုပ်လိုက်တာပဲ”

“...............”

ကြီးမြတ်သူတုံးကုသည် ဆွံ့အသွားမိ၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုံးက နတ်ဆိုးဘိုးဘေးကြီးက အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ဒီလို အခြေအနေမျိုးရောက်အောင် ပြုလုပ်ခဲ့တယ်။ ဒါကြောင့် အဆုံးသတ်မှာတော့ ဖျက်ဆီးခံလိုက်ရတယ်လေ”

“ဆရာ ဆိုလိုတာ သူတို့က ပူးပေါင်းပြီးတော့ ကျုပ်ကို သတ်ဖြတ်ပစ်မယ်လို့ ဆိုလိုချင်တာလား”

“အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက သူတို့ထိန်းချုပ်နိုင်တဲ့ အားအင်အဆင့်ထက် ကျော်လွန်လာတာ မျိုးကို လက်ခံနိုင်မှာ မဟုတ်ဘူး။ သူတို့က သုတ်သင်ရှင်းလင်းပစ်မှာ သေချာတယ်”

“ဟား ဟား ဟား ဟား”

ကျွင်းချောင်ရှောင်းက ထရယ်လိုက်၏။ သူသည် ပန်းသီးကို အနည်းငယ် ကိုက်ဝါးပြီးသည့် နောက် သူ၏ခေါင်းသေးသေးလေးကို ယမ်းခါလိုက်သည်။ “အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ပြိုင်စံရှားဂိုဏ်းကို သုတ်သင်ရှင်းလင်းမယ့်အကြောင်း သူတို့စဉ်းစားရဲတယ်ဆိုရင် ကျုပ်က အရင်ဆုံး သူတို့ကို သုတ်သင်ရှင်လင်းပစ် ရမယ်”

သူသည် ဒေါသမထွက်လှချေ။ ခံစားချက်ကင်းမဲ့သည့် အမူအရာမျိုးနှင့် ပြောဆိုလျက် ရှိနေသည်။ လေသံနှင့် အမူအရာအားလုံးသည် တည်ငြိမ်နေလေသည်။

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်တည်လာခဲ့၏။

“ဒီကောင်လေးက တကယ်လုပ်ရင် လုပ်နိုင်တယ်”

All Chapters